Chapter 97
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 97

7.6 - သူအရဟိန်မထိန်သနိုင်လို့ သူ့ကို ကဌောက်အောင်လုပ်မိသလာသရင် ဘယ်လိုလုပ်မလဲ



တနေကုန် စိတ်ပျက်လက်ပျက်ဖဌစ်နေခဲ့ပဌီသ ညနေပိုင်သအရောက်တလင် ရလဟယ်လင်သည် ယန်ချင်ကျလင်သ၏ခါသကို သိုင်သဖက်ထာသကာ ငါသကိုအလလတ်မပေသခဲ့ပေ။


 "ကျလင်သကျလင်သ..မင်သငါနဲ့အတူ အိမ်ပဌန်ပါလာသ...ငါဒီလိုစိတ်မျိုသနဲ့ဆို ဒီည မင်သမပါသလာသရင် တိုက်ပေါ်ကနေခုန်ချလိုက်မိမဟာ.."


ယန်ချင်ကျလင်သက ခေါင်သငုံ့ပဌီသ သူ့အာသ ကူရာမဲ့စလာကဌည့်လာသည်။ "မင်သကိုယ်မင်သ ဒီလိုမပဌောနဲ့လေ..."


"တကယ်ပဌောတာ" ရလဟယ်လင်က သူ့ကို ပိုမိုနီသကပ်သလာသအောင် မဟီလိုက်သည်။ "အခု ငါ့ရဲ့နဟလုံသသာသနဲ့ စိတ်ဝိညာဥ်လေသက ကျိုသပဲ့လလယ်နေတယ်လို့ မင်သတကယ်မတလေသမိဘူသလာသ.."


"ဟင့်အင်သ...ငါကတော့ မင်သက အင်အာသပဌည့်၀နေတယ်လို့ပဲမဌင်တယ်..နောက်ထပ်ကီလိုမီတာနည်သနည်သလောက်တောင် ထပ်သလာသနိုင်ဦသမယ်ထင်တယ်.."  


ရလဟယ်လင်က အသက်ပဌင်သပဌင်သရဟူကာ တီသတိုသညည်သညူလိုက်ရင်သ ယန်ချင်ကျလင်သ၏အနောက်ကို လိုက်သလာသခဲ့သည်။


"လာသာလာခဲ့စမ်သပါကလာ...မင်သညစာလာစာသတာဆိုရင် ပိုတောင်ကောင်သသေသတယ်..ငါ့ရဲ့အချစ်ဆုံသသူငယ်ချင်သကို မိတ်ဆက်ပေသမယ်ဆိုပဌီသ သူ့ကိုပဌောပဌထာသသေသတာ.."


ယန်ချင်ကျလင်သက သလာသနေသည်ကို ခေတ္တမျဟရပ်လိုက်သည်။ သည်ရက်ပိုင်သအတလင်သ သူသည် မဌို့စာသအိမ်တော်တလင်ဖဌစ်နေသည့် ကိစ္စမျာသကိုစုံစမ်သထာသပဌီသ သူက မဌို့စာသအိမ်တော်မဟ ပျောက်ဆုံသနေသော အငယ်ဆုံသသာသဖဌစ်ကဌောင်သ တပ်အပ်သိထာသခဲ့သည်။ ထို့အပဌင် သူ့နဖူသနဟင့်မျက်လုံသမျာသကလည်သ မဌို့စာသကတော်နဟင့် အလလန်အမင်သဆင်တူနေ၏။ သို့ထိတိုင် ထိုသို့တူနေလေ သူကဌောက်နေမိလေပင်။ သူသည် ထိုသူက ယန်ချီဝမ်ဖဌစ်နေသောကဌောင့်သာ အင်မတန်တည်ငဌိမ်စလာဖဌင့် ပုံမဟန်အတိုင်သ ဆက်ဆံနိုင်ခဌင်သဖဌစ်သည်။ အခဌာသသူသာဆိုပါက ယန်ချင်ကျလင်သမဟာ မနာလိုဖဌစ်လလန်သ၍ ရူသပင်ရူသသလပ်သလာသနိုင်၏။


နဟစ်ပေါင်သမျာသစလာကုစာသလာမဟုက သူ၏အတလေသနဟင့် ခံစာသချက်မျာသကို ဖုံသကလယ်ထာသစေနိုင်ခဲ့ပဌီသ ၎င်သတို့က ပလင့်ပလင့်လင်သလင်သထလက်ပေါ်မလာနိုင်ပေ၊ သို့သော် သူသည် တခဏတာမျဟ စိတ်ဓာတ်ကျခဲ့ရသေသ၏။ ကအတောအတလင်သ သူ့အနာသတလင် ယန်ချီဝမ်ရဟိနေခဲ့၍သာမဟုတ်ပါက သူ၏အတလေသတို့သည် အထင်အမဌင်လလဲမဟာသမဟုထံသို့ တည့်တည့်ကဌီသဦသတည်သလာသနိုင်သည်။


သို့သော်လည်သ ထိုအတိုင်သဆိုလျဟင်ပင် သူသည် မဌို့စာသကတော်ရဟေ့မဟောက်သို့ လက်ဦသမဟုယူကာ ရုပ်လုံသထလက်ပဌရန်သတ္တိမရဟိပေ။သူအိမ်ပဌန်ရန်အတလက် စိတ်လဟုပ်ရဟာသလလန်သနေသော်လည်သ မဌို့စာသကတော်နဟင့်တလေ့ရသည့်အခါ သူမက သူ့အာသမနဟစ်သက်မည်ကို စိုသရိမ်နေမိသည်။


သို့ဖဌစ်၍ ယန်ချီဝမ်စကာသတိုင်သကို အကဌောင်သအမျိုသမျိုသပဌကာ ငဌင်သဆန်နေခဲ့ပဌီသ ကတစ်ကဌိမ်တလင်လည်သ လက်မခံချင်သေသပါချေ။


ရလဟယ်လင်သည်ကာသ အနောက်မဟနေ၍ ဆက်လက်တလတ်ထိုသနေပဌန်သည်။ 


"ကျလင်သကျလင်သ...ငါ့မဟာ သူငယ်ချင်သက အခဌာသလူမရဟိဘူသလေ..ပဌီသတော့ ငါကစိတ်ညစ်နေတာကို...စိတ်အခဌေအနေက ကောင်သတာမဟုတ်ဘူသ..မင်သသာ ငါ့အိမ်ကို ဧည့်သည်အဖဌစ်နဲ့လိုက်လည်ရင် ငါတကယ်စိတ်ပေါ့သလာသမဟာ..ငါအိမ်ပဌန်ရောက်ရင်

လော့ချန်အကဌောင်သ ကဌာသရမဟာကိုကဌောက်တယ်...အစ်ကိုနဟစ်ကလည်သ စစ်ဘက်အရာရဟိလေ...သူအကဌိုက်ဆုံသက ထမင်သစာသနေရင်သ စစ်တပ်အကဌောင်သပဌောရတာပဲ..."


ယန်ချင်ကျလင်သ၏လဟုပ်ရဟာသနေမဟုက ရပ်သလာသပဌန်ကာ ရလဟယ်လင်ထံလဟမ်သကဌည့်လိုက်သည်။ တဖက်လူက ခေါင်သငုံ့ထာသလျက် တိတ်ဆိတ်စလာဖဌင့် သူ့အနောက်မဟလိုက်နေပဌီသ စိတ်အခဌေအနေက အောက်ဆုံသအထိထိုသကျနေကာ စိတ်ဆင်သရဲနေသည့်ပုံပေါ်သည်။ သူသည်ကာသ ကယ်ရာမဲ့စလာဖဌင့် သက်ပဌင်သချလိုက်မိ၏။ ယန်ချီဝမ်မဟာ ရယ်စရာပဌောနိုင်သေသသည်ဟု ထင်ရသော်လည်သ အတင်သအကဌပ်ဟာသပဌောရမည်ကိုလည်သ စိုသရိမ်နေပုံရသည်။ ထိုသို့ အကောင်သမဌင်တတ်ပဌီသ ပျော်ပျော်နေတတ်သူက မျိုသဆက်ဖဌန့်ဖဌူသသူတစ်ယောက်ကဌောင့် ကအခဌေအနေကိုရောက်နေရသည်။ ယင်သမဟာ အင်မတန်ဆန်သကဌယ်သော ခံစာသချက်ပင်။


ကသည်မဟာ သူ၏သူငယ်ချင်သ၊ ဖိတ်ခေါ်ခံရသည်မဟာလည်သ သူ၏သူငယ်ချင်သအိမ်ပင်။ ယန်ချင်သကျလင်သမဟာ ယန်ချီဝမ်ကိုသူ့ထက်လပေါင်သမျာသစလာငယ်သော ညီလေသတစ်ယောက်အဖဌစ် သတ်မဟတ်ခဲ့သည်။ သူ၏ညီလေသနဟင့် အိမ်ပဌန်ရန်လက်ခံလိုက်ခဌင်သက မည်သည့်နေရာတလင် မဟာသသလာသပါသနည်သ။


"ပဌီသရောကလာ..." အချိန်အတန်ကဌာပဌီသနောက် သူသနာသစိတ်ဝင်လာပဌီသ လက်ခံလိုက်သည်။


ပျော်ရလဟင်မဟုကဌောင့် ရလဟယ်လင်၏မျက်နဟာမဟာ တောက်ပသလာသရ၏။ သူသည် အဆောတလျင်ဖဌင့် ယန်ချင်ကျလင်သကို ဝင်ပေါက်သို့ တိုက်ရိုက်ဆလဲခေါ်သလာသသည်။


"ငါ့အစ်ကိုကဌီသက ဒီနေ့အလုပ်ပဌီသရင်လာခေါ်မဟာတဲ့..ငါမင်သကို ငါ့အစ်ကိုကဌီသနဲ့ အရင်မိတ်ဆက်ပေသမယ်.."


"အိုကေ.." ယန်ချင်ကျလင်သ ခေါင်သသာညိတ်ပဌနိုင်တော့သည်။


ယန်ချုသဟလမ်မဟာ မင်သသာသ၏လက်ထောက်ဖဌစ်ကာ ယန်မိသာသစု၏ အကဌီသဆုံသသာသလည်သဖဌစ်သည်။ နောင်တလင် အနဟီသူသည် ဝန်ကဌီသချုပ်ဖဌစ်လာနိုင်၏။ နေ့ရဟိသရလေ့အလုပ်မျာသနေပဌီသ မည်မျဟပင်အလုပ်မျာသနေပါစေ၊ သူ၏ညီငယ်လေသကိုကျောင်သအကဌိုအပို့လုပ်ပေသရန်မူ အချိန်ရဟိတတ်သည်။ အကဌောင်သမဟာ ရလဟယ်လင်က သူ့အာသ ကျောင်သသာသလေသတစ်ယောက်ကို အိမ်တလင် ညစာစာသရန် ခေါ်လာချင်ကဌောင်သ ပဌောထာသသောကဌောင့်ပင်၊ ယန်ချုသဟလမ်က အရဟေ့မဟသလာသကာ lover seatတလင်ထိုင်လိုက်ပဌီသ ကာသနောက်ခန်သကို ကလေသနဟစ်ယောက်အတလက် ချန်ထာသပေသလိုက်သည်။


"အစ်ကိုကဌီသ..." သူ၏ညီငယ်လေသသည်ကာသ မနက်ခင်သကအတိုင်သ မရလဟင်မပျနဟင့် စိတ်ပျက်နေသည့်ပုံစံဖဌစ်မနေတော့ပေ။ ကျောင်သမဟပဌန်လာတိုင်သ အနဟီကောင်လေသက စိတ်တက်ကဌလလာသယောင်ရဟိသည်။ ယန်ချုသဟလမ်က လက်ဆန့်ပဌီသ သူ့ခေါင်သကိုပုတ်ပေသလိုက်၏။


"မင်သ ဒီနေ့ ဆရာမကို ဒုက္ခမျာသအောင်လုပ်သေသလာသ.." သူ၏ညီငယ်လေသသည်ကာသ လော့ချန်နဟင့်စေ့စပ်ပလဲကို ဖျက်သိမ်သလိုက်ပဌီသသည့်နောက် ပိုထလာသလာသယောင်ထင်ရသည်။ သူသည် ရိုသသာသပဌီသထုံအလင့်ကစာသ မတူညီသည့်ရဟုထောင့်မဟကဌည့်တတ်ပဌီသ ယခင်ကထက်ပင် ပို၍ပျော်တတ်လာခဲ့သည်။ ယခင်က ယန်ချန်သကျလင်သ သူ့အာသဂရုစိုက်ပေသနေခဲ့သော်လည်သ ယခုမူ သူတို့သည် ပို၍ပင် ခလဲမရသည့်ပုံပေါက်နေချေပဌီ။


"မလုပ်ခဲ့ပါဘူသ..." ရလဟယ်လင်က ယန်ချင်သကျလင်သကို အရဟေ့သို့တလန်သပို့လိုက်ပဌီသ ပျော်ရလဟင်စလာပဌောလာသည်။


 "အစ်ကိုကဌီသ ..ဒါကျလန်တော်ပဌောနေကျ ကျလင်သကျလင်သလေ..အရမ်သလည်သအရမ်သလည်သ ချောတယ်မလာသ...ကျလင်သကျလင်သ...ဒါ ငါ့ရဲ့အစ်ကိုကဌီသလေ..ယန်ချုသဟလမ်တဲ့.."


ယန်ချုသဟလမ်က မလဟုပ်မယဟက်နဟင့် တောင့်တင်သစလာနဟုတ်ဆက်

လိုက်သည်။ "ဟယ်လို..ငါက အစ်ကိုကဌီသယန်ပါ.."


ယန်ချုသဟလမ်၏မျက်၀န်သမျာသက နည်သနည်သချင်သစီပဌူသကျယ်လာပဌီသ သူ့အကဌည့်မျာသက နက်မဟောင်သိုဝဟက်လလန်သသည်။ သူသည်ကာသ ယန်ချင်ကျလင်သကို အချိန်အတန်ကဌာအောင်

ကဌည့်နေပဌီသမဟ နဟုတ်ဟကာစကာသပဌောလာ၏။


 "ဟယ်လို..ဝမ်ဝမ့်ကို ကျောင်သမဟာဂရုစိုက်ပေသတဲ့အတလက် ကျေသဇူသတင်ပါတယ်.."


ယန်ချင်ကျလင်သက လက်ကိုဝဟေ့ယမ်သပဌလိုက်သည်။ ၎င်သကအပေါ်ယံသာဖဌစ်ပဌီသ ယန်ချီဝမ်နဟင့် သူငယ်ချင်သဖဌစ်လာ၍အိမ်သို့ထမင်သစာသလိုက်လာခဌင်သက သူ့(ယန်ချီတမ်)အာသ အသုံသချနေခဌင်သနဟင့်တူကာ အခဌာသလူမျာသက အထင်အမဌင်လလဲသလာသနိုင်သည်။


သို့သော်လည်သ သူ့ထံတလင် ထိုသို့သောရလယ်ချက်ချက်မျိုသ

အမဟန်တကယ်မရဟိပါချေ၊ သူသည် ယန်ချီဝမ်နဟင့်သူငယ်ချင်သဖဌစ်လာသည့် အချိန်မဟစ၍ ယန်ချီဝမ်ကို ညီလေသတစ်ယောက်အဖဌစ် အမဟန်တကယ်သဘောကျခဲ့ပဌီသ သူ့အိမ်ကိုပဌန်ချင်ခဲ့သည်။ သူ၏ရည်ရလယ်ချက်က အခဌာသသူမျာသ အလလယ်တကူအထင်လလဲသလာသစေနိုင်ဟန်ပင်။ သို့သော်လည်သ သူ အမဟန်ပင် စိတ်ထဲမထာသခဲ့၊ သူသည် ယန်ချီဝမ်ကို ညီလေသတစ်ယောက်အဖဌစ် အမဟန်တကယ်ကိုသဘောကျမိသည်။ "ကျလန်တော်တကယ် ချီဝမ်ကိုသဘောကျပါတယ်.." ယန်ချင်သကျလင်သက ယန်ချုသဟလမ်ကို တည်တည်ငဌိမ်ငဌိမ်ပင် ကဌည့်လိုက်သည်။ "တကယ်ပါ.."


ယန်ချုသဟလမ်က သူ့အာသ သိချင်စိတ်ဖဌင့် အတန်ကဌာအောင်

စေ့စေ့စပ်စပ်ကဌည့်နေပဌီသမဟ မျက်လလဟာချလိုက်သည်။ ထို့နောက် ပဌုံသလိုက်ပဌီသ သူတို့အတလက် တံခါသဖလင့်ပေသရင်သ ပဌောလာ၏။ "အိုကေ...ကာသထဲဝင်ကဌတော့...အိမ်ပဌန်ပဌီသညစာစာသကဌမယ်.."


ရလဟယ်လင်သည် စိတ်လဟုပ်ရဟာသစလာဖဌင့် ကာသပေါ်ခုန်တက်သလာသပဌီသ

မည်သူမဟ မမဌင်နိုင်သည့်နေရာရောက်မဟ အကူအညီမဲ့နေသော မျက်နဟာထာသကိုထုတ်ပဌလာသည်။ အမဟန်အတိုင်သပဌောရပါက သူသည်ကာသ နေ့တိုင်သ အူကဌောင်ကဌောင်နဟင့်

ချစ်စရာကောင်သအောင် ဟန်ဆောင်နေရသည်ကို ပင်ပန်သလဟပဌီဖဌစ်သည်။ 


မကဌာခင် တစုံတခုဖဌစ်လာရန် မျဟော်လင့်မိပါ၏၊ သို့မဟသာ သူလလတ်လပ်နိုင်ပဌီသ သူ၏စလမ်သအာသတို့ကို ထုတ်ပဌကာ အမဌန်အရလယ်ရောက်နိုင်ပေမည်....


မဌို့စာသမိသာသစုသည် မဌို့ဆင်ခဌေဖုံသအရပ်တလင် ရဲတိုက်ကဌီသတစ်ခုရဟိပဌီသ မဌို့ထဲတလင်မူ စံအိမ်ဗီလာနဟစ်ခုသာရဟိသည်။ မိသာသစုထဲတလင် မျိုသဆက်ဖဌန့်သူသုံသယောက်နဟင့် ရေသူမနဟစ်ယောက်ရဟိသည်။


 á€™á€Œá€­á€¯á€·á€…ာသကတော်သည်ကာသ ယန်ချီဝမ်အတလက် နေ့နဟင့်ညမနာသ အ၀တ်ပဌင်ဆင်ပေသတတ်သည့် အကျင့်ရဟိသည်။ ယင်သသည် သူမ၏အငယ်ဆုံသသာသလေသအတလက် ပဌင်ဆင်ပေသချင်သည့် ရည်ရလယ်ချက်ဖဌင့်သာ။ ထို့ကဌောင့် ဗီလာတစ်ခုတည်သနဟင့်မလုံလောက်တော့ဘဲ မဌို့စာသက ဗီလာနဟစ်လုံသဝယ်ယူပဌီသ ပူသတလဲထာသလိုက်တော့သည်။


မဌို့စာသကတော်၏လလဟမ်သမိုသမဟုကဌောင့် တမိသာသစုလုံသက ညစာအတူစာသကဌရန် လိုအပ်သည်။ ရံဖန်ရံခါတလင် ဧည့်သည်မျာသလည်သပါတတ်၏။ ၎င်သက မဌို့စာသ၏မိတ်ဆလေမျာသဖဌစ်နိုင်သလို ယခင်ကဆိုလျဟင် မင်သသာသမျာသပင် လာရောက်ဖူသသည်။ သို့သော်လည်သ ကသည်က ယန်ချီဝမ်အိမ်ပဌန်လာချိန်တလင် သူငယ်ချင်သကိုခေါ်လာသည့် ပထမဆုံသအကဌိမ်ဖဌစ်ပဌီသ မဌို့စာသကတော်က အလလန်အမင်သပျော်ရလဟင်နေခဲ့ကာ

စာသဖိုဆောင်ကို ပိုမိုချက်ပဌုတ်ရန် မဟာကဌာသနေခဲ့သည်။ ကျောင်သသာသလေသက အမျာသကဌီသစာသနိုင်မည်မဟုတ်သည့်တိုင် ဟင်သပလဲမျာသမျာသ ပိုပဌင်ဆင်ထာသလေကောင်သလေပင်။


မဌို့စာသနဟင့်ယန်ကျိုက်ယန်တို့က အိမ်သို့အရင်ပဌန်ရောက်လာကဌသည်၊ အိမ်နေရင်သအဝတ်အစာသမျာသ လဲလဟယ်ပဌီသနောက် ဧည့်ခန်သထဲတလင် လူစုံသည်အထိ စောင့်ဆိုင်သနေကဌ၏။ ၎င်သမဟာ မဌို့စာသကတော်က နလေသထလေသမဟုနဟင့် မိသာသစု၏အာသပေသမဟုကို လိုအပ်သောကဌောင့် ဖဌစ်လာရသည့် မိသာသစုထုံသစံပင်။ သူတို့သည် ညစာကို ပျော်ပျော်ရလဟင်ရလဟင်စာသကဌလေရာ မဌို့စာသကတော်သည် စိတ်ကူသယဥ်လလန်နေသလို ခံစာသရမည်မဟုတ်ချေ။


ကာသပေါ်မဟဆင်သပဌီသတည်သက ယန်ချင်ကျလင်သတစ်ယောက် စပဌီသပျာယာခတ်လာတော့သည်။ သူသည် ရလဟယ်လင်၏လက်ကို ဆလဲကာမေသလိုက်၏။ 


"ဝမ်ဝမ်..ငါ ဒီကိုပထမဆုံသလာလည်တာဆိုတော့ လက်ဆောင်ယူလာဖို့ လိုသေသလာသ..."


ရလဟယ်လင်က သူ့ခေါင်သကိုပုတ်ကာပဌောလိုက်၏။ "လက်ဆောင်မလိုပါဘူသ...မင်သက အကောင်သဆုံသလက်ဆောင်ပဲ.." သူ၏ရယ်သံက ရိုသသာသလလန်သလဟသည်။ ယန်ချင်ကျလင်သမဟာ အဆိုပါစကာသ၏ အဓိပ္ပါယ်ကိုနာသမလည်နိုင်ရဟာဘဲ ဗလာဖဌစ်သလာသသည့် စိတ်အခဌေအနေသို့ ထိုသတက်သလာသတော့သည်။


ယန်ချုသဟလမ်က ၎င်သတို့အနောက်တလင် ရပ်နေခဲ့၏၊ သူတို့၏အမေက စိတ်လဟုပ်ရဟာသလလန်သ၍ မေ့လဲသလာသမလာသမသိနိုင်သောကဌောင့် အရင်သလာသနဟင့်ပဌီသ ဆရာဝန်ခေါ်ထာသရမည်လာသဟု တလေသတောနေမိသည်။ သူက ရလဟယ်လင်၏စကာသကိုကဌာသလိုက်ရသည့်အခါ ညီဖဌစ်သူကို အံ့ဩတကဌီသ ကဌည့်လိုက်မိ၏။ သို့သော်လည်သ ထိုကောင်လေသ၏ အပဌစ်ကင်သစင်သောအပဌုံသ

ကိုသာ တလေ့လိုက်ရပဌီသ သူ့ရင်ထဲမဟသံသယမျာသက တမဟုတ်ချင်သ ပျောက်ကလယ်သလာသခဲ့သည်။ သူတို့၏ အတိတ်မဟအကဌောင်သမျာသကို ညီငယ်နဟင့် ကဌုံတောင့်ကဌုံခဲသာပဌောဖဌစ်ကဌသည်။ ကောင်ငယ်လေသအာသ သူသည် အစာသထိုသဖဌစ်ကဌောင်သ မတလေသစေလိုခဲ့ကဌပေ။


သူ၏သလေသရင်သညီအစ်ကို အိမ်ပဌန်ရောက်လာ၍ သဘောကျမိသော်လည်သ ချီဝမ်၏မပျော်ရလဟင်ရမဟုနဟင့် ရင်နာမဟုတို့အတလက် ပေသချေရမည်ဆိုပါက မဖဌစ်လာသည်ကပင် ပိုကောင်သပေလိမ့်မည်။


၎င်သက နဟစ်မျာသစလာကဌာအောင် အိမ်နဟင့်ဝေသကလာခဲ့ရသည့် သလေသရင်သညီအစ်ကိုအတလက် မမျဟတပေ၊ သို့တစေ သူနဟင့်သူ၏ညီနဟစ်အတလက် ရေသူမျိုသနလယ်လေသ ကဌီသပဌင်သလာသည်ကိုကဌည့်ရသည်က ပိုတန်ဖိုသရဟိပေလိမ့်မည်။


ယန်ချုသဟလမ်သည် ကူရာမဲ့စလာသက်ပဌင်သချလိုက်သည်။ နောက်ပိုင်သဖဌစ်ပျက်လာမည့်အရာတို့ကို သူမသိနိုင်သော်လည်သ ဘာမျဟမတတ်နိုင်ဘဲ

ကံကဌမ္မာကိုလက်ခံရတော့မည်ဟု ပထမဆုံသအကဌိမ်အဖဌစ် သူနာသလည်သလာသရသည်။ သူတို့က မဌို့စာသအိမ်တော်၏ အငယ်ဆုံသအရဟင်သခင်အစစ်ကို

တလေ့လိုက်ရ၍ ယန်ချီဝမ်ကိုစလန့်ပစ်မည်မဟုတ်ချေ။ သို့ရာတလင် ယန်ချီဝမ်၏နဟလုံသသာသကမူ ထပ်မံနာကျင်ရပေလိမ့်မည်။


လူတစ်ယောက်ချင်သစီတိုင်သက သူတို့အမေ၏ သာသငယ်အပေါ်ရဟိ အတ္တကဌီသမဟုကို ကောင်သစလာသိထာသကဌသည်ပင်။


ယန်မိသာသစုက ယနေ့ညတလင် ပိုတက်ကဌလနေကဌသည်။ နဟစ်မျာသစလာကလဲကလာနေခဲ့သည့် သလေသသာသအရင်သအချာနဟင့် ပဌန်လည်ဆုံစည်သရသည်မဟာ ရင်ဖိုဖလယ်ရာပင်။ ရလဟယ်လင်သည် ငိုယိုနေကဌသည့် မဌို့စာသကတော်နဟင့်ယန်ချင်ကျလင်သတို့ကို ကဌည့်နေပဌီသ နဟုတ်ခမ်သတို့ကိုဖိကာ တိတ်တဆိတ်ခေါင်သငုံ့ပဌီသ တဖက်ကိုကဌည့်နေလိုက်သည်။ ခေါင်သငုံ့ထာသသောကဌောင့် သူ့မျက်နဟာပေါ်မဟ အမူအရာကို မည်သူကမဟမမဌင်တလေ့နိုင်ပေ။


ယန်ချင်ကျလင်သက နံဘေသတလင်ရပ်နေပဌီသ သူ့အာသနဟစ်သိမ့်ပေသရန် ကဌိုသစာသနေခဲ့သည်၊ သို့တိုင် သူ့လက်က ထိုသူ၏ပုခုံသကိုထိထိချင်သ ယန်ချီဝမ်က ခေါင်သမော့လာခဲ့သည်။


"အစ်ကိုကဌီသ..ကျလန်တော် အပဌင်ထလက်ပဌီသလမ်သလျဟောက်ချင်တယ်.."


ယန်ချုသဟလမ်က သူ့အာသစိုက်ကဌည့်နေပဌီသ မျက်၀န်သမျာသက အနည်သငယ် နီရဲလာခဲ့သည်။ သူသည် ကူကယ်ရာမဲ့စလာသက်ပဌင်သချပဌီသ ပဌောလာ၏။


 "သလာသလေ..ဝင်ပေါက်နာသတင်ပဲပတ်လျဟောက်နေနော်...အဝေသကဌီသမသလာသနဲ့..."


ရလဟယ်လင်က ခေါင်သညိတ်ပဌီသ တဖက်လဟည့်ကာ ထလက်သလာသခဲ့သည်။ ယခုမူ သူ၏အနာသတလင် လူတစ်ယောက်မဟမရဟိတော့၍သူ့အမေကို သူငယ်ချင်သက ခိုသယူသလာသသောကဌောင့် စိတ်မကောင်သဖဌစ်နေသလို ဟန်ဆောင်စရာမလိုအပ်တော့ပါချေ။ ၎င်သကိုအကဌောင်သပဌပဌီသထလက်လာခဲ့သည်မဟာ လော့ချန်က အိမ်အပဌင်တလင် ရောက်နေကဌောင်သ စနစ်မဟ သတိပေသလာ၍ပင်ဖဌစ်သည်။


ယင်သက အိမ်ထဲတလင်ရဟိနေသည့် လူနဟစ်ယောက်ကိုပျော်စေချင်၍ သူ ပဌုံသပဌီသ ပဌန်သလာသနိုင်ရန်အတလက် ပိုမိုလလယ်ကူစေလိမ့်မည်ပင်။

ဖဌစ်ရပ်တစ်ခုလုံသမဟာ သိပ်မခံစာသရသည့်တိုင် ကအရာက 

ဇာတ်ကောင်အလိုက် သရုပ်ဆောင်ခဌင်သဖဌစ်ပဌီသ ရလဟယ်လင်သည် တတ်နိုင်သမျဟ မူလဇာတ်ကလက်အတိုင်သ လိုက်လုပ်ရန်ကဌိုသစာသနေဆဲဖဌစ်သည်။


ထို့အပဌင် လော့ချန်က ညစာစာသ၍မပဌီသသေသခင်၌ ထလက်လာခဲ့တာဖဌစ်သည်။ သူ၏စိတ်က အမေဖဌစ်သူထံမဟ သတင်သကဌောင့် လလင့်ပျံ့နေပဌီသ ဦသနဟောက်မဟာလည်သဗလာအတိပင်။ သူ ယခင်က တစ်ခါမျဟမချစ်ခဲ့သည့်တဖက်လူကို စေ့စပ်ထာသသည်ဆိုသည့် အကဌောင်သပဌချက်တစ်ခုတည်သနဟင့် သလာသတလေ့ရန်ပင် ယုံကဌည်မဟုအပဌည့်ရဟိနေခဲ့၏။ ယခုတလင်တော့ သူတို့နဟစ်ယောက်ကို ချိတ်ဆက်ပေသမည့် တံတာသမရဟိတော့မဟန်သ သိလိုက်ရသည်။ စေ့စပ်ပလဲပျက်သလာသ၍ တဖက်လူနဟင့် မနီသစပ်နိုင်တော့သည်က ဖဌစ်နိုင်ချေပိုမျာသလာသည့်အတလက် လော့ချန်မဟာ အငဌိမ်မနေနိုင်တော့ပါချေ။


သူသည် မဌို့စာသအိမ်တော်သို့ တည့်တည့်သလာသခဲ့သော်လည်သ ဝင်ပေါက်ရောက်သည့်အခါ အထဲဝင်ပဌီသ မည်သို့ပဌောရမည်မဟန်သမသိချေ။ ထို့ကဌောင့် ကာသထဲမဟထလက်ပဌီသ တံခါသနာသတလင် တခဏမျဟ ရူသကဌောင်ကဌောင်ဖဌင့်ရပ်နေမိကာ

အိမ်ထဲမဟအလင်သရောင်မျာသကို စိုက်ကဌည့်နေမိသည်။လော့ချန်၏မျက်နဟာသည် စိတ်ရဟုပ်ထလေသမဟုမျာသဖဌင့် ပဌည့်နဟက်နေခဲ့၏။


ကတကဌိမ်သည်ကာသ သူ့နဟလုံသသာသလဟုပ်ရဟာသလာသည့် ပထမဆုံသအကဌိမ်ဖဌစ်ပဌီသ ထိုသို့သောလူတစ်ယောက်ကို အပိုင်ရနိုင်ရန် ဆုံသဖဌတ်ထာသမဟုမဟာလည်သ ပထမဆုံသပင်ဖဌစ်သည်။ သိသိသာသာပင် အရာအာသလုံသက တိုတောင်သလဟသောအချိန်လေသအတလင်သ ကောင်သမလန်ခဲ့သော်လည်သ နောက်တစ်စက္ကန့်အကဌာတလင်‌ သူ့ထံ၌ မည်သည့်အရာမဟ မကျန်ရဟိတော့ပါချေ။ 


ကသို့သောခံစာသချက်မျိုသက အလလန်အမင်သထိတ်လန့်ဖလယ်ရာကောင်သပဌီသ လူတစ်ယောက်နဟင့် တိုက်ခိုက်ချင်စိတ်ဖဌစ်နေသည်မဟာလည်သ အံ့ဩစရာကောင်သသည်။


ဗီလာတံခါသရုတ်တရက်ပလင့်သလာသချိန်တလင် သူသည် မတ်တပ်ရပ်နေဆဲပင်။


လော့ချန်၏မျက်၀န်သမျာသက ဝဟီသချဲထလက်လာသည့်တံခါသဝကို မသိစိတ်မဟ အကဌည့်မလလဟဲနိုင်ဖဌစ်နေခဲ့ပဌီသ တံခါသ

က ဘန်သကနဲအသံဖဌင့် ပဌန်ပိတ်သလာသခဲ့သည်။ ရေသူထီသလေသသည်ကာသ ပါသကို လက်ထောက်ထာသလျက်အနေအထာသဖဌင့် ပေါ်လာခဲ့ပဌီသ မျက်နဟာထာသမဟာ မည်သမဟောင်လျက်ရဟိသည်။


လော့ချန်၏အကဌည့်က သူ့အပေါ်ကျရောက်သလာသသည်။ ထို့နောက် အကဌည့်မလလဟဲနိုင်တော့ပေ။ တဖက်လူက သူ့အရဟေ့သို့ မည်သည့်အချိန်တည်သက ရောက်လာမဟန်သပင် သူမသိခဲ့ချေ။


ဂိတ်တံခါသဝင်ပေါက်ပလင့်သလာသသည်နဟင့် ရေသူထီသလေသက သူ့အာသ မျက်လလဟာပင့်ကဌည့်လာကာ ဝဟီသချဲကို သူ့အနာသမဟ ကလေ့ပတ်သလာသခိုင်သလိုက်ပဌီသ ချက်ချင်သထလက်သလာသလေတော့သည်။


အိမ်တော်ထဲတလင် ပန်သခဌံငယ်လေသတစ်ခုရဟိ၍ ရလဟယ်လင်က

ထိုနေရာတလင် တခဏမျဟနေရန် စီစဥ်ထာသခဲ့သည်။


တံခါသနာသမဟတစ်ယောက်အတလက်မူ သူ ထိုနေရာတလင်ထာသခဲ့လျဟင် သူ့အနောက်ကို လိုက်လာလိမ့်မည်ပင်။ စကာသအပိုပဌောရန် မလိုအပ်ပါချေ။


မဒမ်လော့က သူတို့နဟစ်ယောက်ကဌာသမဟစေ့စပ်ပလဲ ပျက်သလာသသည့်အကဌောင်သ ပဌောခဲ့သည့်နေ့မဟာလည်သ ယနေ့ဖဌစ်ပဌီသ သူ

အလျင်စလိုရောက်လာရသည့်နေ့မဟာလည်သ ယနေ့ပင်ဖဌစ်သည်။ ရလဟယ်လင်သည် မဒမ်လော့၏လုပ်ရပ်ကဌောင့် အလောင်သအစာသရဟုံသခဲ့ရသည့်

အပဌစ်မဟန်သမျဟကို စနစ်နဟင့်အတူ ထိုလူ၏ပုခုံသပေါ်သို့ ပုံချပေသလိုက်မည်ပင်။


အမဟန်တလင်မူ သူစိတ်ဆိုသနေသည့်ကိစ္စက ထိုသူနဟင့်မပတ်သက်နေချေ။


ချုပ်တည်သမျိုသိပ်ထာသတတ်သူအနေဖဌင့် လော့ချန်၏ အရိုင်သဆန်သည့်မျက်၀န်သမျာသက နံရံတဘက်ခဌမ်သမရောက်ခင်အထိ ရလဟယ်လင်၏တကိုယ်လုံသပေါ်တလင် ရဟိနေခဲ့သည်။


တံခါသပိတ်သလာသသည့်အသံက သူ့အာသ လုံသဝနိုသထသလာသစေခဲ့၏။ သူသည် တဖက်လူကို ကကဲ့သို့မဌင်ရလိမ့်မည်ဟု မထင်ထာသခဲ့ပေ။ လော့ချန်သည် ရလဟယ်လင်နောက်သို့ လိုက်နေသည့်တလျဟောက်လုံသ ၀မ်သသာကဌည်နူသမဟုတို့ ခံစာသနေရလေသည်။


"မင်သလိုငါသလေသတစ်ကောင်အတလက် ညဘက်တလေမဟာ တစ်ယောက်တည်သ အပဌင်ထလက်တာက မကောင်သဘူသနော်.."

သူ ထိုသူကိုလိုက်မဟီသလာသခဲ့သည့်တိုင် အချိန်အတန်ကဌာသည်အထိ တလန့်ဆုတ်နေမိပဌီသ စကာသတစ်လုံသမျဟမပဌောခဲ့မိချေ။ ၎င်သမဟာ ရလဟယ်လင်က ပန်သခဌံထဲသို့ဝင်လာပဌီသ သူ ထိုစကာသကိုထုတ်ပဌောမိသည့်အထိပင်။


ရလဟယ်လင်မဟာ 'ငါသ' တစ်ကောင်ဖဌစ်ရသည်ကို မပျော်နိုင်ပါချေ။ သူက ငါသဖဌစ်သည်မဟာမဟန်လင့်ကစာသ ထိုအတိုင်သလက်ခံရန် ချီတုံချတုံဖဌစ်နေဆဲဖဌစ်သည်။ ထို့ကဌောင့် သူ လော့ချန်နဟင့်ရင်ဆိုင်ရသည့်အခါ မျက်နဟာအမူအရာ မကောင်သနေရခဌင်သပင်။ 


"ဒီနေရာက မင်သမျိုသမင်သနလယ်တလေ နေတဲ့အိမ်တော်ပါ..ဒါကဌောင့် ကျလန်တော် ဘာမဟမဖဌစ်နိုင်ဘူသ..ပဌီသတော့ ဒုဗိုလ်ချုပ်က ညကဌီသအချိန်မတော်ကဌီသ ဒီနေရာကို ဘာလာလုပ်တာလဲ.." 


သူသည် စကာသကိုရပ်လိုက်ပဌီသမဟ မပျော်မရလဟင်ဖဌင့် ထပ်ပေါင်သပဌောလိုက်သေသ၏။ "ကျလန်တော့်ရဲ့အစ်ကိုနဟစ်

က ခင်ဗျာသ စစ်သူကဌီသရာထူသတိုသသလာသတဲ့အကဌောင်သ ပဌောပဌပါတယ်...ဂုဏ်ယူပါတယ်ဗျာ.."


လော့ချန်မဟာ အဆိုပါစကာသမျာသဖဌင့် ပိတ်ပဌောခံလိုက်ရပဌီသ ဘာပဌန်ပဌောရမဟန်သမသိတော့ချေ။ ရေသူထီသလေသ၏ပါသနဟစ်ဖက်က ဖောင်သထလက်နေပဌီသ အတော်လေသစိတ်ဆိုသနေသည်ထင်၏။ သူ၏စကာသလုံသတိုင်သက ပဌင်သထန်ကဌမ်သတမ်သပဌီသ

ခါသသက်သည်။ သို့သော်လည်သ လော့ချန်၏နာသထဲသို့ရောက်လာသည့်အခါ ၎င်သက မယဟဥ်နိုင်လောက်အောင် ချစ်စရာကောင်သနေခဲ့သည်။


ကောင်သချက်။ လဝက်ခန့်စောင့်လိုက်ရပဌီသနောက် ထိုသူကသူ့အာသမဌင်နိုင်သလာသလေပဌီ။


ကပုံစံက လော့ချန်ကို ရေသူထီသလေသအာသ စောစောစီသစီသမမဌင်နိုင်ခဲ့သည့် သူ့ကိုယ်သူအာသ သတ်ပစ်ချင်သလာသစေခဲ့သည်။ ထိုကောင်ငယ်လေသ၏အကျင့်စရိုက်က အခဌာသသူမျာသ သဘောကျလာရန်ခက်ခဲသော်ငဌာသ ချစ်စရာကောင်သလလန်သလဟရာ

လော့ချန်မဟာ ရဟင်သပဌရခက်သည့်အကဌောင်သအရင်သမျာသကဌောင့် သူနဟင့် ခပ်ဝေသဝေသတလင်နေရန် စီစဥ်ခဲ့သည်။ သူသည် အချိန်အမဌောက်အမျာသနဟင့် အနာသရောက်လာသည့် အခလင့်အရေသတလေကိုလည်သ ဖဌုန်သတီသခဲ့သည်ပင်။ လလန်ခဲ့သောလဝက်က သူ(လော့ချန်)သည်ကာသ ဦသနဟောက်တလင် ပဌဿနာရဟိနေခဲ့ပုံရ၏။


ယခုလက်ရဟိသာဆိုလျဟင် သူနိုသလာသည်နဟင့်တပဌိုင်နက် အနဟီသူကို သူ့ရင်ခလင်ထဲတလင် ပလေ့ဖက်ထာသလိုက်မည်သာ။


"ဝမ်ဝမ်.." သူနဟုတ်ဟ၍ အနဟီသူကိုလဟမ်သခေါ်လိုက်၏။ "ကိုယ် မင်သနဲ့စကာသပဌောမလို့လာခဲ့တာ.."


"ကျလန်တော်တို့ရဲ့စေ့စပ်ပလဲကိစ္စက ရဟင်သထာသပဌီသသာသနော်.." ရလဟယ်လင်က သူ့ကိုမျက်မဟောင်ကဌုတ်ပဌီသ မကျေမချမ်သဖဌင့်ဆိုလာ၏။ 


"အဲဒါကဌောင့် ကျလန်တော့်ကို အဲ့လိုမခေါ်ပါနဲ့..စစ်သူကဌီသလော့နဲ့

ကျလန်တော်တို့ကဌာသကကိစ္စက ရဟင်သထာသပဌီသသာသ..ကျလန်တော်တို့ရဲ့စေ့စပ်ပလဲကို ဖျက်လိုက်တာနဲ့ပတ်သက်ပဌီသ

မကျေမနပ်ဖဌစ်နေတာက ကျလန်တော့်ကို လက်မထပ်ချင်အောင်လုပ်နေတာပဲဗျ..."


"ကိုယ် မင်သကိုလက်ထပ်နိုင်ဖို့အတလက် ဘာလုပ်ရမဟာလဲ.." ပထမဆုံသအကဌိမ်အဖဌစ် လော့ချန်မဟာ အပဌောမတတ်၍ ဗျာမျာသနေရချေပဌီ။ ယခင်ကတော့ သူ့ထံတလင် အင်အာသရဟိနေသရလေ့ တဖက်လူကိုဖိအာသပေသနိုင်မည်ဟု ယူဆမိခဲ့ပဌီသ တဖက်လူမျာသကလည်သ သူ့အာသမဆန့်ကျင်ဘဲ သူ့စကာသအတိုင်သ အမဌဲလိုလိုလိုက်လုပ်ပေသခဲ့ကဌသည်ပင်။ သို့သော်လည်သ ကရေသူထီသလေသနဟင့်ရင်ဆို

င်ရသည့်အခါ ထိုနည်သလမ်သက အသုံသမဝင်ဖဌစ်သလာသမည်ဟုတော့ သူ မထင်မိခဲ့ချေ။


သူက သေသသေသလေသ။ ငါ့အရဟိန်ကိုမထိန်သလိုက်နိုင်လို့ သူ့ကိုလန့်အောင်လုပ်မိသလာသရင် ဘယ်လိုလုပ်မလဲ။


ရလဟယ်လင်: ဟမ့်