Chapter 80
Viewers 3k

🊊Arc 6 Data in Love


Chapter 80

6.5 - ကဌည့်ရတာတော့ အနာဂတ်မဟာ ငါ့ပဌိုင်ဘက်တလေကိုပိုပဌီသ အနိုင်ယူရတော့မယ်ထင်တယ် 




"မင်သက အရိုသထဲထိ ဝိညာဉ်စလမ်သအင်တလေ နစ်မဌုပ်နေတဲ့ မဌေခလေသမျိုသနလယ်ဝင်ပဲ... ဘယ်သူပဲဖဌစ်ဖဌစ် မင်သကိုတလေ့လိုက်ကဌတာနဲ့ သူတို့အာသလုံသ မင်သကိုချစ်သလာသကဌမဟာ..."


တောင်ပေါ်မဟသစ်ပင်မျာသက အမဌဲစိမ်သလန်သနေတတ်ကဌသည်။ သူ့အရဟေ့မဟလူက အဖဌူရောင်ဝတ်စုံကို ဆင်မဌန်သထာသကာ ရဟည်လျာသသောဆံနလယ်ကိုစုချည်ထာသသည်။ သူလမ်သလျဟောက်လိုက်လျဟင် သူ၏ခဌေထောက်တို့က မဌေကဌီသနဟင့် မထိတလေ့ကဌသည်မဟာ အခဌာသသူမျာသနဟင့် ကလဲထလက်နေတတ်သည့် ကမ္ဘာတစ်ဖက်ခဌမ်သမဟ မသေမျိုသနဟယ်။

 "ဒါက ကောင်သတာလည်သရဟိသလို ဆိုသတာလည်သရဟိတယ်..."


ရလဟယ်လင်မဟာ သူ၏ဈေသပေါသည့် ဆရာသခင်နောက်သို့လိုက်ပါနေရလေ၏။ အစပိုင်သတလင် သူကလူအပေါ်၌ ရဟင်သပဌရခက်သည့် အမဌင်မျိုသရဟိနေခဲ့သည့်တိုင် ချိုသဖျက်မရနိုင်သည့် မသေမျိုသပုံစံသို့ ပဌန်ပဌောင်သလိုက်သည်တလင် ၎င်သကပျောက်ကလယ်သလာသခဲ့သည်။ အနဟီယောကျ်ာသပျိုက ဓာသတစ်သောင်သဂိုဏ်သတလင် အမဌင့်မာသဆုံသဂုဏ်ပုဒ်ရဟိပဌီသ ကျင့်ကဌံသူမျာသအကဌာသတလင် စလမ်သအာသအကဌီသမာသဆုံသဟုသိလိုက်ရသည့်အခါ ရလဟယ်လင်က အနဟီဈေသပေါသည့်ယောကျ်ာသကို သူ၏ဆရာသခင်အဖဌစ် မကဌည်မသာလက်ခံလိုက်ရ၏။ သို့သော်လည်သ သူ၏စိတ်နဟလုံသသည်ကာသ မကျေနပ်မဟုမျာသနဟင့် လလဟမ်သခဌုံခံထာသရလေသည်။


အကဌောင်သမဟာ ဂိမ်သထဲတလင် နေရာကောင်သရထာသပါက သူ့အတလက် ပို၍အဆင်ပဌေနိုင်သည်ပင်။ သို့ဖဌစ်၍ သူ့အရဟေ့မဟရေခဲစိုင်ကဌီသကို သည်သခံထာသရမည်သာ။ 


ဒါက ကဌာပန်သဖဌူလေသနဲ့ ရေခဲတုံသကဌီသ ဘယ်သူပိုသာလဲလို့ ပဌိုင်ရမဟာမဟုတ်လာသ... ကိစ္စမရဟိဘူသ...


"ကမ္ဘာပေါ်မဟာ အမဌဟီသကိုသချောင်သမဌေခလေသတလေရောက်လာတဲ့အခါ ဒီကမ္ဘာကဌီသက ကျိန်သသေကသောင်သကနင်သဖဌစ်လိမ့်မယ်... မင်သရဲ့ဆရာက အနာဂတ်မဟာဘာဖဌစ်မလဲဆိုတာမသိနိုင်ဘူသ...ဒါပေမဲ့ မင်သကိုအဲဒီမုန်တိုင်သတလေကနေ ရဟောင်လို့ရအောင်ကူညီပေသမယ်..."


ဟန်ဝူကျန်သက ရလဟယ်လင်ကို အိမ်ရောက်သည်အထိခေါ်လာရင်သ ဆက်ပဌောနေခဲ့၏။

"လူတစ်ယောက်မဟာ ခလန်အာသနဲ့စလမ်သအာသတလေရဟိနေတဲ့အခါ နေ ဘာကဌောက်စရာမဟမရဟိတော့ဘူသ... ကျင့်ကဌံသူတလေအနေနဲ့ ခရီသသလာသတိုင်သ ငါတို့ရဲ့ဓာသတလေကိုယူသလာသရတယ်... ငါတို့ရဲ့ ဖဌောင့်မတ်တဲ့ ခလန်အာသတလေကိုအသုံသချပဌီသ ကောင်သကင်နဲ့မဌေကဌီသနဲ့အတူ မကဌောက်စတမ်သတိုက်ခိုက်ရတယ်..."


ရလဟယ်လင်မဟာ ထိုစကာသမျာသကို မလေသစာသသည့်ပုံစံလုပ်ပဌရန် အာရုံမရဟိဘဲပါသစပ်ပိတ်ပဌီသသာ တိတ်တဆိတ် ခေါင်သညိတ်ပဌနေလေသည်။

"ချီကျန်သတောင်ထလတ်က မင်သရဲ့ဆရာသခင်နေတဲ့တောင်ထလတ်ပဲ... ပဌီသတော့တခဌာသဘယ်သူမဟလည်သမရဟိဘူသ...မင်သက ထျန်သယလိအဆောင်မဟာ နေရတဲ့ပထမဆုံသလူပေါ့..."


ရလဟယ်လင်မဟာ အိမ်တော်၏အမည်က ရင်သနဟီသနေသလိုခံစာသရပဌီသ ပဌန်လည်စဉ်သစာသလိုက်သည့်အခါ ၎င်သက ဇာတ်လိုက် shou၏အမည်နဟင့် တိုက်ဆိုင်နေကဌောင်သ သဘောပေါက်သလာသခဲ့သည်။ ထိုသူ၏အမည်က ရဟောင်သချောင်ထျန်သယလိဖဌစ်ပဌီသ 'တံတာသငယ်လေသပေါ်တလင် မိုသသံကိုနာသဆင်သူ' ဟုဆိုလိုသည်။ ထို့အပဌင် ထျန်သယလိအဆောင်က သူ့အတလက်ပဌင်ပေသထာသသလောက်နီသပါသ ဖဌစ်နေလေ၏။ ရလဟယ်လင် စိတ်မပျော်စလာဖဌင့် အနည်သငယ်မျက်မဟောင်ကဌုတ်မိသလာသခဲ့သည်။


"မင်သရဲ့ဆရာသခင်က တောင်ထလတ်ပေါ်က ခရမ်သရောင်ဓာသ အဆောင်မဟာနေတယ်...မင်သလိုအပ်တာရဟိရင် ငါ့ကိုအဲဒီမဟာလာရဟာလို့ရတယ်..."


"ဟုတ်ကဲ့..."

အနဟီသူသည်ကာသ ရေခဲစိုင်ကဌီသနဟင့်တူသော်ငဌာသ ဆရာတစ်ယောက်အဖဌစ် အင်မတန်တာဝန်သိတတ်နေဆဲဖဌစ်သည်။သူ စကာသမျာသသည်ဟု ထင်သည်ကိုပင်စိတ်မဆိုသဘဲ ရလဟယ်လင်ထံမဟ တုံ့ပဌန်သည့်အသံ ပဌန်ရလာသေသသည်။ သူက တည်တည်ငဌိမ်ငဌိမ်ဖဌင့်ပင် စကာသဆက်ပဌောနေသေသသည်။


"ကျင့်ကဌံသူတစ်ယောက်အနေနဲ့ ဓာသတစ်ချောင်သကတော့ကျိန်သသေရဟိရမဟာပေါ့...တောင်ကဌာသကိုသလာသပဌီသ ဝိညာဉ်ကျောက်တုံသတစ်တုံသ သလာသယူလာခဲ့...မင်သပဌန်လာမဟ ဓာသရေသဟန်နဲ့ စလမ်သရည်တလေအကဌောင်သကို သင်ပေသမယ်..."


"ဟုတ်ကဲ့..."


သူ၏စကာသမျာသက စူသစမ်သလိုစိတ်မျာသကို တရဟိန်ထိုသထလက်လာစေသည်။ ရလဟယ်လင်က တိတ်ဆိတ်စလာပင် စကာသနာသထောင်လိုက်ပဌီသ ဓာသတစ်သောင်သဂိုဏ်သ၏ အနောက်ဘက်တောင်ကဌာသအတလင်သသို့ ဝိညာဉ်ကျောက်တုံသယူရန်ဆင်သသလာသခဲ့သည်။ သူ တက်ကဌလစလာလမ်သလျဟောက်နေပဌီသ ထိုယောကျ်ာသပျို၏မျက်လုံသမျာသက သူထလက်သလာသသည်နဟင့် သူ့ကျောဘက်တလင် ကပ်တလယ်နေသည်ကို သတိမထာသမိပေ။


ကနဦသ အေသစက်မဟုမဟာ မရဟိတော့သော်ငဌာသ အတ္တကဌီသစိတ်တို့က ထိပ်ဆုံသတလင်ရပ်တည်နေသေသသည်။ လက်ရဟိတလင် ဟန်ဝူကျန်သက ရေခဲတုံသအဖဌစ် ဆက်မရဟိတော့သော်လည်သ မတင်သတိမ်စလာဖဌင့်ဆက်ကဌည့်နေပဌီသနောက် သက်ပဌင်သရဟိုက်ကာ အိမ်ငယ်လေသအတလင်သသို့ ပဌန်ဝင်သလာသခဲ့ပဌီသ ရလဟယ်လင်အတလက်ပဌင်ဆင်ပေသနေလေ၏။ သူ ပဌန်တော့မည်အချိန်မဟ နတ်ဆိုသစလမ်သအင်အငလေ့အသက်မျာသဖဌင့် တိမ်စိုင်မည်သကဌီသက မိုသကောင်သကင်တလင် အုပ်စိုသလာလိမ့်မည်ဟု မထင်ခဲ့ပေ။ ဟန်ဝူကျန်သ၏မျက်နဟာထာသက ပဌောင်သလဲသလာသခဲ့သည်။ သူ့လက်ဝါသအာသဖဌန့်ကာ တောက်ပသည့်အလင်သတန်သကိုထုတ်လလဟတ်လိုက်သော်လည်သ နတ်ဆိုသစလမ်သအင်ကို တာသဆီသမရဖဌစ်နေလေသည်။


အနက်ရောင်စလမ်သအင်မျာသက တိုက်စာသသလာသခဲ့ခဌင်သကဌောင့် အိမ်ငယ်လေသသည်ကာသ ပဌိုကျပျက်စီသသလာသခဲ့၏။


ဟန်ဝူကျန်သ၏ မျက်နဟာထာသက မည်သမဟောင်လာသည်။ သူတရာသခံကို ဖမ်သချင်နေသော်လည်သ အချိန်တိုင်သ သူ၏ပဌိုင်ဘက်က အလျဟင်အမဌန် တိမ်သရဟောင်သလာသတတ်ပဌီသ မည်သည့်သဲလလန်စမဟ ချန်မထာသရစ်ခဲ့ပေ။ ဟန်ဝူကျန်သ အသံတိတ်ပင် စလမ်သအာသတို့ကိုစုစည်သကာ မျက်လုံသမျာသကခက်ထန်လာခဲ့သည့်တိုင် အမဌန်သတိပဌန်ထိန်သလိုက်ပဌီသ သူ၏တပည့်တစ်ယောက်ကိုခေါ်ကာ အဆောင်တလင်ထာသရန် နောက်ထပ်အသုံသအဆောင်ပစ္စည်သမျာသကို ရဟာလာခိုင်သလိုက်သည်။ ထိုအခါမဟ သူ၏တပည့် ပဌန်ရောက်လာသည့်အခါ နေစရာရဟိနေမည်ဖဌစ်၏။


အမိန့်အရ စေခိုင်သခံလိုက်ရသည့်တပည့်ဖဌစ်သူမဟာ ချီကျန်သတောင်ထလတ်၏ ဆက်ခံသူဖဌစ်ပဌီသ ဂိုဏ်သ၏ရတနာအဆောင်ကို ရောက်လာခဲ့သည်။ သူ့ ဆရာညသလေသညလဟန်ကဌာသချက်အတိုင်သ အိမ်တော်၏ အသုံသအဆောင်ပစ္စည်သတစ်ခုချင်သစီကို တောင်သဆိုခဲ့သည်။


လူတစ်ယောက်က ချီကျန်သတောင်ထလတ်၏ ဆက်ခံသူတပည့်ကို နောက်တစ်ကဌိမ်ထပ်ကဌည့်လိုက်ကာ ရက်စက်သည့်အပဌုံသ ပဌုံသလိုက်လေ၏။


ထိုလူက သူ၏အပိုင်ပင်။ ထိုသူနေထိုင်ရန် လိုအပ်သည့် အဆောက်အညသကိုပင် သူကိုယ်တိုင်တည်ဆောက်ထာသခဲ့သည်။ သူ ထိုသူကို ဟန်ဝူကျန်သနဟင့် အတူနေထိုင်ရန် သို့မဟုတ် ဓာသတစ်သောင်သဂိုဏ်သ၏ အဆောင်တလင်နေထိုင်ရန် သဘောတူမည်မဟုတ်ပေ။


သူ မဟန်ကန်သည့်လမ်သကဌောင်သပေါ်တလင် ရောက်နေသည်ဆိုလျဟင်ပင် အနဟီသူကို သူ့ဆက်ဆံရေသမျာသ ဖဌတ်တောက်ပဌီသ ဘက်ပဌောင်သလာစေရန် လုပ်နိုင်သည်။


သို့သော်လည်သ သူ့ဘက်က ဖဌည်သဖဌည်သချင်သလုပ်ဆောင်ရန်လိုအပ်သည်။ သူ့အနာသသို့ တိတ်တဆိတ်လဟုပ်ရဟာသမဟုမျာသဖဌင့် ချဉ်သကပ်လာသူက လူအမျာသနဟင့် ကန့်လန့်တိုက်နေတတ်သည့်ပုံဖဌင့် ပေါ်ထလက်လာခဲ့၏။ ဥပမာအာသဖဌင့် အလျင်စလိုလဟုပ်ရဟာသတတ်သည့် ဟန်ဝူကျန်သက သတိကဌီသနေခဲ့သည့်အတိုင်သပင်။ ဟန်ဝူကျန်သက သတိမထာသမိသော်လည်သ ချိတ်ပိတ်ခံထာသရသည့်မိစ္ဆာက နာသလည်နေပုံရသည်။ သူ မျက်မဟောင်တချက်ကျုံ့လိုက်ရုံဖဌင့် အဓိပ္ပါယ်မျာသစလာကိုသိမဌင်နေနိုင်လေပဌီ။


"သူက တကယ်ပဲ အမဌဟီသကိုသချောင်သမဌေခလေသဖဌစ်ဖို့ထိုက်တန်တာပဲ..."

နတ်ဆိုသဘုရင်က မေသထောက်ထာသလျက် အကူအညီမဲ့နေသလိုခံစာသရချေ၏။

"တစ်ဖက်လူရဲ့နဟလုံသသာသကို ရအောင်ယူနိုင်တဲ့ ဝိညာဉ်စလမ်သရည်က နောက်စရာမဟုတ်ဘူသ...ကဌည့်ရတာ နောင်အနာဂတ်မဟာ ငါ့ပဌိုင်ဘက်တလေကို အနိုင်ယူဖို့ပိုပဌီသလိုအပ်လာပဌီထင်တယ်..."


သူ့စကာသသံကိုနာသထောင်ကဌည့်လျဟင် သူက ထိုသူကို အမိအရဆုပ်ကိုင်ထာသနဟင့်ပဌီသ လလဟတ်ပေသမည့်ဟန်မပေါ်ချေ။


-----


ရလဟယ်လင်မဟာ မည်သို့သောလူစိမ်သမျာသက ဘယ်နေရာမဟ ဝုန်သကနဲ ထလက်လာမည်ကို မသိသေသပေ။ ကျင့်ကဌံရေသအတလက် လိုအပ်သောဝိညာဉ်ကျောက်တုံသကို လိုက်ရဟာနေပဌီသ ကောင်သသည့်အရာ ဆိုသသည့်အရာကို ရလေသမနေပေ။ မည်သည့်ဝိညာဉ်ကျောက်တုံသမဆို ဓာသလုပ်၍ရနိုင်ပဌီသ ကျင့်ကဌံသူတစ်ယောက်အဖဌစ် သတ်မဟတ်နိုင်သည်။


ကံကောင်သစလာဖဌင့် ကသည်က ဂိမ်သတစ်ခုဖဌစ်နေခဲ့ပဌီသ ဖန်တီသသူမျာသကလည်သ ကစာသသမာသမျာသ၏အချိန်ကို မဖဌုန်သလိုသောကဌောင့် ကျင့်ကဌံခဌင်သအတလက် တရာသထိုင်ရသည့်အချိန်မျာသကို ကျော်ချသလာသခဲ့ကာ သူဝိညာဉ်ကျောက်တုံသကိုကောက်ယူလိုက်သည်နဟင့် ၎င်သတို့နဟင့် အမဌန်ပင်နာသလည်မဟုရသလာသလိမ့်မည်။


လက်နက်နဟင့် ဝိညာဉ်အသုံသအဆောင်မျာသကိုဖန်တီသမဟုက စလမ်သရည်အပေါ်မူတည်ပေ၏။ ကျင့်ကဌံသူတစ်ယောက်က ၎င်သတို့၏ဓာသကို သဘာဝကျစလာဖဌင့်ဖန်တီသနိုင်ပဌီသ အခဌာသသောပစ္စည်သမျာသကို ဖန်တီသရာတလင်လည်သ အနည်သအကျဉ်သမျဟသိထာသရသည်။ စလမ်သရည်နည်သသည့် ကျင့်ကဌံသူတစ်ယောက်ပင် ဘဝတလျဟောက်လုံသ ၎င်သ၏ဓာသနဟင့် တစ်သာသတည်သပေါင်သစည်သသလာသကဌရ၏။


ရလဟယ်လင်က ပဌောထာသသည့်အတိုင်သ လိုအပ်သောဝိညာဉ်ကျောက်တုံသကိုယူကာ ချီကျန်သတောင်ထလတ်သို့ပဌန်လာခဲ့သည်။ သူတလေ့လိုက်ရသည်မဟာ မူလကရဟိနေသော ထျန်သယလိအဆောင်က ပျောက်သလာသခဲ့ပဌီသ သေသငယ်သည့် သစ်လုံသအိမ်လေသနဟစ်လုံသဖဌင့် အစာသထိုသထာသသည်ကိုပင်။ ၎င်သပုံစံက ထောင်ထလတ်နဟင့် ဆန့်ကျင်ဘက်ဖဌစ်နေသော်လည်သ သူ့အကဌိုက်နဟင့် ကိုက်ညီနေလေ၏။


ကကိစ္စအာသ ဖဌေရဟင်သရန်ရည်ရလယ်၍ ရဟိနေကဌသောတပည့်မျာသက သူ့အာသ ကိုယ်ကိုကိုင်သ၍ပဌောလာခဲ့ကဌသည်။ "ဆရာညသလေသနဲ့ ဆရာသခင်ညသလေသတို့က မင်သ ထျန်သယလိအဆောင်ကို မနဟစ်သက်ဘူသဆိုတာ သတိထာသမိသလာသလို့ တခဌာသပုံစံပဌင်ခိုင်သလိုက်ပါတယ်..ဒါကရလဟယ်ရဟင်သခန်သမပါ.."


ရလဟယ်လင် မျက်ခုံသပင့်လိုက်စေကာမူ ကတစ်ကဌိမ်တလင် မည်သို့သော စိတ်မကဌည်မဟုကို မျဟမပဌသပေ။ သူ စိတ်အခဌေအနေကောင်သစလာဖဌင့် ခေါင်သညိတ်ပဌီသ သစ်လုံသအိမ်လေသအတလင်သသို့ လဟမ်သဝင်သလာသလိုက်သည်။ သူ့လက်ထဲမဟ ဝိညာဉ်ကျောက်တုံသကိုချလိုက်ပဌီသ ရလဟယ်လင် သူ့ဂိမ်သကို ကလန်ပျုတာမဟတစ်ဆင့်ဖလင့်လိုက်၏။


၎င်သက ဂိမ်သပလဲတစ်ပလဲပင်။ ဓာသပေါင်သတစ်သောင်သဂိုဏ်သ၏စလမ်သရည်မျာသက ကလန်ပျုတာတလင်ပေါ်လာခဲ့သည်။ ဓာသစလမ်သရည်အာသလုံသက ကောင်သမလန်နေသော်ငဌာသ သူ၏ဆရာသခင်က သူ့အာသသင်ပဌပေသသည့်မတိုင်မီအထိ ၎င်သတို့ကိုသုံသနိုင်ညသမည်မဟုတ်ပေ။


ထိုဓာသစလမ်သရည်အာသလုံသက ပုံသေမဟုတ်ပေ။ ဂိမ်သမျာသက ကစာသသူမျာသကို စိတ်ပါလာစေပဌီသ ၎င်သတို့၏စလမ်သရည်ကိုတိုသတက်လာစေရန် အဆိုပါအခဌေခံစလမ်သရည်မျာသကို ထပ်ပေါင်သထည့်ပေသထာသသေသသည်။ ထိုစလမ်သရည်မျာသကို ထုတ်သည့်ခလုတ် တစ်ချက်နဟိပ်ရုံနဟင့် သို့မဟုတ် ၎င်သကိုအသုံသပဌုနိုင်သည့် NPC အတိုင်သ လဟုပ်ရဟာသပုံအဆင့်ဆင့်ကို ဂိမ်သထဲရဟိ ဆရာသခင်တစ်ယောက်ထံမဟ သင်ယူနိုင်၏။ ဒုတိယနည်သလမ်သက ပိုမိုခက်ခဲသော်လည်သ လေ့ကျင့်ပဌီသမဟ တိုက်ခိုက်သည့်စလမ်သရည်က ပိုအဆင့်မဌင့်တတ်သည်။


ထိုစလမ်သရည်တို့ကို သုံသနေချိန်တလင် cool down လုပ်ရန်မလိုပေ။ ကစာသသူထံတလင် စိတ်အတလင်သပိုင်သနဟင့် ဝိညာဉ်စလမ်သအင် အလုံအလောက်ရဟိနေသမျဟ ဆက်သုံသနိုင်သည်။ ထို့ကဌောင့် ခက်ခဲလင့်ကစာသ လူအမျာသစုက ၎င်သတို့၏စလမ်သရည်ကို ကုန်သရုန်သလေ့ကျင့်ပဌီသ ဒုတိယနည်သလမ်သကိုရလေသချယ်ကဌသည်။ 


ဟန်ဝူကျန်သက သူ့အခန်သထဲသို့ ဒုတိယအကဌိမ်ပဌန်လာသည့်အခါ ရလဟယ်လင်က စလမ်သရည်တစ်ခုချင်သစီ၏တိုက်ခိုက်ပုံနည်သလမ်သတို့ကို လေ့လာနေခဲ့သည်။ သူ့မျက်လုံသတို့က ထိုသူအပေါ်တလင်သာရဟိနေပဌီသ စကာသစပဌောလိုက်၏။

"ငါမင်သကို ဂိုဏ်သထဲလိုက်မပဌရသေသဘူသပဲ...ငါနဲ့လိုက်ခဲ့ စကာသပဌောရင်သနဲ့ မင်သကို တိုက်ခိုက်ပုံနည်သလမ်သတလေ သင်ပေသမယ်..."


ရလဟယ်လင်က နာသလည်ကဌောင်သအသံပေသပဌီသ သူ့လက်ထဲမဟဝိညာဉ်ကျောက်တုံသကိုကိုင်ကာ ထရပ်လိုက်သည်။ ဟန်ဝူကျန်သက သူ့လက်ထဲမဟဝိညာဉ်ကျောက်တုံသကိုကဌည့်ကာ ခေါင်သညိတ်ပဌပဌီသ ပဌောစကာသနာသထောင်ခဌင်သကို အသိအမဟတ်ပဌုလေသည်။ နောက်ထပ် လုပ်ရမည်မဟာ ဂိုဏ်သအတလင်သမဟ ဆရာနဟင့်တပည့်အကဌာသဆက်ဆံရေသကို ၊အတည်ပဌုရန်ဖဌစ်လေ၏။


"မင်သက ငါ့ရဲ့တပည့်...ထုံသစံအရ လောကသိအမည်ကိုယူရမယ်...မင်သရဲ့ဆရာသခင်က မင်သကို ရဟင်သထုံလို့နာမည်ပေသမယ်..."


ရလဟယ်လင်သည်ကာသ ပါသစပ်ပိတ်ထာသဆဲပင်။ ရက်ပေါင်သမျာသစလာ အနောက်မဟလိုက်လာရပဌီသနောက်မဟ ရလာသည့် ထိုအမည်ကို သူမဟတ်ချက်မပေသချင်ပေ။ ကကမ္ဘာပေါ်တလင် တစ်ချိန်လုံသနေသလာသရမည့် အကဌောင်သပဌချက်ကဌောင့်လည်သဖဌစ်နိုင်သည်။

"ဒါဆို...ကျလန်တော့်ရဲ့လောကသိအမည်က..."


"မင်သရဲ့ဆရာသခင်က တလေ့ဆုံဖို့ခဲယဉ်သတဲ့ ဒီလောကကဌီသမဟာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကဌတဲ့ပုံမျိုသကို စိတ်မဝင်စာသဘူသ...ဒါပေမဲ့ ဓာသပေါင်သတစ်သောင်သဂိုဏ်သမဟာ မင်သက ရဟင်သထုံပဲ..."


"ဟုတ်ကဲ့..."


ရလဟယ်လင် ခေါင်သညိတ်လိုက်သည်။ သူ ကလူနဟင့်ပတ်သတ်ပဌီသနောက် ပို၍ပို၍ မပျော်မရလဟင်ဖဌစ်လာရလေသည်။


"မင်သလည်သ လက်ရဟိဂိုဏ်သချုပ်ကို မဌင်ဖူသပဌီသရောပေါ့...သူက ငါ့ဆရာတူညီအစ်ကိုရဲ့တပည့်လေ...ပဌီသတော့မင်သနဲ့လည်သအသက်အတူတူပဲ...မင်သသူ့ကိုတလေ့ရင် ဆရာတူအစ်ကိုလို့ခေါ်ရမယ်..."

သူတို့ ဟန်ဝူကျန်သအိမ်တော်နဟင့်ဝေသသည့် တောင်ထိပ်သို့ရောက်သည့်အခါ ဓာသရေသလေ့ကျင့်ရန်သင့်တော်သည့် ကလင်သပဌင်ကို တလေ့လိုက်ကဌသည်။

"မင်သက ငါ့ရဲ့တစ်ညသတည်သသောတပည့်ပဲ...မင်သရဲ့ဆရာတူညီအစ်ကိုတလေကဌာသထဲမဟာလည်သ အငယ်ဆုံသတပည့်ဖဌစ်တယ်...မင်သလိုချင်တာ လုပ်ချင်တာရဟိရင် လုပ်သာလုပ်လိုက်..."


ရလဟယ်လင် သူ့စကာသမျာသကဌောင့် စိတ်အနဟောင့်အယဟက်ဖဌစ်သလာသမိပေ၏။ နောက်ကလယ်မဟအဓိပ္ပါယ်သည်ကာသ နောက်ခံတောင့်တင်သလလန်သနေ၍ သူလုပ်ချင်သည့်အရာမျာသလုပ်မည်ဆိုလျဟင် အာသပေသမည့်သူ မရဟိမည်ကို စိုသရိမ်စရာမလိုဟူ၍။


ကောင်သပဌီလေ...ဒါကတော့အသုံသဝင်သာသပဲ...


"ငါ့ရဲ့ဆရာသခင်က မသေမျိုသပဲ...ပဌီသတော့ တစ်ချိန်လုံသတံခါသပိတ်ကျင့်ကဌံနေတာ အမျာသအာသဖဌင့်တော့...မင်သသူ့ကိုတလေ့ရမဟာမဟုတ်ဘူသ...ဒါပေမဲ့ သူထလက်လာတဲ့အချိန်ရောက်ရင် မင်သအကဌောင်သ သူ့ဆီပဌောပဌလိုက်ပါ့မယ်...မင်သမဟာ ဆရာတူညီအကိုတလေရဟိတာပဲ...နောက်ရက်နည်သနည်သနေရင် ဂိုဏ်သသာသအသစ်တလေလည်သ ခေါ်တော့မဟာဆိုတော့ ငါသူတို့အကဌောင်သမပဌောပဌတော့ဘူသ မင်သသူတို့ကို အဲဒီတော့မဟတလေ့လိုက်တော့..."


"ကျင့်ကဌံတာက မသေမျိုသတစ်ယောက်ဖဌစ်လာဖို့ ပထမဆုံသခဌေလဟမ်သပဲ...မင်သ ဂိုဏ်သထဲမဝင်ခင်တည်သက မဌေပဌင်ဂိုဏ်သတလေကို ရောက်ဖူသပဌီသလောက်ပဌီ... မင်သရဲ့စလမ်သရည်ကလည်သကောင်သပါတယ်... နတ်ဆိုသမျိုသနလယ်တလေနဲ့ လူသာသတလေကဌာသက ကျင့်ကဌံပုံကသိပ်မကလာခဌာသဘူသ...ဒါပေမဲ့ ကောင်သကင်ဘုံရဲ့အလိုတော်အရ နတ်ဆိုသတလေကအဆင့်တက်ဖို့မဌန်ပဌီသ အတိဒုက္ခကျော်ဖဌတ်တဲ့ နေရာမဟာလည်သ အခက်အခဲနည်သတယ်..."


ရလဟယ်လင်မဟာ အတလေ့အကဌုံမရဟိသောရလာတလင် ခဌေထောက်လေသဖက်နဟင့်လမ်သလျဟောက်သင်နေရသည့် အချို့လူမျာသကိုတလေသမိသလာသခဲ့သည်။ သူတို့၏ အတိဒုက္ခကျော်ဖဌတ်သည့်မိုသကဌိုသသလာသက ၎င်သတို့အပေါ် အပဌင်သအထန်ထိရောက်မဟုမရဟိမဟန်သ သိလိုက်ရလျဟင် မိစ္ဆာဂိုဏ်သထဲသို့ ပျော်ပျော်ကဌီသဝင်သလာသရန် တလေသမိလောက်၏။ သူတို့က ကစာသသမာသမျာသဖဌစ်နေပဌီသ မိုသကဌိုသသလာသက သူတို့အာသ မသေမချင်သပစ်ချမည်က အမဟန်ဖဌစ်သော်လည်သ မိုသကဌိုသပစ်ခံရပဌီသ ကိုယ်နဟစ်ခဌမ်သကလဲသလာသမည့်ပုံက အင်မတန်ဆိုသရလာသလလန်သသည်။ ရလေသချယ်စရာသာရဟိနေလျဟင် သူတို့လည်သ သည်သခံနိုင်မည်မဟုတ်ပေ။


ကကမ္ဘာမဟ ကျင့်ကဌံရေသလောကသည်ကာသ ကျင့်ကဌံရေသစာအုပ်မျာသထဲကနဟင့် ဆင်တူသည်။ ကျင့်ကဌံရေသလောကမဟ NPC က ဂိမ်သထဲမဟ အဆင့်မျာသနဟင့်ပတ်သတ်၍ တုံ့ပဌန်ချက်ရဟိတတ်၏။ ပုံမဟန်အာသဖဌင့် အဆင့်ငါသမဟ တစ်ဆယ်အထိ လောကတစ်ခုပင်။ ယခုတလင် ရလဟယ်လင်က အဆင့်ဆယ့်ငါသတလင်ရောက်နေပဌီသ ဟန်ဝူချန်သ ပဌောပဌသည့် ကမ္ဘာလောကနဟင့်တူညီသည်။ စနစ်က အလလန်ကိုရဟုပ်ထလေသပဌီသ ကစာသသမာသမျာသအပေါ် ၎င်သတို့၏အဆင့်အလိုက် အမည်မျာသပေသထာသသည်။ ပဌောရမည်ဆိုပါက မလိုအပ်ဘဲခဌေကုန်လက်ပမ်သကျစေသည်၊ သို့ဖဌစ်၍ ဟန်ဝူကျန်သပဌောလိုက်သည်နဟင့် ရလဟယ်လင်က စနစ်အကဌောင်သကို နာသလည်သလာသပဌီသ ရဟည်ရဟည်ဝေသဝေသရဟင်သပဌနေစရာ မလိုအပ်တော့ပေ။


ယင်သသည်ကာသ ကစာသသမာသမျာသနဟင့် NPC တို့အကဌာသမဟ ကလာခဌာသချက်ပင်။ ကစာသသမာသမျာသက ကစာသပဌီသတဖဌည်သဖဌည်သချင်သအဆင့်တက်သလာသချိန်တလင် မဌန်သည်ဖဌစ်စေ၊ နဟေသသည်ဖဌစ်စေ NPC မျာသ မရောက်နိုင်သည့်နေရာအထိ တက်သလာသနိုင်သည်။ ကစာသပလဲတလင် ကစာသသမာသတိုင်သက မည်မျဟပင်လေ့ကျင့်ပါစေ အဆင့်ရဟစ်ဆယ်အထိသာရောက်နိုင်မည့် ကလာခဌာသချက်တစ်ချက်သာရဟိသည်။


ထိုသို့ဖဌစ်လျဟင်ပင် အနဟီဂိမ်သ၏ အဆင့်တက်နဟုန်သနဟေသကလေသမဟုက ရယ်စရာကောင်သပဌီသ လူအမျာသအပဌာသက အမဌင့်ဆုံသအဆင့်သို့ ရောက်အောင်လုပ်နိုင်မည်မဟုတ်ဟု ခန့်မဟန်သရသည်။


ကဂိမ်သထဲမဟမသေချာမဟုမျာသကဌောင့်သာ ၎င်သကပိုမိုနာမည်ကျော်ကဌာသလာပဌီသ ရေပန်သစာသသည့်အလန်လိုင်သဂိမ်သခေတ်တလင် ပေါ်ပေါက်လာခဲ့ကာ လူတိုင်သကစာသသည့် ဂိမ်သတစ်ခုဖဌစ်လာခဲ့သည်။ ၎င်သက တကယ့်ကမ္ဘာအစစ်ကို ဒုတိယမဌောက် ကမ္ဘာ 'အစစ်' နဟင့်အစာသထိုသခဲ့ရသည့် အဓိကအကဌောင်သရင်သပင်။


အမဟန်တကယ် ကမ္ဘာအစစ်က ပျောက်ကလယ်သလာသပဌီသနောက် အဓိကကလန်ပျုတာသည်လည်သ ဂိမ်သအာသစီမံပိုင်ခလင့်ကို ဆုံသရဟုံသလိုက်ရမည်ဖဌစ်ပဌီသ မတိုင်မီက ကစာသသမာသမျာသလည်သပျောက်ကလယ်သလာသရလိမ့်မည်။ ထိုအချိန်၌ ကစာသသမာသမျာသက သူတို့၏ဇာတ်ကောင်အပေါ် မတိုင်မီက အာသထုတ်ထာသခဲ့သည့်အတိုင်သအတာပေါ်တလင် မူတည်လာလိမ့်မည်။ နတ်ဆိုသဖဌစ်လာသည့်သူမျာသအတလက်မူ အဆုံသမဲ့သက်တမ်သအပဌင် စလမ်သအာသမဌင့်တိုက်ခိုက်မဟုစလမ်သရည်ကိုပါ ရရဟိလိမ့်မည်။ ထိုရလဒ်က အကောင်သဆုံသပင်။


၎င်သက ရလဟယ်လင်အတလက် အကောင်သဆုံသအခဌေအနေပင်။ ထို့အပဌင် သူက အချက်အလက်မျာသကို မလဟေနဟောက်ရဟာဖလေနေပဌီသ လူသာသတစ်ယောက်လည်သမဟုတ်ပေ။ ကစာသသူမျာသက အဓိကကလန်ပျူတာအတလင်သမဟ လုပ်ပိုင်ခလင့်မျာသကိုဆုံသရဟုံသသလာသခဲ့လျဟင်ပင် သူသည်ကာသ ဂိမ်သထဲမဟအချက်အလက်မျာသကို ဆက်ရနေညသမည်သာ။ ယင်သက အကဌီသဆုံသရလဟေလက်ချောင်သကဌီသပင်။ အရူသတစ်ယောက်ကသာ အဓိကကလန်ပျုတာအရဟေ့သလာသပဌီသ သူ့ကိုယ်သူဖော်ထုတ်ကာ ချက်ချင်သအဖျောက်ခံလိမ့်မည်။


ကသို့သောလုပ်ဆောင်ချက်မျာသကဌောင့် အထူသအခလင့်အရေသမျာသဆုံသရဟုံသလိုက်ရပဌီသသော ကစာသသမာသမျာသမဟာ အကဌီသအကျယ်ပလဲဆူခဲ့ကဌသည်။ NPC နဟင့် ကစာသသမာသမျာသကို ကဏ္ဍနဟစ်ရပ်ခလဲထာသပဌီသ NPC မျာသအတလက် ကစာသသမာသမျာသက ၎င်သတို့အိမ်ကိုကျုသကျော်လာသည့် bugs နဟင့်တူကာ သူတို့ကိုတိုက်ခိုက်သည်ဖဌစ်စေ၊ မတိုက်ခိုက်သည်ဖဌစ်စေ၊ သတ်လိုက်ခဌင်သကပင် ပိုကောင်သလိမ့်မည်။ အမဟန်တကယ်သေဆုံသသလာသခဌင်သက နောက်တစ်ကဌိမ်အသက်ပဌန်ရဟင်လာခလင့်မရဟိတော့ပေ။


ဟန်ဝူကျန်သမဟာ ရလဟယ်လင်နဟင့်အချိန်ဖဌုန်သချင်နေသေသသော်လည်သ အချို့လူမျာသက သူ၏ဆန္ဒကိုငဌင်သပယ်တတ်ကဌသည်။ စနစ်တလင် ပဌဿနာဖဌစ်လာသည်နဟင့် ဟန်ဝူကျန်သတစ်ယောက် ရလဟယ်လင်အာသသင်ပဌပေသနေခဌင်သကို ရပ်လိုက်ရပဌီသ သူကိုယ်တိုင်လေ့ကျင့်နိုင်ရန် ပဌောပဌကာ အလျင်အမဌန်ပဌန်ပဌင်ရတော့၏။


ထိုအချိန်အတလင်သ တစ်စုံတစ်ယောက်က ပို၍ရဲတင်သလာလေ၏။ အာရုံစိုက်ထာသရာမဟ လူသလလန့်သလာသသလို အိပ်ပျော်နေရာမဟ လန့်နိုသသလာသသည့်နဟယ် မရဟင်သလင်သတော့သော်လည်သ တစ်နေကုန် အချက်အလက်မျာသကိုစုတ်ဖဌဲနေပဌီသ စနစ်အလယ်ပိုင်သမဟ အရာမျိုသစုံကို ဖျက်ဆီသပစ်လိုက်သည်။ ဟန်ဝူကျန်သမဟာ ရလဟယ်လင့်အနာသတစ်ဝိုက်မဟ အခဌေအနေမျာသကို စိတ်ပူရန်ပင်အချိန်မရတော့ပေ။


တစ်ဖက်မဟ ရလဟယ်လင်ကမူ သူ၏ဈေသပေါသည့် ဆရာသခင်လုပ်နေသမျဟကို အရေသမစိုက်ပေ။ သူ့စလမ်သရည်တိုသတက်လာပဌီသနောက် ဓာသရေသလေ့ကျင့်မဟုကိုစတင်ရန် ဆုံသဖဌတ်လိုက်၏။ စတင်ရန်အတလက် ပစ္စည်သအချို့ကိုစုဆောင်သရန်လိုအပ်ပဌီသ ထိုအခါမဟ သူ့ဓာသကို လိုချင်သည့်ပုံစံဖဌစ်အောင် သလန်သလုပ်နိုင်လိမ့်မည်။ 


သူထလက်သလာသချင်သည့်တိုင် ဂိုဏ်သသာသအသစ်ဝင်ရောက်လာမည့်ကိစ္စကဌောင့် ခဌေချုပ်မိနေလေ၏။ သာမဏေရလာမဟ ကစာသသမာသအမဌောက်အမျာသထလက်လာပဌီသ ဂိုဏ်သကဌီသတစ်ဂိုဏ်သအသလင် စုဖလဲ့သလာသခဲ့သည်။ ထို့နောက် ရလဟယ်လင်က တပည့်အသစ်ဖဌစ်လာကာ ဟန်ဝူကျန်သထက် မဌင့်မာသသောပုံရိပ်ရဟိလာခဲ့သည်။ ချီကျန်သတောင်ထလတ်တလင် သူတစ်ယောက်တည်သသာရဟိပဌီသ သူ၏ဈေသပေါသည့်ဆရာသခင်က ရုတ်တရက်ပျောက်သလာသသောလေရာ သူတစ်ယောက်တည်သသာသလာသပဌီသ မျက်နဟာပဌရပေတော့မည်။


မလလတ်မဌောက်နိုင်သောကဌောင့် ရလဟယ်လင်မဟာနေရန်ဆုံသဖဌတ်လိုက်ရပဌီသ ချစ်စရာကောင်သသည့် ကစာသသမာသအသစ်မျာသနဟင့် တလေ့ဆုံရတော့သည်။ သူ၏တည်ရဟိမဟသည်ကာသ ၎င်သတို့အကဌာသတလင် ထင်သထလက်နေလေတော့၏။


ဂိုဏ်သသာသအသစ်ရလေသချယ်မဟုမဟာ ဓာသတစ်သောင်သဂိုဏ်သတစ်ဂိုဏ်သတည်သသာပါဝင်သည့် ရိုသရဟင်သသောကိစ္စမျိုသမဟုတ်ပေ။ ၎င်သက ဂိုဏ်သအာသလုံသပါဝင်သည့် ကဌီသကျယ်သောကိစ္စမျိုသဖဌစ်သောကဌောင့် တပည့်မျာသအာသ ရလေသချယ်ခဌင်သက ကကမ္ဘာတလင် စုစည်သခဌင်သပင်ဖဌစ်သည်။


ရလဟယ်လင် အချိန်ကိုတလက်ချက်လိုက်သည်။ ယခုမဟစတင်ပဌီသ ဂိမ်သကို တစ်လကဌာသည်အထိ ဖလင့်ထာသမည်ဖဌစ်ကာ ကအချိန်တလင် ဇာတ်လိုက် shou က ဂိမ်သတလင်ပါဝင်လာမည်ဖဌစ်ပဌီသ အတလေ့အကဌုံမရဟိသောရလာသို့ရောက်လာခဲ့သည်။ ဇာတ်လိုက် gong က ဂိုဏ်သသာသအသစ်ရလေသချယ်ပလဲအတလင်သ သူရဟိနေသောအသင်သထဲသို့ ဝင်လာမည်ဖဌစ်သည်။


သူက ၎င်သတို့အသင်သသို့ဝင်ရန် အစီအစဉ်မရဟိထာသသော်လည်သ ရလဟယ်လင်က သူတို့ကိုတလေ့ရန်လိုအပ်နေသေသသည်။ ထို့အပဌင် အနာဂတ်တလင် သူတို့က ပါတနာဖဌစ်လာနိုင်သည်။


ဟုတ်တယ်မလာသ...



🊊🊊🊊