Chapter 86
Viewers 3k

🦊Arc 6 Data In Love


Chapter 86

6.11 - သူတစ်ယောက်တည်းပဲ မြင်နိုင်တဲ့နေရာမှာ ထားမယ်...



ပင်မဇာတ်လမ်းတာဝန်ကို အစပျိုးပေးခဲ့သော Knight NPC ကို ရှာဖွေရန် လွယ်ကူသော်လည်း ၎င်းက သာမန်ဆန်လွန်းပြီး အခြေခံကျလွန်းသောကြောင့်ဖြစ်ပြီး နေ့စဉ် တာဝန်များထမ်းဆောင်နေရသော ကစားသမားများက သူ့ကို အစပျိုးရန်မှာ မလွယ်ကူပေ။ 


သူ့ကို အစပျိုးရန်အတွက် လိုအပ်ချက်များက အလွန်ထူးဆန်းသည်။ ထို့အပြင် သူ့တာဝန်များကို ပြီးဆုံးရန်အတွက် လိုအပ်သည်မှာ အဖွဲ့တစ်ဖွဲ့က သူတို့ကိုယ်တိုင် ပြီးဆုံးအောင် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ နယ်မြေများနှင့် ကမ္ဘာ့နယ်နိမိတ်များကြားတွင် ခြားနားခြင်းများ မရှိပေ။ တစ်စုံတစ်ယောက်က အဓိက ဇာတ်ကြောင်းကို အစပျိုးနိုင်သ၍ မရေတွက်နိုင်သော အဖွဲ့များက ယှဥ်ပြိုင်နိုင်မည်ပင်။ ၎င်းကြောင့် ရွှယ်လင် နောက်ပိုင်းတွင် သူ့ပန်းတိုင်ကို ရရှိရန် ပို၍အဆင်ပြေသွားစေသည်။ 


တံတားပေါ်တွင် မိုးသံနားဆင်သူက အဖွဲ့တစ်ခုတည်းမှ ချစ်စရာကောင်းသော အသစ်ရောက်လာသူတစ်ဦးနှင့် မွန်းစကားများကို အတူသတ်နေကြလေသည်။ သူ၏ စရိုက်က ထူးခြားပြီး ကြည့်ကောင်းကာ နှစ်လိုဖွယ်ရှိသောကြောင့် လူများသက သူနှင့် အဖွဲ့ဖွဲ့လိုကြသည်။ မိုင်ထောင်ချီမနားတမ်း မပါလျှင်ပင် သူ့ကို ဂရုစိုက်သော တခြားလူများ ရှိသေးသည်။ မိုင်ထောင်ချီမနားတမ်း၏ အဖွဲ့မှ ညီအစ်ကိုများနှင့်လည်း သူ တည့်လေသည်။ 

ဇာတ်လိုက်ရဲ့ ရောင်ဝါတွေကို ဆွဲချဖို့က မလွယ်ဘူးပဲ...


ဇာတ်လိုက် shouက အဆင့်နိမ့်သောကြောင့် သူအဆင့်တက်ခဲ့သော နေရာများ အားလုံးမှာ အသစ်ရောက်လာသူများ မကြာခဏသွားတတ်သော နေရာများဖြစ်၍ သူတို့မည်သည့်နေရာတွင် ရှိသည်ကို ရွှယ်လင် လွယ်ကူစွာ သိနိုင်လေသည်။ သူတို့၏ အဆင့်များက အလျင်အမြန်ပင် တက်သွားကြလေသည်။ အဆင့်ရိတ်သိမ်းသူအဖွဲ့က ဇာတ်ကြောင်း၏ တာဝန်အတွက် အစပျိုးရမှတ်များ ရှိသော မြို့အသစ်တစ်ခုကို ရောက်သွားကြလေသည်။ သူတို့ ပြုလုပ်ရန် တာဝန်စာရင်းကို ပြောင်းလဲပစ်လိုက်ရန် ရွှယ်လင်က အကူစနစ်ကို အမိန့်ပေးလိုက်သည်။ သူတို့၏ တာဝန်များကို ထပ်ပေါင်းထည့်လိုက်ပြီး အဓိကဇာတ်ကြောင်းကို အစပျိုးရန် လိုအပ်ချက်များကို တစ်ပြိုင်နက် ပြီးဆုံးစေလိုက်သည်။ 


အဓိကဇာတ်ကြောင်းက ချိပ်ပိတ်ခံထားရသောနတ်ဆိုး၏ ဘဝ အတွေ့အကြုံကို ဗဟိုပြုလေသည်။ ချိပ်ပိတ်ခံထားရသောနတ်ဆိုးက အသူတရာချောက်နက်ထဲတွင် နတ်ဘုရားများ၏ ချိပ်ပိတ်ခြင်းခံခဲ့ရ၍ မကျေနပ်ချက်များကြောင့် တည်ရှိလာခြင်းပင်။ သူ၏ မူလဇစ်မြစ်က နတ်ဆိုးဖြစ်သော်လည်း သူ့တွင် ခံစားချက်များရှိနေနိုင်ပြီး ကမ္ဘာနှင့်လည်း သက်ဆိုင်နေနိုင်သည်။ သူ့ကို မွေးဖွားလာမှုကြောင့် မကျေမနပ်ဖြစ်ကာ သူ၏ စွမ်းအားအများအပြားကို ပြင်ပကမ္ဘာနှင့် ထိတွေ့စေရန် အသုံးပြုခဲ့လေသည်။ ထိုသို့ဖြင့် မွေးကာစ နတ်ဆိုးတစ်ကောင်ကို လူသားများနေသော ရွာသို့ ပို့ခဲ့လေသည်။ 


သူ့ကို မချစ်သောကြောင့် မဟုတ်ဘဲ သူ့ကို အထက်ရှဆုံးသောဓါးအဖြစ် သွေးပေးလိုက်ခြင်းပင်။ ကမ္ဘာကြီးထဲတွင် အညစ်ညမ်းဆုံးသော နေရာက လူသားများ၏ နေရာတွင် ဖြစ်သည်။ 


အသီးအပွင့် မဖြစ်ထွန်းသော ကုန်းမြေနှင့် လှိုင်းထန်သော ပင်လယ်တို့က ရိုင်းစိုင်းသောင်းကျန်းသောလူများကို မွေးထုတ်ပေးခဲ့ပြီး လူသားများ၏ ရက်စက်ကြမ်းကြုတ်မှုများက သူတို့အတွက် ကြောက်မက်ဖွယ်အကောင်းဆုံး မြေဩဇာများဖြစ်ခဲ့လေသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်တွင် အဖေအမေ မရှိဘဲ အားကိုးရာမဲ့နေသည့် ချိပ်ပိတ်ခံထားရသော နတ်ဆိုးတစ်ကောင်က ပျော်ရွှင်မှုကို မရှာဖွေနိုင်ပေ။ သူ တွေ့ကြုံခဲ့ရသည်မှာ နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အနှိပ်စက်ခံရမှုများပင် ဖြစ်နေတော့သည်။


ငယ်စဥ်ကလေးဘဝက သူ့ကို မွေးစားခဲ့သော မိသားစုက သူ့ကို တိရစ္ဆာန်တစ်ကောင်လို ပျိုးထောင်ပေးခဲ့၍ သူ့ဘဝက အလှအပ၊ ပျော်ရွှင်ဖွယ်ရာ စသည့်အရာများ ကင်းမဲ့နေလေသည်။ သူ့ မျက်လုံးထဲတွင် တစ်ကမ္ဘာလုံးက မကောင်းပေ။ ဤကမ္ဘာ၏ ညစ်ညမ်းမှုများက သူ့ကို ရွံရှာစေသော်လည်း ကြီးပြင်းလာရန်အတွက် သူ ၎င်းကို လိုအပ်ပေသည်။ ချိပ်ပိတ်ခံထားရသော နတ်ဆိုးက သူ့ကိုယ်သူ လူသားမဟုတ်ကြောင်း ငယ်စဥ်တည်းက သိသော်လည်း ကြီးမားသော အငြိုးအတေးများက သူ့ကို ပိုမိုသန်မာအောင် ပြုလုပ်ပေးနိုင်သောကြောင့် သူ ၎င်းတို့အားလုံးကို သည်းခံခဲ့သည်။ 


သူက တစ်ရွာလုံးကို သတ်နိုင်လောက်အောင် စွမ်းအားကြီးလာတဲ့အထိ သည်းခံနေလေသည်။ ထိုညစ်ညမ်း ရွံရှာဖွယ်ကောင်းသော အရာအားလုံးကို ဖျက်ဆီးရှင်းလင်းပစ်နိုင်သည်အထိ သည်းခံခဲ့သည်။ 


ကံဆိုးစွာဖြင့် သူ့ဘဝက အလွန်မဆိုးဝါးခဲ့လျှင် သူ ဖိုင်နယ်ဘောစ့်ဖြစ်နိုင်မည်ပင်။ အရာအားလုံးကို သတ်ဖြတ်ဖျက်ဆီးပစ်ရန် မည်သူမျှ အစတည်းက ရွေးချယ်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ ချိပ်ပိတ်ခံထားရသော နတ်ဆိုးက နတ်ဘုရားများနှင့် ဆန့်ကျင်ပြီး ရိုးရာလုပ်စဥ်များနောက်ကို လိုက်ရသည့် အကြောင်းအရင်း ရှိလေသည်။ အကြောင်းအရင်းမှာ အချစ်ပင် ဖြစ်သည်။ 


အဓိကဇာတ်ကြောင်းက ချိပ်ပိတ်ခံထားရသော နတ်ဆိုး၏ ဘဝကို အဓိကဖော်ပြထားလေသည်။ ကစားသမားများက နတ်ဆိုး သူ့ကံကြမ္မာကိုပြောင်းလဲပြီး ကောင်းကင်ဘုံကိုပင် စိန်ခေါ်စေရလောက်အောင် ချစ်ခဲ့သော မိန်းကလေးကို နားလည်ရန်အတွက် အဖျက်ဆီးခံခဲ့ရသော ရွာသို့ သွားရောက်လည်ပတ်ကြလေသည်။ သို့သော်လည်း သူ မကယ်တင်လိုက်နိုင်ပေ။ ချိပ်ပိတ်ခံထားရသော နတ်ဆိုး၏ ဘဝကို တွေ့ကြုံခဲ့ရသော လူတို့က သူတို့၏ နှလုံးသားများကို မာကျောအောင်ထားကာ သူတို့၏ ထင်မြင်ချက်များကို အမှန်ဟု ဆက်သတ်မှတ်ပြီး သူ့ကို တိုက်ခိုက်သတ်ဖြတ်ရန်မှာ မဖြစ်နိုင်တော့ပေ။ 


သူ၏ ဘဝက အလွန်ဆိုးဝါးလွန်းသောကြောင့်ပင်။ ကမ္ဘာပေါ်မှ ကံဆိုးမှုများအားလုံးက သူတစ်ယောက်တည်းပေါ်တွင် ပုံကျနေသကဲ့သို့ ဖြစ်နေသည်။ သူ့ ကလေးဘဝကလည်း ကလေးတစ်ယောက်သဖွယ် မဖြတ်သန်းခဲ့ရပေ။ ငယ်ရွယ်စဥ်က အချစ်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ လူငယ်ဘဝတွင်လည်း ရဲဘော်ရဲဘက်များထံမှ သစ္စာဖောက်ခံခဲ့ရလေသည်။ သူက တစ်ကမ္ဘာလုံးမှ ဝမ်းနည်းစရာ အကောင်းဆုံး၊ နာကျင်ဖွယ်အကောင်းဆုံး လူသားတို့၏ မကောင်းမှုများအားလုံးကို တွေ့ကြုံခံစားခဲ့ရလေသည်။ ထိုအရာများက သူ့ကို ထပ်ကာထပ်ကာ မျှော်လင့်ချက်များ ပေးခဲ့သော်လည်း အဆုံးစွန် ဆွဲချခဲ့လေသည်။ နောက်ဆုံးတစ်ကြိမ် ယုံကြည်ရန် ရွေးချယ်လိုက်စဥ်က သူ့နှလုံးသားကို အပေါက်ဖြစ်အောင် ထိုးသွင်းခံခဲ့ရသည့် ဓါးမြှောင်ကိုသာ ဆုလဒ်အဖြစ် ရလိုက်လေသည်။ ထို့ကြောင့် ချိပ်ပိတ်ခံထားရသော နတ်ဆိုး၏ လူသားဆန်စိတ်က သေဆုံးသွားခဲ့သည်။ 


သူ့တွင် ကျန်နေခဲ့သည်မှာ အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပြီး ချိပ်ပိတ်ခံရသော နတ်ဆိုးက ကောင်းကင်ဘုံမှ နတ်ဘုရားများကိုပင် သတ်ဖြတ်ဖျက်ဆီးရဲလာလေသည်။ 


သူ့လုပ်ခဲ့သည်မှာ နတ်ဘုရားများကို ဖျက်ဆီးပစ်ခြင်းကဲ့သို့ မရိုးရှင်းပေ။ သူ့ မကျေနပ်ချက်များ အားလုံးကိုလည်း ထုတ်ပြသွားခဲ့လေသည်။ သူ့ကို နတ်ဘုရားများ မြှုပ်နှံခဲ့သော အသူတရာချောက်နက်မှ ထွက်လာပြီးနောက် ကျို့ကျိုးနယ်မြေမှ ထိုချောက်ကို ဖြိုခွဲဖျက်ဆီးပစ်လိုက်ပြီး နတ်ဆိုးကမ္ဘာဟု ခေါ်သော နယ်မြေအသစ်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။ ထိုအချိန်တွင် သူ့က ချိပ်ပိတ်ခံနတ်ဆိုးဟု အမည်တွင်လာလေသည်။ ထို့နောက် ဂိမ်းကမ္ဘာနှင့် အပြင်ကမ္ဘာ ပြတ်တောက်သွားချိန်တွင် သူက ဂိမ်းကို လွှမ်းမိုးနိုင်သော အနှိုင်းမဲ့ဘောစ့်တစ်ယောက် ဖြစ်လာလေသည်။


သူ ကျို့ကျိုးမှ လူတိုင်းကို သူ ခံစားခဲ့ရသော ခါးသီးမှုများကို ခံစားစေချင်သည်။ 


သာမန်အားဖြင့် ပြောရပါက ဇာတ်လိုက်က သနားလျှင်ပင် ထိုသို့ ဘဝဆိုးလှသည့် ဘောစ့်တစ်ယောက်က သေရမည်ပင်။ သို့သော် စာရေးဆရာက သူ့ကို အလွန်ကြီးမားသော စွမ်းအားများ ပေးခဲ့လေသည်။ ထို့ကြောင့် သူ့ကို အဆုံးသတ်နိုင်မည့် နည်းလမ်းမရှိသဖြင့် ဇာတ်လိုက် gongနှင့် shouက ထိုဘောစ့်၏ ဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်ချက်ချရန်သာ ရွေးချယ်လိုက်ရတော့သည်။ သို့သော် သူတို့၏ အချစ်များက အခြားလူများကို လွှမ်းမိုးနိုင်သည်ဟု ခိုင်မြဲစွာ ယုံကြည်လေသည်။ ချိပ်ပိတ်ခံနတ်ဆိုးကိုလည်း လွှမ်းမိုးပြီး ကျို့ကျိုးနယ်မြေတစ်ခုလုံးကို နတ်ဆိုးကမ္ဘာကဲ့သို့ စွန့်ပစ်ခံနယ်မြေအဖြစ် သူ မပြောင်းပစ်အောင် ပြုလုပ်မည်ပင်။ 


သူတို့ အတွေးလွန်နေလေခြင်းသာ ဖြစ်သည်။ ဇာတ်လမ်းဆုံးသည်အထိ မည်သူမျှ မအောင်မြင်သွားပေ။ 

ကျို့ကျိုးနယ်မြေက မည်သည့်ပုံ ဆိုသည်ကို ရွှယ်လင် ဂရုမစိုက်ပေ။ သို့သော် ထိုနေရာသည်လည်း နတ်ဆိုးကမ္ဘာကဲ့သို့ အသုံးမဝင်သော နယ်မြေဖြစ်လာပါက သူ့ပုံမှန် တာဝန်ဖြစ်သည့် ဇာတ်လိုက်များကို ရင်ဆိုင်ဖြေရှင်းပြီးပါက ကိုယ့်ကိုယ်ကို သတ်သေပြီး ဤကမ္ဘာကို ထားခဲ့လောက်မည်ပင်။ 


ထိုသို့ တွေးလိုက်မိသည်နှင့် ရွှယ်လင် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။ သူ အကူစနစ်လေးကို ဓါးထဲမှ ဆွဲထုတ်လိုက်ကာ မေးလိုက်သည်။

" ဒီကမ္ဘာမှာ ငါ့ကို ဒေတာတွေနဲ့ ဖွဲ့စည်းထားတာလေ... အဲ့တော့ သေဖို့ဆိုတာ မဖြစ်နိုင်ဘူး ငါ ဒီကမ္ဘာကနေ ဘယ်လို ထွက်သွားရမလဲ..."


သူ့က ရုတ်တရက်ကြီး ဆွဲထုတ်ခံရလိမ့်မည်ဟု အကူစနစ်လေးက မတွေးထားခဲ့ပေ။ ထို့ကြောင့် သူ တခဏမျှ ကြက်သေသေနေပြီး ပြောလိုက်သည်။

 " အိုး ဟုတ်သားပဲ..."


အကူစနစ်လေး၏ ပေါ့ပေါ့တန်တန် မျက်နှာကို ကြည့်နေရင်း ရွှယ်လင် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

" မင်း ဒီမေးခွန်းကို တွေးမထားတာတော့ မဟုတ်ဘူးမလား..."


"မဟုတ်တာ..."

အကူစနစ်လေးက ဘာမှ မလုပ်ဘဲ ပျင်းရိနေခြင်း မဟုတ်ပေ။ သူ့ host က သူ့ကို ရွှေလက်ချောင်းကြီးအဖြစ် အလွန် မသုံးလျှင်တပင် သူက သူ့ host အတွက် ကြိုးကြိုးစားစား ကမ္ဘာများကို စုဆောင်းပေးကာ ထိုကဲ့သို့ အရာများအတွက် ပြင်ဆင်ပေးနေခဲ့သည်။ 


" host မှာ အဲ့ယောင်္ကျား ရှိနေသ၍ ကိစ္စအားလုံးကို ဖြေရှင်းပေးနိုင်တော့ လိုတာတွေ အများကြီး မရှိတော့ဘူးလေ ... host ထွက်သွားချင်ရင် ကျွန်တော့်ကိုပြောကျွန်တော် ချက်ချင်း ခေါ်သွားပေးမယ်..."


"မူလပိုင်ရှင်အတွက် ရပ်တည်ပြီး သဘာဝအတိုင်း မသေခင်အထိ ထွက်သွားလို့ မရဘူးလို့ မင်းပြောခဲ့တယ်မလား..."


"အင်း ဒါပေမဲ့ အခု hostက မူလပိုင်ရှင်မဟုတ်ဘူးလေ ... Hostရဲ့ ဒေတာတွေနဲ့ သူ့့ဒေတာတွေက ကွာတယ်လေ... နောက်ပြီး မူလပိုင်ရှင်က ဒီကမ္ဘာကနေ အဖျက်ခံလိုက်ရပြီ ဒါက ဂိမ်းထဲကကမ္ဘာကြီးပါ တကယ့်ကမ္ဘာနဲ့ ပြတ်တောက်သွားတယ်ဆိုရင်တောင် နတ်ဘုရားဖြစ်ဖို့ အဆင့်တက်ရတာနဲ့ ကျင့်ကြံရေး ရောထားတာဆိုတော့ ဆက်တင်တွေက နည်းနည်းတော့ ရှေ့နောက် မညီဖြစ်နေမှာပဲလေ... ကျင့်ကြံတာလေးပဲဆိုရင်တောင် ထွက်သွားဖို့အတွက် အဆင့်တက်အောင် လုပ်ရမှာပဲ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ လုပ်နိုင်တာ မရှိဘူး..."

အကူစနစ်လေး စုံစမ်းစစ်ဆေးပြီးနောက် ရွှယ်လင်ကို ပြောလိုက်သည်။

 " အရပ်ဆယ်မျက်နှာကမ္ဘာမှာ hostရဲ့ အမြှီးနောက်တစ်ချောင်း ရှိနေတယ်လို့ သတင်းရတယ်... ကျွန်တော်တို့ နောက်ကမ္ဘာအတွက် အဲ့ကို သွားကြမယ် အဲ့တော့ hostကဇာတ်လိုက်တွေကို မြန်မြန်ဖြေရှင်း ...ပြီးရင် ထွက်သွားကြမယ် hostရဲ့ လူကို အခု ခွဲသွားရရင်တောင် နောက်ကမ္ဘာကျ ပြန်တွေ့နိုင်တာပဲလေ..." 


"..." 

ရွှယ်လင် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာ အစစ်အမှန်ဖြင့် ထိုလူနှင့်အတူရှိနိုင်မည်မှာ ရှားပါးလေသည်။ သူတို့တူတူ အချိန်အကြာမြင့်စွာ ကုန်ဆုံးမရတော့ဟု သူ မတွေးခဲ့မိပေ။ 


ဇာတ်လိုက်ကို အဓိဇာတ်ကြောင်းနှင့် မိတ်ဆက်ပေးပြီးပြီ ဖြစ်သည်။ အဖွဲ့များက တာဝန်များကို လုပ်ဆောင်ရန် တစ်ဖွဲ့ထက်တစ်ဖွဲ့ ပို၍ စောလျင်စွာ လုပ်ဆောင်နေလောက်ပြီ ဖြစ်သည်။ အဓိကဇာတ်ကြောင်းအတွက် ဖြစ်စဥ်က အလွန် လျင်မြန်စွာ တိုးတက်သင့်သည်။ သူတို့ မြန်မြန်လုပ်ကာ တရားသောလမ်းစဥ်နှင့် နတ်ဆိုးလမ်းစဥ်ကြား တိုက်ပွဲဖြစ်သည်အထိ ဖြစ်ပြီး ချိပ်ပိတ်ခံနတ်ဆိုးကို သတ်ခြင်း သို့မဟုတ် နတ်ဆိုးက အဓိကဇာတ်လိုက်နှစ်ယောက်ကို သတိထားမိအောင် သေချာစေပါက သူတို့၏ ကံကြမ္မာများကို ပြောင်းလဲရမည့် သူ့တာဝန်သည် ပြီးဆုံးပြီဟု သတ်မှတ်နိုင်သည်။ 


ဇာတ်လိုက်နှစ်ယောက် အတူနေရန် အလွန်ရှည်ကြာသော ဘဝများ ပေးထားသောကြောင့် သူတို့ ရက်အနည်းငယ်အတွင်း မတော်တဆ ချစ်မိသွားနိုင်သည်။ ရွှယ်လင် လုပ်ရန်လိုအပ်သည်မှာ တိုက်ပွဲကြီးတွင် တရားသောလမ်းစဥ်ဘက်တွင် ရပ်တည်ပြီး ချိပ်ပိတ်ခံနတ်ဆိုး၏ အာရုံစိုက်မှု မခံရအောင် လုပ်ခြင်းပင်။ 


"မင်းရဲ့ စွမ်းရည်တွေနဲ့... ချိပ်ပိတ်ခံနတ်ဆိုးကို သတ်နိုင်မလား..." 

ရွှယ်လင် အကူစနစ်လေးကို မေးလိုက်သည်။


"ချိပ်ပိတ်ခံနတ်ဆိုးလား ..."

အကူစနစ်လေးက အတုန်တုန်အယင်ယင် ရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းခါကာ ပြောလိုက်သည်။

 " ချိပ်ပိတ်ခံနတ်ဆိုးရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက ဇာတ်လိုက်တွေထက်တောင် အားကောင်းနေတာ... host ပြဿနာရှာတာ တော်လောက်ပြီ သေဖို့အတွက်နဲ့ တမင်တကာ မသွားပါနဲ့..."


ရွှယ်လင် လက်ယမ်းပြလိုက်သည်။ ထိုအတွေးများက သူ့ခေါင်းထဲတွင် လှည့်ပတ်နေလေသည်။ အကယ်၍ ဇာတ်လိုက်နှစ်ယောက်ကို ချိပ်ပိတ်ခံနတ်ဆိုးက နတ်ဆိုးများအဖြစ် မပြောင်းလဲခဲ့ပါက သူ့(ချိပ်ပိတ်ခံနတ်ဆိုး)ကို စိတ်ဝင်စားအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပြီး နတ်ဆိုးလမ်းစဥ်ကို လိုက်မည့်သူမှာ စူးရွှမ့်ယန်ပင် ဖြစ်သည်။ စူးရွှမ့်ယန်က မူလဇာတ်ကြောင်းထဲတွင် အသုံးမဝင်သော ဇာတ်ကောင် ဖြစ်သော်လည်း သူ၏ စွမ်းအားနှင့် လုပ်နိုင်စွမ်းရည်ကို ရွှယ်လင် ရှင်းရှင်းလင်းလင်း သိလေသည်။ သူသာ အလေးအနက်ဖြစ်နေပါက လာတော့မည့် တိုက်ပွဲကြီးတွင် အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်လာမည်မှာ မလွဲမသွေပင်။ 


တရားသော လမ်းစဥ်ကို ရွေးချယ်ရမည်လား မရွေးချယ်ရမည်လားကို ရွှယ်လင် ထပ်မံတွေးတောမိပြန်သည်။ ဇာတ်လမ်းထဲတွင် တည်ရှိသော ဇာတ်ကောင်များ မသိနိုင်သော်လည်း ချိပ်ပိတ်ခံနတ်ဆိုးက ပင်မကွန်ပျူတာမှ ဗိုင်းရပ်စ်ဟု အသတ်မှတ်ခံထားရသော တည်ရှိမှုပင်။ မူလပိုင်ရှင်၏ သေဆုံးမှုက သူနှင့် တစ်နည်းနည်းဖြင့် သက်ဆိုင်နေသည်။ ဂိမ်းကို ကြီးမားသော ပြောင်းလဲမှု ဖြစ်စေကာ နှောက်ယှက်ခဲ့သောသူက ချိပ်ပိတ်ခံနတ်ဆိုးဖြစ်နေချိန်တွင် မူလပိုင်ရှင်က ဇာတ်လိုက်များနှင့် အဖွဲ့၏ ကံကောင်းမှုကိုသာ ပြောင်းလဲနိုင်ခဲ့သည်။ 


ခန့်မှန်းရန် မခက်ခဲပေ။ ဆိုးဝါးသော ဘဝတွင် ရှင်သန်ခဲ့ရပြီး သူ့ကို စိတ်ညစ်အောင် လုပ်ခဲ့သူမှန်သမျှကို အင်အားသုံးကာ သတ်ပြစ်ခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ဘဝ၏ ကံဆိုးမှုများကို ဖန်တီးခဲ့ပြီး သူ့ဘဝကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ဘဲ ဂိမ်းကို တီထွင်ဖန်တီးသူထံမှ ထိန်းချုပ်ခံရကာ သူ့ခံစားခဲ့ရသော ခံစားချက်များ သူသည်းခံခဲ့ရသော မကျေနပ်ချက်များအားလုံးသည်လည်း အတုအယောင် အရာများ ဖြစ်လေသည်။ 


ဒီအကြောင်းကိုသာ သိသွားရင် နတ်ဆိုးကြီး ဘယ်လို တုံ့ပြန်မလဲ...


ဂိမ်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ၎င်းကို ကျော်တက်သွားနိုင်မည် မဟုတ်သည်ကို ရွှယ်လင်ခံစားမိသည်။ သို့သော် ဘောစ့်ကြီးက သည်းခံနိုင်ပုံပေါ်သည်။ ဂိမ်းကမ္ဘာနှင့် အပြင်ကအစစ်အမှန် ကမ္ဘာ လုံးဝ ပြတ်တောက်သွားချိန်အထိ စောင့်နေခဲ့ပြီး နောက်ဆုံးတွင် ဤကမ္ဘာကို သူ့လက်ထဲက ကစားစရာလေးအဖြစ်အဖြစ် လုံးဝ ပြောင်းလဲပစ်လိုက်သည်။ 


ဇာတ်လိုက် gong နှင့် ဇာတ်လိုက် shou အတွက် ရွှယ်လင် အနည်းငယ်လေးပင် စိတ်ပူမနေပေ။ ရွှယ်လင် စိတ်အပူရဆုံးမှာ ဘောစ့်ပင် ဖြစ်သည်။ 


သူက ပင်မကွန်ပြူတာ မဟုတ်ပေ။ ဘောစ့်က သူ့ကိုယ်သူ ဂိမ်းထဲက ဇာတ်ကောင်ဟု မည်သည့်အချိန် သိသွားမည်ကို မသိနိုင်ပေ။ ထို့ကြောင့် အဘက်ဘက်မှ ခန့်မှန်းမှုများကိုသာ ပြုလုပ်နိုင်သည်။ သို့သော် ဂိမ်းထဲတွင် အခုချိန်ထိ မူမမှန်မှုများ မရှိသေးပေ။ အကယ်၍ ရှိလာခဲ့လျှင်လည်း သူ့ကြောင့်ပင် ဖြစ်လိမ့်မည်။


ချိပ်ပိတ်ခံနတ်ဆိုးက တကယ် သည်းခံနိုင်တာပဲ...


အမှန်တွင် ချိပ်ပိတ်ခံနတ်ဆိုးက သည်းခံနေခြင်း မဟုတ်ပေ။ သူက ကမ္ဘာကြီးကို ဖျက်ဆီးရမည်ကို လုံးဝ စိတ်မဝင်စားသောကြောင့်ပင်။ ဂိမ်းကို တီထွင်ဖန်တီးသူ သို့မဟုတ် ပင်မကွန်ပျူတာကို ပြဿနာ ရှာရမည်ကိုပင် စိတ်မဝင်စားချေ။ သူက ဒေတာသက်သက်သာ ဖြစ်သည်ကို ရွှယ်လင်ထက်စောစီးစွာ သဘောပေါက်ခဲ့သည်။ သူ မိန်းကလေးတစ်ယောက်နှင့် ချစ်ကြိုက်မိသည့်အချိန်တည်းက တစ်ခုခု မှားယွင်းနေသည်ကို သူ သတိထားမိလိုက်သည်။ 


ထိုမိန်းကလေးအပေါ် ခံစားချက် မရှိသောကြောင့် မဟုတ်ပေ။ သို့သော် အသံတစ်သံက သူ့ကို ထိုမိန်းကလေးအပေါ် ရူးသွပ်သွားပြီး သူမအတွက် ကောင်းကင်ဘုံကိုပင် တိုက်ခိုက်ရဲသည်အထိ ချစ်ကြိုက်သွားရန် လှုံ့ဆော် ပြောဆိုနေခဲ့သည်။ 


ချိပ်ပိတ်ခံနတ်ဆိုးက ထိုအတွက် "ဟားဟား" ဟုသာ ဖော်ပြနိုင်ခဲ့သည်။ 


သူ ကောင်းကင်ဘုံကို လွန်ဆန်ချင်သည်မှာ အမှန်ဖြစ်သော်လည်း ၎င်းက ထိုကဲ့သို့ သာမန်လူသား တစ်ယောက်ကြောင့် မဟုတ်ပေ။ သူက တခြားသူများ သူ့ကို ပြုံးပြ၊ ကြင်နာပြ၊ သူ့အတွက် သူတို့နှလုံးသားကို ဖွင့်ကာ လက်ခံပြီး သူကလည်း သူတို့အတွက် နှလုံးသားကိုပင် ထုတ်ပေးနိုင်လောက်သည်အထိ သနားစရာ ကောင်းမနေပေ။ သူ အချစ်ခံချင်သည်ဟု မည်သည့်အခါကမျှ မခံစားခဲ့ရပေ။ သူ မည်သည့်အခါမှလည်း အချစ်ကို မလိုအပ်ခဲ့ပေ။


ဒါပေမဲ့ အခုတော့ သူ အချစ်ကို ဆိုးဆိုးဝါးဝါးကို လိုချင်နေပြီ ဘာလို့လဲဆိုတော့ အဲ့လူကို သူလိုချင်နေလို့လေ ... 


ချိပ်ပိတ်ခံနတ်ဆိုးက ဂိမ်းကို နှောင့်ယှက်ရန်အတွက် ကြုံရာကျပန်း လှုပ်ရှားမှုမျိုးကို မလုပ်ပေ။ ထိုအစား ပင်မကွန်ပျူတာကို စက်ဝိုင်းလည်သည်အထိ အလုပ်ရှုပ်စေပြီး သူတို့၏ အချစ်ဇာတ်လမ်း အကြောင်းကို မတွေးနိုင်သည်အထိ လုပ်ကာ ဒေတာများကို ပုံမှန် ဖျက်ဆီးရန်သာ ရွေးချယ်ခဲ့သည်။ 


သူ့ရှေ့တွင် chat box တစ်ခု ပေါ်မလာမိီအထိ ရွှယ်လင် အတွေးနက်နေခဲ့သည်။ 


[မိုင်ထောင်ချီမနားတမ်းချီ : တာဝန်အသစ်တစ်ခု ရှိတယ် မင်းလာချင်လား...]


ရွှယ်လင် ချက်ချင်း အသိစိတ်ပြန်ကပ်လိုက်သည်။ အဓိကဇာတ်ကြောင်း၏ အစောပိုင်းတွင် တာဝန်များ မများသေးပေ။ ထို့နောက် သူတို့ မည်သည့်နေရာကိုသွားနေသည်ကို သူသိလိုက်သည်။ ရွှယ်လင် မိုင်ထောင်ချီမနားတမ်း၏ အဖွဲ့နှင့် ပူးပေါင်းရန် သဘောတူလိုက်ပြီး သူ့ဓားကို ယူကာ တံခါးမှ ထွက်သွားလိုက်သည်။ 


စူးရွှမ့်ယန်က ရွှယ်ရှင်းခန်းမ၏ နံရံကို မှီထားလျက် သူ့ကို စောင့်နေသည်။

" တာဝန်သွားလုပ်မလို့လား..."


"အင်း..." 


"ကိုယ့်ကိုလည်း ခေါ်ထားတယ် တူတူသွားရအောင်..."

စူးရွှမ့်ယန် နက်နက်ရှိုင်းရှိုင်း ပြုံးကာ ရွှယ်လင် နောက်သို့ လိုက်သွားလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မတော်တဆမှုကြောင့် ရွှယ်လင် သူ့ကို တမင် ကြိုးရှည်ရှည်ဖြင့် ဆွဲထားသလို ရက်အတော်ကြာသည်အထိ လျစ်လျူရှုထားခဲ့သည်။ စူးရွှမ့်ယန်ကလည်း သူ့ကို ပိတ်လှောင်ထားရန် အလျင်လိုမနေပေ။ 


သူ အဓိကဇာတ်လမ်း၏ အဖွင့်ပိုင်းကို အခွင့်ကောင်းယူကာ တရားသောလမ်းစဥ်နှင့် နတ်ဆိုးလမ်းစဥ်ကို ရွှယ်လင် မည်သို့ မြင်သည်ကို သူသိချင်နေသည်။ သူ့အကြောင်း အခြားသူများ ရေးထားသည်ကို ပြန်ကြည့်ရခြင်းအား မုန်းသော်လည်း ၎င်းက ရွှယ်လင် သူ့အတွက် ခံစားရအောင် လုပ်ပေးနိုင်ပါက သူ့ကိုယ်သူ ဖိအားပေးကာ သွားကြည့်မည် ဖြစ်သည်။ 


အကယ်၍ ရွှယ်လင်သာ သူ၏ ထိုပုံစံကို လက်ခံနိုင်မည်ဆိုပါက ရွှယ်လင်ကို သူက ချိပ်ပိတ်ခံနတ်ဆိုးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြမည် ဖြစ်သည်။ အကယ်၍ ရွှယ်လင်က နတ်ဆိုးလမ်းစဥ်ကို ဖျက်ဆီးပြီး အပိတ်ခံထားရသော နတ်ဆိုးကို သတ်ရန် စိတ်ပြင်းပြနေပါက သူ့ဆန္ဒများနှင့် ဆန်ကျင်စွာ ထိုလူသားကို နတ်ဆိုးကမ္ဘာသို့ ခေါ်လာပြီး သူတစ်ယောက်တည်းသာ မြင်နိုင်သော နေရာတွင် ထားပြီး သူ့ကို ကောင်းကောင်းမွန်မွန် စောင့်ကြည့်နေမည်ပင်။



🦊🦊🦊