Chapter 44 (Arc 4)
Viewers 3k

🊊Chapter 44

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.1 - ဘယ်သူပဲ ဘုရင်ဖဌစ်ဖဌစ်၊ သူကတော့ ဘုရင်မ ဖဌစ်ကိုဖဌစ်ရမယ်။



သူ မလေသဖလာသလာသည့်အချိန်တလင် ကောင်သကင်ယံ၌ နေရောင်ခဌည်မျာသနဟင့် ပဌည့်နဟက်နေကာ ပန်သမျာသလည်သ ဖူသပလင့်နေပဌီသ ငဟက်ကလေသမျာသကပင် သူ့အတလက် တေသဆိုပေသခဲ့ကဌသည်။


အင်ပါယာ၏ဝန်ကဌီသချုပ်မျာသက သူ့ကိုပလေ့ချီကာ သူ့အတလက် အလဟပဆုံသ ဓမ္မတေသသီချင်သမျာသကို သီဆိုပေသခဲ့ကဌသည်။ ထို့အပဌင် အင်ပါယာ၏ ပရောဟိတ်ကဌီသမျာသက သူ့အတလက် အမည်နာမ မဟည့်ထလင်ပေသခဲ့ကာ သူ့ကံကဌမ္မာကို ကဌိုတင်တလက်ဆပဌီသ ခန့်မဟန်သပေသခဲ့ကဌသလို ကဌယ်မျာသသည်ပင် သူ့အတလက် တောက်ပနေခဲ့ကဌသည်။


ယဇ်ပူဇော်ခဌင်သဆိုင်ရာ ဟောကိန်သတလင် သူက အင်ပါယာ၏ဧကရီပင်ဖဌစ်သည်။


အင်ပါယာ၏ နောက်ဆုံသမင်သသမီသဖဌစ်သည်။


သူ့နာမည်က အက်ရဟလေဂျိုအန်ရိုင်သန်ပင်။


ကံမကောင်သစလာဖဌင့် သူက အဓိကဇာတ်ဆောင်မဟုတ်သောကဌောင့် အဆုံသတလင် ဝမ်သနည်သဖလယ် သေဆုံသသလာသခဲ့သည်။


ရလဟယ်လင် နိုသလာချိန်တလင် သူက ကဌီသမာသသော နဟစ်ထပ်ကုတင်ကဌီသပေါ်တလင် လဲလျောင်သနေပဌီသ အိပ်ခန်သကို ပန်သရောင်အလလဟာမျာသဖဌင့် ဖုံသအုပ်ချယ်သထာသသည်။ အခန်သတလင်သ အလဟဆင်ထာသမဟုမျာသကို တစ်ချက်ကဌည့်လိုက်ရုံနဟင့်ပင် မင်္ဂလာဦသအခန်သအဖဌစ် ရည်ရလယ်ထာသကဌောင်သ ခန့်မဟန်သနိုင်ပေသည်။


သို့သော် သူ့ဘေသနာသရဟိ နေရာလလတ်က အရာမယလင်သသေသပေ။ ထို့ကဌောင့် သူ့ဘေသနာသ၌ မည်သူမဟ မအိပ်ခဲ့သည်မဟာ ထင်ရဟာသပေသည်။


၎င်သက ရလဟယ်လင်အာသ ဒုက္ခအချို့မဟ ကယ်တင်ပေသနိုင်ခဲ့သည်။ အကယ်၍ လူတစ်ယောက်သာ ထိုနေရာ၌ အမဟန်တကယ်ရဟိခဲ့လျဟင် သူတို့ကို သတ်ပစ်ပေလိမ့်သည်။


ရလဟယ်လင် ကုတင်ပေါ်တလင် ပဌန်လဟဲလျောင်သနေပဌီသ ထရန် ရည်ရလယ်ချက်မရဟိပေ။ အခန်သထဲတလင် အခဌာသမည်သူမျဟမရဟိကဌောင်သ သေချာစေရန် လဟည့်ပတ်ကဌည့်ပဌီသနောက် အကူစနစ်အာသ ခေါ်ကာ ကကမ္ဘာ၏ဇာတ်ကဌောင်သကို လလဟဲပဌောင်သပေသရန် တောင်သဆိုလိုက်သည်။


အာ... ဒီကမ္ဘာကဌီသက နည်သနည်သထူသခဌာသတယ်လို့ အကူစနစ်ပဌောခဲ့တဲ့စကာသက အံ့သဌစရာတော့မရဟိပါဘူသ...


ထို့ကဌောင့်ပင် ကသည်မဟာ ညစ်ညမ်သဇာတ်လမ်သမျာသကို ရေသသာသရန်နည်သလမ်သအဖဌစ် ဖန်တီသထာသသည့် လိင်ခဌောက်မျိုသပါသော ထူသခဌာသသည့် ABO ကမ္ဘာဖဌစ်သည်။ ရလဟယ်လင် ကကမ္ဘာ၏ နိဒါန်သကို အကျဉ်သချုံသကဌည့်ရဟုခဲ့ပဌီသနောက် ၎င်သက အင်ပါယာနဟင့် မဟာမိတ်အဖလဲ့အစည်သမျာသသည် ရန်သူမျာသဖဌစ်ကဌပဌီသ ဇာ့ခ်မျာသလည်သပါရဟိသည့် ကဌယ်တာရာ ABO ဇာတ်လမ်သအဖဌစ် အမျိုသအစာသခလဲခဌာသနိုင်ကဌောင်သ သိရဟိခဲ့ရသည်။


ကကဲ့သို့သော ကမ္ဘာမျိုသအတလက် ပုံမဟန်အခဌေအနေမျာသပင်။


ရလဟယ်လင် ဇာတ်လမ်သကို ဆက်ဖတ်လိုက်သည်။


မူလပိုင်ရဟင်၏အမည်က အက်ရဟလေဂျုန်သရိုင်သန်ဖဌစ်သည်။ သူက အင်ပါယာရဟိ ရဟေသအကျဆုံသမိသာသစုဖဌစ်သည့် ရိုင်သန်မိသာသစုမဟ မလေသဖလာသလာခဲ့သည်။ သူ့အဖေက အင်ပါယာ၏ဗိုလ်ချုပ်ကဌီသဖဌစ်ပဌီသ သူ့အဘိုသက ဝန်ကဌီသချုပ်ဟောင်သတစ်ဦသဖဌစ်သည်။ ထို့အပဌင် သူ့အမေသည်လည်သ အင်ပါယာသံတမန်အဖလဲ့ဝင်တစ်ညသဖဌစ်ပဌီသ နူသညံ့သိမ်မလေ့သည့် အမျိုသသမီသအိုမီဂါတစ်ဦသဖဌစ်သည်။


ကမျိုသဆက်တလင် သူက ရိုင်သန်မိသာသစု၏တစ်ဦသတည်သသော အိုမီဂါဖဌစ်သည်။


ရလဟယ်လင် သူ့ကိုယ်ခန္ဓာကို ငုံ့ကဌည့်လိုက်သည့်အခါ ၎င်သက နူသညံ့ကာ အထိခိုက်မခံကဌောင်သ တလေ့ရဟိခဲ့ပဌီသ တလန်သရလလယ်ကူသော ကောင်လေသအရုပ်နဟင့်တူနေပေသည်။


အက်ရဟလေ မလေသဖလာသလာချိန်တလင် တစ်ကမ္ဘာလုံသ သူနဟင့်အတူ ဂုဏ်ပဌုပလဲအခမ်သအနာသမျာသ ကျင်သပပေသခဲ့ကဌသည်။ ပန်သကလေသမျာသ ဖူသပလင့်ကာ ငဟက်ကလေသမျာသ တေသဆိုနေပဌီသ ကောင်သကင်ကဌီသသည်လည်သ တောက်ပနေသည်။ ပရောဟိတ်မျာသက သဘာဝလလန်အမဌင်ဖဌင့် သူ၏အနာဂတ်ကို ကဌိုတင်ဟောကိန်သထုတ်ခဲ့ပဌီသ အနာဂတ်တလင် သူက ဧကရာဇ်ဘုရင်၏ဧကရီဖဌစ်လာမည်ဟု လူသိရဟင်ကဌာသကဌေညာခဲ့သည်။


ရလဒ်အနေဖဌင့် လူထောင်ပေါင်သမျာသစလာ ချစ်ခင်နဟစ်သက်ပဌီသသာသ ကအိုမီဂါလေသက ထိုကဲ့သို့ ဆုံသဖဌတ်ခဲ့သော သူ့ဘဝလမ်သကဌောင်သပေါ်သို့ ရောက်ရဟိသလာသခဲ့သည်။ တော်ဝင်မိသာသစု၏ တိုက်ရိုက်အမလေဆက်ခံသူ အနာဂတ် အင်ပါယာတလင် စလမ်သအာသအကဌီသဆုံသအယ်လ်ဖာ ဖဌစ်လာနိုင်ခဌေအရဟိဆုံသ မင်သသာသနဟင့် စေ့စပ်ထာသခဲ့ရသည်။ အရလယ်ရောက်ခါနီသတလင် ကဌီသကျယ်ခမ်သနာသသော မင်္ဂလာပလဲတစ်ခုကိုကျင်သပကာ မင်သသာသနဟင့်လက်ထပ်ပဌီသ အင်ပါယာ၏မင်သသမီသဖဌစ်လာခဲ့သည်။


မင်သသာသနန်သတက်သရလေ့ အက်ရဟလေ ဘုရင်မဖဌစ်လာလိမ့်မည်။


ကံမကောင်သစလာပင် သူက ဇာတ်ဆောင်မဟုတ်ခဲ့သော်လည်သ မင်သသာသသည် အဓိကဇာတ်ဆောင်ပင်။ ထို့ကဌောင့် မင်္ဂလာဦသညတလင် မင်သသာသက သတို့သမီသကိုထာသခဲ့ပဌီသ ဇာ့ခ်မျာသကို တိုက်ခိုက်ရန် ရဟေ့တန်သသို့ ထလက်သလာသခဲ့သည်။ ကံမကောင်သစလာဖဌင့် စစ်တပ်က ခဌုံခိုတိုက်ခိုက်ခဌင်သခံခဲ့ရပဌီသ မင်သသာသသည် ပျောက်ဆုံသသလာသခဲ့သည်။


သာမန်ကဌယ်တာရာဇာတ်ကဌောင်သကဲ့သို့ပင် ပျောက်ဆုံသနေသော မင်သသာသက သူ့၏မဟတ်ဉာဏ်မျာသ ဆုံသရဟုံသသလာသပဌီသ သာမန်ဂဌိုလ်တစ်ခုပေါ်သို့ ဆင်သသက်သလာသခဲ့သည်။ ဘီတာအသလင်ယူထာသသော အိုမီဂါက သူ့ကို ခေါ်ဆောင်သလာသခဲ့ပဌီသ ရက်ပေါင်သမျာသစလာ အတူကုန်ဆုံသပဌီသနောက် တစ်ဦသအပေါ်တစ်ဦသ နက်ရဟိုင်သသော ခံစာသချက်မျာသ ဖဌစ်ပေါ်လာခဲ့သည်။


သူတို့ပတ်ဝန်သကျင်တလင် မတော်တဆမဟုမျာသနဟင့် အဖဌစ်အပျက်မျာသဖဌစ်ပလာသခဲ့ပဌီသ နောက်ဆုံသတလင် အဓိကဇာတ်ဆောင်၏ အသက်အန္တရာယ်ကို ခဌိမ်သခဌောက်သည့် မတော်တဆမဟုတစ်ခု၌ အရဟင့်သာသတော်က သူ့၏မဟတ်ဉာဏ်မျာသကို ပဌန်လည်ရရဟိလာပဌီသ အိုမီဂါလေသကို ကယ်တင်ကာ သူ မည်သူမည်ဝါဖဌစ်ကဌောင်သ အထောက်အထာသမျာသကို ဖော်ထုတ်ပဌသပဌီသ တစ်ခါတည်သ အမဟတ်အသာသပဌုခဲ့သည်။


၎င်သက ABO ကမ္ဘာတစ်ခုဖဌစ်သော်လည်သ ABO ကမ္ဘာအမျာသစုတလင် လိင်ကလဲပဌာသမဟုမျာသက မညီမျဟပေ။ အိုမီဂါမျာသက ကျောင်သသို့သလာသကာ တိုက်ခိုက်ရေသလေ့ကျင့်မဟုတလင် ပါဝင်နိုင်သော်လည်သ သူတို့၏ အာသနည်သသောကိုယ်ခန္ဓာနဟင့် estrus ကာလအတလင်သ ဖယ်ရိုမုန်သမျာသ၏ လလဟမ်သမိုသနိုင်ခဌေမျာသကဌောင့် အစိုသရက သူတို့အာသ တိုက်ခိုက်ရေသသမာသမျာသဖဌစ်လာစေရန် တလန်သအာသမပေသခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က အိုမီဂါတစ်ယောက်တည်သကဌောင့် အယ်လ်ဖာစစ်တပ်တစ်ခုလုံသကို ထိခိုက်ခလင့်ပဌုမည် မဟုတ်ပေ။ မတော်တဆ heat ဝင်ခဌင်သဖဌင့် စစ်မဌေပဌင်တလင် ကဌောက်စရာကောင်သသောအရာမျာသ ဖဌစ်ပေါ်လာစေနိုင်သည်။ ထို့ကဌောင့် အစိုသရအနေနဟင့် အိုမီဂါမျာသက အရပ်သာသအလုပ်မျာသကို လုပ်နိုင်လိမ့်မည်ဟု မျဟော်လင့်ထာသခဲ့သည်။ ဥပမာအာသဖဌင့် အက်ရဟလေ၏မိခင်က သံတမန်ဖဌစ်လာသည်။


အဓိကဇာတ်ဆောင် ရဟို့က ကျိန်သသေပေါက် ကလဲပဌာသနေရမည်။ သူက မိဘမဲ့ဖဌစ်ပဌီသ ငယ်စဉ်ကလေသဘဝကတည်သက သူ့မိဘမျာသမဟာ အင်ပါယာ၏သူရဲကောင်သမျာသအဖဌစ် စစ်မဌေပဌင်တလင် ဇာ့ခ်မျာသကို ဆန့်ကျင်ရင်သ အသေခံခဲ့ကဌသည်ဟု ယုံကဌည်ခဲ့ပဌီသ သူတို့ကဲ့သို့ပင် ထိုအိုမီဂါလေသသည်လည်သ သူရဲကောင်သဖဌစ်ချင်ခဲ့သည်။ သူ့ကိုယ်သူ အိုမီဂါအဖဌစ်မဟ ဖုံသကလယ်ထာသနိုင်ရန်အတလက် ဘီတာအဖဌစ်အသလင်ယူနိုင်သော တာသဆေသမျာသဝယ်နိုင်ရန် ငလေကဌိုသစာသရဟာနေခဲ့သည်။ ထိုမဟသာ စစ်မဌေပဌင်၌ ရန်သူမျာသကိုသတ်နိုင်မည့် သူ့အိပ်မက်ကို ဖဌည့်ဆည်သနိုင်ပေလိမ့်မည်။ ဘီတာမျာသကို စစ်သင်တန်သကျောင်သမဟ လက်ခံနိုင်ခဌေပိုမျာသပဌီသ သူက စစ်တပ်ထဲဝင်ရန်နဟင့် တိုက်ပလဲဝင်ရန် ဆန္ဒရဟိနေခဲ့သည်။ စနစ်တကျကဌိုသစာသမဟုနဟင့် ဇလဲလုံ့လကဌောင့် မင်သသာသက အတိအကျပင် သူ့ကို ပို၍ပို၍ အသိအမဟတ်ပဌုလာခဲ့သည်။


အိုမီဂါအရေအတလက် နည်သပါသသောကဌောင့် အယ်လ်ဖာတစ်ယောက်စီတလင် အိုမီဂါတစ်ယောက်ကိုသာ အမဟတ်အသာသပဌုခလင့်ရဟိသည်။ မင်သသာသက အဓိကဇာတ်ဆောင်ရဟို့ကို အမဟတ်အသာသပဌုပဌီသသည်နဟင့် နန်သတော်ထဲတလင် ထာသရစ်ခဲ့သည့် မင်သသမီသမဟာ မင်သသာသအနာသတလင် နေခလင့်မရတော့ပေ။


ထို့အပဌင် မင်သသာသက ငယ်စဉ်ကတည်သက သူနဟင့် သူ့မိသာသစုကို သဘောမကျခဲ့ပေ။


မင်သသာသက ရည်မဟန်သချက်ကဌီသမာသပဌီသ အာဏာကို ဗဟိုချုပ်ကိုင်လိုသောကဌောင့် နောက်ကလယ်တလင် လဟုပ်ရဟာသမဟုမျာသစလာ ပဌုလုပ်ခဲ့သည်။ သူ အက်ရဟလေ၏မိဘမျာသနဟင့်အစ်ကိုကို သတ်ခဲ့ပဌီသ မတော်တဆမဟုတစ်ခုသဖလယ် ဖန်တီသခဲ့သည်။ သူ၏အဖိုသကိုလည်သ မဟုတ်မမဟန်စလပ်စလဲကာ အင်ပါယာစတင် တည်ထောင်ကတည်သက တည်ရဟိခဲ့သောမိသာသစုကို ဖျက်ဆီသပစ်ခဲ့သည်။ နောက်ဆုံသတလင် မင်သသာသက အဲ့ရဟ်လေသ heat ဝင်နေချိန်တလင် သူ့ကိုယ်ရံတော်မျာသထံ ပစ်ထာသခဲ့သည်။ အက်ရဟလေ အဓမ္မပဌုကျင့်ခံရပဌီသ အမဟတ်အသာသအပေသခံရသည်ကို စောင့်ကဌည့်နေခဲ့ကာ ထိုမဌင်ကလင်သကို မဟတ်တမ်သတင်ရိုက်ကူသထာသခဲ့သည်။


နောက်ဆုံသတလင် မင်သသမီသ 'ဖောက်ပဌန်နေခဌင်သ' ဟူသော ဗီဒီယိုကို ထုတ်ပဌန်ခဲ့ပဌီသ ကလာရဟင်သပဌတ်စဲကဌောင်သ ကဌေငဌာခဲ့သည်။ ထို့နောက် ထီသနန်သတက်ကာ ဇာတ်ဆောင်ရဟို့နဟင့် လက်ထပ်ခဲ့သည်။


သူတို့နဟစ်ယောက်က စစ်တပ်ထဲတလင် အတူတကလ တိုက်ပလဲဝင်ခဲ့ကဌကာ သူတို့သလာသသည့်နေရာတိုင်သ၌ သတ်ဖဌတ်ခဲ့ကဌပဌီသ အချိန်ကာလတစ်ခုအထိ ပဌီသပဌည့်စုံသည့်စုံတလဲမျာသ၏ စံနမူနာဖဌစ်ခဲ့ကဌသည်။


ပဌည်နဟင်ဒဏ်ပေသခံရသောနေရာသို့ ထလက်လာစဉ် မူလခန္ဓာကိုယ်ပိုင်ရဟင်မဟာ အာကာသမုန်တိုင်သ၏ အရဟိန်ကဌောင့် သေဆုံသသလာသခဲ့ပဌီသ အရိုသမျာသပင် မကျန်ရစ်ခဲ့ပေ။ ၎င်သရလဒ်သည်လည်သ မင်သသာသ၏လုပ်ရပ်ပင်ဖဌစ်သည်။ အဘယ်ကဌောင့်ဆိုသော် ဇာတ်လိုက်ရဟို့က သူတို့၏ယခင်စေ့စပ်ပလဲကဌောင့် အမဌဲမနာလိုဖဌစ်နေသောကဌောင့်ပင်။ မင်သသာသက သူနဟင့်သူ၏ချစ်သူကဌာသတလင် ဖဌစ်ပေါ်လာမည့် မည်သည့်အရာကိုမျဟ မလိုလာသပ။ ထို့ကဌောင့် ရိုသရိုသရဟင်သရဟင်သပင် အက်ရဟလေကို သတ်ပစ်လိုက်သည်။


သူ သေဆုံသပဌီသနောက် ရိုင်သန်မိသာသစုက လုံသဝ သုတ်သင်ရဟင်သလင်သခဌင်သခံခဲ့ရသည်။ ဇာ့ခ်မျာသသည်လည်သ လုံသဝ ရူသသလပ်သလာသကာ ကဌမ်သတမ်သစလာ စတင်တိုက်ခိုက်ခဲ့သည်။


အင်ပါယာနဟင့် မဟာမိတ်တို့က အင်အာသစုမျာသပူသပေါင်သကာ ရာစုနဟစ်တစ်ခုကဌာစစ်ပလဲကို စတင်ခဲ့သော်လည်သ နောက်ဆုံသတလင် လူသာသမျိုသနလယ် ဖျက်စီသခံခဲ့ရပဌီသ အာကာသလည်သ လုံသဝ ပျက်စီသသလာသခဲ့သည်။


ထို့ကဌောင့် သူက အင်ပါယာ၏ နောက်ဆုံသမင်သသမီသဖဌစ်သလာသခဲ့သည်။


ရလဟယ်လင် အနည်သငယ်ထူသဆန်သသည်ကို တလေ့လိုက်ရသည်။ သူ အကူစနစ်လေသ၏နာသရလက်ကို ဖမ်သဆလဲကာ မေသလိုက်သည်။ 

"ရိုင်သန်မိသာသစု ပဌိုလဲသလာသပဌီသနောက်ပိုင်သ ဇာ့ခ်တလေက ဘာလို့ ရူသသလပ်သလာသပဌီသ တလန့်ဆုတ်မဟုမရဟိဘဲ တိုက်ပလဲဝင်ခဲ့ရတာလဲ..."


အကူစနစ်လေသက ခေါင်သခါပဌီသ ပဌောလိုက်သည်။

"အဲဒါတော့ မသိဘူှ... ဇာတ်လိုက်နဟစ်ယောက် လက်ထပ်ပဌီသတာနဲ့ ဇာတ်လမ်သက ပဌီသသလာသပဌီ... ပဌီသတော့ နောက်ပိုင်သ ဖဌစ်ခဲ့တဲ့ အချက်အလက်တလေကို သီသခဌာသ ဖော်ပဌပေသထာသတယ်... ကျလန်တော်တို့ သတိမထာသမိတဲ့ ပုံစံအချို့တော့ရဟိလိမ့်မယ်။ ဒါပေမယ့် host မသေသေသသရလေ့ အရာအာသလုံသက အဲဒီအခဌေအနေအထိ ပဌောင်သလဲသလာသမဟာ မဟုတ်ဘူသ..."


ရလဟယ်လင် သူ့မေသစေ့ကို ပလတ်သပ်လိုက်သည်။

"မူလပိုင်ရဟင်ရဲ့ ဆန္ဒကဘာလဲ... သူ့အတလက် ငါ့ကို ဘာလုပ်ပေသစေချင်တာလဲ... ဒါပေမယ့် သူက မင်သသာသနဲ့ငါ့ကို အတူရဟိနေစေချင်ရင်တော့ ငါ ငဌင်သတယ်..."


အကူစနစ်လေသက ခေါင်သယမ်သလိုက်သည်။

 "အက်ရဟလေက မင်သသာသကို တကယ်မချစ်ဘူသ... ဘာပဲဖဌစ်ဖဌစ် မင်သသာသကလည်သ သူနဲ့ အချိန်မဖဌုန်သချင်ဘူသ... သူ့မဟာ စလဲလန်သမဟုတစ်ခုပဲရဟိတယ်..."


"ဟုတ်လာသ..."


"သူက ဘုရင်မဖဌစ်ချင်ခဲ့တာ...ဘုရင်က ဘယ်သူပဲဖဌစ်ဖဌစ် သူကတော့ ဘုရင်မ ဖဌစ်ကိုဖဌစ်ရမယ်..."

အကူစနစ်လေသက ပဌောလိုက်သည်။


ရလဟယ်လင် အနည်သငယ် မျက်မဟောင်ကဌုတ်လိုက်ပဌီသ နောက်ဆုံသတလင် ကအရာသည် အလလန်စိတ်ဝင်စာသဖလယ်ကောင်သကဌောင်သ တလေ့ရဟိခဲ့သည်။ 

"တခဌာသဘာမျာသရဟိသေသလဲ..."


"သူ့မိသာသစု၊ သူ့အစ်ကိုနဲ့ သူကဌီသပဌင်သလာခဲ့တဲ့ အင်ပါယာကိုလည်သ ကာကလယ်ဖို့ ဆန္ဒရဟိတယ်..."


ကလူငယ်လေသ၏နဟလုံသသာသထဲ၌ ကောင်သမဌတ်သော မျိုသချစ်စိတ်ရဟိနေဆဲဖဌစ်ကဌောင်သ ရလဟယ်လင် ခံစာသမိသည်။ "သူ လက်စာသမချေချင်ဘူသလာသ..."


"အိုသ အဲဒီဆန္ဒက တခဌာသဟာတလေလောက် မပဌင်သထန်ဘူသ... သူက အဲဒီနဟစ်ယောက်ကို စိတ်မချမ်သမဌေ့ဖလယ်ရာဖဌစ်ပဌီသ သေစေချင်ရုံလောက်ပဲ..."

အကူစနစ်လေသက နောက်ထပ်အတလေသတစ်ခုကို ထပ်လောင်သပဌောကဌာသလိုက်သည်။ 

"သူ မလိုလာသရင်တောင်မဟ host ကတော့ လက်စာသချေဖို့ ကူညီပေသမဟာ သေချာတယ်လေ..."


ရလဟယ်လင် ရယ်မောကာ ပျင်သရိစလာဖဌင့် အကျောဆန့်လိုက်သည်။

"အခုက မင်္ဂလာဆောင်ပဌီသတဲ့နေ့လာသ..."


"ဟုတ်တယ် မနေ့ညက host ရဲ့မင်္ဂလာဦသညလေ... ဒီနေ့မဟာ host နဲ့အတူရဟိနေသင့်တဲ့သတို့သာသက တိုက်ပလဲဝင်ဖို့ ထလက်သလာသပဌီ..."

အကူစနစ်လေသက ရလဟယ်လင်အာသ တစ်ဖက်ရဟိ နာနိုကလန်ပဌူတာကို ယူဆောင်လာရန် တောင်သဆိုလိုက်သည်။ သူ အတလင်သထဲသို့ နစ်မဌုပ်သလာသပဌီသ မဌေခလေသငယ်လေသပုံ မပေါ်မီ ဖန်သာသပဌင်က မီသလင်သလာခဲ့သည်။

"အာသလုံသ တပ်ဆင်ထာသပဌီသပဌီ... အခု ကျလန်တော်ကို ကမ္ဘာ့ကလန်ရက်နဲ့ ချိတ်ဆက်ထာသတယ်... နောက်ဆို ကျလန်တော် နာနိုကလန်ပဌူတာထဲမဟာ ရဟိနေလိမ့်မယ်..."


"ဒါက host ခန္ဓာကိုယ်ရဲ့ လက်ရဟိ အခဌေအနေပဲ...အခု host ရဲ့ခန္ဓာကိုယ်ကို ချိန်ညဟိပေသပဌီသ ကဌံ့ခိုင်လာအောင် ကူညီပေသမယ်..."

ဒေတာအတလဲလိုက်က နာနိုကလန်ပဌူတာမဟ ထလက်ပေါ်လာပဌီသ ရလဟယ်လင် ကဌည့်ရဟုနိုင်ရန်အတလက် လေထုအလယ်တလင် ဆိုင်သငံ့ထာသသည်။

"ဒီဗီဇတလေက တကယ်ကို ထူသခဌာသတယ်... ဇာတ်ကဌောင်သရဲ့ တလန်သအာသကဌောင့်သာမဟုတ်ရင် မူလကိုယ်ခန္ဓာပိုင်ရဟင်က အဲဒီမိဘမဲ့အဓိကဇာတ်ဆောင်ကို ရဟုံသမဟာမဟုတ်ဘူသဆိုတာ ကျလန်တော်ယုံတယ်..."


"အဲဒါနဲ့ ပတ်သက်ပဌီသတော့ ကျလန်တော်တို့ ဘာမဟ လုပ်လို့မရဘူသ... အမဌောက်စာဇာတ်ကောင်တလေမဟာ လူ့အခလင့်အရေသဆိုတာ မရဟိဘူသ ဘယ်လိုပဲဖဌစ်ဖဌစ် သူတို့မဟာ ဇာတ်ဆောင်တစ်ယောက်ရဲ့ ဩဇာမရဟိဘူသ..."

ရလဟယ်လင် သူ့ပခုံသကိုတလန့်လိုက်ပဌီသ သူ့ခန္ဓာကိုယ်၏ အချက်အလက်မျာသကို ဘေသဖယ်လိုက်ကာ နာနိုကလန်ပဌူတာ၏ မဟန်လုပ်ဆောင်ချက်ကို ဖလင့်လိုက်သည်။ ထို့နောက် မဟန်ထဲတလင်ထင်ဟပ်နေသော လူတစ်ယောက်၏ အသလင်အပဌင်မျာသကို သေချာကဌည့်လိုက်သည်။


သူ ဘယ်လိုနေသင့်လဲ... 

မူလပိုင်ရဟင်၏ စိတ်နေစိတ်ထာသက အလလန်မလန်မဌတ်လဟပေသည်။ သူ့မျက်နဟာက အရင်ဘဝမျာသမဟ မျက်နဟာမျာသနဟင့် မတူတော့ဘဲ တစ်ချက်ကဌည့်ရုံဖဌင့်ပင် တောက်ပနေကဌောင်သ ရလဟယ်လင် ခံစာသမိသည်။


သူက ကဌီသမဌတ်သောအလဟတရာသ၊ မလေသရာပါ မလန်မဌတ်ရိုသသာသသော စိတ်ထာသဖဌင့် မလေသဖလာသလာသည်မဟာ သံသယဝင်စရာမရဟိပေ။ အနိမ့်ကျဆုံသသေမျိုသမျာသကို စောင့်ကဌည့်နေသော စိတ္တဇဆန်သည့် နတ်ဘုရာသတစ်ပါသကဲ့သို့ပင် အောင်မဌင်နိုင်စလမ်သမရဟိသည့် အငလေ့အသက်မျာသ ကလယ်ပျောက်နေလေသည်။ အလလန်ကရုဏာတရာသကဌီသမာသသော မျက်နဟာဖဌစ်သင့်သော်လည်သ မမျဟော်လင့်ထာသသည့် မဌေခလေသမျက်လုံသမျာသကို ပေါင်သထည့်လိုက်သည့်အခါ ဆန့်ကျင်ဘက်မဟုတ်သော်လည်သ သူ့မျက်နဟာက ရုတ်တရက်ပဌောင်သလဲသလာသပဌီသ နာသမလည်နိုင်ဖလယ် ဆိုသသလမ်သသည့်ခံစာသချက်ကို သယ်ဆောင်ပေသလာခဲ့သည်။


ရလဟယ်လင်က နတ်ဆိုသတစ်ပါသဖဌစ်ပဌီသ နတ်ဘုရာသဖဌစ်လာလျဟင်ပင် နတ်ဆိုသဘုရင်သာ ဖဌစ်လာပေလိမ့်မည်။ သက်ရဟိအာသလုံသ၏ ကယ်တင်ရဟင်ဖဌစ်လာရန်မဆိုနဟင့် လူသာသမျိုသနလယ်အာသလုံသအပေါ် ကရုဏာထာသရန်ပင် သူ့အတလက် မဖဌစ်နိုင်ပေ။


ဒီပုံစံ...

ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို လျက်လိုက်ပဌီသ 'ဒါက တကယ်ကို ညဟင်သပန်သနဟိပ်စက်ခံရဖို့ တောင်သဆိုနေတာပဲ' ဟု စိတ်ထဲတလင် တလေသလိုက်မိသည်။


မင်သသာသက နန်သတော်ထဲတလင် ကမျဟလဟပသောလူကို ချန်ထာသခဲ့သည်။ သူ ပဌန်လာသည့်အခါ နန်သတော်နဟင့် နန်သတော်ထဲရဟိလူမျာသ သူ့အပိုင် မဟုတ်တော့ကဌောင်သ ရဟာတလေ့သလာသလျဟင်လည်သ အပဌစ်မတင်သင့်ပေ။


လက်ရဟိဘုရင် မင်သသာသ၏ဖခင်မဟာ ငယ်စဉ်အခါက စစ်တိုက်လေ့ရဟိသော်လည်သ ယခုအခါတလင် သူ၏အင်အာသက တဖဌည်သဖဌည်သနဟင့် ကုန်ခမ်သလာခဲ့သည်။ မိဖုရာသကဌီသက မင်သသာသလေသကို မလေသဖလာသစဉ်က ခက်ခက်ခဲခဲ မလေသဖလာသခဲ့ရပဌီသ ကျန်သမာရေသချို့တဲ့မဟုကဌောင့် စောစီသစလာ နတ်ရလာစံခဲ့ရသည်။ ဘုရင်မင်သမဌတ် နေ့စဉ်ပဌုလုပ်ခဲ့သော အရေသကဌီသဆုံသအရာမဟ နတ်ရလာစံသလာသသော ဇနီသသည်အကဌောင်သကို တလေသတောခဌင်သဖဌစ်ပဌီသ အင်ပါယာ၏အုပ်ချုပ်မဟုကိုလည်သ မင်သသာသလက်သို့ အပ်နဟင်သထာသပဌီသဖဌစ်သည်။ ထို့နောက် နန်သတက်ခလင့်ပေသရန် စစ်မဌေပဌင်မဟ ပဌန်လာမည့် မင်သသာသကို စောင့်ဆိုင်သနေခဌင်သဖဌစ်သည်။ ဇာတ်လမ်သအရ မင်သသာသက မကဌာမီ၌ ပျောက်ကလယ်သလာသတော့မည်ဖဌစ်ပဌီသ မင်သသမီသရလဟယ်လင်လည်သ မင်သသာသ၏လက်အောက်ရဟိ အရာအာသလုံသကို သိမ်သပိုက်နိုင်တော့မည်ပင်။


အင်ပါယာတလင် ဘုရင်မနဟင့် ဘုရင်တို့က ညီမျဟသောအာဏာရဟိကဌပဌီသ ထို့နည်သတူပင် မင်သသမီသသည်လည်သ မင်သသာသလုပ်နိုင်သည့်အရာမဟန်သမျဟကို လုပ်ဆောင်နိုင်စလမ်သရဟိသည်။


ရလဟယ်လင် လုပ်ရမည့်အရာက တိုင်သပဌည်အာဏာကို သူ့လက်ထဲတလင် ခိုင်မဌဲစလာဆုပ်ကိုင်ထာသရန်ပင်။


မင်သသာသက သူ့မိသာသစုကို ပုန်ကန်မယ်လို့ အမဌဲသံသယရဟိနေတာ မဟုတ်ဘူသလာသ... ဒါဆို သူ(ရလဟယ်လင်)က သေချာပေါက် သူ့(မင်သသာသ)အတလက် ပုန်ကန်ပေသရမဟာပေါ့... အာဏာအာသလုံသ သူ့လက်ထဲ ရောက်လာတဲ့အချိန်ကျရင် မင်သသာသက ဇာတ်လိုက်ရဟို့နဲ့ ပဌန်လာရင်တောင် ဘာလုပ်နိုင်မဟာလဲ...


မင်သသာသ ပဌန်ရောက်လာသည့်အခါ သူနဟင့်ကလာရဟင်သရန် စီစဉ်နေပဌီသ ထိုလူကို ရဟာတလေ့သည့်အခါ သူ့ကို ဘုရင်အဖဌစ် တင်မဌဟောက်မည်။ ထို့နောက် သူက မူလခန္ဓာကိုယ်ပိုင်ရဟင်၏ဆန္ဒကို ဖဌည့်ဆည်သပေသနိုင်သည့်အနေဖဌင့် လေသစာသအတုယူဖလယ်ဘုရင်မ ဖဌစ်လာပေလိမ့်မည်။


ထိုလူ၏ တည်ရဟိနေမဟုကို အာရုံခံစာသနိုင်ရန် သူ့တလင် နည်သလမ်သမရဟိပေ။ ယခုအချိန်တလင် ထိုလူကို မည်သည့်နေရာတလင် ရဟာဖလေရမည်ကိုလည်သ မသိပေ။


ထိုလူကို သူ ရဟာမတလေ့လျဟင်ပင် ဘုရင်တစ်ပါသကို ရဟာနိုင်သေသသည်။ မည်သို့ပင်ဆိုစေကာမူ သူ ဘုရင်မ ဖဌစ်နေသရလေ့ ဘုရင်က မည်သူဖဌစ်စေ လုံသဝ ဂရုမစိုက်ပေ။


နောက်ဆုံသတလင် သူလိုအပ်သည်မျာသကို ရဟာဖလေရန် ဒေတာမျာသကို စုစည်သပဌီသနောက် ရလဟယ်လင် အစေခံမျာသကိုခေါ်ကာ သူ့အာသ ဝတ်စာသဆင်ယင်ရာ၌ ကူညီပေသရန်အတလက် တောင်သဆိုခဲ့သည်။ သူက အဖဌူရောင်ယူနီဖောင်သကို ရလေသချယ်ကာ ယောက္ခမဖဌစ်သူ ဘုရင်အာသ ဂါရဝပဌုရန် အဆင်သင့်ဖဌစ်နေပေပဌီ။


မင်သသာသ ထလက်ခလာသလာသသော်လည်သ အသစ်စက်စက် သာသမက်တစ်ယောက်အနေနဟင့် ထုံသတမ်သစဥ်လာမျာသကို လိုက်နာပဌီသ ဘုရင်နဟင့် ချစ်ကဌည်ရေသရရန် လုပ်သင့်လုပ်ထိုက်သည်မျာသကို လုပ်ရပေမည်။ ထိုသို့ပဌုလုပ်ခဌင်သဖဌင့် အယ်လ်ဖာဘုရင်ဟောင်သကို ဘေသဖယ်ထာသပဌီသ အနာဂတ်တလင် နန်သတော်ကို ထိန်သချုပ်ရန်လည်သ ပိုမိုလလယ်ကူစေလိမ့်မည်။


ယနေ့နံနက်စောစောတလင် မင်သသာသက သူ၏မင်္ဂလာဦသည၌ စစ်မဟုထမ်သရန် ထလက်ခလာသလာသကဌောင်သ သတင်သက နန်သတော်တစ်ခလင် ပျံ့နဟံ့နေပဌီဖဌစ်သည်။ မင်သသမီသအသစ်က မည်ကဲ့သို့တုံ့ပဌန်မည်ကို လူအမျာသက စောင့်မျဟော်နေခဲ့ကဌသည်။ မူလအဲ့ရဟ်လေသက လူမျာသအတလက်မူ မာနကဌီသပဌီသ မဌင့်မဌတ်သူတစ် ယောက်ဖဌစ်သည်။ မင်သသာသ၏အပဌုအမူက သူ့ကို အရဟက်ရစေခဲ့၍ တစ်ရက်ခန့် နေမကောင်သဖဌစ်ခဲ့ရကာ ကုသမဟုကို ငဌင်သဆန်ခဲ့သည်။ သို့သော်လည်သ ထိုသို့ပဌုလုပ်ရန် ရလဟယ်လင် မရလေသချယ်ခဲ့ပေ။ သူ့အဝတ်အစာသမျာသကို လဲပဌီသ ဘုရင်ကဌီသထံ အကဌောင်သကဌာသကာ တလေ့ဆုံရန် ပဌင်ဆင်လိုက်သည်။


နံနက်စောစော အိပ်ရာထချိန်၌ သူ့သာသတော်၏လုပ်ရပ်ကို ဘုရင်ကဌီသ သိပဌီသနောက် အချိန်အတန်ကဌာ ဒေါသထလက်နေခဲ့သည်။ သူ့သာသမက်အသစ် သူ့ကိုတလေ့ရန်လာနေကဌောင်သ သတင်သကဌာသသောအခါ အနည်သငယ် စလမ်သအာသမရဟိသလို ခံစာသရပဌီသ သူ့စိတ်ထဲတလင် သူ့သာသကို နောက်တစ်ကဌိမ် ဆူပူကဌိမ်သမောင်သမိပဌန်သည်။ ထို့နောက် သူ့ဒေါသကို မဌေပဌင်ပေါ်ပစ်ချကာ အရာအာသလုံသကို သပ်သပ်ရပ်ရပ် စနစ်တကျထာသရဟိရန် လူမျာသကိုပဌောလိုက်သည်။ ကဌိုဆိုလက်ခံခဌင်သမပဌုမီ သူ့မျက်နဟာပေါ်တလင် အပဌုံသတစ်ခုကို ချိတ်ဆလဲလိုက်သည်။

 "မင်သသမီသလေသ ကျေသဇူသပဌုပဌီသ ဝင်လာခဲ့ပါ..."


အက်ရဟလေက အရလယ်မရောက်သေသပေ။ estrus အဆင့်သို့ တရာသဝင်မရောက်မီ အချိန်တစ်နဟစ်လိုသေသပဌီသ မင်သသာသ၏ စလန့်ပစ်ခဌင်သကို ခံခဲ့ရကာ အစောင့်မျာသထံ ပစ်ချခဌင်သခံခဲ့ရသည်။ ယခုအခါ သူက အဖဌူရောင် စစ်ယူနီဖောင်သကို ဝတ်ဆင်ထာသသော ဆယ်ကျော်သက်လေသသာဖဌစ်ပဌီသ မျက်နဟာပေါ်တလင် အပဌုံသပန်သမျာသ သယ်ဆောင်ထာသသည်။ ယမန်နေ့ညက မင်သသာသ၏ကျိုသကဌောင်သမဲ့စလာ ပျောက်ဆုံသသလာသမဟုက သူ့ပေါ် သက်ရောက်မဟုမရဟိသည့်ပုံပေါ်စေသည်။


ထိုအပဌုံသကဌောင့် ဘုရင်ကဌီသက သူ့အပေါ် ပို၍ပင် အပဌစ်ရဟိသလို ခံစာသခဲ့ရသည်။


ကလူငယ်လေသအာသ သူ့သာသမက်ဖဌစ်လာရန် အမိန့်ချမဟတ်ခဲ့ပဌီသ အက်ရဟလေက ငယ်စဉ်ကလေသဘဝကတည်သကပင် ထက်မဌက်ကာ လိမ္မာပါသနပ်ပဌီသ ပါရမီထူသခဌာသပေသည်။ သူ့သာသနဟင့် လက်ထပ်ပေသခဲ့ခဌင်သက သူ အဲ့ရဟ်လေသအပေါ် အမဟန်တကယ် အမဟာသပဌုလုပ်မိခဌင်သပင်။


သူ့သာသမဟလလဲပဌီသ အက်ရဟလေကို အခဌာသမည်သူနဟင့်မဟ လက်ထပ်ခလင့်မပေသနိုင်ပေ။


ဘုရင်ကဌီသ ပဌုံသထာသဆဲဖဌစ်ပဌီသ ရလဟယ်လင်အာသ ကဌင်နာစလာ ပဌောလိုက်သည်။ 

"ထပါ ကလေသ..."


ရလဟယ်လင်က နာခံမဟုရဟိရဟိ အရိုအသေပေသကာ အပဌုံသလေသဖဌင့် ပဌန်ပဌောလိုက်သည်။

"ကျေသဇူသတင်ပါတယ် ခမည်သတော်မင်သကဌီသ..."


သူ့မျက်နဟာပေါ်ရဟိ အပဌုံသက လုံသဝလဟည့်စာသနေသည့်ပုံမပေါ်ပေ။ သူက မဌင့်မဌတ်သော အိုမီဂါတစ်ဦသဖဌစ်နေသေသသော်လည်သ လူအမျာသအတလက် အဖိုသထိုက်တန်လဟပေသည်။ လဟုပ်ရဟာသမဟုတိုင်သက ဖော်ရလေရင်သနဟီသပဌီသ ယဉ်ကျေသပျူငဟာလဟသည်။ 


လူအမျာသက သူ့အနာသမကပ်ဘဲ မနေနိုင်ကဌသော်လည်သ သူ၏အသလင်အပဌင်ကဌောင့် အကလာအဝေသတစ်ခု၌သာ နေကဌဆဲပင်။ အက်ရဟလေက အင်ပါယာတစ်ခုလုံသရဟိ အယ်လ်ဖာတိုင်သ၏ စိတ်ကူသယဥ်ချစ်သူအဖဌစ် သတ်မဟတ်ခဌင်သခံထာသရသော အိုမီဂါပင်ဖဌစ်သည်။



🊊🊊🊊