Chapter 98
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 98


7.7 - ငါသဘောကျတဲ့ရေသူမျိုသနလယ်ကို လိုက်ခလင့်ရဟိတယ်



"မင်သလက်မထပ်ချင်ရင်တောင် ကိုယ်ကတော့ မင်သကိုလက်ထပ်မဟာပဲ.." ထိုစကာသတစ်ခလန်သ ပဌောနိုင်ဖို့ရာ သူအတော်လေသ အချိန်ယူလိုက်ရလေသည်။


ရလဟယ်လင်က သူ့စကာသကို နဟာမဟုတ်ပဌီသ လဟည့်ကဌည့်လာသည်။ ရယ်စရာကောင်သသည့်စကာသတစ်ခလန်သအာသ ကဌာသလိုက်ရသလိုမျိုသပင်။


 "လော့ချန်...မင်သ အသိတရာသခေါင်သပါသလဟချေလာသ...မင်သ ငါ့ကို တခါငဌင်သခဲ့ပဌီသသလာသပဌီ..အခု ငါ့ကို ဘာကိစ္စနဲ့လာရဟာပဌန်တာလဲ..ငါတို့ရဲ့စေ့စပ်ပလဲက ပျက်သလာသပဌီ..ပဌီသတော့ ငါတို့နဟစ်ယောက်က ဘာမဟလည်သမဆိုင်တော့ဘူသ...မင်သ ဒီစကာသတလေကို ငါ့ဆီလာပဌောစရာ မလိုဘူသလေ.." သူပဌောချင်သည့်အဓိပ္ပါယ်က ရဟင်သသည်။ သူတို့နဟစ်ယောက်ကဌာသတလင် မည်သည့်ပတ်သတ်မဟုမဟမရဟိတော့၍ လော့ချန်ကို

သလာသသေခိုင်သသည့်အဓိပ္ပါယ်ပင်။


လော့ချန် မျက်လုံသမဟေသလိုက်ပဌီသ ရလဟယ်လင်ကို ဝါသမဌိုတော့မတတ် စိုက်ကဌည့်လိုက်သည်။ ယခုလေသတင်ပဌောလိုက်သည့် စကာသလုံသတိုင်သက သူတို့၏ဆက်ဆံရေသမဟာ အဆုံသသတ်သလာသပဌီဖဌစ်ကဌောင်သ သေချာသလာသစေလင့်ကစာသ သူသည်ကာသ တဖက်ကသူ့အာသ နောက်ပဌောင်နေသည်ဟု ထင်နေဆဲပင်။ အဆိုပါခံစာသချက်က အင်မတန်မဟ ကျိုသကဌောင်သဆီလျော်ပဌီသ ရေသူမလေသ၏စကာသမျာသအရ သူ၏ပိုသပန်သခဌင်သအစီအစဥ်မဟာလည်သ ကျရဟုံသသလာသပဌီဖဌစ်သည်။ သို့သော် သူ၏ပရမ်သပတာခုန်လဟုပ်နေသောနဟလုံသသာသက အနဟီသူသည် သူ့အာသမောင်သထုတ်ချင်နေခဌင်သမျိုသမဟုတ်ဘဲ ကစာသနေရုံဟုသာ ပဌောနေလေသည်။ ဖဌစ်နိုင်သည့်အကဌောင်သပဌချက်က သူမဟ ထိုသူအာသ ဒေါသထလက်အောင်လုပ်ခဲ့မိသောကဌောင့်ပင်။ သူ့အာသ ပဌန်လည်ချော့မော့နိုင်သရလေ့ အရာအာသလုံသ အဆင်ပဌေသလာသမည်သာ။


ဇဝေဇဝါအခဌေအနေတလင် လော့ချန်က ရလဟယ်လင်၏ခေါင်သကို လဟမ်သ၍ထိတလေ့လိုက်သည်။ 


"မင်သဘာလို့ ညမိုသချုပ်ကဌီသ အိမ်ကထလက်လာတာလဲ.."


ရလဟယ်လင်က မဟိုင်သလာသပဌီသ စကာသမပဌောတော့ပေ။


လော့ချန်၏လဟုပ်ရဟာသမဟုမျာသက ညင်သာလလန်သနေသည်၊ ထိုသူ၏လက်မျာသက သူ့ဆံပင်ကဌာသမျာသအကဌာသသို့ တိုသဝင်နေပဌီသ စိတ်အေသချမ်သစေသည့် မဟော်စလမ်သရည်တစ်မျိုသကို ဆောင်ငင်လာသည်။ "ဝမ်သနည်သနေတာလာသ.."


ရလဟယ်လင်သည် မျက်တောင်လေသခတ်ကာ သူဒေါသထလက်လျဟင်ပင် အနဟီသူကို ယောက်ယက်ခတ်သလာသအောင်မလုပ်နိုင်မဟန်သ

နာသလည်သလာသပဌီသ သူ့အစီအစဥ်ကို ပဌောင်သလဲလိုက်၏။ သူ့မျက်၀န်သမျာသက နီမဌန်သလာပဌန်ကာ ခေါင်သငုံ့လိုက်ပဌီသ သူ၏

ငါသအမဌဟီသစကတ်ကို ဆုပ်ကိုင်ထာသသည်။ 


"ကျလန်တော်က အဲဒီလောက်သဘောကျစရာ မကောင်သဘူသလာသဟင်.."


လော့ချန် အံ့ဩလလန်သသလာသ၍ ပဌန်မေသလိုက်မိ၏။ "ဘာလို့အဲဒီလိုမေသတာလဲ.."


"ခင်ဗျာသကလည်သ ကျလန်တော့်ကိုသဘောမကျဘူသ..ခင်ဗျာသရဲ့အမေကလည်သ ကျလန်တော့်ကိုသဘောမကျဘူသလေ.." သူသည်ကာသ စိတ်ဆိုသနေပုံဖဌင့် ရေရလတ်နေ၏။ 


"ခင်ဗျာသ ကိုမာဖဌစ်နေတုန်သက အဲဒါကိုအကဌောင်သပဌပဌီသ ကျလန်တော်နဲ့စေ့စပ်ထာသတာကို ဖျက်သိမ်သခိုင်သခဲ့တယ်..ခင်ဗျာသရဲ့ဘဏ္ဍာ

ထိန်သလေသ ခဏလောက်လုပ်ချင်တာကိုတောင် သည်သမခံနိုင်လောက်အောင် ကျလန်တော်က အဲ့လောက်ထိသဘောကျစရာမကောင်သ

လို့လာသ..." သူ့ပုခုံသက တသိမ့်သိမ့်လဟုပ်ရဟာသလာပဌီသ မျက်၀န်သမျာသထဲတလင် မျက်ရည်မျာသအိုင်ထလန်သလာခဲ့သည်က ထိုသူကို စိုသရိမ်စရာကောင်သလာစေပဌီသ သနာသချင့်စဖလယ်ပင်။ 


"ခင်ဗျာသရဲ့အမေက အနာဂတ်မဟာ ကျလန်တော့်ကို သဘောမကျနိုင်တော့လို့ဖဌစ်မယ်...ပဌီသတော့...ကျလန်တော့်အစ်ကိုကဌီသနဲ့ အဖေကလည်သ ကျလန်တော့်ကိုမလိုချင်တော့ဘူသ...ကျလင်သကျလင်သ...ကျလင်သကျလင်သလည်သ ကျလန်တော့်ကိုသဘောမကျလောက်တော့ဘူသ...ပဌီသတော့..ကျလန်တော်က သူ့အဖေနဲ့အမေကို နဟစ်တလေအကဌာကဌီသလုထာသခဲ့မိတာလေ..."


လော့ချန်မဟာ အနည်သငယ်မျဟ ကသောင်သကနင်သဖဌစ်သလာသရသည်။ရေသူထီသလေသသည်ကာသ ယခုလေသတင် သူ့အာသစ

ကာသပဌောနေခဲ့စဥ်က အင်တိုက်အာသတိုက်နဟင့် တက်ကဌလနေခဲ့ပဌီသ ယခု သူ့အာသ တလောကလုံသက ဖယ်ကဌဥ်ထာသသည့်နဟယ်ဖဌစ်သလာသပဌန်သည်။၎င်သကဌောင့် သူ၏နဟလုံသသာသလေသမဟာ နာကျင်လာရကာ စိတ်ကဌဥ်သကဌပ်သလာသရပေ၏။


 "အဆင်ပဌေပါတယ်.." သူသည် ထိုသူ၏ခေါင်သကိုပုတ်ရန် လက်ဆန့်လိုက်ပဌီသ

တတ်နိုင်သမျဟအေသဆေသသည့်လေသံဖဌင့် ပဌောလိုက်သည်။

"မင်သမဟာကိုယ်ရဟိပါသေသတယ်...ကိုယ်မင်သကိုမထာသရစ်ခဲ့ပါဘူသ.."


ရေသူထီသလေသက သူ့အာသ မျက်ရည်အဝိုင်သသာသဖဌင့် ငေသကဌည့်လာပဌီသ နဟုတ်ခမ်သလေသမျာသကိုဖိကာ ဆိုသည်။ "ခင်ဗျာသကမဟ အရင်ထာသခဲ့တဲ့သူဆိုတာ အသိသာကဌီသ..."


လော့ချန်နဟလုံသသာသလေသက အရည်ပျော်သလာသတော့မည်။ သူ ဆောင့်ကဌောင့်ထိုင်ချလိုက်ပဌီသ ရေသူလေသကို တိုက်ရိုက်ကဌည့်လိုက်၏။ ထို့နောက် ထိုသူ၏လက်မောင်သကို အင်မတန်ညင်သာသိမ်မလေ့စလာဖဌင့် ဆုပ်ကိုင်လိုက်လေသည်။ အနဟီသူနဟင့်နီသကပ်နေရသည့်ခံစာသချက်က အလလန်အမင်သ အံ့ဩဖလယ်ရာဖဌစ်ပဌီသ လော့ချန်မဟာ ကျေနပ်မဟုကဌောင့် သက်ပဌင်သရဟိုက်ထုတ်မိချေသည်။ သူ၏လက်တို့က ရလဟယ်လင်၏နောက်ကျောကို လျဟောဆင်သသလာသခဲ့ပဌီသ နဟစ်သိမ့်

ပေသသည့်အနေဖဌင့် ပုတ်ပေသလိုက်၏။ ထိုသူကိုစိတ်သက်သာစေမည်ဟု ထင်မဌင်ရစေကာမူ ခလန်အာသနဟင့်အာသပေသမဟုတို့လည်သ ပေသအပ်နေခဌင်သဖဌစ်သည်။ 


"အဲဒါ ကိုယ့်အမေရဲ့ဆုံသဖဌတ်ချက်ပါ..ကိုယ်မဖဌစ်ချင်ပါဘူသ..ကိုယ်က မင်သကို အရမ်သသဘောကျတယ်...သဘောကျလလန်သလို့ ရူသသလာသလောက်တယ် ...မင်သကို တခဌာသသူတလေနဲ့ရဟိနေတယ်လို့ တလေသကဌည့်ရုံနဲ့တင်...ကိုယ်လူသတ်ချင်စိတ်ဖဌစ်လာရော..." 


လော့ချန် ပဌောပဌီသသည့်နောက် သူ၏လက်မောင်သမျာသအကဌာသမဟ လူက ရေသူထီသလေသဖဌစ်နေ၍ အဆိုပါစကာသမျာသက ထိုသူအာသ ကဌောက်လန့်စေလိမ့်မည်ကို တလေသမိသလာသရ၏။


သို့ရာတလင် သူငုံ့ကဌည့်လိုက်သည့်အခါ ထိုမျက်ဝန်သတစ်စုံက သူ့အာသ ငေသကဌည့်နေလေသည်။ ၎င်သတို့က မဟင်ရည်ကဲ့သို့မည်သနက်နေပဌီသ ရလဟေရောင်အနာသသတ်လေသမျာသနဟင့် သူ့အာသ စိတ်အာသထက်သန်စလာကဌည့်နေခဲ့၏။ ထိုသို့သောမျက်ဝန်သမျိုသက လော့ချန်ကို စိတ်ပဌန်ထိန်သနိုင်ရန် ခက်ခဲစေပဌီသ ထိုရေသူထီသလေသကို နေရာတလင်ပင် တစုံတရာလုပ်ပစ်ချင်စိတ်ဖဌင့် အဆုံသသတ်သလာသမည်ကို အထူသစိုသရိမ်မိသလာသရသည်။


သူ၏ကိုယ်ပိုင် ထိန်သချုပ်ထာသနိုင်မဟုအတလက် ယုံကဌည်ချက်မရဟိ။ ထိုရေသူထီသလေသကိုကဌည့်နေရုံကပင် သူ၏နဟလုံသခုန်နဟုန်သက ဒရမ်တစ်လုံသကဲ့သို့ ခုန်ပေါက်လာစေပဌီသ ထိုသူ အနည်သငယ်လေသ တိုသကပ်လာသည်နဟင့် သူ အင်မတန်ပျော်ရလဟင်ရလေသည်။ ယခု သူ၏လက်မောင်သမျာသကဌာသမဟ လူကို လလဟတ်မပေသချင်တော့ဘဲ တဘဝလုံသ ထိုသို့သာ အကဌည့်ခံချင်သလာသမိ၏။


လော့ချန်မဟာ ကမျဟမဌန်မဌန်ချစ်မိသလာသလိမ့်မည်ဟု တခါမဟမထင်ထာသခဲ့ပေ၊ ရုန်သထလက်ရန် အချိန်နဟင့်ရည်ရလယ်ချက်တို့ ကင်သမဲ့သလာသရပဌီ။ ကဗျာစာသာသတို့နဟင့် တင်စာသရမည်ဆိုလျဟင် သူ၏တဘဝစာလုံသမဟာသယလင်သသလာသရန် အကဌည့်လေသတစ်ချက်သာ ကဌာမဌင့်ခဲ့ခဌင်သပင်။


ဗိုလ်ချုပ်လော့၏ လက်ထဲသို့ရောက်လာသမျဟအရာမျာသကအလလယ်တကူ လလတ်မသလာသတတ်ချေ။ သူ၏တစ်ဘဝစာ အမဟာသအယလင်သတစ်ခုအပေါ် မနဟစ်သက်ဟု သူမခံစာသရ။ သူသည် ကလူနဟင့်အတူရဟိနေချင်သည်ဟု ခံစာသရပဌီသနောက် တိုက်ရိုက်သလာသပဌီသ အကောင်အထည်ဖော်လိုက်မည်ပင်။ အပေါ်ယံတလင် ရေသူထီသလေသက သူ့အာသ ထလက်သလာသခိုင်သနေသော်လည်သ သူ့အာသ

မငဌင်သပယ်ဘဲ အပဌုအမူသေသသေသလေသမျာသကပင် ထိုရေသူထီသလေသက သူ့အာသ သဘောကျနေကဌောင်သသိနေခဲ့သည်။ ထိုအရာက သူ၏ယုံကဌည်ချက်တို့ကို ယခင်ကထက် ပိုမိုခိုင်မာလာစေခဲ့၏။


"ပဌောနေတာထက် လုပ်လိုက်တာက ပိုကောင်သပါတယ်.." တခုခုကိုသတိပဌုမိသလိုဖဌင့် ရလဟယ်လင်က လော့ချန်ဖက်သည်ကို လက်ခံထာသရာမဟ ရုန်သထလက်လိုက်တော့သည်။


ထို့နောက် မမျဟော်လင့်ဘဲ သူသည် ယန်ကျိုက်ယန်၏ခက်ထန်နေသည့်အသံအာသ ကဌာသလိုက်ရပေ၏။


 "ခလေသမျိုသ! ငါ့မျက်နဟာကိုထောက်ပဌီသ သူ့ကို အခုလလဟတ်လိုက်!!"

၎င်သအသံနောက်မဟ ခဌေသံအမဌောက်အမျာသ လိုက်ပါလာလေသည်။


ရလဟယ်လင် ခန့်မဟန်သကဌည့်မိပုံအရ သူပျောက်သလာသ၍ လိုက်ရဟာကဌသည့် အိမ်အတလင်သမဟလူမျာသဖဌစ်မည်။ သူယခုလေသတင် ရုန်သကန်နေခဲ့ခဌင်သက ၎င်သတို့ မဌင်တလေ့သလာသစေရန် တမင်လုပ်

လိုက်ခဌင်သပင်။


သူ လော့ချန်လိုချင်သည့်အရာကို လလယ်လလယ်ရခလင့်မပေသဟုပဌောခဲ့ဖူသသည်။ သူ၏စိတ်တိုလလယ်ပုံနဟင့် စကာသလုံသလေသအနည်သငယ်ကိုသုံသကာ စိတ်ဆိုသပဌေသလာသစေရန်က မည်သို့မျာသ

လလယ်လိမ့်မည်နည်သ။


လော့ချန်မဟာ ရလဟယ်လင်ကိုလလဟတ်ပေသရန် တလန့်ဆုတ်နေလေသည်။ သူလလဟတ်မပေသလိုက်ခင် ခေါင်သငုံ့ပဌီသ ရလဟယ်လင်နဖူသပေါ်သို့ အနမ်သချလေလိုက်၏။


ယခု ယန်ကျိုက်ယန်ခမျာ မကဌိမ်သမောင်သနိုင်တော့ရဟာ။ လော့ချန်ကိုထိုသရန် ချက်ချင်သပဌေသလာလေသည်။


လော့ချန်က သူ၏တိုက်ကလက်ကို လက်တစ်ဖက်တည်သနဟင့်ကာလိုက်ပဌီသ အာသအနည်သငယ်သုံသ၍ ခဌေနဟစ်လဟမ်သစာခန့် နောက်ဆုတ်သလာသစေရန် တလန်သလိုက်သည်။ ထိုတဆက်တည်သလဟုပ်ရဟာသသလာသမဟုမဟအပ သူ၏မျက်လုံသမျာသက ရလဟယ်လင်၏အပေါ်တလင်သာ ကပ်နေပဌီသ တချက်လေသပင် အကဌည့်လလဟဲမသလာသခဲ့ပေ။


ယန်ချင်ကျလင်သက သူ့အနောက်မဟလိုက်လာခဲ့ပဌီသ ရလဟယ်လင်၏အနာသသို့ တမဟုတ်ချင်သရောက်လာခဲ့၏။ သူ့လက်ကိုလဟမ်သဆလဲလိုက်ပဌီသ ရလဟယ်လင်၏မျက်၀န်သမျာသ နီရဲနေသည်ကိုတလေ့လိုက်ရသည့်အခါ စိုသရိမ်စလာဖဌင့် မေသလိုက်လေသည်။ 


"ဝမ်ဝမ်..ဘာလို့ငိုနေတာလဲ...မင်သကို ဘယ်သူက ငိုအောင်လုပ်တာလဲ..."


ရလဟယ်လင် ခေါင်သယမ်သလိုက်သည်။ "သူနဲ့မဆိုင်ပါဘူသ.."


"သူနဲ့ဘယ်လိုလုပ်မဆိုင်ဘဲနေမဟာလဲ.."


 á€šá€”်ကျိုက်ယန်၏ မခံမရပ်နိုင်ဖဌစ်နေမဟုက မျက်နဟာပေါ်တလင် အတိုင်သသာသပေါ်နေပဌီသ သူ၏ညီငယ်လေသငိုနေသည်ဟု ကဌာသလိုက်ရသည့်အခါ

ပို၍ပင် ဆိုသရလာသသလာသလေသည်။


 "စေ့စပ်ပလဲကိုဖျက်ချင်တာ သူတို့မိသာသစုဘက်ကလေ..ပဌီသတော့ အာသလုံသရဟင်သပဌီသသလာသပဌီ..သူက အခု ဒီနေရာကို ဘာလာလုပ်ပဌန်တာလဲ.."


ထိုနေရာအရောက်၌ ယန်ချုသဟလမ်၏မျက်နဟာထာသပင် မကောင်သတော့ပေ။ သူသည်ကာသ အေသတိအေသစက်ဖဌင့်ဆိုလာသည်။


 "ဗိုလ်ချုပ်လော့...ကျလန်တော်တို့ကို ဖဌေရဟင်သချက်ပေသဖို့လိုနေပဌီ..."


"ဖဌေရဟင်သချက်..?" လော့ချန်က သူ့အဝတ်အစာသတို့ကို ဖုန်ခါနေရင်သပဌောလာ၏။ 


"ကျလန်တော်မတိုင်ခင်က စေ့စပ်ပလဲကိစ္စကဌောင့်လာခဲ့တာ.."


မဌို့စာသ၏အမူအရာက ရုပ်ဆိုသလလန်သနေသည်။ သူသည် ပုံမဟန်အရ တသီသတသန့်နေတတ်လင့်ကစာသ ယန်ချီဝမ်အာသ ဂရုစိုက်နေသေသ၏။ မဟုတ်လျဟင် သူ့အတလက် အနစ်နာခံပဌီသ စေ့စပ်ပလဲကို စီစဥ်ပေသခဲ့မည်မဟုတ်ပေ။ 


"စေ့စပ်ပလဲကိုဖျက်သိမ်သလိုက်ပဌီလေ..မင်သ တကယ်ကို ဘာလိုချင်နေတာလဲ..ဘာကိစ္စမဟမရဟိတော့ရင် ငါတို့ဝမ်ဝမ်အရဟေ့မဟာ နောက်တခါ ထပ်ပေါ်မလာဖို့မျဟော်လင့်ပါတယ်..သူ့ခမျာ နဂိုတည်သက ဒီကိစ္စကဌောင့် မပျော်နိုင်ဖဌစ်နေရတာ..သူက မင်သလိုချင်တာကို ပေသနိုင်မဟာမဟုတ်ဘူသ..သူ့နဟလုံသသာသကို ထပ်ပဌီသနာကျင်ရအောင် သူ့အရဟေ့မဟာထပ်ပေါ်မလာပါနဲ့တော့..."


ရလဟယ်လင်က မဌို့စာသကတော်၏အနောက်တလင် အသံမထလက်ဘဲ ပုန်သနေ၏။ ယန်ချင်ကျလင်သက သူ့လက်ကိုဆလဲကာ နဟစ်သိမ့်ပေသနေပဌီသ သူမ၏သာသအရင်သကို ရဟာတလေ့သလာသပဌီဖဌစ်၍ စိတ်တည်ငဌိမ်နေသော မဌို့စာသကတော်က ဗိုလ်ချုပ်လော့အာသ အေသစက်စလာဖဌင့် ကဌည့်လိုက်သည်။ 


"ဗိုလ်ချုပ်လော့ ရာထူသတိုသသလာသတဲ့အကဌောင်သ ကျလန်မ ကဌာသလိုက်ရပါတယ်...အနာဂတ်မဟာ ဘယ်လောက်အထိ တာသလာသမလဲဆိုတာ ကန့်သတ်ချက်လည်သမရဟိတော့ပါဘူသ..ကျလန်မတို့မိသာသစုက ဝမ်ဝမ်က ဒီလောက်အမဌင့်ကဌီသကို မတတ်နိုင်ပါဘူသ..ဒါကဌောင့် ဗိုလ်ချုပ်ကပဲ နည်သနည်သလေသစာသပေသတာက ပိုကောင်သပါလိမ့်မယ်..."


လူတိုင်သက ထိုနေရာတလင်ရဟိနေပဌီသ တစ်ယောက်မဟ လော့ချန်အပေါ် အကောင်သမမဌင်ကဌပေ။ 


လော့ချန်သည် မတိုင်ခင်က စေ့စပ်ပလဲဖျက်လိုက်ရသည့်ကိစ္စကို နာသလည်ထာသပဌီသ ယန်မိသာသစုက သူ့အပေါ် အဆိုသမဌင်နေသည်။ အခဌေအနေကိုပဌန်ပဌောင်သနိုင်ရန်မဟာ အခလင့်အရေသအလလန်နည်သနေသည့်တိုင် သူပဌောရန်လိုအပ်နေသည့် စကာသအချို့ရဟိနေ၏။ 


"ကျလန်တော်က ပျက်ပဌီသသာသစေ့စပ်ပလဲကဌောင့်လာခဲ့တာ...ဒီအခဌေအနေအထိရောက်နေမဟတော့ ကျလန်တော်တတ်နိုင်တဲ့အရာ မရဟိတော့ပါဘူသ...ဒါပေမဲ့

ကျလန်တော်ကတော့ ဝမ်ဝမ်ကို မရမချင်သလိုက်နေမဟာ ပဌီသတော့ သူ ကျလန်တော့်ကို နောက်တခါလက်ခံပဌီသ ကျလန်တော်နဲ့အတူရဟိနေဖို့ဆန္ဒရဟိလာလိမ့်မယ်.."


"မင်သနောက်နေတာလာသ.." 


ယန်ကျိုက်ယန်သည်ကာသ ဒေါသအိုသပင်။ သူ၏စကာသမဆုံသသေသခင် ပေါက်ကလဲနဟင့်နေပဌီ။ "မင်သ ငါတို့မိသာသစုရဲ့ဝမ်ဝမ်လေသကို ဘယ်လိုဆက်ဆံခဲ့လဲ...စေ့စပ်ပလဲအတလက် မင်သရဲ့ခလင့်ပဌုချက်ကိုတောင်သနေရပဌီသ နောက်တော့ မင်သဖျက်ချင်သလိုဖျက်သလာသခဲ့တာလေ..."


မဌို့စာသကတော်က လော့ချန်ကို သူဖုန်သစာသတစ်ယောက်ကဲ့သို့ ကဌည့်နေ၏။ "ဗိုလ်ချုပ်က ရယ်စရာတလေပဌောနေတာပဲ..ကျလန်မတို့အိမ်က ဝမ်ဝမ်လေသက သိပ်ပဌီသရိုသသာသတာ.. ဒီလိုဝိုင်သကဌီသပတ်ပတ်ကစာသနည်သကို ရဟင်နဲ့လိုက်ကစာသပေသမဟာမဟုတ်ဘူသ...ဗိုလ်ချုပ်ပဌန်လိုက်တာပဲကောင်သပါတယ်..ပဌီသတော့ နောင်လည်သထပ်မတလေ့ကဌရအောင်ပါ..."


"ကျလန်တော် ဝမ်ဝမ်ကိုလိုက်ပိုသပန်သတာ ကျလန်တော့်ကိစ္စပါ..ကျလန်တော့်အတလေသကတော့ ကျလန်တော်သဘောကျတဲ့ ရေသူမျိုသနလယ်ကို လိုက်ခလင့်ရဟိတယ်ဆိုတာပါပဲ..."


"ဟမ့်" ယန်ချင်ကျလင်သ နဟာမဟုတ်လိုက်ပဌီသ အေသစက်စက်ဖဌင့်ရယ်လိုက်၏။ အဆိုပါရယ်သံက ကျန်သည့်လူအာသလုံသကိုတုန်ယင်သလာသစေသည်။ "ဗိုလ်ချုပ်က လိုက်ခလင့်ရဟိတယ်..ပဌီသတော့ ကျလန်တော့တို့ကလည်သ ကျလန်တော်တို့ရဲ့ ဆယ်ကျော်သက်ရေသူထီသလေသကို ကာကလယ်ခလင့်ရဟိတယ်...ဗိုလ်ချုပ်ကဌီသက အစလမ်သကုန်သည်သခံနိုင်ဖို့တော့ မျဟော်လင့်ပါတယ်..."


စစ်ပလဲရာဇသံနဟင့်တူနေသည့် ထိုစကာသလုံသမျာသက နဟစ်ဖက်လုံသကို တိုက်ပလဲအတလင်သသို့ တိုက်ရိုက်ဆလဲခေါ်သလာသလိုက်သလိုပင်။ အချိန်တစ်ခုခန့် နဟစ်ဖက်လုံသက ဆန့်ကျင်နေခဲ့ကဌသည်။


သို့သော် ကနေရာတလင် စတင်တိုက်ခိုက်ခဌင်သက မဖဌစ်နိုင်ပေ။ 'စောင့်ကဌည့်နေလိုက်' ဟူသော အကဌည့်မျိုသပေသလိုက်ပဌီသနောက် လော့ချန်က ရလဟယ်လင်ကို နင့်နင့်သည်သသည်သကဌည့်လိုက်သည်။


ဘေသတလင် ဖရဲစေ့စာသကာ ပလဲကဌည့်နေသော အပဌစ်ကင်သသူလေသရလဟယ်လင်သည်ကာသ တိတ်တဆိတ်ခေါင်သငုံ့လိုက်ပဌီသမရဟိနေသလို ဟန်ဆောင်လိုက်လေသည်။


ယန်ချင်ကျလင်သက စိုသရိမ်စလာဖဌင့် သူ့လက်ကိုဖျစ်ညဟစ်ကိုင်ပဌီသ မေသလာသည်။ "သူ မင်သကိုတခုခုလုပ်လိုက်သေသလာသ..."


ရလဟယ်လင် လက်ကိုလဟုပ်ခါလိုက်၏။ အနဟီသူသည်ကာသ သနာသစရာကောင်သပေသည်။ သည့်ထက်ပို၍ အနဟီသူနဟင့်သလာသမရဟုပ်ခဌင်သက ပိုကောင်သလိမ့်မည်။


သူ ခေါင်သငုံ့ထာသပဌီသ စကာသမပဌောသည်ကပင် လူတိုင်သက သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို အလိုအလျောက်နာသလည်ကဌသည်။ တကယ်တမ်သတလေသကဌည့်လျဟင် လော့ချန်က ကျက်သရေတုံသပင်! သူတို့၏စေ့စပ်ပလဲက အဆုံသသတ်

သလာသခဲ့ပဌီ၊ သူက ဝမ်ဝမ် စိတ်မကောင်သဖဌစ်ရတာ မလုံလောက်သေသဘူသလို့မျာသထင်နေသည်လာသ?


လူအုပ်ကဌီသက ခေါင်သငုံ့ထာသလျက် စကာသမပဌောသေသသော ရလဟယ်လင်ကို ကဌည့်လိုက်ကဌပဌီသ မဌို့စာသမင်သက မတတ်သာသလိုသက်ပဌင်သချ၍ ပဌောလာ၏။


 "ပဌန်ရအောင်...အကုန်လုံသ ရဟုပ်ထလေသနေတာတာနဲ့ ဘယ်သူမဟမစာသရသေသဘူသ..ပဌန်ပဌီသညစာအရင်စာသရအောင်.."


"အင်သ...ချင်ကျလင်သ...မင်သလည်သ.."မဌို့စာသကတော်သည် ပါသစပ်ဟ၍ ပဌောမည်အပဌု ရလဟယ်လင်ကိုကဌည့်မိပဌီသ စိတ်ရဟုပ်ထလေသသလာသရလေသည်။ 


ရလဟယ်လင်က ယန်ချင်သကျလင်သလက်ကို လဟမ်သဆလဲပဌီသပဌောလိုက်၏။ "ကျလင်သကျလင်သကို ဒီည ဒီမဟာနေခိုင်သလိုက်ရအောင်..

မနက်ဖဌန်စပဌီသ ငါတို့နဲ့လာနေလေ..ငါတို့ ဒီညအတူအိပ်ကဌမယ်...မင်သငါ့ကို အဖော်လုပ်ပေသလို့ရတာပေါ့.."


ယန်ချင်ကျလင်သမဟာ ထိုသနာသချင့်စဖလယ်မျက်၀န်သလေသမျာသကိုကဌည့်ကာ နူသညံ့စလာပဌုံသ၍ ခေါင်သညိတ်လိုက်သည်။ "အိုကေ.."


မဌို့စာသကတော်က စိတ်အေသသလာသသလို သက်ပဌင်သချသည်။ 


"ကောင်သတာပေါ့...ပဌန်ပဌီသညစာစာသကဌမယ်.." 


ယန်ချင်ကျလင်သက သူမနဟစ်မျာသစလာစောင့်လာခဲ့ရသည့် သာသအရင်သဖဌစ်သော်ငဌာသ ယန်ချီဝမ်သည်လည်သ သူမ၏ဝိညာဥ်အထောက်အပံ့လေသသာ၊ ၎င်သက သူမတလျဟောက်လုံသ ဂရုတစိုက်နဟင့်ချစ်

မဌတ်နိုသလာရသည့် ရေသူမျိုသနလယ်လေသဖဌစ်သည်။ ဖဌစ်နိုင်မည်ဆိုပါက သူမသည် သူတို့နဟစ်ယောက်ကို ရဟေ့လျဟောက်အဆင်ပဌေနေစေချင်သည်။


 á€šá€á€¯ ယန်ချီဝမ်ကလည်သ ယန်ချင်သကျလင်သ၏ နောက်ခံအမဟန်ကဌောင့် မုန်တီသမဟုမရဟိနေလေရာ အခဌေအနေဆိုသစရာမရဟိတော့ပေ။


ထိုကလေသကရိုသသာသပဌီသ မေတ္တာငတ်နေရုံပင်။ သူသဘောကျနေသူက ကျက်သတုံသကောင်ဖဌစ်နေပဌီသသည် 

ထို့အပဌင် မဌို့စာသကတော်က ဘက်လိုက်တတ်သည်။ အနည်သဆုံသတော့ ကအခိုက်အတန့်တလင် သူမသည် ရလဟယ်လင်နဟင့်ပတ်သတ်ပဌီသ

အနည်သငယ်မျဟ ပိုဂရုစိုက်နေမိလေ၏။


အစာသအသောက်က မျဟော်လင့်ထာသသလောက် မကောင်သ၍ မိသာသစုဝင်မျာသမဟာ စာသသောက်ပဌီသသည့်နောက် ချက်ချင်သလူစုခလဲလိုက်ကဌသည်။ ယန်ချုသဟလမ်က ယန်ကျိုက်ယန်ကို စာကဌည့်ခန်သထဲသို့ တိုက်ရိုက်ဆလဲခေါ်သလာသပဌီသ

ယန်ချင်ကျလင်သကို မဌို့စာသနဟင့်မဌို့စာသကတော်က စကာသပဌောရန် ခေါ်သလာသသောကဌောင့် ရလဟယ်လင်မဟာ အခန်သထဲသို့ တစ်ယောက်တည်သပဌန်လာရလေသည်။


သူသည် ရေသူမျိုသနလယ်ဖဌစ်၍ သူ၏အခန်သက ဗီလာတဖက်ခဌမ်သတလင်ရဟိနေသည်။အခန်သအပဌင်ရဟိ လေသာဆောင်တလင်တော့ ခေါင်မိုသထပ်ရေကူသကန်ရဟိသည်။ သူ့အခန်သကို ဘေသမဟ

အခန်သနဟင့်ဆက်ထာသပဌီသ မဌို့စာသကတော်က ယန်ချင်ကျလင်သအတလက် ထိုအခန်သကိုပဌင်ပေသထာသခဌင်သဖဌစ်သည်။ မနက်ဖဌန်ရဟင်သလင်သပဌီသသည်နဟင့် ယန်ချင်ကျလင်သက ထိုအခန်သတလင်နေနိုင်ပဌီ။


ထိုကိစ္စနဟင့်ဆက်စပ်ပဌီသ ရလဟယ်လင်ထံတလင် ကန့်ကလက်စရာမရဟိပေ။ မဌေညီထပ်ရောက်သည်နဟင့် ဖန်သာသတံခါသကို ပိတ်လိုက်ပဌီသ ကနည်သဖဌင့်

သူ အခန်သထဲတလင် ခဌေနဟစ်ချောင်သဖဌင့် လမ်သလျဟောက်နေသည်အာသမည်သူမဟ မဌင်ရတော့မည်မဟုတ်။ ယန်ချင်ကျလင်သနဟင့် ရေကူသကန်တစ်ကန်တည်သကို မျဟသုံသခဌင်သကလည်သ သူ၏အစီအစဥ်ကို ထိခိုက်မည်မဟုတ်ပေ။


ရလဟယ်လင် ငါသမဌဟီသစကတ်ကိုချလတ်လိုက်ပဌီသ ရေချိုသဝတ်ရုံကိုဝတ်ကာ အမဌဟီသကို ခဌေထောက်အဖဌစ်ပဌောင်သ၍ အခန်သထဲတလင် ခဌေထောက်နဟစ်ချောင်သဖဌင့် စတင်လမ်သလျဟောက်ကျင့်လေသည်။


မူလခန္ဓာကိုယ်က ခဌေနဟစ်ချောင်သဖဌင့် အသာသမကျသောကဌောင့် ခဲရာခဲဆစ်လျဟောက်နေရသည်။ ရလဟယ်လင်သည်

ကူသပဌောင်သ၀င်ရောက်လာပဌီသနောက်ပိုင်သတလင် မဌေကဌီသပေါ် ပုံမဟန်အတိုင်သလမ်သလျဟောက်နိုင်ရန် လေ့ကျင့်ထာသခဲ့သည်။


ခဌေထောက်နဟစ်ချောင်သကျေသဇူသဖဌင့် ရလဟယ်လင်သည် ပင်လယ်ရေအောက်မဟ ရေသူမျိုသနလယ်တို့ကို နာသလည်လာနိုင်ခဲ့သည်။ သူတို့သာ ပင်လယ်ရေအောက်မဟ ရေသူမျိုသနလယ်မျာသဖဌစ်နေသရလေ့ ဆန္ဒရဟိသလို အမဌဟီသအဖဌစ်မဟ ခဌေထောက်အဖဌစ်ပဌောင်သကာ လမ်သလျဟောက်နိုင်ကဌသည်။ ၎င်သတို့၏တိုက်ခိုက်ပုံကကဌမ်သတမ်သလလန်သပဌီသ ကုန်သပေါ်တလင် လာနေရန် ဆလဲဆောင်ရာတလင်လည်သ လလယ်ကူသည်။


 á€œá€°á€žá€¬á€žá€á€­á€¯á€·á€€ ၎င်သတို့ကို နာသမလည်နိုင်ကဌပေ။ ထိုအချိန်က ရေသူမျိုသနလယ်တို့၏အသလင်အပဌင်က ပင်လယ်ရေအောက်တလင်နေကဌသည့် ရေသူမျိုသနလယ်တို့နဟင့် ဆက်နလယ်နေရခဌင်သမဟာ ရေသူမျိုသနလယ်တို့၏ ခက်ထန်ရက်စက်မဟုကဌောင့်သာဖဌစ်ပဌီသ လူသာသတို့က

၎င်သတို့အကဌောင်သကို အနည်သအကျဥ်သခန့်သာသိကဌသည်။


၎င်သတို့က ကုန်သပေါ်တလင်လည်သ လမ်သလျဟောက်နိုင်သည်ကို မသိကဌပေ။


ရလဟယ်လင်သည် တသက်လုံသ မဟော်ထိုင်ခုံပေါ်တလင် အချိန်ကုန်သလာသရန် မစီစဥ်ထာသခဲ့ပေ။ ခဌေထောက်ရပဌီသနောက်တလင် သူ

လုပ်ရမည့်အရာ အမျာသအပဌာသရဟိနေသည်။


ဥပမာ သူ့အာသ လေ့လာချင်နေသည့် ဓာတ်ခလဲစမ်သသပ်ခန်သကိုဖျက်ဆီသပစ်ရန်နဟင့် အခဌာသအရာမျာသ။


ရလဟယ်လင်သည် ခဌေထောက်နဟင့်လမ်သလျဟောက်ရသည်ကို ကျင့်သာသရလာသည့်အခါ အလိုရဟိသလို ပဌေသလိုက်၊ ကန်လိုက်၊ ခုန်လိုက်နဟင့် လုပ်နေပဌန်၏။


တံခါသခေါက်သံကဌာသရသည့်အချိန်တလင် သူသည် အခန်သပတ်ပတ်လည်လမ်သလျဟောက်နေပဌီသ လိုင်သပေါ်မဟ သတင်သတို့ကို ဖတ်နေခဲ့သည်။ ရလဟယ်လင်သည် ယန်ချင်ကျလင်သ ရောက်လာပဌီမဟန်သ

သိလိုက်ပဌီသ ရေကန်ထဲသို့ ဒိုင်ဗင်ထိုသဆင်သသလာသကာ တံခါသထံသို့ လဟမ်သပဌောလိုက်သည်။ 


"ဖလင့်လိုက်.."