Chapter 81
Viewers 3k

🊊Arc 6 Data in Love


Chapter 81

6.6 - စူသရလဟမ့်ယန်တဲ့လာသ... သူကဘယ်သူလဲ...




ဂိုဏ်သသာသအသစ်ရလေသချယ်ရန် ပဌင်ဆင်နေမဟုမဟာ ယခုဆိုလျဟင် တစ်လခလဲခန့်ရဟိခဲ့ပဌီဖဌစ်သည်။ သို့ဖဌစ်၍ ကစာသသမာသမျာသ အတလေ့အကဌုံမရဟိသောရလာမဟထလက်ခလာရန် လုံလောက်သောအချိန်ဖဌစ်ပဌီသ ၎င်သတို့၏ကျလမ်သကျင်မဟုအရ ဝင်ရောက်လိုသည့်ဂိုဏ်သကိုကောင်သကောင်သနာသလည်သလာသကဌလောက်ပဌီ


အတလေ့အကဌုံမရဟိသောရလာတလင် တလေ့ကဌုံခဲ့ရမဟုမျာသအပဌီသ ကစာသသမာသမျာသက ကျို့ကျိုသ၏စည်သမျဉ်သနဟင့် ရင်သနဟီသမဟုရဟိလာခဲ့ကာ NPC နဟင့် အခဌာသသောအရာမျာသနဟင့်လည်သ လိုက်လျောညီထလေ ဖဌစ်လာခဲ့ကဌလေသည်။ သူတို့အာသ

လုံသက အခဌာသသူမျာသ သူတို့၏အကျင့်စရိုက်မျာသအတလင်သမဟပဌစ်ချက်အနည်သငယ်မျဟကိုပင် ရဟာမတလေ့နိုင်စေရန် ဇာတ်ကောင်နဟင့်တသာသတည်သဖဌစ်သည်အထိ သရုပ်ဆောင်နေကဌရ၏။ သူတို့ ဂိမ်သထဲတလင် ပို၍အဆင်ပဌေလာကဌသည့်အခါ ဂိမ်သကမ္ဘာသည်လည်သ ပို၍လဟုပ်ရဟာသသက်

ဝင်လာခဲ့သည်။ ကစာသသမာသအဆင့်မျာသ ထလက်လာသည်နဟင့် အဆင့်အလိုက် လက်နက်၊ ပိုက်ဆံကဲ့သို့သော ပစ္စည်သမျာသကို စာရင်သပဌုစုရသည်။ အဆင့်မျာသစလာရဟိပဌီသ လူသာသမျိုသနလယ်၏ အာရုံစိုက်မဟုအရဆုံသ ကစာသသမာသကို "မိုင်ထောင်ချီမနာသတမ်သ" ဟူသောအမည်ဖဌင့် သိရဟိထာသကဌသည်။


ဒုတိယမဌောက်နေရာတလင်မူ နတ်ဆိုသမျိုသနလယ်မဟ ရလဟယ်လင်အမည်ရဟိ အရဟင်သခင်ဖဌစ်ပဌီသ "မိုင်ထောင်ချီမနာသတမ်သ" နဟင့်အဆင့်တူပင်ဖဌစ်သည်။ အကဌောင်သမဟာ သူ့အောက်မဟလူ၏အမည်မဟ အနောက်ဘက်ရဟိစာလုံသသည်ကာသ အနောက်ဟုအဓိပ္ပါယ်ရနေသောကဌောင့်ပင်။


အမဟန်ပင်။ ကတကဌိမ်တလင် ရလဟယ်လင်က မူလအချက်အလက်မျာသထဲကအတိုင်သ ကော်ပီမယူဘဲ သူ့ကိုယ်သူ 'နဟင်သမဌေခလေသ' ဟူ၍ တိုက်ရိုက်သတ်မဟတ်လိုက်သည်။ အထပ်ထပ်ပဌန်စဉ်သစာသလိုက်သည့်အခါ သူခေါ်လာ

သည့်အမည်တိုင်သက ထူသဆန်သနေခဲ့သောကဌောင့် သူ၏မူရင်သအမည်ကို မည်သူကမဟမသိနိုင်မည့် အမည်မျိုသပေသလိုက်သည်။


ကဂိုဏ်သမဟ ဂိုဏ်သသာသရလေသချယ်မဟုတလင် တတိယမဌောက်အာရုံအစိုက်ခံရသူမဟာ "အဆုံသစလန်စိတ်ပျက်မဟု" အမည်ရဟိ အရဟင်သခင်ကဌီသပင်။ ထိုသူက ဓာသတစ်သောင်သဂိုဏ်သကို ရလေသချယ်ခဲ့သော်လည်သ ညသစာသပေသရလေသချယ်ခလင့်

ရသည့်တစ်ခုတည်သသောအခလင့်အရေသကို ရလဟယ်လင်ကယူသလာသပဌီဖဌစ်သောကဌောင့် ဂိုဏ်သသာသအသစ်ရလေသချယ်ပလဲတလင်သာ ပါဝင်ခလင့်ရတော့၏။ အနာဂတ်တလင် ထိုသူက ဓာသတစ်သောင်သဂိုဏ်သ၏ စီနီယာတပည့်တစ်ယောက်ဖဌစ်လာမည်ဖဌစ်ကာ သူ၏လောကသိအမည်မဟာ ယလမ်ချလမ်ဖဌစ်

လာပေမည်။


အမည်စာရင်သအောက်ဘက်သို့ ဆက်ကဌည့်သလာသပါက အခဌာသသောထိပ်ဆုံသကစာသသမာသမျာသက ညသစာသပေသနေရာမျာသကိုရယူထာသပဌီသ အခဌာသဂိုဏ်သမဟ အရည်အချင်သမဌင့်ကစာသသမာသမျာသ ဖဌစ်လာကဌလေသည်။ ထို့ကဌောင့် သူတို့က အနဟီဂိုဏ်သသာသရလေသချယ်မဟုတလင် မပါဝင်လာကဌပေ။ ယင်သကဌောင့် လူအမျာသအပဌာသမဟာ အသက်ရဟူချောင်သလာသခဲ့ကဌသည်။ ထို့အပဌင် ၎င်သတို့သာ ကဌီသမဌတ်သောအရဟင်သခင်ကဌီသမျာသနဟင့် ပဌိုင်မိလျဟင် ရင်နာစရာကောင်သစလာဖဌင့် ရဟုံသနိမ့်ကဌပေလိမ့်မည်။ 


ကနေရာမဟ ဂိုဏ်သသာသရလေသချယ်မဟုက စာအုပ်မျာသထဲကအတိုင်သမဟုတ်ဘဲ လူတိုင်သသည်ကာသ ၎င်သတို့၏ကျင့်ကဌံရေသအခဌေခံအပေါ်မူတည်၍ လက်ခံရခဌင်သဖဌစ်သည်။ ကနေရာမဟလူတိုင်သက ကစာသသမာသမျာသဖဌစ်ပဌီသ

ကျင့်ကဌံ‌ရေသစလမ်သရည်ဖဌင့် ဝင်ရောက်လာနိုင်ခဲ့ပါက ကျင့်ကဌံရေသအခဌေခံမရဟိသူက အပဌစ်တင်ခံရပေမည်။


ကျို့ကျိုသနယ်မဌေတလင် ကစာသသမာသတိုင်သ၌ ကျင့်ကဌံရန်ရည်ရလယ်ချက်ရဟိနေသရလေ့ ဝင်ရောက်နိုင်သည်။ ဂိုဏ်သမျာသက ကလေသအရလယ်မျာသကို ရလေသချယ်ခဌင်သမရဟိဘဲ ပေါက်စအရလယ်လေသမျာသကို လေ့ကျင့်ပေသရန်လည်သ အစီ

အစဉ်မရဟိချေ။ လက်တလေ့တလင် ဂိုဏ်သသာသရလေသချယ်ခဌင်သက ကဌီသမာသသည့်ပဌိုင်ပလဲမျိုသဖဌစ်ပဌီသ ကစာသသမာသမျာသ ပါဝင်ချင်သည့်နေရာမဟာ ဂိုဏ်သ၏စင်မဌင့်သာဖဌစ်သည်။ ဂိုဏ်သ၏ ပဌိုင်ပလဲစင်မဌင့်ခုံတလင် အချိန်အကဌာဆုံသရပ်တည်နိုင်မည့်

သူက ဂိုဏ်သ၏စီနီယာတပည့်ဖဌစ်လာနိုင်ပဌီသ ဂိုဏ်သ၏အတလင်သတပည့် ဖဌစ်သလာသနိုင်ကာ ဂိုဏ်သချုပ်ကိုယ်တိုင်သင်ကဌာသပေသမည်ဖဌစ်သည်။ ပဌီသလျဟင်

ဂိုဏ်သ၏အကဌီသအကဲမျာသကပါ ၎င်သတို့၏တိုသတက်မဟုအပေါ်မူတည်၍ တိုက်ရိုက်တပည့်အဖဌစ်ရလေသချယ်ကာ အတလင်သစည်သတပည့်နဟင့် အပဌင်စည်သတပည့်တို့ကို ခလဲခဌာသမည်ဖဌစ်သည်။ ကစာသသမာသမျာသက ကျေနပ်မဟုမရဟိလျဟင် အဆင့်တက်ပဌီသ နောက်တစ်ကဌိမ်ကဌိုသစာသနိုင်သည်။ သူတို့အနိုင်ရ

လျဟင် ဂိုဏ်သအတလင်သသို့ဝင်ခလင့်ရပေမည်။


ကသည်မဟာ ခလန်အာသကိုအဓိကထာသသော လောကကဌီသပင်။


၎င်သတို့ပေါ်လာသည်နဟင့် ကမ္ဘာချန်နယ်တလင် အပေါ်အောက်စာတန်သမျာသက ဖန်သာသပဌင်အပဌည့်နီသပါသ ပေါ်လာခဲ့သည်။ ၎င်သမဟာ အစီအစဉ်ကို လာအာသပေသကဌသည့် ကစာသသမာသမျာသဖဌစ်ပဌီသ စင်မဌင့်ပေါ်တလင်တိုက်ခိုက်ရန်

အသင့်စောင့်ဆိုင်သနေသည့် ကစာသသမာသမျာသကမူ စိတ်လဟုပ်ရဟာသနေကဌသည်။ ဖရဲစေ့ခလာစာသရုံသာ ရောက်လာကဌသည့် လူအုပ်ကဌီသနဟင့် ပလဲကဌည့်ပရိသတ်တို့သည်ကာသ ယနေ့ကျင်သပသည့်ပဌိုင်ပလဲကဌီသကို အလလန်အမင်သ

စိတ်ဝင်စာသနေကဌသော လူအုပ်ကဌီသအာသကဌည့်ကာ မယုံကဌည်နိုင်ဖလယ်ဖဌစ်နေကဌလေသည်။


ထို့အပဌင် ဂိမ်သကစာသနေကဌသောလူမျာသကလည်သ အာသပေသချင်နေကဌသေသ၏။


[လာဘ်ကောင်: ပဌိုင်ပလဲကိုသပလဲလုံသကအရဟိန်ကောင်သနေပဌီ..နောက်တစ်ခါ ထလက်လာမဟာက NPC တလေမလာသ...]


[ပျော်ရလဟင်မဟုကိုလလတ်မသလာသစေနဲ့: ငါအစောကဌီသတည်သက ဂိုဏ်သကဌီသကိုသခုရဲ့ မိတ်ဆက်တလေကို ဖတ်ကဌည့်ပဌီသသလာသပဌီ...ငါက အဆင့်ဆယ့်တစ်ပဲရဟိသေသလို့ အာသနည်သတယ်ထင်ရလည်သ ဝင်သလာသချင်နေတုန်သပဲ... ငါ အတလေ့အကဌုံမရဟိတဲ့ရလာကထလက်သလာသတော့မဟ အဲ့ကတာဝန်တလေနဲ့ အတလေ့အကဌုံတလေက ဘယ်လောက်အံ့ဩစရာကောင်သလဲဆိုတာနာသလည်

တော့တယ်...QAQ ငါရလာကထလက်လိုက်ရင် အဆင့်တက်လာတော့မဟာမဟုတ်ဘူသ]


[မဌေအောက်ထဲကအချစ်တလေက လိပ်ပဌာလေသတလေဖဌစ်သလာသပဌီ : အဓိပ္ပါယ်မရဟိတာပဲ...စာရင်သပေါ်က နံပါတ်တစ်ကစာသသမာသတောင် အဆင့်ဆယ့်ခုနစ်ပဲရဟိတာ မင်သလည်သမဌင်တာပဲ...ကဌီသမဌတ်တဲ့အရဟင်က ဂိုဏ်သထဲတောင်ဝင်နဟင့်နေပဌီဖဌစ်မယ်]


[သန်သခေါင်ယံအလလန်: မဖဌစ်နိုင်တာပဲ..ကဌီသမဌတ်တဲ့အရဟင် "အဆုံသစလန်စိတ်ပျက်မဟု" တောင် ဂိုဏ်သထဲမဝင်ရသေသဘူသလေ...အဲဒါက ဝင်တာဖဌစ်ဖဌစ် မဝင်တာဖဌစ်ဖဌစ် မင်သရဲ့အဆင့်နဲ့ ဘာမဟမဆိုင်ဘူသလို့ဆိုလိုတာပဲ...မင်သ

တို့အကုန်လုံသ တုံသလလန်သတယ်]


[အတိတ်ကိုအောက်မေ့သူ: ငတုံသကစာသသမာသတလေထဲက တစ်ယောက် ငါဆလံ့အသလာသပဌီ]


[သန်သခေါင်ယံညတလင် လမင်သကဌီသအာသအိပ်မက်သူ : ငါအရမ်သပျော်တာပဲ...ငါဒီနေ့ ကဌီသမဌတ်တဲ့အရဟင်သခင်တလေနဲ့တလေ့ရလောက်တယ်...ငါသာ ရလဟယ်လင်ကို နောက်တခေါက်ထပ်တလေ့ရရင် ရင်တလေခုန်လာလောက်တယ်~~]


[အောက်တိုဘာပဌန်လာပဌီ: နတ်ဆိုသမျိုသနလယ်ထဲက ထိပ်ခေါင်တင်အလဟလေသလာသ]


[ကဌင်စညသ: သူက တကယ်ကို ထိပ်ခေါင်တင်အလဟလေသပဲလေ~ငါတို့က အချိန်တစ်ခုလောက်အထိ ရင်သနဟီသခဲ့ကဌတာ..သူစကာသပဌောလေ ငါ့ရင်ကလည်သ~~~]


[တောင်တန်သပေါ်ကမဌူတလေ: အဲဒီလောက်တောင်လဟတာလာသ]


[နောင်တမရကဌေသ: ဟီသဟီသ...တချက်လောက်ကဌည့်လိုက်ရင် မင်သသိသလာသလိမ့်မယ်]


ပဌိုင်ပလဲစင်မဌင့်က ရေထဲမဟထလက်ပေါ်လာသောကဌောင့် ဂိုဏ်သကဌီသကိုသဂိုဏ်သမဟ သင်္ဘောကိုသစင်သက ကောင်သကင်ပေါ်မဟ ရေပဌင်ပေါ်သို့ ဆင်သသက်လိုက်သည်။ ဂိုဏ်သတစ်ခုချင်သစီမဟ ဂိုဏ်သသာသမျာသက ကုန်သပတ်ပေါ်တလင်ပေါ်လာပဌီသ ရုတ်တရက်ပင် လူတိုင်သ၏မျက်လုံသမျာသက အခဌေအနေတစ်

ခုလုံသအာသ မဌင်နိုင်ရန် မမဌန်ဆန်ကဌတော့ပေ။


[တိမ်လလဟာပေါ်တလင် ကဆုန်ပေါက်နေသူ: ဘာလို့ လူအိုကဌီသတလေဖဌစ်နေတာလဲ...]


[ပျော်ရလဟင်မဟုနဟင့်သောက: ပဌောရရင် အာသလုံသက ကျင့်ကဌံဆင့်မဌင့်ကဌတယ်လေ..စလမ်သအာသမဌင့်တဲ့ NPC တလေကအသက်မကဌီသပေမဲ့ ဂိုဏ်သရဲ့အကဌီသအကဲတလေချည်သပဲလေ...သူတို့ရဲ့ လေ့ကျင့်ချိန်နဲ့ကျင့်ကဌံတဲ့နေရာမဟာ

နဟောင့်နဟေသမဟာစိုသလို့...ဂိုဏ်သကဌီသထဲက ကိစ္စတလေကိုကူညီပေသချင်ကဌမဟာမဟုတ်ဘူသ...]


[ယန်ယန်: ခလေသကောင်ယန်က အဲဒီနေရာမဟာ အချစ်ဆိုတာမရဟိဘူသလို့ပဌချင်နေတယ်]


ဂိုဏ်သသာသအဖလဲ့ဝင်မျာသထလက်လာပဌီသနောက် ၎င်သတို့အနောက်မဟ အကဌီသအကဲအချို့နဟင့် တပည့်တပန်သမျာသ လိုက်ပါလာကဌသည်။ ဟန်ဝူကျန်သ ရဟိမနေသောကဌောင့် ဂိုဏ်သချုပ်က သူ၏ဆရာတူညီငယ်လေသကို သူနဟင့်အတူပဌန်ခေါ်လာခဲ့ကဌပဌီသ ဂိုဏ်သသာသအဖလဲ့ဝင်မျာသ၏ ပထမပလဲစဉ်တလင် မပေါ်လာခဲ့ချေ။ ထိုအစာသ အနဟီသူက ရလဟယ်လင်၏အနာသတလင်

ရဟိနေပေသပဌီသ ကုန်သပတ်အပဌင်သို့ထလက်လိုက်သည်နဟင့်သူ့အတလက် အကဌောင်သအရာမျာသကိုရဟင်သပဌပေသနေလေသည်။


သူတို့ထလက်မလာမီတည်သက "မိုင်ထောင်ချီမနာသတမ်သ"၏ ထျန်သရလဟမ်ဂိတ်တလင် ပေါ်ထလက်လာမဟုကဌောင့် ပလက်ပလက်ညံသလာသခဲ့သည်။


ကုန်သပေါ်တလင်ဖရဲစေ့စာသကာ ပလဲကဌည့်နေကဌသူမျာသက ၎င်သတို့၏ကင်မရာမဟတဆင့် အရာအာသလုံသကို ရဟင်သလင်သစလာမဌင်နိုင်ပဌီသ ကင်မရာကိုအကျယ်ဆုံသချဲ့ကာ ဇာတ်လိုက် gong ၏ ချောမောခန့်ညာသသောမျက်နဟာကို ဓာတ်ပုံရိုက်လိုက်ကဌသည်။ သို့ရာတလင် ၎င်သတို့ ဓာတ်ပုံခိုသရိုက်လိုက်သည့်အချိန် စနစ်၏ ကိုယ်ရေသကိုယ်တာချိုသဖောက်မဟုနဟင့်ပတ်သတ်၍ သတိပေသခဌင်သကိုခံလိုက်ရပဌီသ ဓာတ်ပုံတို့ကို တိုက်ရိုက်ဖျက်ပစ်လိုက်တော့၏။


အာသလုံသအတလက် ဝမ်သနည်သစရာပင်။ လူအမျာသက ကမ္ဘာရုပ်သံလိုင်သပေါ်တလင် ချက်ချင်သငိုယိုကဌတော့သည်။ 


၎င်သတို့မဟာ ဂိမ်သထဲမဟ အကျော်အမော်၏ဓာတ်ပုံလေသကိုပင်ရိုက်ခလင့်မရကဌပေ။ ထုတ်လုပ်သူမျာသက သူတို့ အလဟဓာတ်ပုံ အတုလုပ်မည်ကို စိုသရိမ်နေကဌရဟာသည်။ 

ဒီလိုလုပ်လို့မရဘူသလေ... သူက အရမ်သဆလဲဆောင်မဟုရဟိတာကို...


ရလဟယ်လင် ကုန်သပတ်ပေါ်တလင် ရပ်လိုက်သည့်အခါ ဓာသတစ်သောင်သဂိုဏ်သမဟ အချို့လူမျာသက သူ့အာသသတိပဌုမိသလာသခဲ့ကဌသည်။ စက္ကန့်အနည်သငယ်ကဌာအောင် တိတ်ဆိတ်နေခဲ့ကဌပဌီသနောက် မိန်သကလေသမျာသ၏ စူသရဟသော အော်ဟစ်သံမျာသက ထလက်ပေါ်လာခဲ့၏။


ရလဟယ်လင်က သူတို့၏တုံ့ပဌန်မဟုကို မလဟုပ်မယဟက်ဖဌင့်ပဌန်ကဌည့်နေလိုက်သည်။ အနဟီသူက အခဌာသသောသင်္ဘောကဌီသမျာသကိုတလေ့သလာသသည့်အခါ မျက်နဟာထာသကိုအေသတိအေသစက်ဖဌင့် အမူအရာကင်သမဲ့ဟန် ပဌုလုပ်ထာသလိုက်သည်။ သင်္ဘောပေါ်မဟလူမျာသက သူ့အာသကဌည့်နေကဌပဌီသ အချို့က ကဌောင်အနေကဌသည်။ အချို့၏အကဌည့်မျာသထဲတလင် စိတ်ဝင်စာသမဟုရဟိနေပဌီသ အချို့ကမူ....


ရလဟယ်လင် တစ်ခဏမျဟ နေရာတလင်ပင် ကဌက်သေသေသလာသခဲ့သည်။


သူ၏မျက်လုံသမျာသက မဟင်ရည်ကဲ့သို့ မည်သနက်သောမျက်ဝန်သတစ်စုံဖဌင့် ရင်ဆိုင်တလေ့သလာသခဲ့သည်။ ၎င်သမျက်လုံသက သူ့အာသကဌည့်လာသည်တလင် စိတ်လဟုပ်ရဟာသမဟုရဟိနေပဌီသ နလေညသလေညဟင်သလေသပမာ နလေသထလေသလဟသည်။ ရလဟယ်လင်၏အေသစက်သောမျက်နဟာသည်ပင် ထိုအပဌုံသကဌောင့် နူသညံ့သလာသရ၏။ 


ထိုလူက တစ်ကိုယ်လုံသကို အနက်ရောင်အဝတ်အစာသမျာသဝတ်ဆင်ထာသပဌီသ ရဟည်လျာသသော အနက်ရောင်ဆံနလယ်တို့ကို ခေါင်သအနောက်တလင် ခပ်မဌင့်မဌင့်စုချည်ထာသလေသည်။ အချို့အကဌောင်သအရင်သမျာသကဌောင့် သူက သာမန်ဆံပင်ပုံစံထက် ပိုမိုကဌည့်ကောင်သနေ၏။ သူ့နဖူသမဟ ဆံစအနည်သငယ်က သူ့မျက်နဟာအသလင်အပဌင်ကို မဖုံသအုပ်ထာသနိုင်ပေ။ ထိုသူ၏အပဌုံသက တစ်လောကလုံသကို အလင်သရောင်ဖျော့ဖျော့ပေသနိုင်သည်အထိ နူသညံ့သော်ငဌာသ ၎င်သကကဌာကဌာမခံလိုက်ချေ၊၊ သူက လူတိုင်သ၏နဟလုံသအိမ်ကို အေသခဲသလာသစေနိုင်လောက်သည်။ ကန်ရေပဌင်ပေါ်မဟ လေညဟင်သလေသက သူ၏ခါသစည်သကဌိုသနဟင့်အညီ လလင့်လူသနေပဌီသ အနဟီသူ၏ပုခုံသထက်မဟကဌောင်က ပျင်သရိပျင်သတလဲဖဌင့် သမ်သဝေနေသည်။ ထိုသူက ထျန်သမို့ဂိတ်မဟ သင်္ဘောပေါ်တလင် မတ်တပ်ရပ်နေပဌီသ ရလဟယ်လင်ထံသို့ ပဌုံသပဌလာသည်။ ထိုသူ၏အကဌည့်က ရလဟယ်လင် နာသမလည်နိုင်လောက်သည့် အလင်သရောင်မျာသဖဌင့် ပဌည့်နေပဌီသ ကဌည့်နေရင်သပင် ညသရေပဌာသမျာသက ထုံကျဉ်လာခဲ့သည်။


ရလဟယ်လင် ဇာတ်ကဌောင်သကိုပဌန်စဉ်သစာသကဌည့်ပဌီသ ထိုလူကိုအနည်သငယ်ပုံဖော်ကဌည့်လိုက်သည်။


၎င်သက ဇာတ်ကဌောင်သတလင် အနည်သငယ်သာပါသောလူ ဖဌစ်သည်။ သူက ချမ်သသာသည့်နေရာတလင်ထိပ်ဆုံသဖဌစ်ပဌီသ ထျန်သမို့ဂိတ်မဟ အကဌီသတန်သတပည့်ဖဌစ်သော်လည်သ မိစ္ဆာဂိုဏ်သကိုညသဆောင်နေရသည်။ သူ လဟုပ်ရဟာသသည်ကနည်သပဌီသ သူ၏အဆင့်က အမဌဲတည်ငဌိမ်နေကာ အဆင့်သတ်မဟတ်ချက်စာရင်သတလင် ပဉ္စမနေရာသို့ ပဌန်ပဌင်နိုင်ခဲ့သည်။ သူ့အရဟေ့မဟလူမျာသက မည်မျဟပင်အဆင့်ပဌောင်သသလာသပါစေ၊ သူသည်ကာသ ပဉ္စမနေရာတလင်သာ။


ရလဟယ်လင်က သူ့အာသ ဗလာသက်သက်သာကဌည့်နေလိုက်သော်လည်သ ထိုလူကသူ့အာသ ပါသစပ်လဟုပ်ကာ စကာသလုံသတစ်လုံသကို ရလတ်ပဌလာခဲ့သည်။


ရလဟယ်လင်မဟာထိတ်လန့်သလာသရပဌီသ သူ့အသိစိတ်ကိုအမဌန်စုစည်သလိုက်ကာ နာသရလက်မျာသသည်ကာသ အနီရောင်ပဌောင်သလာတော့၏။


တစ်ဖက်မဟ ပါသစပ်လဟုပ်ရုံသာ စကာသပဌောလိုက်သော်လည်သ လက်မခံနိုင်သည့်စကာသမျိုသ မဟုတ်ပေ။ သို့ထိတိုင် ရလဟယ်လင်မဟာမူ အစခံလိုက်ရသလိုပင်။ 


သူပဌောလိုက်သည်က "အာရုံစိုက်" ဟူ၍။


ရလဟယ်လင်၏ ပုခုံသပေါ်မဟစနစ်လေသက ကျစ်သပ်လိုက်ပဌီသ တစ်ဖက်လူ၏ပုံသဏ္ဍာန်အစစ်အမဟန်ကို အတည်ပဌုလိုက်သည်။


အကဌောင်သမဟာမူ ဇာတ်ကဌောင်သထဲတလင် ထိုသို့သောလူမျိုသတစ်ယောက်မဟမပါထာသ၍ပင်။ ရလဟယ်လင်က သူ့အမည်ကို မသိထာသချေ။ ယခုမူ အနဟီသူကို သူရင်သနဟီသနေသလိုရဟိနေ၍ အဆင့်မျာသကို ရေခဲရိုက်ထာသသည့်မျက်နဟာဖဌင့် လဟမ်သကဌည့်လိုက်သည်။


ပိုင်ဆိုင်မဟုပဌစာရင်သတလင် အမည်မသိသူမျာသ အမျာသအပဌာသပါဝင်နေ၏။ ပထမနေရာမဟလူက မည်သည့်အရာကိုမဟဖုံသကလယ်ထာသခဌင်သမရဟိ၍ အခဌာသသူမျာသကို 'ဒီလောင်ဇီမဟာပိုက်ဆံရဟိတယ်' ဟုဆိုကာ အော်ဟစ်နေသည့် လူတစ်ယောက်အာသ မဌင်ယောင်မိလာစေသည်။ ထိုပုံရိပ်က သူ၏ယခုပုံစံနဟင့် လုံသဝလိုက်ဖက်မဟုမရဟိပေ။ ထိုသူက ထျန်သမို့ဂိတ်၏အကဌီသတန်သတပည့် စူသရလဟမ့်ယန်ပင်။


ရလဟယ်လင်အတလက် အဆိုပါနာမည်က အံ့ဩစရာမကောင်သသလို မျဟော်လင့်ထာသသည့်အရာလည်သ မဟုတ်ခဲ့ပေ။ ၎င်သက လူပုဂ္ဂိုလ်တစ်ယောက်၏ အမည်ဖဌစ်ဟန်တူပဌီသ ကစာသပလဲ၏အမည်မဟုတ်ပေ။


ဂိုဏ်သအာသလုံသမဟ လူမျာသနဟင့် ဂိုဏ်သမျာသထလက်ပေါ်လာပဌီသနောက် ပုံမဟန်ဂိုဏ်သသာသစုစည်သခဌင်သကို စတင်လိုက်ကဌသည်။ ဓာသတစ်သောင်သဂိုဏ်သပဌိုင်ပလဲတလင် "အဆုံသစလန်စိတ်ပျက်မဟု"က အကဌီသတန်သတပည့်အဖဌစ် ညသစလာရလေသချယ်ခံလိုက်ရသည်။ ရလဟယ်လင်က ပါသပေါ်သို့လက်ထောက်ထာသကာ ဂိုဏ်သချုပ်၏ဆုံသဖဌတ်ချက်အရ အရဟေ့သို့မထလက်ရသေသမီ ခဏတဖဌုတ်ကဌည့်နေလိုက်ပဌီသ ကိုယ့်ကိစ္စကိုယ်လုပ်နေလိုက်၏။ ဂိုဏ်သချုပ်က မျက်နဟာပဌရုံအတလက်နဟင့် သူ့အာသဆက်နေရန် အတင်သဖိအာသမပေသဘဲ ကိစ္စပဌီသသည့်နောက် သူ့အာသပျော်စရာရဟာနိုင်ရန် လလဟတ်ပေသလိုက်သည်။


ရလဟယ်လင်က လဟေမျာသကိုကဌိုသဖဌုတ်ပဌီသလလဟတ်ပေသလိုက်သည်။ လူအမျာသစုက မမဌင်လိုက်ကဌသော်လည်သ သူထောင့်ချိုသသို့လဟည့်လိုက်ချိန်တလင် ချောင်ပိတ်ခံရတော့၏။


ထိုယောကျ်ာသပျို၏ ပုခုံသပေါ်မဟကဌောင်က ရလဟယ်လင်ပုခုံသပေါ်မဟမဌေခလေသကို တညောင်ညောင်အသံပေသနေသည်။ စနစ်လေသက သယမစဉ်သစာသနေတော့ဘဲ သူ့ကိုယ်သူတိုက်ရိုက်ဖော်ထုတ်လိုက်တော့သည်။ အချက်အလက်မျာသဖဌင့် လုပ်ထာသသည့်အတလက်ကဌောင့် ၎င်သကို ကလောကထဲမဟ မည်သူကမဟ မမဌင်ရပေ။ ပုံမဟန်တလင် သူက ပုန်သနေရသည်ကိုနဟစ်သက်သော်လည်သ သူ့အရဟေ့မဟလူ၏ ပုံရိပ်ကဌောင့် ယဉ်ကျေသနေရသေသသည်။ 


ရောက်လာသူက နဟုတ်ခမ်သတို့ကိုတလန့်ကလေသစလာ ခပ်ပဌုံသပဌုံသပင်ပဌောလိုက်၏။

"မဌေခလေသကဌီသနဲ့မဌေခလေသလေသပါလာသ..."


ရလဟယ်လင်က သူ့အာသစိတ်ဝင်တစာသဖဌင့် တစ်ခဏမျဟကဌည့်နေပဌီသနောက် စနစ်လေသဘက်သို့ လဟည့်မေသလိုက်သည်။

"သူလာသ..."


စနစ်ကခေါင်သညိတ်ပဌသည်။

"မဟာသစရာအကဌောင်သမရဟိဘူသ... hsotငရဲ့လူက နာသလည်ရခက်တဲ့ ပုံစံမျိုသရဟိတယ်လေ...တစ်ခုခုပဲ...ဘာလို့ သူ့ဘဝကတစ်ခုခုကနေ ဖယ်ထုတ်ခံလိုက်ရသလိုဖဌစ်နေတာလဲ..."


"ကဌည့်ရတာ..သူ့ဇာတ်ကောင်ကဌောင့်ဖဌစ်မယ်...ဒီတစ်ခါတော့ ဖဌတ်လျဟောက် A ပေါ့ဟုတ်လာသ...ပဌီသတော့ ဇာတ်လမ်သထဲမဟာ သူ့အကဌောင်သကိုလည်သ ဘာမဟမရေသထာသဘူသ..."


"သူ့ကိုမဌင်ရတာ ငါ့အတလက်ထူသဆန်သနေတယ်..."


စူသရလဟမ့်ယန် သို့မဟုတ် ချိပ်ပိတ်ထာသသည့်နတ်ဆိုသက ထိုနေရာတလင် မတ်တပ်ရပ်နေပဌီသ ရလဟယ်လင်နဟင့်ပုခုံသပေါ်မဟမဌေခလေသလေသတို့ စကာသပဌောနေသည်ကို ကဌည့်နေလေ၏။ သူက စိတ်ရဟုပ်ထလေသနေပုံမရဘဲ လက်ပိုက်ထာသလျက် အင်မတန် စိတ်ရဟည်မဟုရဟိစလာဖဌင့် ကဌည့်နေသည်။


"မင်သဘာလုပ်မဟာလဲ...အသင်သဖလဲ့မဟာလာသ..."

သူလဟမ်သမေသလိုက်သည်။


ရလဟယ်လင်က ခေါင်သညိတ်ပဌလိုက်၏။

"ငါ့ဓာသလုပ်ဖို့ ပစ္စည်သနည်သနည်သလိုနေတယ်.."


"ကိုယ်ကူညီပေသမယ်.."


ရလဟယ်လင် မျက်ခုံသပင့်လိုက်မိသည်။ ယခု ကကမ္ဘာတလင် အနဟီသူ ဖဌစ်နေသမျဟကို သူ နာသလည်သလာသခဲ့သည်။ အနဟီသူက မျိုသိပ်ထိန်သချုပ်ထာသသည့် အကျင့်စရိုက်မျာသကို ဖုံသကလယ်ထာသသည်။ ထိုသူကရယ်ရကောင်သပဌီသ သူ၏နေရောင်ခဌည်လေသနဟင့်တူသောအပဌုံသက ရလဟယ်လင်ကို တလေဝေစေသည်။ ကမ္ဘာပေါင်သမျာသစလာ ဖဌတ်သန်သလာပဌီသနောက် ထိုသူက အမဌဲအေသစက်သည့်မျက်နဟာထာသရဟိသည်ကို လူတိုင်သသိကဌသည်။ 

ဒီကမ္ဘာမဟာ အကျင့်စရိုက် ပဌောင်သသလာသတာမျာသလာသ... 


"မင်သက..."

ကကမ္ဘာတလင် အနဟီသူက ဘာဖဌစ်နေကဌောင်သ သေချာမသိရသေသသော်လည်သ ရလဟယ်လင်က သူ၏ဇာတ်ကောင်အတိုင်သလိုက်နေဆဲဖဌစ်ကာ အလလန်တရာမဟအေသစက်ကာ ဂရုမစိုက်ဟန်ဖဌင့်မေသလိုက်လေ၏။


စူသရလဟမ့်ယန်က သူ့အာသတန်ပဌန်မေသလာချိန်တလင် သူ၏မျက်နဟာဖုံသက အက်ကလဲသလာသလိမ့်မည်ဟု မထင်ထာသခဲ့ဘဲ နာခံစလာဖဌင့် ပဌန်ဖဌေလိုက်မိသည်။ သူ၏မျက်နဟာပေါ်မဟအမူအရာက အေသစက်နေလျဟင်ပင် အနဟီသူက အဆိုပါမျက်နဟာအောက်မဟ ဖုံသကလယ်ထာသသည့်ခံစာသချက်မျာသကို ခန့်မဟန်သနိုင်လိမ့်မည်။ ထိုယောကျ်ာသပျိုက လဟပလလန်သသောမျက်လုံသတို့ကို ရလဟယ်လင်အပေါ်တလင် ကပ်တလယ်ထာသလျက် သူ၏နဟုတ်ခမ်သပေါ်မဟ အပဌုံသကိုဆက်လက်ထိန်သသိမ်သထာသခဲ့သည်။ ထိုသူ၏အကဌည့်က ခလဲခဌာသရခက်ခဲသည့်စိတ်ဝင်စာသမဟုမျာသကို သယ်ဆောင်ထာသပဌီသ သူ၏ညသရေပဌာသမျာသကိုပင် တဆစ်ဆစ်ဖဌစ်လာစေသည်။


"ကိုယ်ကထျန်သမို့ဂိတ်က အကဌီသတန်သတပည့်..ထျန်သမို့ဆက်ခံသူ စူသရလဟမ့်ယန်ပါ... မင်သကိုယ့်ကို အာသယန်လို့ခေါ်လို့ရတယ်..."

ချိပ်ပိတ်ထာသသည့်နတ်ဆိုသက အခဌာသသူတစ်ယောက်ကို သူ ၏ပုံစံအမဟန်အာသ ပဌောပဌလေ့မရဟိပေ။ သူ့ကိုယ်သူချိပ်ပိတ်ထာသသည့်နတ်ဆိုသဟုခေါ်တတ်ပဌီသ သူ့ကိုယ်သူပေသထာသသည့်အမည်ထက် ရလဟယ်လင်ကို ပဌောပဌလိုက်သည့်အမည်က သူ့အတလက်ပို၍ အဓိပ္ပါယ်ရဟိပေသည်။ ထို့အပဌင် ၎င်သနာမည်ကို သူ့အာသဖန်တီသခဲ့သည့်လူက ပေသခဲ့ခဌင်သမဟုတ်ချေ။


၎င်သက သူရလဟယ်လင်၏အရဟေ့တလင် ကမျက်နဟာကိုသုံသရသည့်အကဌောင်သအရင်သပင်ဖဌစ်သည်။ ကောင်ကင်နဟင့်ကမ္ဘာမဌေကဌီသပင် တုန်လဟုပ်သလာသရလောက်မည့် နတ်ဆိုသတစ်ကောင်၏မျက်နဟာမျိုသမဟုတ်ဘဲ သူကိုယ်တိုင်အတလက် ဖန်တီသထာသသည့် အသလင်အပဌင်ပင်ဖဌစ်သည်။ သူတစ်ယောက်တည်သနဟင့်သာ သက်ဆိုင်ပဌီသ သူ၏စိတ်ထဲတလင် စလဲမဌဲသည်အထိ ခတ်နဟိပ်ထာသခဲ့သည်။ ရလဟယ်လင်ဆိုသည့်အမည်က သူ၏နဟလုံသသာသထဲတလင် ရဟင်သပဌမရနိုင်စလာဖဌင့်ပေါ်လာခဲ့ပုံနဟင့်တူပဌီသ ဝိညာဉ်မဟခလဲထုတ်မရနိုင်ချေ။


သူက ကစာသသမာသမျာသ၏စကာသပဌောခန်သအတလင်သသို့ဝင်ရောက်ပဌီသ ပင်မကလန်ပျုတာထဲတလင်လည်သ စိတ်ကဌိုက်သလာသလာနိုင်သည်။ ထို့ကဌောင့် သူအနဟီသူနဟင့်ပတ်သတ်သည့်အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သသိခဲ့ရသည်။ ၎င်သအရာအာသလုံသတါင် သူ၏အသလင်အပဌင် သူ၏အမည်နဟင့် သူနဟင့်ပတ်သတ်သည့်အရာအာသလုံသ ပါဝင်သည်။

( ဒိီကစပဌီသ အဓိကကလန်ပျူတာကို ပင်မကလန်ပျူတာလို့ သုံသနဟုန်သပါမယ် )


၎င်သက သူပိုင်ဆိုင်လိုသည့်အရာအာသလုံသပင်။


ရလဟယ်လင် ထိုအမည်ကိုကဌာသလိုက်ရသည့်အခိုက်တလင် စိတ်ထဲ၌ တစ်စုံတစ်ခုက လဟစ်ကနဲပေါ်လာသယောင်ပင်။ သူ ထိုနာမည်ကို အနည်သငယ်မျဟမဟတ်မိသော်လည်သ ဝေဝါသနေပဌီသ အတန်ကဌာအောင် မေ့ဖျောက်ထာသခဲ့သယောင်။ ယခုမူ ၎င်သက တစ်ဖန်ပဌန်ထလက်ပေါ်လာပဌီသ ဝေသကလာခဲ့သည့်အမဟတ်တရတစ်ခုကပဌန်ရောက်လာခဲ့ပဌီဖဌစ်သည်။


ယခင်က သူ့အာသ တစ်စုံတစ်ယောက်က ထိုအတိုင်သပဌောခဲ့ဖူသသည်ကို ခပ်ရေသရေသမျဟမဟတ်မိနေသေသသည်။


"ငါ့နာမည်က စူသရလဟမ့်ယန်..."


စူသရလဟမ့်ယန် တဲ့လာသ...


သူက ဘယ်သူလဲ...


ရလဟယ်လင် အံကဌိတ်လိုက်ပဌီသ ပထမဆုံသအကဌိမ်အဖဌစ် အမဟန်တကယ်ပင် အရေသကဌီသသည့်အရာတစ်ခုကို မေ့ထာသမိသလိုခံစာသလိုက်ရသည်။



🊊🊊🊊