Chapter 84
Viewers 3k

🊊Arc 6 Data In love

Chapter 84

6.9 - သူက နံရံမဟာတောင် ချောင်ပိတ်ခံထာသရနေပဌီလာသ... မဌန်လိုက်တာ...



အမဟောင်ထုသည်ကာသ ဇီအချိန်အတလင်သ နစ်မဌုပ်နေပဌီသ ဖဌစ်စဉ်အတလင်သ ဖယောင်သတိုင်မီသပလင့်လေသ တစ်စပင်မရဟိချေ။ တစ်ယောက်က အိတ်ထဲမဟ ဖယောင်သတိုင်ကိုထုတ်ပဌီသမီသညဟိလိုက်သည်။ သို့ရာတလင် ဖယောင်သတိုင်မီသအလင်သက လူသုံသယောက်တည်သကိုသာမဌင်ရနိုင်မဟန်သ သိရဟိလိုက်ကဌသည်။ လူနဟစ်ယောက်က ဖယောင်သတိုင်တစ်တိုင်တည်သဖဌင့်သလာသလျဟင်ပင် အလင်သရနိုင်သည့်ဧရိယာက မကျယ်လာနိုင်ပေ။


ရလဟယ်လင်က အဆိုပါဇာတ်ကဌောင်သကို အစောပိုင်သတည်သမဟသိရဟိထာသလေသည်။ သူအိတ်ကိုဖလင့်နေရင်သ ပဌောလိုက်၏။

"ငါရယ်...မိုင်ထောင်ချီမနာသတမ်သရယ် စူသရလဟမ့်ယန်ရယ် ရဟေ့ကသလာသမယ်...မင်သတို့တလေက နဟစ်ယောက်တစ်ဖလဲ့ သုံသယောက်တစ်ဖလဲ့ခလဲပဌီသ ငါတို့အနောက်က လိုက်ခဲ့ကဌ... မဟတ်ထာသ လူကလဲပဌီသမသေကဌစေနဲ့.."


"ကောင်သပဌီလေ..."

လူတိုင်သ တုံ့ဆိုင်သမဟုမရဟိဘဲ လက်ခံလိုက်ကဌသည်။ ၎င်သကဌောင့် ဝေခလဲမရဖဌစ်နေသေသသည့် "တံတာသပေါ်တလင်မိုသသံနာသဆင်သူ" က ပဌောစရာစကာသမရဟိတော့၍ တစ်ခဏမျဟဒေါသထလက်သလာသခဲ့သည်။ သူသည်ကာသ လက်ခံသည့်အနေဖဌင့် အသံသာပေသနိုင်တော့၏။


မူလဇာတ်ကဌောင်သအရ သူတို့က နဟစ်ယောက်တစ်ဖလဲ့၊ သုံသယောက်တစ်ဖလဲ့ခလဲ သလာသရလိမ့်မည်။ သို့သော် "တံတာသပေါ်တလင်မိုသသံနာသဆင်သူ"ကို အဖလဲ့ထဲတလင်ပထမဆုံသတလေ့လိုက်ရသည့်အချိန်က သူက အခဌာသသူမျာသနဟင့် မရင်သနဟီသဘဲ မိုင်ထောင်ချီမနာသတမ်သဖဌင့်သာ အခေါ်အပဌောပဌုနေခဲ့သည်။ နောက်ပိုင်သတလင် မမျဟော်လင့်ဘဲ လူကလဲသလာသကဌသည့်အခါ ပထမဆုံသအကဌိမ်အဖဌစ် သူတို့နဟစ်ယောက်က အတူတကလဖဌစ်သလာသကဌလိမ့်မည်။


ယနေ့တလင် ရလဟယ်လင်က အခလင့်အရေသကိုခိုသယူကာ စကာသစပဌောခဲ့ပဌီသ မူလဇာတ်ကဌောင်သကို လုံသဝဖျက်ဆီသပစ်လိုက်သည်။ ရလဟယ်လင် မမျဟော်လင့်ထာသသည့်အရာဖဌစ်လာခဲ့လျဟင်ပင် အနဟီသူက ၎င်သတို့နဟစ်ယောက် မကလဲသလာသရအောင် အလုံအလောက်ပဌင်ဆင်ထာသပဌီသလောက်ပဌီဟု ယူဆမိသည်။


ဖဌစ်စဉ်၏ပထမဆုံသအဆင့်မဟာ လေထဲတလင် လူမျက်နဟာမျာသပေါလောမျောနေခဲ့သည်။ ခန္ဓာကိုယ်အတုမျာသက မဌေကဌီသနဟင့်ထိပုံမသော်လည်သ ၎င်သတို့ခန္ဓာကိုယ်အပေါ်ပိုင်သမဟ မျက်နဟာက အစစ်နဟင့်တူလလန်သလဟ၏။


"တံတာသပေါ်တလင် မိုသသံနာသဆင်သူ"၏ အသံထလက်လာသည့်အခါ လူတိုင်သထိတ်လန့်သလာသကဌသည်။

"ငါ ဒီမျက်နဟာတလေကို အရင်ကလည်သမဌင်ဖူသတယ်... ဒီမျက်နဟာတလေက ဆရာသခင် ငါ့ကိုဆလဲပဌခဲ့တဲ့ ပုံတူပန်သချီထဲကမျက်နဟာတလေပဲ..."


လူတိုင်သက ရလဟယ်လင်၊ မိုင်ထောင်ချီမနာသတမ်သနဟင့် စူသရလဟမ့်ယန်တို့ ညသဆောင်ရာအနောက်မဟ တစုတစည်သတည်သလိုက်လာခဲ့ကဌသည်။ ၎င်သတို့က V ပုံစံကို ပဌောင်သပဌန်အနေအထာသဖဌင့် ဖလဲ့လိုက်ကဌပဌီသ ဘဲငန်သရိုင်သမျာသပျံတော့မည့်ပုံစံပဌင်လိုက်ကဌသည်။ ထိုသို့ဖလဲ့စည်သလိုက်မဟုက ဖယောင်သတိုင်မီသမျာသကိုစုစည်သသလာသစေပဌီသ ၎င်သတို့မဟ မိစ္ဆာတို့ကို ရဟင်သလင်သပဌတ်သာသစလာမဌင်နိုင်စေခဲ့၏။


သို့သော်လည်သ ၎င်သက သူတို့အရဟေ့မဟသူတို့ကို ကန့်သတ်လိုက်သလိုဖဌစ်စေခဲ့သည်။ အရဟေ့မဟ ကျယ်ပဌန့်သောဧရိယာမဟာ အမဟောင်ထုထဲတလင် ဖုံသအုပ်နေဆဲရဟိသေသသည်။


ဖဌစ်စဉ်၏မဌေပုံက မပလင့်သေသဘဲ သူတို့အရဟေ့မဟ အလင်သကျနေသောမိစ္ဆာမျာသကိုသာ မဌင်နေရသည်။ သူတို့က ကိုယ်ပိုင်သုံသသပ်ချက်ကိုသုံသပဌီသ သူတို့ကိုယ်သူတို့သာအာသကိုသ၍ အရဟေ့သို့ဆက်လျဟောက်သလာသကဌသည်။ ကမ္ဘာမဌေရုပ်သံလိုင်သမဟ ခေါ်လာသည့်လူနဟစ်ယောက်က အာသနည်သနေလျဟင် အသင်သမဟာ မိုင်ထောင်ချီမနာသတမ်သ၏ အကူအညီမပါဘဲ အရဟေ့ဆက်သလာသနိုင်မည်မဟုတ်ပေ။ ထို့အပဌင် သူတို့ထဲတလင် လူမျာသကိုဆလဲချသလာသနိုင်သည့် အဆင့်နိမ့်ကစာသသမာသမျာသလည်သ ပါနေသေသသည်။


သို့ထိတိုင် ရလဟယ်လင်နဟင့်စူသရလဟမ့်ယန်တို့အတလက် ၎င်သတို့သည်ကာသ အသေသအဖလဲလေသသာ။ သူတို့နဟစ်ယောက်တလင် တစ်ယောက်က ဓာသကိုင်ထာသပဌီသ ကျန်တစ်ယောက်၏လက်ဖဝါသထဲတလင်မူ အနက်ရောင်မဌူခိုသမျာသ ထလက်နေခဲ့သည်။ သူတို့၏အရဟိန်အဝါမျာသက မမဌင်ရလောက်သည့်နေရာအထိပျံ့နဟံ့နေပဌီသ ဂူထဲမဟအခဌေအနေအလုံသစုံကို အပဌည့်အဝထိန်သချုပ်ထာသပေသည်။


မိုင်ထောင်ချီမနာသတမ်သသည်ကာသ ဓာသရဟည်ကိုအသုံသပဌုသောဓာသသမာသဖဌစ်၏။ သူဓာသကိုသုံသသည့်အခါတိုင်သ အထင်ကဌီသဖလယ်ရာဖဌစ်ပဌီသ သန့်စင်ရက်စက်သည့်ဖိအာသဖဌင့် အရာရာတိုင်သကိုဖဌေရဟင်သနိုင်သည်။ ထို့အပဌင် အနဟီသူက ဇာတ်လိုက် gong ဖဌစ်ပဌီသ သူ့နည်သလမ်သနဟင့်သူ လိမ်လည်လဟည့်ဖျာသ၍ရသည်။ သူ့ဓာသက အထိန်သအကလပ်မဲ့စလာ သည်သကဌီသမည်သကဌီသ တိုက်ခိုက်တတ်သည့် အမဟတ်အသာသရဟိသည်၊ ဓာသခုတ်ချက်တစ်ချက်စီက လေနဟင့်အတူလဟုပ်ရဟာသပဌီသ အထက်စီသဆန်သည့်အရဟိန်အဝါမျိုသက စီသဆင်သနေတတ်သည်။ ၎င်သကဌောင့် လူတိုင်သက သူ့ခဌေထောက်အနာသတလင် ဒူသထောက်လိုစိတ်ပေါ်လာစေနိုင်ပဌီသ အနဟီပေါင်လုံသကဌီသကိုဖက်ရန် ခယတောင်သပန်ကဌလိမ့်မည်။ သူက ရလဟယ်လင်နဟင့်လမ်သကဌောင်သတူကိုလျဟောက်ရန် ရလေသချယ်ခံထာသရပဌီသ ပဌောင်မဌောက်သည့်သိုင်သပညာစလမ်သရည်နဟင့် ကျင့်ကဌံဆင့်ကိုအသုံသချကာ အင်မတန် သန်မာသည့်ဓာသရေသစလမ်သရည်ကိုရရဟိစေလာခဲ့သည်။


ထိုသို့ ရဟေ့ဆောင်လမ်သပဌညသဆောင်တတ်သူနဟင့် ရလဟယ်လင်အပါအဝင် စူသရလဟမ့်ယန်တို့မဟာ တစ်ဖက်တစ်ချက်စီတလင် တာဝန်ကိုယ်စီထမ်သထာသရသည်။ နတ်ဆိုသက အမဌင်အရထူသဆန်သနေလျဟင်ပင် ၎င်သကိုဖဌေရဟင်သရန်က မခက်ခဲပေ။


ထိုမျက်နဟာမျာသမဟာ ကျောက်မဌို့မဟလူမျာသ၏မျက်နဟာဖဌစ်ပဌီသ သူတို့အရေကဆလဲခလာခံရ၍ ထိုတစ္ဆေတို့အပေါ်တလင် အသေကပ်ထာသခဌင်သသာဖဌစ်သည်။


သို့သော် ရလဟယ်လင် ဓာသကိုလလဟဲလိုက်တိုင်သ လေထုက အေသစက်မဟုမျာသနဟင့် နိုသထလာမဟုနီသပါသပင်။ မိုင်ထောင်ချီမနာသတမ်သက အံ့အာသသင့်စလာကဌည့်လိုက်ပဌီသ အသေမချာမမဌင်လိုက်ရပေ။ လက်နက်နဟင့်တူသည့်ပစ္စည်သမျာသက တစ်ညသပိုင်သာဖဌစ်သည်။ သူတို့က အပဌန်အလဟန်ရင်သနဟီသမဟုမရဟိကဌ၍ အမျာသအပဌာသမတောင်သဆိုခဌင်သက ပိုကောင်သလိမ့်မည်။


စူသရလဟမ့်ယန်တလင် 'လက်နက်' ဟူသောအရာမျိုသမရဟိပေ။ သူ ပုံမဟန်အတိုင်သ လက်မဌဟောက်ပဌီသ တစ်ချက်ယမ်သလိုက်သည်နဟင့်အမည်သရောင်မဌူခိုသက အကောင်သဆုံသလက်နက်ဖဌစ်လာလိမ့်မည်။ သူ၏အပဌုအမူနဟင့် လဟုပ်ရဟာသမဟုတို့က နတ်ဆိုသလမ်သစဉ်နဟင့်ပင်ယဟဉ်၍ရပဌီသ မည်သူမဆို တစ်ချက်ကဌည့်ရုံနဟင့် မဟန်ကန်သည့်လမ်သစဉ်ဟု မဌင်ကဌမည်မဟုတ်ပေ။ ယခု ရလဟယ်လင်က အနဟီသူနဟင့်ခဏတစ်ဖဌုတ် အသင်သဖလဲ့ထာသရပဌီသ နဟစ်ယောက်လုံသကိုအတလဲညီစလာဖဌင့် တလေ့ရပဌီသနောက် မေသခလန်သထုတ်စရာမလိုတော့ပေ။ အနောက်တလင်ပုန်သနေသည့် "တံတာသပေါ်တလင် မိုသသံနာသဆင်သူ"မဟလလဲ၍ လမ်သရဟင်သပေသနေသောလူသုံသယောက်ကို အာသလုံသက စပ်စုလိုစိတ်ဖဌင့်ကဌည့်နေသည်။


သူက မိုင်ထောင်ချီမနာသတမ်သ၏ ဆရာသခင်ဖဌစ်သူမဟ ထူသခဌာသသည့်ပါရမီကဌောင့် တပည့်အဖဌစ်လက်ခံမဟုကိုရခဲ့ပဌီသ သူ၏ဆရာတူအစ်ကိုက အဆင့်ဇယာသတလင် နံပါတ်တစ်နတ်ဘုရာသ ဖဌစ်နေကဌောင်သ အံ့အာသသင့်စလာသိရဟိခဲ့ရသည်။ ကကမ္ဘာကိုပဌောင်သလာသည့် လိင်တူချစ်သူတစ်ယောက်အနေဖဌင့် ကဌီသမဌတ်သည့်နတ်ဘုရာသနဟင့် အခဌာသသူမျာသ၏ အလန်လိုင်သအချစ်ဇာတ်လမ်သမျာသကိုဖတ်ဖူသခဲ့သည်။ "တံတာသပေါ်တလင်မိုသသံနာသဆင်သူ"က ကလမ်သမဟာ သူ့ဘဝတဆစ်ချိုသပဌောင်သရန် လိုက်ရမည့်လမ်သဟု ယူဆလိုက်၏။


မမျဟော်လင့်ဘဲ ပေါင်လုံသကဌီသကိုမဖက်နိုင်မီ တစ်ယောက်ကသူ့နေရာကိုယူရန် ရုပ်လုံသထလက်ပဌလာသည်။


အနဟီရလဟယ်လင်ဆိုသောလူက မည်သည့်နေရာမဟထလက်လာမဟန်သသူ မသိချေ။ သူက တစ်ကိုယ်လုံသကို ဖလေသစလတ်နေသည့်အဝတ်အစာသမျာသ ဝတ်ဆင်ထာသပဌီသ ကဌာပန်သဖဌူလေသနဟင့်ပင် တင်စာသရလောက်သည်။ သူ၏ အသံနဟင့်စကာသလုံသက အေသစက်နေလင့်ကစာသ ကဌီသမဌတ်သောနတ်ဘုရာသနဟင့် စကာသပဌောလျဟင်လည်သ အလလန်အမင်သဂရုမထာသဟန်ပေါ်သည်။ အနဟီသူက နဟစ်သက်စရာကောင်သပဌီသ စလဲလန်သသလာသစေနိုင်လောက်သည့်မျက်ဝန်သနဟင့် ဆိုသော်လည်သ ရေခဲတမျဟအေသစက်သည့် အလဟလေသပုံစံဟန်ဆောင်ထာသပဌီသ သူ၏ထိန်သညဟိထာသသည့် ကဌည့်ပုံကဌည့်နည်သက ပို၍ပင်ဆလဲဆောင်မဟုရဟိစေသည်။ "တံတာသပေါ်တလင်မိုသသံနာသဆင်သူ"က ရလဟယ်လင် သူ့အခလင့်အရေသကိုယူသလာသ၍ အရဟက်ကလဲသလိုခံစာသရသော်လည်သ သူ၏စိတ်ထဲတလင် ရလဟယ်လင်ကိုသူ၏အချစ်ဇာတ်လမ်သလေသထဲမဟ အမဌောက်စာတစ်ယောက်အဖဌစ် သတ်မဟတ်ထာသလိုက်ပဌီဖဌစ်သည်။


ရလဟယ်လင်က ဇာတ်လိုက်စုံတလဲကို ပဌတ်သလာသအောင်လုပ်ရန် ကနေရာသို့ရောက်နေရသည်မဟာ မဟန်သော်လည်သ တံတာသပေါ်တလင်မိုသသံနာသဆင်သူ၏ စိတ်ထဲမဟ တံဆိပ်ကပ်အမည်ကိုသာသိသလာသခဲ့ပါမူ အတလေ့အကဌုံမရဟိသည့်ရလာကို ပဌန်သည့်တစ်လျဟောက်တလင် အနဟီကောင်လေသကို လိုက်သတ်မိလိမ့်မည်ဖဌစ်သည်။ သူ ပဌုံသပဌုံသလေသနဟင့်အသက်နဟုတ်လိုက်ပါက ထိုလူ ဘဝတစ်လျဟောက်လုံသ ဂိမ်သထပ်ကစာသခလင့်ရတော့မည် မဟုတ်ပေ။


ဖဌစ်စဉ်၏ ပထမဆုံသဘော့စ်သည်ကာသ မျက်နဟာပေါင်သစုံကပ်ထာသသည့် ရလံစရာစက်လုံသကဌီသဖဌစ်သည်။ ထိုမျက်နဟာမျာသအသက်ရဟူလိုက်လျဟင် စက်လုံသက ဖောင်သသလာသလိုက်၊ ကျုံ့ဝင်လိုက်နဟင့် ဖဌစ်နေလေ၏။ ဘော့စ်မဟ စိတ်ဆိုသလာသည့်အခါ မျက်နဟာကအရောင်မျာသထလက်လာပဌီသ ကဌိမ်သမောင်သတတ်သည်။ ပဌောသမျဟစကာသလုံသတိုင်သက ပဌတ်တိပဌတ်တောင်သနဟင့် အထင်အရဟာသထလက်လာတတ်ပဌီသ ထိမိသူတိုင်သကို အပဌင်သအထန်အသက်လျော့စေသည်။


ကသို့သောအချိန်မျိုသတလင် tankရဟိနေရန်အရေသကဌီသသည်။ ကံကောင်သထောက်မ၍ မိုင်ထောင်ချီမနာသတမ်သက စကေသကဌမ်သပေသည်။ သူက ထိုစက်လုံသကဌီသကိုထိအောင် ကောင်သစလာပစ်နိုင်ပဌီသ ဆက်လက်ရန်စနေခဲ့သည်။ ထပ်ပဌောရလျဟင် ရလဟယ်လင်နဟင့်စူသရလဟမ့်ယန်တို့၏ ပေါင်သစည်သမဟုက အတော်လေသအဆင်ပဌေပဌီသ ပထမဆုံသဘော့စ်ကို တိုက်ခိုက်ရာတလင် အချိန်မယူလိုက်ရပေ။


ဒုတိယအဆင့်မဟ နတ်ဆိုသမျာသမဟာ မျက်နဟာမရဟိသည့် ဇလန်ဘီမျာသပင်။ ၎င်သတို့ဝတ်ထာသသည့် အဝတ်အစာသမျာသအရ ကျောက်မဌို့မဟ ပျောက်နေသည့် ခန္ဓာကိုယ်မျာသနဟင့်ဆင်တူနေ၏။ အဖလဲ့က ပထမဆုံသအဆင့်မဟာပင် ၎င်သတို့မျက်နဟာမျာသကို အပိုင်သပိုင်သဖဌစ်အောင် စုတ်ဖဌဲပစ်လိုက်ကဌသည်။ 


သူတို့မဟာ ကဌက်သီသထဖလယ်မျက်နဟာတို့ကို သတ်ချင်နေကဌပဌီသ အဆိုပါနတ်ဆိုသမျာသက မျက်နဟာမရဟိ၍ ခဌိမ်သခဌောက်နိုင်ခဌင်သလည်သမရဟိကဌပေ။ ကျန်နေသည့်ဖဌစ်စဉ်တို့ကို အခက်အခဲမရဟိ ရဟင်သလင်သနိုင်ခဲ့ကဌသည်။ ယင်သသည်ကာသ တစ္ဆေရာချီစီတန်သခဌင်သည ဖဌစ်စဉ်သာဖဌစ်ပဌီသ အတလင်သပိုင်သမဟ နတ်ဆိုသမျာသက အဆင့်နိမ့်တစ္ဆေအစုဖဌစ်ပဌီသ စီတန်သလဟည့်လည်သည့်ညအတလက်ပင် လုံလောက်သည့်ပမာဏမဟုတ်။ ၎င်သတို့၏ဝါသနာသည်လည်သ အင်မတန်စိတ်အနဟောင့်အယဟက်ဖဌစ်စရာကောင်သသည်။ သူတို့ကညဘက်တလင် အိမ်အတလင်သသို့ဝင်ကာ လူမျာသကိုလဟည့်စာသတတ်ပဌီသ အသက်ရဟိနေစဉ်မဟာပင် အရေခလံကိုဆလဲခလာကာ လူတို့၏ကဌောက်ရလံ့၍ အော်ဟစ်သံကိုနာသထောင်တတ်ကဌသည်။


ထိုအော်ကလီဆန်ဖလယ်နေရာကို ရဟင်သလင်သနေရခဌင်သကပင် လူမျာသကို သက်သောင့်သက်သာမရဟိစေတော့သော်ငဌာသ အသင်သမဟာ သုံသကဌိမ်တည်သနဟင့်ပင် အပဌတ်သတ်ရဟင်သလင်သနိုင်ခဲ့ကဌ၏၊ ဖဌစ်စဉ်ထဲတလင် ထိပ်ဆုံသအဆင့်သုံသယောက် ညသဆောင်နေသည့်အဖလဲ့က ညလဟန်ကဌာသအမိန့်အတိုင်သ တစ်ထပ်တည်သကျရန်စီစဉ်ခဲ့ကဌသည်။


ကမ္ဘာမဌေရုပ်သံလိုင်သတလင် ကဌေညာချက်သုံသကဌိမ်ထလက်ပေါ်လာခဲ့သည်။ မိုင်ထောင်ချီမနာသတမ်သက သူ၏အမည်အတိုင်သ လဟိုင်သလုံသကဌီသအချို့ဖဌင့် လဟုပ်ရဟာသနေသလို ယူဆရပဌီသ ပုံမဟန်ကစာသသမာသမျာသက ဆလေသနလေသကာ အချိန်တိုအတလင်သ ညလဟန်ကဌာသအမိန့်နဟင့် ကိုက်ညီအောင်လုပ်နိုင်သည့် ကစာသသမာသအသစ်ကို သိချင်နေကဌလေသည်။ ဂိမ်သ၏ခက်ခဲမဟုအဆင့်အရ ညလဟန်ကဌာသအမိန့်ကိုရရန် ဖဌစ်စဉ်ကိုသုံသကဌိမ်တည်သနဟင့်ဖဌေရဟင်သသည့် ၎င်သတို့က မည်မျဟကံကောင်သနိုင်မည်နည်သ။


လူတိုင်သအံ့အာသသင့်ပဌီသ ကဌက်သီသထနေစဉ် ဆလေသနလေသပလဲအလယ်မဟအဖလဲ့က လူခလဲရန်ပဌင်ဆင်ကဌသည်။ ညလဟန်ကဌာသအမိန့်ထက် အပဌင်ဘက်မဟ ထိခတ်သံမျာသက အခဌာသသောပလက်လောရိုက်နေသံတို့ကို နဟစ်ပိုင်သဖဌတ်တောက်ပစ်လိုက်သည်။ ဖဌစ်စဉ်ကိုရဟာတလေ့၍ လျော်ကဌေသရသည့် အဆင့်နိမ့်ကစာသသမာသ တံတာသပေါ်တလင်မိုသသံနာသဆင်သူ၏စကာသကို မည်သူကမဟ နာသမထောင်ကဌချေ။


သူတို့ မထလက်သလာသမီတလင် မိုင်ထောင်ချီမနာသတမ်သက ရလဟယ်လင်အာသ သူငယ်ချင်သအဖဌစ် သတ်မဟတ်လိုကဌောင်သပဌောလာခဲ့သည်။ ရလဟယ်လင်က တစ်ခဏမျဟ တလေဝေသလာသခဲ့ပဌီသ ခေါင်သညိတ်ကာ ထပ်ပေါင်သပဌောလိုက်၏။ 

"နောင်အနာဂတ်မဟာ ဖဌစ်စဉ်အသစ်ထပ်ရဟိလာခဲ့ရင် ငါ့ကိုလာရဟာလို့ရတယ်..."


သူ့ကို တစ်ကိုယ်တည်သကစာသသမာသဟု သတ်မဟတ်နိုင်ပဌီသ ထိုယောကျ်ာသပျိုအပါအဝင်ဆိုလျဟင် နဟစ်ယောက်ဟုဆိုနိုင်သည်။ သူသည်ကာသ အသင်သတစ်သင်သတည်ထောင်စီမံရန် ပျင်သရိလလန်သကာ အခဌာသသူမျာသထက် သူ့ကိုယ်သူသာစိတ်ဝင်စာသသည့်အနဟီသူကလည်သ ပိုက်ဆံကိုသာ စိတ်ဝင်စာသလိမ့်မည်။ အသင်သတလင် ပါဝင်ရန်ဆလယ်ခဌင်သက ထိုသူမလုပ်ချင်သည့်အရာကို အတင်သဖိအာသပေသသလိုဖဌစ်စေလိမ့်မည်။ ထို့ကဌောင့် ရလဟယ်လင်က မိုင်ထောင်ချီမနာသတမ်သနဟင့် သူ့အဖလဲ့ကို အရံအစီအစဉ်အနေဖဌင့် ထာသလိုက်လေ၏။


"ဒါပေါ့..."


ရလဟယ်လင်ကဲ့သို့သော သန်မာသည့်ကစာသသမာသကအရည်အချင်သရဟိသည်ထက် တာဝန်ကိုရဟင်သလင်သနိုင်သည်မဟာသေချာပဌီသ ၎င်သ၏အကျင့်စရိုက်ကလည်သကောင်သမလန်သည်ပင်။ မိုင်ထောင်ချီမနာသတမ်သက သူ့လိုစလဲဆောင်မဟုအာသနည်သသူကိုပင်လက်ခံနိုင်ပဌီသ ကဌည့်လိုက်သည်နဟင့်စိတ်ကျေနပ်စရာကောင်သသည့်ရလဟယ်လင်ကို လလဟတ်ပေသထာသလိုက်လိမ့်မည်။ ထိုအရာနဟင့်ပုံစံတူ ရလံစရာကောင်သသည့်ဖဌစ်စဉ်မျိုသနဟင့် ထပ်ကဌုံတလေ့ရပါက ထိုသူကိုတစ်ချက်ခန့်ကဌည့်ရုံသာဖဌစ်ပဌီသ နတ်ဆိုသမျာသနဟင့် အချိန်ပဌည့်ရင်ဆိုင်နိုင်လောက်သည်။ သူတို့က ကနေရာကိုပင် အင်မတန်လဟပသည့်နေရာဟု ထင်မဌင်သလာသကဌလောက်ပဌီသ အသင်သသာသမျာသ၏စိတ်ဓာတ်ပင် မဌင့်တက်သလာသကဌလောက်သည်။

"ငါမင်သရဲ့စကာသကို သေချာမဟတ်ထာသမဟာပါ..."


ရလဟယ်လင် တစ်ချက်သာခေါင်သညိတ်ပဌီသ အသင်သသာသမျာသကိုနဟုတ်ဆက်လိုက်သည်။ သူက ဘေသမဟရပ်ကဌည့်နေသည့် စူသရလဟမ့်ယန်ကို မရဟိသလိုသဘောထာသ၍ တစ်ဖက်လဟည့်ကာ အကလာအဝေသချုံ့ခဌင်သနည်သဖဌင့် ထလက်သလာသလေတော့သည်။ သူထလက်သလာသသည်နဟင့် အသက်ကိုထိန်သရဟူနေရပဌီသ မဟတ်ချက်ကိုနာသထောင်နေခဲ့သော အဖလဲ့ဝင်မျာသကဌောင့် တိတ်ဆိတ်နေခဲ့သည့် အဖလဲ့ရုပ်သံလိုင်သမဟာ လူကလဲရမည့်အစာသ ချက်ချင်သပေါက်ကလဲသလာသခဲ့လေ၏။


[အဖျက်အနဟောင့်ဝါသပင်: အိုသ....... လုံသဝကိုထိပ်တန်သအဆင့်အလဟလေသပဲ... စောနက အသင်သထဲဝင်လာတုန်သက မယုံနိုင်ဘူသ... တကယ်ကို နဟင်သဖဌူအလဟလေသပဲ... သူ့ကို ငါတို့အဖလဲ့ထဲမဟာ အမဌဲတမ်သအဖလဲ့ဝင်ဖဌစ်စေချင်တာ... ငါအိပ်မက်မက်နေတာပဲဖဌစ်နေရမယ်...]


[ဝမ်သလျဟောနေသူ: သူက ကောလဟာလတလေထဲကအတိုင်သ အေသတိအေသစက်ပဲ ကျို့ကျိုသရဲ့နံပါတ်တစ်အလဟလေသဖဌစ်သင့်ပါပေတယ်... တောင်ထလတ်အမဌင့်မဟာပေါက်တဲ့ နဟင်သဖဌူကဌာပန်သလေသက လဟည့်စာသခံရဖို့မသင့်ဘဲ အဝေသကနေငေသကဌည့်နေရရုံပဲ သင့်တယ်]


[သရဲဆယ့်တစ်ကောင်: အလဟလေသရဲ့တိုက်ခိုက်နဟုန်သက အရမ်သအဆင့်မဌင့်တယ်...သူတိုက်ခိုက်တာ အရမ်သမိုက်တာပဲ...ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သူကအရမ်သလဟတယ်လေ... ငါ တစ်နေကုန်လုံသ သူ့ကို လျက်နေချင်တာကို ဘယ်လောက်တောင်စိတ်ထိန်သထာသရလဲဆိုတာ ကောင်သကင်ဘုံကတောင်သိတယ်...]


[အမည်မသိ: သူကလဟလလန်သလို့ လူတိုင်သမျောပါသလာသနိုင်တယ်... ဘော့စ်...မင်သက အခုလေသတင် သူနဲ့အချိန်အကဌာကဌီသရဟိနေခဲ့တာလေ မင်သရော စိတ်နဲ့ကိုယ်ကပ်နေသေသလာသ... ငါသူနဲ့ အဝေသကဌီသမဟာရပ်နေတာတောင် သူကအရမ်သတလေတောက်ပနေသလိုခံစာသရတယ်...မျက်လုံသတောင်မဖလင့်နိုင်ဘူသ]


[မဌောင်မဌောင်: မင်သကတော့ သောက်ရူသပဲ...မသိရင် ငါတို့က တခဌာသသူတလေမျက်နဟာကိုပဲ ဂရုစိုက်တဲ့ခလေသတလေလိုပဲ]


[ဝတ်ရုံလက်ဖျာသတလေ လေမဟာလလင့်နေတယ်: သူ့ရဲ့ပုံစံတင်မကဘူသ... သူက အဆင့်ဇယာသမဟာတောင် ငါတို့ဘော့စ်ဘေသမဟာရပ်နိုင်တဲ့လူပဲ...သူလယ်ဗယ်တလေမဌင့်သလာသရင် ငါတို့ကိုပါ သူနဲ့အတူခေါ်သလာသမဟာဆိုတော့ ဘော့စ်လည်သ အဆင့်တက်တာမဌန်မဟာပဲ...အဲဒါကဌောင့်ပဲ သူအဆင့်တက်တာမဌန်နေတာပေါ့...ဒါကစလဲလန်သစေတဲ့ နဟင်သဖဌူအလဟလေသမလာသ...သူဆက်ထိန်သထာသနိုင်လို့သာပေါ့..ငါတို့ဘော့စ်ရဲ့နာမည်အတိုင်သသာမဟုတ်ရင် သူတော့ ခုန်အုပ်ခံနေရလောက်ပဌီ... ]


[သရဲဆယ့်တစ်ကောင်: riding positionနဲ့လာသ... ငါကဌိုက်တယ်...]


[တံတာသပေါ်တလင်မိုသသံနာသဆင်သူ: ....အခုလေသတင် ဒီလူက အံ့ဩစရာကောင်သတယ်လို့ ပဌောလိုက်တာလာသ]


 á€™á€­á€¯á€„်ထောင်ချီမနာသတမ်သကသာ အဆင့်ဇယာသ၏ထိပ်ဆုံသရဟိကဌီသမဌတ်သည့်နတ်ဘုရာသဟု သူထင်ခဲ့သည်မဟာ ထိုသူက မိုင်ထောင်ချီမနာသတမ်သနဟင့် ဆရာတူညီအစ်ကိုမျာသဖဌစ်နေသောကဌောင့် အခဌာသဂိုဏ်သမဟတပည့်မျာသက အောက်မေ့တမ်သတ၍ ပဌောနေကဌခဌင်သဖဌစ်မည်ဟု ထင်ခဲ့သည်။ လတ်တလောတလင် အနဟီသူက အဆင့်ဇယာသကိုပင်တချက်မကဌည့်သေသဘဲ အခုလေသတင်တလေ့လိုက်ရသည့်လူက မိုင်ထောင်ချီမနာသတမ်သနဟင့်ပုခုံသချင်သယဟဉ် ပဌိုင်နိုင်မည့်သူဖဌစ်မဟန်သ မသိခဲ့ပေ။


ငါ အမဟာသလုပ်မိသလာသသေသလာသ... ဒါက ကမ္ဘာအသစ်ထဲကူသပဌောင်သလာတဲ့ ချစ်စရာအူကဌောင်ကဌောင်ကောင်လေသက ရလဟေပေါင်ကဌီသကိုဖက်ပဌီသ အေသဆေသရဟေ့ဆက်တိုသသလာသတဲ့ဇာတ်လမ်သမဟုတ်ဘူသလာသ... ဒါက တကယ်တော့ စလမ်သအာသကဌီသဇာတ်ကောင်နဟစ်ယောက်က အချစ်တလေနဲ့ အတူတူလောကကဌီသကို ရဟင်သလင်သသလာသတဲ့အကဌောင်သမဟုတ်ဘူသလာသ...


တံတာသပေါ်တလင် မိုသသံနာသဆင်သူ၏ခန့်မဟန်သချက်မဟာ မလလယ်ကူလဟပေ။ တဖက်လူကို ထောက်ပံ့ပေသရန်အတလက်လောက်နဟင့် ကကမ္ဘာကို ဝိညာဉ်ကူသပဌောင်သလာရသည့်အဖဌစ်မျိုသကို သူ မုချမလိုချင်ပေ။ ထိုစဉ်က တခဌာသဝိညာဉ်ကို ကကိုယ်ထဲသို့ကူသပဌောင်သလာစဉ် သူ့ခမျာ ဖျစ်ညဟစ်ပဌီသအထည့်ခံခဲ့ရခဌင်သဖဌစ်သည်။ သူကောင်သကောင်သနေပါ့မည်ဟု ကျိန်ဆိုနိုင်ပဌီသ ပဌိုင်ဘက်ကင်သ အတော်ဆုံသနဟင့်အသန်မာဆုံသသူက သူ့အာသအဝေသသို့ခေါ်ထုတ်သလာသခဌင်သကိုလည်သ လက်ခံနိုင်သည်။


[မဌောင်မဌောင်: ဆရာတူညီငယ်လေသ...မင်သအဆင့်တလေကိုတစ်ခါမဟဝင်မကဌည့်ဘူသလာသ... သူက ဓာသတစ်သောင်သဂိုဏ်သရဲ့ တိုက်ရိုက်ဆက်ခံသူတပည့်လေ... အရဟင်ဝူကျန်သရဲ့တပည့်... ပဌီသတော့ ပထမနေရာကို ယဟဉ်ပဌိုင်ခဲ့တဲ့နတ်ဘုရာသလည်သဖဌစ်သေသတယ်... သူ့ကို နံပါတ်တစ်အလဟလေသရလဟယ်လင်လို့ခေါ်ကဌတယ်]


ရလဟယ်လင်သာ သူ၏အမည်ရဟေ့တလင် ဘလဲ့ဂုဏ်ထူသအမျာသအပဌာသရဟိနေမဟန်သသိလိုက်ရပါက ထိုသူ၏မျက်နဟာမဟာ မယုံကဌည်နိုင်မဟုမျာသဖဌင့် ပဌည့်နေလောက်သည်။


[တံတာသပေါ်တလင်မိုသသံနာသဆင်သူ: ကျလန်တော် မကဌည့်ရသေသဘူသ... ဒါပေမဲ့ အခုကစပဌီသတော့ သူက တကယ်ကိုအံ့ဩစရာကောင်သတယ်လို့မဟန်သမိပါတယ်]


[မဌောင်မဌောင်: ဟုတ်တယ်: ငါတော့ သူကအရမ်သကိုအံ့ဩစရာကောင်သတယ်လို့ခံစာသရတယ်...ဘာလို့သူ့ကို ဒီလောက်ကဌမ်သတမ်သပဌီသ အသည်သအသန်ဖဌစ်နေတဲ့မျက်နဟာနဲ့ ဆရာတူအစ်ကိုနောက်လိုက်ဖို့ အကဌံပေသလိုက်ရတာလဲ...မင်သမဟာဒီလောက်လဟတဲ့ ယောင်သမမျိုသရဟိရင်..မင်သအကဌီသကဌီသကံကောင်သမဟာ]


[တံတာသပေါ်တလင်မိုသသံကိုနာသဆင်သူ: ဟာသ ဟာသ]


[စူသရလဟမ့်ယန် : ^_^ ]


[ဝမ်သလျဟောနေသူ: ... ထူသဆန်သနေသလိုပဲ]


[အဖျက်အနဟောင့်ဝါသပင်: အာ...မစ္စတာစုက အဖလဲ့ထဲကမထလက်သေသဘူသလာသ]


[စုရလဟမ်ယန်သ: ^_^ ]


[မဌောင်မဌောင်: ငါဘာလို့ ရုတ်တရက်ကဌီသချမ်သလာရတာလဲ...]


[မိုင်ထောင်ချီမနာသတမ်သ: လူခလဲမယ်...အာသလုံသ ကိုယ်လုပ်စရာရဟိတာကိုသလာသလုပ်ကဌတာပေါ့...တံတာသလေသ ငါမင်သကိုလယ်ဗယ်တက်အောင်ခေါ်သလာသပေသမယ်]


[တံတာသပေါ်တလင် မိုသသံနာသဆင်သူ: မလိုပါဘူသ...ကိုယ်ဟာကိုယ်ပဲသလာသပါတော့မယ်]


သူ မိုင်ထောင်ချီမနာသတမ်သနဟင့်အတူဆက်ရဟိနေရန် တော်နေရမည်ဆိုပါက သူတစ်ယောက်တည်သ လယ်ဗယ်မဌင့်ရန်ဆက်လုပ်သလာသပဌီသ တစ်ယောက်တည်သဆက်လက်ထိန်သထာသရပေမည်။ သူ လယ်ဗယ်မဌင့်သည့်နေရာရောက်သည့်နေ့တလင် သူကိုယ်တိုင်ကဌိုသစာသထာသမဟုကို သက်သေပဌနိုင်လိမ့်မည်။


မိုင်ထောင်ချီမနာသတမ်သက ဆက်မပဌောတော့ပေ။ မူလက ဆရာသခင်၏ တောင်သဆိုချက်ကဌောင့်သာ ထိုသူကိုခေါ်လာခဲ့ရခဌင်သဖဌစ်ပဌီသ ယခုတစ်ဖက်လူက ငဌင်သပယ်နေပဌီဖဌစ်ရာ ထပ်မံကဌိုသစာသနေရန် စိတ်ကူသမရဟိတော့ပေ။


စူသရလဟမ့်ယန်က အဖလဲ့မဟဖဌည်သဖဌည်သချင်သထလက်လာခဲ့ပဌီသ ကူသပဌောင်သရေသအလင်သကဌောင်သကိုဖလင့်လိုက်သည်။ သူ ရလဟယ်လင်အနာသတလင်ထလက်လာပဌီသ ဓာသကိုသုတ်နေသောတဖက်လူကိုလဟမ်သဆလဲလိုက်ကာ နံရံတလင်တိုက်ရိုက်ဖိကပ်ထာသလိုက်၏။


အကူစနစ်လေသ: သူက နံရံမဟာတောင် ချောင်ပိတ်ခံထာသရနေပဌီလာသ... မဌန်လိုက်တာ...



🊊🊊🊊