Chapter 82
Viewers 3k

🦊Arc 6 Data in Love

Chapter 82

6.7 - သူတို့အားလုံးကို ဒေတာတွေနဲ့ ဖန်တီးထားတာလေ... ရုပ်ရည်က အရေးမကြီးရင် ဘယ်ဟာက အရေးကြီးတာလဲ... စိတ်ဝိညာဉ်လား...



အချို့အရာများကို သတိပြုမိသော်လည်း လက်ရှိအခြေအနေအရ ရွှယ်လင်မှာ တစ်ခုခုကိုမှတ်မိနိုင်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ ပုံမှန်အတိုင်းပင် သူ၏ဦးစားပေးစာရင်းတွင် ထိုကိစ္စကိုအဖြေရှာရန် အနောက်ပို့ထားလိုက်ပြီး သူ့ရှေ့မှလူ၏ ဖိတ်ခေါ်ချက်ကို အေးစက်စက်ငြင်းပယ်လိုက်၏။


"မလိုပါဘူး...ငါက ပစ္စည်းတွေလိုက်ရှာနေရုံပါ...ပြီးတော့ မင်းအတွက်လည်း အကျိုးမရှိဘူးထင်တယ်..."

ထိုကဲ့သို့ အငြင်းစကားကပင် သူ့နှုတ်မှထွက်လာသည့်အခါ နားထောင်ကောင်းနေပြီး တစ်ဖက်လူကိုပင် အကျိုးအကြောင်းသင့်လျော်သည်ဟု တွေးတောမိစေသည်။


စူးရွှမ့်ယန် ပုခုံးတွန့်ပြပြီး ရွှယ်လင်၏စကားကို မတုံ့ပြန်တော့ပေ။ ရွှယ်လင်သွားသည့်အနောက်မှလိုက်ရင်း သူ့လမ်းသူဆက်သွားတော့၏။ 


စင်ပေါ်တွင် တိုက်ခိုက်နိုင်မည့်နေရာသို့ရောက်ရန် ဓားဖြင့်ပျံသန်းသွားနိုင်ပြီး ထိုသို့မဟုတ်ပါက တိုက်ရိုက်အလင်းလမ်းကြောင်းဖြင့် လမ်းလျှောက်သွားမှရပေမည်။ ကံကောင်းစွာဖြင့် ကျို့ကျိုးတွင် တိုက်ရိုက်သွားနိုင်မည့်နေရာမရှိပေ။ နယ်မြေတစ်ခုပြီးတစ်ခုသို့ အဆင်ပြေစွာသွားလာနိုင်ရန် နေရာတိုင်းတွင် အလင်းတန်းများထားရှိကြ၏။


စူးရွှမ့်ယန်က အနောက်မှလိုက်ချင်နေပြီး ရွှယ်လင်ကလည်းမတားခဲ့ပေ။ သူတို့ အတွေ့အကြုံမရှိသောရွာမှ ထွက်လာစဉ်ကလည်း သူတို့နှင့်ဆက်နွယ်နေသော တာဝန်မရမချင်း ပြန်ရန်လမ်းမရှိဘဲ ထိုသို့သောတာဝန်မျိုးကိုလည်း သူတစ်ခါမှပင် မကြားခဲ့ဖူးပေ။ ဇာတ်လိုက် shou က ရောက်လာပြီးလျှင်ပင် သူကိုယ်တိုင်လုပ်ရန်လိုအပ်နေသည့်ကိစ္စများအတွက် သွားကိုသွားရလိမ့်မည်သာ။


ဇာတ်လိုက် gong နှင့် shouတို့ ပြိုင်ပွဲတွင်တွေ့ကြပြီးနောက် မထင်မှတ်ဘဲ ဇာတ်လိုက်shouက ထျန်းရွှမ်ဂိတ်၏အကြီးအကဲထံမှ တပည့်အဖြစ်ရွေးချယ်ခြင်းကိုခံလိုက်ရသည်။ သူ၏ တစ်ဦးတည်းရှိသောဆရာတူအစ်ကိုအဖြစ် ဇာတ်လိုက်gongက shouကို ဂရုစိုက်ရန်ဖြစ်လာပြီး ဂရုအစိုက်လွန်ကာ အိပ်ရာပေါ်သို့ရောက်သွားကြတော့သည်။


အဆိုပါဇာတ်ကြောင်းက အင်မတန်လူကြိုက်များသော်လည်းရွှယ်လင်က ထိုသို့ အဆင်ပြေစွာဖြစ်သွားခွင့် မပေးနိုင်ချေ။


သူ၏ဦးစားပေးအလုပ်က ဇာတ်လိုက်ကိုစိတ်ပူရန် မဟုတ်ဘဲ သူ့ကိုယ်သူ ဓားကောင်းတစ်လက်ဖြစ်စေရန်ပင်ဖြစ်သည်။ စနစ်လေးက သူ့အား အရည်အသွေးမြင့်သည့်ပစ္စည်းတစ်ခုရှာရန် ကူညီပေးနိုင်သော်လည်း သူ သွားရန်လိုအပ်နေသေးပြီး သူလိုချင်သည့်အရာကို ရနိုင်ရန် မကောင်းဆိုးဝါးများကို သတ်ရလိမ့်မည်။


သူတို့စကားပြောလာကြစဉ်တွင် နှစ်ယောက်လုံးက ရွှယ်လင်သွားချင်သည့်နေရာသို့ ရောက်နှင့်နေကြပြီဖြစ်သည်။ သူတို့မျက်စိရှေ့တွင် ကျယ်ပြောသည့် သမုဒ္ဓရာပြင်ကြီးရှိနေပြီး ရွှယ်လင်၏နောက်ဆုံးပန်းတိုင်သည်ကား ရေအောက်ထဲတွင်ဖြစ်နေလေရာ နှစ်ခါမစဉ်းစားတော့ဘဲ ရေထဲသို့ ဒိုင်ဗင်ပစ်ဆင်းသွားလေတော့၏။


သူ၏လုပ်ရပ်က အံ့အားသင့်စရာဖြစ်သွားပြီး သူ့အနောက်မှလိုက်နေခဲ့သော စူးရွှမ့်ယန်သည်လည်း အမြန်ပင်ခုန်ဆင်းသွားခဲ့သည်။ သူ ခုန်ဆင်းလိုက်ပြီးသည့်နောက် သူ့ရှေ့မှလူ၏ ရှည်လျားသောဆံနွယ်များက ရေထဲတွင်တလွင့်လွင့်ဖြစ်နေသည်ကို မြင်လိုက်ရပြီး ရေတွင်မျောနေသည့်အဝတ်အစားများက အနှီလူ၏ပုံစံနှင့် ပကတိအချိုးအစားကျနေခဲ့သည်။ သူ အသက်ရှူအောင့်ထားမိပြီး ပင်လယ်အောက်ထဲမှ ဂူထဲသို့ရေကူးသွားလိုက်သည်။


စူးရွှမ့်ယန် ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်ကာ ဂူနှင့်ပတ်သတ်သည့်အချက်အလက်အချို့ကို ပြန်စဉ်းစားကြည့်လိုက်၏။ ဂူထဲတွင် ရှားပါးသလင်းကျောက်ရှိနေကြောင်းမှတ်မိသွားပြီး ၎င်းကိုနှစ်တစ်ထောင်ကြာမှ တစ်ကြိမ်ရှာတွေ့နိုင်ပေသည်။ ယင်းသည်ကား ဓားသွန်းလုပ်ရန် ကုန်ကြမ်းကောင်းတစ်ခုဖြစ်ကာ ရွှယ်လင်နှင့်ကိုက်ညီမှုရှိမည့် ဓားမျိုးကိုကျိန်းသေ သွန်းလုပ်နိုင်လိမ့်မည်။


ရွှယ်လင်၏လက်ရှိအဆင့်မှာ ဆယ့်ခုနစ်ဖြစ်ပြီး သလင်းကျောက်ကိုစောင့်သည့် မကောင်းဆိုးဝါးမှာ အဆင့်လေးဆယ်ဖြစ်နေသည်။


၎င်းက စီစဉ်ထားပြီးသား လျှို့ဝှက်အစီအစဉ်ဖြစ်ပြီး ကစားသမားများအတွက်မူ မဖွင့်ပေးထားရသေးပေ။ ပုံမှန်အားဖြင့် ကစားသမားများမှာ တာဝန်လိုအပ်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးမှသာ ဂူ၏တည်နေရာကိုသိရှိနိုင်ပြီး တာဝန်များမှာအဆင့်အလိုက် လိုအပ်ချက်များရှိတတ်သည်။


ရွှယ်လင်အတွက်မူ ထိုနေရာ၏တည်ရှိမှုကို ပိုပြီးရှင်းလင်းစွာသိနိုင်ရန် ဤနေရာသို့မလာမီ ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းလိမ့်မည်။


စူးရွှမ့်ယန် ဖွဖွလေးရယ်လိုက်သည်။ သူ သဘောကျနေသည့်လူက သာမန်မဟုတ်ကြောင်း သူသိနေခဲ့၏။ ပင်မကွန်ပျုတာက အနှီသူကိုစောင့်ကြည့်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။ အနှီသူက သူတို့လိုပင်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤကမ္ဘာတွင် 'ထူးဆန်းသောဖြစ်တည်မှု' ဟူသည်ကား ရှိတတ်သည်။ မြေခွေးက ဤနေရာတွင်ရှိနေသည်မှာ ပင်မကွန်ပျုတာထံမှ လိုချင်သည့်အရာ ရှိနေခြင်း သို့မဟုတ် ဂိမ်းကြောင့် ပုံမှန်အတိုင်းမွေးဖွားလာပြီး ထို့ကြောင့်ပင် ဤနေရာတွင်နေထိုင်ရန်ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။


မည်သို့ပင်ဖြစ်စေ သူသည်ကား 'စီနီယာ' တစ်ယောက်ပင်။ စူးရွှမ့်ယန်က အနှီသူ အခြားသူများအရှေ့တွင် သူ့ကိုယ်သူ မထုတ်ဖော်မိရန် သင်ကြားပေးရတော့မည်ဟု ခံစားမိလာသည်။ သူ့နေရာတွင် ပင်မကွန်ပျုတာသာ ဖြစ်နေခဲ့ပါက အနှီမြေခွေးလေးမှာ ထောင်ချောက်မိသွားနိုင်ပြီး အနိုင်ရရန်အခွင့်အရေးရှိမည်မဟုတ်ပေ။


ရေကူးနေသည့်ရွှယ်လင်၏ အနောက်မှလိုက်နေရင်း နှစ်ယောက်လုံး စင်မြင့်အနားသို့ ရောက်လာခဲ့ကြသည်။ ရေစီးကြောင်းက ခေါ်ဆောင်လာပေးသည့် အလယ်မှနေရာထက် ဘေးနေရာများက ပြန့်ပြူးခြောက်သွေ့သည်။ ထိုသို့သောနေရာက သမုဒ္ဓရာအလယ်တွင်ရှိနေခြင်းမှာ အကျိုးအကြောင်းမသင့်လျော်ဘဲ ဤနေရာတွင် လူတစ်ယောက်က အချိန်ကိုက်ပေါ်လာခြင်းမှာ ပို၍ပင်မဖြစ်သင့်ပေ။


အမှန်တွင်မူ ရွှယ်လင်က အချက်အလက်ရှာရုံခန့်ဖြင့်ပင် မကွန်ပျုတာကို မဟက်(hack)ခဲ့ပေ။ သူသည်ကား မူလဇာတ်လမ်းထဲတွင် ဇာတ်လိုက်က တာဝန်များစွာကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး သလင်းကျောက်ကိုယူလာနိုင်ခဲ့သောကြောင့် ဂူအကြောင်းကိုသိနေခဲ့ရခြင်းဖြစ်သည်။ ထို့နောက် "မိုင်ထောင်ချီမနားတမ်း"က နှစ်ယောက်ကြားရှိခံစားချက်တို့ကို သက်သေပြနိုင်ရန် ရှောင်းချောင်ထျန်းယွိဓားကို သွန်းလုပ်ခဲ့သည်။


ရွှယ်လင်မှာ သလင်းကျောက်ကိုယူရာတွင် အခြားမတွေးမရှိဘဲ ၎င်းတို့ကို ကာကွယ်ပေးချင်ရုံသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မူလအချက်အလက်များအနက်မှ အချို့တစ်ဝက်မှာ ၎င်းတို့အတွက် အသစ်ပြင်ဆင်ထားသောကြောင့် အနှီတာဝန်အတွဲကိုသာ ရခဲ့ခြင်းဖြစ်သည်။ ယခုမူ ထိုနှစ်ယောက်အတွက် သူ့ကိုယ်သူဖော်ထုတ်ရလောက်သည်အထိ မရူးပေ။ 

‌ဒိီလောက်အသုံးဝင်တဲ့ဟာကို ဘာလိုဘ အသုံးမချဘဲ နေရမှာလဲ...


အဆင့်လေးဆယ်ရှိတဲ့ မကောင်းဆိုးဝါးကို တိုက်ခိုက်နိုင်ဖို့ ဘယ်သူ့အဆင့်က ငါ့ထက်သာမယ်တဲ့လဲ...


ဟမ့်...


အဆင့်ဆိုသည်မှာ ရွှယ်လင်၏မျက်လုံးထဲတွင် အရေးပါသည့်အရာမဟုတ်ပေ။ သူ၏ခွန်အားက သူ့မူလစွမ်းအားနှင့် အရည်အချင်းများထံမှလာပြီး ၎င်းတို့ကိုသင်ပြပေးရန် ဆရာတစ်ယောက်လိုအပ်နေလျှင်ပင် ၎င်းတို့ပွင့်သွားသည်နှင့် ချွင်းချက်မရှိ အသုံးချနိုင်လိမ့်မည်။


ထို့အပြင် ရွှယ်လင်က နှစ်ထောင်ချီကြာအောင် ကျင့်ကြံလာသည့် နတ်ဆိုးမြေခွေးတစ်ကောင်ပင်။ သူသာ ဤကမ္ဘာတွင် နတ်ဆိုးမြေခွေးအဖြစ် မွေးဖွားလာခဲ့ပါက အနည်းဆုံးအနေဖြင့် သူထိန်းချုပ်နိုင်လာလိမ့်မည်။


သူ့အနောက်က လူကတော့...


 á€‘ိုသူက မမျှော်လင့်ထားဘဲ သူ့နောက်မှလိုက်နေသရွေ့ ထိုသူကိုစိတ်ပူနေစရာမလိုသည်မှာ အသိသာပင်။ ထိုသူက သာမန်အတိုင်းသေသွားမည့် မန်ဇာတ်ကောင်မျိုးမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသည်ကို မသိသော်လည်း ကမ္ဘာတိုင်းတွင် သူချစ်သူ၏စံနှုန်းက သူ့ထက်ပိုမိုမြင့်မားနေပြီး အနှီသူက အမှန်ပင်နတ်ဘုရားအဆင့် အကူအညီဖြစ်ပြီး ရွှေပေါင်လုံးကြီးလည်းဖြစ်သည်။ ရွှယ်လင် မကောင်းဆိုးဝါးကို မဖြေရှင်းနိုင်လျှင် စူးရွှမ့်ယန်ကို လှမ်းကြည့်လိုက်ရုံပင်။ အကယ်၍ သူကအမှန်ပင် မကောင်းဆိုးဝါးလေးတစ်ကောင်ကို မသတ်နိုင်လောက်အောင် အားနည်းနေခဲ့သည်ရှိသော် ရွှယ်လင် သူ၏မျိုးရိုးအမည်ကို ထိုသူ၏မျိုးရိုးအဖြစ် ပြောင်းပစ်လိုက်မည်။


စနစ်လေးက လက်မခံချင်သလို အေးစက်သည့်မျက်နှာဖြင့်ပင်ဆိုလာ၏။

"Hostယောကျ်ားရဲ့ မျိုးရိုးကိုပြောင်းချင်တာများ...ဘယ်သူမှ မတားပါဘူး..."


"ပါးစပ်ပိတ်ထားစမ်းပါ..."


"ကျစ်..."

Host ရဲ့ ဒေါသက တဖြည်းဖြည်းပိုဆိုးလာတော့တာပဲ... ငါပြောတာ ဘာမှလည်းမမှားပဲနဲ့ စိတ်ဆိုးနေတယ်...


သလင်းကျောက်အား ကာကွယ်ထားသည့် မကောင်းဆိုးဝါးမှာ အဆင့်လေးဆယ်ရှိ နတ်ဆိုးယုန်တစ်ကောင်ပင်။ ရွှယ်လင်မှာ ယုန်တစ်ကောင်က မည်သို့များ ရေအောက်ထဲတွင်အသက်ရှင်နေနိုင်သည်က်ို မသိတော့ပေ။ အနှီယုန်၏ တိုက်ခိုက်မှုကြောင့် ရွှယ်လင်မှာ ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ သူက ရွှယ်လင့်ကို လေထဲတွင်ပေါလောမျောနေသည့် မုန်လာဥနီများနှင့် တိုက်ခိုက်နေပေသည်။


မုန်လာဥနီများက မိုးရွာသွန်းသလို ကျလာခဲ့သည်။ ၎င်းတို့နှင့် ထိမိလိုက်လျှင် ရွှယ်လင်၏အသက်စွမ်းရည်က လျော့သွားနိုင်ပြီး နှစ်ခုသုံးခုလောက်နှင့်ထိရုံဖြင့် မြေပေါ်တွင်တုံးခနဲလဲကာ သေသွားလိမ့်မည်ပင်။


စိတ်ဝင်စားစရာကောင်းသည်က မုန်လာဥနီများမှာ ကောင်းကင်ပေါ်မှ ကျလာရုံသာမက အသီးအရွက်များကပါ မြေကြီးထဲမှတိုးထွက်လာခဲ့သည်။ ၎င်းတို့ကို နင်းလိုက်မိသည်နှင့် အသီးအရွက်ပင်များက လူသားစားမကောင်းဆိုးဝါးများဖြစ်ကုန်ပြီး သူ့ခြေထောက်ကို ကိုက်ကြလေတော့သည်။


အဆိုပါ ခုခံတိုက်ခိုက်မှုများကြောင် ယုန်အနားသို့ချဉ်းကပ်၍ ပင်မရနိုင်တော့ဘဲ အသတ်ပင်ခံရမလိုဖြစ်လာခဲ့၏။


သို့သော်လည်း ရွှယ်လင်က ဂရုမစိုက်ပေ။ အနောက်မှ စူးရွှမ့်ယန်က သူ့အကူအညီလိုလားဟု မေးလာခဲ့သော်လည်း သူက အေးဆေးစွာပင် ငြင်းပယ်လိုက်သည်။


အကြောင်းမှာ သူ့ထံတွင် ဓားမရှိသေးဘဲ ဓားစွမ်းရည်မှာလည်း သေလောက်အောင် မပြင်းထန်သေးပေ။ ထိုနည်းလမ်းဖြင့် ယုန်ကိုသတ်ရန် အချိန်များစွာလိုအပ်ပေမည်။ ထို့ကြောင့် ရွှယ်လင် သူ၏မှော်စွမ်းရည်ကိုသာ သုံးနိုင်ပြီး ဓားမရှိသော်လည်း အရိုးယပ်တောင်ကရှိနေသေးသည်။ 


မှော်စွမ်းရည်အထူးပညာက ကျယ်ပြန့်လှသည်။ မှော်စွမ်းအင်အားလုံးကို တတ်မြောက်ထားရန်လိုအပ်ပြီး ဤကမ္ဘာကိုဖျက်ဆီးရန်လည်း အသုံးပြုနိုင်သည်။ သို့သော် သူ၏မှော်စွမ်းရည်က အစွမ်းထက်လှ၍ ပေါ်ပေါ်ထင်ထင်အသုံးမပြုနိုင်ပေ။ ရွှယ်လင်က ရွှေရောင်လက်ချောင်းကိုအလွန်အကျွံတောက်ပအောင်မလုပ်ခဲ့ပေ။ သူသွန်းလုပ်ထားသည့် ဓားဖြင့်ချိတ်ဆက်နိုင်ရန် 'စွမ်းရည်များ' ၏အခြေခံအကျဆုံးသော ရေခဲဒြပ်စင်ကိုအသုံးပြုလိုက်သည်။


ရေခဲများက နေရာလွတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး စူးရွှမ့်ယန်ပင် မှီထားသည့်နေရာမှ ဖယ်လိုက်ရကာ သူ့ကိုယ်သူ ကိုယ်ဖော့ထားလိုက်ရင်း မကောင်းဆိုးဝါး၏ ဆင်ခြင်ဉာဏ်မရှိသည့်တိုက်ခိုက်မှုမှ လွတ်ရန်ရှောင်လိုက်ကာ ရေခဲပန်းပုရုပ်မဖြစ်သွားစေရန် ကာကွယ်လိုက်သည်။ သူတို့နှစ်ယောက်က တစ်သင်းတည်းလည်း မဟုတ်တော့ပေ။


ကြမ်းပြင်က အေးခဲသွားသောကြောင့် ရက်စက်သည့်အပင်များမှာ ကိုက်ဖြဲရန်အတွက် ပါးစပ်မဟနိုင်တော့ပေ။ ယုန်က မြေကြီးပေါ်တွင်ထုရိုက်နေပြီး ရေခဲကိုခွဲရန်ကြိုးစားနေသော်လည်း အချည်းနှီးပင်။


ဒေါသဖြစ်နေသော ဘော့စ်(ယုန်)က မုန်လာဥအခိုင်လိုက်ကို ရွှယ်လင်ထံလှမ်းပေါက်လိုက်သည်။ မရေတွက်နိုင်သော ရေခဲဓားသွားများက ပျံသန်းရောက်ရှိလာပြီး မုန်လာဥများကို နှစ်ခြမ်းပိုင်းလိုက်၏။


အနှီဘော့စ်သည်ကား မဆင်မခြင်တိုက်ခိုက်တတ်သည့်အမျိုးအစားပင်။ တစ်ယောက်ယောက်အနားကပ်လာသည်နှင့် တူညီသည့်စွမ်းရည်ကိုသာ အသုံးပြုနိုင်သည်။ မုန်လာဥနှင့်အသီးအရွက်များအားလုံး ကုန်သွားချိန်တွင် ယုန်က ပို၍စိတ်ဆန္ဒစောလာပြီး ဒေါသထွက်နေသည့်အနေအထားသို့ အပြည့်အဝရောက်သွားတော့သည်။ သူက နီရဲနေသောမျက်လုံးတစ်စုံဖြင့် ရွှယ်လင်ထံသို့တောင့်တင်းစွာပြေးလာလေ၏။ သူနောက်သို့ တစ်လှမ်းဆုတ်ကာ ခုခံရန်ပြင်လိုက်သော်ငြား ဘော့စ်ကလေထဲတွင် တစ်ပတ်လည်သွားပြီး သူ့အားအနောက်မှတိုက်ခိုက်လာမည်ဟုမမျှော်လင့်ခဲ့ပေ။


ရွှယ်လင်၏ HP အဆင့်အရ အကိုက်ခံရသည်နှင့်မြေကြီးပေါ်တွင်ပြားချပ်သွားပေတော့မည်။


ရွှယ်လင်မှာ အနောက်ဘက်မှ လေပြင်းတိုက်လာချိန်တွင်ရေခဲနံရံဖြင့်ဖြစ်စေ၊ တစ်စုံတစ်ခုဖြင့်ဖြစ်စေ ပိတ်ဆို့ထားလိုက်ပြီး ထူထဲသည့်အနက်ရောင်မြူခိုးထုက ယုန်ကိုတိုက်ခိုက်ရန် တွေးထားသော်လည်း ထိုယုန်က တစ်ချက်တည်း ရိုက်သတ်ခံလိုက်ရသည်။


ရွှယ်လင်: "....."

ဒါ ပွဲလန့်တုန်းဖျာခင်းသွားတာပဲ...


သူခေါင်းလှည့်လိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် လက်ပိုက်လျက် ရေခဲနံရံကို တစ်ဝက်မှီနေသော လူထံသို့လှမ်းကြည့်လိုက်သည်။ 

"ဒါက ဘာသဘောလဲ..."


စူးရွှမ့်ယန်က ပြုံးကာတုံ့ပြန်လေ၏။

"ဒါက မင်းအသက်ကို ကယ်လိုက်တဲ့လူကို စကားပြောတဲ့ပုံစံလား..."


"ငါဖြင့် လှုပ်တောင်မလှုပ်ရသေးဘူး... မင်းကငါသေမယ်ဆိုတာ ဘယ်လိုလုပ်သိလဲ..."

သူက ဂရုမစိုက်ဟန်ဖြင့် စုရွှမ်ယန်းအား စုံချည်ဆန်ချည်ကြည့်ပြီးနောက် ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီး တရားထိုင်ကာ ချီစွမ်းအင်တို့ကို စုစည်းလိုက်သည်။ ဘော့စ်အနောက်မှဂူထဲကို ယုန်ကိုသတ်လိုက်သည့်လူကသာ ဝင်နိုင်ပြီး သူ စူးရွှမ့်ယန်နှင့် အသင်းမဖွဲ့ရသေးဘဲ ဝင်သွား၍မရပေ။


သူ ဝင်သွား၍မရတိုင်း စူးရွှမ့်ယန်က ဝင်မသွားနိုင်သည်တော့မဟုတ်ပေ။ ထိုလူက ဂူထဲသို့ဝင်ရန်သတ္တိရှိပြီး သူ၏ 'ဆုလဒ်' ကိုတိုက်ရိုက်ထုတ်လိုက်သည်။


ထိုနေရာတွင် သလင်းကျောက်တစ်ခုတည်းသာရှိသည်။ သူယူလိုက်သည်နှင့် ရွှယ်လင် ယူစရာမရှိနိုင်တော့ပေ။ ထိုအတွေးနှင့်ပင် သူ့မျက်နှာပေါ်မှအပြုံးက အော်ဂလီဆန်စရာကောင်းလာလေသည်။


ရွှယ်လင် စကားပြောနေရာကို ဖွင့်ကြည့်လိုက်ရာ စူးရွှမ့်ယန်က သူ့အားသူငယ်ချင်းဖြစ်ရန် ခွင့်တောင်းထားသည်ကို တွေ့လိုက်ရသည်။ သူမျက်မှောင်ကြုတ်လိုက်ကာ သူ့ထံလျှောက်လာနေသူကို ကြည့်လိုက်ပြီး အနှီသူက လက်ထဲမှ သလင်းကျောက်အိတ်လေးအားယမ်းပြနေသည်ကိုကြည့်နေမိသည်။

"သလင်းကျောက်တစ်စနဲ့ သူငယ်ချင်းဖြစ်ခွင့် လဲပါလား... အနာဂတ်မှာ ကိုယ် မင်းနဲ့တစ်သင်းတည်းကျချင်တယ်...ဘယ်လိုလဲ..."


ရွှယ်လင် မျက်ခုံးပင့်ကာပြောလိုက်၏။

"ဒါက ဘော့စ်စု ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူးထင်တယ်... တစ်ခုဝယ် တစ်ခုလက်ဆောင်ပေးတဲ့ စကေးကတော့ မဆိုးပါဘူး... ကျွန်တော်သာ မိန်းကလေးဆိုရင်လက်ခံလိုက်မှာ..."


အနှီသူက ဤကမ္ဘာတွင် သူ့ချစ်သူဖြစ်နေသော်လည်း ရွှယ်လင်က ထိုသူအပေါ်မှီခိုတတ်သူမျိုးမဟုတ်ပေ။ ထိုလူက ကမ္ဘာတိုင်းတွင် သူ့နောက်သို့လိုက်နေသူဖြစ်လျှင်လည်း သူ ဒေါသထွက်လာသည်နှင့် ထိုယောကျ်ားကိုဒုက္ခရောက်အောင် လုပ်မိပေလိမ့်မည်။


အတိတ်တွင် ထိုယောကျ်ားပျို၌ အရေးမပါသော ထိန်းချုပ်ထားတတ်သည့် စရိုက်မျိုးရှိခဲ့စဉ်က ပွင့်ပွင့်လင်းလင်းမပြောဆိုတတ်သောကြောင့် ရွှယ်လင် သူ့ကို အပြစ်တင်ခဲ့‌မိသည်။ ယခုမူ ထိုသူက သူ၏အချိုသပ်စကားပြောသည့်စွမ်းရည်ဖြင့် ပရောပရည်လာလုပ်နေ၍ ၎င်းကအတော်လေးကို တာဝန်မဲ့သလိုခံစားရစေသည်။ သူ့အား ပရောပရည်လုပ်နေသည်က ကိစ္စမရှိသော်လည်း ထိုစကားလောက်နှင့် သူက ပြိုလဲမည့်သူ မဟုတ်ပေ။


"မင်း လက်မခံတာ... မင်းကမိန်းကလေးမဟုတ်လို့ပေါ့လေ..."

စုရွှမ်ယန်းက ရွှယ်လင့်အရှေ့တွင် သလင်းကျောက်ကို ချလိုက်သည်။

"မင်း ဒီနေရာမှာ ဒါရှိတယ်ဆိုတာ ဘယ်လိုရှာတွေ့ခဲ့လဲတော့မသိပေမဲ့ ဒါကမင်းခဏလေးနဲ့ရှာတွေ့နိုင်တဲ့ ဓားသွန်းဖို့အကောင်းဆုံးကျောက်ပဲ ငါ့ကိုတကယ်ကြီးပေးမလို့လား..."


"မင်းငါ့ကို ဘယ်လိုမြင်လဲ..."


နောက်ကွယ်တွင် စကားဖြင့်မဖော်ပြသည့်မေးခွန်းတစ်ခုရှိသည်။

မင်းဘာလို့ အကြောင်းမရှိဘဲ ငါ့နောက်လိုက်နေရတာလဲ...


"ဘာလို့လဲဆိုတော့ မင်းကကြည့်ကောင်းလို့လေ..."

စူးရွှမ့်ယန်က တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်သည်။ "မင်းကအရမ်းချောလွန်းလို့ ကိုယ် မင်းကို မြင်မြင်ချင်းချစ်မိသွားခဲ့တာ... နောက်ထပ်အကြည့်တစ်ချက်မှာတင် ကိုယ်လုံးဝကြွေဆင်းသွားခဲ့တာ... တတိယတခေါက်ကျတော့ မင်းကို ဘယ်သူမှမမြင်ရတဲ့နေရာမှာ တစ်သက်လုံးပိတ်လှောင်ထားလိုက်ချင်တယ်...အဲဒါမှ ကိုယ်တစ်ယောက်တည်း မင်းကိုကြည့်ခွင့်ရမှာလေ.."


ရွှယ်လင်: "...." 

ဆိုတော့ ‌ဒါက ဒီကမ္ဘာမှာ အသိတရားရလာတဲ့ပုံစံအမှန်ပေါ့...


"ငါ့မျက်နှာတစ်ခုတည်းကြောင့်လား..."


"မှားနေတာလည်း မရှိဘူးလေ..."


"ငါ့ပုံစံကို မှားပြီးအဆင့်မြှင့်မိရင် ဘယ်လိုလုပ်မလဲ..."

ထိုယောကျ်ားပျိုက သူ့မျက်နှာကိုနှစ်သက်နေသည့်အတွက် ကိစ္စမရှိသော်ငြား သူ့ရုပ်ရည်တစ်ခုတည်းကြောင့်ဖြစ်နေသည်မှာ လက်မခံနိုင်စရာပင်။


"မင်းပုံစံကို ဘယ်လောက်ပဲ အဆင့်နှိမ့်ထားပါစေ...ငါ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကို ထုဆစ်ထားလိုက်ပြီ..."


စူးရွှမ့်ယန်ကလက်ဆန့်ပြီး မေးစေ့ကိုညှစ်ကိုင်လိုက်ကာ ကိုယ်ကိုအရှေ့သို့ကိုင်းလာပြီး ရွှယ်လင်ကိုတိတ်တဆိတ်ကြည့်နေလိုက်၏။

"ဒါပေမဲ့ ဒီမျက်နှာလေးကိုတော့ ကိုယ်တစ်ယောက်တည်းပဲပိုင်ရမယ်..."


ရွှယ်လင် သူ့လက်ကိုရိုက်ထုတ်လိုက်ပြီး ရယ်မော၍ပြောလိုက်၏။

"စိတ်မရှိပါနဲ့...ကျွန်တော့်မျက်နှာက ကျွန်တော့်ကိုယ်ပေါ်မှာရှိတာ ပြီးတော့ ကျွန်တော်ပဲပိုင်တာ... ခင်ဗျားလာဆွဲခွာနေရင် ကျွန်တော်ပျော်တော့မှာမဟုတ်ဘူး..."

ရွှယ်လင် ထလိုက်ပြီး စူးရွှမ့်ယန်၏ သလင်းကျောက်အပိုင်းလေးကိုကောက်ယူလိုက်ပြီး သူ့ပါးစပ်ကိုဟကာ အရှက်မရှိပြောလိုက်သေးသည်။

"သလင်းကျောက်လေးတစ်ပိုင်းလောက်နဲ့ သူငယ်ချင်းလုပ်ပြီး အတူတွဲသွားမယ်ဆိုတာကိုတော့ ငါလက်မခံနိုင်ဘူး... ဒါပေမဲ့ မင်းအဆင့်က ဆက်မတက်လာတဲ့အပြင် ငါ့ကိုအကူအညီ မပေးနိုင်ရင်တော့ နိုင်ထက်စီးနင်းနဲ့ သူငယ်ချင်းလုပ်တဲ့စကားကို ဖျက်သိမ်းဖို့အခွင့်အရေးရှိတယ်..."


"ငါမင်းကို ကူညီနိုင်တာ ဟုတ်လားမဟုတ်လားတော့ မကြာခင်သိရပါလိမ့်မယ်..."

စူးရွှမ့်ယန် ပဟေဠိဆန်စွာပြုံးလိုက်ပြီး ရွှယ်လင်အနောက်သို့ ထပ်မလိုက်တော့ဘဲ ရွှယ်လင် ထွက်သွားသည်ကို ထိုနေရာတွင်သာ ရပ်ကြည့်နေခဲ့သည်။ ထိုသူထွက်သွားမှ ထိုနေရာလွတ်ထဲမှ ဒေတာအချက်အလက်တို့ကိုဖျက်ပစ်လိုက်ပြီး ပင်မကွန်ပျုတာအဖြေရှာရမည့် ပိုမိုစိတ်ရှုပ်စရာ ဒေတာများကို ထည့်ပေးလိုက်သည်။


အာ...ငါ့မိန်းမက ဒီအရှုပ်တွေကို မရှင်းချင်မှတော့ ငါပဲသူ့အစား ရှင်းပေးရတော့မှာပေါ့...


သူ၏မိန်းမသည်ကား ကျေးဇူးမသိတတ်ပေ။ သူ၏ရုပ်ရည်ကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကြံဖန်အပြစ်ရှာတတ်သေးသည်။


ငါတို့အားလုံးကို ဒေတာတွေနဲ့ ဖန်တီးထားတာလေ... ရုပ်ရည်က အရေးမကြီးရင် ဘယ်ဟာက အရေးကြီးတာလဲ... စိတ်ဝိညာဉ်လား...


သူတို့မှာ အဲဒီလိုမျိုးရောရှိလို့လား...


ဟား...



🦊🦊🦊