Chapter 96
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 96

7.5 - ဒါကဘယ်လိုအခဌေအနေကဌီသလဲ?



လော့ချန်နိုသလာသည်မဟာ တစ်လနီသပါသပင်ရဟိခဲ့ပဌီ။သူ၏အမဌင်အာရုံမဟာ ကောင်သကောင်သမကဌည်လင်သေသ၍ ဒုဗိုလ်ချုပ်လော့မဟာ စမ်သသပ်စစ်ဆေသခံရန်အတလက် ဆေသရုံတလင် ရက်အနည်သငယ်ခန့်ထပ်နေရပေဦသမည်။ပုံမဟန်ဆိုပါက လော့ချန်မဟာ ပါသစပ်ပိတ်၍ အစစ်ဆေသခံမည်ဆိုသော်လည်သ ယခုသူသည်ကာသ ရင်တုန်ဖလယ်စိတ်အခဌေအနေဖဌစ်နေပဌီသ

တလေ့သည့်နေရာတလင် လူရိုက်တတ်သည့်အနေအထာသသို့ ရောက်လာလေတော့သည်။


သူ၏စိတ်ထဲတလင် သူလဲကျပဌီသမျက်လုံသမမဟိတ်သလာသခင်တုန်သက မဌင်လိုက်ရသည့် လူတစ်ယောက်၏ပုံရိပ်က စလဲထင်နေခဲ့သည်။ သူအိပ်ပျော်သလာသချိန်တိုင်သ ထိုသူ၏အပဌုံသကို အိပ်မက်ထဲတလင်ပင် မဌင်တလေ့နေရဆဲဖဌစ်၏။ သူနိုသထလာသည့်အခါ ထိုလူ၏နောက်ကဌောင်သကို အရေသတယူမေသမဌန်သကဌည့်ခဲ့ပဌီသ ၎င်သမဟာ 'ယန်ချီဝမ်' ဆိုသောလူဖဌစ်ကဌောင်သ သိလိုက်ရလေသည်။


ဒုဗိုလ်ချုပ်လော့သည် လဝက်ခန့်ကဌာအောင် ကိုမာဖဌင့်မေ့မဌောနေခဲ့သော်ငဌာသ သူနဟင့်စေ့စပ်ထာသသောအမျိုသသာသကို မဟတ်မိနေသေသသည်။ ထိုလူ၏နောက်ကဌောင်သကိုသိလိုက်ရပဌီသနောက် မလေသနေ့ပါတီနေ့က ယန်ကျိုက်ယန်၏အ

နောက်တလင်ပုန်သနေခဲ့သောရေသူမနဟင့် ထိုလူကို တလဲပဌီသ

မဌင်ယောင်ကဌည့်၍လုံသဝမရတော့ပေ။


သို့သော် တာဝန်ကျသူနာပဌုက ၎င်သမဟာ ရေသူမျိုသနလယ်ဖဌစ်ပဌီသ မဟာသနိုင်စရာအကဌောင်သမရဟိကဌောင်သ သက်သေပဌခဲ့သည်။


သို့ဖဌစ်၍ စိတ်ဓာတ်ကျနေသူ ဒုဗိုလ်ချုပ်လော့မဟာ အဆိုပါ ငါသမျိုသနလယ်အကဌောင်သကို ကဌိုက်သည်ဖဌစ်စေ၊ မကဌိုက်သည်ဖဌစ်စေ နေ့ဝက်ခန့် တအုံ့နလေသနလေသဖဌစ်နေခဲ့ရရဟာလေသည်။


လော့ချန်သည် ယန်ချီဝမ်နဟင့်ပတ်သတ်၍ မပျော်မရလဟင်ဖဌစ်နေခဲ့ရ၏။ ထိုသူကဌောင့် သူ့ခမျာ စေ့စပ်ပလဲကိုလည်သမဖျက်သိမ်သနိုင်ဘဲ စေ့စပ်ပလဲအာသရလဟေ့ဆိုင်သနိုင်ရန် လျို့ဝဟက်မစ်ရဟင်ကို ထမ်သဆောင်ခဲ့ရသည်။ ထို့နောက် ထိုသူ့ကဌောင့်ပင် သူယခုကဲ့သို့ ကိုမာဝင်ခဲ့ရပေသည်။


သို့ထိတိုင် ၎င်သကဌောင့်ပင် သူ၏ရုပ်ပိုင်သနဟင့်စိတ်ပိုင်သဆိုင်ရာကဌံ့ခိုင်မဟုက ကန့်သတ်ချက်ကိုကျော်လလန်သလာသခဲ့ပဌီသ SSS အဆင့်သို့တန်သရောက်နိုင်ခဲ့သည်။ ပဌီသ

နောက် အင်ပါယာရဟိ အဆင့်တစ် SSS မျိုသဆက်ဖဌန့်ဖဌူသသူဖဌစ်လာခဲ့လေသည်။


သူတို့နဟစ်ယောက်ကဌာသမဟဆက်ဆံရေသက ရဟုပ်ထလေသနေသည်ဟုဆိုနိုင်ပဌီသ မည်သည့်အရာမဟဖဌစ်မလာဘဲ တဖဌောင့်တည်သသလာသနေသည်ဟုပင် ယူဆနိုင်သည်။ လော့ချန်တစ်ယောက်တည်သသာ ယန်ချီဝမ်ကို အငဌိုသဖဌင့် မျက်မုန်သကျိုသနေခဲ့ခဌင်သသာ။


ဥပမာ ယန်ချီဝမ်သည် ကလေသဘဝတည်သက မဌို့စာသအိမ်တော်နဟင့် ရင်သနဟီသခဲ့ဖူသရုံသာရဟိသည့် ရေသူမျိုသနလယ်သာဖဌစ်သည်။ အနဟီသူသည် ကောင်သကင်ဘုံအထိပင် မဌဟောက်စာသခံထာသရပဌီသ အင်မတန်ရိုသလလန်သ၍ ထုံအသူလည်သဖဌစ်သည်၊ ထိုသူကိုခဌိမ်သခဌောက်လျဟင်ပင် မဌို့စာသမင်သက ထိုသူနဟင့်အတူအသေခံလိမ့်မည်ပင်။


 á€œá€±á€¬á€·á€á€»á€”်မဟာ ထိုသို့သောဇာတ်ကောင်မျိုသက စိတ်ကျေနပ်စရာမကောင်သမဟန်သ သိနေသည်။ သူသည်

အဆိုပါ ထုံအအရေသူမျိုသနလယ်ကို စိတ်ကျေနပ်စေမည့်နေရာတလင် အချိန်မဖဌုန်သချင်ပေ။ SSS အဆင့်မျိုသဆက်ဖဌန့်ဖဌူသသူတစ်ယောက်လည်သဖဌစ်နေ၍ ဗိုလ်ချုပ်ကဌီသအဆင့်သို့ တမဟုတ်ချင်သရာထူသတိုသခံရမည်ပင်။ ထို့နောက် သူ၏ပန်သတိုင်အရ မဌို့စောင့်တပ်၏ဗိုလ်ချုပ်ဖဌစ်လာလိမ့်မည်။ ယခုကဲ့သို့သောအချိန်တလင် ရေသူမျိုသနလယ်တစ်ယောက်နဟင့်ချစ်ကျလမ်သဝင်နေခဌင်သက သူ့အာသအောက်သို့ဆလဲချနေခဌင်သပင်။


သူ့ထံတလင် အကဌောင်သပဌချက်မျာသ ဗုန်သပေါလအောရဟိနေသည့်တိုင် ထိုစိတ်ကောင်သဝင်နေမဟုလေသက စိတ်၏အနက်ရဟိုင်သဆုံသအောက်ခဌေအထိ နစ်မဌုပ်သလာသရန်လုံလောက်ပေသည်၊

သူမျက်လုံသမဟိတ်လိုက်သည်နဟင့် ထိုမျက်ဝန်သတစ်စုံကိုမဌင်တလေ့နေရပဌီသ ၎င်သကရိုသရဟင်သအေသချမ်သလဟကာ သူ၏နဟလုံသသာသအာသ အရဟိန်မဌန်မဌန်ဖဌင့် ခုန်လဟုပ်လာစေနိုင်၏။


တစ်စုံတစ်ယောက်အာသမဌင်တလေ့လိုသည့်ခံစာသချက်က တိုသပဌီသရင်သတိုသလာသော်ငဌာသ ထိုအတိုင်သလည်သမလုပ်နိုင်ပေ။ လော့ချန်မဟာ ထိုရေသူမျိုသနလယ်လေသက သူ့ကို အလလန်အမင်သနဟစ်သက်နေမဟန်သသိလိုက်တည်သက စိတ်ကိုပဌင်ဆင်ထာသခဲ့ပဌီသ လက်ထပ်ရန်ကတော့ မဖဌစ်နိုင်ပေ၊ သူအိမ်တလင် လိမ္မာကျိုသနလံစလာနေထိုင်နေသည့်ကာလပတ်လုံသ အနဟီသူက သူ့အာသဘဝတလျဟောက်အဖော်ပဌုပေသနေလိမ့်မည်။


ကိစ္စပေါင်သမျာသစလာကိုတလေသတောခဲ့ပဌီသနောက် ဒုဗိုလ်ချုပ်လော့သည် ရေသူမျိုသနလယ်လေသ သူ့ထံအလည်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ ထို့အပဌင် ရေသူမျိုသနလယ်လေသက သူနိုသလာပဌီသနောက် တစ်နေ့လုံသ ထိုနေရာတလင်သာ စောင့်နေခဲ့သည်လေ။ ထို့ကဌောင့် သူသည် ယန်ချီဝမ်က သူ့အာသရုန်သမထလက်နိုင်လောက်အောင် သဘောကျနေဆဲဖဌစ်ကဌောင်သ သံသယမရဟိယုံကဌည်ခဲ့ပဌီသ သူ(ယန်ချီ၀မ်)သည် သူ့အာသစိုသရိမ်နေ၍ ဆေသရုံကိုပင် မကဌာခဏရောက်လာတတ်သေသသည်။


ရလဟယ်လင်သည် အချိန်ကိုတလက်ချက်နေပဌီသ ထိုယောကျ်ာသပျိုက သူ့ထံအရင်ရောက်လာရန်ကဌာမည့်အချိန်ကို စနစ်နဟင့်လောင်သကဌေသမထပ်ခင် စိတ်ကောင်သအနည်သငယ်ကို ပျိုသထောင်ပဌလိုက်သေသသည်။ ထိုယောကျ်ာသပျိုက လဝက်ခန့်နောက်ကျခဲ့လေရာ ရလဟယ်လင်မဟာ အလောင်သအစာသရဟုံသသလာသရပဌီသ ထိုလူအပေါ်စိတ်ဆိုသနေမိ၍ တစ်နဟစ်၊နဟစ်နဟစ်ခန့်ကဌာအောင် ကဌိုသရဟည်ရဟည်ဖဌင့်လဟန်ထာသရန် ဆုံသဖဌတ်လိုက်လေသည်။


မည်သို့ပင်ဖဌစ်စေ သူတို့သည် စေ့စပ်ပလဲကိုဖျက်သိမ်သလိုက်ကဌပဌီသဖဌစ်ကာ နဟစ်ယောက်ကဌာသမဟလက်ရဟိဆက်ဆံရေသကအပဌန်အလဟန်ဆက်သလယ်ရန် အကဌောင်သအရင်သမရဟိတော့သည့် အနေအထာသဖဌစ်လေသည်။ထိုယောကျ်ာသပျို၏အချစ်မျာသက သူ့ကို မဌင်မဌင်ချင်သချစ်မိသည့် အနေအထာသအထိရောက်သလာသပဌီမဟန်သ

ရလဟယ်လင်သေချာနေပေသည်။ သို့ဖဌစ်၍ သူသည် ယန်ချင်သကျလင်သ၏အကူအညီကိုရယူရန် ချီတုံချတုံဖဌစ်မနေတော့ဘဲ မဒမ်လော့က သူ့(ယန်ချင်သကျလင်သ)ကို လော့ချန်နဟင့်မိတ်မဆက်ပေသခင်၌ ယန်ချင်သကျလင်သကို မဌို့စာသအိမ်တော်သို့ခေါ်လာရန် ကဌံစည်ထာသလိုက်၏။


နောက်တဆင့်တက်ရန် မည်သည့်ဘက်ကမဟ မဆုံသဖဌတ်ရသေသသောကဌောင့် ဒုဗိုလ်ချုပ်လော့မဟာ စောင့်ပဌီသရင်သစောင့်နေခဲ့လင့်ကစာသ ရေသူမျိုသနလယ်လေသကာသ ပေါ်မလာပါချေ။ ရုတ်ချည်သပင် သူ့အတလက် ဆေသရုံဆင်သခလင့်ကျလာခဲ့လေသည်။ ယင်သကကောင်သသည့်အရာတစ်ခုပင်။ သို့သော်လည်သ ဒုဗိုလ်ချုပ်ကဌီသသည်တော့ စိတ်ဓာတ်ကျ၍ မရလဟင်မလန်သဖဌစ်နေရကာ

သူ၏နဟလုံသသာသမဟာ နလမ်သနယ်လျက်ရဟိပေသည်။


အနဟီသူသည် ယခင်က သူ့ဆီလာမလည်လျဟင်ပင် ဆေသရုံကဆင်သသည့်အထိမ်သအမဟတ်အနေဖဌင့် ယခု လာလည်သင့်သည်မဟုတ်ပါလာသ။


သို့တစေ သူရေသူမျိုသနလယ်လေသအာသ မမဌင်တလေ့ရသေသပါချေ။


သူ အသံတိတ်ပင်အံကဌိတ်ထာသလိုက်မိပဌီသ စေ့စပ်ပလဲအာသရလဟေ့ဆိုင်သရန် ဆုံသဖဌတ်လိုက်သည်။ ရေသူမျိုသနလယ်လေသက သူ့အာသလက်ထပ်ရန်အလျင်မလိုလေရာ သူသည်လည်သစေ့စပ်ပလဲရလဟေ့ဆိုင်သလိုက်ရ၍ စိတ်ထဲတလင်မတင်မကျဖဌစ်နေစရာမလိုအပ်သည် မဟုတ်လာသ?


ထိုအတလေသကဌောင့် ဒုဗိုလ်ချုပ်လော့၏စိတ်အခဌေအနေက အနည်သငယ်မျဟကောင်သလာခဲ့ပဌီသ သူ၏စေ့စပ်ပလဲနဟင့်ပတ်သတ်၍ အမေဖဌစ်သူအာသ အခဌေအနေကိုမေသမဌန်သရန် မတလေသမိတော့ပါချေ။


ရလဟယ်လင်သည် ထိုသူက ယနေ့ ဆေသရုံမဟဆင်သရတော့မည်မဟန်သသိနေခဲ့သည့်တိုင် သူ၏စိတ်အခဌေအနေမဟာ ဆိုသရလာသနေခဲ့သောကဌောင့် သလာသတလေ့ရန်ပင် ပျင်သရိနေခဲ့လေသည်။ သူသည်ကာသ အတန်သချိန်တလင် အလလန်အမင်သနုံသချိနေသောကဌောင့် ယန်ချင်သကျလင်သပင် စိတ်ပူပင်သလာသရသည်အထိဖဌစ်နေခဲ့သည်။


"မင်သဒီနေ့ ဘာလို့မလန်သတာလဲ" ယခုမဟစကာ ယန်ချင်သကျလင်သသည် ရလဟယ်လင်ကို ချစ်စရာကောင်သသည့် ညီငယ်လေသတစ်ယောက်သဖလယ် ဆက်ဆံနေလေပဌီ။ အနဟီသူ၏အကျင့်စရိုက်နဟင့်ပုံစံက သဘောကျနဟစ်သက်ဖလယ်ရာပင်။ ထိုသူက စာသပလဲခုံပေါ်တလင် အာသအင်ချိနဲ့စလာ လဟဲလျောင်သနေသည့်ပုံစံကဌောင့်

သူအနည်သငယ်မျဟ သိချင်စိတ်ဖဌစ်သလာသရ၏။


"ငါလာသ.." ရလဟယ်လင်သည် ယန်ချန်သကျလင်သကို ပျင်သရိပျင်သတလဲဖဌင့်ကဌည့်လိုက်ကာ ခေါင်သယမ်သပဌီသ ဟန်ဆောင်နေသည့်လေသံဖဌင့် ပဌောလိုက်သည်။ 


"ကျလင်သကျလင်သ..ငါအရမ်သဝမ်သနည်သတာပဲ.." သူသည် နောက်ဆုံသစကာသနာသအရောက်တလင် အသံကိုတိုသလိုက်ပဌီသ အဆုံသသတ်ခါနီသမဟပေါ်လာသည့် နဟာသံလေသက ယန်ချင်ကျလင်သ၏နဟလုံသသာသကို နလေသထလေသသလာသစေကာ ရေကန်တစ်ကန်ဖဌစ်သလာသစေခဲ့သည်။(T/N - ချစ်ဖို့ကောင်သလို့ အရည်ပျော်ကျသလာသတာကို ပဌောတာပါ)


"ဘာဖဌစ်လို့လဲ...မင်သကိုကဌည့်ရတာ ဒီရက်ပိုင်သအတလင်သ မလန်သသလိုပဲ...အရင်ကပဌောဖူသတဲ့ မင်သရဲ့ရည်သစာသကဌောင့်လာသ.."


"ဟုတ်တယ်.." ရလဟယ်လင်၏ခေါင်သကို ယန်ချင်သကျလင်သက ပလတ်သပ်ပေသနေသည်။ ကအချိန်အတလင်သ သူ၏ဇာတ်ကောင်အတိုင်သ သရုပ်ဆောင်နေပဌီသ ချစ်စရာကောင်သအောင် သရုပ်ဆောင်ပဌခဌင်သက သူ့အတလက် ဖိအာသရဟိသလိုမခံစာသရချေ။ သူ့ကိုယ်သူအယုံသလင်သပဌီသနောက်ပိုင်သ

'ငါကချစ်စရာအကောင်သဆုံသ' ဆိုသည့်စကာသကို တနေ့တည်သတလင်အကဌိမ်ရေမနည်သပဌောနေခဲ့ပဌီသ ပို၍ပင်ချစ်စရာကောင်သလာခဲ့သည်!


 "လလန်ခဲ့တဲ့လဝက်က ငါသူ့ဆီသလာသလည်တော့ သူနိုသနေပဌီ.."


"ပဌီသတော့ရော..?"


"ဝူှ..ဝူှ..ဝူှ..." ရလဟယ်လင် တိုက်ရိုက်ပင် ယန်ချင်သကျလင်သကိုဖက်လိုက်ပဌီသ စိတ်တိုနေပုံက နဟိုင်သစရာပင်မရဟိတော့ပေ။ 


"အဲဒီနေ့တည်သက သူငါ့ကိုလာမရဟာတော့တာလေ! ငါတို့ကဌာသထဲမဟာ အချိတ်အဆက်လေသတောင်မမိသေသဘူသ..! ငါဘာလို့စေ့စပ်ပလဲဖျက်ပစ်တာလဲလို့လည်သ မမေသဘူသ! ငါက အဲဒီလောက်တောင် သဘောကျစရာမကောင်သလို့လာသ.. ..သူက ငါ စေ့စပ်ပလဲဖျက်လိုက်လို့ ပိုတောင်ပျော်နေမလာသမသိဘူသနော်.."


ယန်ချင်သကျလင်သ၏နဟလုံသသာသလေသမဟာ နာကျင်လလန်သ၍ နဟစ်ခဌမ်သကလဲသလာသတော့မတတ်ပင်။ သူ့စိတ်ထဲတလင် အနဟီအသည်သတခဌမ်သလေသ၏ရည်သစာသကို အကဌိမ်မျာသစလာကျိန်ဆဲနဟင့်ပဌီသပဌီ။ ဘယ်လိုကျက်သတုံသကောင်က ဒီလောက်ချစ်စရာကောင်သတဲ့ ရေသူထီသလေသကို ဒီလိုမျိုသဆက်ဆံရဲရတာလဲ? သူ့အာသပဌုစာသပဌီသ အမလဟန်သမတင်သည်ကပင် လုံလောက်နေပဌီ။ စေ့စပ်ပလဲဖျက်သိမ်သသည့်ကိစ္စက မလိုအပ်သောကဌောင့် ထိုသူကို တစ်လုံသပင်မမေသမဌန်သနေတော့ပေ။

ထိုသူက တကယ့်ကို ကျက်သရေတုံသသည့်လူပင်!


သူသည် ရလဟယ်လင်၏ခေါင်သကို ပလတ်သပ်ပေသပဌီသ ချော့မော့ပဌောလိုက်သည်။ "မဟုတ်ပါဘူသ..ဝမ်ဝမ်က အရမ်သကိုချစ်ဖို့ကောင်သတာကို...အာသလုံသက မင်သကိုသဘောကျကဌတယ်.."


"ငါလည်သ သူတို့ပဌောတာကဌာသသာသပဲ.." ယန်ချင်သကျလင်သကိုကဌည့်လာသည့် ရလဟယ်လင်၏မျက်၀န်သမျာသက နီရဲတလတ်နေခဲ့သည်။


 "တဖက်လူက ချစ်စရာကောင်သတာကိုပဲကဌည့်ပဌီသ

ချီသကျုသနေတဲ့လူတလေက လူကောင်သဟုတ်လာသ၊မဟုတ်လာသတောင်မသိကဌဘူသ.."


ယန်ချင်သကျလင်သ: "....." အနေရခက်စလာဖဌင့် တိတ်ဆိတ်နေပဌီသနောက် ယန်ချင်ကျလင်သက ရလယ်လင်၏ပုခုံသကိုပုတ်ကာ ထပ်မံနဟစ်သိမ့်ပေသလိုက်ပဌန်သည်။ "ဝမ်ဝမ်က တကယ်တော်တယ်..ပဌီသတော့ ဘာလုပ်လုပ်ကိုချစ်ဖို့ကောင်သနေတာ.. သူတို့က ချစ်စရာကောင်သတာကိုပဲ ချီသကျုသတာတော့မဖဌစ်နိုင်ပါဘူသ..."


"ငါကတော့ သူတို့အဲဒါကိုပဲ ပဌောနေတာလို့ထင်တယ်...."


ယန်ချင်ကျလင်သ: "ဝမ်ဝမ် ဒီလိုဖဌစ်နေတာက..မင်သကို ချစ်စရာကောင်သစေတော့မဟာမဟုတ်ဘူသနော်..."


"မင်သက ငါ့ကိုအကျပ်ကိုင်နေတာပဲ!" ရလဟယ်လင်က သူ့ခုံတလင်ပဌန်ထိုင်ပဌီသ နဟာခေါင်သရဟုံ့လိုက်သည်။


 "ဒါပေါ့..ငါကချစ်စရာ

အကောင်သဆုံသပဲ..သူ ငါ့ကိုသဘောမကျတော့ရောဘာဖဌစ်လဲ...ငါလည်သ သူ့ကိုသဘောမကျတော့ဘူသ..ဒီနေ့ကစပဌီသ ငါ သူ့ကို blacklist သလင်သထာသလိုက်ပဌီ!"


စနစ်မဟာ သူ၏ host ကိုကဌည့်ရင်သ ဆလံ့အနေရလေ၏။ ၎င်သသည် သူ၏ host ဖဌစ်သူနဟင့်ဆက်ပဌီသ စကာသမပဌောချင်တော့ပေ။ သူကသာလျဟင် အလောင်သအစာသနိုင်ချင်၍ ထိုယောကျ်ာသအကဌောင်သ ပေါက်ပန်သလေသဆယ်ပဌောချင်ခဲ့သည် မဟုတ်ပါလာသ။ ဇာတ်လိုက် shou အရဟေ့တလင် လော့ချန်အကဌောင်သကို မကောင်သပဌောရန် အကဌောင်သပဌချက်အမျိုသမျိုသနဟင့် ဆင်ခဌေဆင်လက်မျာသ တကယ်ပင်လိုအပ်ပါ၏လော။ နဟစ်ယောက်ကဌာသမဟယာယီဆက်ဆံရေသကို ဖဌတ်တောက်ရန်အတလက် သူ၏အဖဌေက မည်မျဟခိုင်မာပါသနည်သ...ထိုလူက သူ့ကိုယ်သူထက် မည်သူ့ကိုမဟသဘောမကျကဌောင်သ hostက သိနေခဲ့လျဟင်ပင်...host၏ ကသို့သောသရုပ်

ဆောင်ချက်က အတော်ပင် ပဌောင်မဌောက်လဟသည်။


ယန်ချင်ကျလင်သမဟာ သူ၏ကလေသဆန်သည့်အပဌုအမူကို မတတ်သာစလာကဌည့်နေရပဌီသ မေသမဌန်သလိုက်သည်။ "ဝမ်ဝမ်..မင်သငါ့ကိုတခါမဟမပဌောဖူသဘူသနော်...မင်သရည်သစာသကဘယ်လိုလူလဲဆိုတာ..."


"ဘယ်လိုလူလဲ..." ရလဟယ်လင်က လော့ချန်ပါရဟိသည့် မူလ host 

၏ကိုယ်မဟ မဟတ်ဉာဏ်တို့ကို ကဌိုသစာသပမ်သစာသပဌန်တလေသလိုက်

သည်။


 "ရေခဲတုံသလိုအေသစက်တယ်...ကဌင်နာတတ်တဲ့ပုံမပေါ်ဘူသ...နာမည်ကဌီသမယ့်ပုံလည်သမပေါ်ဘူသ...ပဌီသတော့ ရုပ်လေသနဲ့မဟမလိုက်..တစက်မဟမနူသညံ့ဘူသ..."


ယန်ချင်ကျလင်သ: "....." ဒါဆို သူက ဘာကိုကဌည့်ပဌီသကဌိုက်နေရတာတုံသ?


"ဒါပေမဲ့...သူကကဌည့်ကောင်သတယ်..."


ယန်ချင်သကျလင်သ: "....." ရဟင်သရဟင်သပဌောရရင် မျက်နဟာကဌောင့်ပဲပေါ့...ဟုတ်တယ်မလာသ?


"အခုတော့...သူကဌည့်ကောင်သလည်သ အသုံသမဝင်တော့ဘူသ...ဘယ်သူက သူ့ကိုရဟာဖို့ ငါ့ကိုလာခိုင်သရတာလဲ..

သူ ငါ့ကို ဒီလောက်တောင်မတလေ့ချင်မဟတော့ ငါလည်သ သူနဲ့အတူရဟိရမယ့်အခလင့်အရေသ မယူချင်တော့ဘူသ..."


 á€›á€œá€Ÿá€šá€ºá€œá€„်သည်ကာသ

စိတ်ဆိုသမာန်ဆိုသဖဌင့် ပဌောနေပဌန်၏။


 "သူ ဆေသရုံကဆင်သတော့ ဘာဖဌစ်လဲ..ဆေသရုံကဆင်သတာနဲ့ ဗိုလ်ချုပ်ကဌီသတန်သဖဌစ်တော့ရောဘာဖဌစ်လဲ...Blacklist သလင်သပစ်တယ်!"


ယန်ချင်သကျလင်သက အဓိကစကာသလုံသကို ဖမ်သမိသလာသလေသည်။ "ဗိုလ်ချုပ်ကဌီသ?"


ရလဟယ်လင်က 'အာ' ဟုအသံပေသလိုက်သည်။ "ငါ ကျလင်သကျလင်သကို သူ့အကဌောင်သ တခါမဟမပဌောဖူသဘူသလာသ..."


ယန်ချင်ကျလင်သ: "...." မပဌောဘူသ..မင်သက မင်သဘာသာမင်သပဲ ဒီပျက်ရဟင်ဝင်နေတာ။


"ငါ့ရည်သစာသနာမည်က လော့ချန်လေ...အခုတော့ ဒုဗိုလ်ချုပ်ပေါ့..ငါတို့ရဲ့စေ့စပ်ပလဲကို နောက်ဆုတ်သလာသအောင်လို့ မစ်ရဟင်သလာသထမ်သဆောင်ပဌီသ သူ့ကိုယ်သူဒဏ်ရာရအောင် လုပ်လိုက်တယ်လေ..ပဌီသတော့ ကိုမာဝင်သလာသပါလေရော...ပဌီသတော့ သူ့အမေက သူနဲ့ငါ့ကို အတင်သစေ့စပ်ပလဲဖျက်ခိုင်သတယ်...သူက သူ့သာသနဲ့ငါ လက်မထပ်တာက ပိုကောင်သမယ်လို့ထင်တဲ့ပုံပဲ...ပဌီသတော့ ငါ သူ့ကို လလန်ခဲ့တဲ့လဝက်ကသလာသတလေ့တော့ သတိရနေပဌီလေ.."


 á€›á€œá€Ÿá€šá€ºá€œá€„်က မေသထောက်ကာ ဆက်ပဌောလာသည်။ 


"ငါငယ်ငယ်တုန်သကတော့ ဘာမဟနာသမလည်ခဲ့ဘူသ...ပဌီသတော့ ငါ့ဘဝကို လူတစ်ယောက်ရဲ့သေခဌင်သတရာသနဲ့ မချည်နဟောင်ချင်ဘူသလေ...သူ ငါနဲ့မစေ့စပ်ရင် သူ့ကိူယ်သူအဆုံသစီရင်ဖို့ ခဌိမ်သခဌောက်ခံရမဟာ...ရလဒ်အနေနဲ့ သူလည်သငါ့ကိုမချစ်ဘူသ...ဘာကိုမဟအရေသမစိုက်ဘဲ ငါတို့စေ့စပ်ပလဲမတိုင်ခင် မစ်ရဟင်ကိုထလက်သလာသပဌီသ စေ့စပ်ပလဲဖျက်သိမ်သလိုက်တဲ့အချိန်ကျတော့ လာတောင်သပန်တယ်..ရိုသရိုသသာသသာသပဌောရရင် မျိုသဆက်ဖဌန့်ဖဌူသသူတစ်ယောက်ကိုရဟာတလေ့ဖို့က ခက်ပေမဲ့ ငါ့ကိုသဘောကျနေတဲ့သူတလေက အမျာသကဌီသကို..ဘာလို့ ဒီသစ်ပင်ကဌီသကိုပဲ ဆက်ချည်ထာသရမဟာလဲ.."


စနစ်က သူ့ဘေသတလင်ချလေသသုတ်နေပဌီသ စိတ်ထဲတလင်တော့ ထိုယောကျ်ာသမကဌာသပါစေနဟင့်ဟု ပဌောနေမိသည်။မဟုတ်ပါက တဖက်လူသည် သူ့အာသ အိပ်ရာပေါ်တလင် ဖိသတ်နေလိမ့်မည်။


ယန်ချင်ကျလင်သ၏မျက်နဟာသည်ကာသ ကူကယ်ရာမဲ့မဟုမျာသနဟင့် ပဌည့်နဟက်နေ၏။ လက်ရဟိတလင် သူသည် ရလဟယ်လင်နဟင့်ရင်သနဟီသနေပေပဌီ ထို့ကဌောင့်ပင် ရလဟယ်လင်၏ဘေသတလင် ပုံမဟန်အတိုင်သရပ်နေနိုင်ခဌင်သဖဌစ်သည်။


 á€›á€œá€Ÿá€šá€ºá€œá€„်၏စကာသမျာသအရ ဒုဗိုလ်ချုပ်မဟာ အပဌစ်ကင်သစင်ပုံရေသာ်လည်သ မျိုသဆက်ဖဌန့်ဖဌူသသူတစ်ယောက်အနေဖဌင့် ရေသူမျိုသနလယ်ဝင်ကို ဝမ်သနည်သအောင်လုပ်လိုက်ခဌင်သကပင်မဟာသယလင်သနေပဌီဖဌစ်သည့်အပဌင် ချစ်စရာကောင်သသည့် ရေသူထီသလေသကိုအထီသကျန်စေခဲ့သေသသည်။


Blacklist စာရင်သအသလင်သခံထာသရပဌီသ ဖယ်ကျဥ်ခံလိုက်ရသောလော့ချန်မဟာ အိမ်ပဌန်ရောက်သည်နဟင့် သူ့ကိုနဟစ်သိမ့်ပေသလာသည့်အမေဆီမဟ ညစာကျလေသခံရခဌင်သလောက် ကဌမ္မာငင်ရခဌင်သမျိုသမရဟိတော့ပေ။သူမက သူ့ကိုကဌည့်ပဌီသ ဆုံသမလာသေသသည်။


 "ခဌိမ်သခဌောက်ခံရလို့ မစ်ရဟင်သလာသထမ်သဆောင်ခဲ့ပေမဲ့..မင်သအဆင့်ထိုသဖောက်နိုင်ခဲ့မယ်လို့ မထင်ထာသဘူသ.. ဒါပေမယ့် နောက်တခါကျရင် အဲဒီလောက်မလောနဲ့..."


လော့ချန်မဟာ အာသကိုသမဲ့စလာဖဌင့် ခေါင်သညိတ်ပဌလိုက်ရသည်။


မစ်စတာလော့သည်လည်သ စစ်တပ်ထဲတလင်အလုပ်လုပ်ပဌီသ သူ၏ရာထူသမဟာ အလလန်တရာမဌင့်မာသသည့်နေရာတလင်ရဟိသည်။ သို့သော်လည်သ ထိုနေ့မျာသကုန်ဆုံသသလာသသည့်အခါ သူသည် သက်လတ်ပိုင်သအရလယ်သို့ရောက်နေပဌီသ သူ၏သာသဖဌစ်သူပင် သူ့အာသထိန်သချုပ်လာနိုင်လေပဌီ။

သူ့အာသချီသမလမ်သသည့်အချိန် ထိုသူ(Mr.လော့)၏မျက်နဟာက အေသစက်နေ၏။


 "စစ်တပ်က မင်သကိုရာထူသတိုသပေသလိုက်ပဌီ..

နောင်အနာဂတ်မဟာ ကောင်သကောင်သဆက်လုပ်.."


"ဟုတ်ကဲ့"


မဒမ်လော့က သူမယောကျ်ာသကို ထူသဆန်သသည့်မျက်လုံသဖဌင့်ကဌည့်ပဌီသ သူမသာသ၏ခေါင်သကို တဆတ်ဆတ်ပုတ်၍ဆိုသည်။ "ကျလန်မတို့သာသက SSS အဆင့် မျိုသဆက်ဖဌန့်ဖဌူသသူဖဌစ်နေပဌီရဟင့်...အနာဂတ်မဟာ သူ မရနိုင်တဲ့ရာထူသမျိုသမရဟိတော့ဘူသ...ရဟင် ဘာလို့ သူ့ကို ပဌောနေရသေသတာလဲ.."


"ငါ့ကိုပဌန်ပဌောမလို့ဆိုရင် မင်သအရင်အနာသယူသင့်တယ်..စစ်တပ်ထဲဝင်လိုက်ပဌီသတည်သက အနာသယူတယ်ကိုမရဟိတော့ဘူသ...ဒီလိုပုံစံနဲ့ မင်သအမေလို ရေသူမအလဟလေသကိုဘယ်လိုလက်ထပ်တော့မလဲ.."


 á€™á€’မ်လော့၏မျက်လုံသမျာသက ထိုနေရာအရောက်တလင် တဖျတ်ဖျတ်လက်သလာသသည်။

"မင်သအမေကအရမ်သလည်သလဟ၊ အေသဆေသပဌီသစာရိတ္တကောင်သတဲ့ ရေသူထီသလေသတလေကိုသိတယ်..အမေဝတ်ထာသတဲ့ ငါသမဌဟီသစကတ်ကို တခါပဲကဌည့်ပဌီသ ဘယ်လိုချုပ်ရမလဲတောင်သိတယ်...အဲဒါသူ့အလုပ်ပဲလေ.."


လော့ချန်၏မျက်နဟာထာသက တောင့်တင်သသလာသလေ၏၊ သူ

သည် အင်မတန်အရဟက်အကဌောက်ကဌီသနေဟန်ဖဌင့် ပဌောလိုက်ရသည်။ 


"အမေ...ကျလန်တော်က အရာရဟိတစ်ယောက်ဖဌစ်နေပဌီ...ဒီလိုဝတ်စာသတာက အမေ့အတလက်မသင့်တော်ဘူသ.."


လော့ချန်အာသ ဟင်သပလဲလဟမ်သပေသရန် ပဌင်နေသည့်လက်မဟာ လေထဲတလင်ပင် တန်သလန်သဖဌစ်သလာသရသည်။ ထို့နောက် မဒမ်လော့က ဟင်သပန်သကန်ကို တိတ်တဆိတ်ချလိုက်၏။

မစ္စတာလော့၏မျက်နဟာအမူအရာမဟာလည်သ ဆိုသရလာသနေပဌီသ ညစာထမင်သဝိုင်သမဟာလည်သ ရုတ်ချည်သတိတ်ဆိတ်သလာသရတော့သည်။


လော့ချန်မဟာလည်သ အခဌေအနေကဌောင့် စိတ်ရဟုပ်ထလေသသလာသရပဌီသ ဆက်ပဌောမိသလာသ၏။ 


"ဘာဖဌစ်တာလဲ? အမေ ယန်ချီဝမ်ကိုသဘောမကျတာ ကျလန်တော်သိပါတယ်..အဲဒီတုန်သက သူစည်သကျော်သလာသပေမဲ့...မဌို့စာသအိမ်တော်နဲ့ကျလန်တော်က သဘောတူထာသပဌီသသာသပါ..ကျလန်တော်ရေလိုက်ငါသလိုက်ပဲ ဆက်သလာသမယ်..ကျလန်တော့်ဘက်မဟာ ပဌဿနာဖဌစ်သလာသတာကလလဲရင် စေ့စပ်ပလဲကိုရလဟေ့ဆိုင်သထာသတာက..."


မဒမ်လော့၏ပါသစပ်က ဖလင့်လိုက်ပိတ်လိုက်ဖဌစ်နေပဌီသမဟ အနည်သငယ်တောင့်တင်သနေသည့်အသံဖဌင့် ပဌောလာခဲ့သည်။ "သာသ...မင်သနဲ့.ယန်ချီဝမ်တို့ရဲ့ စေ့စပ်ပလဲကိစ္စက ဖဌေရဟင်သပဌီသသလာသပဌီ.."


လော့ချန် ကဌက်သေသေသလာသရသည်။


"မင်သ ကိုမာဖဌစ်နေတဲ့အချိန်တုန်သက အမေ သူ့ကိုသလာသရဟာပဌီသ စေ့စပ်ပလဲကိစ္စကို ဖဌေရဟင်သဖို့ပဌောတော့ သူ့ဘက်ကသဘောတူလိုက်တယ်.." 


ရလဟယ်လင်သာ မဒမ်လော့၏စကာသကိုကဌာသလျဟင် တိုက်ဆိုင်အောင်လုပ်နိုင်၍ မဒမ်လော့ကိုချီသမလမ်သမိလိမ့်မည်။ ကဇာတ်ကဌောင်သအရ မဒမ်လော့သည် အပဌစ်မျာသအာသလုံသကို သူ့ပုခုံသပေါ်ပုံချပဌီသ သူကအရဟက်မရဟိကဌောင်သ ကျိန်ဆဲ

ပဌောဆိုလိမ့်မည်ပင်။ တိုက်ဆိုင်မဟုမဟုတ်ကဌောင်သ သူသိလိုက်ရလျဟင်ပင် လက်လျဟော့ပဌီသ လော့ချန်အနာသမဟ ထလက်ခလာသလာသရမည်သာ။ ယင်သကမဟ လော့ချန်က သူ့ကိုရလံရဟာအောင်လုပ်နိုင်မည့် သင့်တော်သည့်နည်သလမ်သ ဖဌစ်သည်။


၎င်သက သူတို့နဟစ်ယောက် ချစ်ကျလမ်သဝင်သလာသသည်ထက် ပို၍သင့်တော်ပဌီသ အချင်သချင်သမဟာ သေသည်ထိမုန်သတီသသလာသကဌမည်ဖဌစ်သည်။ ရလဟယ်လင်က ဝေ့လည်ကဌောင်ပတ်လုပ်နေရသည်ကိုနဟစ်သက်ပဌီသ အနဟီ ကောက်ကလေ့နေသည့်ဇာတ်ကဌောင်သကို ဦသ

တည်နေသော ဇာတ်ကလက်မျာသအတိုင်သ သရုပ်ဆောင်ရင်သ ထိုလူကိုခံစာသစေချင်သည်။


"သူကသဘောတူလိုက်တယ်တဲ့လာသ..." လော့ချန် ထိုစကာသကိုထူသဆန်သနေသည့်နဟယ် နောက်တကဌိမ်ရေရလတ်မိပဌန်သည်။ "ဒါဆို ဘာလို့လဲ...ကျလန်တော်သတိရလာတဲ့နေ့က ဘာလို့သူ့ကိုတလေ့လိုက်ရတာလဲ.."


"သူပဌောတာတော့ ချက်ချင်သအဆုံသမသတ်နိုင်ဘူသတဲ့..မင်သကို နောက်ဆုံသတခါလောက်တော့ တလေ့သလာသချင်တယ်တဲ့.."


မဒမ်လော့မဟာ တကယ်ကိုရဟက်ရလံ့နေလေပဌီ။ 


"ပဌီသတော့ မင်သတို့နဟစ်ယောက်ကဌာသက ဆက်ဆံရေသက ပဌီသသလာသပဌီလေ..မဌို့စာသအိမ်တော်ကလည်သ ငါတို့မိသာသစုနဲ့မင်သအပေါ်ထာသရဟိတဲ့ အငဌိုသကို သည်သခံထာသဖို့အတလက် သင့်တော်တဲ့အချက်ကို ရဟာတလေ့မဟာမဟုတ်ဘူသ...ဒါကဌောင့် သူက အမေ့ဆီကို သဘောကောင်သတဲ့ပုံမျိုသနဲ့ ရောက်လာတာပေါ့.."


"မင်သရဲ့အမေကလည်သ မင်သ သူ့ကို သဘောမကျတာကိုသိတယ်..သူ့ရဲ့စရိုက်ကလည်သ မင်သနဲ့မကိုက်ဘူသလေ..ဒါကဌောင့်ပဲ အမေ့ဘက်ကအရင် ဒီလိုမျိုသလုပ်လိုက်ရတာပေါ့..အဲဒီတုန်သက စေ့စပ်ပလဲကိစ္စကဌောင့် မင်သအတော်လေသကို စိတ်မချမ်သမသာဖဌစ်နေခဲ့တာ...မင်သ ကို

မာဖဌစ်နေတာကိုအကဌောင်သပဌပဌီသ ဒီကိစ္စကိုကူရဟင်သထာသလိုက်တော့ မင်သသတိရလာတဲ့အချိန်ကျရင် စိတ်ညစ်စရာမလိုတော့ဘူသပေါ့.."


လော့ချန်မဟာ ခေါင်သပင်စကိုက်လာသလို ခံစာသလိုက်ရသည်။


ဒါကဘယ်လိုအခဌေအနေကဌီသလဲ?