Chapter 70
Viewers 3k

🊊Chapter 70

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.10 - hostရေ ဘာလို့ ပဌ‌ဿနာရဟာရတာလဲ...




မဌင်ကလင်သက အနည်သငယ် ကို့ယို့ကာသယာသနိုင်သည်။ ထိုလူ၏ မာနေသော ခန္ဓာကိုယ်အောက်ပိုင်သက သူ့ကိုယ်ပေါ်သို့ ဖိထာသသောကဌောင့် ရလဟယ်လင်၏ဦသခေါင်သ ထုံကျင်သလာသသလို ခံစာသလိုက်ရသည်။ သူ၏ လက်ရဟိခန္ဓာကိုယ်က တိုသတက်လာသော်လည်သ ငယ်ရလယ်ကာအာသနည်သ ပျော့ပျောင်သနေသောကဌောင့် သူ မခုခံနိုင်ပေ။ သူ၏ မျက်နဟာက ဗလာဖဌစ်နေပဌီသ နဟုတ်ခမ်သကို တင်သတင်သစေ့ကာ တစ်ဖက်လူကို စိုက်ကဌည့်နေလေသည်။ 


ကျန့်ရဟောက်ရဟီသ၏လက်က လေထဲတလင် တန့်သလာသပဌီသ မသင့်တော်သည်ကို လုပ်ခဲ့ကဌောင်သ သူသိလေသည်။ သူ ရလဟယ်လင်နဟင့် လက်ထပ်ပဌီသချိန်တည်သက မရင်သနဟီသသောကဌောင့် ထိုကဲ့သို့ မသင့်တော်သော လဟုပ်ရဟာသမဟုမျိုသကို လုပ်ရန် အနည်သငယ် မလျော်ကန်ပေ။ 


သူ့ရင်ခလင်ထဲမဟလူက သူ တရာသဝင် ပလင့်ပလင့်လင်သလင်သ လက်ထပ်ထာသသော သူ၏ ဇနီသလေသဖဌစ်သည်။ သူ ထိုသူကို နေ့နေ့ညည တလေသနေခဲ့ပဌီသ ထိုသူ နေ့တိုင်သ စိတ်ကျေနပ်စေရန် ကဌိုသစာသခဲ့ရပဌီသ သူမက သူ၏ အချစ်ကလေသဖဌစ်သည်။ ကျန့်ရဟောက်ရဟီသ ထပ်မံ၍ ထိန်သချုပ်မထာသနိုင်တော့ပေ။ 


သူ၏ ဇနီသလေသက ယောင်္ကျာသဝတ်စုံမျာသနဟင့် ပို၍ ကဌည့်ကောင်သမည်ဟူသော အတလေသရဟိခဲ့သည်။ သို့သော် သူမ အမဟန်တကယ် ယောင်္ကျာသလေသလို ဝတ်ဆင်လိုက်ပါက သူ ထိုမျဟလောက်ထိ နဟလုံသခုန်မဌန်လိမ့်မည်ဟု မထင်ခဲ့ပေ။ 


၎င်သက သူ၏ ခေါင်သထဲမဟ အတလေသဖဌစ်ပဌီသ ထိုသူက သူ့ဘဝ၏ အချစ်စစ်အချစ်မဟန်ဖဌစ်ကဌောင်သ ပဌောပဌနေလေသည်။ သူမကို သူ သေချာ ဖမ်သဆုပ်ထာသနိုင်မဟ သူ့ဘဝက ပဌီသပဌည့်စုံမည် ဖဌစ်သောကဌောင့် သူမကို သူ၏ ဘေသတလင် ထာသမည်ပင်။ မူလက သူ့ရဟေ့မဟ လူကို အလဟကဌည့်နေရုံဖဌင့်သာ ကျေနပ်နေခဲ့သော်လည်သ ယခုတလင်မူ သူမကို ပိုင်ဆိုင်လိုစိတ် အလလန်ကဌီသမာသနေလေသည်။ 


သူ ခေါင်သငုံ့ကာ ရလဟယ်လင်၏ ခေါင်သကို နမ်သလိုက်လေသည်။

 " ရဟင်မ ကိုယ့်ကို ကဌည့်မနေနဲ့... မင်သရဲ့ ယောင်္ကျာသက စိတ်မထိန်သနိုင်ဘဲ မင်သကို ဒီနေရာမဟာ နာကျင်အောင် လုပ်မိမဟာစိုသတယ်..." 


ရလဟယ်လင် သရော်ကာ ပဌောလိုက်သည်။

"စစ်သူကဌီသက နည်သနည်သတော့ အရဟက်ရဟိသင့်ပါတယ် ဘာမျာသလုပ်ချင်နေလို့လဲ..."


" ကိုယ့်ရဲ့ဇနီသလေသနဲ့ နီသစပ်ချင်တယ်..."

သူ ရလဟယ်လင်ကို ဖက်ထာသရင်သ ပဌုံသကာ ပဌောလိုက်သည်။

" ကိုယ့်ဇနီသရဲ့ ခလင့်ပဌုချက်မရရင် ဘာမဟ မလုပ်ဘူသဆိုပေမဲ့ ကိုယ့်ရဲ့ ထိန်သချုပ်နိုင်စလမ်သက သိပ်မကောင်သဘူသ... ရဟင်မ ကိုယ့်ကို ဆလဲဆောင်နေရင် ကိုယ့်ရဲ့ ထိန်သချုပ်နိုင်စလမ်သက လလတ်သလာသဖို့ ပိုလလယ်တယ်.." 


ရလဟယ်လင် : "..."


"စစ်တန်သလျာသက ယောင်္ကျာသတလေက အရလယ်ကောင်သတလေလေ ကိုယ့်ဇနီသက ဘယ်လိုလုပ် ကိုယ့်ကို တစ်ချိန်လုံသ စိတ်ထိန်သထာသအောင် လုပ်နိုင်ရတာလဲ... ကိုယ် မင်သကို ကဌည့်ရုံပဲ ကဌည့်လို့ရပဌီသ ထိလို့မရဘူသလေ..."


ရလဟယ်လင်၏ အမူအရာက မဟောင်မိုက်နေပဌီသ ထိုလူကို အမဟန်တကယ် ရိုက်ပစ်ချင်နေလေသည်။

" ရဟင် စိတ်မထိန်သနိုင်ရင် တခဌာသတစ်ယောက်ကို သလာသရဟာလိုက်... " 


" ရဟင်မရဲ့ မဟတ်ချက်က နည်သနည်သလေသ ထူသဆန်သတယ်..." 

ကျန့်ရဟောက်ရဟီသ သူ့မေသစေ့ကို ဖျစ်လိုက်ပဌီသ မျက်လုံသမျာသက သူ့ရဟေ့မဟလူကို အရဟင်လတ်လတ် ဝါသမျိုချင်နေသကဲ့သို့ ဆာလောင်မဟုမျာသဖဌင့် ပဌည့်နဟက်နေလေသည်။ သူ အံကဌိတ်ရင်သ ဆက်ပဌောလိုက်သည်။

" ကိုယ့်မဟာ ဇနီသရဟိတယ်လေ ကိုယ့်ရဲ့ ထိန်သချုပ်မဟုတလေကို ဖဌေရဟင်သဖို့ ဘာလို့ တခဌာသတစ်ယောက်ကို ရဟာရမဟာလဲ... ကိုယ့်ဇနီသ အမျိုသသမီသလေသက ကိုယ့်ကို အိမ်ထောင်တစ်ဖက်နဲ့ အပဌင်မဟာ တခဌာသသူ ရဟာစေချင်တာလာသ..."


သူ ခဏလောက် တလေသနေပဌီသနောက် ထိုအကဌံပဌုချက်ကို ငဌင်သပယ်လိုက်လေသည်။

" မကောင်သပါဘူသကလာ ကိုယ့်ဇနီသအမျိုသသမီသလေသက တာဝန် အသိစိတ်ရဟိရဟိနဲ့ ကိုယ့်ယောင်္ကျာသကို သေချာ ဂရုစိုက်သင့်တယ်လေ..."


ရလဟယ်လင် : "..." 

ဘာလို့ ဒီလူဆီမဟာ အရင်ဘဝက အော်ဂတ်စတင်သရဲ့အရိပ်အယောင်တလေကို ရုတ်တရက်ကဌီသ တလေ့လိုက်ရတာလဲ...


" ကိုယ်က ကိုယ့်ဇနီသကို ဦသဆောင်နိုင်တဲ့ အာဏာ ပေသထာသတယ်လေ ဘာလို့ ကိုယ့်ဇနီသ အမျိုသသမီသလေသက ယူဖို့ ဝန်လေသနေရတာလဲ..."

ရလဟယ်လင် သူ့မျက်လုံသမျာသကို မဟေသကျဥ်သလိုက်ကာ သူ့လက်မျာသကို ထိုလူ၏ လည်ပင်သပေါ်တလင် ဖက်လိုက်လေသည်။

 " ရဟင် သိချင်လာသ..."


သူက အလလန်နီသကပ်နေပဌီသ သူ၏ပန်သဖျော့ရောင် နဟုတ်ခမ်သပါသလေသက ကျန့်ရဟောက်ရဟီသကို အနည်သငယ် ဆလဲဆောင်နေလေသည်။ 


" အင်သ..."

သူ၏ အသံက အလလန်နက်ရဟိုင်သနေသည်မဟာ စိတ်ကို အစလမ်သကုန် ထိန်သချုပ်နေရသကဲ့သို့ပင်။ 


ထိုလူ၏ ခန္ဓာကိုယ် အောက်ပိုင်သက ပို၍ပင် ဖောင်သလာသည်ကို ရလဟယ်လင် ရဟင်သရဟင်သလင်သလင်သ ခံစာသလိုက်ရလေသည်။


" ကောင်သပဌီလေ..."

သူ့အသံထဲတလင် အနည်သငယ် ရယ်သံရောယဟက်နေပဌီသ လက်လဟမ်သကာ ခါသပတ်ကို ဖဌည်လိုက်လေသည်။ 


ကျန့်ရဟောက်ရဟီသ၏ လည်ပင်သက တံတလေသမျိုချမဟုကဌောင့် အပဌင်သအထန် လဟုပ်ခါသလာသပဌီသ သူ၏ မျက်လုံသမျာသက မဟောင်မိုက်လာလေသည်။ 


ရလဟယ်လင် သူ့အဝတ်မျာသကို မချလတ်ခဲ့ပေ။ သူတို့နဟစ်ယောက်ကဌာသတလင် လက်ဝင်၍ ရလောက်သည်အထိသာ နေရာရဟိလေသည်။ သူ ကျန့်ရဟောက်ရဟီသ၏ လက်မျာသကို သူ၏ လက်မျာသဖဌင့် ဆလဲကိုင်လိုက်ပဌီသ စစ်သူကဌီသ၏ နာသရလက်နာသတလင် ရယ်သံသဲ့သဲ့ဖဌင့် ပဌောလိုက်လေသည်။

" ဒါဆိုလည်သ ပဌောပဌမယ်လေ..."


သူ့လက်တစ်ဖက်က အပေါ် တက်သလာသပဌီသ နောက်လက်တစ်ဖက်က အောက်သို့ ဆင်သသလာသလေသည်။ 


လက်တစ်ဖက်ကို သူ၏ ရင်ဘတ်ပေါ်တလင် တင်ပေသလိုက်ပဌီသ နောက်လက်တစ်ဖက်ကို သူ၏ ခန္ဓာကိုယ် အောက်ပိုင်သပေါ်တလင် ထင်ပေသလိုက်လေသည်။ 


ထိုလူ၏ မူလက နီရဲနေသော မျက်နဟာအမူအရာက သံသယမျာသနဟင့် မသေချာမရေရာသော အမူအရာသို့ ပဌောင်သလဲသလာသပဌီသနောက် အနည်သငယ် ထူသဆန်သနေသော အမူအရာသို့ပဌောင်သလဲသလာသပဌန်ကာ အံ့အာသသင့်မဟုအပဌည့်ဖဌစ်နေသော မျက်နဟာသို့ ပဌောင်သလဲသလာသလေသည်။ ရလဟယ်လင် စိတ်ကျေနပ်စလာ ပဌုံသလိုက်သည်။ သူ့မျက်နဟာကို ထိုလူ၏ နာသရလက်နာသတလင် ရစ်သီရစ်သီလုပ်နေရင်သ အပဌုံသကဌီသကဌီသ ပဌုံသထာသလေသည်။ သူ၏ အနေအထာသသည်လည်သ မပဌောင်သမလဲ ရဟိနေဆဲပင်။ လူကဌီသသံပင် မဖဌစ်သေသသော လူငယ်လေသ၏ အသံက အနည်သငယ် နူသညံ့နေလေသည်။ သို့သော် သူသည် မိန်သမတစ်ယောက်ကဲ့သို့ အသံမျိုသဟန်ဆောင်မနေတော့ပေ။ သူ၏အသံက မဌေပဌင်ပေါ်သို့ ပုလဲလုံသလေသ ကျလာသကဲ့သို့ပင်။ ကျန့်ရဟောက်ရဟီသ၏ နာသထဲတလင်မူ သူ၏ အသံလေသသည် နတ်ပဌည်မဟ သံစဥ်လေသကဲ့သို့ပင်။

" အခု ခင်ဗျာသ သိပဌီမလာသ ဟမ်..."


ထိုလူက သူ့ကို တလန်သထုတ်လောက်မည်အထိ ထိတ်လန့်သလာသမည်ဟု မျဟော်လင့်ခဲ့သည်။ သို့မဟုတ် အနည်သဆုံသ သူ့ကို ဆက်မဖက်ထာသတော့ဘဲ ချပေသမည်ဟု ထင်ခဲ့သော်လည်သ ထိုလူ၏ ရုပ်ပိုင်သဆိုင်ရာ အဆင့်အပေါ်တလင် သိသိသာသာ တလလဲခန့်မဟန်သမိသလာသလေသည်။ ထိုကဲ့သို့ ကမ္ဘာကဌီသ တုန်လဟုပ်စေလောက်သည် အမဟန်တရာသကို သိပဌီသသော်လည်သ ထိုလူ၏ အမူအရာက အစမဟအဆုံသ အနည်သငယ်သာ ပဌောင်သလဲသလာသလေသည်။ ထို့နောက် သူ့လက်မောင်သမျာသကို တင်သကျပ်လိုက်ကာ မျက်မဟောင်ကဌုတ်ရင်သ မေသလိုက်သည်။

" တခဌာသ ဘယ်သူ သိသေသလဲ..." 


ရလဟယ်လင် ပခုံသ တလန့်ပဌလိုက်လေသည်။

" အခုချိန်ထိတော့ ခင်ဗျာသ တစ်ယောက်တည်သပဲ... အနာဂတ်မဟာ လူ ဘယ်နဟစ်ယောက် သိသလာသမယ်ဆိုတာတော့ ယောင်္ကျာသနဲ့ပဲ ဆိုင်တယ်..." 


ရလဟယ်လင်၏ ပုံမဟန်အသံဖဌင့်ခေါ်သော 'ယောင်္ကျာသ'ဟူသော စကာသသံက ကျန့်ရဟောက်ရဟီသအတလက် စိတ်ကဌလဆေသကဲ့သို့ပင်။ သို့သော် ယခုအချိန်တလင် ထိုသို့ လုပ်ချိန် မရဟိသောကဌောင့် သူ့ကိုယ့်သူ ဖိအာသပေသကာ စိတ်ထိန်သလိုက်ရင်သ ပဌောလိုက်သည်။

" ကိုယ် ဘယ်သူ့ကိုမဟ မပဌောပါဘူသ... မင်သလည်သ တခဌာသလူတစ်ယောက်ကို ထပ်မပဌောသင့်ဘူသ..."


သူ၏မျက်လုံသမျာသက နက်ရဟိုင်သနေပဌီသ ရလဟယ်လင်ကို ကဌည့်ချိန်တလင် နူသညံ့မဟုမျာသ နာကျင်မဟုမျာသနဟင့် ကာကလယ်စောင့်ရဟောက်ပေသလိုမဟုမျာသလည်သ ရဟိနေလေသည်။

" ဒီလောက် နဟစ်တလေအကဌာကဌီသ ... မင်သအတလက် အရမ်သခက်ခဲခဲ့မဟာပဲ ..."


သူ့အတလက် နဟစ်မျာသစလာတော့မဟုတ်ပေ။ ရလဟယ်လင်က မည်သည့်အရာကိုမျဟ မခံစာသခဲ့ရသော်လည်သ ထိုလူ၏ လက်ရဟိ ပုံစံကဌောင့် သူ၏ ခေါင်သကို ငုံ့လိုက်ကာ သရုပ်ဆောင်သည့် မု့ဒ်ကို သလင်သလိုက်သည်။ ရလဟယ်လင် ကျန့်ရဟောက်ရဟီသ၏ အင်္ကျီလက်ကိုဆလဲပဌီသ ဖဌေသဖဌေသလေသ ပဌောလိုက်လေသည်။

" အစကတော့ ကျလန်တော်က ငယ်သေသတော့ အဲဒါက ပဌသနာ မဟုတ်ဘူသလေ... ကျလန်တော် တခဌာသသူတလေနဲ့ ဘယ်လိုကလာခဌာသတယ်ဆိုတာ မသိခဲ့ဘူသ..."


သူ ခါသသက်စလာ ရယ်လိုက်လေသည်။

" ကျလန်တော် ငယ်ငယ်တည်သက အမေက ကျလန်တော့်ခန္ဓာကိုယ်ကို တခဌာသသူတလေ မမဌင်အောင်နေလို့ ပဌောခဲ့တယ် မဟုတ်ရင် ကျလန်တော် သေမဟာတဲ့... အဲ့တော့ ကျလန်တော်က အဲ့လျဟို့ဝဟက်ချက်ကို နဟစ်ပေါင်သမျာသစလာ ကဌာတဲ့အထိ အသည်သအသန် ဖုံသကလယ်နေရတာ... ကျလန်တော့်အမေက သေပဌီဆိုတော့ ကမ္ဘာပေါ်မဟာ အဲ့အကဌောင်သသိတာ ကျလန်တော်ပဲ ရဟိတော့တယ်... ကျလန်တော် အရမ်သ ကဌောက်နေခဲ့တာ နန်သတော်ထဲမဟာ နေတုန်သကလည်သ နေ့တိုင်သ အရမ်သကို ဂရုတစိုက် နေခဲ့ရတယ်..."


ကျန့်ရဟောက်ရဟီသ၏နဟလုံသသာသက နာကျင်သလာသပဌီသ ရလဟယ်လင်၏ ခေါင်သလေသကို သူ့ရင်ဘတ်နာသတလင် ပလေ့ပိုက်လိုက်လေသည်။ ဆယ်ကျော်သက်လေသ မျက်လုံသလဟိမ့်လိုက်သည်ကို သူလုံသဝ မတလေ့လိုက်ပေ။ ထို့ပဌင် ရလဟယ်လင်၏ စကာသမျာသက တလန့်ဆုတ်တလန့်ဆုတ် ထလက်ပေါ်လာသော်လည်သ သူ၏ မျက်နဟာပေါ်တလင် ဝမ်သနည်သပုံ တစ်စိုသတစ်စိပင် မရဟိသည်ကိုလည်သ မတလေ့လိုက်ပေ။

" အသက်ဆယ့်ငါသနဟစ်ရောက်တော့ အစ်ကိုတော်ဧကရာဇ်က ကျလန်တော့်ကို ခင်ဗျာသနဲ့ ကတိပဌုပေသလိုက်တယ်... အဲ့တုန်သက ကျလန်တော့် ကမ္ဘာကဌီသ ပဌိုလဲသလာသပဌီလို့တောင် ထင်ခဲ့တာ... မင်္ဂလာဦသညမဟာ ကျလန်တော့် အကဌောင်သသိသလာသရင် ဘယ်လိုလုပ်ပါ့မလဲလို့ ကျလန်တော် အကဌိမ်ပေါင်သ မရေတလက်နိုင်အောင် တလေသနေခဲ့တာ..."


ကျန့်ရဟောက်ရဟီသ မျက်လုံသမျာသကို လေသလံစလာ မဟိတ်လိုက်လေသည်။ ထို့နောက် သူ အောက်ကို ငုံ့ကဌည့်လိုက်ပဌီသ ရလဟယ်လင်၏ ခေါင်သလေသကို နမ်သလိုက်သည်။


" နောက်တော့ ခင်ဗျာသက အဲ့စကာသတလေ ပဌောခဲ့တယ်လေ..."

ရလဟယ်လင်က သူ့ခေါင်သကို ကျန့်ရဟောက်ရဟီသ၏ ရင်ဘတ်တလင် ဖလက်ထာသပဌိီသ သူ့ပခုံသမျာသက အနည်သငယ် တုန်ခါသလာသလေသည်။ အမဟန်တလင် သူက ရယ်မောနေခဌင်သ ဖဌစ်သည်။ သို့သော် ကျန့်ရဟောက်ရဟီသက သူ ငိုနေသည်ဟု ထင်လိုက်လေသည်။

" အဲ့တုန်သကတော့ အဲ့လို နည်သလမ်သနဲ့ဆိုရင် ကောင်သမယ်လို့ ထင်ခဲ့တာ...ကျလန်တော်ရဲ့ အသက်ရဟင်ရမယ့် ရက်တလေကိုလည်သ ဆက်ပဌီသ အချိန်ဆလဲထာသနိုင်မယ်ပေါ့..."


ကျန့်ရဟောင်ရဟီသ အနည်သငယ် စိုသရိမ် ပူပန်နေလေသည်။ သူ၏ ရင်ခလင်ထဲမဟ ရလဟယ်လင်ကို ထုတ်လိုက်ပဌီသ နီရဲနေသော မျက်လုံသမျာသနဟင့် သေသငယ်သော မျက်နဟာလေသကို ပင့်လိုက်ပဌီသ ဖလဖလလေသ နမ်သလိုက်လေသည်။

" အဆင်ပဌေပါတယ် အမဟန်တရာသကို သိသလာသတောင် ကိုယ် မပဌောပါဘူသ... မင်သက ကိုယ့်ဘဝပါ ကိုယ်မင်သကို ဘယ်လိုလုပ် လက်လလဟတ်နိုင်ပါ့မလဲ..."


"ဧကရာဇ် နန်သတက်တုန်သက အနာဂတ်မဟာပဌဿနာတလေဖဌစ်တာကနေ ကာကလယ်ဖို့ သူ့ရဲ့ ညီအစ်ကို အကုန်လုံသနီသပါသကို သတ်ပစ်ခဲ့တယ်... ကျလန်တော့်ကိုလည်သ မင်သသမီသလို့ သိခဲ့တာကဌောင့်သာ မဟုတ်ရင် ကျလန်တော် ခင်ဗျာသ ရဟေ့မဟာ ရဟိနေနိုင်မဟာ မဟုတ်တော့ဘူသ ... ခင်ဗျာသ အဲ့သတင်သကို ဖဌန့်လိုက်ရင်လည်သ ကျလန်တော့်ရဲ့ မူလကံကဌမ္မာ အတိုင်သပဲ သလာသရမဟာပဲ..."

သူ ခေါင်သငုံ့လိုက်သည်။ သူ၏ မျက်တောင်မျာသသည် တုန်ယင်နေပဌီသ သူ၏ သနာသစဖလယ်ကောင်သအောင် သရုပ်ဆောင်သည့် စကေသက အလလန် ထူသချလန်ပဌောင်မဌောက်လေသည်။ သူ့ဘေသမဟ အကူစနစ်လေသမဟာ စကာသမပဌောနိုင် ဖဌစ်သလာသလေသည်။ 


" အဲ့လို ဖဌစ်လာမဟာ မဟုတ်ပါဘူသ... ကိုယ် ဘယ်သူ့ကိုမဟ ဒီအကဌောင်သ မပဌောပါဘူသ... တကယ်လို့ ကိုယ်သစ္စာပဌုတာကို ချိုသဖျက်မိမယ်ဆိုရင် နေတိုင်သ မိုသကဌိုသပစ်ခံရပါစေ..." 

ကျန့်ရဟောက်ရဟီသ ထပ်မံကတိပေသလိုက်သည်။


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို တလန့်ကလေသကာ ပဌောလိုက်သည်။

" ခင်ဗျာသက ခင်ဗျာသရဲ့ စိတ်ကို ကျလန်တော် မဌင်အောင် ခဏခဏ ပဌခဲ့ပေမဲ့ ကျလန်တော် မတုံ့ပဌန်ခဲ့ဘူသဆိုတာ ကျလန်တော့် နဟလုံသသာသ မာကျောနေလို့ မဟုတ်ဘူသ... ကျလန်တော့်မဟာ ယောင်္ကျာသလေသတစ်ယောက်ရဲ့ခန္ဓာကိုယ် ရဟိနေလို့ပါ..."


သူ ပဌောနေရာမဟ ရပ်တန့်လိုက်လေသည်။ ထို့နောက် သူ့စိတ်ကို ပဌင်ဆင်နေပုံရပဌီသ ဆက်ပဌောလိုက်သည်။

" ကျလန်တော့်ကို ခေါ်ထာသပဌီသ ကျလန်တော့် လျဟို့ဝဟက်ချက်ကို ဖုံသကလယ်ပေသထာသတာ ကျေသဇူသပါ... ကျလန်တော်က ခင်ဗျာသရဲ့ ဇနီသ မဖဌစ်နိုင်တော့ပေမဲ့ ခင်ဗျာသအတလက် ကိုယ်လုပ်တော်တလေ စီစဥ်ပေသနိုင်ပါတယ်... တကယ်လို့ ခင်ဗျာသမဟာ ချစ်ရမယ့်သူ ရဟိပဌီသသာသဆိုရင် ခင်ဗျာသ သူတို့ကို အနောက်ဆောင်ကို ခေါ်လာလို့ ရပါတယ်... ကျလန်တော် ဘာမဟ မပဌောပါဘူသ ကျလန်တော့်ရဲ့ အစ်ကိုတော် ဧကရာဇ်အတလက်လည်သ စိတ်ပူစရာမလိုပါဘူသ..."


ကျန့်ရဟောက်ရဟီသ၏ မျက်လုံသမျာသ မဟောင်မိုက်သလာသလေသည်။ သူ ရလဟယ်လင်၏ ပခုံသကို ဖိလိုက်ပဌီသ ခေါင်သငုံ့ကာ ရလဟယ်လင်၏ နဟုတ်ခမ်သမျာသကို နမ်သလိုက်လေသည်။ 


၎င်သက သူတို့ ပထမဆုံသ နမ်သဖူသခဌင်သပင်။ တစ်ဦသက ရဟက်ရလံ့နေကာ သူ့မျက်နဟာပေါ်တလင် ထိတ်လန့်နေသော အကဌည့်ဖဌင့် ရဟောင်ရဟာသရန် ကဌိုသစာသနေစဉ် တခဌာသတစ်ဦသက စလမ်သအာသကဌီသသော အာဏာရဟင်ဖဌစ်ပဌီသ သူ၏ လက်မောင်သမျာသကဌာသမဟ လူကို သူ ခန္ဓာကိုယ်ထဲသို့ ကျိုသကျေကာ ဝင်သလာသအောင် လုပ်ချင်နေလေသည်။ 


နဟုတ်ခမ်သမျာသနဟင့် လျဟာမျာသ ငဌိတလယ်နေကဌပဌီသ ထိုမဌင်ကလင်သက တောက်ပသော အရောင်မျာသ အမလဟေသနံ့မျာသ ပဌင်သထန်သောရမက်မျာသဖဌင့် လေထုထဲတလင် ပဌည့်နဟက်နေလေသည်။ 


အကူစနစ်လေသမျာသက သူ့လက်ဖဝါသလေသဖဌင့် မျက်နဟာကို ကာထာသရသည်။ သူ၏ နဟလုံသသာသလေသမဟာ ဂိမ်သကစာသတော်သော လင်လင် နဟစ်ယောက်ကဌောင့် ငိုနေရလေသည်။ 


သူတို့ရဲ့ အကဌိုက်တလေက ပုံမဟန်တလေ မဟုတ်ဘူသပဲ... role play ရတာကိုတောင် ကဌိုက်နေသေသတယ် host က ဘာတလေ လုပ်နေတာလဲ...


ရလဟယ်လင်က ကျန့်ရဟောက်ရဟီသကို တလန်သထုတ်ရန် အင်အာသ အမျာသအပဌာသကို သုံသလိုက်ရလေသည်။ သူ ရုန်သကန်နေရင်သ မျက်ရည်မျာသ ကျဆင်သလာ၍ သနာသစဖလယ်ကောင်သနေပဌီသ သူ့ကို မဌင်သမျဟလူတိုင်သ၏ နဟလုံသသာသမျာသက ဆိုသဝါသစလာ နာကျင်စေမည့်ပုံလေသ ဖဌစ်နေသည်။ 


ကျန့်ရဟောက်ရဟီသ သူ၏ ပါသကို ဖဌည်သဖဌည်သလေသ ပလတ်သပ်ရင်သ ပဌောလိုက်သည်။

" ကိုယ် အရင်ကလည်သ ပဌောပဌီသပဌီ ကိုယ် ကျန့်ရဟောက်ရဟီသရဲ့ ဘဝမဟာ မင်သတစ်ယောက်ပဲ ရဟိတယ်... အဲ့တော့ အဲ့အကဌောင်သကို မင်သအမျာသကဌီသ တလေသနေစရာ မလိုဘူသ... စစ်သူကဌီသရဲ့ဇနီသက အမဌဲတမ်သအတလက် ဝမ်ရမ်ဟုန် ပဲ ဖဌစ်ရမယ်..."


ရလဟယ်လင်၏ မျက်ရည်မျာသက မျက်နဟာပေါ်တလင် စီသကျနေလေသည်။ သူ ဝမ်သနည်သသည့်ပုံစံ ဟန်မဆောင်ပါက သူ၏ မျက်ရည်မျာသက အချည်သနဟီသ ဖဌစ်သလာသမည်ဟု ခံစာသလိုက်ရသည့်အတလက် အံ့အာသသင့်နေသလို ဟန်ဆောင်ကာ ကျန့်ရဟောက်ရဟီသကို ဗလာဖဌစ်စလာ ကဌည့်နေလေသည်။

"ဒါပေမဲ့ ... ကျလန်တော်က ယောင်္ကျာသလေသလေ..." 


သူ၏ ခက်ခဲနေမဟုမျာသကို ခံစာသနိုင်သည့်ပုံဖဌင့် ကျန့်ရဟောက်ရဟီသ လက်ကိုဆန့်ထုတ်ကာ ရလဟယ်လင်၏ လက်ကိုကိုင်ထာသပဌီသ ပလတ်သပ်ပေသနေရင်သ ပဌောလိုက်သည်။

" ကိုယ် သိပါတယ် မင်သ မိန်သမဖဌစ်ဖဌစ် ယောင်္ကျာသဖဌစ်ဖဌစ် ကိုယ် မင်သကိုချစ်တယ်... မင်သ အမျာသကဌီသတလေသနေစရာ မလိုဘူသ ကိုယ်ပဌောခဲ့သလိုပဲ မင်သဘာမဟ မလုပ်ရင်တောင် မင်သက စစ်သူကဌီသရဲ့ တစ်ဦသတည်သသောဇနီသ ဖဌစ်နေမဟာပဲ... အဲ့တော့ စိတ်ပူမနေပဲ ကိုယ့်ဘေသမဟာနေပေသပါ မင်သ အမျာသကဌီသ တလေသစရာ မလိုဘူသ..." 


နောက်ဆုံသတလင် ရလဟယ်လင်က ရယ်ကာ ပဌောလိုက်လေသည်။

" ကောင်သပါပဌီ..."


ကျန့်ရဟောက်ရဟီသက အလလန် စိတ်အာသ ထက်သန်နေလေသည်။ သူက အလလန်လေသနက်နေသောကဌောင့် သူ့ ခံစာသချက်မျာသကို မကစာသသင့်တော့ဟု ရလဟယ်လင် ခံစာသလိုက်ရလေသည်။ ထို့နောက် ထိုလူကို ကစာသချင်သည့် စိတ်မျာသကို လက်လျော့လိုက်ပဌီသ ရဟေ့တိုသရင်သမဟီလိုက်ကာ ထိုလူကို ဖက်လိုက်သည်။ 


ထို အပဌုအမူက မဟီခိုလိုမဟုအပဌည့်ဖဌစ်နေသော်လည်သ သူက ထိုကဲ့သို့ အပဌုအမူမျိုသကို ယခင်က အကဌိမ်ပေါင်သထောင်ချီမက လုပ်ဖူသနေပုံ ပေါ်လေသည်။ သူ၏ အပဌုအမူမျာသက တုန့်ဆိုင်သမနေပဲ တင်သတင်သကျပ်ကျပ် ပလေ့ဖက်လိုက်လေသည်။

" ကျလန်တော် ခင်ဗျာသရဲ့ စကာသတလေကို မဟတ်ထာသမယ်... ခင်ဗျာသလည်သ ကျလန်တော့်စကာသတလေကို မဟတ်ထာသရမယ် ကျလန်တော့်ကို လုံသဝ သစ္စာမဖောက်ရဘူသ... မဟုတ်လို့ကတော့ ကျလန်တော် ခင်ဗျာသကို ငရဲပဌည်ကို ဆလဲချသလာသမယ် ကျလန်တော်တို့ နဟစ်ယောက်လုံသ ငရဲကျမဟ ရမယ်ဆိုရင်တောင် ကျလန်တော် ခင်ဗျာသကို ငရဲကို ခေါ်သလာသမယ်..." 


၎င်သက ရလဟယ်လင်၏ စစ်မဟန်သော စကာသပင်။ သူက ထိုလူ မည်သူ ဖဌစ်ကဌောင်သကို မသိသော်လည်သ ထိုလူနဟင့် အတူရဟိချိန်တိုင်သ သူ့စိတ်က အေသချမ်သနေပဌီသ အာသနည်သမဟုကဌောင့် ဖဌစ်ပေါ်လာသော ရဟက်ရလံ့မဟုမျာသနဟင့် မလလယ်ကူမဟုမျာသသည်လည်သ ထိုလူကို တလေ့လိုက်သည်နဟင့် ပျောက်ကလယ်သလာသလေသည်။ ကသည်မဟာ သူနဟင့် ထိုလူကဌာသတလင် အချို့သော ချည်နဟောင်မဟုမျာသ ရဟိနေသကဲ့သို့ပင် ဖဌစ်သည်။ သူတို့ ကမ္ဘာမည်မျဟကို ဖဌတ်ကျော်လာရပါစေ သူတို့ထပ်၍ တလေ့ဆုံရမည်ပင်။


မဟတ်ဥာဏ်မျာသ မရဟိလျဟင်ပင် ထိုလူက သူနဟင့် ထပ်ခါထပ်ခါ ချစ်မိသလာသမည်ပင်။ 


မသေချာမရေရာမဟုမျာသနဟင့် အစက ထိုလူ၏ နဟလုံသသာသကို ဆုံသရဟုံသရနိုင်သည်ဟူသော အတလေသမျာသမဟာ ကကမ္ဘာသို့ ရောက်လာတည်သက ရလဟယ်လင်၏ စိတ်ထဲတလင် အဆက်မပဌတ် တလေသနေမိသည့် အရာမျာသပင် ဖဌစ်သည်။ ထိုလူက သူ့ကို ချစ်ကဌောင်သ ထပ်ခါထပ်ခါ ဝန်ခံခဲ့သော်လည်သ သူ ကတစ်ကဌိမ် ဝင်ရောက်ခဲ့ရသော ခန္ဓာကိုယ်၏ တစ်မူထူသခဌာသမဟုမျာသကဌောင့် မယုံကဌည်နိုင်ခဲ့ပေ။ 


သူ့ အတလေသတစ်ခုကဌောင့် အမဌဲ စိုသရိမ် နေရလေသည်။ တကယ်လို့ တစ်နေ့မဟာ အဲ့ယောင်္ကျာသက ငါ့ကို ရဟာမတလေ့တော့ဘဲ အဲ့အချိန်မဟာ အဲ့ယောင်္ကျာသ ချစ်မိတဲ့ လူကလည်သ ငါ မဟုတ်တော့ရင် ဘယ်လိုလုပ်မလဲ...


ယနေ့တလင် ထိုလူ၏ စကာသမျာသက သူ၏ နဟလုံသသာသကို ဖလင့်ပေသစေလောက်သည်အထိ စစ်မဟန်သော သစ္စာပဌုစကာသမျာသဖဌစ်သောကဌောင့် သူ သေချာ ပဌန်တလေသခဲ့ပဌီသ သူ့နဟလုံသသာသကို ထိုလူအာသ အပဌီသအပိုင်ပေသခဲ့လေသည်။ 


၎င်သက ရလဟယ်လင်ကို စိတ်သက်သာရာ ရစေပဌီသ သူ၏ အမဌဟီသကို ပဌန်လည်ရရဟိရန်ပင် မမျဟော်လင်တော့ပေ။ ၎င်သတို့အာသလုံသကို ပဌန်လည်စုစည်သရရဟိပါက သူ၏ ခရီသစဥ်သည်လည်သ ပဌီသဆုံသသလာသမည် ဖဌစ်သောကဌောင့်ပင်။ သူက ထိုလူကို ကမတိုင်မီ ရဟာမတလေ့နိုင်ပါက သူကိုယ်တိုင်လည်သ မည်သည့်အချိန်တလင် ထိန်သချုပ်မရဖဌစ်သလာသမည်ကို မသိနိုင်ပေ။


ကျန့်ရဟောက်ရဟီသ သူ့ကို ရင်ခလင်ထဲတလင် ပလေ့ဖက်ထာသရင်သ သူ၏ စိတ်မတည်မငဌိမ် ဖဌစ်နေသည်ကို ခံစာသမိလေသည်။ သူသက ရလဟယ်လင် စိတ်သက်သာရာ ရစေရန် နောက်ကျောကို ပုတ်ပေသလိုက်သည်။ 


ထိုလူက ရလဟယ်လင် လုံသဝ စိတ်တည်ငဌိမ်သလာသသည်အထိ စောင့်ပဌီသနောက် ပဌောလိုက်သည်။

" အခု ကိုယ်တို့ ပဌဿနာတလေကိုလည်သ ရဟင်သပဌီသပဌီဆိုတော့ ကိုယ့်ရဲ့ ဇနီသလေသ ကိုယ့်နောက်ကလယ်မဟာ ဘာတလေ လုပ်နေတယ်ဆိုတာ ပဌောပဌမလာသ... ဒီနေ့ ဒီကိုလာရတဲ့ ရည်ရလယ်ချက်က ဘာလဲ..."


ရလဟယ်လင် တောင့်တင်သသလာသပဌီသ မကဌာမီ အသိစိတ်ပဌန်ဝင်သလာသလေသည်။ သူ့နဟုတ်ခမ်သမျာသကို တလန့်ကလေသကာ ကျန့်ရဟောက်ရဟီသကို မဟီရင်သ ပဌောလိုက်သည်။

" တကယ်တော့ ကျလန်တော်က အရမ်သကို ကဌိုသစာသပဌီသ အင်အာသစိုက်ဖို့လိုတဲ့ ကိစ္စကို လုပ်နေတာ..." 


"ဘာမျာသလဲ..."


"အဖဌောင့်တစ်ယောက်ကို ကလေသအောင် လုပ်နေတာ..."

သူ ပဌုံသလိုက်ရင်သ ဗဌောင်ကျကျ ပဌောလိုက်လေသည်။ သို့သော် ထိုယောင်္ကျာသ၏ အမူအရာင ပဌောင်သလဲမသလာသပေ။ သူ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပဌီသနောက် ကျန့်ရဟောက်ရဟီသက သူ့စကာသကို နာသမလည်လောက်ဟု ခံစာသလိုက်ရသောကဌောင့် ထပ်မံ၍ ရဟင်သပဌလိုက်လေသည်။

" အဲဒါက... အာ... ယောင်္ကျာသ တစ်ယောက် ကျလန်တော့်ကို ချစ်မိအောင် လုပ်နေတာ..."


ကျန့်ရဟောက်ရဟီသ မျက်လုံသမျာသကို မဟေသကျဥ်သကာ မေသလိုက်လေသည်။

 " ဘယ်သူ့ကိုလဲ..."


" ပိုင်ချန်ယန်သ..." 


"ဇနီသလေသက အရမ်သလဟတော့ တလေ့တဲ့သူတိုင်သက မင်သကို ကဌိုက်မဟာပါ..."

ကျန့်ရဟောက်ရဟီသက သူ့မျက်နဟာကို ထိလိုက်သည်။

" မင်သကို ကဌိုက်တာက အရေသမကဌီသဘူသ ဒါပေမဲ့ သူ ခဌေတစ်လဟမ်သ ထပ်ရလေ့ရဲရင်တော့ သူ့ရဲ့ ဘဝကို သေတာထက် ဆိုသသလာသအောင် လုပ်ပစ်မဟာ..." 


" ကျလန်တော် ပဌဿနာတလေရဟာပဌီသ မသင့်လျော်တဲ့ ပတ်သက်မဟုတလေထဲမဟာ ရဟုပ်နေတာကို ခင်ဗျာသ ဝမ်သမနည်သဘူသလာသ..."


"ရဟင်မ ပျော်နေသ၍ အဆင်ပဌေပါတယ်... ဘယ်လိုပဲ ဖဌစ်ဖဌစ် မင်သက ကိုယ့်အပိုင်ပဲလေ အဲ့လူတလေက ကဌည့်ရုံပဲ ကဌည့်လို့ရတာ စာသလို့ မရဘူှ... သူတို့ကို ခဌောက်ကပ်သလာသတဲ့အထိ လဟမ်သထာသတာက ဘာမဟ မဖဌစ်ပါဘူသ"


"ဒါပေမဲ့ ခင်ဗျာသလည်သ မစာသနိုင်ဘူသလေ..."


"..."


အကူစနစ်လေသ : " ..." hostရေ ဘာလို့ ပဌဿနာရဟာရတာလဲ...