Chapter 49
Viewers 3k

🦊Chapter 49

Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး

4.6 ကြယ်တွေရဲ့ ဧကရာဇ်အစစ်



မြေအောက်နန်းတော်၏ ကျယ်ပြောသော ဟောခန်းထဲတွင် ယောင်္ကျားတစ်ယောက်က မည်သူ မည်သည့်နေရာက ရွှေ့ထားမှန်းမသိသော ပုလင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေသည်။ သူ၏ဘေးတွင် အခြားခန်းမများမှ ဆွဲထုတ်လာသော အခေါင်းများကို အစီအရီချထားပြီး ၎င်းတို့ကို လွှင့်ပစ်ရန် အဆင်သင့် ဖြစ်နေသည်။ သူ၏ မျက်နှာရှေ့တွင် နာနိုကွန်ပျူတာလေး၏ စခရင် ပေါ်နေသည်။ 


စခရင်တွင် ပေါ်နေသော ရွှေအိုရောင်လူငယ်လေး၏ နှုတ်ခမ်းများက တင်းတင်း စေ့ထားပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားလေည်။ ထို့နောက်တွင် သူ၏ ပန်းရောင်နှုတ်ခမ်းမှ ချိုသာသော အသံထွက်ပေါ်လာသည်မှာ ကျောက်စိမ်းနှင့် ကြည်လင်နေသော ကျောက်တုံးတို့ထိတိုက်မိရာမှ ထွက်ပေါ်လာသလို ထွက်ပေါ်လာလေသည်။ 


တစ်ခုတည်းသာ...


ထိုယောင်္ကျား၏လက်များက လူငယ်လေး၏ မျက်နှာကို ဖြည်းဖြည်းချင်း ထိလိုက်သည်။

" မင်းရဲ့ ခင်ပွန်းသည်တဲ့လား...."


သူ သရော်လိုက်ပြီး နာနိုကွန်ပျူတာလေးကို ဖွင်ကာ အမိန့်ပေးလိုက်သည်။ 


ကွန်ပျူတာလေးက အကြိမ်ရေ အနည်းငယ်ခန့် ပြိုးပြိုးပြက်ပြက် လင်းသွားလေသည်။ ၎င်းက အနည်းငယ် အင်တင်တင် ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူ့သခင်၏ သန်မာသော လက်များကို မခုခံနိုင်ဘဲ စခရင်ပေါ်တွင် နောက်ထပ် ဓါတ်ပုံကို ပြသရတော့သည်။


ဓါတ်ပုံထဲမှ လူငယ်လေးမှာ အခုလေးတင် လှုံ့ဆော်သော စကားများပြောကာ ကြေညာချက်ကို ပြုလုပ်ခဲ့သော ကောင်လေးဖြစ်လေသည်။ သူ၏ လက်သီးများကို ကျစ်နေအောင်ဆုပ်ထားပြီး သူက အင်ပါယာ၏ ကြီးမြတ်သော ဧကရာဇ်ကိုပင် တိုင်တယ်သည်ဟု ပြောခဲ့သည်။ ၎င်း ကြောင့် ထိုယောင်္ကျားကို အထူးပျော်ရွှင်စေသည်။ ယခုချိန်၌ ထိုချစ်စရာကောင်းသော ကောင်ငယ်လေးကို သူ တွေ့ချင်နေသည်။ 


ရွှယ်လင်က အိပ်ယာပေါ်တွင် ထိုင်နေပြီး စာရွက်စာတမ်း အမျိုးမျိုးကို ကြည့်နေခဲ့သည်။ သူ၏ ဦးရေပြားက အနည်းငယ် ထုံကျင်လာပြီး တစ်စုံတစ်ယောက် သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။


သူ ဘယ်ညာကို သတိရှိရှိ ကြည့်လိုက်ပြီး နာနိုကွန်ပျူတာလေးကို နှိပ်လိုက်ကာ တစ်စုံတစ်ရာကို မေးမြန်ပြီးနောက် သူ၏အမူအရာက အတော်လေး တည်ငြိမ်သွားသည်။ သူ၏ နောက်ကျောသက တောင့်တင်းနေသော်လည်း အစပိုင်းကကဲ့သို့ တင်းမာမှုများ မရှိတော့ချေ။ 


ထိုယောင်္ကျားက စခရင်ပေါ်မှ လူကို ကြည့်လိုက်ပြီး သူ၏ စိတ်အခြေအနေက ပို၍ ကောင်းသထက်ကောင်းလာသည်။ 


သူ၏ နာနိုကွန်ပျူတာလေးက တဖျတ်ဖျတ် လင်းသွားသာ်မှာ သူ့ဘောစ့်ကို လှောင်ပြောင်ကာ ဝမ်းနည်းအောင် မလုပ်ရဲသကဲ့သို့ပင်။ 


ရွှယ်လင်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရတုန်းပင်။ သူ ခေါင်းကို ငုံ့ကာ အကူစနစ်လေးကို ထပ်မေးလိုက်သည်။

" ဘယ်သူမှ ငါ့ကို စောင့်ကြည့်မနေတာ သေချာရဲ့လား..."


" သာမန်အခြေအနေ အောက်မှာဆိုရင်တော့ မရှိလောက်ပါဘူး... ကျွန်တော်က အင်ပါယာ ကြယ်တာရာကွန်ရက်ရဲ့ အဓိက server နဲ့ ဆက်သွယ်ထားတာ အဓိက server မှာ ပိုင်ရှင်မရှိဘူး ဘယ်သူမှ ကျွန်တော့်ကို ကျော်ပြီး hostကို စောင့်ကြည့်လို့ မရနိုင်ဘူး..."  


ရွှယ်လင် သူ၏ လည်ဂုတ်ကို ပွတ်သပ်လိုက်ပြီး 'သတိဆိုတာ ပိုတယ် မရှိပေမဲ့ စိတ်ပူစရာတော့ မရှိပါဘူး' ဟု သူ့ကိုယ်သူ ပြောလိုက်သည်။  


" ဒီနေ့ ငါဖြေရှင်းခဲ့ရတာတွေ များလွန်းတော့ နည်းနည်း ပင်ပန်းသွားတာ ဖြစ်မယ်..."

ရွှယ်လင် ခေါင်းငုံ့ကြည့်လိုက်ပြီး ခါးကြောဆန့်လိုက်သည်။ စစ်တပ်ဝတ်စုံက သူ၏ သွယ်လျကျစ်လစ်သော ခါးကောက်ကြောင်းလေးကို ပေါ်လွင်စေသည်။ 


အစေခံများကို သူရေချိုးရန်အတွက် ရေနွေးစပ်ပေးရန် ပြောလိုက်သည်။ ရွှယ်လင် မတ်တတ်ရပ်လိုက်ပြီး သူ ယနေ့ ဖြေရှင်းခဲ့ရသော အရာများကို တစ်ချက် ပြန်ကြည့်လိုက်သည်။


မနက်ပိုင်း မှတ်တမ်းဗီဒီယို ရိုက်ပြီးတည်းက သူ ဤနေရာတွင် တစ်ချိန်လုံးထိုင်ကာ ထိုအရာများကို ဖြေရှင်းနေခဲ့ရသည်။ 


အင်ပါယာင ပြီးပြည့်စုံသော သက်ဦးဆံပိုင်စနစ် မဟုတ်ပေ။ တော်ဝင်မိသားစုတွင် အင်ပါယာအတွက် လုပ်ပိုင်ခွင့် 70 % သာရှိသည်။ ထို့နောက် ၎င်းကို ဘုရင်နှင့် ဘုရင်မကြားတွင် ထပ်မံ ပိုင်းခြားက တစ်ယောက်ကို 35 % အသီးသီး လုပ်ပိုင်ခွင့် ရှိလေသည်။ 


သို့သော် သမိုင်းတစ်လျှောက်တွင် ဘုရင် အသက်ရှိနေသ၍ ဘုရင်မက နိုင်ငံရေးကိစ္စတွင် ပါဝင်နိုင်သည့် အခွင့်အရေး အလွန် နည်းပါးလေသည်။ ဘုရင်မ၏ တာဝန်မှာ အမျိုးမျိုးသော ပြည်တွင်ရေး ကိစ္စများအပိုင်းပင်။ စစ်တပ်နှင့် စစ်ပွဲရှိ အာဏာအစစ်အမှန်မှာ ဘုရင်မ လက်ထဲတွင်ပင်။ ကျန်ရှိနေသော 30 % ကို သုံးပိုင်းခွဲထားသည်။ ဘက်မလိုက်တတ်သော ကြားနေ စစ်ဌာနအကြီးအကဲများ၊ ဘုရင်မဘက်မှ ဝန်ကြီးချုပ်များနှင့် ဘုရင်ဘက်မှ တော်ဝင် အစောင့်များ စသည်တို့ကို ခွဲပေးထားလေသည်။ 


လောလောဆယ်တွင် မင်းသားက အင်ပါယာကို စောင့်ရှောက်ရန် တာဝန်ရှိသောကြောင့် စစ်တပ်အာဏာက သူ၏ လက်ထဲ၌ပင်။ ယခုချိန်၌ မင်းသား ပျောက်ဆုံးနေသောကြောင့် သတင်းအချက်အလက် အများစုမှာ ဘုရင်အိုကြီး၏ အမိန့်ဖြင့် ရွှယ်လင်၏ လက်ထဲသို့ ရောက်လာကြသည်။ အာဏာကို သူ၏ လက်ထဲတွင် အပြည့်အဝမဆုပ်ကိုင်ထားရသော်လည်း ရွှယ်လင်က အနည်းဆုံး ဗိုလ်ချုပ်များနှင့် တွေ့ဆုံနိုင်ပြီး မင်းသမီးဟယသော ဘာမှ မရှိသည့် ခေါင်းစဥ်ကို ရိုးရှင်းစွာပင် မသယ်ဆောင်သွားပေ။ 


ထိုအချိန်တွင် လက်ထောက်ဝါရန်က နောက်ကွယ်တွင် နေကာ ထောက်ပံ့ပေးခြင်းမှာ သိသိသာသာပင် ထင်ရှားလာသည်။ 


သူ ရှေ့တန်းတွင် တစ်နှစ်ပတ်လုံး တပ်စွဲခဲ့ရသော်လည်း သူနှင့် ကျောင်းတူသော သို့မဟုတ် တစ်ချိန်တည်း ဘွဲ့အတူတူ ရခဲ့သော ဗိုလ်ချုပ်အများအပြား တက်ရောက်ခဲ့ကြသည်။ ဝါရန်၏ အဆက်အသွယ်များဖြင့် ရွှယ်လင် ရင်ဆိုင်ဖြေရှင်းရာတွင် ပိုမို ရိုးရှင်းလွယ်ကူလာသည်။ 


သူ၏ အဖြူရောင် ကုတ်အင်္ကျီနှင့် ရှပ်အင်္ကျီကို ချွတ်ကာ ရေချိုးခန်းထဲသို့သွားလေသည်။ 


ရွှယ်လင် အစပိုင်းတွင် ထိုကဲ့သို့ အမြင်များ မရှိသော်လည်း သူ ပုန်ကန်ရန် ဆုံးဖြတ်ချက်ချလိုက်သည်နှင့် အာဏာကို အပြည့်အဝဆုပ်ကိုင်လိုလျှင် စစ်တပ်ကို လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ မဟုတ်ပါက သူ့အတွက် ဝိုင်းပြောဆိုပေးကြလျှင်ပင် မင်းသားက သူ့ကို ရှင်းထုတ်နိုင်သေးသည်။


သူ့တွင် အနည်းငယ်သော အကျိုးကျေးဇူးများသာ ရှိသည်။ သူ အရေးအကြီးဆုံးလုပ်ရမည်မှာ မင်းသား၏ ပျောက်ဆုံးနေမှုကို အခွင့်ကောင်းယူ၍ သူ၏ ဂုဏ်သတင်းကို ကျော်ဇောအောင်လုပ်ရန် ဖြစ်သည်။ 


ရေချိုးခန်း တံခါးက ပိတ်သွားလေသည်။ ရွှယ်လင် သူ၏ လက်ကောက်ဝတ်မှ နာနိုကွန်ပျူတာလေးကို ချွတ်လိုက်သောကြောင့် စောင့်ကြည့်နေရသော ပုံရိပ်လေးက မရှိတော့ပေ။ ထိုယောင်္ကျားက သူ၏ မေးစေ့ကို နောင်တရစွာ ပွတ်လိုက်ပြီး အုတ်ဂူများထဲတွင် လဲလျောင်းနေသော အင်ပါယာကို အုပ်ချုပ်ခဲ့သည့် ဘုရင်များကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ရွံရှာနေသော အမူအရာ ပေါ်ပေါက်လာလေသည်။ 


နာနိုကွန်ပျူတာလေက သူစိတ်ဆိုးနေရသည့်အကြောင်းကို သိနေပုံပင်။ အဖြူရောင် အလင်းလေး တစ်ချက်လင်းသွားကာ ယခုအချိန်က လေ့လာရမည့်အချိန်ဖြစ်ပြီး တခြားသူကို ချောင်းကြည့်သင့်သည့်အချိန် မဟုတ်တော့ကြောင်း အသိပေးလိုက်သည်။ အသင့်တော်ဆုံး နည်းလမ်းမှာ သူ၏ သင်ကြားလေ့လာရေးကို မြန်မြန်ပြီးဆုံးအောင် ပြုလုပ်ခြင်းပင်။ 


ထိုယောင်္ကျားက သူ၏ ခါးကြောကို ပျင်းရိစွာဆန့်လိုက်သည်။ သူ၏ပုံရိပ်က အရပ်ရှည်ကာ ပိန်ပါးပြီး ခွန်အားပြည့်နေသော ကြီးမားသည့် လူများနှင့် လုံးဝ မတူပေ။ အမြင်ပုံစံအရသာဆိုလျှင် သူသည် စကြာဝဠာတစ်ခုလုံးတွင် အသန်မာဆုံးဟူသောဂုဏ်ကို ရနိုင်မည့်ပုံ မပေါ်ပေ။ သို့သော် စက်ရုပ်များ မရှိသေးချိန်ကပင် ထိုလူသားက စကြာဝဠာ တစ်ခုလုံးကို မည်သည့် အကာအကွယ် ပစ္စည်းမျှ မပါဘဲ ဇာခ့်များကို အင်ပါယာမှ ထွက်ပြေးစေရလောက်သည်အထိ သတ်ဖြတ်ခဲ့သည်။ ဇာ့ခ်များက နယ်စပ်နားသို့ပင် မကပ်နိုင်ကြပေ။ သူတို့က နှစ်ခုနှစ်ရာ ကြာသည်အထိ နယ်စပ်ဒေသကို မဖြတ်ကျော်ရဲသေးဘဲ နယ်စပ်နားရှိရေတွင်သာ အစမ်းသဘောဖြင့် ထပ်ကာထပ်ကာ စမ်းသပ်နေခြင်း ဖြစ်သည်။ 


ရွှယ်လင်က နန်းတော်၏အောက်တွင် မည်သူ ရှိနေသည်ကို မသိပေ။ ကြယ်များကြားရှိ ကမ္ဘာကို ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် သူ ထိုအရာများအားလုံးကို စူးစမ်းလေ့လာနေလေသည်။ သူက သင်ယူ တတ်မြောက်မြန်သူဖြစ်သည်။


ထပ်ပေါင်း ပြောရလျှင် သူက အစိုးရရေးရာကိစ္စအမျိုးမျိုးကို ဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်များနှင့် နိုင်ငံရေးများ ဆွေးနွေးခြင်း၊ ဗိုလ်ချုပ်များနှင့် စစ်ဗျူဟာကို အတူတူလေ့လာခြင်း စသဖြင့် ဆက်တိုက်တိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့သည့်အတွက် သူနှင့်အတူ ဆက်ဆံပြောဆိုနေရသော အင်ပါယာမှ အဆင့်မြင့် အရာရှိများကို အံ့အားသင့်စေခဲ့သည်။ ရွှယ်လင်ကိုအိုမီဂါဟု သူတို့ အသေအချာ မသိထားပါက ဤကလေးက အယ်လ်ဖာဖြစ်ရမည်ဟု မဆိုင်းမတွ လက်ခံမည်ပင်။ 


ထိုအချင်းအရာက လိင်ခွဲခြားဆက်ဆံခြင်း မဟုတ်ဘဲ သူတို့က ရွှယ်လင့်နီးပါး တက်ကြွသည့်အိုမီဂါကို မမြင်ဘူးသောကြောင့်ပင်။


ရွှယ်လင်က ဇာတ်လမ်းကိုသိ၍ ဤကမ္ဘာ၏ ဇာတ်လိုက် shouမှာ မင်းသားနားရှိ လူများနှင့် လက်အောက်ငယ်သားများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း သိလေသည်။ ယခု သူလုပ်နေသော အရာများက အနာဂတ် ဇာတ်လိုက် shou လုပ်မည့် အရာများပင်ဖြစ်သည်။ သို့သော် ရွှယ်လင်က ပိုကောင်းအောင် လုပ်နိုင်သည်။ ရွှယ်လင်၏ အနေအထားက ပို၍ သေချာပြီး ပို၍ မြင့်မားသည်ပင်။ 


သူက မင်းသား၏ တစ်ဦးတည်းသော ကြင်ယာတော် မင်းသမီးဖြစ်သည်။ ဇာတ်လိုက် shou နှင့် မင်းသားကအချစ်စစ်ဆိုလျှင်ပင် ဇာတ်လိုက် shouက အငယ်အနှောင်း ဖြစ်ပြီး သူများ အိမ်ထောင်ရေးကို ဖျက်ဆီးသည် အိမ်ထောင်ဖျက် တစ်ယောက်သာပင်။ 


ဤအရာရှိကြီးများနှင့် ဝန်ကြီးချုပ်များ ရှေ့တွင် ရွှယ်လင်က သူ့နည်းလမ်းများကို အပြည့်အဝ သုံးပြခဲ့သည်။ နောက်ပိုင်းတွင် ဇာတ်လိုက် shou ထိုကဲ့သို့ နည်းလမ်းများကို လုပ်ပြပြီး ပေါ်လာခဲ့လျှင်ပင် ၎င်းက အခြားသူကို အတုခိုးနေသည်ဟုပင် အမြင်ခံရလိမ့်မည်။ 


ရွှယ်လင်က သုံးရက်အတွင်းဟု ပြောခဲ့သော်လည်း အမှန်တွင် မြို့တော်ကြယ်မှ ထွက်ခွာရန် လဝက်ခန့် ကြာသွားသည်။ လဝက်ခန့် ကြိုးစားခဲ့ပြီး အောင်မြင်မှုများ ရရှိပြီးသောအခါ ဘုရင်အိုကြီး၊ ဝါရန်နှင့် ရိုင်းန်မိသားစုက သူ့ကို ရှေ့တန်းသို့ သွားခွင့် ပြုပေးခဲ့သည်။ 


သူ ထွက်ခွာချိန်တွင် လူအများအပြားက သူ့ကို လိုက်ပို့ကြလေသည်။ ကြယ်တာရာကွန်ရက်တွင်လည်း တိုက်ရိုက် ထုတ်လွှင့်နေကြသည်။ ရွှယ်လင်က စစ်တပ်၏ လျှို့ဝှက်ချက် မဟုတ်သ၍ ကြယ်တာရာကွန်ရက်မှ သူ၏ ကိုယ်ပိုင် အကောင့်တွင် သူတွေ့ကြုံရသည်များကို တင်ပေးမည် ဟု အခိုင်အမာ ပြောခဲ့ပြီး သူ့ကို ဂရုစိုက်သူများအတွက် စိတ်အေးစေရန် ပြုလုပ်ပေးခဲ့သည်။ 


ကြယ်သင်္ဘော လေဆိပ်မှ ထွက်ခွာသွားသောအခါ မြို့တော်ကြယ်မှ လူတိုင်း၏ နာနိုကွန်ပျူတာလေးများတွင် ခရမ်းရောင် အလင်းများ နှစ်ကြိမ်တိုင်တိုင် တဖျတ်ဖျတ်လက်သွားလေသည်။ 


၎င်းမှာ မြို့တော် ကြယ်တာရာကွန်ရက် တစ်ခုလုံး လူတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်သွားပြီး ထိန်းချုပ်ခံနေရသည်ဆိုသော အဓိပ္ပါယ်ပင်။ ကွန်ရက်၏ အဓိက server ကြယ်တာရာကွန်ရက်ကို ဝင်ရောက်လာပြီး ကွန်ရက် တစ်ခုလုံးကို တိုက်ရိုက် စောင့်ကြည့် ထိန်းချုပ်နေလေသည်။ ထွက်ခွာခွင့် မပြုသော မက်ဆေ့ချ်များက ဒေတာ လမ်းကြောင်းမှ တိုက်ရိုက် တားဆီးပိတ်ပင် ခံလိုက်ရသည်။ 


ထိုယောင်္ကျားက လူငယ်လေး ထွက်သွားသည်ကို စခရင်ပေါ်မှ ကြည့်နေရင်း သူ့မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ 


သူ၏ အမြင်တွင် အင်ပါယာ တစ်ခုလုံးကို အုပ်စိုး ထိန်းချုပ်ရန်အတွက် မြို့တော်ကြယ်ကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ထင်လေသည်။ ထို့အပြင် သူက ကြယ်တာရာကွန်ရက် အဓိက server ၏ တစ်ဦးတည်းသော သခင် ဖြစ်သည်။ ဂြိုလ်တစ်ခုလုံး၏ ပြင်ပ ဆက်သွယ်ရေး ကွန်ရက်က သူ၏ လက်ထဲတွင်ပင်။ သူသာ အလိုရှိပါက လူတိုင်း၏ နာနိုကွန်ပျူတာလေးများတွင် ပေါ်ကွဲစေသော စနစ်ကို ထည့်ပေးလိုက်ပြီး လူတိုင်းကို သေအောင် ပြုလုပ်နိုင်သည်။ 


ရွှယ်လင် မည်သည့်ကိစ္စများ လုပ်နေသည်ကို သူအတိအကျ သိမြင်နေရသည်။ အဆုံးတွင် သူသည် အရာအားလုံးကို ချောင်းကြည့်သော လူဖြစ်ပြီး အရာအားလုံးကိုလည်း တွေ့မြင်ပြီးပြီပင်။ သို့သော် လူငယ်လေးသည် အနည်းငယ် ရူးကြောင်ကြောင် နိုင်သည်။ ဘာလို့ အဲ့လောက် စီစဥ်ပြီး ပြင်ဆင်စရာ လိုလို့လဲ? သူရဲ့ အကြွင်းမဲ့ အာဏာနဲ့ဆိုရင် တော်ဝင်မိသားစု တစ်စုလုံးက သူ့ရှေ့ ခေါင်းငုံ့ရမှာလေ


သူသည် အင်ပါယာ၏ ဧကရာဇ်ပင်။ သူသည် ပြိုင်ဘက်ကင်းသည်။ အင်ပါယာတွင် သူအုပ်ချုပ်ပြီးနောက် မည်သည့် အုပ်ချုပ်သူကိုမျှ ဧကရာဇ်ဆိုသော ဂုဏ်ပုဒ်ကို မပေးခဲ့ပေ။ 


နန်းတော်အောက်ဘက် နယ်မြေ၏ အတားအဆီးများသည် ပွင့်သွားသည်။ သူတို့၏ ဧကရာဇ်နှင့်အတူ အိပ်ပျော်နေခဲ့သော အစောပိုင်း alpha များနှင့် omega များသည် နှစ်ခုနှစ်ရာကြာ အိပ်ပျော်နေရာမှ တဖြည်းဖြည်း နိုးကြားလာလေသည်။ သူသည် ဟောခန်းထဲမှ ခြေချလိုက်သည်နှင့် သူ့ကိုကြည့်နေကြပြီး သူ့နောက်လိုက်ထွက်သွားလေသည်။


မြေအောက် အကျဥ်းတိုက်သည် အလွန် လျှို့ဝှက် ရှုပ်ထွေးလေသည်။ တော်ဝင်မိသားစုသည် အနည်းငယ်သော နေရာများကိုသာ အလည်လာတတ်ပြီး ကျန်ရှိနေသော နေရာများသည် အစောပိုင်းရက်များတွင် အင်ပါယာ စတင်တည်ထောင်ချိန်ကကဲ့သို့ပင် ကျန်ရှိနေသည်။ ထိုအရာများသည် ထိုခေတ်က အထက်တန်းလွှာများ ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံ ဖွက်ထားခြင်းဖြစ်သည်။ ကြယ်ကွန်ရက်၏ အဓိက server ကဲ့သို့သော အရာများကို ဖွက်ထားခဲ့လေသည်။ တော်ဝင်မိသားစုသည် ၎င်းကို နေရာတိုင်းတွင် တူးဖော် ရှာဖွေခဲ့လေသည်။ 


၎င်းသည် လူသားတိုးတက်ရေး၏ ပထမဆုံး စူပါဦးနှောက် ဖြစ်လေသည်။ ၎င်းတွင် ကိုယ်ပိုင် အသိစိတ်ရှိကာ ကိုယ်တိုင် ပြောင်းလဲ ဖြစ်စဥ်များ ပြုလုပ်နိုင်ပြီး သူ့ဘာ့သာ ပြည့်စုံနေလေသည်။


အဓိက server တွင် ပိုင်ရှင် မရှိဟု လူတိုင်း ထင်ခဲ့ကြလေသည်။ အမှန်တွင် အဓိက server သည် သူ၏ ပိုင်ရှင်မဲ့ အခြေအနေကို နစ်ခုနှစ်ရာကြာသည်အထိ ကိုယ်တိုင် စီမံခန့်ခွဲနိုင်ခဲ့သည်။ သို့သော် ထိုယောင်္ကျားသည် နိုးလာပြီ ဖြစ်သောကြောင့် ၎င်းတို့ အားလုံးသည် ပြောင်းလဲသွားပြီပင်။ ထိုလူသည် ကြယ်ကွန်ရက် အဓိက server ၏ မူလပိုင်ရှင်ဖြစ်ပြီး ၎င်းဆက်တင်များ၏ တစ်ဦးတည်းသောပိုင်ရှင် ဖြစ်လေသည်။ သူ၏ စိတ်ဝင်စားမှုက ပြည်သူများ တော်ဝင်မိသားစုသာမက အင်ပါယာ၏ အထက်တွင် အမြဲတမ်း ရှိခဲ့သည်။ 


နိုးနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သော်လည်း မြေအောက်အကျဥ်းတိုက်မှ ထွက်ခွင့် မရသေးသော သိပ္ပံပညာရှင်များနှင့် ဗိုလ်ချုပ်များမှာ ပင်မခန်းမထဲတွင် တစ်စုတစ်စည်းတည်း ရှိနေပြီး သူတို့၏ ဧကရာဇ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။ သူတို့ ဧကရာဇ် အိပ်နေသည်မှာ ကြာပြီဖြစ်ပြီး သူတို့က ဧကရာဇ်၏ အိပ်ပျော်နေသော မျက်နှာကိုသာ မြင်ခဲ့ရလေသည်။ 

သူတို့ရဲ့ ဧကရာဇ်က နောက်ဆုံးတော့ မျက်လုံးတွေ ဖွင့်လာပြီလေ ပွဲအခမ်းအနား ကျင်းပသင့်တယ် မလား...


နောက်ဆုံးတော့ ဧကရာဇ်က ဧကရီကို ရှာတွေ့သွားပြီ အဲ့တော့ သူတို့ ပျော်ပွဲရွှင်ပွဲ ကျင်းပသင့်တယ်... 


သူတို့အားလုံး ယခုခေတ် နည်းပညာနှင့် အခြားအရာများကို တတ်နိုင်သမျှမြန်မြန် သင်ကြားရမည်ဖြစ်ပြီး အချိန်မရှိပေ။ ထို့ကြောင့်သာမဟုတ်ပါက သူတို့ နန်းတော်မြေအောက်တွင် သုံးရက် သုံးညကြာအောင် ကမိလိမ့်မည်ပင်။ 


ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းလဲ... သူတို့ရဲ့ ဧကရာဇ်က နှစ်တစ်သောင်းလောက် တစ်ကိုယ်တည်း ဖြစ်နေခဲ့တာလေ... နောက်ဆုံးတော့ သူ ချစ်မိသွားပြီ... ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်တာ...


သူ့နောက်ကို နှစ်ခုနှစ်ရာကြာအောင် လိုက်လာခဲ့ပြီး ခုထိ အဖော်ပြုနေပေးသည့် လူများကို အော်ဂတ်စတင်းက ကြည့်လိုက်သည်။ ယခင်က သူတို့ သူ့နောက်ကို ဘဝတိုင်း လိုက်မည်ဟု ကျိန်ဆိုခဲ့သည်ကို သတိရလိုက်သည်။ သူတို့က လိမ်လည်ခြင်း မဟုတ်ခဲ့ပေ။ သူတို့၏ သစ္စာရှိမှုသည် လိုသည်ထက်ပင် အနည်းငယ် ပိုနေလေသည်။ 


သူ၏ အစောင့်များက ရှေ့သို့လျှောက်လာကြပြီး သူ့ကို အရိုအသေပြုလိုက်ကြကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ပြန်လည်ကြိုဆိုပါတယ် ဧကရာဇ်..."


လူအုပ်၏အသံက ကျယ်လောင်ကာ အရိုင်းဆန်နေသည်။

" အရှင် တစ်ဦးတည်းသာ ပိုင်တဲ့ ကြယ်တွေဆီကနေ ပြန်လည်ကြိုဆိုပါတယ်..."


အော်ဂတ်စတင်း၏ မျက်နှာပေါ်မှ ပျင်းရိလေးတွဲနေသော အမူအရာက နောက်ဆုံးတွင်ပြောင်းလဲသွားသည်။ သူ၏ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ခြေတံရှည်များဖြင့် ခပ်ကျဲကျဲလျှောက်သွားလိုက်ကာ ခပ်မတ်မတ်နေလိုက်ပြီး အော်လိုက်သည်။

" ဒါဆို သွားရအောင် ပြီးတော့ အဲ့ဒီ တန်ဖိုးမရှိတဲ့ ဆက်ခံသူတွေကို ဒီကြယ်တွေရဲ့ ဧကရာဇ်အစစ်က ဘယ်သူလဲဆိုတာ သိသွားအောင် လုပ်ပေးကြမယ်..." 


ချီးကျူး ဂုဏ်ပြုသံများသည် ထွက်ပေါ်လာကြသည်။

ရွှယ်လင်သာ ဤနေရာတွင် ရှိနေပါက ထိုလူအုပ်စုကို အလယ်တန်းကျောင်းသားရောဂါ ခံစားနေရသည့်အတွက် မှိုချိုးမျှစ်ချိုးပြောမည်ပင်။ 


အဲ့လို စကားတွေကို ပြောတယ် မရှက်ကြဘူးလား...


နောက်ပြီး သူတို့က သူမရှိတဲ့ အချိန်ကျမှ ထွက်လာကြတာပဲ အချိန်ကောင်းကို ရွေးတတ်သားပဲ ...


ကြယ်သင်္ဘောပေါ်တွင် ရှိခိုးကောင် အဖြစ် ပုစဥ်းရင်ကွဲများကို ချောင်းမြောင်းနေကာ မင်းသား၏ လူများကို အနိုင်ယူရန် ပြင်ဆင်နေသော ရွှယ်လင်က သူ မြို့တော်ကြယ်မှ ထွက်မလာမီ မြေအောက်မှ အဝါရောင် စာကလေးက နိုးနှင့်နေပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းကို မသိခဲ့ပေ။ 


အကယ်၍ သူသာ ရှိခိုးကောင်ဖြစ်ပါက သူ၏ နောက်တွင် အဝါရောင် စာကလေး ရှိနေမည်ပင်။ သူက ခဏတာ ထွက်သွားခဲ့ခြင်းဖြစ်ပြီး သူပြန်လာလျှင် မြို့တော်ကြယ်သာမက အင်ပါယာတစ်ခုလုံးပါ သူ၏ ထိန်းချုပ်မှုအောက်တွင် ထိန်းချုပ်မှု မရှိနိုင်တော့မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ပေ။ 


ဇာတ်လမ်းက သူ၏ ထိန်းချုပ်မှုအောက်မှ လုံးလုံးလွတ်ထွက်သွားလေသည်။ ထို့အပြင် သမိုင်းဖြစ်စဥ်က ပြိုင်ပွဲမှ မြင်းရိုင်းတစ်ကောင်သဖွယ် ထူးဆန်းသောလမ်းများသို့ စတင်ပြေးလွှားလာတော့သည်။ 


တစ်ချိန်က သူတို့၏ ဂုဏ်ကျက်သရေများကို သမိုင်းစာအုပ်များတွင်သာ ချန်ခဲ့ကာ သူတို့၏ ဧကရာဇ်နောက်သို့ လိုက်သွားခဲ့သော လူများက တစ်ဖန်ပြန်လည် ရောက်ရှိလာကြလေသည်။ ထို့အပြင် ယခုအချိန်တွင် သူတို့ ဖြစ်စေချင်သည်မှာ လွန်ခဲ့သောနှစ်ခုနှစ်ရာက အင်ပါယာကို သူတို့ တည်ဆောက်စဥ်ကထက်ပို၍ စေ့စပ်သေချာစေချင်သည်။



🦊🦊🦊