အပိုင်း ၁၇၇
Viewers 16k

Chapter 177 

ကျေးဇူးပြုပြီး လူသားအဖြစ် ပြန်ပြောင်းပေးပါ


" ဘာတွေ ဖြစ်ကုန်တာလဲ ..."

ယောင်စစ် သူမကိုယ်ပေါ်မှ လက်လေးဖက်ကို ဖယ်ပစ်ပြီး ဘောင်းဘီကို ဆွဲချွတ်ရန်ပြင်နေသည်။ သူတို့၏ တုံ့ပြန်မှုများကို ကြည့်ခြင်းဖြင့် သူမရှေ့တွင် ရှိသူက အမှန်ပြောနေခြင်း ဖြစ်နိုင်ပြီး လင်းလုံနှင့် ခန္ဓာကိုယ်ခြင်း လဲသွားသည်ဖြစ်နိုင်သည်။


" ငါ ဘယ်လိုလုပ်သိမှာလဲ ... ငါ နိုးလာတည်းက ဒီလိုဖြစ်နေတာပဲ ..."

ယောင်စစ် သူမခန္ဓာကိုယ်က မျက်ဆံလှန်လိုက်သည်ကို တွေ့ရသည်။


" ကျွန်မတို့ ခန္ဓာကိုယ်တွေ ဘယ်လို ပြန်ပြောင်းကြမလဲ ..."

ယောင်စစ် စိတ်မသက်မသာ ဖြစ်လာသည်။ သူမ ယောက်ျားတစ်ယောက်အဖြစ် ပြောင်းသွားမည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးပေ။ 


အားလုံး တိတ်ဆိတ်နေကြသည်။ ဤကဲ့သို့ အခြေအနေမျိုးကို သူတို့အားလုံး ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်သည်။


" စစ်စစ် ..."

မူရွှမ် မျက်မှောင်ကြုတ်နေပြီး သူ၏အသံက တင်းမာနေသည်။


" ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ တစ်ခုမှမချန်ပဲ ကိုယ့်ကို အကုန်ပြောပြ ..."


" ဘာတွေ ဖြစ်ခဲ့လဲဆိုတော့ ... နောက်ဆုံးစစ်ဆေးရေးဂိတ်မှာ စွမ်းအားစက်ကွင်းတစ်ခု တိုက်ခိုက်တာ ခံခဲ့ရတယ် ... လင်းလုံက အရံအတားကို ဖောက်ထွက်ဖို့ သူ့ရဲ့ မီးစွမ်းရည် သုံးလိုက်တယ် ...နောက်ဆုံးမှာ အဲ့ဒီ စွမ်းအားစက်ကွင်းက ဝါးမျိုခံလိုက်ရပြီး ပြန်ရောက်လာတယ် ... အဲ့ဒီ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ကျွန်မ ..."

ယောင်စစ် စကားပြောနေရင်း ရပ်သွားသည်။ သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ဖြစ်နိုင်ချေတစ်ခု စိတ်ထဲ ရောက်လာသည်။


" ကျွန်မရဲ့ စွမ်းရည် ..."


သေစမ်း ... ဒီအခြေအနေတွေက သူမရဲ့ ကိုးယိုးကားယား အခြေအနေကြောင့် ဖြစ်လာတာလား ...


သူမစွမ်းရည်ကို အသက်သွင်းလိုက်စဉ်က လင်းလုံသည်လည်း မီးစွမ်းရည်အသုံးပြုနေခဲ့သည်။ ထို့ကြောင့် သူမ၏ တန်ပြန်စွမ်းရည်ကြောင့် ရေစွမ်းရည် ပေါ်လာသည်ဟု သူမ ယူဆခဲ့သည်။ သို့သော် သူ့ထံတွင် စွမ်းရည်အတွဲလိုက် ရှိသည်ဆိုသည်ကို သူမ မေ့လျော့နေခဲ့ပြီး တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။


အခု ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ အခြေအနေက လင်းလုံကြောင့်မဟုတ်ပဲ စွမ်းအားစက်ကွင်းကို သူမစွမ်းရည်က တန်ပြန်လိုက်လို့များလား ...


သူက လည်ပတ်နေတဲ့ ဝင်ပေါက်ဆိုတော့ တန်ပြန်စွမ်းရည်က ပြန်လည်မွေးဖွားတာ များလား ... သူမကို လူသားအခြေအနေ ပြန်ရောက်သွားစေတာ ထင်တယ် ...


သေစမ်း ... အဲ့လို မဟုတ်ပါစေနဲ့ ...


(╯‵□′)╯︵┻━┻


သူမ မေ့မလဲမီကျ ရှေ့မှ မီးနဂါးကြီးက မီးတောက်ဘောလုံးကြီးတစ်ခု ဖြစ်သွားသည်။ လင်းလုံတစ်ဦးတည်းကသာ ၎င်းကို ရင်ဆိုင်လိုက်သဖြင့် ထိုအချိန်က ခန္ဓာကိုယ်ပြောင်းသွားခြင်း ဖြစ်လိမ့်မည်။ 


အရာအာလုံးက သူမစွမ်းရည်ကြောင့် ဖြစ်ရတာပဲ ...


မူရွှမ်လည်း ထိုသို့ ကောက်ချက်ချလိုက်ပုံရပြီး လင်းလုံဘက် လှည့်လိုက်သည်။

" မင်းမှာ အခု စွမ်းရည်ရှိသေးလား ..."


" ဘာလို့လဲ ..."

လင်းလုံ သတိထားပြီး နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်သည်။


" မင်းက တိုက်ချင်သေးတယ်ပေါ့ ... မင်းကိုများ ကြောက်မယ် ထင်နေလား ..."


" အဲ့တာဆို စွမ်းရည်မရှိတော့ဘူးပေါ့ ..."

မူရွှမ် သူ့ကို လျစ်လျုရှု့လိုက်ပြီး သူ၏ဘေးမှ လူဘက်လှည့်လိုက်သည်။

" စစ်စစ်ရော ..."


ယောင်စစ် သူ၏မေးခွန်းကို နားလည်ပြီး သူမကိုယ်တွင်းကို အာရုံခံစားကြည့်လိုက်သည်။ ခန္ဓာကိုယ်ကွာခြားသွားသော်လည်း မည်သည့်စွမ်းရည်မျှ မရှိပဲ ဗလာဖြစ်နေသည်။ သူမ ခေါင်းခါလိုက်သည်။ 


မူရွှမ် စိတ်ချသွားပုံဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ သတိလစ်နေချိန်တွင် စွမ်းရည်များပါ ‌ခန္ဓာကိုယ်ဆီသို့ ပြောင်းလာပုံရသည်။   


လက်ရှိ အကျပ်အတည်းထဲတွင် သူတို့၏ စွမ်းရည်များ မပြောင်းလဲသေးဘဲ  ရှိနေသောကြောင့် မူလနေရာသို့ ပြန်သွားကာ ၎င်းကို နောက်တစ်ကြိမ် ပြန်လည်အသက်သွင်းမည်ဆိုပါက ပုံမှန်အတိုင်း ပြန်သွားနိုင်သည့် အလားအလာ ရှိနေသည်။


" ပိုင်ရိ မင်းတို့ရဲ့ နောက်ဆုံးစစ်ဆေးရေးဂိတ်က ဘယ်မှာလဲ ..."


ပိုင်ရိ မြေပုံဖွင့်ပြီး ဂြိုလ်၏ ဘယ်ဘက်အောက်နားကို ညွှန်ပြလိုက်သည်။ 

" အရှင်မင်းကြီး ဒီ စစ်ဆေးရေးဂိတ်ပါပဲ ..."


" သွားရအောင် ... ငါတို့စွမ်းရည်ဂြိုလ်ကို ဦးတည်ကြမယ် ... "

သူက လင်းလုံကို ဆွဲခေါ်ပြီး ထွက်သွားသည်။


" ဘာလို့ ပြန်သွားမှာလဲ ..."

လင်းလုံ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ 


" ဟေးဟေးဟေး ငါ့ကို ချပေးစမ်း ... အဲ့ဒီ ခြောက်ကပ်နေတဲ့နေရာကို ပြန်မသွားနိုင်ဘူး ... တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ... ဟေး မူမျိုးနွယ် ငါ့ကို ချပေးစမ်း ..."


မူရွှမ်သူ့ကို အာရုံမစိုက်ပေ။ တံခါးဆီသို့ ရောက်သောအခါ ပြန်လှည့်ပြီး ယောင်စစ်ကို ခေါ်လိုက်သည်။

" စစ်စစ် ..."


မူရွှမ်က 'သူမ' ကို တံခါးကနေ ဆွဲထုတ်နေတာကို တွေ့လိုက်ရတဲ့အခါ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရပေမယ့် သူ့ရည်ရွယ်ချက်တွေက ရှင်းပါတယ်...


သူမ၏စွမ်းရည်က အဓိပ္ပါယ်မဲ့သော်လည်း ၎င်းကို အမြဲ ဆင့်ခေါ်နိုင်သည်။ အကယ်၍ ၎င်းကို နောက်တစ်ကြိမ် အသက်သွင်းမည်ဆိုပါက ခန္ဓာကိုယ်ချင်း ပြန်လည်လဲလှယ်ရန် အခွင့်အလမ်းရှိသည်။


နောက်ဆုံးစစ်ဆေးရေးဂိတ်ကို အာကာသဝင်ပေါက်မှ ဝင်၍ မရသည့်အတွက် သင်္ဘောဖြင့် သွားရသည်။ ကံကောင်းသည်မှာ အာကာသစခန်းက စွမ်းရည်ဂြိုလ်နှင့် မဝေးသည့်အတွက် နောက်ဆုံးစစ်ဆေးရေးဂိတ်နှင့်လည်း အလွန်မဝေးကွာပေ။ 

မူရွှမ် စိတ်မပါသော လင်းလုံကို လက်တစ်ဖက်တည်းဖြင့် ဆွဲခေါ်လာပြီး ယောင်စစ်ကလည်း သူတို့နောက်မှ လိုက်လာသည်။ သင်္ဘောဆီသို့ ရှည်လျားသော လမ်းကို ဖြတ်သွားစဉ် သူ၏အမူအရာက အေးစိမ့်နေ၏။


အာကာသစခန်းတစ်ခုလုံးတွင် ထူးဆန်းသည့် လေထု ဖြစ်ပေါ်နေသည်။ ဝန်ထမ်းများ အားလုံးက ၎င်းမြင်ကွင်းကို ကြည့်နေကြပြီး အဆုံးမဲ့ စကားစမြည်ပြောခြင်းများကို ကြားနေရသည်။


" အရှင်မင်းကြီးကို ကြည့်ရတာ ခက်ထန်နေသလိုပဲ ... ဘာဖြစ်တာပါလိမ့် ... သူတို့ ရန်ဖြစ်ထားလို့များလား ..."


" သူမကို ဆွဲခေါ်သွားတာ မမြင်ဘူးလား ... သနားစရာပဲ ... သူမက ခုမှ အသက်ငယ်တဲ့ ဆက်ခံသူတစ်ယောက်လေ ..."


" သူမက အရွယ်ရောက်ခြင်းစစ်ဆေးချက်မှာ ဒဏ်ရာရခဲ့တယ်ကြားတယ် ... သူမ မအောင်လာလို့ အရှင်မင်းကြီး စိတ်ဆိုးနေတာထင်တယ် ..."


" အရှင်မင်းကြီးက သူ့ရဲ့ ဆက်ခံသူကို ဘယ်လို တန်ဖိုးထားရမလဲ မသိတာထင်တယ် ... နှစ်ပေါင်းများစွာတောင် ကြာနေပြီနော် ... နင်တို့ရော ဘာဖြစ်နေတယ်ဆိုတာ နားလည်ကြလား ..."


" ဖြစ်နိုင်တယ်  ... ဒါပေမဲ့ ဆက်ခံသူတွေက အကြိမ်အနည်းငယ်တော့ ကျရှုံးကြတာချည်းပဲလေ ... ဒါက ခုမှ အရှင်မရဲ့ ပထမဆုံး ကျရှုံးမှုလေ ..."


" အယ် အကြီးအကဲကောင်စီက ကောလဟာလတွေ မကြားကြဖူးလား ... အရှင်မင်းကြီး နိုးထလာတုန်းက အရှင်မက ပဉ္စမမျိုးဆက်ဆိုတာ သိလိုက်ပြီး ချက်ချင်းပဲ သူ့ရဲ့ ဆက်ခံသူအဖြစ် အသိအမှတ်ပြုလိုက်တာတဲ့ ... အ‌တွင်းရေးကိစ္စတွေ ဖြစ်ပုံရတယ် ..."


" သူ့ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ဆို အရှင်မင်းကြီးက ဘာများလုပ်မယ်ထင်လဲ ..."


" ၁၀၀% သနားစရာကောင်းတဲ့ သခင်မလေးပေါ့ ..."


“ သခင်မလေးက တကယ်သနားစရာ ကောင်းတာပဲ +1”


“…” မူရွှမ်


“…” လင်းလုံ


“…” ယောင်စစ် 


" ချီးပဲ ဘာလို့ လူတွေက ငါ့ကို အဲ့လိုကြီး ကြည့်နေကြတာလဲ ..."

ကရုဏာသက်သည့် အကြည့်များအောက်တွင် လင်းလုံ၏ ဆံပင်မွှေးများပင် ထောင်မတတ် ဖြစ်နေသည်။ သူ ဆဲဆိုလိုက်ပြီး လက်မောင်းတွင် ကြက်သီးထနေသည်များကို ပွတ်လိုက်ကာ မူရွှမ့်ကို လှည့်ကြည့်လိုက်သည်။

" မင်း နိုးထလာတုန်းက ဘာတွေ လုပ်ခဲ့တာလဲ ..."


မူရွှမ်၏ မျက်နှာက မည်းမှောင်သွားသည်။ 

" ပါးစပ်ပိတ်ထား ..."


သင်္ဘောဆီသို့ အရှိန်မြှင့်ပြီး သွားလိုက်သည်။ ပဉ္စမမျိုးဆက် ဆက်ခံသူကို ကြုံရာကျပန်း ဖမ်းမိခဲ့သည်ဟူသည့် ကောလဟာလကို သူ သိရှိလိုက်ရပြီဖြစ်သည်။


အကြီးအကဲကောင်စီက လူတွေကိုတော့ သင်ခန်းစာ ပေးရဦးမယ် ...


" ဟေး ဖြည်းဖြည်းသွားစမ်းပါ ..."

မူရွှမ် ဆွဲခေါ်လာချိန်တွင် လင်းလုံက အဆုံးမရှိ ဇောဒက တက်နေသည်။ ထို့နောက် စတင် ဆဲရေးတော့သည်။


" သေစမ်း ... ငါ့ခြေထောက်တွေက အခု တိုနေတယ်လေ ... ဘာလို့သေအောင် မြန်နေတာလဲ ... မင်းကို ကြောက်တယ်များ ထင်နေလား ... သတ္တိရှိရင် ပြိုင်ပွဲတစ်ပွဲ ပြိုင်ကြမယ် ...မင်း @&^@&^…@&@^ "


အဆုံးမရှိသည့် ဆဲဆိုသံများ တရစပ် ထွက်လာသဖြင့် ယောင်စစ် ဆွံ့အသွားသည်။ သူမ ရှေ့သို့ ခုန်ထွက်ပြီး သူ၏ပါးစပ်ကို ပိတ်လိုက်သည်။


ရှင် ထပ်ပြောနေရင် ကျွန်မ သိက္ခာကျတော့မယ် ...


အာကာသစခန်းမှ လူများ၏ ထူးဆန်းသော အကြည့်များကို သူတို့ ရင်ဆိုင်နေရသည်။ သူတို့ နောက်ဆုံးတွင် သင်္ဘောပေါ်သို့ ရောက်လာသော်လည်း ထွက်ခွာခါနီးအချိန်တွင် မြေကြီးများ တုန်ခါလာသည်။ သူတို့၏ရှေ့မှ နေရာက ပုံပျက်သွားပြီး မူလက ရှေ့တွင်ရှ်ိနေသော သင်္ဘောကြီးလည်း ပျောက်ကွယ်သွားသည်။  ၎င်းကို တစ်စုံတစ်ခုက စားသောက်လိုက်သည့်ပုံပင်။ 


ကြာပန်းနှင့်တူသော ဧရာမသင်္ဘောကြီး အာကာသစခန်းတွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းက နှင်းကဲ့သို့ ဖြူစွတ်နေပြီး အာကာသစခန်းကြီး တစ်ခုလုံး၏ အရွယ်အစားခန့်ရှိသည်။

အဲ့တာကြီးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ...


အဲ့တာ ကောင်းကင်ဘုံသစ်ပင်ရဲ့ပန်းပွင့် မဟုတ်လား ...


(⊙_⊙)


ယောင်စစ် မတုံ့ပြန်နိုင်မီမှာပင် မြေပြင်ကြီး အက်ကွဲပြီး ပွင့်ထွက်လာသည်။ သူမ ဟန်ချက်ပျက်သွားပြီး ဘေးမှ မူရွှမ်နှင့် လင်းလုံအပေါ် ကျသွားသည်။ 


" စစ်စစ် ..."

မူရွှမ် လက်မြှောက်လိုက်ပြီး ခဏအကြာတွင် ဖောက်ထွင်းမြင်ရသည့် ရေပူဖေါင်းကြီးတစ်ခု ပေါလောမျောလာပြီး သူမကို လွှမ်းမိုးသွားသည်။


ရုတ်တရက် ရင်းနှီးနေသည့်အသံတစ်ခုက စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာသည်။ 


" စစ်စစ် နောက်ဆုံးတော့ ရှာတွေ့ပြီ ..."

ကြီးမားသည့် ပုံရိပ်တစ်ခုက လိပ်ပြာကဲ့သို့ လှပသည့် တောင်ပံတစ်စုံကို ဖြန့်ကျက်ပြီး သူတို့ဆီ လာနေသည်။


" လျန်ယုလား ..." 


" အချစ်လေး ဒီတစ်ခါတော့ ဘယ်သူကမှ မင်းကို ခေါ်သွားခွင့် မပြု‌တော့ဘူး ..."

ခဏအကြာတွင် ကြာပန်းထဲမှ အလင်းရောင်တောက်ပလာသည်။ ၎င်းက ဖောက်ထွင်းမြင်ရသော ပူဖောင်းကြီးဖြင့် မူရွှမ့်ကို အရှိန်ပြင်းပြင်း ဖြတ်ကျော်သွားခဲ့သည်။


ကျယ်လောင်သည့် ပလုံခနဲ အသံနှင့်အတူ ယောင်စစ်ဘေးမှ လင်းလုံကို ခေါ်ဆောင်ပြီး ပျောက်သွားသည်။


“ ... ” ယောင်စစ်


“…” မူရွှမ်  


“…” တအံ့တဩ ဖြစ်နေသော လူအုပ်ကြီး 


ခဏအကြာတွင် ကောင်းကင်သစ်ပင်၏ ပန်းပွင့် ပျောက်သွားပြီး လျန်ယုလည်း ပျောက်ကွယ်သွားကာ တစ်ဝက်ခန့်ပျက်စီးသွားသော အာကာသစခန်းကြီးနှင့် သွေးစုပ်ဖုတ်ကောင်များသာ ကျန်ခဲ့သည်။


လျန်ယု၏ ကျိန်ဆိုသံက အဆက်မပြတ် မြည်လာသည်။


" ငါတို့က စစ်မှန်တဲ့ အ အ အချစ်‌ပဲနော် ..."


ဘာတွေ ချစ်နေတာလဲ ... ငါ့ခန္ဓာကိုယ်ကို ပြန်ပေး ...


(╯‵□′)╯︵┻━┻