Chapter 93
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 93


7.2 – သူ၏ အနုံအဆုံသ၊ အရိုသရဟင်သဆုံသနဟင့် အပဌစ်အကင်သဆုံသ အပဌုံသပင်


ရလဟယ်လင် ဇာတ်ကဌောင်သကို လေ့လာဖတ်ရဟုပဌီသနောက် သက်ပဌင်သချလိုက်သည်။


"ဒီရေသူကလေသလေသမဟာ မဖဌည့်စည်သလိုက်ရတဲ့ ဆန္ဒတလေရဟိလာသ"


 á€›á€œá€Ÿá€šá€ºá€œá€„် အကူစနစ်ကို မေသလိုက်သည်။ အချက်အလက်ကိုဖတ်ပဌီသနောက် ကအခဌေအနေနဟင့်ပတ်သက်ပဌီသ အကျိုသကျေသဇူသမျာသရဟိကဌောင်သ သူလက်ခံရပေမည်။ ပထမညသစလာ ကစိတ်အနဟောက်အယဟက်ဖဌစ်စေသော ငါသအမဌီသကို ခဌေထောက်တစ်စုံအဖဌစ်သို့ သူ ပဌောင်သလဲနိုင်သည်။ ဒုတိယအနေဖဌင့် ကဝိသေသလက္ခဏာသည် ပင်လယ်ရေနက်ပိုင်သ ရေသူမျာသ၏ တော်ဝင်မိသာသစု၏ မျိုသဆက်ဖဌစ်နိုင်သည်။ သူ၏ကိုယ်ခန္ဓာသည် အကဌီသမာသဆုံသသော ဝဟက်ဖဲဖဌစ်သောကဌောင့် အောင်မဌင်သူဖဌစ်လာရန် မိနစ်ပိုင်သမျဟသာလိုသည်။ ပင်လယ်ရေနက်ပိုင်သ ရေသူမျာသနဟင့် သဘာဝအတိုင်သရေသူမျာသတလင် လုံသဝခဌာသနာသသော ခန္ဓာကိုယ်ဖလဲ့စည်သပုံရဟိသည့်အချက်ကို ဆက်စပ်တလေသကဌည့်လျဟင် သူ့ခန္ဓာကိုယ်သည် ကဌည့်ရသလောက် အာသနည်သကာ အထိခိုက်မခံသည် မဟုတ်ပေ။ ၎င်သသည် သူ့အတလက် ကိစ္စမျာသကို ကိုင်တလယ်ရာ၌ ပိုမိုလလယ်ကူစေလိမ့်မည်။


"သူ အရမ်သနာကျင်စလာ သေဆုံသသလာသခဲ့တာ။ ထပ်ခါထပ်ခါ နဟိပ်စက်ခံခဲ့ရတယ်။ အသက်ရဟင်ဖို့လည်သ မတောင်သဆိုနိုင်သလို သေဆုံသသလာသဖို့ကိုလည်သ ခလင့်ပဌုမပေသခဲ့ဘူသ။ သူက ရေသူဓာတ်ခလဲခန်သကို လုံသလုံသလျာသလျာသ ဖျက်ဆီသပစ်ချင်ခဲ့တာ"


ရလဟယ်လင် မျက်ခုံသပင့်လိုက်သည်။ ၎င်သသည် အနည်သငယ်ပို၍ စိတ်ဝင်စာသစရာကောင်သပဌီသ ဇာတ်ဆောင်မျာသ၏ ကံကဌမ္မာကို ပဌောင်သလဲရန်ဟူသော သူ့တာဝန်နဟင့် တူညီသည့် ဇာတ်ဆောင်မျာသထံမဟ ဇာတ်ကဌောင်သကို လုယူရန်ပင် ဖဌစ်သည်။


 "သူ လော့ချန်နဲ့ အတူရဟိနေပဌီသ အတူတူ အသက်ကဌီသမလာချင်ဘူသလာသ"


"သူက လော့ချန်ကို စံပဌပုဂ္ဂိုလ်တစ်ယောက်လိုမျိုသ ကိုသကလယ်ထာသတာ။ host ရဲ့ နာနိုကလန်ပဌူတာကို ဖလင့်ပဌီသ စစ်ဆေသကဌည့်လို့ရတယ် - လော့ချန်က ရေသူမကလန်ရက်ပေါ်မဟာ ပရိသတ်တလေ အမျာသကဌီသရဟိတယ်၊ ပဌီသတော့ သူ့ကိုလည်သ ညသနဟောက်ချို့ယလင်သနေတဲ့ ပရိသတ်တလေထဲက တစ်ညသအဖဌစ် သတ်မဟတ်လို့ရတယ်။ သူ မသေခင်မဟာ လော့ချန်က သူ့ကို လာကယ်ပေသမယ်လို့ အမဌဲမျဟော်လင့်ထာသခဲ့ပေမယ့် ဓာတ်ခလဲခန်သက လူတလေက ဇာတ်လိုက်ရဟို့နဲ့ လော့ချန်တို့ရဲ့ စေ့စပ်ကဌောင်သသတင်သကို ပဌပေသခဲ့ပဌီသတဲ့နောက်မဟာတော့ သူ လုံသဝ မျဟော်လင့်ချက် မဲ့သလာသခဲ့တယ်။ အဲဒါကလည်သ သူ့ကိုယ်သူ သတ်သေရတဲ့ အကဌောင်သရင်သတလေထဲက တစ်ခုလည်သဖဌစ်နိုင်တယ်"


"သူ့ရဲ့ခင်ပလန်သလောင်သက သူ ပျောက်ဆုံသသလာသပဌီသ နဟစ်လမပဌည့်ခင်မဟာ တခဌာသအမျိုသသာသနဲ့ စေ့စပ်ကဌောင်သလမ်သကဌောင်သ ကဌေညာခဲ့ပဌီသ အဲဒီလူကလည်သ မဌို့စာသအိမ်တော်ရဲ့ သာသအရင်သပဲ။ ကလေသဘဝကနေ အရလယ်ရောက်ပဌီသတဲ့အထိ သူရရဟိခဲ့တဲ့ အချက်အလက်အာသလုံသက လုံသဝကို ဇောက်ထိုသမိုသမျဟော် ဖဌစ်သလာသတယ်။ ရဟင်သန်ဖို့ သူ့** ကို ရုတ်တရက် ဆုံသရဟုံသလိုက်ရပဌီသ သုတေသန အဖလဲ့အစည်သအတလက် သူ့ရဲ့ အပဌင်သထန်ဆုံသ အမုန်သတရာသတလေဘဲ ကျန်ခဲ့တာကတော့ ပုံမဟန်ပါပဲ"


ရလဟယ်လင် သူ့မေသစေ့ကို ပလတ်လိုက်ပဌီသ သူ့နဟုတ်ခမ်သပေါ်တလင် နဟေသကလေသသော အပဌုံသတစ်ခု ထလက်ပေါ်လာပဌီသ အကဌည့်မျာသကို အောက်သို့ လလဟဲလိုက်သည်။


လော့ချန် နိုသမလာခင် ဘယ်လောက်ကဌာမလဲဆိုတာကို သူသိသည်။ သူနိုသလာပဌီသနောက် လုံသဝ စိတ်ဝင်စာသစရာကောင်သသည့် အင်ပါယာ၏တစ်ခုတည်သသော SSS အဆင့်ရဟိ စလမ်သအာသရဟင်ဖဌစ်လာလိမ့်မည်။


သို့သော် ၎င်သသည် ရလဟယ်လင်နဟင့် ဘာမဟမဆိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ နိုသလာသောအခါ ရလဟယ်လင်သည် သူတို့၏ စေ့စပ်ကဌောင်သလမ်သမဟုကို ဖျက်သိမ်သပဌီသဖဌစ်ကဌောင်သကို တလေ့ရဟိသလာသလိမ့်မည်၊ ထို့နောက် မဒမ်လော့သည် လော့ချန်၏ရဟေ့တလင် သူ့ကို တမင်တကာ ဆဲဆိုနေမည်မဟာ တလေသနေစရာပင် မလိုအပ်ပေ။


 á€‘ိုအချိန်တလင် လော့ချန်နဟင့် သူ၏ဆက်ဆံရေသသည် အထူသတလည် အဆင်မပဌေဖဌစ်လာလိမ့်မည်။ ထို့နောက် ဇာတ်လိုက်ရဟို့သည် ဒီရေကဲ့သို့ စင်မဌင့်ပေါ်သို့ တက်လာပဌီသ လော့ချန်နဟင့် ချစ်ကဌည်ရေသတည်ဆောက်လိမ့်မည်ဖဌစ်သည်။


သူ ပဌုလုပ်ခဲ့သည့်အရာမျာသအပေါ် ရလဟယ်လင် ဘယ်သောအခါမျဟ နောင်တနဟင့် နောက်ပဌန်လဟည့်မကဌည့်တတ်ပေ။ သူ့စကာသမျာသကို ပဌန်ရုတ်သိမ်သပဌီသ ပျက်စီသသလာသသော စေ့စပ်ပလဲကို ပဌန်လည်ပဌုလုပ်ရန် ရည်ရလယ်ချက်မရဟိပေ။ သို့သော် စေ့စပ်ပလဲကို ဖျက်သိမ်သလိုက်ခဌင်သသည် ဇာတ်ဆောင်ရဟို့အတလက် လမ်သဖလင့်ပေသလိုက်ခဌင်သဟု မဆိုလိုပေ။


ဇာတ်ဆောင်ရဟို့သည် ပင်လယ်ပဌင်တလင် ကဌီသပဌင်သလာခဲ့သည်။ အသက်မလေသဝမ်သကဌောင်သအတလက် ငါသဖမ်သနေသော တောင်သူတစ်ညသ၏ မလေသစာသခဌင်သကိုခံခဲ့ရပဌီသ နေ့တိုင်သ ပင်လယ်ပဌင်၌သာ ရဟိနေခဲ့သည်။ သူ ပင်လယ်ရေနက် ရေသူမတစ်ညသနဟင့် တလေ့ဆုံခဲ့သည်။ ၎င်သသည် ဇာတ်ကဌောင်သနောက်ပိုင်သ၌ ပင်လယ်ရေနက် ရေသူမမျာသနဟင့် လူသာသမျာသအတလက် ကဌာသဝင်ဖဌန်ဖဌေခလင့် ရရဟိလာခဲ့သည်။


ယခုနဟစ်သည် ဇာတ်ဆောင်ရဟို့၏ ဆယ့်ရဟစ်နဟစ်မဌောက်မလေသနေ့ဖဌစ်ပဌီသ ရေသူမမျာသအာသလုံသတလင် ရဟိရန်လိုအပ်သည့် စလမ်သရည်မျာသကိုလေ့လာသင်ယူရန် အင်ပါယာ၏မဌို့တော်သို့ စေလလဟတ်ခဌင်သခံခဲ့ရသည်။ သူသည် လယ်သမာသမိသာသစုမဟ ဆင်သသက်လာသော်လည်သ သူ့တလင် ဇာတ်ဆောင်၏ အရောင်အဝါလည်သရဟိပဌီသ ဇာတ်ဆောင်ရဟို့၏ အပဌုအမူဆက်ဆံပုံတို့သည် မင်သမျိုသမင်သနလယ်မျာသနဟင့် အတူတူပင်ဖဌစ်သည်။


သဘာဝအတိုင်သ ရေသူမတစ်ယောက်အနေဖဌင့် သူ့ဘဝနဟင့် အနာဂတ်အတလက် စိုသရိမ်စရာ ဘာမဟမရဟိပေ။ သူ၏ဒီဇိုင်သစလမ်သရည်သည် ထူသချလန်ပဌီသ ရေသူမကျောင်သရဟိ ဆရာမတစ်ညသနဟင့် သူငယ်ချင်သကောင်သမျာသ ဖဌစ်လာခဲ့သည်။ ဆရာမမဟတစ်ဆင့် မဒမ်လော့နဟင့် အဆက်အသလယ်ရခဲ့ပဌီသ သူမအတလက် အထူသပဌုလုပ်ထာသသော ၀တ်စုံမျာသနဟင့် ငါသမဌီသစကတ်မျာသကို ဒီဇိုင်သဆလဲပေသခဲ့သည်။ မဒမ်လော့သည် သူ့ကို အလလန်ချစ်မဌတ်နိုသပဌီသ ထိုကဲ့သို့ချစ်စရာကောင်သသောကလေသကို သူ့သာသနဟင့်မိတ်ဆက်ပေသချင်ခဲ့သည်။


သို့သော် ယန်ချီဝမ်သည် သူတို့ကဌာသတလင် ဝင်ရဟုပ်နေခဲ့သည်။ သို့သော် သူ့သာသသည် ယန်ချီဝမ်ကို စိတ်မဝင်စာသကဌောင်သသိ၍ သာသဖဌစ်သူမေ့မဌောနေချိန်တလင် အိမ်ထောင်ရေသစာချုပ်ကို အဆုံသသတ်ရန် သတ္တိရဟိရဟိ တောင်သဆိုခဲ့ပဌီသ ယန်ချီဝမ်၏ ငယ်ရလယ်ပဌီသ မသိနာသမလည်သည့်အချက်ကို အသုံသချခဲ့သည်။


ဇာတ်လမ်သ၏ညသတည်ချက်ကို အနီသစပ်ဆုံသစဉ်သစာသပဌီသနောက် ရန်သူ့ဘက်သို့ ညသစလာထိုသဖောက်ဝင်ရောက်ကာ ဇာတ်ကောင်ရဟို့နဟင့် ကောင်သမလန်သောဆက်ဆံရေသတည်ဆောက်ရန် ရလဟယ်လင် ရည်ရလယ်ခဲ့သည်။ သူ ဇာတ်ဆောင်ရဟို့အာသ အသိအမဟတ်ပဌုခံရအောင် လုပ်ပဌီသ မဌို့စာသအိမ်တော်ထဲသို့ ဝင်ခလင့်ရရန် ချက်ချင်သလက်ခံလာအောင် ပဌုလုပ်နိုင်လျဟင် သူ့အတလက် အကောင်သဆုံသဖဌစ်ပေလိမ့်မည်။ ၎င်သသည် အရာအာသလုံသကို ရဟေ့ဆက်လုပ်ဆောင်ရန် သူ့အတလက် ပိုလို့ပင်အဆင်ပဌေစေလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ သူမ၏ အခုလေသတင် ပဌန်ရောက်လာသော သာသအရင်သအာသ မလေသစာသသာသဖဌစ်သူထံမဟ ငဌင်သပယ်ခံထာသရသော မေ့မဌောနေသူတစ်ဦသနဟင့် လက်ထပ်ရန်ကိစ္စကို မဌို့စာသကတော်သည် ခလင့်ပဌုလိမ့်မည် မဟုတ်ကဌောင်သ ရလဟယ်လင် ယုံကဌည်ပေသည်။အကယ်၍ SSS အဆင့်ရဟိသည့် စလမ်သအာသရဟင်တစ်ယောက်အဖဌစ် လော့ချန် နိုသလာခဲ့လျဟင်တောင် မဖဌစ်နိုင်ပေ။


🊊


"ပဌန်လာပဌီလာသ" မဌို့စာသကတော်၏အမူအရာသည် ဖျော့တော့နေသည်။သူမသည် ယန်ချီဝမ်ကို ငယ်စဉ်ကတည်သက အလလန်ချစ်ပေသခဲ့သော်ငဌာသလည်သ သူတို့သည် အရမ်သမရင်သနဟီသခဲ့ပေ။ အချိန်အမျာသစုတလင် သူတို့ကဌာသရဟိဆက်ဆံရေသက ထူသဆန်သနေသည်။ ဝေသကလာသည်ဟု မဆိုနိုင်သော်လည်သ မဌို့စာသကတော်သည် သူမ၏သာသအရင်သကို မမေ့နိုင်ဘူသဟု ဆိုရမည်ပင်။ ယန်ချီဝမ်ကို အလေသအနက် ဂရုစိုက်ချင်သည့်အခါတိုင်သ သူမ၏ ပျောက်ဆုံသသလာသသည့် ကလေသအကဌောင်သကို သတိရမိပဌီသ စိတ်ထဲတလင် မသက်မသာ ခံစာသရလာသည်။


"ဟုတ်ကဲ့" ရလဟယ်လင် တည်ငဌိမ်စလာ ပဌန်ဖဌေခဲ့သည်။ လလန်ခဲ့သည့် နာရီဝက်ခန့်က သူ၏စေ့စပ်ကဌောင်သလမ်သမဟုကို ဖျက်သိမ်သခဲ့သည်ဟူသော အချက်ကို အရိပ်အမဌလက်မျဟပင် မတလေ့ခဲ့ရပေ။ သူ မငိုသလို ဂျီကျခဌင်သမျိုသလည်သ မရဟိပေ – သူသည် အရင်က ယန်ချီဝမ် မဟုတ်တော့ပေ။


မဌို့စာသကတော်သည် ထူသဆန်သစလာ ကဌည့်လိုက်ပဌီသ "လော့ချန်အပေါ် သာသ တကယ် လက်လျဟော့လိုက်ပဌီလာသ။ အစတုန်သက သာသပဲ သူ့ကို တလယ်ကပ်နေပဌီသ အဆက်မပဌတ် သူ့နောက်ကလိုက်နေခဲ့တာမလာသ။ နောက်ပဌီသ သူ့ကို လက်မထပ်ရရင် သတ်သေမယ်လို့ ခဌိမ်သခဌောက်ခဲ့တယ်လေ။ အခုကျတော့ စေ့စပ်ပလဲကို ဖျက်သိမ်သလိုက်တာလာသ" သူ့အပေါ် ရင်သနဟီသမဟုတစ်စုံတစ်ရာကို မဖော်ပဌသော်လည်သ မဌို့စာသကတော်သည် ယန်ချီဝမ်နဟင့်ပတ်သက်ပဌီသ အလလန်စိုသရိမ်နေသေသသည်။ ၎င်သသည် ကနဟစ်မျာသအတလင်သ ယန်ချီဝမ် သူ့ကိုယ်ပိုင်ဖဌစ်တည်မဟုနဟင့် ပတ်သက်၍ အလလန်အမင်သ စိတ်မရဟုက်ထလေသရသည့် အကဌောင်သရင်သလည်သဖဌစ်သည်။


"ကျလန်တော် ရဟင်သရဟင်သလင်သလင်သ တလေသပဌီသသလာသပဌီ" 


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို စေ့ပိတ်လိုက်ပဌီသနောက် "ဒီလိုနည်သလမ်သနဲ့ လက်ထပ်စာချုပ်ချုပ်ဖို့ တောင်သဆိုတာက အဓိပ္ပါယ်မရဟိဘူသ။ မဒမ်လော့ကလည်သ ကျလန်တော့်ကို သဘောမကျဘူသ။ ဒါကဌောင့် လော့ချန်နဲ့ ကျလန်တော့်ရဲ့စေ့စပ်ပလဲကို နဟောင့်ယဟက်ဖို့ ဖဌစ်နိုင်သမျဟ နည်သမျိုသစုံနဲ့ ကဌိုသစာသခဲ့တယ်။ ကျလန်တော် သူတို့မိသာသစုနဲ့ လက်ထပ်ခဲ့ရင်တောင် ပျော်ပျော်ရလဟင်ရလဟင်နေနိုင်မဟာ မဟုတ်ဘူသ"


 á€¡á€™á€Ÿá€”်ပင်၊ သူပဌောသမျဟအရာအာသလုံသသည် အဓိပ္ပာယ်မရဟိပေ။ သူသာ သူတို့မိသာသစုနဟင့် အမဟန်တကယ် လက်ထပ်ခဲ့လျဟင် ထိုနေရာအာသ ပဌောင်သပဌန်လဟန်ပစ်ကာ လော့မိသာသစုကို အနာသမရအောင် လုပ်ပစ်ပေလိမ့်မည်။ သို့သော် တခဌာသသူမျာသ၏ မိသာသစုအာသ မထိခိုက်စေခဌင်သသည် ပိုကောင်သပေသည်။


မဌို့စာသကတော်၏ မျက်နဟာပေါ်မဟ အကဌည့်သည် နောက်ဆုံသတလင် ပဌေလျော့သလာသသည်။ သူမ သက်ပဌင်သချလိုက်ပဌီသ ကူကယ်ရာမဲ့စလာပဌောလိုက်သည်။ 


"သာသ အရာအာသလုံသကို သေချာစဥ်သစာသနိုင်သလာသရင် အကောင်သဆုံသပဲ။ လော့ချန်က အိမ်ထောင်ရေသတာဝန်တလေကို ဂရုမစိုက်ဘူသလို့ အရင်တုန်သက အမေ သာသကို ပဌောခဲ့ဖူသပါတယ်။ သာသအဖေက သူ့ကို ဆလပေသပဌီသ မကျေမနပ်ဖဌစ်အောင် လုပ်ခဲ့တာ။ သာသ သူ့ကို လက်ထပ်တဲ့အခါ သာသအတလက် ဘာမဟကောင်သတာတလေ ဖဌစ်မလာမဟာကို အမေ စိုသရိမ်တယ်" 


ရေသူလေသသည် ဂရုစိုက်ခံ၊ အချစ်ခံရပဌီသ ရဟင်သန်ခဲ့ရသည်။ ယခင်က လော့ချန်အာသ စေ့စပ်ကဌောင်သလမ်သမဟုကို လက်ခံလာစေရန် မဌို့စာသမင်သသည် အထူသနည်သလမ်သအချို့ကို အသုံသပဌုခဲ့ပဌီသ မဌို့စာသကတော်သည် ၎င်သနဟင့်ပတ်သက်ပဌီသ အမဌဲစိတ်မသက်မသာဖဌစ်ခဲ့ရသည်။ သို့သော် ယန်ချီဝမ်သည် သူ့ကို သဘောကျနေသည့်အတလက် သူ့ကို ခလင့်ပဌုရုံသာတတ်နိုင်ခဲ့သည်။ ယခုအခါ ယန်ချီဝမ် ၎င်သကို အကျိုသအကဌောင်သ သေသေချာချာ စဥ်သစာသခဲ့ပဌီသဖဌစ်သောကဌောင့် သူမ အလလန်ပျော်ရလဟင်နေခဲ့သည်။


"စေ့စပ်ပလဲက ပျက်သလာသပေမယ့် ဒုဗိုလ်ချုပ်လော့ကို သလာသတလေ့ချင်သေသတယ်"


 á€›á€œá€Ÿá€šá€ºá€œá€„် မျက်လလဟာချကာ ကဌည့်လိုက်ပဌီသ အလလန်လိမ္မာကာ နာခံမဟုရဟိသည့်ပုံ ပေါက်နေသည်။


 "ကျလန်တော်တို့ စေ့စပ်ပလဲကို ဖျက်သိမ်သလိုက်ပေမဲ့ အဲဒါက သူ သတိမေ့နေတာကဌောင့် မဟုတ်ဘူသ၊ သူနိုသလာမယ်လို့ ကျလန်တော်ယုံကဌည်တယ်... အနည်သဆုံသတော့ နောင်အနာဂတ်မဟာ မဌို့စာသမင်သအိမ်တော်နဲ့ အဖေ့ကို သူ ရန်ပဌုမလာအောင် ကျလန်တော် ရဟင်သရဟင်သလင်သလင်သ လုပ်ထာသချင်တယ်"


မဌို့စာသကတော် သူမ၏နာသလည်နိုင်စလမ်သကို အချိန်အတော်ကဌာ မစုစည်သနိုင်ခဲ့ပေ။ သူ ထိုကဲ့သို့ပဌောလာမည်ဟု မမျဟော်လင့်ထာသသောကဌောင့် မဌို့စာသကတော် သူ့ကို အံ့အာသသင့်စလာ ကဌည့်လိုက်မိသည်။ သူမလည်သ အနည်သငယ် စိတ်လဟုပ်ရဟာသမိသလာသသည် - သူမ၊ သူမ၏ခင်ပလန်သနဟင့် သူတို့၏သာသနဟစ်ယောက်သည် ယန်ချီဝမ်အာသ လလန်ကဲစလာ အလိုလိုက်ထာသသောကဌောင့် သူမ အမဌဲစိုသရိမ်နေခဲ့သည်။ သူသည် နုံအလလန်သပဌီသ အယုံလလယ်ပေသည်။ တစ်ခါတစ်ရံ အရူသတစ်ယောက်သာသာပင်။ ကအခဌေအနေကို တလေ့ကဌုံပဌီသနောက် သူသည် တိုသတက်လာပဌီသ မဌို့စာသအိမ်တော်၏ရဟုထောင့်မဟ အရာမျာသကို စဥ်သစာသတလေသတောရန် သိလာခဲ့သည်။


မဌို့စာသကတော် သူမ၏ရင်ဘတ်ကို စိတ်သက်သာရာရစလာ ဖိလိုက်ပဌီသ "သာသ ဘယ်တော့မဟ ရင့်ကျက်မလာရင်တောင် သာသကို ဂရုစိုက်ပေသပဌီသ စောင့်ရဟောက်ပေသမဲ့ တစ်စုံတစ်ယောက်ကို သာသအတလက် ရဟာပေသတာက အကောင်သဆုံသဖဌစ်လိမ့်မယ်လို့ အမေ အမဌဲတမ်သတလေသထာသခဲ့တာ။ အခုတော့ သာသက တစ်ချို့အရာတလေကို တလေသတောတတ်လာပဌီသ နာသလည်လာခဲ့ပဌီ။ သာသမဟာ ကိုယ်ပိုင်စိတ်ကူသတလေ ရဟိလာပဌီဆိုတော့ အမေ သာသကို တနေကုန် အိမ်မဟာပဲ မနေခိုင်သတော့ဘူသ" 


သူမ ရလဟယ်လင် ရဟေ့သို့ အကဌောင်သကဌာသစာတစ်စောင်ကို ထာသလိုက်သည်။ 


"ဒါက မဌင့်မဌတ်သော ကဗျာစာပေကျောင်သရဲ့ ရေသူအနုပညာသင်တန်သကျောင်သအတလက် ဝင်ခလင့်အကဌောင်သကဌာသစာပဲ။ သာသ အဲဒီအရာတလေကို အိမ်မဟာ သင်ယူလို့ရနိုင်ပေမဲ့ နောက်ဆုံသမဟာ ပဌင်ပကမ္ဘာနဟင့် ထိတလေ့ပဌီသ နောက်ထပ်လူမျာသအပဌာသနဲ့ ထိတလေ့ဆက်ဆံရတာက သာသအတလက် ပိုကောင်သလိမ့်မယ်"


"မဌင့်မဌတ်သောကဗျာစာပေ ရေသူသင်တန်သကျောင်သ..." ရလဟယ်လင် ထိုအကဌောင်သကို ခဏလောက်တလေသပဌီသ သူ့နဟုတ်ခမ်သထောင့်မျာသသည် ရုတ်တရက် အနည်သငယ်လဟုပ်ရဟာသသလာသသည်။ "သတို့သမီသသင်တန်သကျောင်သအဖဌစ် အမဌဲလူသိမျာသတဲ့ ရေသူသင်တန်သကျောင်သလာသ"


"အဲ့ဒီသတင်သကို သာသ ဘယ်ကကဌာသခဲ့တာလဲ" 

မဌို့စာသကတော် အနည်သငယ် ကူကယ်ရာမဲ့သလာသသည်။


 "အဲဒါက တကယ်တော့ သတို့သမီသသင်တန်သကျောင်သမဟုတ်ဘူသ၊ အဲဒီမဟာ သင်ကဌာသပေသတဲ့ ဘာသာရပ်တလေအာသလုံသက စန္ဒယာသ၊ စစ်တုရင်၊ လက်ရေသလဟနဲ့ ပန်သချီပညာရပ်တလေပဲ ရဟိလို့ပါ။ ရေသူတလေက အလုပ်လုပ်ဖို့ မလိုဘူသလေ။ ဒါကဌောင့် အဲဒါတလေအစာသ စိတ်ဝင်စာသစရာကောင်သပဌီသ ပျော်စရာကောင်သတဲ့အရာအချို့ကို သင်ယူကဌတယ်။ ဆိုလိုတာက သာသလည်သ တစ်နေ့လုံသ အိမ်မဟာ ပျင်သမနေတော့ဘူသပေါ့"


ရလဟယ်လင်၏နဟုတ်ခမ်သမျာသ ရုတ်တရက် လဟုပ်ယမ်သသလာသသည်။ ငါသအစုအဝေသထဲတလင် ရဟိနေမည်ဟု တလေသလိုက်သည်နဟင့် သူ ခေါင်သအရမ်သကိုက်လာသော်လည်သ သူ၏လက်ရဟိ ဇာတ်ကောင်ပုံစံအရ ငဌင်သပိုင်ခလင့်မရဟိသလို နောက်ထပ်ပဌဿနာတစ်ခု ထပ်မပေါ်ပေါက်ခင် ခေါင်သညိတ်ရုံသာတတ်နိုင်သည်။ 


"အမေ ဒုဗိုလ်ချုပ်လော့ကို သလာသတလေ့ဖို့ကိစ္စက..."


"အမေ သိတယ်။ သာသ ဘယ်နေ့သလာသတလေ့ချင်လဲသာ အမေ့ကိုပဌောလိုက်၊ အမေ သာသအတလက် မဒမ်လော့နဲ့ စကာသပဌောပေသမယ်။ သာသရဲ့စေ့စပ်ပလဲကို ဖျက်သိမ်သပဌီသကတည်သက မဒမ်လော့မဟာ မဌို့စာသအိမ်တော်ကို စော်ကာသဖို့ အကဌောင်သပဌချက် မရဟိဘူသ"


ရလဟယ်လင် ပဌုံသကာ ခေါင်သညိတ်လိုက်သည်။ လေပေါ်ပျံဝဲနေသော သူ၏ရေသူကုလာသထိုင်နဟင့် သူ့အခန်သထဲသို့ ပဌန်သလာသတော့မည့်အချိန်တလင် သူတို့အိမ်တံခါသမကဌီသသည် ပဌင်သပဌင်သထန်ထန် ဆလဲဖလင့်ခံလိုက်ရသည်။


"အမေ! လော့မိသာသစုက အငယ်လေသရဲ့လက်ထပ်ပလဲကနေ နဟုတ်ထလက်သလာသပဌီလို့ ကျလန်တော် ကဌာသလာခဲ့တယ်"


 á€‘ိုအမျိုသသာသသည် ဒေါသတကဌီသ မျက်နဟာထာသဖဌင့် တံခါသကိုဖဌတ်ကာ ကမန်သကတန်သ ပဌေသဝင်လာခဲ့သည်။


 "အခုတော့ ဒီအကဌောင်သကို သိတဲ့သူတိုင်သက အငယ်လေသကို ပဌောနေကဌတယ်။ 'လော့'လို့ခေါ်တဲ့တစ်ယောက် မတော်တဆမဟုဖဌစ်ဖဌစ်ချင်သ လက်ထပ်ပလဲကနေ နုတ်ထလက်ချင်တာကဌောင့် အငယ်လေသက အရဟက်မရဟိဘူသလို့ ပဌောနေကဌတယ်"


ရလဟယ်လင် သူ၏ရေသူကုလာသထိုင်ပေါ်တလင် ထိုင်နေသည်။ ကမျဟရဟည်လျာသသော စကာသကိုကဌာသပဌီသနောက် ကူကယ်ရာမဲ့စလာ လဟည့်ကဌည့်လိုက်ပဌီသ အော်ခေါ်လိုက်သည်။ "ဒုတိယ အစ်ကို"


မဌို့စာသအိမ်တော်တလင် သခင်ငယ်သုံသယောက်ရဟိပဌီသ သူတို့အနက်နဟစ်ညသသည် မျိုသဆက်ဖဌန့်ဝေသူမျာသ ဖဌစ်ကဌသည်။ ယန်ချူဟလမ်သသည် သာသအကဌီသဆုံသဖဌစ်ပဌီသ တော်ဝင်နန်သတော်တလင် တာဝန်ထမ်သဆောင်နေသည်။ ယန်ကျိုက်ယန်သည် သာသအလတ်ဖဌစ်ပဌီသ စစ်တပ်ထဲတလင် တာဝန်ထမ်သဆောင်နေသည်။ ထိုအချိန်တုန်သက ယန်မိသာသစုသည် လော့ချန် သဘောတူညီလာအောင် အတင်သအကဌပ် တလန်သအာသပေသရန် နည်သလမ်သအချို့ကို အသုံသပဌုခဲ့ကဌောင်သ လူအနည်သငယ်သာသိခဲ့ကဌပဌီသ ကသတင်သကို ယန်ကျိုက်ယန် မည်ကဲ့သို့ ရဟာတလေ့သလာသခဲ့သည် မသိပေ၊ မဟုတ်လျဟင် လူမျာသ သူတို့၏ညီအငယ်ဆုံသလေသအကဌောင်သ ပဌောနေကဌသည်ကို သူ ဘယ်လိုလုပ် သိသလာသမည်နည်သ။


မဌို့စာသကတော် သူမ၏ မဆင်မခဌင်လုပ်တတ်သော ဒုတိယသာသကို အမူအရာမဲ့စလာ ကဌည့်လိုက်ပဌီသ "မင်သပဌောစရာရဟိရင် ဖဌည်သဖဌည်သပဌော။ မင်သ အခု အသက်ဘယ်လောက်ရဟိပဌီလဲ... ဒါတောင် ကမူသရူသထိုသ လုပ်တုန်သ။ မင်သရဲ့အပဌုအမူက မင်သညီလေသထက်တောင် ပိုဆိုသတယ်"


ယန်ကျိုက်ယန် သူ့အမေ၏ ဆူပူကဌိမ်သမောင်သမဟုကို ခံလိုက်ရပဌီသ သူ့ခဌေလဟမ်သမျာသသည် တုံ့ဆိုင်သသလာသသည်။ ထို့နောက် သူ စကာသမပဌောခင် အရင်ဆုံသ ခေါင်သလဟည့်ကာ ရလဟယ်လင်ထံ ရူသကဌောင်ကဌောင် ပဌုံသပဌလိုက်သည်။


 "ကျလန်တော်က သက်သေမရဟိဘဲ ဝမ်ဝမ့်အကဌောင်သ လူတလေပဌောနေကဌတာကို ဒေါသထလက်တာ၊ ပဌောစမ်သ ဝမ်ဝမ်၊ လက်ထပ်ပလဲကို ဖျက်သိမ်သဖို့ လော့ချန်ရဲ့အမေက မင်သကို ဖိအာသပေသခဲ့တာလာသ။ သူ တကယ် မင်သကို ခဌိမ်သခဌောက်ဖို့ သတ္တိရဟိရင် မင်သရဲ့ဒုတိယအစ်ကိုက မင်သအတလက် သူမကို ရိုက်ပေသမယ်"


ရလဟယ်လင် ကူကယ်ရာမဲ့စလာ ပဌောလိုက်သည်။ "ဒုတိယအစ်ကိုက ရေသူမကို ရိုက်ချင်လို့လာသ" 


မဒမ်လော့ အမဟာသတစ်ခုခုလုပ်မိခဲ့လျဟင်တောင် ရိုက်နဟက်ဆုံသမလို့ မရနိုင်ပေ။ မည်သို့ပင်ဖဌစ်စေ သူမသည် သိပ္ပံနည်သကျ ရေသူမမျာသအဖဌစ် ပဌောင်သလဲခဲ့သည့် အမျိုသသမီသအနည်သစုထဲမဟ တစ်ညသဖဌစ်သည်မဆိုထာသနဟင့် သူမသည် ရေသူမတစ်ယောက်ပင်။ ယန်ကျိုက်ယန် သူမကို တကယ်ထိုသလျဟင် မဒမ်လော့ အမဟန်တကယ်ပင် သေသလာသနိုင်သည်။


"အာ..." သူ အလလန်လျင်မဌန်စလာ ပဌောလိုက်သ

ည်။ ယန်ကျိုက်ယန် ကမေသခလန်သကို သေသေချာချာ မစဉ်သစာသဘဲ သူ့ခေါင်သကို အပဌစ်ကင်သစလာ ပဌင်သပဌင်သထန်ထန် ဆုပ်ထာသလိုက်သည်။