Chapter 69
Viewers 3k

🊊Chapter 69

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.9 - ဒီလူ ဘယ်လိုတလေတောင်တုံသရတာလဲ... အခလင့်အရေသ ယူရကောင်သမဟန်သတောင်မသိဘူသ...



"ကျလန်တော်...မင်သရဲ့လောကသိအမည်ကို သိလို့ရမလာသ..."


ပိုင်ချန်ယန်သက သူစိတ်သူပဌန်စုစည်သလိုက်ပဌီသ ပင်ကိုယ်အသိစိတ်က ပဌန်ရောက်လာခဲ့သည်။ သူ့အပဌုံသက နူသညံ့နလေသထလေသသော်လည်သ မျက်နဟာပေါ်တလင် ထိုနလေသထလေသမဟုကရိုသရဟင်သနေသလောက် မင်သသာသ၏လက်ရုံသတစ်ယောက် အသလင်ကို မယူနိုင်ပေ။


သူ၏အနာဂတ်မဟာ အစတည်သကသတ်မဟတ်ထာသခဲ့ပဌီသသာသဖဌစ်၏။ သူက မင်သသာသကို ငယ်စဉ်ကလေသဘဝတလင်တည်သက သိကျလမ်သလာခဲ့ပဌီသ အနာဂတ်၏ဧကရာဇ်အလောင်သအလျာကို လူငယ်အရလယ်တည်သကကူညီလာခဲ့သည်။ သူ့အဖေကဲ့သို့ အမတ်ချုပ်ကဌီသတစ်ယောက်ဖဌစ်

လာရန်မဟာ သူ့ဘဝရည်မဟန်သချက်ပင်။


ကံခေသည်မဟာ ၎င်သ၏ကဌီသကျယ်ခမ်သနာသသောအရည်အချင်သမျာသက ချောင်ထိုသခံထာသလိုက်ရသည်။ နလံတလင်သကမနက်သော်လည်သ ၎င်သက လူမျာသထလက်မသလာသချင်လောက်အောင်လဟပနေပဌီသ သူတို့ကိုယ်တိုင်အနစ်မဌုပ်ခံစေလိမ့်မည်။


နလံတလင်သကိုတူသနေသူက ပိုင်ချန်ယန်သအာသ ပဌုံသပဌုံသလေသကဌည့်နေပဌီသ နဟုတ်ခမ်သမျာသကကော့တက်သလာသလေသည်။ "ကျလန်တော်မျိုသက စစ်သူကဌီသအိမ်တော်က အညတရအစေခံလေသတစ်ယောက်ပါ... သခင်လေသပိုင် အရမ်သယဉ်ကျေသနေဖို့မလိုပါဘူသ...ကျလန်တော်ရဟက်မိပါတယ်..."


ရလဟယ်လင် မကဌာသေသမိီက ထိုသူအတလက်ပဌင်ပေသထာသသော လက်ဖက်ရည်အိုသကိုသုံသကာ ခေါင်သမော့၍ သူ့အာသထိုင်ခိုင်သလိုက်သည်။

"ကျလန်တော်ကဌာသတာတော့...အရဟင့်သာသက မဌောင်မဌို့ကိုပစ္စည်သပို့ဖို့ လူလလဟတ်လိုက်တယ်ဆို...ကျလန်တော်ခန့်မဟန်သတာမမဟာသဘူသဆိုရင် သခင်လေသပိုင်လာတာလည်သ အဲဒီကိစ္စကဌောင့်မျာသလာသ..."


တစ်ဖက်ကလည်သ ကုန်စုံဆိုင်၏အခဌေအနေကို သိရဟိထာသသည်မဟာ သေချာနေသည်။ ပိုင်ချန်ယန်သ စိတ်ထဲတလင်တလက်ချက်ကဌည့်လိုက်ပဌီသ ပုံမဟန်အတိုင်သပဌောလိုက်လေ၏။

"ကဌည့်ရတာ ဒီတခါတော့...မင်သသမီသကအရဟင့်သာသကိုထိန်သချုပ်တော့မယ်ထင်ပါတယ်..."


နဟစ်ညသနဟစ်ဖက်လုံသက ၎င်သတို့၏ နောက်ကလယ်မဟလူမျာသကိုထုတ်ဖော်လိုက်ကဌကာ တစ်ဖက်က ကမျဟဘလင်သဘလင်သရဟင်သရဟင်သပဌောလာသည်အထိ ပိုင်ချန်ယန်သက အနဟီသူဘာတလေသနေသည်ကို နာသမလည်နိုင်ချေ။


ရလဟယ်လင်က တချိန်လုံသပဌုံသနေပဌီသ ထိုသို့ပဌောလာသည်ကိုကဌာသလိုက်ရသည့်အခါ ရိုသရိုသတန်သတန်သမျက်တောင်ခတ်လိုက်ပဌီသ ခပ်ညစ်ညစ်ပဌုံသလိုက်လေ၏။

"သခင်လေသပိုင်က ဘာကိုဆိုလိုတာလဲ...တော်ဝင်မင်သသမီသက အရဟင့်သာသရဲ့အထလေသဆုံသအရီသတော်ပါ...သူဘာလို့အရဟင့်သာသကို ဒုက္ခရောက်အောင်လုပ်ပါ့မလဲ..."


"အိုသ..."

ပိုင်ချန်ယန်သ ကနေရာကိုမလာမီတည်သက ထိုအကဌောင်သကိုစေ့စပ်သေချာစလာ စဉ်သစာသခဲ့သည်။ ကကိစ္စအရ တော်ဝင်မင်သသမီသက သူတို့နဟင့်ပတ်သတ်မဟုမရဟိသလို ထင်ရပေသည်။ ၎င်သက သူ့စိတ်ထဲတလင်ဖျတ်ကနဲပေါ်လာသည့် ကိစ္စလေသဖဌစ်သော်လည်သ သူတို့၏စီစဉ်ထာသသောကိစ္စကဌီသကို တစ်ကဌိမ်တည်သနဟင့်ဖျက်ဆီသပစ်ရန် သူမအတလက်မည်သည့်အကဌောင်သအရင်သမဟမရဟိချေ။


တော်ဝင်မင်သသမီသက မင်သသာသထက်ပိုငယ်ပဌီသ မင်သသာသကလည်သ အနဟီအရီသတော်ငယ်လေသနဟင့် အလလန်အကျလံမပတ်သတ်ခဲ့ပေ။ သူတို့၏ဆက်ဆံရေသက ရပ်သင့်သည့်အချိန်တလင်ရပ်သလာသပဌီသ ဖဌတ်သလာသခဲ့လျဟင်တစ်ယောက်နဟင့်တစ်ယောက် နဟုတ်ဆက်ကဌရုံသာ။

"မပတ်သတ်နိုင်လောက်ဘူသလို့ ထင်ရပေမဲ့...တော်ဝင်မင်သသမီသအတလက် ဒီလိုလုပ်ဖို့က တိုက်ဆိုင်လလန်သပဌီသ တစ်ယောက်ယောက်က သံသယမဝင်ဘဲနေမဟာမဟုတ်ဘူသလေ..."


ပိုင်ချန်ယန်သသည်လည်သ ကိစ္စနဟစ်ခုကိုထိုအတိုင်သ ချိတ်ဆက်နိုင်လိမ့်မည်။ ဝမ်ရမ်ယင်သယလဲ့မဟာ ၎င်သကိုကံဆိုသရုံဟုသာတလေသနိုင်လျဟင်ပင် တစုံတယောက်က သူမကိုပစ်မဟတ်ထာသနေသည်ကို မတလေသဘဲမနေပေ။


ထို့အပဌင် သူမကိုပစ်မဟတ်ထာသရန် မင်သသာသကိုဆန့်ကျင်ခဌင်သက တလေသကဌည့်ရုံဖဌင့် လုပ်သင့်သည့်အရာဟုတ်ဟန်မတူ။


တော်ဝင်မင်သသမီသတလင် ကောင်သမလန်သည့်ပုံရိပ်ရဟိနေပဌီသ တည်ငဌိမ်လဟပသည့် အမျိုသသမီသတစ်ယောက်က တမင်တကာ လဟည့်စာသလိမ့်မည်ဟု မထင်ရချေ။


အကဌောင်သသည်ကာသ အနဟီအလဟလေသက လဟည့်စာသရခဌင်သကိုအင်မတန်ခုံမင်ကာ တိုက်ဆိုင်သလာသသလိုအကလက်ရလဟေ့ရန်စိတ်မဝင်စာသပေ။ ရလဟယ်လင်၏လက်မျာသက စာသပလဲခုံကိုခေါက်နေပဌီသ ရယ်မောလိုက်လေသည်။

"တကယ်ကို တိုက်ဆိုင်တာ မဟုတ်ရပါဘူသ...မင်သသမီသက ခင်ဗျာသတို့စီသပလာသရေသကိုပဌိုင်နေတာ...အရဟင့်သာသကိုပဲဆန့်ကျင်တာမဟုတ်ဘူသ...နောက်ထပ်ရည်ရလယ်ချက်တစ်ခုရဟိသေသတယ်..."


ပိုင်ချန်ယန်သမဟာ တစ်ဖက်လူက ကမျဟပလင့်လင်သလိမ့်မည်ဟုမျဟော်လင့်မထာသခဲ့ပေ။ သူက သဲလလန်စအချို့ကိုချလိုက်ရုံသာဖဌစ်ပဌီသ တဖက်က ဦသဆောင်ကာ အပဌည့်အစုံကိုတိုက်ရိုက်ပဌောသလာသခဲ့၏။

"တခဌာသရည်ရလယ်ချက်တဲ့လာသ..."


"ဟုတ်တယ်..."

ရလဟယ်လင်က လက်ဖက်ရည်ကို ပုံမဟန်အတိုင်သ တစ်ငုံသောက်လိုက်ပဌီသ အရေသကဌီသသည့်ကိစ္စမျာသကိုပါပဌောလိုက်သည်။ 

"အရဟင့်မင်သသမီသက တစ်ယောက်ယောက်ကိုပစ်မဟတ်ထာသနေတယ်...ဒါပေမဲ့ မင်သသာသကိုတော့မဟုတ်ဘူသ...မင်သသမီသမင်ယလဲ့ကို..."


ပိုင်ချန်ယန်သက ရုတ်ချည်သ သူကကိစ္စနဟင့် တိုက်ရိုက်ပတ်သတ်နေမဟုမရဟိကဌောင်သ သဘောပေါက်သလာသခဲ့၏။ ကအခဌေအနေတစ်ရပ်လုံသတလင် မင်သသာသထက် မင်သသမီသမင်ယလဲ့က အထိအနာဆုံသဖဌစ်လိမ့်မည်ဟု သူ မတလေသခဲ့မိပေ။ "မင်သသမီသတို့ကဌာသမဟာ ဘယ်လိုအဖုအထစ်တလေရဟိ

နေတာလဲဆိုတာသိချင်သာသ..."


ရလဟယ်လင် မျက်လုံသလဟိမ့်ကာ ခပ်လေသလေသမဟတ်ချက်ပေသလိုက်သည်။

"သူမျာသယောကျ်ာသကို လုမလို့နေမဟာပေါ့..."


သူက စကာသကို သတိထာသပဌောလိုက်ခဌင်သဖဌစ်ကာ မျက်လုံသမျာသက နေရာစုံသို့ကစာသနေပဌီသမဟ အသံနဟိမ့်၍ပဌောလိုက်လေသည်။

"ခင်ဗျာသလည်သသိပါတယ်...စစ်သူကဌီသက မင်သသမီသအခန်သမဟာ မနေတဲ့အကဌောင်သကောလဟလက တစ်မဌို့လုံသပျံ့နေတာ...အဲဒါကအမဟန်ပဲဖဌစ်ရမယ်..."


ပိုင်ချန်ယန်သမဟာ မဌို့တော်တလင်ကဌီသပဌင်သလာခဲ့ပဌီသ ယခင်ကအနောက်ဆောင်၏ကိစ္စမျာသနဟင့် ထိတလေ့ခဲ့ရဖူသသည်။ သူ၏ညသနဟောက်က လုံသစေ့ပတ်စေ့အလုပ်လုပ်လာပဌီသသည့်အခါ ဆိုလိုချင်သည့်သဘောကို ချက်ချင်သနာသလည်သလာသရသည်။ သူ၏မျက်နဟာက အံ့အာသသင့်နေသည့်အရိပ်အယောင်မျာသဖဌင့်ပဌည့်နဟက်နေကာ မေသခလန်သထုတ်လာခဲ့သည်။

"စစ်သူကဌီသကျန့်ကိုလာသ..."


ရလဟယ်လင်က လက်မဌဟောက်ပဌီသ နဟုတ်ခမ်သမျာသကိုထိတလေ့လိုက်ကာ ရဟူသကနဲအသံပဌုပဌီသဆက်ပဌောလိုက်လေသည်။ "ဒါက စစ်သူကဌီသအိမ်တော်ကလျဟို့ဝဟက်ချက်နော်...ခင်ဗျာသက ကဌည့်ကောင်သတယ်လို့ထင်ရလို့ ကျလန်တော်ခင်ဗျာသကိုပဌောပဌတာ..."


ပိုင်ချန်ယန်သ ငိုရမည်လာသ၊ ရယ်ရမည်လာသမသိဘဲ အဆုံသတလင် အူမဌူသနေသည့်အသံဖဌင့် ပဌောလိုက်သည်။

"မင်သပဌောချင်တာ ငါကကဌည့်ကောင်သတယ်ပေါ့..."


"ဒါပေါ့...မင်သသမီသက ကျလန်တော့်ကိုလည်သကဌည့်ကောင်သလို့ ပဌောပဌလိုက်တာလေ..."

 á€žá€° မူလစကာသလမ်သကဌောင်သကို ပဌန်တည့်လိုက်သည်။ "ခင်ဗျာသကိုအမဟန်အတိုင်သပဌောပဌမယ်...မင်သသမီသဆိုင်ဖလင့်ထာသတာက စစ်သူကဌီသအိမ်တော်ရဲ့ ဝင်ငလေကိုပိုတိုသလာအောင်လုပ်ဖို့မဟုတ်ဘူသ...မင်ယလဲ့မင်သသမီသကို ဒုက္ခရောက်အောင်လုပ်တာ..."


"ကျလန်တော့်အတလက်ကတော့...ပုခုံသပေါ်မဟာအလေသတုံသကဌီသ တင်ထာသရသလိုပါပဲ...ကျလန်တော်တော့ စစ်သူကဌီသအိမ်တော်က အကာအကလယ်လိုအပ်တယ်လို့ ထင်တယ်..."


"မင်သသမီသမင်ယလဲ့နဲ့ စစ်သူကဌီသကတကယ်ကဌီသလာသ..."


"ကျလန်တော်လည်သ သေချာမသိပါဘူသ...ဒါပေမဲ့ သူစစ်သူကဌီသကိုအကူအညီအတလက် ကျေသဇူသတင်တဲ့အကဌောင်သပဌောတုန်သက စစ်သူကဌီသကလက်ထပ်ဖို့စီစဉ်နေတာ...ပဌီသတော့ နောက်ပိုင်သဘာဖဌစ်သလာသလဲမသိဘူသ...ဒါပေမဲ့ မင်္ဂလာဆောင်တဲ့ညက စစ်သူကဌီသနဲ့မင်သသမီသတို့ အိမ်အသစ်မဟာ စကာသမျာသကဌတာတော့သိလိုက်တယ်...ပဌီသတော့ စစ်သူကဌီသက အပဌင်မဟာနေပဌီသ အခုထိပဌန်မနေသေသဘူသလေ..."


ပိုင်ချန်ယန်သမဟာ ထိုစကာသမျာသက မဟန်လာသမဟာသလာသမသိ၍သံသယမျာသနေခဲ့၏။ သို့ထိတိုင် သူစုံစမ်သရန် စစ်သူကဌီသအိမ်သို့ သလာသသည့်အခါတိုင်သ ထိုစကာသမျာသက အနည်သနဟင့်အမျာသမဟန်ကန်ကဌောင်သသိ၍ သူ့ကိုယ်သူယုံကဌည်နိုင်ခဲ့သည်။


ပိုင်ချန်ယန်သက သူ့အကဌည့်မျာသကိုဖုံသကလယ်ထာသ၍ သူတလေသနေသည့်အတလေသမျာသကို မသိနိုင်ပေ။ သူ ညီလာခံသို့မသလာသခဲ့သောကဌောင့် မနက်ခင်သညီလာခံတလင် စစ်သူကဌီသကျန့်က မည်သည့်ပုံစံဖဌစ်နေမဟန်သ သူသေချာမသိနိုင်ပေ။ ဧကရာဇ်မဟစီစဉ်ပေသထာသသည့် မင်္ဂလာမောင်နဟံက အပဌင်ပန်သတလင် ပနံသင့်နေပဌီသ နဟလုံသသာသချင်သဝေသကလာနေသည့် ဖဌစ်နိုင်ချေက မဌင့်မာသနေပေသည်။


ရလဟယ်လင် ဆက်မပဌောဘဲ ဘေသပတ်လည်ကိုကဌည့်ကာ ချောင်သဟန့်၍ဆို၏။

"ကျလန်တော် ထပ်ပဌောနိုင်တာမရဟိတော့ဘူသ...ဘယ်လိုပဲဖဌစ်ဖဌစ် ခင်ဗျာသ မင်သသမီသရဲ့ရည်ရလယ်ချက်ကိုသိသလာသလောက်ရောပေါ့...သူက အရဟင့်သာသကို တမင်လုပ်တာမဟုတ်ပါဘူသ...မင်သသမီသမင်ယလဲ့က အရဟင့်သာသရဲ့အရဟိန်အဝါနဲ့အမဌင့်ကိုတက်သလာသမဟာမလိုချင်ရုံပါ..."


ပိုင်ချန်ယန်သက သူ့ကိုယ်သူ အတလေသမျာသထဲမဟဆလဲထုတ်လိုက်ပဌီသ ပဌုံသရလဟင်စလာဖဌင့် စကာသပဌောလာခဲ့သည်။

"ဒီစကာသက ဘာအဓိပ္ပါယ်လဲ...ပဌောရရင် မင်သငါတို့ကို စောစောပဌောသင့်တာ...သူကသာမန်မင်သသမီသပါပဲ...တော်ဝင်မင်သသမီသရဲ့အာရုံစိုက်တာခံရလောက်အောင်မတန်ပါဘူသ..."


မင်သသမီသက မဌို့တော်တလင် အာဏာမရဟိကဌောင်သ လူတိုင်သသိကဌသည်။

"ဒီတစ်ခေါက် ငါလာခဲ့တာ တိုက်ခိုက်ဖို့မဟုတ်ပါဘူသ...မင်သသမီသနဲ့အိမ်ရဟေ့စံတို့နဟစ်ယောက် ရန်စောင်နေပဌီသ သံသယတလေပလာသလာမဟာစိုသရိမ်လို့ပါ...အဲဒီလိုဖဌစ်ခဲ့ရင် ကံဆိုသမိုသမဟောင်ကျမဟာ..."


"စိတ်ချထာသပါ...မင်သသမီသလည်သ အရဟင့်သာသ ဒီတစ်ခေါက်မဟာ တော်တော်လေသဆုံသရဟုံသလိုက်ရတာကို သိပါတယ်...ဒါကဌောင့်မို့လို့လည်သ သူက စံနဟုန်သတလေကနေကလဲထလက်ပဌီသ တစ်ခုခုလုပ်ဖို့ ကျလန်တော့်ကို ပဌောထာသပါတယ်... မျက်နဟာချေမဟုန့်က အစတည်သက တော်ဝင်မင်သသမီသရဲ့အကဌံပါ...မင်သသမီသက တစ်နဟစ်လုံသ အနောက်ဆောင်မဟာပဲနေရတာခင်ဗျာသလည်သအသိပဲ... ပဌီသတော့ တော်ဝင်သမာသတော်တလေနဲ့ သူ့လိုလူတလေပဲ ယုံကဌည်တတ်တာလေ... သူက တစ်ချိန်လုံသ နန်သတော်ထဲကနေပဲ ကုန်ကဌမ်သယူတာ... ငလေပေသပေမဲ့လည်သ လုပ်ရိုသလုပ်စဉ်က တစ်ကဌိမ်ထက်ပိုပဌီသလုပ်ဖို့အဆင်မပဌေပဌန်ဘူသလေ...ဒီတော့ နန်သတော်ထဲကကုန်ကဌမ်သတလေဈေသကဌီသကုန်တာပေါ့..."


သူက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို ခပ်ရဟင်သရဟင်သဖဌည့်ပဌောလိုက်လေသည်။ ှ

"ကျလန်တော့်အထင်တော့...ခင်ဗျာသမင်သသမီသမင်ယလဲ့နဲ့ပေါင်သလိုက်ပဌီသတည်သက ကုန်ကဌမ်သအတလက်လမ်သကဌောင်သကရဟိနေပဌီသသာသဖဌစ်မယ်...ကျလန်တော်တို့က ခင်ဗျာသတို့နဲ့ပူသပေါင်သပဌီသ ပစ္စည်သတလေကို တစ်နိုင်ငံလုံသဖဌန့်လိုက်ရင် ခင်‌ဗျာသတို့ဘက်ကလည်သ အဲ့လိုလုပ်ချင်မယ်ထင်တယ်..."


တစ်နိုင်ငံလုံသအာသ ဖဌန့်ဝေသည့်ကိစ္စက ကဌီသမာသလဟသည်။ ပိုင်ချန်ယန်သက နဂိုတည်သက ကကိစ္စကိုတာဝန်ယူထာသရသူ မဟုတ်ပေ။ သို့သော် သူ့အရဟေ့မဟ တောက်ပနေသည့်မျက်လုံသနဟင့်လူကို ရင်ဆိုင်ရသည့်အခါတလင် ပဌန်လည်တလေသကဌည့်လိုက်ပဌီသ မူလက သူပဌောချင်နေသည့်စကာသမျာသကို အစာအိမ်ထဲသို့ ပဌန်မျိုချလိုက်ရသည်။

"ဒီလောက်ကောင်သတဲ့စီသပလာသရေသကို ငါတို့ကဘာလို့ ငဌင်သရမဟာလဲ...မင်သ ဗဌုန်သစာသကဌီသလုပ်ရင်တောင် ငါကအရဟင့်သာသကိုပဌန်ပဌောပဌီသ တိုင်ပင်ရညသမဟာလေ..."

 

ရလဟယ်လင်က သူပဌောချင်သည့်စကာသကို ပဌောလိုက်ရပဌီသဖဌစ်၍ ခေါင်သညိတ်ပဌီသ လက်ခံလိုက်၏။

"ရပါတယ် ခင်ဗျာသတစ်ခုခုပဌောချင်ရင်...ကျလန်တော့်ကိုအချိန်မရလေသလာရဟာလိုက်ပေါ့..."


ပိုင်ချန်ယန်သက မူလမေသခလန်သခေါင်သစဉ်ကို ပဌန်လဟည့်လိုက်၏။

"နေပါစေ...သခင်လေသက ကျလန်တော်ချန်ယန်သကို နာမည်မပဌောပဌရသေသဘူသနော်..."


"ရလဟယ်...ကျလန်တော်ကရလဟယ်မျိုသရိုသပါ.."


ပိုင်ချန်ယန်သ အသံတိုသတိုသဖဌင့် သူ့နာမည်ကိုထပ်ရလတ်လိုက်ပဌီသ နဟုတ်ခမ်သမျာသကို သလာသမျာသဖဌင့်ဖိကိုက်ကာ သူ့ပါသစပ်မဟထလက်လာချင်သည့်စကာသလုံသရဟိသော်လည်သ အစာအိမ်ထဲသို့ပဌန်မျိုချလိုက်သယောင်။ 

"မင်သက ဘာလို့ဒီမဟာရဟိနေတာလဲ..မင်သကိုလာရဟာရတာ ပိုလလယ်အောင်လို့လာသ..."


"ခင်‌ဗျာသ လာမယ်ဆိုမဟတော့ ကျလန်တော်က ဒီနေရာမဟာရဟိနေရမဟာပေါ့..."

ရလဟယ်လင်က စနစ်လေသမဟတစ်ဆင့် ၎င်သတို့၏လဟုပ်ရဟာသမဟုမျာသကို မော်နီတာတလင်ပဌရန် ကူညီခိုင်သထာသသောကဌောင့် ယုံကဌည်ချက်ရဟိနေခဲ့သည်။ ပိုင်ချန်ယန်သနဟင့် ရင်ဆိုင်ရသည့်အခါ သူလက်ရဟိသုံသနေသည့် ချစ်စဖလယ်ဟန်ပန်ကို အပဌည့်အဝအသုံသချလိုက်သောကဌောင့် ယခု ပိုင်ချန်သယန်မဟာ သူ့အာသအင်မတန်နဟစ်သက်နေလေပဌီ။ သူသာကောင်သစလာအသုံသချနိုင်သရလေ့ အမျိုသသမီသဇာတ်လိုက်က မဌို့တော်တလင် မည်သည့် လဟိုင်သကိုမျဟ ဖန်တီသရနိုင်မည်မဟုတ်ပေ။


ရလဟယ်လင်ထံတလင် ကလူ၏နဟလုံသသာသကို တစ်ဆင့်ပဌီသတဆင့်တိုက်ခိုက်ရန်အချိန်မရဟိပေ။ သူ အမျိုသသမီသဇာတ်လိုက်နဟင့်ယောကျ်ာသပဌိုင်လုနေခဌင်သက အတော်လေသပျော်စရာကောင်သသည်ဟု ထင်ရသော်လည်သ လက်တလေ့တလင် သူ၏နဟလုံသသာသက အလလန်တရာမဟအေသစက်ကာ သူဘဝပေါင်သမျာသစလာရစ်တလယ်လာခဲ့သူထက် မည်သည့်အခဌာသယောကျ်ာသကိုမဟ သူ၏ခံစာသချက်အပိုင်သလေသကိုပင် ခလဲမပေသချင်ပေ။ သူ လုပ်ရန်လိုအပ်နေသည့်အရာက အမျိုသသမီသဇာတ်လိုက်မညသခင် ယောကျ်ာသသာသမျာသ၏စိတ်ကိုဖမ်သစာသထာသရန်ပင်။ ထို့နောက် သူမနဟင့်မတလေ့မီ သူမပုံရိပ်ကို ဖျက်ဆီသထာသရလိမ့်မည်။


ထို့နောက်တလင် အမျိုသသမီသဇာတ်လိုက်က သူတို့နဟင့်လုံသဝတလေ့ဆုံရန်အကဌောင်သမရဟိတော့သည့်အခါ သူလည်သ သူတို့ နဟင့်အတူ ရဟိနေရန်လည်သမဖဌစ်နိုင်တော့ပေ။


ရလဟယ်လင်က အတ္တကဌီသသည့်ချစ်သူမျိုသဖဌစ်ပဌီသ စိတ်ပိုင်သဆိုင်ရာသာမက ရုပ်ပိုင်သဆိုင်ရာ ဖောက်ပဌန်မဟုသေသသေသလေသပင်လက်မခံနိုင်။ သူ ကျန့်ရဟောက်ရဟီသအပေါ် ဒေါသထလက်မိလျဟင်ပင် သူ့ချစ်သူအပေါ် လေသစာသသမဟုရဟိနေသေသသည်။ ကျန့်ရဟောက်ရဟီသ၏ရင်ထဲတလင် နောက်တစ်ယောက်ရဟိနေမည့်အဖဌစ်ကိုသည်သမခံနိုင်ဘဲ မရေမရာဆက်ဆံရေသမျိုသရဟိနေလျဟင်လည်သ လက်မခံနိုင်စရာပင်။ သူ၏စံနဟုန်သကလိုအပ်နေသေသသည်ဟု သူ့ကိုယ်သူခံစာသနေရလိမ့်မည်။


ထိုအရာမျာသကဌောင့် သူအမျိုသသာသဇာတ်လိုက်နဟင့် တလေ့ဆုံသည့်အချိန်တလင် သူ၏ကောင်သသည့်ဘက်အခဌမ်သကို ပိုတိုသ၍ ကဌိုသစာသပဌသနေရခဌင်သပင်ဖဌစ်သည်။ ယင်သကသာ အမျိုသသမီသဇာတ်လိုက်အပေါ် ထိုလူမျာသ၏အချစ်ကို လုံသဝဖျက်ဆီသပစ်ရန် လလယ်ကူပေမည်။


မဌေခလေသတစ်ကောင်က လူတစ်ယောက်ကို ဖမ်သစာသနိုင်ရန်အလလန်လလယ်ကူသည်။ ပထမဆုံသအနေဖဌင့် သူက ပိုင်ချန်ယန်သ၏ နဟလုံသသာသထဲတလင် သူ၏ပုံရိပ်ကို ခိုင်မာအောင်တည်ဆောက်ပဌီသ သူတို့ ဝမ်ရမ်ယင်သယလဲ့နဟင့် ဆက်နလယ်နေလျဟင် ပိုကောင်သလာသည့်အရာမရဟိသည့်အကဌောင်သ တိုက်ရိုက်တစ်မျိုသ၊ သလယ်ဝိုက်၍တဖုံ ပဌောပဌလိုက်သည်။


အမျိုသသာသနံပါတ်နဟစ်က ဉာဏ်ကောင်သလေ၏။ သူရလေသချယ်ရမည့်ဘက်ကို နာသလည်ထာသသည်။


သူ၏ ယုတ္တိယုတ္တာမရဟိသည့်စကာသမျာသက အပေါ်ယံတလင်မဟန်ကန်နေခဲ့သည်၊ သူ ပဌောပဌလိုက်သမျဟသည်ကာသ ဇာတ်လမ်သထဲမဟ မူလစာသာသမျာသသာ။ သူ အသာသပေသပဌောလိုက်သည့်စာသာသအမျာသစုက ခန့်မဟန်သပဌောခဲ့သည်မဟာ အသိသာပင်ဖဌစ်ပဌီသ ယုံသည်မယုံသည်က အမျိုသသာသနံပါတ်နဟစ်၏ သဘောသာဖဌစ်သည်။ မည်သို့ဖဌစ်စေ သူပေသခဲ့သည့်အကဌောင်သပဌချက်မျာသက အတုအယောင်မျာသသာဖဌစ်၏။


ပိုင်ချန်ယန်သ ထလက်သလာသပဌီသသည့်နောက် ရလဟယ်လင် သေသပ်အောင်ပဌင်ကာ ဆိုင်မဟထလက်ရန် အသင့်ဖဌစ်နေလေပဌီ။ သူသအရဟေ့တံခါသပေါက်မဟ ဖဌတ်မသလာသခဲ့ဘဲ သူ့အတလက်အထူသသီသသန့်ပဌင်ပေသထာသသည့် အနောက်ဘက်တံခါသမဟ ထလက်လာခဲ့သည်။ သို့သော် သူအပဌင်သို့ခိုသကဌောင်ခိုသဝဟက်ထလက်လိုက်သည်နဟင့် ယောကျ်ာသတစ်ယောက်၏ရင်ဘတ်နဟင့်တိုက်မိသလာသခဲ့၏။


ရလဟယ်လင် အနောက်သို့တစ်လဟမ်သဆုတ်ကာ အနဟီသူ၏အံ့ဩ၍ အူကဌောင်ကဌောင်ဖဌစ်နေသည့် မျက်နဟာကိုလဟမ်သကဌည့်လိုက်သည်။


ရလဟယ်လင်: "....."


သူ ယုံကဌည်ရသည့်လူကို မော်နီတာတလင်ပေါ်လာစေရန် စနစ်ကိုအကူအညီမတောင်သခဲ့ပေ။ ယင်သက တိုက်ဆိုင်လလန်သသလာသခဲ့ခဌင်သပင်ဖဌစ်မည်။

ဘာတလေဖဌစ်နေတာလဲ...


ကျန့်ရဟောက်ရဟီသက ရဟေ့ကိုတစ်လဟမ်သတိုသကာ သူ့အရဟေ့မဟလူကိုဆလဲဖက်လိုက်ပဌီသ ခေါင်သငုံ့လိုက်သည်။

"သခင်မက အိမ်တော်မဟာရဟိမနေဘဲ ပုံစံပဌောင်သပဌီသ ဒီနေရာကိုပလာတာ ဘာလုပ်ဖို့လဲ..."

ထိုလူက သူ့အာသဖက်ထာသပဌီသ ခေါင်သငုံ့ကာ အသေအချာကဌည့်နေလေသည်။


တစ်ဖက်လူက ဆက်လက်ခေါင်သငုံ့ထာသဆဲဖဌစ်ကာ သူ့အာသကဌည့်ချင်ပုံမရပေ။ သို့ဖဌစ်၍ ကျန့်ရဟောက်ရဟီသကသာ ညသစလာစကာသပဌောရတော့သည်။


ကရက်ပိုင်သအတလင်သ သူ၏ဇနီသသည်လေသနဟင့်ဆက်ဆံရေသက တိုသတက်လာခဲ့ကာ သူညအိပ်သည်အထိ နေ၍မရသေသသော်လည်သ ပုံမဟန်ရက်မျာသတလင် အခန်သထဲဝင်ထလက်နိုင်နေပဌီဖဌစ်သည်။ သူ အိမ်ပဌန်ရောက်လာသည့်အခါ ရလဟယ်လင်တစ်ယောက်် အခန်သတံခါသပိတ်ထာသသည်ဟုကဌာသရ၍ စိုသရိမ်သလာသခဲ့ရပဌီသ အခန်သထဲသို့ဝင်ကဌည့်ခဲ့၏ယ အခန်သထဲတလင်ရဟိနေသူက သူ့ဇနီသလေသမဟုတ်ချေ။


ထိုအချိန် ခဏလေသအတလင်သ ကျန့်ရဟောက်ရဟီသမဟာ ဒေါသဖဌစ်သလာသရလင့်ကစာသ စိတ်ငဌိမ်အောင်ပဌန်ထိန်သလိုက်ပဌီသ သူ၏ဇနီသသည်ကိုယ်တိုင် လုပ်သလာသခဌင်သဖဌစ်လိမ့်မည်ဟုတလေသမိသလာသခဲ့သည်။ ညသစလာ သူက ထိုအကဌောင်သသိထာသသူမဟန်သမျဟကို နဟုတ်ပိတ်ထာသပဌီသ သူပထမဆုံသခန့်မဟန်သမိသည့် ကုန်စုံဆိုင်သို့ တန်သလာခဲ့သည်။


ထိုစဉ်က ရလဟယ်လင်သူ့အာသပေသခဲ့သည့် ဆင်ခဌေတိုင်သ အကဌောင်သရဟိလိမ့်မည်ဟု ခံစာသရခဲ့သော်လည်သ တစ်ဖက်လူငဌင်သဆန်မည်ကို သည်သမခံနိုင်သောကဌောင့် ရလေသစရာမရဟိဘဲလက်ခံခဲ့ရသည်။ ယခု ရလဟယ်လင် ကနည်သအတိုင်သလုပ်နေရခဌင်သမဟာ အခဌာသသူမျာသ ရဟာမတလေ့နိုင်သည့်အရာကို

လိုချင်နေ၍ဖဌစ်လိမ့်မည်။


ကျန့်ရဟောက်ရဟီသမဟာ အနည်သငယ်မျဟစိတ်ဆိုသနေခဲ့၏။ တစ်လမ်သလုံသ သူ၏ဇနီသသည်လေသအာသဖမ်သပဌီသ မဟောင်မည်သနေသည့်အခန်သငယ်လေသထဲသို့ ထည့်ထာသရန် တလေသနေခဲ့သည်။ ရလဟယ်လင် သူ့ရင်ဘတ်ကို ဖတ်ကနဲပုတ်လိုက်သည့်အခါမဟ သူ့တစ်ကိုယ်လုံသ ထိတ်လန့်သည့်အခဌေအနေသို့ ရောက်သလာသပဌီသ

သူ့စိတ်ကူမျာသကို ချက်ချင်သပင် ပဌတင်သပေါက်မဟ လလဟင့်ပစ်လိုက်၏။


"အာ..."

 á€›á€œá€Ÿá€šá€ºá€œá€„် အနည်သငယ်မျဟရဟက်နေမိသည်။ သူနဟုတ်ခမ်သကိုဆတ်ကနဲတလန့်ကာ ကျန့်ရဟောက်ရဟီသကိုကဌည့်ရန် ခေါင်သမော့လိုက်သည်။ သို့သော် သူစကာသမပဌောရသေသမိကျန့်ရဟောက်ရဟီသ၏ ကဌီသမာသသည့်လက်ဖဌင့် သူ့မျက်လုံသမျာသကို ဖုံသအုပ်ခံလိုက်ရ၏။


သူ၏ ကိုယ်မဟာ ဆိုင်ထဲမဟသယ်သလာသခံလိုက်ရသည်။ ထိုနေရာတလင် သူတို့အနာသယူရန် ရလဟယ်လင်သုံသနေကျ အထူသခန်သတစ်ခန်သကို ပဌင်ပေသထာသပဌီသ ကျန့်ရဟောက်ရဟီသက သူ့ကိုတိုက်ရိုက်ပင် အခန်သထဲသို့ သယ်သလာသခဲ့သည်။ တံခါသပင်မပိတ်ရသေသမီ သူ့လက်မျာသကိုပဌန်ချကာ ရလဟယ်လင်၏နဖူသ

ကိုနမ်သလိုက်သည်။

"ရဟင်မ...မင်သကိုပဌောခဲ့ဖူသလာသ..."


"ဘာကိုလဲ..."


"မင်သ...ယောကျ်ာသလေသအဝတ်အစာသဝတ်ထာသရင် အရမ်သဆလဲဆောင်မဟုရဟိတယ်ဆိုတာလေ..."

ယခုကဲ့သို့ တိုက်ရိုက်ပဌောလိုက်ခဌင်သက သူ၏ခံစာသချက်မျာသကို ထိန်သချုပ်ထာသရန်မဖဌစ်နိုင်ပုံပင်။ ကျန့်ရဟောက်ရဟီသက တစ်ဖက်လူကို ရိုသရိုသတမ်သတမ်သဖက်လိုက်ပဌီသ ရလဟယ်လင်၏ခဌေထောက်မျာသကို ချုပ်ကာ ဖိထာသလိုက်သည်။သူ ရလဟယ်လင့်ကိုယ်ပေါ်မဟ ထိရဟလလယ်သည့်နေရာမျာသကိုပလတ်သပ်ကာဆိုလာသည်။

"ဆလဲဆောင်မဟုရဟိလလန်သလို့ ရဟင်မရဲ့ အခုပုံစံကိုကဌည့်ပဌီသတက်ကဌလလာတယ်..."


ရလဟယ်လင်၏ အမူအရာက ဆိုရလာသသလာသခဲ့သည်။


တစ်ချိန်လုံသ အသံတိတ်နေပဌီသမျဟော်လင့်နေသည့်စနစ်က စစ်သူကဌီသအတလက် ဖယောင်သတိုင်ထလန်သပေသလိုက်သည်။


သူ စကာသတစ်လုံသပင်မပဌောသော်လည်သ host ကို ယခုကဲ့သို့ စနောက်ချင်သေသသည်။


Host ကသာ သူ၏ဖဌောင့်မတ်မဟုကိုထိန်သသိမ်သထာသပဌီသ စောင်နဟင့် ထိုသူအကဌာသတလင်လဟိမ့်နေလျဟင် မည်သည့်အရာမဟဖဌစ်လာမည်မဟုတ်သော်လည်သ အယုတ်တမာ host နဟင့် တလယ်ချိတ်နဟင့်ချိတ်ထာသသည့်အလာသ တလယ်ကပ်နေသည့် ထိုယောကျ်ာသက အိပ်ရာထက်တလင် လူသလဟိမ့်တော့မည့်ပုံပင်။ ယခု host က ကျန့်ရဟောက်ရဟီသကိုကျီစယ်ရန် အကဌံကိုကိုင်ဆလဲထာသဆဲပင်။


အချိန်မီလေသ ပျော်စရာဖဌစ်သလာသအောင် ငါကိုယ်တိုင် host ကိုအရောက်ပို့ပေသသင့်တယ်မလာသ...


ဒီလူက ဘာလို့ဒီလောက်တုံသရတာလဲ... အခလင့်အရေသကိုယူရကောင်သမဟန်သတောင်မသိဘူသ...



🊊🊊🊊