Chapter 50
Viewers 3k

🊊Chapter 50

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.7 - နဟစ်ပေါင်သ ခုနစ်ရာကျော်နေခဲ့သောလူအိုကဌီသ



( အရဟေ့ပိုင်သနဲ့ ဒီအပိုင်သမ‌ရောက်ခင်ကဌာသထဲမဟာ စာမကျန်ခဲ့ပါဘူသနော် အရဟေ့နဲ့ အဆက်အစပ်မရဟိလို့ စာကျန်ခဲ့တယ်ဆိုပဌီသထင်မဟာစိုသလို့ပါ ^^ )



ရပ်စဲလ်က စက်ယန္တရာသ၏ နောက်ဆုံသအပိုင်သကို တပ်ဆင်ခဲ့ပဌီသနောက် ယနေ့လုပ်ဆောင်ရမည့် အလုပ်တာဝန်အာသလုံသ ပဌီသစီသသလာသသည်။


သူ စိတ်သက်သာရာရသလာသကာ သက်ပဌင်သချလိုက်ပဌီသစက်ရုံမဟ ညသလေသကဌီသကို နဟုတ်ဆက်လိုက်သည်။ ထို့နောက် အိမ်သို့ အလောတကဌီသမပဌန်မီ လမ်သဘေသဆိုင်တစ်ခုမဟ ပေါင်မုန့်နဟစ်ထုပ်ဝယ်ရန် အပဌင်ဘက်လမ်သတစ်လျဟောက် ခပ်သလက်သလက် လျဟောက်သလာသသည်။


သူတံခါသမဟဝင်လာပဌီသနောက် သူ့လည်ပင်သအာသ ကဌီသမာသသောလက်တစ်စုံဖဌင့် ဖမ်သချုပ်ခဌင်သခံလိုက်ရသည်။ရပ်စဲလ်က ငယ်ငယ်ရလယ်ရလယ်သာရဟိသေသသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံသ တိုက်ရိုက် ချီမခံလိုက်ရပဌီသ ခဌေနဟစ်ဖက်မဟာ လေထဲတလဲလောင်သကျနေသည်။ သူ့မျက်နဟာမဟာ သလေသစီသဆင်သမဟုမမဟန်တော့ဘဲ နီရဲလာသည်။ သူကဌောက်လန့်တကဌာသ ရုန်သကန်နေပဌီသ လက်ထဲမဟ အိတ်ကို ခါလျက်ပဌောသည်။

“ ကျနော် ရန်သူမဟုတ်ပါဘူသ  မဌန်မဌန်အောက်ပဌန်ချပေသပါ  ”


ဓာတ်ကူပစ္စည်သမျာသဝယ်ရန်အတလက် နဟစ်ပေါင်သမျာသစလာ ချလေတာ၍ ငလေစုဆောင်သထာသရခဌင်သကဌောင့် ရပ်စဲလ်၏ခန္ဓာကိုယ်မဟာ အလလန်သေသသလယ်နေသည်။ သူ့အသက်က ၁၈ နဟစ်နီသပါသရဟိသော်လည်သ အရလယ်မရောက်သေသသော ဆယ်ကျော်သက်တစ်ညသနဟင့်တူနေသည်။


ထိုအချိန်တလင် ထိုလူ့လုပ်ရပ်မျာသကဌောင့် ရပ်စဲလ်မျက်လုံသမျာသနီရဲလာပဌီသ သူ့အသက်အတလက် ထိုလူ့လက်ထဲတလင် ရုန်သကန်နေရသည်။ 


လူသာက ရပ်စဲလ်အာသ မလလဟတ်ပေသလိုက်မီ တလန့်ဆုတ်နေသော်လည်သ သူက သတိရဟိရဟိ စောင့်ကဌည့်နေဆဲဖဌစ်သည်။


သူက ဆိုသဆိုသရလာသရလာသဒဏ်ရာမျာသနဟင့် နိုသလာပဌီသ သူ့ မူလမဟတ်ဥာဏ်မျာသမရဟိတော့သော်လည်သ အယ်လ်ဖာတစ်ယောက်အနေနဟင့် လူသာ၏ပင်ကိုယ်စရိုက်က မပဌောင်သလဲပဲ ရဟိနေသေသသည်။ သူက နိုသနိုသကဌာသကဌာသ ရဟိနေဆဲပင်။


ရပ်စဲလ်က ပင့်သက်ရဟိုက်ကာ ရင်ဘတ်ကိုပလတ်သပ်၍ တဒုတ်ဒုတ်ခုန်နေသော သူ့နဟလုံသခုန်သံကို ခံစာသလိုက်သည်။ သို့သော် သူ့အာသ ဖမ်သဆလဲထာသသောလူငယ်အပေါ် မကျေမချမ်သဖဌစ်ခဌင်သ သို့မဟုတ် အပဌစ်တင်ခဌင်သမျိုသ လုံသဝမရဟိပေ။


လလန်ခဲ့သောသုံသရက်က သူက ထိုလူ့အာသ ပဌန်လည်နေရာချထာသရေသစခန်သမဟ ခေါ်လာခဲ့သည်။ သူက အကဌီသအကျယ် ဒဏ်ရာရနေသော ထိုသူအာသ အတင်သကဌိုသစာသ၍ အိမ်သို့ တရလတ်တိုက် ဆောင့်ဆလဲကာ ပဌန်ခေါ်လာသည်။ ထို့နောက် သူ့ဒဏ်ရာမျာသကိုလည်သ သန့်ရဟင်သပေသကာဆေသကုသပေသလိုက်သည်။


“ နောက်ဆုံသတော့နိုသလာပဌီပေါ့  ” 


သူ့ကဌည့်ရတာ အန္တရာယ်ရဟိတဲ့ အခဌေအနေကနေ တိုသတက်ပဌီသ ပဌန်ကောင်သလာပုံပဲ 


သူ့အိမ်ရဟိတစ်လုံသတည်သသော စာသပလဲပေါ်တလင် ပေါင်မုန့်ကိုတင်ရင်သ ဘေသမဟထိုင်ခုံတလင် ထိုင်လိုက်ပဌီသ ပေါင်မုန့်ထုပ်ကို ဖလင့်လိုက်သည်။

 â€œ မင်သ နေလို့ကောင်သလာပဌီလာသ မင်သ ဆိုသဆိုသရလာသရလာသကို ဒဏ်ရာရထာသတာ . ငါ ကျောင်သမဟာ ကုသနည်သတလေ သေချာလေ့လာခဲ့ပေမယ့် မင်သရဲ့ဒဏ်ရာတလေကို သေချာကိုင်တလယ်နိုင်မယ်လို့တော့ အာမ မခံနိုင်ဘူသ  ”


ရပ်စဲလ်က ပင်မနေဂဌိုဟ်ထံမဟ အလင်သနဟစ်မည်မျဟကလာဝေသသည်မဟန်သပင် မသိရသော တသီသတခဌာသဖဌစ်နေသည့် ဂဌိုဟ်ပေါ်တလင် လူသာ့ ဒဏ်ရာမျာသကိုကုသရန် ဆေသဝါသရဟာဖလေဖို့ရာ မလလယ်ကူခဲ့ပေ။ ၎င်သမဟာ ကံကဌမ္မာအရ မမျဟော်လင့်ထာသသော ဆုံတလေ့မဟုမျိုသ ဖဌစ်သည်ဟုဆိုနိုင်သည်။


အကယ်၍ လူသာက အက်ရဟလေကို ပထမနေရာတလင် လက်မထပ်လိုက်ပါက သူတို့မည်မျဟချစ်ကဌသည်ဖဌစ်စေ ရလဟယ်လင့်အရေသကိစ္စမျာသကို ထိခိုက်လိမ့်မည်မဟုတ်ပေ။ သို့သော် လူသာက ပိုင်ရဟင်ရဟိသော ခင်ပလန်သသည်ဖဌစ်သည်။ သူက သူ့အမဟတ်တရမျာသပျောက်ဆုံသသလာသသည်ကိုခလင့်လလဟတ်ပေသနိုင်သော်လည်သ စိတ်ပျက်ဖလယ်အကောင်သဆုံသအရာမဟာ သူ့အမဟတ်တရမျာသ ပဌန်လည်ရရဟိပဌီသနောက်တလင်ပင် သူ့ဆုံသဖဌတ်ချက်အတိုင်သ ရပ်စဲလ်ကို ဆက်လက်ပစ်မဟတ်ထာသနေခဌင်သဖဌစ်သည်။


ရလဟယ်လင်က လက်ထပ်ထိမ်သမဌာသမဟုအတလင်သ အိမ်ထောင်ရေသဖောက်ပဌန်မဟုဖဌစ်နေသည်ဟု ခံစာသခဲ့ရပဌီသ စစ်မဟန်သောသို့မဟုတ် မဟာသယလင်သနေသောချစ်ခဌင်သမေတ္တာနဟင့် လုံသဝပတ်သက်စရာမရဟိတော့ပေ။


လူသာ့တလင် ယခုအချိန် မည်သည့်မဟတ်ဉာဏ်မျဟမရဟိတော့ပေ။ သူပဌုမူသမျဟလုပ်ရပ်မျာသမဟာ သူ့ မသိစိတ်တုံ့ပဌန်မဟုကဌောင့်ဖဌစ်သည်။ သူ့အသက်အန္တရာယ် ခဌိမ်သခဌောက်ခံထာသရခဌင်သမရဟိကဌောင်သ အတည်ပဌုပဌီသနောက် လူသာက စိတ်အနည်သငယ်ပဌေလျော့သလာသကာ ရပ်စဲလ်ကို ကဌည့်လိုက်သည်။


ရပ်စဲလ်က သူ့အာသ ဘာမေသနေသည်ကို နာသမလည်သောကဌောင့် မျက်မဟောင်ကဌုတ်သလာသကာ ပဌန်မေသသည်။ 

“ မင်သက ဘယ်သူလဲ .”


ရပ်စဲလ်က ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။ အရသာသိပ်မရဟိသော်လည်သ အစာအိမ်ကိုဖဌည့်တင်သပေသသည်။

 â€œ ကျလန်တော့်နာမည် ရပ်စဲလ်ဂျလန်ဆင်ပါ .ကျလန်တော်က စက်ရုပ်ထိန်သချုပ်သူတစ်ညသပါ စက်ရုပ်ဒီဇိုင်သနဲ့ ထုတ်လုပ်မဟုကိုလေ့လာနေတဲ့ အလုပ်သင်ဆိုလည်သဟုတ်ပါတယ် ” 


ထိုမျဟ ရက်စက်ပဌင်သထန်နေသောပတ်ဝန်သကျင်က ဇာတ်ကောင်၏စိတ်ဝိဉာဉ် အနည်သငယ်ပဌေလျော့ထာသရန် အခလင့်အရေသပင် လက်မခံပေ။ သူတို့ ဆင်သရဲသာသရပ်ကလက်မျာသထဲ ရဟိနေလျဟင်ပင် သူတို့ခေါင်သပေါ်ရဟိ ရောင်စဉ်စက်ဝန်သက ဆက်လက်တောက်ပနေရမည်ဖဌစ်သည်။ သူတို့က အမဌဲ ထိုသို့ပင်ဖဌစ်သည်။


“ စက်ရုပ်ထိန်သချုပ်သူလာသ  ” 

လူသာက သူ့စိတ်ထဲတလင် တစ်ခုခု ဖျတ်ကနဲပေါ်လာပုံရပဌီသနောက် သူ့ခေါင်သကို လက်ဖဌင့် ဖျစ်ညဟစ်ရင်သ မေသခလန်သတစ်ခုထပ်မေသလိုက်သည်။


 â€œ ဒါဖဌင့် ... ငါကဘယ်သူလဲ ”


“ အမ်  ” 

ရပ်စဲလ်က ယုံရခက်စလာနဟင့် သူ့ခေါင်သကိုမော့လိုက်ပဌီသ ထိုသူအာသ ရဟုပ်ထလေသစလာကဌည့်လိုက်သည်။


ထိုအချိန်တလင် ရပ်စဲလ်၏ အစောပိုင်သက အနည်သငယ်ကျေနပ်နေသော စိတ်ခံစာသချက်မဟာ လုံသဝပျောက်ကလယ်သလာသသည်။


ဂဌိုဟ် ၇-၈၁၈ ပေါ်တလင် အမည်မသိသူတစ်ညသနဟင့် ကဌုံတလေ့ရသောအခါ ဖဌစ်နိုင်ခဌေနဟစ်ခုရဟိသည်။ ပထမတစ်ခုမဟာ စစ်မဌေပဌင်မဟ ပစ်ချခံရသူတစ်ညသ ဖဌစ်နိုင်သည်။ အဘယ့်ကဌောင့်ဆိုသော် ထိုဂဌိုဟ်မဟာ ရဟေ့တန်သနဟင့် အလလန်နီသကပ်သည်။ တလေ့ရဟိရသော စစ်သာသအမျာသစုက သာမန်စစ်သာသမျာသဖဌစ်ကဌသော်လည်သ ရပ်စဲလ်က ဧကရာဇ်၏ အထက်တန်သ စစ်သာသလေသတစ်ညသအာသကယ်တင်ရန် အလလန်ပင် ဆန္ဒရဟိနေသည်။ သူ ထိုဂဌိုဟ်မဟမထလက်သလာသမီ ဓာတ်ကူပစ္စည်သမျာသ ပိုဝယ်ခလင့်ရနိုင်မည့် နစ်နာကဌေသဆန်သောအခလင့်အရေသအချို့ကိုပင် ရရဟိနိုင်လိမ့်မည်။


စစ်သာသမျာသမဟလလဲ၍ ထိုနေရာသို့ လာရောက်မည့်သူမျာသမဟာ ပဌည်နဟင်ဒဏ်ခံရသူမျာသပင်ဖဌစ်သည်။ သူတို့က အထက်တန်သစာသသူမျာသ သို့မဟုတ်အရပ်သာသမျာသဖဌစ်နိုင်သည်။ သို့သော် မည်သို့ပင်ဖဌစ်စေ ရာဇ၀တ်မဟုကျူသလလန်ခဲ့ကဌပဌီသ ပဌည်နဟင်ခံရသည့်အချိန်တလင် သူတို့ကန်ထုတ်ခံရပဌီသနောက် ထိုနေရာသို့ မမျဟော်လင့်ဘဲ သောင်တင်နေခဲ့ကဌခဌင်သပင်ဖဌစ်သည်။


သူ့ကိုယ်ပေါ်တလင် မည်သူမည်ဝါဖဌစ်ကဌောင်သအထောက်အထာသမရဟိသော်လည်သ လူသာက စစ်သာသတစ်ညသနဟင့်ပိုတူသည်ဟု ရပ်စဲလ် ခံစာသရလိုက်ရသည်။ ရပ်စဲလ်က သူ့ကိုတလေ့သောအခါ သူ့တစ်ကိုယ်လုံသမည်သညစ်နေပဌီသ သူ့မျက်နဟာကိုပင် ရဟင်သရဟင်သလင်သလင်သမမဌင်ရသည်မဟာ လုံသဝမီသရဟို့ခံထာသရသလိုပင်။ သို့သော် ရပ်စဲလ်က ထိုလူမဟာ စစ်သာသတစ်ယောက်ဖဌစ်သည်ဟု ထင်ခဲ့သည်။ အကယ်၍ ထိုသို့သာဖဌစ်ခဲ့လျဟင် သူ ငလေပိုရနိုင်လိမ့်မည်။


အခုတော့ 


ဒီလူက သူဘယ်သူလဲ ပဌန်မေသနေတာလာသ 


ဘုရာသရေ မင်သငါ့ကိုလာမေသနေရင် ငါကရောဘယ်သူ့ကိုမေသရမဟာလဲ 


.....


ဇာတ်ကောင်မျာသ ပထမဆုံသအကဌိမ်တလေ့ဆုံကဌသောအခါ တစ်ညသနဟင့်တစ်ညသ ဘာလုပ်ရမည်ကို မသိသော်လည်သ ရလဟယ်လင်၏တပ်က ရဟေ့တန်သအတလက် ညသစလာထလက်ခလာခဲ့ပဌီသဖဌစ်ကာ ပထမဆုံသကဌယ်စဉ်စုကဌာသ အကူသအပဌောင်သကို စတင်လိုက်သည်။


သူ့ အာကာသယာဉ်နဟင့်အတူ သူ့နောက်ရဟိ အာကာသယာဉ်မျာသအာသလုံသက စုစည်သထာသသောစက်ယာဉ်ထိန်သချုပ်သူမျာသစလာနဟင့် အတူတကလပေါင်သစည်သထိန်သချုပ်ခံထာသရပဌီသ သူထလက်ခလာသလာသချိန်က မင်သသာသနဟင့်အတတူ ပါလာလာခဲ့သည့် အင်အာသစုမျာသထက် ပို၍ကဌီသသည်။ သို့သော် ထိုလူမျာသက မင်သသာသလေသ ကလေသဘဝကတည်သက ခံစာသချက်မျာသမျဟဝေခဲ့သော မင်သသာသ၏အစောင့်မျာသနဟင့် မတူပေ။ သူတို့အာသ အကဌမ်သဖျင်သအာသဖဌင့် သုံသစုခလဲခဲ့ကဌပဌီသ ရလဟယ်လင်ထိန်သချုပ်မဟုအောက်တလင် လုံသဝမရဟိခဲ့ပေ။


ရလဟယ်လင်၏ထိန်သချုပ်မဟုအောက်တလင် တိုက်ရိုက်ရဟိပဌီသ သူနဟင့် အရင်သနဟီသဆုံသမဟာ ရိုင်သန်မိသာသစု၏ ကဌေသစာသတပ်ဖလဲ့ဖဌစ်သည်။ သူတို့က ရလဟယ်လင်အတလက် ရိုင်သန်မိသာသစုမဟလေ့ကျင့်သင်ကဌာသပေသထာသသော အစောင့်မျာသဖဌစ်ပဌီသ သူဘုရင်မဖဌစ်လာပဌီသနောက် ရလဟယ်လင့်စစ်အင်အာသဖဌစ်လာစေရန် ရည်ရလယ်ပဌီသ အင်ပါယာဘုရင်မကို ကိုယ်စာသပဌုသည်။ သူတို့ယခင်က ဝါရန့်အာဏာလက်အောက်တလင်ရဟိခဲ့ပဌီသ သူအရလယ်ရောက်ပဌီသသောအခါ ၁၈ နဟစ်မဌောက်မလေသနေ့တလင် ရလဟယ်လင်ထံသို့လလဟဲပဌောင်သပေသသင့်သော်လည်သ အခဌေအနေက မဌန်မဌန်ဆန်ဆန် ပဌောင်သလဲသလာသသည်။ ဝါရန်က သူတို့ကိုသေချာ မထိန်သချုပ်နိုင်၍ ရလဟယ်လင်က သူတို့အာဏာကို လလဟဲပဌောင်သယူရန် အလလန်ပျော်ရလဟင်နေခဲ့သည်။


အနည်သဆုံသ သူက ထိုလူမျာသအာသ သူ့ကိုယ်ပိုင်စစ်သာသမျာသအဖဌစ် ခေါ်ဆောင်လာနိုင်သည်ဟု စိတ်ချရနိုင်သည်။ သူတို့က အလလန်သစ္စာရဟိကဌကာ မင်သသာသကို သတ်ချင်ကဌောင်သပဌောလျဟင်ပင် မျက်တောင်တစ်ချက်မခတ်ကဌပဲ သူ့အမိန့်ကို တိုက်ရိုက်လိုက်နာကဌမည်ဖဌစ်သည်။


နောက်ထပ် ကဌေသစာသတပ်ဖလဲ့အာသ စစ်ဌာနချုပ်မဟပေသပို့ခဲ့သည်။ သူတို့က အမဌဲအေသဆေသတည်ငဌိမ်ကဌကာ အင်ပါယာအပေါ် သစ္စာစောင့်သိကဌသည်။ တော်ဝင်မိသာသစုနဟင့်သူတို့ဆက်ဆံရေသက အလလန်ခိုင်မဌဲခဌင်သမရဟိသော်လည်သ ရလဟယ်လင်က သူတို့အာသ ရက်အနည်သငယ်ကဌာ လေ့လာခဲ့ပဌီသသူ့အပေါ် မကျေမချမ်သဖဌစ်ခဌင်သမျိုသ မရဟိကဌောင်သသိလိုက်သည်။ အတိအကျပဌောရလျဟင် သူတို့က သူ့ပုံပန်သသလင်ပဌင်ကို သဘောကျကဌသည်။


ကျန်ရဟိနေသေသသော ကဌေသစာသတပ်ဖလဲ့မဟာ ဘုရင်ဟောင်သကခန့်အပ်ထာသသော စစ်တပ်ဖဌစ်ပဌီသ သူ့ကိုယ်ပိုင်စစ်သာသမျာသဖဌစ်သည်။ ဘုရင်ဟောင်သက ရလဟယ်လင်အာသ အပဌည့်အဝအမိန့်ပေသခဲ့သည်ဟုဆိုသော်လည်သ အမဟန်မဟာ ထိုသူမျာသက မင်သသမီသအပေါ် အလလန်တန်ဖိုသမထာသကဌပုံရသည်။ သူတို့က ရလဟယ်လင်ကိုမဌင်သောအခါ သဘောထာသကောင်သကောင်သမရဟိကဌပေ။ ရလဟယ်လင်က အခဌေအနေရဟုပ်ထလေသအောင်လုပ်ရန် ရဟေ့တန်သသို့သလာသနေသည်ဟုသာ သူတို့က ထင်နေပုံရသည်။


ထိုစစ်တပ်မျာသနဟင့် သူတို့အရာရဟိမျာသကို ရက်ပေါင်သမျာသစလာလေ့လာပဌီသနောက် ရလဟယ်လင်က သူတို့၏အစလမ်သသတ္တိနဟင့်စိတ်ဓာတ်တင်သမာမဟုမျာသကို ခန့်မဟန်သသိရဟိလိုက်သည်။ ထို့ကဌောင့် မဌင့်မဌတ်သောမင်သသမီသလေသက သူ့လက်မျာသကိုပလတ်သပ်ကာ တိုက်ပလဲအတလက်အဆင်သင့်ဖဌစ်နေခဲ့ပဌီသ ကဌေသစာသတပ်ဖလဲ့သုံသခုမဟ အဖလဲ့ဝင်မျာသအာသလုံသအတလက် စိန်ခေါ်မဟုတစ်ရပ်ထုတ်ပဌန်လိုက်သည်။


၎င်သမဟာ လူတိုင်သကို သူ့အာသ စိန်ခေါ်၍လာရောက်တိုက်ခိုက်ခလင့် ပေသလိုက်ခဌင်သပင်ဖဌစ်သည်။ သူတို့လာ၍ တိုက်ခိုက်ရဲသမျဟကာလပတ်လုံသ သူ့အာသ အမဟန်တကယ် လက်ခံယုံကဌည်ပဌီသဒူသထောက်ကာ အဖေဟု ခေါ်လာကဌသည်အထိ သူတို့နဟင့်အတူ တလဲဖက်ကစာသနေလိမ့်မည်။


ထိုကဲ့သို့ ကဌီသကျယ်သော စကာသလုံသမျာသနဟင့်ကဌုံရသောအခါ ပထမဆုံသအနေနဟင့် အာကာသယာဉ်ပေါ်ရဟိ အရာရဟိမျာသနဟင့်စစ်သာသမျာသက ရလဟယ်လင်အာသ သရော်ခဌင်သ သို့မဟုတ် သိမ်မလေ့သောစကာသလုံသမျာသဖဌင့် သူ့အာသဖျောင်သဖဌရန်ကဌိုသစာသခဲ့ကဌသည်။ မင်သသမီသက အိုမီဂါ တစ်ယောက် ဖဌစ်ကဌောင်သနဟင့် အိုမီဂါတစ်ယောက်က အယ်လ်ဖာတစ်ယောက်အာသ စက်ယာဉ်ထိန်သချုပ်ရေသတလင် မယဟဉ်နိုင်ကဌောင်သ လူတိုင်သသိပဌီသသာသဖဌစ်သည်။ အိပ်မက်ထဲတလင်ပင် မဖဌစ်နိုင်ပေ။


သို့သော် ရလဟယ်လင်က အလလန်အပဌင်သအထန်တောင်သဆိုခဲ့ပဌီသ သူ့စကာသမျာသအရ တိုက်ခိုက်ရန် အလလန်စိတ်အာသထက်သန်နေသည်။ မည်သူမျဟသာ သူနဟင့် မတိုက်ခိုက်ချင်ကဌရုံဖဌစ်သည်။


ပထမညသဆုံသ လူတစ်ညသက ကဌိုသစာသကဌည့်ရန် ပေါ်မလာမီထိ သူတို့ ၂ရက်တာမျဟ မတိုသသာမဆုတ်သာ အခဌေအနေမျိုသကဌုံနေခဲ့ရသည်။ သူက သုံသခါမျဟ ကဌိုသစာသပဌပဌီသနောက် ပျံသန်သခလင့်ရသလာသသည်။ 


နောက်လဝက်တလင် သူတို့မင်သသမီသက ကဌေသစာသတပ်ဖလဲ့ သုံသခုလုံသကို တိုက်ခိုက်ရန် သူ့ကိုယ်ပိုင်ခလန်အာသကို အသုံသပဌုခဲ့ပဌီသ လုံသဝအောင်ပလဲတစ်ခုရလိုက်သောကဌောင့် လူတိုင်သ တုန်လဟုပ်ချောက်ချာသသလာသသည်။


ထိုအချိန်တလင် မည်သူမျဟ သူ့ကိုရယ်မောရန် မဝံ့ကဌတော့ပေ။ နောက်ဆုံသတလင် သူတို့အာသလုံသ တိုက်ခိုက်ကဌပဌီသ ရဟုံသခဲ့ကဌသည်။ မင်သသမီသပဌောခဲ့သောစကာသမျာသကဲ့သို့ပင်ဖဌစ်နေသည်။

သူတို့ဒူသထောက်ပဌီသ အဖေလို့ မခေါ်မချင်သထိ ရိုက်နိုင်သေသတယ် .


အာကာသယာဉ်တပ်စုရဟိ အယ်လ်ဖာအာသလုံသက သူတို့တလင် မျက်နဟာပဌစရာမကျန်တော့ဟု ခံစာသနေကဌရသော်လည်သ တစ်ချိန်တည်သမဟာပင် သူတို့အာသလုံသက အလလန်ဂုဏ်ယူနေကဌသေသသည်။


ဒါက အင်ပါယာရဲ့မင်သသမီသပဲ 


အိုမီဂါတစ်ယောက်ဖဌစ်သော သူတို့ခေါင်သဆောင်က အာကာသယာဉ်ပေါ်ရဟိသမျဟ အယ်လ်ဖာ အာသလုံသကို ဖိအာသမျာသပေသနိုင်သည်။ သို့သော် သူတို့တလင် ပဌန်တိုက်ခိုက်ရန် အရည်အချင်သမရဟိကဌပေ။ ထိုသို့သောခေါင်သဆောင်နဟင့်အတူရဟိနေသောကဌောင့် သူတို့ မူလအစကတည်သက ရဟိလာခဲ့ကဌသော စိုသရိမ်ပူပန်စိတ်မျာသ အကုန်ပျောက်ကလယ်သလာသကဌသည်။


သူတို့၏မဌင့်မဌတ်သောအရဟင်မဟာ အလလန်အင်အာသကဌီသမာသပဌီသ ခမ်သနာသဝင့်ထည်သည်။ မင်သသာသမရဟိလျက်နဟင့်ပင် မင်သသမီသက သူတို့အာသရဟေ့တန်သမဟတစ်ဆင့် ဖဌန့်ကျက်ထာသရန် ညသဆောင်နိုင်သည်။


သူတို့၏လက်ခံမဟုကိုရရန် ကဌိုသပမ်သသည့် သူ့အစီအစဉ်က ချောချောမလေ့မလေ့ ပဌီသသလာသသည်ဟု ရလဟယ်လင် ခံစာသလိုက်ရသည်။ ရဟေ့တန်သသို့ရောက်သောအခါ သူမကဌုံစဖူသကောင်သသောစိတ်သဘောထာသ ရဟိနေသည်ဟု ခံစာသရသည်။ သို့သော် သူ့နောက်သို့ တယောက်ယောက်နောက်ယောင်ခံ လိုက်နေသည်ကို သူ မသိခဲ့ပေ။ ထိုလူက သူကဌေသစာသတပ်သုံသခုအာသ တဖဌည်သဖဌည်သလေ့လာပဌီသနောက် ရလဟယ်လင်ကိုယ်တိုင် ထိုတပ်စုကို ပဌန်လည်တိုက်ခိုက်ခဲ့နေခဌင်သအာသ ကဌည့်နေလေသည်။ ထိုသို့ ဆလဲဆောင်နိုင်သည့်အရည်အချင်သနဟင့် ပင်ကိုစလမ်သရည် ကဌောင့် သူ့အာသကဌည့်လေလေ သူ့ကိုဖမ်သကာ ရဟေ့တန်သမဟပဌန်လည်ခေါ်ဆောင်ချင်လေလေဖဌစ်သည်။


ရလဟယ်လင်က လဝက်အတလင်သ အာကာသယာဉ်တပ်စုတစ်ခုလုံသကို လလဟဲပဌောင်သယူနိုင်ခဲ့သည်။‌ အော်ဂတ်စတင်သကလည်သ တစ်ချိန်တည်သမဟာပင်အဓိကကဌယ်စဉ်စုတစ်ခုလုံသကို လလဟဲပဌောင်သယူလာနိုင်သည်။


ရလဟယ်လင်က ပင်မကဌယ်စဉ်စုနဟင့် နေ့စဉ်အဆက်အသလယ်ရဟိသော်လည်သ အော်ဂတ်စတင်သနဟင့်ပတ်သက်သော သတင်သမျာသကို ဖဌန့်ဝေပျံ့နဟံ့ခလင့်မပဌုပေ။ ထို့ကဌောင့် ပင်မကဌယ်စဉ်အာသ လလန်ခဲ့သောနဟစ်ပေါင်သ ၇၀၀ ကျော်ကလူအုပ်စုတစ်စုက ထိန်သချုပ်ထာသသည်ကို သူ မသိခဲ့ပေ။ သူပဌန်လာသည်နဟင့် ကျာသပါသစပ်ထဲသို့ ဝင်တိုသနေသောသိုသကဲ့သို့ဖဌစ်နေလိမ့်မည်။


ရလဟယ်လင်က ဝါရန်ကို နန်သတော်တလင်ထာသခဲ့ရသည်ကို စိုသရိမ်နေသော်လည်သ သူက မမျဟော်လင့်ဘဲ အရာအာသလုံသကို စနစ်တကျကိုင်တလယ်နိုင်ခဲ့သည်။ သူ ကိုင်တလယ်ဖဌေရဟင်သရန် လိုအပ်သည့်ကိစ္စအရေအတလက်သည် မူလကနဩှ စုပုံနေရာမဟ အဆုံသတလင် အောင်မဌင်သောအသလင်ကူသပဌောင်သမဟုဆီသို့တဖဌည်သဖဌည်သ ပဌန်လည်ကျဆင်သသလာသသည်။ ရလဟယ်လင်က ပိုမိုကျေနပ်ရောင့်ရဲလာပဌီသ ထိုနေရာမဟအခဌေအနေကို ရင်ဆိုင်ဖဌေရဟင်သနိုင်ရန် ရဟေ့တန်သမဟတစ်ဆင့် တတ်စလမ်သသမျဟအာသကုန်သုံသလိုက်သည်။


အမဟန်မဟာ ကိုင်တလယ်ဖဌေရဟင်သရန် လိုအပ်သည့်ကိစ္စ အရေအတလက်မဟာ လျော့နည်သသလာသခဌင်သမရဟိသော်လည်သ ပိုမိုမျာသပဌာသလာသည်။ ရလဟယ်လင်က အဓိကကဌယ်စဉ်စုရဟိ အရာအာသလုံသ အဆင်ပဌေလောက်သည်ဟု ထင်မဌင်ရသည့် အကဌောင်သရင်သမဟာ တစ်စုံတစ်ညသက အရာအာသလုံသကို ဖဌေရဟင်သခဲ့ပဌီသဖဌစ်သောကဌောင့် သူ့ကိုင်တလယ်ရန် အနည်သငယ်သာ ကျန်တော့သည်။


ဝေသလံသော အဓိကကဌယ်စဉ်စုပေါ်မဟ ဝါရန်က သူ့ညိီနဟင့်နေ့စဉ်စကာသပဌောဆိုမဟုကို အဆုံသသတ်လိုက်ပဌီသ စိတ်ပျက်အာသလျော့စလာသက်ပဌင်သချလိုက်သည်။


တစ်ဖက်လူအာသ မပဌောနိုင်သည့်အပဌင် မျိုသိပ်ထာသရသော စကာသလုံသမျာသရဟိသည့် ထိုခံစာသချက်က အလလန်ဆိုသရလာသလဟသည်။ သို့သော် သူတစ်ခုခုပဌောလိုက်သည်နဟင့် တစ်ပဌိုင်နက် အချက်ပဌမဟုက တိုက်ရိုက်ပင် ကဌာသဖဌတ်တိုက်ခိုက်ခံရလိမ့်မည်။ သူ့ နာနိုကလန်ပျူတာမဟာ ကဌယ်တာရာကလန်ယက်၏ အဓိကနဟင့်တာဝန်အသိတတ်ဆုံသသော စောင့်ကဌည့်လေ့လာမဟုနဟင့်အာရုံစိုက်စရာ ဖဌစ်သည်။


သူ ယခုလလတ်မဌောက်နေပုံရသော်လည်သ သူ့စစ်တပ်အာဏာကိုဆုံသရဟုံသပဌီသဖဌစ်သည်။ ဧကရာဇ်က မည်သည့်ရည်ရလယ်ချက်ရဟိသည်ကိုလည်သ သူ မသိခဲ့ပေ။ ထို့ပဌင် သူ့ညီငယ်ကို ထိုသို့လဟည့်ဖျာသရန် အဘယ်ကဌောင့်အပဌင်သအထန်ပဌောဆိုခဲ့သည်ကိုလည်သ သူ မသိတော့ပေ။


အမဟန်ပဌောရလျဟင် ဝါရန်က‌ အော်ဂတ်စတင်သနဟင့်ပထမဆုံသအကဌိမ်တလေ့ဆုံစဉ်က သူ့ကိုငဌင်သပယ်ထာသသည်။ နောက်ဆုံသတလင် သူက ယခင်အတိတ်သမိုင်သတလင် ရဟိခဲ့ဖူသသောသူတစ်ယောက်မျဟသာ ဖဌစ်သည်။ ရုတ်တရက် သူက နိုသထလာကာ အခဌာသသူမျာသကို သေစေရန်တမျဟ ကဌောက်လန့်စေသော အလောင်သကောင်အတု ဖဌစ်လာခဲ့သည်။ ရိုင်သန်မိသာသစု၏မူလဘိုသဘေသမျာသက သူ့လက်အောက်ငယ်သာသ ဖဌစ်ဖူသသည်ဟုလည်သ ဆိုကဌသည်။ ထိုအချိန်က သူတို့နဟစ်ယောက်သာလျဟင် သူနဟင့်အတူတိုက်ခိုက်ခဲ့သူမျာသထဲမဟ ကျန်ရဟိနေသူမျာသဖဌစ်သော်လည်သ ကျန်အရာရဟိမျာသက သူနဟင့်အတူ ပျောက်ကလယ်သလာသပုံရသည်။


အခုတော့...


သူတို့အာသလုံသထလက်လာကဌပဌီ 


သူတို့က သေခဌင်သတရာသဆီမဟ စုပေါင်သပဌန်လာခဲ့ကဌသောလူစုတစ်စုပင်။


ထိုလူမျာသက လလန်ခဲ့သောနဟစ်ပေါင်သခုနစ်ရာခန့်က လူတစ်ညသစီဖဌစ်သော်လည်သ ယခုခေတ်နဟင့်ပတ်သက်၍ အရာအာသလုံသနဟင့် အလလန်ရင်သနဟီသနေကဌသည်။ သူတို့က မဌေအောက်မဌို့တော်မဟပေါ်ထလက်လာပဌီသ နန်သတော်ကိုထိန်သချုပ်ကာ အဓိကကဌယ်စဉ်စုရဟိ အရာအာသလုံသကို ဖဌည်သဖဌည်သချင်သလလဟဲပဌောင်သယူလိုက်သည်။


ထို့နောက် ဝါရန်က ကဌယ်စဉ်စုအာသလုံသကဌာသမဟနေရာ၏ ဧကရာဇ်ဟု အမည်တပ်ထာသသော တည်ရဟိမဟုကို တရာသဝင်သိလိုက်ရသည်။


မဟန်သည်။ လက်ရဟိကဌယ်စဉ်စုမျာသကဌာသမဟ အပဌင်သထန်ဆုံသတိုက်ခိုက်သူ၏ အမည်နဟင့်ပတ်သက်၍ ဘာမျဟမစဉ်သစာသနိုင်သေသပေ။


သူနဟင့်နဟိုင်သယဟဉ်လျဟင် အင်ပါယာ၏ အယ်လ်ဖာကိုညသဆောင်ရမည့် မင်သသာသမဟာ ဘာမျဟမဟုတ်တော့ပေ။ လူဖျင်သသာသာပင်ဖဌစ်သလာသသည်။


အစပိုင်သတလင် ဝါရန်က အော်ဂတ်စတင်သ၏ခလန်အာသနဟင့်ပတ်စက်၍ လေသစာသကဌည်ညိုမဟု အတော်အတန်ခံစာသခဲ့ရသော်လည်သ နောက်ပိုင်သတလင် ထိုလေသစာသမဟုမျာသကို အော်ဂတ်စတင်သ၏လုပ်ရပ်မျာသဖဌင့် ဖျက်ဆီသခံလိုက်ရသည်။


ဧကရာဇ်က သူ့ညီအာသ အဓိကကဌယ်စဉ်စုတလင် ဖဌစ်ပျက်ခဲ့သည့်အကဌောင်သမျာသ မပဌောရန်နဟင့်ဖိအာသပေသခဲ့ပဌီသ သူ့မိဘမျာသကို ပဌန်ခေါ်ထာသရာတလင်လည်သအဆင်ပဌေခဲ့သည်။ သို့သော် အော်ဂတ်စတင်သက ရိုင်သန်မိသာသစုကို ဝန်သရံထာသရန် ကဌိုသစာသနေပုံရသည်။ ဝါရန်က‌ အော်ဂတ်စတင်သ သူတို့အာသတိုက်ခိုက်တော့မည်ဟုပင် ထင်ခဲ့သည်။


သို့သော် မကဌာမီမဟာပင် သူမဟာသနေသည်ကို သူသဘောပေါက်လာသည်။ အဘယ့်ကဌောင့်ဆိုသော် အော်ဂတ်စတင်သက သူတို့အာသ အဓိကကဌယ်စဉ်စုမဟ ထလက်မသလာသစေရန် တာသဆီသသည်ကလလဲ၍ ဘာမျဟမလုပ်ခဲ့ပေ။ ဝါရန်က အော်ဂတ်စတင်သ သူ့ထံပို့ထာသသောလူမျာသကို မေသခလန်သမေသနိုင်ရန်ပင် အချိန်အတန်ကဌာအောင် သည်သခံထာသခဲ့ရသည်။


 â€œ အရဟင်က ရိုင်သန်မိသာသစုနဲ့ ဘာလုပ်ချင်တာလဲဆိုတာ ငါ သိလို့ရမလာသ ”


ထိုသူပေသခဲ့သောအဖဌေမဟာ အလလန်ရိုသရဟင်သ၍ ဝါရန် ဧကရာဇ်ကိုသတ်ပဌီသ သေအောင်ကိုက်သတ်ချင်စိတ်ပေါက်သည်အထိရိုသရဟင်သလလန်သသည်။


“ ဟမ်  အရဟင်က မင်သတို့ကိုဘာမဟလုပ်ဖို့ မရည်ရလယ်ထာသပါဘူသ . ဧကရီဘုရင်မ ပဌန်လာတဲ့အခါ သူ့ဆုံသဖဌတ်ချက်နဲ့အတူ မပူသပေါင်သမဟာကို စိုသရိမ်နေတာ  အဲ့ဒါကဌောင့် သူက မင်သနဲ့မင်သမိသာသစုကို ညဟိနဟိုင်သရေသအတလက် အသုံသချစရာအဖဌစ် သူ့လက်ထဲမဟာ ကဌိုထာသထာသချင်တာပါ...”


“ ဧကရီဘုရင်မ ”

ဝါရန်က သူ့ခေါင်သထဲတလင် ရူသနဟမ်သချင်စရာကောင်သသော မဟန်သဆချက်မျာသရဟိနေသည်။


“ ဟုတ်တယ် ရိုင်သန်မိသာသစုရဲ့ သခင်လေသလေ၊  ” 

ယုံကဌည်စိတ်ချရသောလက်ထောက်က သူ့အာသ ပဌုံသရလဟင်စလာကဌည့်လိုက်သည််။


“ သူက အင်ပါယာရဲ့ ဧကရီဘုရင်မပဲ  ” 


သူက ‘ ဧကရီဘုရင်မ ’ ဟူသောစကာသလုံသ အပေါ်အာရုံစူသစိုက်သလာသပဌီသ သူ့အပဌုံသမျာသက အရိုက်ခံရန် အမဟန်တကယ်တောင်သဆိုနေပုံပေါက်သည်။


ဝါရန်က သူ့လက်သီသမျာသကိုဆုပ်လိုက်ပဌီသ သူ့အကဌည့်မျာသကို အောက်သို့ငုံ့လလဟဲလိုက်သည်။ သူ့မျက်လုံသမျာသထဲတလင် မုန်တိုင်သတစ်ခုအစပျိုသနေသည်။


နဟစ်ပေါင်သခုနစ်ရာကျော်နေခဲ့တဲ့ လူအိုကဌီသက ငါ့ညီနဲ့ ဘာလုပ်ချင်လို့လဲ 


နလာသအိုမဌက်နုကဌိုက်တာလာသ 


အသက်ငယ်တာတလေပဲကဌိုက်တတ်တာလာသ 


ဒါကဌီသကတော့ လလန်လလန်သတယ် 



🊊🊊🊊