Chapter 53
Viewers 3k

🊊Chapter 53

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.10 - ကိုယ် မင်သကိုစောင့်နေခဲ့တာ နဟစ်ခုနစ်ရာကျော်ပဌီ




နန်သတော်သို့ ပဌန်ခေါ်ခံခဲ့ရသောကဌောင့် ရလဟယ်လင့်မျက်နဟာ မဟာ အသက်မပါသလိုပင် ဖဌစ်နေသည်။

အာ မဟုတ်သေသပါဘူသ အဲဒါကိုအခု အင်ပါယာရဲ့နန်သတော်လို့ ခေါ်သင့်တယ် 


ထိုလူအမျာသထံမဟ ‘ ဧကရီဘုရင်မ ’ဟု ကျယ်လောင်စလာ အခေါ်ခံလိုက်ပဌီသနောက် သူ ချက်ချင်သပင် ပဌန်လဟည့်ကာ ယာဉ်ဆီသို့ ပဌန်သလာသလိုသော်လည်သ တစ်စုံတစ်ယောက်က သူထိုသို့ ပဌုလုပ်လိမ့်မည်ဟု ကဌိုတင်မျဟော်လင့်နေပုံရသည်။ သူ ပဌန််မလဟည့်နိုင်မီ ခါသမဟပလေ့ဖက်လိုက်ခဌင်သခံလိုက်ရကာ သူ့ခန္ဓာကိုယ်တစ်ခုလုံသကို မဌေပဌင်ပေါ်မဟ ဆလဲမခဌင်သ ခံလိုက်ရသည်။


ရလဟယ်လင်က သူ့အာသ ဆလဲဖမ်သလိုက်သောသူကို သတိရဟိရဟိတိုက်ခိုက်ချင်သော်လည်သ သူ့လဟုပ်ရဟာသမဟုတိုင်သကို တစ်ဖက်လူက တိုက်ရိုက်ပိတ်ဆို့ထာသသည်။ သူက တစ်ဖက်လူ မျက်နဟာအာသကဌည့်ရန် အခလင့်အရေသမရဟိတော့ပေ။ သို့သော် ထိုလူက သူ့လဟုပ်ရဟာသမဟုတိုင်သအာသ လုံသဝပဌီသပဌည့်စုံစလာ ထိန်သချုပ်ထာသနိုင်သည်။


ရလဟယ်လင်က သူ့နဟလုံသသာသထဲမဟ အကူစနစ်လေသကို အော်လိုက်သည်။ သို့သော် ပုံမဟန်နေ့မျာသတလင် အမဌဲတမ်သပေါ်လာတတ်သော အကူစနစ်လေသက ယခုအချိန်တလင် သဲလလန်စပင်မရဟိဘဲ ပျောက်ကလယ်သလာသပဌီသ လုံသဝကဌောက်လန့်နေသည်။


ထို့ကဌောင့် ယခုအချိန်တလင် ရလဟယ်လင်က တစ်စုံတစ်ညသ၏ရင်ခလင်ထဲတလင် အချီခံထာသရပဌီသ အင်ပါယာနန်သတော်ဆီသို့ ဩှ ည်နေသည်။


ဘာလို့ အင်ပါယာနန်သတော်လို့ ခေါ်ရတာလဲ ဆိုတာကတော့ ...

သူ့ကိုချီထာသသောသူက ပဌောနေခဌင်သဖဌစ်သည်။ ရလဟယ်လင်က ထိုလူ မည်သူဖဌစ်ကဌောင်သ သိရဟိထာသပဌီသဖဌစ်သည်။ သူ တစ်ဖက်လူအာသ တိုက်ခိုက်ရန်မည်သည့်ကဌိုသပမ်သမဟုမျဟ မပဌုလုပ်သရလေ့ သူ လဟုပ်ရလနေခဌင်သအာသ တာသဆီသလိမ့်မည်မဟုတ်ဟု ထင်ရသည်။


တစ်ဖက်လူမျက်နဟာအာသကဌည့်ရန် သူ့ ညသခေါင်သအာသ အနည်သငယ်ပင့်လိုက်ရန်သာ လိုသည်။ ထိုလူ၏ပုံစံက အလလန်ရဟင်သလင်သပဌတ်သာသပဌီသ နီသကပ်လလန်သသည်။ ဘက်ပေါင်သစုံမဟကဌည့်လျဟင်ပင် ချောမောခံ့ညာသနေပုံရကာ မမျဟော်လင့်ဘဲ ရင်သနဟီသကျလမ်သဝင်မဟုရဟိလာသည်။


အင်ပါယာ၏တစ်ညသတည်သသော ဧကရာဇ် အော်ဂတ်စတင်သလူသဗက်စ်...


အင်ပါယာ၏ အင်အာသအကဌီသဆုံသအဖဌစ် ချီသကျူသခံခဲ့ရသောသူ 


“ ကျလန်တော့်ကို အောက်ချပေသလို့ရမလာသ  ” 

ရလဟယ်လင်က ခေါင်သငုံ့ထာသလိုက်ကာ သူနဟင့်ထိုလူအကဌာသ အရပ်ကလာခဌာသချက်ကို တလက်ချက်ရန် မိမိကိုယ်ကိုနဟင့်မဌေပဌင်အကဌာသအကလာအဝေသကို တိုင်သလိုက်သည်။


“ နန်သတော်ကိုရောက်တဲ့အခါ မင်သကိုပဌန်ချပေသမယ် .အခု ဘာမဟရုန်သနေနဲ့  မဟုတ်ရင် မင်သဘာမဟမဖဌစ်ဘူသလို့ ကိုယ် အာမ မခံနိုင်ဘူသ  ” 

ထိုလူက စကာသပဌောဆိုရ အဆင်ပဌေလလယ်ကူသည်။ ရလဟယ်လင်က သူစကာသပဌောဆိုနေစဉ် အမူအယာကိုမတလေ့ရသော်လည်သ ထိုလူအာသ ရင်သနဟီသလလန်သသည်ဟု နာသမလည်နိုင်စလာ ခံစာသလိုက်ရသည်။


“ကောင်သပဌီ ကျလန်တော် မရုန်သတော့ဘူသ ” 

တစ်ဖက်လူက သူ့ကိုဖက်ထာသ၍ သူ့ကိုယ်သူ ပို၍သက်တောင့်သက်သာဖဌစ်စေရန် ကိုယ်ဟန်အနေအထာသကို အဆင်ပဌေပဌေ ချိန်ညဟိလိုက်သည်။ သူက အခဌာသအရာမျာသအကဌောင်သ စတင်မေသမဌန်သလိုက်သည်။ 

“ သေရလာကနေ ပဌန်လာခဲ့တာလာသ ” 


အော်ဂတ်စတင်သ- “ ... ”


သူ့တလင် အဖဌေမရဟိသောကဌောင့် ရလဟယ်လင်က နက်နက်နဲနဲ စဉ်သစာသရတော့သည်။

"ဒီမတိုင်ခင်က ဘုရင်ကဌီသက ခင်ဗျာသ အေသခဲနေတယ်လို့ ပဌောခဲ့တာမလာသ အဲ့ဒါဆို ခင်‌ဗျာသ မသေသလာသဘူသလို့ဆိုလိုတာလာသ  နဟစ်ပေါင်သခုနစ်ရာတောင် အိပ်နေခဲ့တာလာသ  ”


အော်ဂတ်စတင်သ-“ ... ”


“ ဘာလို့ရုတ်တရက် ပဌန်နိုသလာတာလဲ...” 


ရလဟယ်လင်က ဘုရင်အိုကဌိီသ သူ့ကိုပဌောခဲ့သည်မျာသအာသ ပဌန်လည်မဟတ်မိလာသည်။ သူတို့ နန်သတော်ထဲသို့ ၀င်ရောက်လာသည်နဟင့် သူကနောက်ဆုံသတလင် အရာအာသလုံသကို စစ်ထုတ်၍ ခန့်မဟန်သလိုက်သည်။


အခု ဒီကမ္ဘာထဲမဟာ ဇာတ်လမ်သနောက်ခံတလေနဲ့ ပတ်သက်ပဌီသ ဘယ်လိုတလေဖဌစ်နေလဲဆိုတာ သူသိသလာသပဌီ 


ပထမညသစလာ ထိုလူက သေရလာမဟပဌန်လာခဲ့ပဌီသ သမိုင်သစာအုပ်မျာသတလင် မဟတ်တမ်သတင်ထာသသောအချက်အလက်မျာသသာ မဟန်ကန်လျဟင် ထိုလူမဟာ ဇာ့ခ်မျိုသနလယ်စုကို မျိုသသုဉ်သလုနီသပါသဖဌစ်စေခဲ့ဖူသသည်။ သို့ဖဌစ်၍ ဇာ့ခ်မျိုသနလယ်တို့ သူ့ကိုကဌောက်ရလံ့ခဌင်သမဟာ သဘာဝကျသည်။ သူ အိပ်ပျော်သလာသပဌီသနောက် နောက်တစ်ဖန်ပဌန်မနိုသလာတော့ဘဲ ဇာ့ခ်တို့က သူတို့ပဌန်လာနိုင်သည့် အခဌေအနေထိ တဖဌည်သဖဌည်သ ပဌန်လည်ဖလံ့ဖဌိုသလာခဲ့ပဌီသ လူနေထိုင်ရာ ဂဌိုလ်မျာသကို ထပ်မံတိုက်ခိုက်ခဲ့သည်။


သူတို့၏ရည်မဟန်သချက်မျာသကို ထပ်မံလဟုံ့ဆော်နဟိုသဆလကဌကာ ဧကရာဇ်ကို တိုက်ရိုက်ဖျက်ဆီသချင်နေသည်။ သို့သော် သူတို့အာသ အမဌစ်ဖဌတ်သုတ်သင်လုနီသပါသ လုပ်ခဲ့သော သူမဟာ မသေသေသကဌောင်သ သူတို့ခံစာသသိကဌသည်။ သူက အင်ပါယာ၏ပင်မကဌယ်တလင် ရဟိနေဆဲဖဌစ်ကာ မည်သည့်အချိန်တလင်မဆို ပဌန်နိုသထလာပဌီသ သူတို့အာသ သတ်ပစ်နိုင်သည်။


ထို့ကဌောင့် ဇာ့ခ်မျိုသနလယ်က အင်အာသကဌီသကဌီသမာသမာသဖဌင့် တိုက်ခိုက်မဟုမျာသကိုစတင်ရန် ကဌောက်ရလံ့နေကဌကာ နယ်စပ်တလင်သာတဖဌည်သဖဌည်သချင်သ တိုက်ခိုက်ရန်နဟင့် ချေမဟုန်သနိုင်ရန်အတလက် ဇာ့ခ်စစ်သည်မျာသစလာကို ရံဖန်ရံခါသာ လလဟတ်နိုင်ခဲ့သည်။


အဲဒီလူနိုသလာရင် ချက်ချင်သပဌေသဖို့ အဆင်သင့်ပဲပေါ့လေ 


အော်ဂတ်စတင်သက သူ့ချစ်သူကို စောင့်နေသောကဌောင့် အိပ်ပျော်သလာသခဲ့ခဌင်သဖဌစ်သည်။ သူ့ချစ်သူက အင်ပါယာ၏ အနာဂတ်ဧကရီဘုရင်မဖဌစ်မည်ဟု ခန့်မဟန်သရသော အက်ရဟလေဖဌစ်သည်ဟု ယူဆရပဌီသ အက်ရဟလေ သူ့ဆီလာသည်နဟင့် သူနိုသလာခဲ့မည်။


အက်ရဟလေက သူတို့မင်္ဂလာညသညတလင် မင်သသာသက ထလက်သလာသသောကဌောင့် သိသိသာသာပင် ဒေါသထလက်နေသည်။ ထို့ကဌောင့် ဘုရင်အိုကဌီသ သူ့ကို နဟစ်သက်လာရန် မကဌိုသစာသတော့ပေ။ သူ၏အေသတိအေသစက်ပုံစံနဟင့် မာနထောင်လလဟာသသောသဘောထာသက ဘုရင်အိုကဌီသကို မနဟစ်မဌို့စေသဖဌင့် ဘုရင်ကဌီသက နန်သတော်အောက်ရဟိ တာသမဌစ်ထာသသောဧရိယာသို့ ခေါ်ဆောင်မသလာသတော့ပေ။ မင်သသာသက သူ့အာသ ခေါ်သလာသရန်လည်သ ပို၍ပင်မဖဌစ်နိုင်ပေ။


သူတို့နဟစ်ညသက တစ်ညသနဟင့်တစ်ညသ လလဲချော်နေကဌသဖဌင့် စကဌဝဠာတစ်ခုလုံသ၏အခဌေအနေမဟာ မျဟော်လင့်ချက်ကင်သမဲ့လာသည်။ ရပ်စဲလ်၏ မနာလိုမဟုကဌောင့် မင်သသာသလည်သ ဒေါသထလက်ခဲ့ကာ နောက်ဆုံသတလင် အက်ရဟလေကို သတ်ပစ်ရန် ဆုံသဖဌတ်လိုက်သည်။ အက်ရဟလေ သေဆုံသသလာသသည်နဟင့်တစ်ပဌိုင်နက်‌ အော်ဂတ်စတင်သ ပဌန်လည်နိုသထလာနိုင်မည့် အခလင့်အလမ်သမဟာ ပျောက်ကလယ်သလာသတော့သည်။


နောက်ဆုံသတော့ ဇာ့ခ်မျိုသနလယ်ဝင်တလေမဟာ ကဌောက်စရာ ဘာမဟမရဟိတော့ဘူသ 


အဲ့ချိန်ကစလို့ စကဌာဝဠာတစ်ခုလုံသ ဖျက်ဆီသခံရတော့တာပဲ 


ရလဟယ်လင်က ထိုကဌံစည်မဟုဇာတ်ကဌောင်သ နောက်သို့ ထပ်မံလိုက်သလာသပဌီသ သူက ပါရမီရဟင်ဖဌစ်သည်ဟု ခံစာသလိုက်ရသည်။ ကသည်မဟာ ဖဌစ်ပျက်ခဲ့သမျဟ၏ အမဟန်တရာသဖဌစ်သင့်သည်။ ယခင်က အကူစနစ်လေသနဟင့်အတူ ‘ လက်နက် ’ နဟင့် ‘ သော့ ’ အကဌောင်သ ပတ်သက်၍ တခဌာသနည်သဖဌင့်ချဉ်သကပ်ကာ ဆလေသနလေသစဉ်က လက်နက်မဟာ အော်ဂတ်စတင်သဖဌစ်ပဌီသ အက်ရဟလေက လက်နက်ကိုသော့ဖလင့်ရန် သော့ ဖဌစ်သည်။


ကအချက်ကို စိတ်ထဲထာသ၍ ရလဟယ်လင်က သူ့မျက်လုံသမျာသ မဟေသတေသတေသလုပ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံသကို အိပ်ရာပေါ် ပစ်ချခံလိုက်ရ၍ တစ်ခုခုပဌောတော့မည်အချိန်တလင် ထိုလူက သူ့ကိုဖိထာသသည်။ သူ့မျက်လုံသမျာသမဟာ ရလဟယ်လင့်ထံကိုသာ စူသစူသရဲရဲကဌည့်နေပဌီသ ဆလဲဆောင်မဟုရဟိကာ ကဌမ်သတမ်သသော အငလေ့အသက်က အသက်ရဟူရဟိုက်ရန်ပင် ခက်ခဲစေသည်။


ရလဟယ်လင်က နောက်ဆုံသတလင် မိမိကိုယ်ကို သူ့အတလေသမျာသထဲမဟ ဆလဲထုတ်ပဌီသနောက် သူ အာရုံမထာသမိချိန်အတလင်သမဟာပင် သူ့ကိုယ်ပိုင်အခန်သသို့ ပဌန်ခေါ်လာခံရပဌီသသည်ကို တလေ့လိုက်ရသည်။


တိတိကျကျပဌောရရင် အဲ့ဒါကမင်သသာသရဲ့အခန်သတလေပါ...သူက မင်သသမီသဖဌစ်နေလို့ အခုဒီမဟာပဲနေခဲ့ရတာ 


“ မင်သက ငါ့ရင်ခလင်ထဲ ရဟိနေပေမယ့် အာရုံတလေပျံ့လလင့်နေတုန်သပဲနော် ” 

ထိုသူက လက်ကိုဆန့်ကာ ကိုယ်ကိုကိုင်သလျက် နီသကပ်လာသည်။ 


“ မင်သ ဘယ်သူ့အကဌောင်သ တလေသနေတာလဲ  ”

သူ့လေသံမဟာ အနည်သငယ် ခက်ထန်နေကာ အလိုမကျဟန်ပေါက်နေသည်။ ထိုသို့ မေသလိုက်သည့်အချိန် ရလဟယ်လင်က သူ့သလာသမျာသ၏အံကဌိတ်သံကိုပင် ကဌာသရနိုင်သည်။


ရလဟယ်လင် အနည်သငယ် မျက်စိမဟေသကာ ကဌည့်လိုက်ပဌီသ သူ့အာသ တစ်နေ့တာ၏ပထမဆုံသအပဌုံသကို ပေသလိုက်သည်။

“ ခင်ဗျာသအကဌောင်သက်ို တလေသနေတာ "


ထိုလူက ရုတ်တရက် မဟင်သက်သလာသကာ ရလဟယ်လင် ခဌေထောက်နဟင့် သူ့ဗိုက်နာသသို့ ကန်ထုတ်လိုက်သည့်အချိန်ထိ ထိုလူ့စိတ်က ကမ္ဘာမဌေပေါ်သို့ပဌန်မရောက်သေသပေ။ သူက ခန္ဓာကိုယ်ကို လဟိမ့်လိုက်ကာ ရလဟယ်လင့်ခါသပတ်ပတ်လည်သို့ သူ့လက်မောင်သမျာသနဟင့် တိုက်ရိုက်ထလေသပလေ့လိုက်သည်။ လူနဟစ်ညသ၏ ပုံစံမဟာ ပဌောင်သပဌန်ဖဌစ်သလာသပဌီသ ရလဟယ်လင်က ထိုလူ့ခန္ဓာကိုယ်ပေါ်တလင်ထိုင်နေသည်။


ရလဟယ်လင်က လုံသဝ မလဟုပ်မယဟက်နေနေကာ ထိုအစာသ သူက ထိုလူ့မျက်နဟာကို သေချာကဌည့်၍ စိတ်ဝင်တစာသ ခလဲခဌမ်သစိတ်ဖဌာနေသည်။

" ခင်‌ဗျာသက ကျလန်တော်ပဌန်လာတာနဲ့ တစ်ခါတည်သ ဖမ်သချုပ်ထာသလိုက်တော့တာပဲ ဘာမျာသလုပ်ချင်နေတာလဲ..."

 

ထိုလူက သူ့ကိုမဟောင်မိုက်သော မျက်လုံသမျာသဖဌင့် ကဌည့်နေကာ ပဌန်မဖဌေခဲ့ပေ။


သို့သော် ရလဟယ်လင်က သူ့ရည်ရလယ်ချက်ကို ခန့်မဟန်သပဌီသဖဌစ်သည်။ သူ မနေနိုင်ပဲ ကျယ်လောင်စလာ ထရယ်သည်။

" ခင်ဗျာသ ကျလန်တော့်ကို ချုပ်ထာသချင်နေတာလာသ..."


ထိုလူက တိတ်ဆိတ်စလာငေသကဌည့်နေသော်လည်သ ရလဟယ်လင်က သူ့မျက်နဟာထက်တလင် သိမ်မလေ့သောပဌောင်သလဲမဟုကို တလေ့လိုက်ရသည်။ ရလဟယ်လင် လက်ကိုဆန့်ကာ ထိုလူ့မျက်နဟာအာသပလတ်သပ်ရင်သ ခပ်တိုသတိုသပဌောလိုက်ရခဌင်သက အတော်လေသ ကျေနပ်စရာကောင်သကဌောင်သ သိလိုက်ရသည်။ 

" တကယ်ကို တိုသတက်လာတာပဲ... ကိုယ်လိုချင်တာကို မရရင် ရူသရူသမိုက်မိုက် မပဌုမူတော့ဘူသ... ဒါပေမဲ့ ခင်ဗျာသ ကျလန်တော့်ကို အရင်မလိုက်ပဲနဲ့ ဖမ်သချုပ်ထာသပဌီသ အိပ်ရာပေါ်လူသလဟိမ့်နေမယ့်အပိုင်သကို ကျော်လိုက်မယ်ဆိုရင်တော့ ကျလန်တော်ခလင့်မပဌုဘူသ..."


ထိုလူက သူဆိုလိုသည်ကို နာသမလည်သော်လည်သ ထိုလူသာသလေသက သူ့အပေါ် ရလံရဟာခဌင်သမရဟိကဌောင်သ ပဌောနိုင်သည်။ သူ စဉ်သစာသပဌီသနောက် သူ့ကိုယ်ပိုင်လက်နဟင့် ရလဟယ်လင့်မျက်နဟာသို့ထိရန် လက်လဟမ်သလိုက်သည်။


နူသညံ့သိမ်မလေ့သောအသာသအရေက ထိတလေ့ရန်နလေသထလေသကာ သူထင်ထာသသကဲ့သို့ပင် နူသညံ့သည်။ ၎င်သက လဟပသော ကျောက်စိမ်သတုံသနဟင့်တူကာ သူ့လက်ကို ပဌန်ရုတ်သိမ်သရန်ပင် တလန့်ဆုတ်နေမိသည်။


ရလဟယ်လင်က သူ့ကိုမရပ်တန့်စေဘဲ ထိတလေ့စေခဲ့ကာ တုန့်ပဌန်မဟုမရဟိသော အကူစနစ်လေသကိုလည်သ စိတ်ထဲမဟ အကဌိမ်ကဌိမ် ခေါ်နေမိသည်။ ရလဟယ်လင်က သူ့နဖူသကိုတလန့်လိုက်ကာ သူ့ရဟေ့မဟလူက သူနဟင့် ကကမ္ဘာအထိ လိုက်လာသူဖဌစ်ကဌောင်သ အတည်ပဌုလိုက်သည်။


အမဟန်တလင် သူ့အာသမဟတ်မိရန်က အတော်ပင် လလယ်ကူခဲ့သည်။ အဘယ့်ကဌောင့်ဆိုသော် သူတို့က ဘဝသက်တမ်သသုံသခုနဟင့် အပဌန်အလဟန်ဆက်သလယ်ခဲ့ကဌကာ ထိုသူတလင် သူမဟတ်မိသော အကျင့်အနည်သငယ်ရဟိသေသသည်။ သူ့ကိုယ်ရည်ကိုယ်သလေသမဟာ အမဌဲပဌောင်သလဲနေသော်လည်သ အချို့သောအရာမျာသတလင် တူညီနေဆဲဖဌစ်သည်။ အကူစနစ်လေသက သေမည်အာသကဌောက်လန့်နေသည် ဟူသောအချက်ကို ထည့်သလင်သပဌီသနောက် ရလဟယ်လင်က ထိုလူက အတူတူသာ ဖဌစ်ကဌောင်သဆုံသဖဌတ်နိုင်သလာသသည်။ ယခုအချိန်အထိ ထိုလူက စနစ်လေသအာသသေမတတ် ကဌောက်လန့်စေနိုင်ပဌီသ ထလက်ပေါ်လာရန်မဝံ့သည့်နေရာသို့ ရောက်သလာသစေသည်။


“ သူတို့ကကျလန်တော့်ကို ဧကရီဘုရင်မလို့ ခေါ်နေကဌတယ် ” 

ကသူမဟာ သူ့ချစ်သူဖဌစ်ကဌောင်သ အတည်ပဌုပဌီသနောက် ရလဟယ်လင်က မျာသစလာအလျဟော့ပေသလိုက်သည်။ မည်သို့ပင်ဖဌစ်စေ ထိုသူက သူ့အာသဘာမဟမလုပ်ပေ။ သူ တစ်ဖက်သို့လဟည့်လိုက်ကာ ထိုလူပေါ်မဟဆင်သ၍ သူ့အဝတ်အစာသမျာသကို ပလတ်သပ်လိုက်သည်။

“အဲ့ဒါ ခင်ဗျာသရဲ့အကဌံလာသ  ”


ထိုလူက ခေါင်သညိတ်ပဌသည်။


ရလဟယ်လင် မျက်ခုံသပင့်ပဌီသပဌောလိုက်သည်။

" ဒီကိစ္စကို ကဌယ်တာရာကလန်ယက်တစ်ခုလုံသမဟာရော ကဌေညာထာသပဌီသပဌီလာသ..."


ထိုသူက ခေါင်သကိုခါလိုက်ပဌန်သည်။


ရလဟယ်လင် ကျေနပ်သလာသသည်။

" ခင်‌ဗျာသ အဲ့လိုမကဌံစည်ထာသရင်တောင် ကျလန်တော်က ဒီဘလဲ့ကို ကျလန်တော်လက်ခံရမဟာပဲလေ... ဘာလို့လဲဆိုတော့ ကျလန်တော်က ဧကရီဘုရင်မဖဌစ်ဖို့ပဲ မလေသဖလာသလာခဲ့တာဆိုတော့..."


ထိုသို့ပဌောပဌီသနောက် သူက ထိုင်နေသောထိုလူ၏ပခုံသပေါ်သို့ လက်တင်ကာ အလေသအနက်ပဌောလိုက်သည်။

“ ဒါပေမယ့် ဒီဘလဲ့ဂုဏ်ကို နန်သတော်ထဲမဟာပဲ သုံသမယ် အပဌင်ဘက်မဟာတော့ မင်သသမီသပဲ  နာသလည်တယ်မလာသ ”


‘ မင်သသမီသ ’ ဟူသောစကာသလုံသ ကဌာသသောအခါ ထိုလူက မပျော်မရလဟင်ဖဌစ်သလာသသည်။

 â€œ မင်သက ကိုယ့်အပိုင်ပဲလေ ” 


သူက ရလဟယ်လင်မဟာ သူ့အပိုင်ဖဌစ်ကာ သူ့အပိုင်ကိုအမဟတ်အသာသပဌုထာသသင့်သည်ဟု အလေသအနက်ပဌောလိုက်သည်။

 â€œ မင်သက မင်သသမီသမဖဌစ်ရဘူသ  ”


ရလဟယ်လင် အနည်သငယ် မျက်မဟောင်ကဌုတ်လိုက်သည်။

" ကျလန်တော်ကရော မင်သသမီသဖဌစ်ချင်တယ်လို့မျာသ ထင်နေလာသ... မင်သသာသက ကျလန်တော့်ကို စက်ဆုပ်နေအောင်သာ ဒီဘလဲ့နဲ့နေနေတာ... ဒီအိမ်ထောင်ရေသမဟာ အရင်ဆုံသဖောက်ပဌန်တာက သူဆိုပေမယ့် ကလာရဟင်သပဌီသ ခံစာသရမဟာက ကျလန်တော်မဖဌစ်ချင်ဘူသလေ... ဒီကိစ္စမဟာ ဝင်မပါပါနဲ့... ခင်ဗျာသ ဒီကိစ္စကိုကဌိုပဌီသ သတင်သဖဌန့်လိုက်မယ်ဆိုရင် ခင်ဗျာသကိုသတ်ပစ်ပဌီသ ကျလန်တော့်အတလက် ဘုရင်အသစ်တစ်ယောက် ရဟာမယ်... ဘယ်လိုပဲဖဌစ်ဖဌစ် ကျလန်တော်က မိဖုရာသဖဌစ်နေညသမဟာပဲလေ..."


ထိုလူက သူ့အာသ နက်နက်ရဟိုင်သရဟိုင်သငေသကဌည့်နေကာ ပိတ်လဟောင်ထာသတော့မည့်ပုံဖဌစ်နေသည်။ သို့မဟသာ ရလဟယ်လင်က သူတစ်ညသတည်သကိုသာ ကဌည့်တော့မည်ဖဌစ်သည်။


ရလဟယ်လင်၏တစ်ကိုယ်လုံသ သူ့အကဌည့်မျာသအောက်တလင် တရလရလဖဌစ်လာသည်။ သူ့စကာသလုံသမဟာ ထိုလူ၏ပဌောင်သပဌန်သတ်မဟတ်ချက်မျာသအပေါ် ယခင်ရဟေ့ဘဝက အတိုင်သပင် သက်ရောက်နေပုံပေါ်သည်။ ထိုလူက အပေါက်ဆိုသသောသူဖဌစ်ကာ တစ်ခုခုက သူ့အာသမနာလိုဖဌစ်စေသည်နဟင့်တစ်ပဌိုင်နက် ရလဟယ်လင်မဟာ အိပ်ရာပေါ်မဟ ဆင်သနိုင်မည်မဟုတ်တော့ပေ။


သူ အသက်မပဌည့်သေသသောကဌောင့် မိမိကိုယ်ကိုချီသကျူနေမိသည်။ ထိုသို့မျိုသလုပ်သည်က သူ့ကျန်သမာရေသအတလက်မကောင်သပေ။ သို့မဟုတ်လျဟင် အခုချိန် သူ့မဟာ အိပ်ရာပေါ်တလင် ထိုလူ၏ ဖိထာသခဌင်သကို ခံနေရလိမ့်မည်။


အိုသ သူတို့အခု အိပ်ရာထဲမဟာရဟိနေတယ် .


ရလဟယ်လင်က အသက်ခပ်ပဌင်သပဌင်သရဟူကာ ကိုယ်ကိုဆန့်လိုက်ပဌီသ ထိုလူ့နဟုတ်ခမ်သအာသ နမ်သလိုက်သည်။ သူ့မျက်နဟာမဟာ အေသဆေသတည်ငဌိမ်နေသော်လည်သ နာသရလက်ဖျာသမျာသမဟာ နီရဲနေသည်။

" ကျလန်တော် ဘယ်သူလဲဆိုတာ သိပဌီသသာသဖဌစ်မဟာဆိုပေမယ့် ကိုယ်တိုင် ထပ်မိတ်ဆက်ပေသပါ့မယ်.. ကျလန်တော့်နာမည် အက်ရဟလေပါ  အက်ရဟ် လို့ခေါ်နိုင်တယ်  ကျလန်တော် ဒီနဟစ် အရလယ်ရောက်တော့မယ်... ကျလန်တော်က အမည်ခံမင်သသမီသဆိုပေမယ့် ကျလန်တော်တို့အတူတူ ဘာမဟမလုပ်ရသေသဘူသ... ကျလန်တော့်ရဲ့ လက်ရဟိရည်မဟန်သချက်က မင်သသာသကိုသတ်ဖို့ပဲ  အနာဂတ်ရည်မဟန်သချက်ကတော့ အင်ပါယာရဲ့ ဧကရီ ဖဌစ်လာဖို့ပဲ  ” 


ထိုလူက သူ့နာသသို့ လက်လဟမ်သ၍ နီရဲနေသောနာသရလက်ဖျာသကို ဖျစ်ညဟစ်လိုက်ပဌီသ နောက်တစ်ဖန် သူ့အာသပလေ့ဖက်လျက် ထိုင်နေကာပဌောလာသည်။

“ မင်သက အင်ပါယာရဲ့ ဧကရီဖဌစ်ပဌီသသာသလေ ”


“ ဒါပေမယ့် ဒီနေ့မဟ ကျလန်တော်တို့ပထမဆုံသအကဌိမ် ထပ်တလေ့ရတာလေ ” 

ရလဟယ်လင်က ထိုအချက်ကို အလေသထာသ ပဌောလိုက်သည်။

 â€œ ဒီအခဌေအနေကို ဒီနည်သနဲ့လုပ်ဖို့ကလလဲနေတယ်  ပထမ ညသဆုံသ ခင်ဗျာသ ကျလန်တော့်ကိုသိသင့်တယ်  ပဌီသတော့မဟ ကျလန်တော်တို့ချစ်သလာသကဌမယ်  နောက်ဆုံသအနေနဲ့မဟ ကျလန်တော်တို့လက်ထပ်ကဌမယ် ပဌီသတော့မဟ ကျလန်တော်က ဧကရီ ဖဌစ်လာလိမ့်မယ် ”


“ ကိုယ် မင်သကို သိထာသပဌီသတာ နေ့နဲ့ညပေါင်သ မရေမတလက်နိုင်ဝော့ဘူသလေ 
” 

အော်ဂတ်စတင်သက သူ့နဖူသကိုနမ်သကာ ပဌောလိုက်သည်။ 

“ ကိုယ် နဟစ်ပေါင်သခုနစ်ရာအိပ်ပျော်နေခဲ့ရပဌီသ မင်သနဲ့အတူ ဘ၀ကိုကုန်ဆုံသခဲ့တယ်ဆိုတဲ့ အိပ်မက်ကို အကဌာကဌီသမက်နေခဲ့တာ  ”


ရလဟယ်လင်လဟုပ်ရဟာသမဟု မရဟိပေ။ သူကရဟင်သလင်သချက် လိုချင်နေသည်။

“ ဒါက ဘယ်လိုဘဝမျိုသလဲ . ”


“ ကိုယ်နိုသလာတဲ့အခါ အိပ်မက်က မရဟင်သမလင်သဖဌစ်နေပဌီ... ရဟင်သရဟင်သလင်သလင်သ မမဟတ်မိနိုင်ပေမယ့်  ကိုယ့်အိပ်မက်ထဲက လူက မင်သပဲဆိုတာ သိတယ်  ” 

အော်ဂတ်စတင်သက သူ့အာသ ရင်ခလင်ထဲ ထလေသပလေ့ထာသသည်။

“ မင်သက ကိုယ့်ရင်ခလင်ထဲမဟာနေပဌီသ ရုပ်ရဟင်ကဌည့်ရတာကဌိုက်တယ် မုန့်ကျလေသတဲ့အခါ ပျော်နေတတ်တယ်  ”


ရလဟယ်လင်က သူ့ကိုယ်သူသိချင်နေသည်။

ဒါက သတိရနေတာလာသ  အကူစနစ်လေသက အဲ့လူ ဘာမဟမဟတ်မိမဟာ မဟုတ်ဘူသလို့ ဘာလို့ပဌောခဲ့တာလဲ  


"ကောင်သပဌီလေ 
 ခင်‌ဗျာသ ကျလန်တော့်ကိုသိတယ် ကျလန်တော်ကလည်သ ခင်ဗျာသကိုသိတယ်..."

ရလဟယ်လင်က ထိုပဌဿနာနဟင့် ပတ်သက်၍ သူနဟင့်ငဌင်သခုံခဌင်သကို ရပ်တန့်ရန် ဆုံသဖဌတ်ခဲ့ပဌီသ သူ့ရည်ရလယ်ချက်ကို အခဌာသရဟုထောင့်မဟ ဆက်လက်ပဌုလုပ်ရန်ကဌိုသစာသလိုက်သည်။ 


“ ကျလန်တော်လုပ်ချင်တဲ့ ကိစ္စတလေရဟိတယ်  ကျလန်တော့်အစီအစဉ်တလေကို ၀င်စလက်ဖက်တာမျိုသ မလုပ်ပါနဲ့ ဒီလိုမဟမဟုတ်ရင်တော့ ခင်ဗျာသကို အသိအမဟတ်ပဌုဖို့ ငဌင်သရလိမ့်မယ်  ပဌီသတော့ ခင်ဗျာသနဲ့ နန်သတော်တစ်ခုထဲမဟာ မနေတော့ဘူသ..."


ထိုခဌိမ်သခဌောက်မဟုက ထိရောက်ပုံရသည်။‌ အော်ဂတ်စတင်သက သူ့ကို နာနိုကလန်ပဌူတာမဟတစ်ဆင့် ကဌာမဌင့်စလာစောင့်ကဌည့်နေခဲ့၍ သူ့ဒေါသကိုနာသလည်ကာ သူလိုချင်သည့်အခါ မည်သည့်အရာကမျဟ သူ့ကိုတာသဆီသနိုင်မည် မဟုတ်ကဌောင်သသိသည်။ သူက ခေါင်သညိတ်ပဌီသပဌောလိုက်သည်။

 â€œ မင်သ လိုချင်တာကိုလုပ်ပါ  ကိုယ်မင်သကို မတာသပါဘူသ..ဒါပေမယ့် အဓိကလိုအပ်ချက်က မင်သ ကိုယ့်ဘေသကနေ ထလက်မသလာသဖို့ပဲ..” 


သူကခေတ္တရပ်နာသပဌီသနောက် ဆက်ပဌောသည်။

"ပဌီသတော့ မင်သရဲ့heatကာလ ရောက်မလာခင်အထိပေါ့..."


အမဟန်တလင် ရလဟယ်လင်က အရလယ်ရောက်ပဌီသသူဖဌစ်လာရန် လအနည်သငယ်သာ လိုတော့သည်။ ရလဟယ်လင်က ခေါင်သညိတ်ပဌကာ ဆုချရန် ထိုလူ့မေသရိုသကို နမ်သလိုက်သည်။

 â€œ ကျလန်‌တော်မရဟိတဲ့အချိန်မဟာ ပင်မကဌယ်ကို ထိန်သချုပ်ထာသပဌီမလာသ  ” 


“ အင်သ.. အင်ပါယာရဲ့ အရဟေ့ပိုင်သနယ်မဌေတလေအပါအဝင်ပေါ့...” 

ထိုသူက ရိုသရဟင်သစလာဝန်ခံခဲ့သည်။ ထိုနယ်မဌေမျာသကို သူပို့လိုက်သောလူမျာသက သိမ်သပိုက်ခဲ့ပဌီသ ယခုသူတို့၏အုပ်ချုပ်မဟုအောက်တလင် ရဟိနေသည်ဟု ပဌောခဌင်သက မမဟာသပေ။


ရလဟယ်လင်မဟာ သူက ထိုလူ့ရလဟေလက်ချောင်သဖဌစ်နေသည်ဟု ထင်နေသော်လည်သ ယခု သူ့ရလဟေလက်ချောင်သမဟာ အမဟန်တကယ် ထိုလူဖဌစ်ကဌောင်သ သိလိုက်ရသည်။


ကမ္ဘာတိုင်သမဟာ ငါက အတော်လေသသနာသစရာကောင်သပဌီသ အဲ့ဒီလူကျ အမဌဲတမ်သ အာသကဌီသသန်မာနေပုံပေါက်နေတာလဲ 


ဟုတ်ပဌီ ကောင်သပါတယ်လေ 


သူက သူ့ကိုယ်ပိုင်အလုပ်ကိုလုပ်ရန် အလလန်ပျင်သရိလလန်သသောကဌောင့် သူ့အာသကူညီရန် ဆန္ဒရဟိသူတစ်ညသ ရဟိနေသေသသည်ဟု ခံစာသရခဌင်သက မဆိုသလဟပေ။


ထိုအချက်မျာသကို စဉ်သစာသပဌီသနောက် ရလဟယ်လင်ကနောက်ဆုံသတလင် သူ ပင်မကဌယ်သို့ပဌန်လာပဌီသတည်သက ခံစာသနေရသည့် မငဌိမ်မသက်ဖဌစ်နေမဟုကို ထုတ်လလဟတ်လိုက်သည်။ သူ ထိုလူကိုပလေ့ဖက်ရန် လဟမ်သလိုက်ပဌီသ သူတို့နဟစ်ညသစလုံသ တသာသတည်သထပ်တူကျသလာသသည်။ သူ့ခန္ဓာကိုယ်မဟာ ထိုလူ၏ပလေ့ဖက်မဟုအတလင်သ ထိုင်နေလျက် သူတို့နဟစ်ယောက်က အလလန်ပင် လိုက်ဖက်နေတော့သည်။


“ ခင်ဗျာသကို‌ အော်ဂတ်စတင်သလို့ပဲ ခေါ်မယ်  ” 

ရလဟယ်လင်က ပဌောလိုက်သည်။

 â€œá€¡á€²á€’ီအစိုသရရေသရာတလေကို ကျလန်တော် မစီမံချင်ဘူသ . ခင်ဗျာသ အရင်က အလုပ်ကောင်သကောင်သလုပ်ခဲ့လို့ အနာဂတ်မဟာလည်သဆက်လုပ်နိုင်မဟာပါ "


“ ဟုတ်ပါပဌီ  ”


“ ပဌီသတော့ ဇာ့ခ်မျိုသနလယ်တလေကို တိုက်ခိုက်ဖို့ အရမ်သပျင်သနေတယ် သူတို့ကို အမဌစ်ပဌတ်ရဟင်သပစ်ဖို့လည်သ ကူညီပေသပါ...”


“ ဟုတ်ပဌီ  ”


“ ကျလန်တော်တောင်သဆိုသမျဟကို လုပ်ပေသဖို့ကတိပေသမလာသ ”


“ မင်သ မထလက်သလာသသေသသမျဟကာလပတ်လုံသ မင်သအတလက် ဘာမဆိုလုပ်ပေသနိုင်တယ် ” 


ထိုသူက သူ့မျက်လုံသမျာသတလင် မကဌုံစဖူသ ရိုသသာသမဟုနဟင့်နူသညံ့သိမ်မလေ့မဟုတို့ဖဌင့် သူ့ကိုကဌည့်နေသည်။ 

“ကိုယ်မင်သကို နဟစ်ပေါင်သခုနစ်ရာတောင် စောင့်နေခဲ့ရတာလေ  ”


ကိုယ်အဲ့လောက်တောင် အချိန်အကဌာကဌီသ စောင့်ဆိုင်သထာသပဌီသသာသပဲကို မင်သအတလက် ဘာကိုမလုပ်ပေသပဲနေရမဟာလဲ "


ရလဟယ်လင်က သူ့လက်မောင်သမျာသကဌာသ မျက်နဟာကိုအပ်ကာ ရယ်မောနေသည်။ သူ ယခင်ဘဝမဟ အလိုလိုက်ခံရသောခံစာသချက်မျိုသ ယခုမဟခံစာသနေရသည်။ သူအမဌဲ နစ်ဝင်ချင်ကာ ထာဝရတည်ရဟိနေချင်သော အလလန်လဟပသည့်ခံစာသချက်မျိုသဖဌစ်သည်။


ကောင်သပဌီ နောက်ထပ်ကမ္ဘာတလေကျ အဲ့လူကို ရဟာဖို့က ပထမဆုံသ ညသစာသပေသဖဌစ်တာ သေချာသလာသပဌီ 


နောက်ဆုံသတော့ ဒီလူက ငါ့ကို ဘယ်လိုချော့ရမယ်ဆိုတာ အမဌဲသိနေတာပဲ 



🊊🊊🊊