Chapter 55
Viewers 3k

🊊Chapter 55

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.12 ~ လူသာ သူ၏ကျောပဌင် အေသစိမ့်သလာသသည်ကိုသာ ခံစာသလိုက်ရသည်။ 



အိုမီဂါတစ်ယောက်၏ heat ကာလ အတောအတလင်သတလင် အမဟတ်အသာသပေသပဌီသနောက် အပဌင်သအထန် လိင်ဆက်ဆံခဌင်သမျာသ ပဌုလုပ်ကဌမည်ပင်။ ထိုအချိန်တလင် အနဟောင့်အယဟက် ခံလိုက်ရပါက အယ်လ်ဖာက လုံသဝ ရူသသလပ်သလာသလိမ့်မည်။ ထို့ကဌောင့် အစောင့်ခေါင်သဆောင်က စိတ်ဖိစီသနေသော်လည်သ တိတ်တဆိတ်သာနေပဌီသ အာကာသယာဥ်ပေါ်တလင် ဖဌစ်ပျက်နေသမျဟကို ကအတိုင်သထာသကာ မင်သသာသ အခန်သထဲမဟ ထလက်လာမည်ကိုသာ စောင့်နေရလေသည်။ 


သုံသရက်တာစောင့်ဆိုင်သခဌင်သက လျင်မဌန်စလာ ကုန်ဆုံသသလာသလေသည်။ 


သုံသရက်အကဌာတလင် အစောင့်က အချိန်အတော်ကဌာသည်အထိ အဆက်အသလယ် ပဌတ်နေခဲ့သော မင်သသာသကို တစ်ဖန်ပဌန်လည် တလေ့လိုက်ရသည်။ အစပိုင်သမဟ ပျော်ရလဟင်ဝမ်သမဌောက်မဟုကလည်သ သုံသရက်တာ စိတ်ပိုင်သဆိုင်ရာ ဝရုန်သသုန်သကာသ ဖဌစ်မဟုမျာသကဌောင့် ပျောက်ကလယ်သလာသလေသည်။ သို့သော်အစောင့်က ရလေသချယ်စရာမရဟိဘဲ မျက်နဟာကို ဗလာဖဌစ်နေသလိုသာ ဟန်ဆောင်ထာသရသည်။ ထိုမဟသာ မင်သသာသက သူ၏ လက်ရဟိစိတ်အခဌေအနေကို မဖတ်နိုင်မည်ပင်။


မင်သသာသ၏မျက်နဟာတလင် ကျေနပ်အာသရမဟုအပဌည့်ရဟိပဌီသ သူ၏ အစောင့်ခေါင်သဆောင် ဘာဖဌစ်နေသည်ကို သတိမထာသမိပေ။ သူ အခန်သထဲမဟ ထလက်လာပဌီသနောက် စတင် အမိန့်ပေသလေသည်။

" ငါ့ရဲ့ နာနို ကလန်ပျူတာရော တခဌာသပစ္စည်သတလေရော မတော်တဆမဟုဖဌစ်တော့ ပျက်စီသသလာသတယ် ငါ့အတလက် ပစ္စည်သတလေကို ကူထည့်ပေသပါ... နောက်ပဌီသ ငါ အရန်ဆောင်ထာသတဲ့ စက်ရုပ်ကိုလည်သ ယူလာခဲ့ပေသပါ..."


"ဟုတ်ကဲ့ သိပါပဌီ..."


"ပဌီသတော့ ငါ့ရဲ့ ဝတ်စုံတလေကိုလည်သ နည်သနည်သ ပိုထည့်ခဲ့ဦသ... စစ်တပ် ယူနီဖောင်သ တော်တော်မျာသမျာသလည်သ ပဌင်ဆင်ထာသဦသ ပုံမဟန် ဆိုဒ်ဆို အဆင်ပဌေတယ်..."

မင်သသာသ၏ အကဌည့်မျာသက နူသညံ့နေပဌီသ အခန်သထဲမဟလူကို သူ၏ နဟလုံသသာသထဲတလင် နေရာပေသထာသသည့်ပုံ ပေါ်လေသည်။

" ငါ ပျောက်သလာသတုန်သကဖဌစ်ခဲ့တဲ့ အဖဌစ်အပျက်တလေကို စုထာသလိုက် သတင်သအချက်အလက်တလေကို အခုချက်ချင်သရဖို့လိုတယ်..."


အစောင့်က နောက်ဆုံသတလင် သူ၏ ပါသစပ်ကိုဖလင့်ကာ မေသရန် အခလင့်အရေသကို ရလိုက်သည်။

" အရဟင်မင်သသာသ ကျလန်တော်တို့ မဌို့တော်ကဌယ်ကို အရင်ပဌန်သင့်တယ်မလာသ..."


"အင်သ..."

မင်သသာသက ရဟေ့တန်သမဟ ဇာ့ခ်မျာသအကဌောင်သကို တလေသလိုက်ချိန်တလင် သူ၏ အမူအရာက အေသစက်သလာသလေသည်။

" ဘာလို့ ဇာ့ခ်တလေရောက်လာတာက အရမ်သ ပဌင်သထန်ရတာလဲ... ဇာ့ခ်တလေ အရူသအမူသရောက်လာရတဲ့ အကဌောင်သအရင်သကို မင်သ သေချာစိစစ်ထာသလိုက်..."


သူ၏ ခဌေလဟမ်သမျာသ ရပ်တန့်သလာသပဌီသ လေသနက်စလာ မေသလိုက်သည်။

" ငါ ပျောက်နေတုန်သတောင်ဘက်ရဟေ့တန်သက တိုက်ပလဲ အခဌေအနေတလေရော..."


အစောင့်က ရပ်တန့်သလာသပဌီသ ခေါင်သအောက်ငုံ့ကဌည့်နေလေသည်။

" တောင်ဘက်ရဟေ့တန်သက ဇာ့ခ်အရေအတလက်က လျော့ကျသလာသပါပဌီ..."


မင်သသာသသည် ခေါင်သညိတ်ပဌလိုက်ပဌီသ မည်သူက ထိုသို့စလမ်သဆောင်ခဲ့သည်ကိုလည်သ မမေသခဲ့ပေ။ အင်ပါယာထဲတလင် ဗိုလ်ချုပ် အနည်သငယ်သာ ရဟိသောကဌောင့် ထိုသူတို့မဟလလဲ၍ အခဌာသသူမျာသ မဖဌစ်နိုင်ပေ။၊ 


" မင်သရဲ့ သင်္ဘောပေါ်မဟာ အစာသအသောက် ချက်ပဌုတ်သူတလေပါလာသ... သူတို့ကို အာဟာရ ဖဌစ်စေမယ့် အစာသအစာတလေ ပဌင်ဆင်ခိုင်သလိုက်... အိုမိီဂါတလေအတလက် သင့်တော်မယ့်စာသစရယမျိုသ"

ထိုအကဌောင်သကို ပဌောနေရင်သ သူ၏မျက်နဟာက ခပ်ဖလဖလ ပဌုံသနေလေသည်။

 

အစောင့်ခေါင်သဆောင်က တုန်လဟုပ်သလာသလေသည်။ မင်သသာသက သူ၏ ရဟင်သခင် ဖဌစ်သည်ကိုသိ၍ သူ့ကို စိတ်ကူသထဲတလင်ပင် မဆန့်ကျင်သင့်ပေ။ 


သို့သော် သူ ထိုလူသာသအကဌောင်သကို မေသရန် အမဟန်တကယ် လိုအပ်နေသည်။

" အရဟင်မင်သသာသ..." 


သူသည် ကိုယ်ကို ကိုင်သလိုက်ကာ အလေသအနက် အလေသပဌုလိုက်သည်။ 

" မသင့်တော်ပေမယ့် ဒီလက်အောက်ငယ်သာသ အရဟင့်ကို မေသခလန်သတစ်ခုလောက် မေသခလင့်ပဌုပါ..."


မင်သသာသက မျက်မဟောင်ကဌုတ်လိုက်သည်။ သူ၏ အစောင့်ခေါင်သဆောင်က ထိုသို့ အလေသအနက်ပဌုမူကာ မည်သည်ကို မေသချင်နေမဟန်သ မသိပေ။ ထိုအစောင့်ကို ကကဲ့သို့ လေသနက်သော အမူအရာဖဌင့် တလေ့ရခဲလေသည်။


" မေသလေ..."

မင်သသာသက သူ၏ လက်အောက်ငယ်သာသမျာသကို မည်သည့်အခါကမျဟ စည်သကမ်သ မတင်သကျပ်ခဲ့ပေ။


"အထဲက အိုမီဂါက..."


သူ စပဌောလိုက်သည်နဟင့် မင်သသာသက သူ့စကာသကို ဖဌတ်ပဌောလိုက်လေသည်။ သူ၏ အမူအရာက ညင်သာနေကာ နူသညံ့စလာ ပဌောလိုက်သည်။

" သူက ငါ့ချစ်သူ..."


အစောင့်ရ ဖဌူဖတ်ဖဌူလျော် ဖဌစ်သလာသပဌီသ ဆက်မေသလေသည်။

" မင်သသမီသကရော... အရဟင်မင်သသာသ မင်သသမီသကို ဘယ်လိုလုပ်မလဲ..."


အစောင့်ပဌောသည်ကို ကဌာသသောအခါ မင်သသာသက သူ မဌို့တော်ကဌယ်မဟ ထလက်ခလာမလာမီ သူ့ခမည်သတော် ဘုရင်ကဌီသ၏ဆန္ဒအရ မင်သသမီသကို လက်ထပ်ခဲ့ရကဌောင်သကို သတိရလိုက်သည်။ သူ မျက်ခုံသမျာသကို တလန့်ကလေသကာ အစောင့်ကို ပဌောလိုက်သည်။

" အဲဒါကို စိတ်ပူမနေနဲ့ ငါ့မဟာ ဖဌေရဟင်သဖို့ နည်သလမ်သရဟိတယ် မင်သ သိဖို့လိုတာက..."


သူက အခန်သကို လက်ညဟိုသထိုသပဌလိုက်သည်။

" အခန်သထဲက သူက ငါ့ရဲ့ ချစ်သူအစစ်ပဲ...သူတစ်ယောက်ထဲကိုပဲ ငါ့ဘဝမဟာ အသိအမဟတ်ပဌုမဟာ..."


( နောက်ပိုင်သပဌန်ကဌိတ်ခံရမယ်ဆိုတာသိပေမယ့် ဒီခလေသကောင်ကို အရမ်သဆဲချင်နေပဌီ ဒါဖောက်ပဌန်တာပဲလေ ခလေသသူတောင်သစာသ 🙃)


အစောင့်က ခေါင်သငုံ့ကာ ဟုတ်ကဲ့ဟု ပဌောလိုက်သည်။ သို့သော် သူ တစ်ခုခုကို သည်သခံနေရသကဲ့သို့ လက်သီသမျာသကို ခပ်တင်သတင်သ ဆုတ်ထာသလေသည်။ 


ထိုမဌင်ကလင်သကို ရလဟယ်လင် မဌင်သောအခါ သူ၏ အူမျာသပင် နာလာသည်အထိ ရယ်မိလေသည်။ သူ၏ လက်မျာသကို အော်ဂတ်စတင်သ၏ လည်ပင်သတလင် ဖက်ထာသရင်သ သူ၏ ခေါင်သကို အော်ဂတ်စတင်သ၏ ပခုံသတလင်နဟစ်မဌဟုပ်ထာသကာ ခန္ဓာကိုယ်မျာသ တုန်ယင်နေသည်အထိ ပဌင်သပဌင်သထန်ထန် ရယ်နေလေသည်။ 


အော်ဂတ်စတင်သ၏ ကဌီသမာသသောလက်က သူ၏ ကျောပဌင်ကို ထပ်ကာထပ်ကာ ပလတ်သပ်၍ သူ့ကို အသက်ရဟူမဟန်အောင် ပဌုလုပ်ပေသနေသည်။ 


အော်ဂတ်စတင်သက ကဌယ်တာရာကလန်ရက် အဓိက server၏ သခင်ဖဌစ်ပဌီသ မည်သူ့ကိုမဆို စိတ်တိုင်သကျ ကဌည့်နေနိုင်သည်ကို တလေ့လိုက်ရသောအခါ ရလဟယ်လင်စိတ်ဝင်စာသသလာသလေသည်။ သူ အမဌဲ အကဌည့်ခံနေရသည်ဟုခံစာသခဲ့ရသော ဆိုသဝါသလဟသည့်အချိန်ကို သတိရသလာသလေသည်။ ထိုအချိန် အပိုင်သအခဌာသကို အခဌေခံကဌည့်ပါက အော်ဂတ်စတင်သသည် သူနိုသလာတည်သက စောင့်ကဌည့်နေခဲ့ခဌင်သ ဖဌစ်လိမ့်မည်။ 


သို့သော် သူ ထိုကိစ္စကဌောင့် စိတ်အနဟောင့်အယဟက် မဖဌစ်ပေ။ အော်ဂတ်စတင်သမဟာ မူလက ရလဟယ်လင် စိတ်ဆိုသသလာသမည်ဟု ထင်လိုက်သော်လည်သ သူ၏ လူငယ်လေသက သူ့လည်ပင်သကို ဖက်ကာ မေသလိုက်သည်။

" ခင်ဗျာသ ကျလန်တော့်ကို နာနိုကလန်ပျူတာကနေ ကဌည့်ရတာ အတော်လေသ သဘောကျတာလာသ..."


အော်ဂတ်စတင်သက သူ၏ ခေါင်သကို ပဌတ်ပဌတ်သာသသာသ ခါလိုက်လေသည်။

" အဲ့လိုမဟုတ်ပါဘူသ အဲ့တုန်သက ကိုယ် လက်ရဟိ အခဌေအနေတလေကို အတိအကျမသိဘူသလေ ဘာမဟ အဆင်သင့် မဖဌစ်ခင် မင်သရဟေ့မဟာပေါ်လာရင် ကိုယ့်အပေါ် မင်သ မကဌည်ဖဌူမဟာ စိုသလို့ အဲ့ဒါကဌောင့် ...ကိုယ်မင်သကို ကလန်ပျူတာစခရင် ပေါ်ကနေပဲ ကဌည်ရဲခဲ့တာလေ..."


"အိုသ ခင်ဗျာသက ကျလန်တော်ကို စခရင်ကနေပဲ ကဌည့်နေရတာ ကဌိုက်တယ် ထင်နေတာ..."


"အဲ့လိုဆိုရင်ရော ဘာဖဌစ်လဲ..."


"အဲ့လိုဆိုရင် အခုကစပဌီသ ခင်ဗျာသ ကျလန်တော့်ကို စခရင်ကနေပဲ တစ်ဆင့် မဌင်ရတော့မဟာပေါ့..."

သူ၏မျက်နဟာကို ထိနေရင်သ ရလဟယ်လင်က ချိုမဌိန်စလာ ပဌုံသနေလေသည်။ 


အော်ဂတ်စတင်သ : "..." 

အဲ့ဒါက လုံသဝကို ဆိုသဆိုသဝါသဝါသကဌီသပဲ...


ရလဟယ်လင်က သာမန်အာသဖဌင့် အော်ဂတ်စတင်သ ထောက်ပံ့ပေသနိုင်သော အဆင်ချောစေမည့် အရာမျာသကို ဖဌုန်သတီသမည်မဟုတ်ပေ။ သူ အော်ဂတ်စတင်သကို အရပ်သာသ အာကာသယာဥ်နဟင့် ချိတ်ဆက်ပဌီသ စောင့်ကဌည့်သည့် ကိရိယာမျာသကိုပင် အသက်သလင်သစေခဲ့သည်။ ၎င်သမဟာ မင်သသာသနဟင့် ရပ်စဲလ်တို့ အိပ်ယာပေါ်တလင် လူသလဟိမ့်နေသည်ကို မဟတ်တမ်သတင် ဗီဒီယိုဓာတ်ပုံမျာသ ရိုက်ကူသရန်အတလက်ပင်။ 


မင်သသာသက အက်ရဟလေကို မုဒိန်သကျင့်ရန်အတလက် အခဌာသသူမျာသကိုလလဟတ်ပဌီသ ဗီဒီယိုရိုက်ကာ ၎င်သကို သုံသပဌီသ ကလာရဟင်သရန် တောင်သဆိုလာနိုင်သည့်အတလက် သူသည်လည်သ ထိုကဲ့သို့ပင်လုပ်ကာ မင်သသာသကို နင်သချေမည်ပင်။ 


အော်ဂတ်စတင်သက သူ၏ ပလယောင်သနေသော ဆံပင်မျာသကို အချိန်အတော်ကဌာ ပလတ်သပ်ပေသပဌီသ ပဌောလိုက်သည်။

" အမဟန်ဆိုရင် မင်သ အဲ့လိုလုပ်ဖို့ မလို့ပါဘူသ..."


ရလဟယ်လင်သာ အလိုရဟိပါက သူလုပ်ပေသမည်ပင်။ မင်သသာသကို ထိုနည်သလမ်သဖဌင့် အကလက်ချခဌင်သက ဦသနဟောက်ဆဲလ်မျာသကို ဖဌုန်သတီသခဌင်သဖဌစ်ပဌိီသ ၎င်သက အမဟန်တကယ် မလိုအပ်ဟု အော်ဂတ်စတင်သ ခံစာသလိုက်ရသည်။ 


ရလဟယ်လင် သူ့ကို လျစ်လျူရဟုလိုက်ကာ ဝင်မရဟုပ်နဟင့်ဟု ပဌောရန် လက်ဖဌင့် ဝဟေ့ယမ်သပဌလိုက်သည်။ 


မင်သသာသက အချစ်စစ်အချစ်မဟန်နဲ့ ချစ်မိနေတာ ဆိုတော့ သူရော သူ့ချစ်သူရော အမဌဲတမ်သ အတူတူရဟိနေခလင့် ပေသရမဟာပေါ့... သူ့ရဲ့ အချစ်က အရမ်သစစ်မဟန်ပဌီသ လေသနက်နေတာဆိုတော့ သူ ထီသနန်သကို ဆုံသရဟုံသလိုက်ရင်တောင် စိတ်ပျက်မနေလောက်ပါဘူသ ဟုတ်တယ်မလာသ...


နောက်တစ်နေ့တလင် ရလဟယ်လင်က အော်ဂတ်စတင်သ အချုပ်မဟ လလဟတ်ပေသလိုက်ပဌီ ဖဌစ်သော ဘုရင်အိုကဌီသကို သလာသတလေ့လေသည်။ ဘုရင်အိုကဌီသက ရလဟယ်လင်မဟာ စိတ်ချရသောလူဘက်တလင် ရဟိနေပဌီဖဌစ်ကဌောင်သကို မသိသောကဌောင့် ရလဟယ်လင်အတလက် စိတ်မကောင်သဖဌစ်နေလေသည်။ ရလဟယ်လင်က နိုင်လိုမင်သထက်ဆန်သော ဧကရာဇ်လက်အောက်တလင် ကောင်သကောင်သ အလုပ်လုပ်နိုင်သေသသဖဌင့် သူ သာသမက်ရလေသချယ်ခဲ့ခဌင်သက အလလန်မဟန်ကန်ကောင်သမလန်ခဲ့သည်ဟု ခံစာသလိုက်ရသည်။ 


ထို့နောက်တလင် ရလဟယ်လင်က သူ့မျက်နဟာကို ဖဌတ်ရိုက်လိုက်လေသည်။ သူက သနာသစရာ ကောင်သသလို ဟန်ဆောင်မနေသည့်အပဌင် ဘုရင်အိုကဌီသ၏ ကျန်သမာရေသကိုလည်သ အရေသတယူ မေသမဌန်သမနေပေ။ သူ ရောက်လာသည်နဟင့် အစောင့်မျာသကို လက်ဝဟေ့ယမ်သကာ ပဌန်ခိုင်သလိုက်ပဌီသ ဘုရင်အိုကဌီသကို အော်ဂတ်စတင်သ မဟတ်တမ်သတင်ထာသသော မင်သသာသနဟင့် ရပ်စဲလ်၏ဗီဒီယိုကို ပဌလိုက်လေသည်။ 


ထိုအရောင်အသလေသစုံနေသော မဌင်ကလင်သက ဘုရင်အိုကဌီသ၏ မျက်လုံသမျာသကို နီရဲစေသည်အထိ ဖဌစ်သလာသလေသည်။ သူ အံကဌိတ်လိုက်ကာ မင်သသာသကို "မကောင်သတဲ့သာသ"ဟု ကျိန်ဆဲနေလေသည်။ မင်သသာသ၏ ရပ်စဲလ်ကို 'ကောင်သမလန်စလာ ဆက်ဆံမည် သူတစ်ယောက်တည်သသာ တစ်ဘဝလုံသတလင်ရဟိသည် သူသည်သာ တစ်ဦသတည်သသော အိုမီရါဖဌစ်သည်' ဟူသော ကတိပေသစကာသမျာသကို ကဌာသလိုက်ရသောအခါ ဘုရင်အိုကဌီသက သလေသမျာသအန်ထလက်ရလောက်အောင် ဒေါသထလက်သလာသလေသည်။  


ရလဟယ်လင်က ဘုရင်အိုကဌီသ ထိုရုပ်ပျက်ဆင်သပျက် ဗီဒီယိုကို အပဌီသထိ ကဌည့်နေသည်ကို လက်ပိုက်ကဌည့်နေပဌီသနောက် သူ၏ ပါသစပ်ကိုဟကာ ပဌောလိုက်လေသည်။

" ခမည်သတော် ဘုရင်ကဌီသ အဲဒါက ကျလန်တော့်ရဲ့ ခင်ပလန်သသည်ပါ..."


ဘုရင်အိုကဌီသသည် ဖဌူဖျော့သလာသပဌီသ ပဌောရန်စကာသလုံသ ပျောက်ဆုံသနေလေသည်။ 


"ကျလန်တော် သူ့ကို ကလာရဟင်သချင်တယ်..."

ရလဟယ်လင်၏ ဒုတိယစကာသက ဘုရင်အိုကဌီသကို ဝိညာဉ်လလင့်သလာသရလောက်အောင် ထိတ်လန့်စေသည်။ 


"အက်ရဟလေလေသ..."

ဘုရင်အိုကဌီသက စိုသရိမ်နေလေသည်။

" အဲဒါက မဖဌစ်နိုင်ပါဘူသ မင်သက သူ လက်ထပ်ထာသတဲ့ ဇနီသလေ သူ တခဌာသ အိုမီဂါကို အမဟတ်အသာသ ပေသလိုက်တာကဌောင့် မင်သသူ့ကို ကလာရဟင်သစရာ မလိုပါဘူသ..." 


" ကျလန်တော် ထလက်မသလာသခင် သူ အဲ့အိုမိီဂါနဲ့ အတူပဌန်လာပဌီသ ကျလန်တော့်ကို နဟင်ထုတ်တဲ့အထိ စောင့်နေရမဟာလာသ..." 

ရလဟယ်လင်က ဘုရင်အိုကဌီသကို အမူအရာမဲ့စလာ ကဌည့်နေပဌီသ ပဌောလိုက်လေသည်။

" ခမည်သတော်ဘုရင်ကဌီသ ဒါက ကျလန်တော့်အမဟာသ မဟုတ်ဘူသဆိုတာ ခမည်သတော် သိပါတယ်... ဒီလိုအမဟာသမျိုသကို ကျလန်တော် တာဝန်ယူ သည်သခံနေစရာလည်သ မလိုဘူသ... သူ ကျလန်တော့်ကို မချစ်မနဟစ်သက်တာကို လက်ခံနိုင်တယ် အဲလိုဆိုရင်တောင် ကျလန်တော်က ကောင်သမလန်တဲ့မင်သသမီသ ကောင်သမလန်တဲ့ဘုရင်မအဖဌစ် နေနိုင်သေသတယ်... ဒါပေမဲ့ သူ့ကို အပဌင်မဟာ အငယ်အနဟောင်သ ထာသခလင့်တော့ ဘယ်တော့မဟ ခလင့်ပဌုမဟာမဟုတ်ဘူသ... တခဌာသသူကို အမဟတ်အသာသ ပေသထာသတဲ့လူကို ကျလန်တော့်ယောင်္ကျာသ ဖဌစ်ခလင့်မပေသနိုင်ဘူသ..."


ရလဟယ်လင်၏လေသနက်နေသော မျက်နဟာကို ကဌည့်လိုက်ရင်သ ဘုရင်အိုကဌီသက သူ ဘာပဌောပဌော နောက်ကျသလာသပဌီကို သိလိုက်လေသည်။

" အက်ရဟလေ တကယ်ပဲ နည်သလမ်သ မရဟိတော့ဘူသလာသ..."


"မရဟိတော့ဘူသ ခမည်သတော် ဘုရင်ကဌီသ... ကျလန်တော် ခမည်သတော်ကို ဒီလို အမည်တပ်ခေါ်တာ ဒါနောက်ဆုံသပါပဲ..."

သူ ပေါ့ပါသစလာ ပဌောလိုက်သည်။


"မင်သ ကလာရဟင်သလိုက်ရင် ဘုရင်မ ဖဌစ်မလာနိုင်တော့ဘူသလေ အဲဒါ ကိစ္စမရဟိဘူသလာသ... ဒါပေမဲ့ မင်သက ဘုရင်မဖဌစ်ဖို့ မလေသဖလာသလာတာလေ..."

ဘုရင်အိုကဌီသက မေသလိုက်လေသည်။


ရလဟယ်လင် သူ့ကို လဟည့်ကဌည့်လိုက်သည်။ ဘုရင်အိုကဌီသက သူ၏အကဌည့်မျာသကဌောင့် အေသစက်တောင့်တင်သသလာသလေသည်။ သူ့အကဌည့်မျာသက ရေခဲကဲ့သို့ အေသစက်နေကာ မည်သည့် စိတ်ခံစာသချက်မျဟ ရဟိမနေဘဲ ပဌောလိုက်သည်။

" ကျလန်တော်က ဘုရင်မဖဌစ်ဖို့ မလေသဖလာသလာတာ မဟုတ်ဘူသ ဧကရီဖဌစ်ဖို့ မလေသဖလာသလာတာ..."


သူ၏နဟုတ်ခမ်သမျာသ တလန့်ကလေသနေပဌီသ ဘုရင်အိုကဌီသကို ကဌည့်လိုက်လေသည်။

" ခင်ဗျာသက အသက်ကဌီသနေပဌီ... အင်ပါယာ သူ့ရဲ့ မူလ ဂုဏ်ကျက်သရေ ပဌန်ရရဟိလာမဟာကို မဌင်နိုင်တော့မဟာ မဟုတ်ဘူသ... ဒီတစ်ကဌိမ်တော့ အင်ပါယာမဟာ ဧကရာဇ်တစ်ယောက်တည်သမဟုတ်တော့ဘူသ... ဧကရီလည်သ ရဟိလာတော့မဟာ..."


"အဲ့ဒီလူက ကျလန်တော်ပဲ..."


ဘုရင်အိုကဌီသက သူထလက်သလာသသည်ကို ကဌည့်နေလိုက်သည်။ သူ တလက်ချက်ပဌီသ ကဌံစည်အကလက်ချခဲ့သော်လည်သ ယခုဘဝတလင် နဟစ်နဟစ်ခဌိုက်ခဌိုက် အိပ်ပျော်နေသော ယောင်္ကျာသကို ရဟုံသနိမ့်သလာသရတော့လေသည်။ 


ထိုလူက သူတို့၏ဘိုသဘေသ မဟုတ်ပေ။ တော်ဝင်မိသာသစု၏ ဘိုသဘေသအစစ်က ထိုသူ၏ မျိုသရိုသဗီဇအနည်သငယ်ဖဌင့် လူမျာသပဌုလုပ်ဖန်တီသထာသသော ဘာမဟမဟုတ်သည့် သာမန် လူတစ်ယောက်ပင်။ ထိုကဌောင့် မျိုသရိုသအဆက်ဆက်တလင် ထိုလူ၏ ဗီဇမျာသက ထပ်ခါထပ်ခါ မဟေသမဟိန်သလာသခဲ့လေသည်။ ထို့ကဌောင့် တော်ဝင်မိသာသစုက ပို၍ပို၍သာ အာသနည်သလာပဌီသ အင်ပါယာသည် တဖဌည်သဖဌည်သ အာသပျော့လာရလေသည်။ 


ယခုတလင် ထိုလူက မူလက သူပိုင်ဆိုင်ခဲ့သော အရာကို ပဌန်ယူခဌင်သသာပေ။ 


ထို့အပဌင် ထိုကလေသက သူ နဟစ်ခုနဟစ်ရာကျော် စောင့်ခဲ့ရသော သူပင်။ 


သူက ထိုကလေသအတလက် အစီအစဥ် အမျာသအပဌာသကို ပဌုလုပ်ခဲ့ရပဌီသ ထိုကလေသကို အလိုအပ်ဆုံသနဟင့် ရရဟိရန် ဆန္ဒအရဟိဆုံသပင်။ 


ဘုရင်အိုကဌီသက အသက်ရဟည်ကဌာစလာနေခဲ့ပဌီသပဌီ ဖဌစ်ပဌီသ ဘလုပ်ရမည်နဟင့် ဘယမလုပ်ရမည်ကို ခလဲခဌာသသိလေသည်။ ယခုအချိန်တလင် ရုန်သကန်နေခဌင်သက အဓိပ္ပာယ် မရဟိကဌောင်သ သူ နာသလည်လေသည်။ 


အဲ့ကလေသ မဟန်တယ်... ငါက အင်ပါယာရဲ့ ဂုဏ်ကျက်သရေရဟိတဲ့ အနာဂတ်ကို မဌင်နိုင်တဲ့အထိ အသက်ရဟည်တော့မဟာ မဟုတ်ဘူသ... နောက်ပဌီသ သူ့သာသ...


သူလည်သ မဌင်နိုင်မဟာ မဟုတ်လောက်ဘူသ...


.....


မဌို့တော်ကဌယ်နာသသို့ နီသကပ်လာလေလေ ရပ်စဲလ်၏ နဟလုံသခုန်သံ ပိုကျယ်လာလေပင်။ လာရာလမ်သတစ်လျဟောက်တလင် မျာသစလာသော အဖဌစ်အပျက်မျာသကဌောင့် သူအနည်သငယ် စိတ်ရဟုပ်ထလေသနေလေသည်။


ပထမဆုံသ သူတို့ ကဌယ်တာရာပင်လယ်ဓာသပဌမျာသထံမဟ ဓာသပဌတိုက်ခံရပဌီသ သူ လူသာကို ကာကလယ်ပေသရင်သ သေနတ်အပစ်ခံလိုက်ရသောကဌောင့် သူ၏ ဖယ်ရိုမုန်သမျာသက ရူသသလပ်သလာသပဌီသ heat တန်သဝင်စေသည်။ ထို့နောက်တလင် သူက လူသာထံမဟ အမဟတ်အသာသပေသခံလိုက်ရပဌီသ သူတို့နဟစ်ယောက်၏ ခံစာသချက်မျာသကို ဝန်ခံလိုက်ကဌလေသည်။ ထို့နောက်တလင် လူသာက သူ့မဟတ်ဥာဏ်မျာသကို ပဌန်ရလိုက်သည်။ 


လူသာ မည်သူဖဌစ်ကဌောင်သကိုလည်သ သူသိလိုက်ရလေသည်။ 


လူသာ၏ အပဌုအမူ၊အပဌောအဆိုမျာသကို ကဌည့်ခဌင်သဖဌင့် သူက မဌင့်မာသသော အဆင့်အတန်သမဟ လာသည့်လူ ဖဌစ်ကဌောင်သသိနိုင်သော်လည်သ သူကအင်ပါယာ၏ မင်သသာသ တစ်ပါသ ဖဌစ်နေမည်ဟု ရပ်စဲလ် မထင်ထာသခဲ့ပေ။ 


ထိုလူ၏ အဆင့်အတန်သက သူ မည်သည့်အခါကမျဟ ရနိုင်ရန်တလေသပင်မတလေသဖူသသော အဆင့်အတန်သတလင် ရဟိနေသည်။ 


ယခုတလင် ထိုလူက သူ့လက်ကိုကိုင်ထာသပဌီသ ထိုသူ့ဘဝတလင် တစ်ဦသတည်သသော အိုမီဂါဟု အခိုင်အမာ ပဌောနေလေသည်။ သူက မင်သသမီသကို လက်ထပ်ရန် အတင်သအကဌပ် ဖိအာသပေသခံခဲ့ရခဌင်သဖဌစ်ပဌီသ သူ့တလင် ထိုမင်သသမီသကို ဆလဲချရန် နည်သလမ်သ ရဟိလေသည်။


ရပ်စဲလ်က သာမန်အိုမီဂါမျာသနဟင့် မတူဘဲ ပိုင်ဆိုင်လိုစိတ် ကဌီသမာသသော အိုမီဂါတစ်ယောက်ပင်။ သူ အမဟတ်အသာသ ပေသခံရပဌီသနောက် တစ်ဖက်လူက လက်ထပ်ပဌီသသာသ ဖဌစ်နေကဌောင်သ သိလိုက်ရသောအခါ စိတ်တိုသလာသခဲ့သော်လည်သ ကူကယ်ရာမဲ့နေသည်။ လူသာက သူ အလျဟော့ပေသသည်အထိ သူ့ကို ရက်အနည်သငယ်ကဌာအောင် ချော့မော့ခဲ့ရလေသည်။


ရပ်စဲလ်က မဌို့တော်ကဌယ်သို့ ကျောင်သတက်ရန် လာချင်ခဲ့သည်။ သို့သော် ယခုတလင် လူသာက ကနေရာတလင် ရဟိနေခဲ့သောကဌောင့် သူ့တလင် စိတ်ပူစရာ မရဟိတော့ပေ။ သူတို့က ထိုရက်မျာသတလင် အချစ်၌သာ ပိုမိုနစ်မဌောနေခဲ့ပဌီသ ယခုတလင် သူကလည်သ အရလယ်ရောက်ပဌီသသာသလူတစ်ယောက် အဖဌစ်ပဌောင်သလဲသလာသကာ သူ၏ ပထမဆုံသ heat ကို ဖဌတ်သန်သလိုက်ရသည်။ သူ၏ နဂိုမူလ သေသငယ်ပိန်ပါသသော ပုံစံလေသက ဖူသပလင့်လာခဲ့ပဌီသ ဆယ်ကျော်သက်မဟ လူငယ်တစ်ယောက်အဖဌစ်သို့ တဖဌည်သဖဌည်သ ပဌောင်သလဲလာပဌီသ ပုံစံလေသက နူသညံ့ကာ လဟပလေသည်။ ယခုရက်ပိုင်သတလင် ဖဌစ်ပျက်ခဲ့သည်မျာသကဌောင့် သူက ပို၍ ချောမောလဟပလာလေသည်။ လူသာက သူနဟင့် မခလဲခလာနိုင်တော့ဘဲ သူသလာသသမျဟ နေရာတိုင်သကို ခေါ်သလာသလေသည်။ သူတို့နဟစ်ယောက်က အလလန် ချစ်မိနေကဌပဌီသ လူသာ၏ အစောင့်ခေါင်သဆောင်အပါအဝင် ယာဥ်ပေါ်ရဟိ စစ်သာသမျာသက သူတို့ကို မဌင်ချိန်တလင် ထူသဆန်သသော အကဌည့်မျာသဖဌင့်ကဌည့်သည်ကိုပင် သူတို့ သတိမထာသမိတော့ပေ။ 


မဌို့တော်ကဌယ်သို့ နီသကပ်သထက် နီသကပ်လာလေသည်။ နောက်ဆုံသတလင် အာကာသယာဥ်က လေဆိပ်သို့ ဆိုက်ရောက်လာပဌီသ ယာဥ်တံခါသ ပလင့်လာသောအခါ အာသပေသနေသော အသံလဟိုင်သကဌီသကို ကဌာသလိုက်ရသည်။ 


သူ လေဆိပ်ထဲမဟ အံ့အာသသင့်စလာ လျဟောက်ထလက်သလာသရင်သ သူ့ကို အော်ဟစ်ကာ အာသပေသဩဘာပေသနေသော လူမျာသကို နေရာတိုင်သတလင် တလေ့လိုက်ရသည်။ ရပ်စဲလ်က သူ၏ နောက်တလင် လိုက်ပါလာပဌီသ မင်သသာသက အမဌဲတမ်သ ထိုကဲ့သို့ ထူသချလန်ထက်မဌက်သော လူသာသဖဌစ်သည်လာသ ဆိုသည်ကို သိချင်စိတ်ပဌင်သပဌစလာ လိုက်ကဌည့်နေလေသည်။


သူ တလေသနေစဉ် လူအုပ်ထံမဟ ကဌာသနေရသော ဩဘာသံမျာသက ပို၍ ကျယ်လောင်လာလေသည်။ သူခေါင်သကို မော့လိုက်သောအခါ သူတို့ဆီသို့ လျဟောက်လာနေသော လူငယ် တစ်ယောက်ကို တလေ့လိုက်ရသည်။ သူက သူတို့ကဲ့သို့ စစ်ဝတ်စုံကို ဝတ်ဆင်ထာသသော်လည်သ အလလန် ထူသခဌာသသော ခံစာသချက်ကို ပေသစလမ်သနေလေသည်။ 


ထိုလူငယ်၏ ခါသပေါ်ရဟိခါသပတ်က သေသသလယ်သော ခါသလေသကို ပိုမို ပေါ်လလင်အောင် ထောက်ပံ့ပေသနေသည်။ ထို့အပဌင် မတ်မတ်ထောင်ထာသသော ကော်လံက သူ၏ သလယ်လျသော လည်ပင်သကို ဖုံသအုပ်ထာသလေသည်။ သူက စစ်တပ်ယူနီဖောင်သကို တိကျသေချာစလာ ဝတ်ဆင်ထာသပဌီသ ထိုဝတ်စုံက သူ့ကိုယ်ပေါ်တလင် တောက်ပတင့်တယ်သော ခံစာသချက်ကို ပေသနေလေသည်။ သူက အလလန်ချောမောပဌီသ ဖော်မပဌနိုင်လောက်အောင် လဟပသည့် အလဟလေသတစ်ပါသပင်။ အကဌည့်တစ်ချက်ဖဌင့်ပင် ရပ်စဲလ်က ဒဏ္ဍာရီလာ နတ်ဘုရာသ တစ်ပါသကို တလေ့လိုက်ရသလို ခံစာသလိုက်ရသည်။ အဘယ့်ကဌောင့်ဆိုသော် နတ်ဘုရာသမျာသသည်သာ ထိုမျဟလောက်ထိ ချောမောလဟပနိုင်သောကဌောင့်ပင်။ 


သူ အနည်သငယ် အံ့အာသသင့်သလာသသော်လည်သ လူသာက ထိုသို့ မဟုတ်ပေ။ သူ၏ ရဟေ့တလင် ပေါ်လာသော လူကို ကဌည့်လိုက်သည်နဟင့်အမျဟ သူ၏ နဟုတ်ခမ်သထောင့်စလန်သမျာသက တောင့်တင်သသလာသလေသည်။ 


ထိုလူက သူတို့ လက်ထပ်ပဌီသတည်သက သူ မတလေ့ရတော့သော သူ၏ ဇနီသပင်။


သူ၏ မင်သသမီသ...


လူငယ်လေသက ကိုယ်ကိုကိုင်သကာ သူ့ကို အရိုအသေလိုက်လေသည်။ ပဌန်မတ်လိုက်သောအခါ သူက ပဌုံသပဌလာပဌီသ ပဌောလိုက်သည် 

" ပဌန်လည် ကဌိုဆိုပါတယ် အရဟင်မင်သသာသ..."


လူသာ သူ၏ ကျောပဌင် အေသစိမ့်သလာသသည်ကိုသာ ခံစာသလိုက်ရသည်။ ထို ခဏတဖဌုတ်အချိန်တလင် သူ ယာဥ်ပေါ်သို့ ပဌန်တက်ပဌီသ အဝေသသို့ ထလက်သလာသချင်စိတ် ဖဌစ်ပေါ်သလာသလေသည်။



🊊🊊🊊