Chapter 52
Viewers 3k

🦊Chapter 52

Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး

4.9 - လေဆိပ်က ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ



ဇာ့ခ်တို့၏ စစ်ကြောင်းများက တလူလူချီတက်လာသည်။ သူတို့က အရပ်မျက်နှာပေါင်းစုံလမ်းကြောင်းများမှ ချီတက်လာပြီး ကောင်းကင်ကိုပင် ဝါးမြိုမတတ် ကမ္ဘာမြေကိုအုပ်စိုးထားသည်။ မျက်စိတစ်ဆုံး မည်သည့်နေရာတွင်မဆို ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသော အင်းဆက်ပိုးမွှားများကရှိနေသည်။


ငွေရောင်စက်ရုပ်ကြီးက ဓားရှည်တစ်ချောင်းအား လက်တစ်ဖက်နှင့်ကိုင်ကာ တစ်ဖက်တွင်လည်း ဒြပ်မှုန်သေနတ်ကို ကိုင်ထားသည်။


ဓားချက်တစ်ဝှေ့မှာပင် ဇာ့ခ်များအားလုံး အလဲလဲ အကွဲကွဲဖြစ်သွားကြသည်။ အပြင်းအထန်အား တစ်ကြိမ်မျှသုံးယုံနှင့် သူတိုက်ခိုက်ရာအချင်းဝက်ပတ်လည်အတွင်းရှိ အသက်ရှင်နေသော သတ္တဝါများ ဘာမျှမရှိတော့ပေ။


သူက မှောင်မိုက်သောစကြာဝဠာအတွင်းတွင် အတောက်ပဆုံးသော အရာဖြစ်ပြီး ဇာ့ခ်တို့၏ စစ်ကြောင်းများအလယ်၌ပင် သူတို့အား ပြန်လည်ထိန်းချုပ်ထားရသော တာဝန်နှင့် တူနေသည်။


ထိုမြင်ကွင်းအား ပုံဖော်ပြရလျှင် "လူတစ်ယောက်ကိုသတ်ဖို့ ခြေဆယ်လှမ်းပဲ လှမ်းဖို့လိုပြီး သူ့လမ်းကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်" ဟူသည့်သဘာဝနှင့် အထိန်းကွပ်မဲ့နေသော သဘောမျိုးဖြစ်သည်။ သူ့ပုံပန်းသွင်ပြင်မှာ အလွန်လှပပြီး သူ၏ သဘာဝလွန် စိတ်ပိုင်းဆိုင်ရာစွမ်းအားကြောင့် ဟုတ်မဟုတ် သေချာမသိရသေးသော်လည်း သူ့လှုပ်ရှားမှုတိုင်းမှာ အလွန်တိကျပြည့်စုံသည်။ ထိုအချက်ကြောင့်ပင် သူ့က ဇာ့ခ်များကို ဘာမျှအရေးမပါသလို သတ်နိုင်စေသည်။ သူဆန္ဒရှိသည့်အတိုင်းပင် လှုပ်ရှားချင်သလို လှုပ်ရှား၍ရသည်။


ထိုအရာအားလုံးမှာ ဝါရန်၏လေ့ကျင့်ရေးများကြောင့်ပင်ဖြစ်၍ ကျေးဇူးတင်ရမည်ဖြစ်သည်။ သူက သူ့ညီငယ်၏ ထိုးထွင်းသိမြင်မှုမှာ အလွန်မြင့်မားကာ လူသတ်စက်ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမျှ မထင်ထားပေ။ သို့သော်လည်း မင်းသားက သူနှင့် မကိုက်ညီသည်ကိုမူ သေချာသဘောပေါက်သည်။ ဝါရန်က သူ့ဆရာဖြစ်သောကြောင့် ရွှယ်လင် စက်ယန္တယားသင်တန်းကို အထူးပြုလေ့လာပြီးသည်နှင့် သူ့ကိုအနိုင်ယူနိုင်ကြောင်း သူသိသည်။ မင်းသားက သူ့အား တိုက်ခိုက်နိုင်သော်လည်း လုံးဝရပ်တန့်သွားအောင် ဖိအားပေးနိုင်မည်မဟုတ်ပေ။


ယခု စစ်မြေပြင်တွင့် ရက်စက်ကြမ်းကြုတ်သည့် မင်းသမီးက ပို၍ပင် ကွက်ကွက်ကွင်းကွင်းနှင့် ပညာသားပါပါသရုပ်ဆောင်ပြနေသည်။ အာကာသစခန်းတွင် ကျန်ရှိနေသေးသောသူများက သူတို့ခေါင်းဆောင်ဖြစ်သူက ဇာ့ခ်စစ်သည်များအကြားတွင် ဇာ့ခ်များကို ဂေါ်ဖီထုပ်များလှီးနေကဲ့သို့ ခုတ်ဖြတ်နေသည်ကို စခရင်ပေါ်မှတဆင့် သုန်မှုန်စွာငေးကြည့်နေကြသည်။ ဇက်ဂ်များက အခြားမည်သည့်အရာကိုမှ ဂရုစိုက်ပုံမရပေ။ အခြားတိုက်ခိုက်သူများကိုပင် သတိမပြုမိဘဲ ရွှယ်လင်ဆီသို့သာ ဦးတည်နေပြီး သူ့ဓားသွားဆီသို့ သူတို့ကိုယ်တိုင် တိုက်ရိုက်ခစားနေကြတာ့သည်။


ထို ဇာ့ခ်စစ်သည်များက ယခင်စစ်သည်များထက် တွန်းလှန်ရန်ပိုမိုလွယ်ကူသည်။ လူအနည်းငယ်သာ ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက်ကို လက်တစ်ဖက်ဖြင့်သာ ရေတွက်ထားနိုင်သည်။


စစ်မြေပြင်တွင် ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်အတွက် သတ်ဖြတ်ခြင်းက အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ရွှယ်လင်က ပျော်ရွှင်စွာပင် သတ်ဖြတ်နေတော့သည်။ သူက ဇာ့ခ်များကို သတ်သည့်အခါတိုင်း သူ့ အတွင်းပိုင်းစွမ်းရည်က ပိုတိုးမြင့်လာသည်။ သူက သူ့အမြီးထံမှ ထွက်လာသော စွမ်းအင်များကို တဖြည်းဖြည်းစုဆောင်းပြီး တစ်ချိန်တည်းမှာပင် သူ့အမြီးကို ဆင့်ခေါ်လိုက်သည်။


၎င်းက သူတို့၏ စွမ်းရည်အရင်းအမြစ် ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဇာ့ခ်များက သူ့ဘက်သို့ အလျင်အမြန်တိုးဝင်နေရသည်ကို သဘောကျနေသည်။ သူက မျက်နှာအမျိုးမျိုးနှင့် ဆွဲဆောင်သူကြီးဖြစ်သည်။ သူတို့ သေကြမည်ကို သိကြသော်လည်း ဇာ့ခ်များကရှေ့သို့အမြန်ပြေးတိုးရန်ပင် မလျှော့တမ်းကြိုးပမ်းနေကြသည်။


ဇာ့ခ်စစ်သည်လှိုင်းများ ကုန်သွားပြီးနောက် ရှေ့တန်းစစ်မျက်နှာတွင် တပ်စွဲထားသော ဗိုလ်ချုပ်ကြီးများ၏လေ့လာတွေ့ရှိချက်များအရ တိုက်ခိုက်မှုများအား နှစ်ရက်ကြာရပ်တန့်ပြီး အနားယူရန်အခွင့်အရေးပေးသင့်သည်။ သူတို့၏ အစီရင်ခံစာကိုကြားပြီးနောက် ရွှယ်လင်က ခေါင်းညိတ်ပြီး မင်းသားသွားရာနေရာကို ရှာဖွေရန် မင်းသား၏အစောင့်အား အရင်ဦးစွာထွက်သွားရန် ပြောလိုက်သည်။


ရွှယ်လင်က မင်းသား မည်သည့်ဂြိုဟ်ပေါ်သို့ ရောက်နေသည်ကို သိသော်လည်း သူတို့အား မပြောပြနိုင်ပေ။ အကယ်၍ မင်းသားက အစောင့်များရောက်ရှိချိန်တွင်ဇာတ်ကောင်ရှို့ကို အမှတ်အသားပြုမထားခဲ့ပါက သူဘာလုပ်ရမည်ကို သိမည်မဟုတ်ပေ။ သူက မင်းသမီးဟူသော နာမည်ခေါင်းစဉ်အောက်တွင် သူ့ဘဝကို ကုန်ဆုံးရန် ရည်ရွယ်ချက်မရှိပေ။


အစည်းအဝေးခန်းမှ ထွက်လာကာ သူအခန်းသို့ပြန်လာပြီးနောက် ရွှယ်လင် ခဏမျှစဉ်းစားပြီး သူ ယခင်က မလိုအပ်သူဟုထင်ခဲ့ဖူးသူနှင့် ပြန်ဆက်သွယ်ရန်အတွက် အကူစနစ်လေးအား ပြောဆိုရန် သူ့နာနိုကွန်ပျူတာကို ဖွင့်လိုက်သည်။


ခေါ်ဆိုမှုကို အလျင်အမြန်ဖြေကြားခံရပြီး ရွှယ်လင့်ရှေ့တွင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။ လက်တစ်ဖက်တွင် ကင်မရာကို ကိုင်ထားသည့် လှပကာ အလွန်ခန့်ညားသောအမျိုးသမီးတစ်ယာက်က သူ့အား နံရံဘက်သို့ ပစ်တွန်းကာ လက်ထောက်မတတ်ပင်ဖြစ်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများကွေးတက်သွားသည်။

“ ဘေဘီ… မင်း ငါ့ကို တစ်ခုခုအတွက်လိုအပ်နေတာလား…”


ရွှယ်လင်- “ ... ” 


သူ့မှတ်ဉာဏ်ထဲတွင် ထိုလူနှင့်ပတ်သက်သောအကြောင်းအရာများ ရှိသော်လည်း မတတ်နိုင်တော့ဘဲ သူနောက်ဆုံးတွင် ထိုလူနှင့်တွေ့ဆုံရ၍ စိတ်ခံစားမှုများနှင့် သက်ပြင်းချလိုက်သည်။ တစ်ခါတစ်ရံတွင်အမျိုးသမီးတစ်ဦး၏ ပရောပရည်လုပ်သည့် စွမ်းရည်မှာ အလွန်ထူးခြားသည်။ ထိုအမျိုးသမီးမှာ အကူစလေးစနစ်လေးက အစပိုင်းတွင် ပြောဖူးသော မူလခန္ဓာကိုယ်၏ 'မိန်းကလေးသူငယ်ချင်း' ဖြစ်သည်။

“ အန်တာလျာ…မတွေ့ရတာကြာပြီနော်…” 


“ မတွေ့ရတာကြာပြီ ငါ့ရဲ့ဘေဘီလေး…” 


မိန်းကလေးကပြုံးပြပြီး သူမလက်ကိုချထားကာ ဆက်မေးသည်။

“မင်းရဲ့မင်္ဂလာဆောင်ကို ငါမတက်ဘူးဆိုလို့ အဲ့တုန်းက ငါ့ကိုစိတ်ဆိုးခဲ့တာမလား… အခု တစ်ခုခုလိုအပ်နေပြီဆိုတော့ ငါ့ကိုစဉ်းစားမိတယ်ပေါ့လေ… ”


ရွှယ်လင်က သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသော အမူအရာမျိုးဖြစ်သွားသည်။

“ အန်တာလျာ…အဲ့လို မပြောပါနဲ့… ”


“ ဘယ်လို မပြောရမှာလဲ…မင်းရဲ့ခင်ပွန်း မင်းသားလေးက သိပ်သဘောကျစရာ မကောင်းဘူးနော်... မင်းသာငါ့ကို တောင်းဆိုခဲ့ရင်... ငါ့ကိုလက်ထပ်လိုက်တာက အဲ့ဒီလို လုံးဝ လူဖျင်းနဲ့တူနေတဲ့ သူ့ကို လက်ထပ်လိုက်ရတာထက် ပိုအဆင်ပြေမှာ...” 


အန်တာလျာက ပြောနေရင်း စိတ်ပျက်နေပုံပေါ်သည်။


“ သူက လူဖျင်းဆိုတာကို ငါသဘောတူပါတယ်…ဒါပေမယ့် ဒီလူကို ကြယ်စုအားလုံးက လှပတဲ့လူတစ်ယောက်အဖြစ်အသိအမှတ်ပြုထားတာလေ… မင်းသူ့မျက်နှာကို ကဲ့ရဲ့လို့မရဘူး…”


“ မင်းက မျက်နှာကို တော်တော်လေးကြိုက်တယ် ဆိုတာငါသိသွားပြီ…” 

အန်တာလျာက အေးတိအေးစက်နှင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူမဦးနှောက်က တစ်ခုခုကို ပြန်သတိထားမိသွားသည်။

“ ခဏလေး…သူက လူဖျင်းလို့ မင်းပြောလိုက်တာလား…ဘာဖြစ်လို့လဲ…သူ့ကိုမကြည့်ဘဲနဲ့တောင် သူ့အကြောင်းသတင်းတွေက အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်… အဲဒီ လူဖျင်းက မင်းကိုဘာလုပ်လို့လဲ… ”


“ သူ အခုထိတော့ဘာမှမလုပ်ပါဘူး… ဒါပေမယ့် သူ တစ်ခုခုလုပ်တော့မယ့်ပုံပဲ… ” 

ရွှယ်လင်က ဖြည်းညှင်းစွာ ခေါင်းငုံ့ပြီး အန်တာလျာကို နူးညံ့သိမ်မွေ့စွာ ပြုံးပြသည်။

“ အန်တာလျာ…မင်းငါ့ကို ကိစ္စတစ်ခုလောက် လုပ်ပေးနိုင်မလား …”


ထိုကဲ့သို့သောအပြုံးနှင့် ရင်ဆိုင်ရသောအခါ အန်တာလျာမဆိုနှင့် အော်ဂတ်စတင်းသည်ပင် အားတက်သွားနိုင်သည်။ သူမ ခေါင်းညိတ်ပြကာပြောသည်။


" အဲဒီအသုံးမကျတဲ့ လူဖျင်းကိုကယ်ဖို့ ဒါမှမဟုတ် မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတိုးတက်စေဖို့ကူညီရတာကလွဲလို့ တခြားဘာမဆို ငါမင်းအတွက်လုပ်ပေးနိုင်တယ်… ” 

သူမက ရွှယ်လင်အား မျက်ခုံးပင့်ပြကာပြောလိုက်သည်။

“ ဘေဘီ…မင်းသိပါတယ်…မင်းအတွက်ဆို စကြဝဠာတစ်ခုလုံးကို ငါစွန့်လွှတ်နိုင်တယ်… ”


ရွှယ်လင်၏နှုတ်ခမ်းများ တွန့်သွားသည်။ သူက မူလခန္ဓာကိုယ်ပိုင်ရှင်၏အာရုံကို ဆွဲဆောင်သောလူများက အလွန်ထူးဆန်းသည်ဟု သူခံစားလိုက်ရသည်။ သို့သော် ပို၍ပင်ထူးဆန်းသည်က သူ့လက်ထဲတွင် အကျိုးရှိသောကဒ်များ ရှိနေသော်လည်း သူက ထိုဂိမ်းကို ရှုံးခဲ့ရသည်။


“ ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေးပါ…” 

သူက သက်ပြင်းထပ်ချလိုက်သည်။ ထို့နောက်နာမည်တစ်ခုကို ရေးသားလိုက်ကာ ဖိုင်တစ်ခုလွှဲပေးလိုက်သည်။


“ မင်းရဲ့ကြယ်တာရာပင်လယ်ဓားပြအဖွဲ့က တစ်နှစ်ပတ်လုံး အင်ပါယာနဲ့ မဟာမိတ်တွေကြား လှည့်လည်သွားလာနေတော့ နှစ်ဖက်စလုံးကိုစုံစမ်းစစ်ဆေးဖို့ ပိုပြီး အဆင်ပြေတာပေါ့.. ဒီလူရဲ့ကိုယ်ရေးရာဇဝင်ကိုရှာဖို့ ငါ့ကိုကူညီပေးပါ…အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ခံစားရတယ်… ”


ထိုအချိန်တွင် အန်တာလျာက ရပ်စဲလ်ဂျွန်ဆင်၏ ဖိုင်များကို ဖတ်ထားသည်။ သူမက မျက်ခုံးများတွန့်ကာ သိချင်းစိတ်နှင့်မေးလာသည်။

 "ဘီတာလေးလား… မင်းသူ့ကိုစိတ်ဝင်စားနေတာလား…"


ရွှယ်လင်က သူ့ခေါင်းကိုခါလိုက်ကာပြန်ပြောသည်။

 â€œ သူက အိုမီဂါပါ…”


“ အယ်…”


“ ထူးဆန်းတယ်မလား… မိဘမဲ့အိုမီဂါတစ်ယောက်က ကြယ်တာရာကွန်ယက်ရဲ့ အဓိကဆာဗာကို တစ်နည်းနည်းနဲ့လှည့်စားပြီးတော့ အိုမီဂါအဖြစ်မှတ်ပုံတင်ထားပေမယ့် ဘီတာလေးအဖြစ်ကြီးပြင်းလာတယ်… တချို့လူတွေက သူ အိုမီဂါဖြစ်နေတဲ့အချက်ကို ဖုံးကွယ်ထားချင်ပေမယ့် သူကတော့ သူ့နောက်ကွယ်မှာ သူ့ကိုကူညီနေတဲ့ လူတွေရှိကြတာကို သူကိုယ်တိုင်မသိဘူး… ” 


ရွှယ်လင်က စားပွဲပေါ် လက်နှင့်ခေါက်လိုက်သည်။

“ သူမွေးတဲ့နှစ်က အင်ပါယာနဲ့မဟာမိတ်တွေကြား တိုက်ပွဲတွေ အပြင်းထန်ဆုံးအချိန်ဖြစ်ခဲ့တာ… စစ်မြေပြင်မှာ ကျန်ခဲ့တဲ့ မိဘမဲ့တွေက အင်ပါယာ ဒါမှမဟုတ် မဟာမိတ်အဖွဲ့ရဲ့ စစ်သားတွေ ဖြစ်လာနိုင်တယ်… ”


သူ့စကားများက ထိုနေရာတွင် ရပ်တန့်သွားသော်လည်း အန်တာလျာက သူဆိုလိုသည်ကို နားလည်သည်။ သူမ၏ နှုတ်ခမ်းထောင့်များကွေးတက်နေပြီး လက်ထဲရှိ ဖိုင်တွဲကို စိတ်ကျေနပ်စွာကြည့်လိုက်သည်။

"စိတ်မပူပါနဲ့….ဒါက ဘေဘီ ငါ့ကို တောင်းဆိုတာ ပထမဆုံးအကြိမ်ပဲဆိုတော့….ငါ ကျိန်းသေရအောင်လုပ်မှာပါ…”


“ အင်း…ကျေးဇူးတင်ပါတယ်… ”


“ ဒါပေမယ့်…ငါနောက်ထပ်မေးခွန်းတစ်ခုလောက်….မေးလို့ရမလား…. ” 

အန်တာလျာက သိချင်စိတ်ပြင်းပြနေသည်။


 â€œ ဘာကြောင့်ဒီလိုသာမန်ကလေးကို…သတိထားမိနေတာလဲ…သူ့ဘဝ အခြေအနေကိုကြည့်လိုက်ရင် မင်းနဲ့ ဘာမှဆုံစရာအကြောင်းကို မရှိတာလေ… ”


ရွှယ်လင်က သူ့လက်ကောက်ဝတ်ပေါ်တွင် နာနိုကွန်ပြူတာကို ဟိုရွှေ့သည်ရွှေ့ ကြည့်နေရင်း ဘေးတစ်ဖက်ရှိ အန်တာလျာအား တောက်ပ၍လှသော အပြုံးတစ်ပွင့်ပေးလိုက်သည်။ သူ့မျက်လုံးများထဲတွင် အလွန်ကျယ်ပြန့်လှသော ကြယ်တာရာကောင်းကင်တစ်ခု ရှိနေပုံရသည်။ ၎င်းကအလွန်တောက်ပနေပြီး တစ်ချိန်တည်း စုယူလိုက်ရန်ပင် အလွန်လှပသည်။ ထိုသန့်စင်နေသောလေထုက ပိုမိုပြင်းထန်လာ၍ အန်တာလျာတစ်ယောက် သွားရည်ယိုကျမလိုပင်ဖြစ်သွားသည်။ အဝေးတစ်နေရာမှ မြို့တော်ကြယ်(ပင်မကြယ်စစ်တန်း)ပေါ်မှ တစ်စုံတစ်ယောက် ချက်ချင်းပင် hard သွားခဲ့သည်။


“ အာ..သူကမကြာခင် ငါ့ခင်ပွန်းရဲ့ အိုမီဂါဖြစ်တော့မှာ…ဘာဖြစ်လို့လဲဆိုတော့… ”

သူက ထပ်မပြောမီ ခေတ္တရပ်လိုက်သည်။

“ နာမည်ခံပဲရှိတဲ့ ငါ့လိုအိမ်ထောင်ဖက်နဲ့မတူဘဲ သူနဲ့ရပ်စဲလ်တို့ကြားက ဆက်ဆံရေးကမှ တကယ့်အမှန်ပဲ…"


ထိုသို့ပြောကြားပြီးနောက် သူက ဆက်သွယ်ရေးကိရိယာကို ကိုင်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ဟာသဉာဏ်များကို ပြန်လည်စုစည်းနေသော အန်တာလျာအား သူမစိတ်တိုင်းကျ လူသာကိုကျိန်ဆဲရန် ခွင့်ပြုလိုက်သည်။


ယခုသူက အကျင့်သိက္ခာရှိ၍ အဆင့်အတန်းမြင့်သော နယ်ပယ်တွင် မြင့်မားစွာရပ်တည်နေသည်ဖြစ်၍ ကောင်းကောင်းအသုံးမချလိုက်လျှင် ရူးနေသည်သာ ဖြစ်နေလိမ့်မည်။


ယခုအခါ ထိုလူနှစ်ဦးက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ခံစားချက်များကိုသာ ဖန်တီးနေကြသော်လည်း လိုရင်း မရောက်သေးပေ။ ရွှယ်လင်က အနှေးနှင့်အမြန် ဖြစ်ပျက်မည့်အရာများနှင့်ပတ်သက်၍ မည်သည့်အချိန်တွင် ပြောဆိုရန်သင့်လျော်မည်ကိုလည်း ဂရုမစိုက်ပေ။


အမှန်မှာ သူ့တွင် အချိန်ပို အနည်းငယ်သာ ရှိခဲ့သည်။ရှေ့တန်းမှ ဇာ့ခ်မျိုးနွယ်စုတို့၏ အခြေအနေမှာ ပိုမိုကြီးမားပြင်းထန်လာသည်။ ရွှယ်လင်က ရှေ့တန်းတွင်တပ်စွဲထားသည့် တပ်များနှင့် သူဦးဆောင်ချီတက်လာခဲ့သော တပ်များကို လုံးဝအနိုင်ရရှိရန် ထိုကြီးမားပြင်းထန်လာသော ဇာ့ခ်လူမျိုးစုတို့၏ စစ်ချီစစ်သည်များကို အသုံးချလိုက်သည်။ 


တော်၀င်မင်းသမီး ရောက်လာသည့်အခါတိုင်း ထိုလူအားလုံးမှာ သူတို့မျက်လုံးများ ကြယ်များသဖွယ် တောက်ပနေကြပြီး သူတို့၏လေးစားမှုကို ပြသရန်အတွက် သူ့အား ‘စစ်ပွဲတို့၏နတ်ဘုရား’ ဟုတိုက်ရိုက်ခေါ်ဆိုချင်သည်ကို သူတို့ကိုယ်တိုင် ချုပ်တည်းထားကြရသည်။


တဖြည်းဖြည်းဖြင့် ဇာ့ခ်များ နည်းပါးလာကာ လတစ်ဝက်အကြာတွင် ရွှယ်လင်က ဇာ့ခ်တို့နှင့် စစ်တိုက်ရန်မလိုအပ်တော့ပေ။ စစ်သည်များသာ သူတို့နှင့် သေချာစေ့စပ်စွာ တိုက်ခိုက်ရန်လုံလောက်သည်။ ကြယ်တာရာကွန်ယက်ကို နောက်ဆုံးပေါ်စစ်ပွဲအခြေအနေနှင့် ပုံမှန်အဆင့်မြင့်တင်ပြီးနောက် ရွှယ်လင်က အထုပ်ပိုးပြင်ကာ ပင်မကြယ်စင်တန်းသို့ပြန်သွားရန် ပြင်ဆင်လိုက်သည်။


သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ အလုံးစုံအောင်မြင်ခဲ့သည်။ သူ အနိုင်ရလိုသူအားလုံးကို အနိုင်ရခဲ့ပြီး ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည့် အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။ ယခု သူက မင်းသားပြန်မလာမီ နန်းတော်နှင့် ပင်မကြယ်စင်တန်းကို ပြန်လည်ထိန်းချုပ်ထားရန် လိုနေသည်။


ကံကောင်းထောက်မစွာပင် ရွှယ်လင်၏အကြံဉာဏ်ကောင်း မပါဘဲ မင်းသားကိုရှာဖွေမည့် မင်းသားကိုယ်ရံတော်အစောင့်၏ ခရီးစဉ်မှာ ချောချောမွေ့မွေ့ မပြီးသွားပေ။ သူတို့က ဂြိုဟ် ၇-၈၁၈ သို့ သွားခဲ့ကြသော်လည်း ဆင်းရဲသားရပ်ကွက်များသို့ မသွားသောကြောင့် မင်းသားနှင့် သဘာဝကျကျပင် လွဲချော်သွားသည်။


သို့သော် သူတို့ တစ်ဦးနှင့်တစ်ဦး လွဲချော်ကြသည်မှာ ပြဿနာ ကြီးကြီးမားမားမဟုတ်ပေ။ နောက်တစ်လခွဲအကြာတွင် အဓိကဇာတ်လိုက်ရှို့က ပင်မကြယ်သို့သွားရန် ငွေအလုံအလောက်စုဆောင်းထားမိပြီးဖြစ်ကာ သူတို့ကြယ်ပေါ်ရှိ အာကာသပင်လယ်ဓားပြများနှင့် ကြုံတွေ့ရလိမ့်မည်။ သွေးကြွနေသောရပ်စဲလ်က အချိန်မတိုင်မီလူကြီးဘဝသို့ဝင်၍ သူ့heatကို စတင်လိမ့်မည်။ သူ့အားကာကွယ်နိုင်ရန်အတွက် မင်းသားက ခုခံတွန်းလှန်ခဲ့သည့် မှတ်ဉာဏ်မှာ လျင်မြန်စွာ ပြန်ရောက်လာနိုင်သည်။ သူက ရပ်စဲလ်ကို အမှတ်အသားပြုကာ အရပ်ဘက်အာကာသယာဉ်ကို ကယ်တင်ရန်လာကြသောအစောင့်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ပေါင်းစည်းလိမ့်မည်။


မြင်သည့်အတိုင်းပင် အဓိကဇာတ်လိုက်များ၏ ကမ္ဘာများက စိတ်ပျက်ဖွယ်ရာနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။ သူကဲ့သို့သောဇာတ်ကောင်များကို ထောက်ပံ့ခြင်းက သူတို့ကိုယ်ပိုင်အစီအစဉ်များကို လိုက်နာကာ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်လုပ်ဆောင်ခြင်းထက်ပိုကောင်းနေဆဲပင်။


ကြယ်တာရာကွန်ယက်မှလူများက မင်းသမီးပြန်လာနေသည်ကိုသိပြီး သူတို့၏ဘလော့တွင် သူ့အတွက်အားပေးသောမက်ဆေ့ခ်ျများ ချန်ထားခဲ့ကြသည်။ မက်ဆေ့ခ်ျများမှာ နွေးထွေးဖွယ်ပင်။ သူ့အတွက် သူတို့မည်မျှစိုးရိမ်ကြောင်း အတိအကျထင်ဟပ်ပေါ်လွင်နေသည်။


မင်းသမီးက အလွန်သနားစရာကောင်းသည်။ သူက ပင်မကြယ်စင်တန်းကို ယခု ဧကရာဇ် အုပ်ချုပ်လျက်ရှိကြောင်း မသိသေးပေ။ သူ ပြန်လာလျှင် ကျားပါးစပ်ထဲသို့ သိုးများ ပို့မိသလို ဖြစ်နေလိမ့်မည်။ ထိုဖရိုဖရဲနှင့် ရှုပ်ထွေးသောအခြေအနေနှင့် ပတ်သက်၍ သူတို့မကျေနပ်မှုကိုမည်သို့ထုတ်ဖော်ပြောဆိုရမည်ကိုပင် သူတို့မသိတော့ပေ။ အချို့လူများက မင်းသမီးမှာ ရှေ့တန်းတွင် ဇာ့ခ်များနှင့် ရှိနေရန်သာ မျှော်လင့်မိကြသည်။ ဇာ့ခ်များနှင့် ရင်ဆိုင်နေရခြင်းက ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်နှင့်ရင်ဆိုင်ရခြင်းထက် ပို၍ကောင်းသည်ဟု သူတို့ယုံကြည်ကြသည်။


ဧကရာဇ် ဒေါသထွက်လာသောအခါ ပင်မကြယ်တစ်ခုလုံးက သူ့ကိုယ်ရောင်ဝါအငွေ့အသက်၏ဖိအားကို ခံစားရကာ ရာသီဥတုကိုပင် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ကိုသိထားရမည်။ ဤလူများ၏ဘ၀မှာ အတိတ်ကဖြစ်ပျက်ခဲ့ပုံနှင့် ကွဲပြားခြားနားမှုမရှိသော်လည်း သူတို့က နှလုံးသားအပေါ် ဝန်ပိစေသော အရာတစ်ခုခု ရှိနေသည်ဟုခံစားနေရ၍ စိတ်လေးလံစေပြီး မသက်မသာဖြစ်စေသည်။


မင်းသမီး ပြန်မလာဘူးဆိုရင်…မင်းတို့အားလုံး စိတ်ဆင်းရဲပြီး သေရလိမ့်မယ်….


ထိုသည်မှာ နောက်ကြယ်တာရာကွန်ရက်၏ ထုတ်မပြောထားသောအတွေးထဲမှ အဓိကဆာဗာဖြစ်ဖြစ်သည်။


ရွှယ်လင်က အချို့သောသူများက အရေးမပါဆုံးသော ပုဂ္ဂိုလ်ရေးမှတ်ချက်များကိုပင် ထိန်းချုပ်နိုင်သည်အထိ အင်အားကြီးကြောင်း မသိသေးပေ။ သူက ရှေ့တန်းတွင်တပ်စွဲထားသော စစ်သည်များကို နှုတ်ဆက်ကာအာကာသယာဉ်ပေါ်သို့ တက်သွားပြီး သူ့ခရီးကိုပြန်လည်စတင်လိုက်သည်။


အာကာသယာဉ်ရှိ စစ်သည်များမှာ စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေသည်။ သူတို့ထွက်ခွာသွားစဉ် အခါက သူတို့ ဂရုမစိုက် အာရုံမထားခဲ့ကြသော်လည်း ရှေ့တန်းမှ သူတို့၏ အမှတ်တရများသို့ ပြန်လှည့်ပတ်လိုက်သည်နှင့် သူတို့ လုံးဝတက်ကြွ၍ အရှိန်အဟုန်နှင့်ပြည့်စုံနေခြင်းမျိုး ဖြစ်စေခဲ့သည်။ တော်ဝင်မိသားစုက သူတို့၏မျက်နှာကိုပြသရန်သာ သွားသည်ဟု ထင်ခဲ့ကြသော်လည်း မင်းသမီးက ဇာ့ခ်များကိုသတ်ရန် အမှန်တကယ်သွားခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ဧကရာဇ်၏အခြေအနေမှာ မရှင်းလင်းသေးသောကြောင့် သူ့အားရှေ့တန်းတွင် အချိန်ကြာမြင့်စွာနေရန် အဆင်မပြေပေ ဖြစ်စေသည်။ ယခုအချိန်က ဇာ့ခ်များအား သူတို့နယ်မြေထဲတွင် သတ်၍ သူတို့ စုဆောင်းစီစဉ်ထားသော ဂြိုဟ်များအား ပြန်သိမ်းယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။


ထိုလတစ်ဝက် ခရီးစဉ်မှာ အလွန်လျင်မြန်စွာ ကုန်လွန်သွားသည်။ ရွှယ်လင်က သူ အလုပ်များလွန်းသောကြောင့် ယခင်ကလျစ်လျူရှုခဲ့သည့် အမှားအယွင်းအချို့ကိုလည်း တဖြည်းဖြည်း ပြန်ရှာတွေ့ခဲ့သည်။ ထိုထူးဆန်းသော ပြဿနာများမှာ သူ ပင်မကြယ်နှင့် နီးလာသည်နှင့်အမျှ ပိုပထင်ရှားလာသည်။ ရွှယ်လင်က ပင်မကြယ်၏ ဦးတည်ရာမှ သူ့အား စိုက်ကြည့်နေသော မကောင်းဆိုးဝါးတစ်ခုခု ရှိနေသည်လည်း ခံစားလိုက်ရသည်။


ဤသည်မှာ တစ်စုံတစ်ယောက်အား ပျော်ရွှင်စရာများကျောခိုင်းသွားခြင်းကို ကြည့်ခံနေရသည့် ခံစားချက်မျိူးဖြစ်သည်။


သို့သော် သူ့ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးများထနေပုံရသည့် ခံစားချက်မှာ အလွန်ထူးဆန်းသော်လည်း သူ ပင်မကြယ်သို့ ပြန်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ ခရီးစဉ်မှာ လုံးဝ ချောချောမွေ့မွေ့ဖြစ်သောကြောင့် အချိန်ဇယားထက် ပိုစော၍ရောက်လာသည်။အာကာသယာဉ်ပျံဆင်းသက်သည့်အချိန်တွင် ရွှယ်လင့်နှလုံးသားတွင်းမှ သတိရှိမှုက အမြင့်ဆုံးသို့ရောက်နေပြီဖြစ်သည်။


သူတို့က အာကာသယာဉ်ပျံချင်း ချိတ်ဆက်လိုက်ကာ လေလုံခန်းများကို ဖွင့်ချလိုက်သည်။ အရာရှိများနှင့် အမျိုးသားများက ရှေ့မှဆင်းလာကြသည်။ လေဆိပ်တွင် မည်သည့် အမှားမျှမရှိပေ။ သူ့အား ပြန်လည်ကြိုဆိုရန်ရောက်လာသော တော်ဝင်အစောင့်များပင် မကြုံစဖူးသပ်သပ်ရပ်ရပ်နှင့် ကောင်းစွာရှိနေကြသည်။


ရွှယ်လင် မျက်မှောင်ကြုတ်က လေဆိပ်ရှိ အနီရောင်ကော်ဇောပေါ် ခြေလှမ်းလိုက်သည်။


သူက အင်ပါယာ၏အနက်ရောင်စစ်တပ်ယူနီဖောင်းကို ၀ တ်ဆင်ထားပြီး အလှဆင်ထားသော အဖြူရောင် အနားသတ် လိုင်းများက သူ့စစ်ရေးဝတ်ဆင်မှုနှင့် ကိုက်ညီကြောင်းဖော်ပြနေသည်။ အနက်ရောင်နှင့်အဖြူရောင်တို့၏ ဂန္တဝင်ပေါင်းစပ်မှုက ယူနီဖောင်းကို ပိုမိုကြည့်ကောင်းစေ၍ ရွှယ်လင့် ခန္ဓာကိုယ်ပေါ်တွင် အသေအချာပင် မဖော်ပြနိုင်သော ဆွဲဆောင်မှုမျိုးရှိနေသည်။


ဟုတ်တယ်… အနည်းဆုံးတော့…ဒါက‌ အော်ဂတ်စတင်းအတွက် ဆွဲဆောင်မှုရှိနေတာပေါ့…


ဒေါက်…ဒေါက်…ဒေါက်


အနီရောင်ကော်ဇောကို ဖြတ်၍ လမ်းလျှောက်နေသော စစ်ဘွတ်ဖိနပ်များ၏အသံကို ရှင်းလင်းစွာကြားနိုင်သည်။ ရွှယ်လင်က ထိုမြင်ကွင်းတွင် ဘာမှားနေသည်ကို ရုတ်တရက်သဘောပေါက်လာသည်။


ဘာလို့ လေဆိပ်က အဲ့လိုအသံတိတ်နေရတာလဲ…


သူက ထိုအချက်ကို သတိပြုမိလာသည်နှင့်အမျှ အနီရောင်ကော်ဇောနှစ်ဖက်စလုံးတွင် ရပ်နေသောသူ့ပတ်၀န်းကျင်ရှိ တော်ဝင်အစောင့်များက သူ့အား ဦးညွတ်လျက် နှုတ်ဆက်ကြသည်။


“ ပြန်လည်ကြိုဆိုပါတယ် ဧကရီဘုရင်မ…"


သူတို့၏အသံများက ကျယ်လောင်ကာ ရှင်းလင်းပြတ်သားပြီး အလွန်ကွဲပြားသည်။ ရုတ်တရက် ထိုသို့ ကြိုဆိုနေမှုက ရွှယ်လင်ကို လန့်သွားစေည်။


ဧကရီဘုရင်မတဲ့လား…


ရွှယ်လင်က ဤကမ္ဘာကြီးတွင် ကြာကြာနေခဲ့သော်လည်း သူထိုကဲ့သို့သော အမူအယာမျိုးကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခြင်းမျိုးဖြစ်သည်ဟု ယုံကြည်လိုက်သည်။


ဟုတ်တယ်…အဲ့ဒါက တကယ့်ကို စိတ်ရှုပ်ထွေးနေတဲ့အကြည့်မျိုး…



🦊🦊🦊