Chapter 51
Viewers 3k

🦊Chapter 51

Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး

4.8 - ဖြစ်သင့်တဲ့အရာအားလုံးက နောက်ဆုံးမှာ ဖြစ်လာမှာပဲ 



ရှေ့တန်းမှ အခြေအနေမှာ မကောင်းလှသည့်အပြင် အရှင်မင်းသားကိုရှာရန် ထပ်တိုးအဖွဲ့များကိုပင် ထပ်မလွှတ်ပေးနိုင်သည်ထိ အခြေအနေဆိုးရွားနေသည်။ သူ့အတွက် ဘာမှမဖြစ်လာစေရန်သာ ဆုတောင်းနိုင်တော့သည်။ သူကိုယ်တိုင် ပြန်လာနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။


မင်းသမီးက ဇာ့ခ်တို့၏ တိုက်ခိုက်မှုများကို ခံစားနေရသော ရှေ့တန်းစစ်သားများအား အားဖြည့်ပေးရန် သူနှင့်အတူ တပ်စုခွဲများခေါ်လာသည်။ မင်းသမီး ထိုနေရာသို့လာရသည့် ရည်ရွယ်ချက်မှာ ဖြစ်သို့ပင်ဖြစ်စေ သူတို့အားလုံး သူ့အပေါ်ကျေးဇူးတင်နေကြသည်။


ဇာ့ခ်များက တစ်နှစ်ပြီးတစ်နှစ် ပိုမိုရက်စက်ကြမ်းကြုတ်လာသည်။ ဤနှစ်တွင် ဇာ့ခ်တို့၏လှိုင်းများက ပိုမိုပြင်းထန်လာပြီး သူတို့တွင် မည်မျှရူးသွပ်သော စွဲလမ်းမှုမျိုးရှိကြသည်ကို သူတို့မသိကြပေ။ မင်းသမီးက သူနှင့်အတူလူများသာ မခေါ်ခဲ့လျှင် သူတို့၏ ရှေ့တန်းကာကွယ်ရေးတပ် မပြိုကွဲခင်အချိန်ထိ ကြာမြင့်စွာ ခုခံထိန်းထားနိုင်မည်မဟုတ်ပေ။


ရွှယ်လင် ရှေ့တန်းသို့ရောက်သွားပြီးနောက် ဇာ့ခ်များ ၏ရူးသွပ်မှုကိုသာ သတိပြုမိသည်။ ထိုနေရာတွင် ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်၍ ပိုမိုလေ့လာရန် ရှေ့တန်းစစ်မျက်နှာတွင် တပ်ဖြန့်ထားသော ဗိုလ်ချုပ်ကြီးများနှင့် မတွေ့ဆုံမီထိ သူက ပထမဦးဆုံးစစ်ပွဲတွင် တန်းပါဝင်ခဲ့ပြီး သုံးရက်ကြာမျှ သတ်ဖြတ်ခဲ့ကာ မရေမတွက်နိုင်သော ဇာ့ခ်များကို ရှင်းထုတ်ပစ်ခဲ့သည်။ 


မင်းသားက ထိုအကူစစ်စခန်း တပ်စွဲထားသောဂြိုဟ်သို့ မရောက်မီ ချုံခိုတိုက်ခိုက်ရင်း ပျောက်ကွယ်သွားသည်။ ထို့ကြောင့် သူက ထိုစစ်စခန်းသို့ တရားဝင်ရောက်ရှိခြင်းမရှိပဲ စာရွက်စာတမ်းများစွာကိုလည်း ရွှယ်လင်သာ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။ သူ လုံးဝအံ့ဩနေခြင်းကို မဖုံးကွယ်နိုင်ခဲ့ပေ။


လွန်ခဲ့သောသုံးရက်အတွင်း ဇာ့ခ်များစွာကို သတ်ဖြတ်ခဲ့သော ရွှယ်လင်၏ ရက်စက်မှုနှင့် ပြင်းထန်သော စွမ်းရည်ပြသမှုကြောင့် အကူစစ်စခန်းတွင်တပ်စွဲထားသည့် ဗိုလ်ချုပ်ကြီးတစ်ဦးအား အံ့အားသင့်စေခဲ့သည်။ မင်းသမီးအပေါ် အထင်မြင်သေးရန် မဝံ့ရဲလှ၍ လေးစားသမှုဖြင့် အစီရင်ခံခဲ့သည်။


“ တကယ်တော့ ဒီမတိုင်ခင်က အဆင်ပြေနေတုန်းပဲ…မင်းသားမရောက်ခင်က လှိုင်းတွေအများကြီးမရှိသေးဘူး… ဇာ့ခ်တွေက လွန်ခဲ့တဲ့လဝက်လောက်ကစပြီးတော့ ပိုပြီးရူးရူးမိုက်မိုက်တွေ လုပ်နေကြတာ… သူတို့ ဘယ်လိုနှိုးဆော်မှုမျိုးရခဲ့လဲ ဆိုတာကိုတော့ မသိရသေးဘူး…သူတို့ပုံစံက တော်တော် အလျင်လိုနေပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အကြား ရူးရူးသွပ်သွပ် တိုက်ခိုက်နေကြတာ အရှင့်သားသာရောက်မလာရင် ကျနော်တို့ ဆက်ထိန်းထားနိုင်မှာတောင် မဟုတ်ဘူး… ”


အင်ပါယာ၏ရှေ့တန်းကို နှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းမှာ ရိုင်းန်မိသားစုဝင်များက ထိန်းချုပ်ထားသည့် အင်အားစုများဖြင့် ဖွဲ့စည်းထားသော အရှေ့ဘက်ခြမ်းဖြစ်သည်။ သူတို့က ဇာ့ခ်များကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး အားလုံးကလည်း အင်အားကြီးသောဇာ့ခ်များကို တိုက်ခိုက်ရန် ခွန်အားရှိနေသည်။ တောင်ဘက်ခြမ်းတွင်မူ အမိန့်ပေးခံထားရသော အင်ပါယာ၏ အထက်တန်းစစ်သည်များကကာကွယ်ကြပြီး လူများစွာက နှစ်စဉ်နှစ်တိုင်း အင်ပါယာ၏အစိတ်အပိုင်းမျိုးစုံမှ လာကြသည်။ ၎င်းက စစ်တပ်၏ အရည်အသွေးများကို စုဆောင်းရန်နှင့် ခွန်အားများကို ထုတ်ဖော်ပြသရန် စင်မြင့်တစ်ခုကဲ့သို့ဖြစ်နေသည်။ လူကြီးဘဝသို့ရောက်သည်နှင့် သူ့ကိုယ်ပိုင်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိုနေရာကိုလာရန်မစောင့်နိုင်သည့် မင်းသားကဲ့သို့ပင် များစွာသော အထက်တန်းစားကလေးငယ်များကလည်း ထိုနေရာသို့လာကာ တိုက်ခိုက်ကြရန် ဆန္ဒရှိနေကြသည်။


ရွှယ်လင်က သူ့ဘေးတွင် လေးစားစွာရပ်နေသော စာရွက်စာတမ်းကိစ္စအတွက် ရောက်လာသည့် မင်းသား၏ကိုယ်ရံတော်ကို ကြည့်လိုက်သည်။


"အခု ငါရောက်လာပြီဆိုတော့ လုံခြုံမှုရှိစေရပါမယ်…အဲ့ဒီ ဇာ့ခ်တွေ ဘာမှမလုပ်နိုင်စေရတော့ဘူး… တစ်နေ့ကျရင် သူတို့ ပိုင်နက်ထဲမှာပဲ အားလုံးကိုသတ်ပစ်မယ်… ”


သူက မာနထောင်လွှားခဲသော်လည်း သူ့တွင် ဤမြို့တော်ရှိနေသေးသည်။ သူ၏ သုံးရက်ကြာမှတ်တမ်းက စစ်သားအသစ်များစွာထက် အကြိမ်ပေါင်းများစွာပိုသည်။ သူက ဇာ့ခ်များကို ဂေါ်ဖီထုပ်ကိုခုတ်လှဲသကဲ့သို့ပင် သုတ်သင်ခဲ့သည်။ ဤနေရာရှိ မည်သူမျှ သူ့ကိုသရော်ခြင်းမျိုးမရှိပေ။ ထိုအစား သူ့စကားများကြောင့် သူတို့အားလုံးစိတ်နှလုံးထဲတွင် စိတ်အားထက်သန်မှု မြင့်တက်လာသည်ဟု ခံစားနေကြရသည်။


မင်းသား၏ကိုယ်ရံတော်ပင်လျှင် သူ့သွေးများ ပွက်ပွက်ဆူနေသလို ခံစားနေရသည်။


အတိတ်ကာလက သူ့သခင်က မင်းသမီးကိုသဘောမကျသဖြင့် ထိုမြင့်မြတ်သောမင်းသမီးအကြောင်း ပိုမိုလေ့လာရန်ပင် ကြိုးစားခဲသည်။ ယခုသူက မင်းသမီး၏ ဂုဏ်ကျက်သရေကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးနောက်မင်းသားမှာ ထိုမျှအံ့သြဖွယ်ကောင်းသော ဇနီးရှိရန် ကံကောင်းထောက်မစွာ ကောင်းချီးပေးခံခဲ့ရသည်ဟုသာ သက်ပြင်းချနိုင်တော့သည်။ သူ့(မင်းသား)တွင် ထိုသို့မင်းသမီးရှိနေသော်လည်း မပျော်နိုင်သေးပေ။ 


သူ့ လိုအပ်ချက်တွေက ဘာလို့အဲ့လောက်မြင့်နေရတာလဲ… သူတို့ ကောင်းကင်ဘုံထိသွားဖို့ လိုအပ်လို့လား…



သို့ရာတွင် ထိုသို့သော မတူမတန်မှတ်ချက်များကို သူ့စိတ်ထဲတွင်သာ နှစ်မြှုပ်ထားလိုက်သည်။ သူ့စိတ်ထဲတွင် မင်းသားကို လေးစားနေဆဲဖြစ်သော်လည်း မင်းသား၏ ထင်မြင်ချက်များကို သဘောတူရန်သာ ခက်ခဲနေခြင်းဖြစ်သည်။

မင်းသမီးက အဲ့လောက် အရမ်းသန်မာပြီး လှတာကို မင်းသားက ဘာတွေ သဘောမကျဖြစ်နေရတာလဲ…


အကယ်၍ ရွှယ်လင်က သူစဉ်းစားနေသည့်အရာကို သိပါက သူ့ပခုံးကိုပုတ်၍ နှစ်သိမ့်ကာ မင်းသားက အရာရာကိုသဘောမကျကြောင်းကိုပြောပြမိလိမ့်မည်။ မင်းသားကသူ့ကို မနှစ်မြို့ပေ။ သူ့မျက်လုံးများထဲမှ အလိုမကျမှုများကို မြင်တွေ့ခဲ့ရသလိုပင်။


အကယ်၍ သူသာ မင်းသားခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခဲ့လျှင် ထိုလူကို မသေမချင်းဓားနှင့်ထိုးသတ်ရန် ဆုံးဖြတ်ချက်ပင် ချနိုင်လောက်သည်။ မင်းသားကလည်း သူ့ကိုသေစေချင်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။


ထိုညနေခင်းတွင် သူ့အခန်းသို့ပြန်လာသောအခါ ရွှယ်လင်က သူ့နာနိုကွန်ပျူတာကိုဖွင့်ကာ ကွန်ယက်တွင် ပေါင်းစည်းချိတ်ဆက်ထားသည့် အကူစနစ်လေးကိုမေးမြန်းရန် အချိန်ရသွားသည်။ 

“ အကူစနစ်လေး…အခုကဘာလဲ ငါ အဆင်ပြေနေရဲ့သားနဲ့ ဇာ့ခ်တေဥ ဘာဖြစ်ကုန်ကြတာလဲ..."


ထိုရက်များတွင် အကူစနစ်လေးက သူ့အရှင် အနာဂတ်အတွက် သင်ယူမှုများ လွယ်ကူချောမွေ့စေရန် ကြယ်စဉ်စုများနှင့်ပတ်သက်သောဒဿနများကို သေချာလေ့လာနေသည်။ ရုတ်တရက် ဆွဲထုတ်ခံရပြီးနောက် သူပြန်လည်ဖြေကြားခြင်းမပြုမီ ခဏတာမျှတုန်လှုပ်သွားသည်။ 


“ ဇာ့ခ်တွေက ရူးသွားပြီလား… ”


“ တော်တော်လေးကိုပဲ… ” 


ရွှယ်လင်က ယနေ့ သူတို့စတင်ခဲ့သော တိုက်ခိုက်မှုအရေအတွက်ကိုကြည့်လိုက်သည်။ ရုတ်တရက် အရေအတွက်များလာသော်လည်း အမှန်တကယ် ထိန်းမနိုင်သိမ်းမရအဆင့်သို့ မရောက်သေးပေ။ နောက်ဆုံးတွင် သူ့မှတ်ဉာဏ်များနှင့် အနာဂတ်အကြောင်း ပတ်သက်သောအချက်အလက်များအရ ဇာ့ခ်များက မူလဇာတ်ကြောင်းထဲမှအတိုင်း ရူးသွပ်သွားကြလျှင် စခန်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သူတို့၏ဝါးမျိုခြင်းကို လုံးဝခံလိုက်ရမည်ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် အဲ့ထိန်းမနိုင်သိမ်းမရ အခြေအနေလို့ ပြောတာထက်စာရင် သူတို့အဲ့လိုလုပ်နေတဲ့ ပုံစံက သူတို့ရဲ့နောက်ဆုံးရပ်တည်ချက် အခြေအနေပုံစံမျိုးဖြစ်နေတယ်…”


အကူစနစ်လေးက ခေါင်းခါလိုက်သည်။

 â€œ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်လည်း မသိဘူး… ကျွန်တော်တို့ ၀င်ရောက်လာတဲ့ကမ္ဘာတွေရဲ့အဆင့်တွေ မြင့်တက်လာတာနဲ့အမျှ ငါယယရထားတဲ့ သတင်းအချက်အလက်တွေကလည်း တစ်ဖက်သတ်ဖြစ်လာတယ်လေ…”


“ ကျစ်… ” 

ရွှယ်လင်နှုတ်ခမ်စူသွားမိသည်။ ကမ္ဘာကြီးကို သူကိုယ်တိုင် စူးစမ်းလေ့လာခြင်းက ပို၍ ပျော်စရာကောင်းသော်လည်း သူ ဆုပ်ကိုင်ထားနိုင်သည့်အရာအချို့ ရှိလာ၍ သူ မပျော်တော့ပေ။

 â€œ နောက်ထပ်တစ်ခုက…” 


“ ဘာကြီးလဲ…” 

မြေခွေးငယ်လေးက သူ့အမြီးကို လှုပ်ခါလိုက်ပြီး နာနိုကွန်ပြူတာမှတဆင့် ရွှယ်လင် ရင်ဘတ်ဆီသို့ ပြေးသွားလိုက်ကာ သူ့hostကို ပွတ်သပ်နေသည်။


သူ့သခင်နှင့် hostက သူ့အား မြေခွေးမျိုးနွယ်ကို သိက္ခာကျစေခြင်းနှင့်ပတ်သက်၍ ဆူပူထားကြသော်လည်း


ဘာပဲဖြစ်ဖြစ်…ခံစားချက်ကောင်းနေသမျှကာလပတ်လုံး အဆင်ပြေတယ်….


“ ငါ့ကိုတစ်ခုခုက ခေါ်နေတယ်လို့ ခံစားရတယ်…” 

ရွှယ်လင် မျက်မှောင်ကြုတ်သွားသည်။ သူ့အမူအရာက သူ့အဆင်မပြေမှုကို ပြသနေသည်။

“ ဇာ့ခ်တွေရဲ့ ပိုင်နက်အခြားဘက်ခြမ်းကနေ ခေါ်နေသလိုဖြစ်နေတော့… ငါ လမ်းတစ်လျှောက်က အကုန်လုံးကို တန်းစီသတ်ပစ်ချင်တာ… ” 


သူ့စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် အကူစနစ်လေးမှာ အေးခဲတောင့်တင်းသွားပြီး သူ့မျက်နှာအမူအရာမှာ သုန်မှုန်သွားပြန်သည်။

“ ဇာ့ခ်မျိုးနွယ်ကို ဖျက်ဆီးဖို့ တာဝန်ကို အစပျိုးနေတဲ့ hostကို ဂုဏ်ပြုပါတယ်... ” 


ရွှယ်လင်၏ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူက အကူစနစ်လေးက ပြည့်ပြည့်လေးဖြစ်လာသည်ကိုကြည့်လိုက်သည်။ 


“ အာ…ဒီကမ္ဘာပေါ်က ဇာ့ခ်တွေက ဘာလို့ ဆိုးသွမ်းနေကြတာလဲဆိုတာ ငါသိပြီ…"


' ဒီမျိုးနွယ်ရဲ့ စွမ်းအားတွေက လူတွေရဲ့ပင်ကိုယ် စိတ်ကူးစိတ်သန်းကြောင့်ဖြစ်တာမလား ' ဟု ရွှယ်လင်မေးလိုက်ချင်သည်။ ဤကမ္ဘာများမှာ ဖန်တီးထားသော အတုအယောင်ကမ္ဘာများပင် ဖြစ်သည်။ အကြောင်းမှာ ဇာ့ခ်များကိုတိုက်ခိုက်ရန် ခက်ခဲသည်ဟူသောအချက်ကကြယ်တာရာဝတ္ထုအများစုတွင် ပါဝင်နေကျဖြစ်သည်။


အကူစနစ်လေးက ဆက်ပြောသည်။

“ဒါက ဖြစ်နေကျအနေအထားဆိုပေမယ့် ကမ္ဘာကြီးက သူ့ဘာသာ အလိုအလျောက် ဟန်ချက်ညီသင့်တယ်… အချို့အရာတွေက အမြဲတမ်းအကြောင်းရင်းနဲ့အကျိုးသက်ရောက်မှုရှိတယ်…ဒီကမ္ဘာပေါ်မှာ ဇာ့ခ်တွေက အစတုန်းက အဲ့လောက်အားမကြီးဘူး… ဒါပေမယ့် တစ်နေ့ကျ စွမ်းအားအရင်းအမြစ်တစ်ခုက သူတို့ပိုင်နက်ထဲကို ရောက်သွားတယ်…အဲ့စွမ်းအားရဲ့လွှမ်းမိုးမှုအောက်မှာ ဇာ့ခ်တွေက လုံးဝပြောင်းလဲသွားပြီး အခုဖြစ်နေတဲ့ပုံစံလို တဖြည်းဖြည်းပြောင်းလဲလာတာ… ”


“ မင်းပြောချင်တာက အဲ့စွမ်းအားကိုပေါ့… ”


“ အဲဒါက host ရဲ့အမြီးကြောင့်ပါပဲ…” 

အကူစနစ်လေး၏စကားမှာ အလွန်သေချာနေသည်။

“ ဒီကမ္ဘာအပြင်ကနေရတဲ့ စွမ်းအင်တစ်ခုလည်းဖြစ်တယ်…သူက နတ်ဆိုးစွမ်းအင်လည်း ဟုတ်တယ်… ဇာ့ခ်တွေကလည်း အခုသူတို့ဖြစ်လာတဲ့ ပုံစံမျိုးကို ပြောင်းလဲသွားတယ်ဆိုတော့ ဒါ အဓိပ္ပာယ်ရှိတာပဲလေ… ”


ရွှယ်လင်က သူ့အမြီးမှာ ဇာ့ခ်များ၏ လက်ထဲတွင်ရှိနေကြောင်းကို ငူငိုင်ငိုင်နှင့်လက်ခံလိုက်သည်။ သူ့အမြီး ပြန်ရလာသည့်အခါ အကြိမ်ပေါင်းများစွာ ပြန်ဆေးကြောရန် ဆုံးဖြတ်လိုက်သည်။


ထို့ပြင် ရှိသမျှဇာ့ခ်များက အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်။


“ ဒါ မဟုတ်နိုင်ဘူး….ငါ့အမြီးကြောင့် ဖြစ်နေရင်တောင် သူတို့ရဲ့ရုတ်တရက်ရူးသွပ်မှုတွေနဲ့ ဘာဆိုင်လို့လဲ… ” 


သူ့အမြီးနှင့် ပတ်သက်သောအခြေအနေကို တွေးကြည့်ပြီးနောက် ရွှယ်လင်က နောက်ထပ်အမှားတစ်ခုတွေ့လိုက်ရသည်။


အကူစနစ်လေးတွင်လည်း မည်သည့်သဲလွန်စမျှ မရှိပေ။


 â€œá€žá€°á€á€­á€Żá€ˇá€€á€­á€Ż ကြောက်လန့်စေတဲ့ အရာတစ်ခုခုပေါ်လာတယ်…ပြီးရင် သူတို့အခု အဲ့လို ရူးရူးသွပ်သွပ် မတိုက်ခိုက်ရင် သူတို့အတွက်နောက်ထပ် အဲ့လိုလုပ်နိုင်မယ့် အခွင့်အရေးမရှိတော့မှာကို စိုးရိမ်ကြတာမျိုးလား….”

အကူစနစ်လေး ထိုမျှသာ တွေးနိုင်တော့သည်။


“ ငါက အဓိကသော့ချက်လို့ မင်းမပြောခဲ့ဘူးလား…ငါဘာလုပ်ခဲ့ပြီး ဘာကိုဖွင့်မိခဲ့တာလဲ…"


“ ဒါက ထင်ကြေးသက်သက်လေ… ” 


အကူစနစ်လေးက နာနိုကွန်ပျူတာထဲသို့ ပြန်မဝင်သေးမီ စိတ်အားထက်သန်စွာပြောသည်။

 â€œ ဘယ်လိုပဲဖြစ်ဖြစ်…. Hostက သူတို့အစီအစဉ်တွေကို ရှေ့ဆက်စေသင့်တယ်… ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး အဓိကကြယ်စဉ်စုဆီ ပြန်သွားစေချင်တယ်…မြန်မြန်လုပ်ပြီး အားလုံးကိုမြန်မြန်ဆန်ဆန် အမြစ်ဖြုတ်လိုက်ပါတော့… ”


“ ကောင်းပြီလေ… ”


မူလက ရွှယ်လင် လူအများ၏နှလုံးသားကို အနိုင်ယူရန်နည်းလမ်းအချို့ အသုံးပြုဖို့ရာ စီစဉ်ခဲ့ပြီး သူ့တွင် တောင့်တင်းသော စစ်တပ်အင်အားသာမက မဟာဗျူဟာမြောက်စွမ်းရည်လည်း ရှိသည်ကို သူတို့အားသိစေချင်ခဲ့သည်။ သို့သော် ထိုသို့လုပ်ရန် သင့်တော်သော အချိန်မဟုတ်တော့ဟု ထင်ရသည်။ သူက စကြာဝဠာ၏ ထိုအပိုင်းကိုသာ ဖြတ်၍ သူ့လမ်းကိုသာ ရှင်းထုတ်နိုင်ခဲ့ပြီး သူ့အား လိုလိုလားလားဒူးထောက်လာကြစေရန် သူ့ခွန်အားကိုသာ အသုံးပြုနိုင်သည်။


မင်းသားအတွက်ကတော့…


မင်းသား၏ကိုယ်ပိုင်အစောင့် ခေါင်းဆောင်မှာ ညသန်းခေါင်ယံတွင် မင်းသမီးအခန်းသို့ ဆင့်ခေါ်လိုက်ရသည်။ သူ့ တော်ဝင်မင်းသမီးထံမှ ရှေ့တန်းနှင့်မသက်ဆိုင်သော ပထမဆုံးအမိန့်ကို ကြားလိုက်ရသည်။


“ နောက်ထပ် ဇာ့ခ်တွေတစ်သုတ် ရောက်လာပြီးရင် မင်းနဲ့အတူ လူနည်းနည်းခေါ်သွားပြီး အရှင့်သားကိုရှာလိုက်တော့… ” 

ရွှယ်လင်က ရေချိုးပြီးသည်နှင့် အစီရင်ခံစာများ ဖတ်နေခြင်းဖြစ်သည်။


“ သူ့အကြောင်း ဘာသတင်းမှ မရှိသေးဘူး… မင်းသားက အန္တရာယ်ရှိနေတာလား… ဒါမှမဟုတ် တစ်ခုခုဖြစ်နေလို့ သူက ငါတို့ကိုဆက်သွယ်လို့မရတာလား မသိဘူးဆိုတော့… သူ့ လုံခြုံမှုအတွက် မင်းသူ့ကိုရှာရမယ်… ”


မင်းသား၏အစောင့်လည်း သူ့အရှင်ကို သွားရှာဖွေသင့်ကြောင်းသိသည်။ မင်းသားက အချိန်ကြာမြင့်စွာပျောက်ဆုံးနေပြီး မည်သည့်သတင်းမျှမရသည့်အတွက် သူအလွန်စိုးရိမ်နေသည်။ စစ်မြေပြင်အခြေအနေက အလွန်ဆိုးရွားနေသောကြောင့် ထွက်ခွာရန်မဖြစ်နိုင်ပေ။ မင်းသမီးက သူနှင့်အတူ လူများခေါ်လာ၍ မင်းသားကိုရှာရန် အချိန်တန်ပြီဖြစ်သည်။


“ အရှင့် မျှော်လင့်ချက်တွေနဲ့အညီ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါမယ်… ” 

ထိုအစောင့်ခေါင်းဆောင်၏မျက်နှာက လေးစားမှုနှင့် ပြည့်နေသည်။ သူ့သခင်က မင်းသမီးကိုကြိုဆိုခြင်းမရှိသော်လည်း သူကတော်ဝင်မင်းသမီးကို အမှန်တကယ် လေးစားနေဆဲပင်ဖြစ်သည်။


ရွှယ်လင်မျက်နှာပေါ်ရှိ အမူအယာက နောက်ဆုံးတွင်အနည်းငယ်ပြေလျော့သွားသည်။ သူက ထိုလူကို ထခိုင်းလိုက်ပြီးပြောလာသည်။

“ မင်းသားက ငါ့ကို သဘောမကျဘူးဆိုတာ ငါသိပါတယ်…သူငါ့ကို မမြင်ချင်လို့ မင်္ဂလာဦးညက ထွက်သွားခဲ့တာပဲလေ… ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါက သူ့မင်းသမီး ဖြစ်ပြီးသား… ငါတို့နှစ်ယောက်က တစ်စုတစ်စည်းတည်းဖြစ်ပြီး အောင်မြင်မှုတွေရော ဆုံးရှုံးမှုတွေရော အတူတူခံစားရမှာ…မင်းရဲ့အရှင်ကို တွေ့အောင်ရှာမယ်…သူ့ကိုကောင်းကောင်းဂရုစိုက်ပြီးလုံလုံခြုံခြုံ ပြန်ပို့ပေးမယ်လို့ ငါ့ကိုကတိပေး… ” 


ကိုယ်ရံတော်၏ရင်ထဲ အလွန်ထိသွားသည်။ သူ့အပေါ် မင်းသမီး၏ ပွင့်လင်းရိုးသားပြပုံကြောင့် သူ့ခံစားချက်များကို မည်သို့ထုတ်ဖော်ပြောဆိုရမည်ပင် မသိတော့၍ ကျယ်လောင်စွာပင် ကတိပေးလိုက်တော့သည်။ ထို့နောက် သူက မင်းသားနှင့်မင်းသမီးအကြား ဆက်ဆံရေးတိုးတက်စေရန် ကူညီရမည်ဟု ဆုံးဖြတ်အခိုင်အမာ ချလိုက်သည်။


ရွှယ်လင်က သူ အခန်းမှထွက်သွားသည်ကို ကြည့်ပြီးနောက် အနည်းငယ်ပြုံးလိုက်သည်။ ထိုအပြုံးက သူ့အား အလွန်နူးညံ့သိမ်မွေ့စေသည်။ သူ့အား စောင့်ကြည့်နေသူက အံကြိတ်ကာ လက်သီးများ တင်းတင်းကျပ်ကျပ်ဆုပ်ထားသည်။


နန်းတော်အစောင့်မှူးက သူ့အရှင်၏ပတ်၀န်းကျင်မှ လေထုဖိအား နိမ့်ကျလာသည်ကို စောင့်ကြည့်နေသည်။သူ့ပတ်၀န်းကျင်ရှိ အပူချိန်က သုညအောက်သို့ကျဆင်းသွားသည်ဟု ခံစားရပြီး ယခုသူထွက်ပြေးလျှင် အရှင်က သူ့အား မသေမချင်း ပါးရိုက်သတ်လေမည်လားဟု တွေးမိသွားသည်။


" တစ်စုတစ်စည်းတည်းဖြစ်ပြီး အောင်မြင်မှုတွေရော ဆုံးရှုံးမှုတွေရောကို အတူတူခံစားမယ်တဲ့လား..."

အော်ဂတ်စတင်းက သူ့လက်ကိုဆန့်ကာ ဖန်သားပြင်ပေါ်မှ လူငယ်၏မျက်ခုံးများကို ဂရုတစိုက်ပွတ်သပ်လိုက်ပြီး သူ့အသံကိုလျှော့ချလိုက်ကာ ရယ်သည်။ သူ့အသံက ရယ်မောနေသော်လည်း သူ့မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ 


“ မင်းနဲ့ တစ်စုတစ်စည်းတည်းဖြစ်မှာက ဘယ်သူလဲဆိုတာ မင်း နားလည်အောင်လုပ်ပြမယ်…”


ကပ္ပတိန်က သူ့အရှင်မှာ မှောင်မိုက်သော ကိုယ်ရောင်ကိုယ်ဝါကို စတင်ထုတ်လွှတ်နေပြီဟု ခံစားရ၍ အလွန် ခေါင်းကိုက်နေရသည်။ 


ဧကရာဇ်က ဧကရီဘုရင်မအား ရှေ့တန်းသို့သွားရန် အဘယ်ကြောင့် ခွင့်ပြုလိုက်သည်ကို သူနားမလည်ပေ။ အရှင်က သူ့အား အဓိကကြယ်စဉ်စုတွင် နေစေနိုင်သည့် စွမ်းရည်ရှိကြောင်း ထင်ရှားသည်။ သို့သော် သူ ထွက်သွားပြီးနောက် နေ့စဉ်နေ့တိုင်း နာနိုကွန်ပြူတာမှတစ်ဆင့် စောင့်ကြည့်နေသည်။


သူ့အရှင်က အမြဲတစေထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော်လည်း ရက်စက်ကြမ်းကြုတ်ခြင်းမျိုး မရှိပေ။


သူ အခုကျ ဘာလို့ အဲ့လောက်ထိ စိတ်တွေအမှောင်ဖုံးသွားတဲ့ပုံပေါက်နေရတာလဲ…


သူနိုးလာသည်နှင့် သူ့ဇနီးသည်က မရေမတွက်နိုင်သော မျိုးဆက်သစ်များ၏ မင်းသမီးဖြစ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသို့ကြုံရလျှင် မည်သူမျှ စိတ်ပျော်နေမည်မဟုတ်ပေ။


ဤလူက အမြဲတစေ အလွန်ဖိနှိပ်ခံရပြီး သုန်မှုန်နေသည်။သူ့နှလုံးသားထဲတွင် အချို့အကြောင်းအရာများကို အချိန်ကြာမြင့်စွာ မျိုသိပ်ထားရသည်။ မှန်သည်။ သူ တဖြည်းဖြည်း ပို၍ လူမဆန်ကာ ပုံမှန်မဟုတ် ဖြစ်လာသည်။


အစီရင်ခံစာ တင်သွင်းတော့မည့် ဝါရန်က ဟောခန်းမထဲမှ မှောင်မိုက်နေသော ကိုယ်ယောင်လက္ခဏာအငွေ့အသက် ထွက်လာသည်ကိုသတိပြုမိပြီး ၀င်မသွားရန် ဆုံးဖြတ်ကာ ပြန်လှည့်၍ ချက်ချင်းထွက်သွားသည်။


သူ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ညိီကို သူ့ဧကရီဘုရင်မဟု မှတ်ယူထားသည့် ထိုမြင့်မြတ်သော သူက အခြားအမှန်တရားကို သိသွားလိမ့်မည်။ အမှန်တကယ်တွင် အောဂတ်စတင်းဟု ခေါ်သော လူတစ်ယောက် ထိုကမ္ဘာပေါ်တွင် ရှိနေသည်ကို မသိထားပေ။ အကယ်၍ တစ်ဖက်လူအားအမှန်တကယ်သတိရစေမည်ဆိုလျှင် မည်သူမျှ သူတို့၏ နေ့ရက်များအား ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည် မဟုတ်ပေ။ ဝါရန်က ထိုလူအားမဆွလျှင် ပိုကောင်းမည်ဟုတွေးလိုက်ပြီး အထဲသို့ ဝင်မသွားတော့ပေ။


ရှေ့တန်းနှင့်မနီးမဝေးရှိ ဂြိုဟ် ၇-၈၁၈ တွင် ရပ်စဲလ်က သူကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော လက်ခံကြောင်း အသိပေးစာကို ရလိုက်သည်။ သူက အိမ်ပြန်လမ်းတစ်လျှောက်လုံး ပျော်ရွှင်နေခဲ့ပြီး လူသာ့ရင်ခွင်ထဲသို့ အလျင်နှင့်ပြေးဝင်ကာ ပြောလိုက်သည်။


 â€œ လူသာ…ဒါ အရမ်း အံ့ဩဖို့ကောင်းတယ်…ငါမြို့တော် စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကနေ လက်ခံကြောင်း အသိပေးစာရလာပြီ…ငါတကယ် စက်မှုယန္တယားထိန်းချုပ်ကွပ်ကဲရေးဌာနကို သွားခွင့်ရခဲ့ပြီ…"


သူ့ရလဒ်များက စာရင်းအောက်ဆုံးတွင်ရှိသော်လည်း ထိုတက္ကသိုလ်တွင် လေ့လာခွင့်ရသည့် မည်သည့်ကျောင်းသားမဆို စွမ်းရည်တချို့ရှိသည်။ သူက ဝင်ခွင့်ရရန် အကောင်းဆုံး ကြိုးစားခဲ့သည်။


လူသာက သူ့အား မြို့တော်စစ်တက္ကသိုလ် အကြောင်း ကြိမ်ပေါင်းများစွာ ပြောဆိုသည်ကိုကြားဖူးပြီး သူ့အတွက် ဘာကိုဆိုလိုသည်ကို သူသိသည်။ ၎င်းက ရပ်စဲလ်၏ဘဝအတွက် ရည်မှန်းချက်တစ်ခု ဖြစ်သည်။ သူ၏ အေးစက်နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူ့ရင်ခွင်ထဲမှ ရပ်စဲလ်ကိုတင်းကြပ်စွာပွေ့ဖက်ထားကာ ရယ်မော၍ပြောသည်။

” မင်းအတွက် ဂုဏ်ယူပါတယ်….”


ရပ်စဲလ်က သူ့ ဦးခေါင်းကို လူသာ့ပွေ့ဖက်မှုထဲတွင် နစ်ဝင်ထားကာ အချိန်အတော်အတန် ကြာပြီးနောက် အလွန်အရေးကြီးသောဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက လူသာ့ကိုကြည့်ကာ ပြောလိုက်သည်။

 â€œ လူသာ…အဓိကကြယ်စဉ်စုကိုသွားဖို့ ခရီးရဲ့ကုန်ကျစရိတ်ကာမိအောင် အိမ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပြီ…"


သူက လူသာလက်ချောင်းလေးကို ချက်ချင်း ဆွဲကိုင်ကာ မေးလိုက်သည်။

 â€œ လူသာက ငါနဲ့အတူ လိုက်လာမှာမလား… ”


လူသာက သူ့ကိုနူးညံ့စွာကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်များ ပျောက်ဆုံးပြီးနောက် သူ့ဘဝတစ်လျှောက်လုံး ရှိနေပေးသော ထိုလူကို သူမည်သို့မကြိုက်ပဲ နေမည်နည်း။ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ ဒါပေါ့…မင်းနဲ့ပဲအတူရှိနေမှာ….”


သူတို့က တစ်ဦးကိုတစ်ဦးပြုံးပြပြီး ညစာအတွက် ပြင်ကြေတာ့သည်။


ဤအချိန်ကာလက သူတို့ဘဝ၏ အပျော်ရွှင်ဆုံးအချိန်ဖြစ်သင့်သည်။ လူသာက သူ့ကိုယ်ပိုင်မှတ်ဉာဏ်များကို ပြန်မလိုချင်တော့သလိုပင် ဖြစ်သွားသည်။ ထိုသို့ဖြစ်ခြင်းက ရပ်စဲလ်နှင့် သူတို့ပတ်၀န်းကျင်ရှိ လူအားလုံးအတွက် မကောင်းကြောင်း သူသိသည်။


သို့သော် သူ၏မလိုလားသောဆန္ဒကြောင့် သမိုင်းလမ်းကြောင်းက ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။ ဖြစ်လာသင့်သမျှက အဆုံးတွင်ရောက်ရှိလာလိမ့်မည်။



🦊🦊🦊