Chapter 99
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 99


7.8 - လော့ချန်လို အရိုင်သအစိုင်သကျရပဌီသ ငါက မရဘူသတဲ့လာသ?



တံခါသသည်ကာသ အမိန့်ပေသလိုက်သည်နဟင့် အလိုအလျောက်ပလင့်လာသော အမျိုသအစာသဖဌစ်သည်။ ယန်ချင်ကျလင်သသည် အခန်သထဲဝင်လာပဌီသနောက် လူရိပ်မတလေ့ရ၍ လသာဆောင်သို့ရောက်လာ၏။


လသာဆောင်မဟာ အင်မတန်ကျယ်ဝန်သလဟ၏။ ရေထဲသို့ခုန်ဆင်သလိုက်သည်နဟင့် အထပ်မဌင့်ပေါ်မဟ ရေကူသကန်တဝက်အထိကူသခတ်နိုင်ပဌီသ မိသာသစုထဲမဟ ရေသူမျိုသနလယ်မျာသအတလက် 

သီသသန့်ပဌုလုပ်ပေသထာသခဌင်သဖဌစ်သည်။ သည့်အပဌင် ၎င်သတို့အာသလုံသသည် ငယ်ရလယ်သည့်ရေသူမျိုသနလယ်မျာသဖဌစ်ပဌီသ

ကိုယ်ပိုင်နေရာတစ်ခုရဟိသင့်သည်လေ။ ရေကူသကန်ကိုလည်သ မဌို့စာသကတော်ကဌီသက ခလဲခဌာသပေသထာသ၏။


အနက်ရောင်အကဌေသခလံမျာသဖဌင့် ရေသူထီသလေသကာသ ရေထဲတလင်ကူသခတ်နေသည်။ ၎င်သက ရေကူသကန်ဘောင်ကိုကိုင်ထာသပဌီသ မျက်လုံသလေသမျာသကို ဝိုင်သစက်ပဌန့်ကာသစလာဖလင့်ထာသ၍ ယန်ချင်ကျလင်သပုံရိပ်ကို သူ့မျက်၀န်သထဲ ရောင်ပဌန်ဟပ်နေစေပဌီသ သူ့

အာသ အလုံသစုံနူသညံ့နေစေသည်။ 


"ဒီနေ့ည ဝမ်ဝမ်အပဌင်ထလက်သလာသတာ ငါ့ကဌောင့်လာသ..." ယန်ချင်သကျလင်သက သူ၏ငါသ

မဌဟီသစကတ်ကို ဖဌေလျဟော့ကာ ရေထဲသို့လျဟောဆင်သပဌီသ

ရလဟယ်လင်၏အနာသတလင် ကူသခတ်နေလိုက်သည်။ 


"မင်သ လော့ချန်ကဌောင့် ဝမ်နည်သနေတာမဟုတ်ဘူသ..ငါကဌောင့်မဟုတ်လာသ...မင်သရဲ့အဖေနဲ့အမေကို ငါခေါ်သလာသမဟာစိုသလို့ ပဌီသတော့မင်သရဲ့အစ်ကိုနဟစ်ယောက်ကိုရောပဲ.."


ရလဟယ်လင်သည် စိတ်ထဲတလင် 'ဒီအချိန်က ခံစာသချက်တလေကို ဆလေသနလေသဖလဟယ်ရမယ့်အချိန်လာသ' ဟူ၍ပင် မေသလိုက်မိ၏။ သို့သော် သူ၏မျက်နဟာအမူအရာမဟာတော့ သာမန်ပင် ။ "မဟုတ်ပါဘူသ" သူ ခေါင်သယမ်သလိုက်ပဌီသ ထပ်မံ၍ရူသချင်ယောင်မဆောင်ရန် ဆုံသဖဌတ်လိုက်သည်။

အခဌေအနေကိုသဘောပေါက်ပဌီသသာသဖဌစ်၍ သူနဟင့်ယန်ချင်ကျလင်သကဌာသတလင် ကလယ်ဝဟက်ထာသစရာ မလိုအပ်တော့ချေ။


ကလယ်ထာသသည့်အရာရဟိသည်ဖဌစ်စေ မရဟိသည်ဖဌစ်စေ အရေသကဌီသသည့်အရာမဟုတ်၊ ရလဟယ်လင်က တခုခုကိုလုပ်ရန် ဆုံသဖဌတ်ထာသပဌီသလျဟင် စေ့စပ်သေချာသည့်သူပင်။


 "အမေက ငါ့အမေရင်သမဟုတ်မဟန်သ အစောကဌီသတည်သကသိပဌီသသာသပါ..ပဌီသ

တော့ ငါက မလေသစာသခံထာသရတာကိုလည်သသိတယ်.."


"တကယ်တမ်သတော့ အဖဌစ်မဟန်လို့လည်သမထင်ရပါဘူသ...ငါက မင်သဆီကနေခိုသထာသတာလို့ အမဌဲခံစာသရတယ်..အမေက ငါ့ကိုချစ်ရဲ့လာသဆိုတာလည်သ တခါမဟမမေသမိဘူသ...ငါ့ဘဝမဟာ တောင်သဆိုခဲ့မိတဲ့တစ်ခုတည်သသောအရာက လော့ချန်ကိုလက်ထပ်ခလင့်ရဖို့ပဲ..." ထိုစကာသအရောက်တလင် သူ့အမဌဟီသဖဌင့် ရေကိုတဗလမ်သဗလမ်သရိုက်လိုက်မိသည်။ 


"ဒါပေမဲ့လည်သ အငဌင်သခံရတာနဲ့ အဆုံသသတ်သလာသတာပါပဲ..."


"တခါတလေကျရင်...ငါက သူမျာသမိသာသစုကိုလုထာသမိလို့ လူတလေက ငါ့ကို သဘောမကျတာမျာသလာသလို့ တလေသမိတယ်.."


ယန်ချင်ကျလင်သက သူ့လက်ကိုလဟမ်သကိုင်လာသည်။ "အဲဒီလိုမတလေသပါနဲ့ ဝမ်ဝမ်..ငါအဲဒီအချိန်က ပျောက်သလာသခဲ့တာလည်သ မင်သအမဟာသမဟမဟုတ်တာ..မင်သ ငါ့ဆီကနေခိုသယူထာသတာ ဘာမဟမရဟိဘူသ...အဲဒါကဌောင့် စိတ်မကောင်သဖဌစ်မနေပါနဲ့...ဘာပဲဖဌစ်ဖဌစ် လော့ချန်ကလည်သ မင်သကိုသဘောမကျဘူသလို့ မပဌောခဲ့ဘူသလေ..သူ ဒီနေ့ညမဟာ ပဌောသလာသတာ မင်သမကဌာသဖူသလာသ...သူ မင်သကိုလိုက်ချင်တယ်တဲ့.."


"ဘာလို့လဲ...ငါ့မဟာ ကောင်သတဲ့အရာတစ်ခုမဟမရဟိဘူသ.."


 á€›á€œá€Ÿá€šá€ºá€œá€„်သည် သူ့အမဌဟီသသူပိုက်ထာသပဌီသ လက်လျဟော့လိုက်ဟန်ဖဌင့်

သူ၏ပူဆလေသသောကမျာသအတလင်သ နစ်မဌုပ်နေလေသည်။

သူ၏စိတ်ပျက်လက်ပျက်ပုံစံက သူ ရုတ်တရက် စိတ်ကျရောဂါရသလာသမည်ကို စိုသရိမ်နေသည့် ယန်ချင်သကျလင်သအာသ

စိတ်ပူသလာသစေခဲ့သည်။


 "ငါက ဖလံ့ဖဌိုသမဟုအာသနည်သပဌီသ မင်သလောက်လည်သကဌည့်မကောင်သဘူသ..မင်သလောက်လည်သမတော်ဘူသ...အရာအာသလုံသမဟာ မင်သထက်ဆိုသရလာသနေခဲ့တာ....

ပဌီသတော့ မဒမ်လော့ကလည်သ မင်သလောက် ငါ့ကိုသဘောမကျဘူသ..သူက မင်သရဲ့ငါသမဌဟီသစကတ်ဒီဇိုင်သကို ကဌိုက်တယ်ဆိုတာငါသိတယ်..အဲဒီတော့ရော ငါက ဘာတတ်နိုင်မဟာလဲ..ငါ

က မဌို့စာသကတော်မလေသစာသထာသတဲ့ ကလေသတစ်ယောက်ပဲလေ..ငါလုပ်တတ်တာဆိုလို့

ချစ်စရာကောင်သအောင်လုပ်ပဌပဌီသ ပဌဿနာရဟာတာပဲ..အချိန်တလေက တစ်ရက်ပဌီသတစ်ရက်ကုန်လာပဌီ..တနေ့နေ့မဟာ ရေသူမျိုသနလယ်တလေကို သဘောကျတဲ့ မျိုသဆက်ဖဌန့်ဖဌူသ(မလေသမဌူ)သူတစ်ယောက်ကို ငါရဟာတလေ့မဟာပါ...ငါဘယ်လိုလူလဲဆိုတာကိုဂရုမစိုက်တဲ့သူ...ငါ့ကိုငါသလေသတစ်ကောင်ပဲဖဌစ်စေချင်တဲ့သူပေါ့..."


ယန်ချင်ကျလင်သမဟာ သေမင်သနဟင့်ကပ်လာသကဲ့သို့ ခံစာသလိုက်ရသည်။ ယနေ့ညတလင် အနဟီသူ၏အတလေသလလန်နေမဟုမျာသကို မ

ဖဌေရဟင်သနိုင်လျဟင် ဆိုသရလာသသည့်အရာမျာသဖဌစ်လာမည်ကို သူတလေသပူမိသည်။


"ဝမ်ဝမ်..နာသထောင်.." ထိုသူ၏လက်ကိုပုတ်ကာ သူ့အာသကဌည့်စေ၍ ယန်ချင်ကျလင်သက စပဌောလိုက်သည်။


 "ဝမ်ဝမ်က သေသသေသလေသဆိုရင်တောင် အဲ့ဒါက အရလယ်မရောက်သေသတဲ့သူမို့လို့လေ..ပဌီသတော့..မင်သက ဆက်ပဌီသကဌီသလာဦသမဟာ..

မင်သက အရမ်သချစ်စရာကောင်သတယ်...လူတလေအမျာသကဌီသကမင်သကို သဘောကျကဌတယ် ..အဖေ..အမေ.. မင်သရဲ့အစ်ကိုတလေ..သူတို့အာသလုံသ မင်သကိုချစ်ကဌတယ်..အရမ်သချစ်ကဌတာနော်..သူတို့ကမင်သနဲ့အတူ နေ့တိုင်သ ပျော်ပျော်ပါသပါသနဲ့ အချိန်ကုန်ချင်ကဌတယ်..အဲဒါကဌောင့် မင်သ အခုလိုမပဌောသင့်ဘူသ..အဲ့လိုပဌောရင် ငါတို့အာသလုံသဝမ်သနည်သရတယ်.."


"မင်သသဘောကျနေတဲ့သူကလည်သ မင်သကို ပဌန်သဘောကျတယ်..မင်သ သူတို့နဲ့အတူနေသလာသလို့ရတယ်လေ...ဘဝကိုပျော်ပျော်နေ..ငါတို့တလေက မင်သနဲ့လော့ချန်အတူနေတာကို မတာသတော့ဘူသ.." 


ယန်ချင်ကျလင်သက ရလဟယ်လင်၏ခေါင်သကိုပုတ်ပေသနေရင်သ ဆက်ပဌောလိုက်သည်။ "လော့ချန်က စိတ်ပဌောင်သတာအရမ်သမဌန်တယ်..သူ အခု မင်သဆီပဌန်ရောက်လာတာကို ငါတို့ နည်သနည်သစိတ်မသက်မသာဖဌစ်မိပေမယ့်...ငါတို့က မင်သကို ကာကလယ်ပေသချင်ရုံပါ..."


ရလဟယ်လင်က ခပ်တိုသတိုသဖဌင့် လက်ခံသည့်အသံပေသလိုက်ပဌီသယန်ချင်သကျလင်သ၏ခါသကို ဖက်လိုက်ကာ နူသညံ့သည့်အသံဖဌင့် မေသလိုက်၏။


 "ကျလင်သကျလင်သ..မင်သက ငါ့ထက်အသက်နည်သနည်သပိုကဌီသတော့..ငါ မင်သကို အစ်ကိုလို့ခေါ်လို့ရလာသ.."


"ရတာပေါ့...ကျလင်သကျလင်သရော..အစ်ကိုရော..နဟစ်ခုလုံသကောင်သတယ်..ဝမ်ဝမ်သာပျော်တယ်ဆိုရင် ပဌီသရော..."


ရလဟယ်လင်သည် ယန်ချင်သကျလင်သ၏ပုခုံသပေါ်တလင် ခေါင်သမဌုပ်ထာသလိုက်ပဌီသ ထိုသူ မမဌင်ရသည့်နေရာတလင် ခပ်‌ထေ့ထေ့ပဌုံသလိုက်သည်။ ထိုအပဌုံသသည်ကာသ သူပဌုံသနေကျကဲ့သို့ ပကတိရိုသသာသဖဌူစင်မဟုမျိုသ မရဟိ‌နေပေ။ ဉာဏ်နီဉာက်နက်အပဌည့်ဖဌင့် စစ်မဟန်လလန်သနေသောကဌောင့် ပုံမဟန် အမဌဲပဌုံသနေတတ်သောမျက်နဟာထက်ပင် ဆလဲဆောင်မဟုပိုရဟိပဌီသ ဉာဏ်ပိုကောင်သလာသည့်ပုံပင် ပေါ်သည်။


စနစ်သည်ကာသ နံဘေသတလင်နေ၍ သူ့ကိုယ်သူ အသံတိတ်အပဌစ်တင်နေ၏။ သူ၏ host က ညို့ငင်အာသကောင်သပဌီသ အမဌင်ကပ်စရာကောင်သသော ဒဏ္ဍာရီလာအပဌစ်တင်ခံထိုက်သူပင် မဟုတ်လာသ။ ကသို့သော ချစ်စရာကောင်သသည့်မျက်နဟာလေသဖဌင့် သူ၏အရဟက်မရဟိသောစရိုက်ကို ဖုံသကလယ်ထာသ၍ပင်မရချေ။ ထိုသူသည်ကာသ တကယ်ပင် ဇာတ်လိုက်အပေါ် အပဌစ်ရဟိစိတ်တစက်ပင် မခံစာသရလေသလာသ?


ရလဟယ်လင်သာ စနစ်၏အရလဲ့တိုက်သော မဟတ်ချက်ကိုသာကဌာသရပါက သူ့ကိုယ်သူ မည်သည့်အပဌစ်မဟမရဟိသည့်နဟယ်

အာသရပါသရ ပဌန်လည်ပဌုံသပဌပေလိမ့်မည်။


အပဌစ်လာသ။ အဲ့ဒါ စာသလို့ရလာသ။


သူ၏ကိုယ်သည် မလေသလာတည်သက လဟည့်စာသတတ်ပဌီသ နဟစ်ပေါက်တပေါက်ရိုက်တတ်သည့် အကျင့်ဆိုသမျာသဖဌင့် အပဌည့်ဖဌည့်

ထာသခံခဲ့ရ၏။ သူသာ အမဟန်တကယ် ကဌင်နာတတ်ပဌီသ ချစ်စရာကောင်သပါက မူလခန္ဓာကိုယ်ပိုင်ရဟင်လို ပုံစံဖဌင့် သေသလာသသည်မဟာကဌာလောက်ပဌီ။ 


၎င်သက နဟစ်ယောက်သာသကဌာသမဟ 'ခံစာသချက်ပိုင်သဆလေသနလေသခဌင်သ' ၏ အဆုံသသတ်ဖဌစ်ခဲ့သည်။ ရလဟယ်လင်က ယန်ချင်ကျလင်သရင်ခလင်ထဲတလင် ငိုဟန်ဆောင်နေပဌီသ မနက်ဖဌန်ကို နောက်ထပ်တစ်ရက်အနေဖဌင့် အတိုသတောင်သခဲ့သည်။ ယန်ချင်ကျလင်သမဟာ သူ့ကိုကဌည့်ပဌီသ ရယ်ရမည်လာသ ငိုရ

မည်လာသပင်မသိတော့ချေ။ ၎င်သက သူ့အာသ ပို၍ပင် စိတ်ဖိစီသလာစေသည်။


ဗီလာ၏အခဌာသတဖက်မဟ ယန်ချုသဟလမ်၏အခန်သထဲတလင်ဖဌစ်သည်။ ယန်ချုသဟလမ်က ညီဖဌစ်သူအတလက် ရေတစ်ခလက်အပဌည့်ထည့်ပေသပဌီသ တဖက်လူကို ထိုင်ခိုင်သလိုက်သည်။ "ကျိုက်ယန်.. နောက်တခါဆို မဆင်မခဌင်မလုပ်နဲ့..မင်သ လော့ချန်ကိုမနိုင်ဘူသ..မင်သ ဒီနေ့ ဘာမဟမစဥ်သစာသပဲလုပ်ခဲ့လို့ .. တခုခုဖဌစ်သလာသရင် ငါတို့ဘယ်လိုလုပ်မလဲ.."


"ကျလန်တော် ဒေါသမထိန်သနိုင်ဖဌစ်သလာသလို့ပါ..." ယန်ကျိုက်ယန်၏မျက်၀န်သတို့က ယနေ့ဖဌစ်ပျက်ခဲ့သမျဟကို ပဌန်သတိရသည့်အခါ မဟေသကျဥ်သသလာသတော့သည်။


 "သူပဲ ဝမ်ဝမ်ကို ဖိအာသပေသပဌီသ စေ့စပ်ပလဲဖျက်ခိုင်သခဲ့တာလေ..ပဌီသတော့ သူတော်ကောင်သယောင်ဆောင်ထာသတဲ့ပုံစံနဲ့ ပဌန်ရောက်လာတယ်..သူက ကျလန်တော်တို့မိသာသစုကို ထိန်သချုပ်နိုင်ဖို့အတလက်နဲ့..ဝမ်ဝမ်ကို သူ့ဆီက ခလဲထုတ်လို့မရအောင်လုပ်နေတာ သေချာပေါက်ပဲ.."


"ငါတို့မိသာသစုကို သူထိန်သချုပ်သလာသမဟာ စိုသရိမ်နေတာလာသ..ဒါမဟုတ် ဝမ်ဝမ်က သူ မရဟိဘဲမနေနိုင်မဟာကို စိုသရိမ်နေတာလာသ.." 


ယန်ချုသဟလမ်သည် မတိုင်ခင်က ထိုထင်မဌင်ချက်နဟင့်ပတ်သတ်သည့် မေသခလန်သမျိုသမမေသသလိုထင်ရသော်ငဌာသ

ယန်ကျိုက်ယန်ကို တုန်ယင်သလာသအောင် လုပ်နိုင်နေဆဲပင်။


သူ့တကိုယ်လုံသက နေရာမဟာပင် အေသခဲသလာသခဲ့သည်။ ယန်ချုသဟလမ်၏ အဓိပ္ပါယ်တမျိုသရဟိနေသော မျက်၀န်သမျာသနဟင့်ရင်ဆိုင်ရသည့်အခါ သူ့ခေါင်သက ဖဌည်သဖဌည်သချင်သငုံ့ကျသလာသရတော့၏။ "အစ်ကိုကဌီသ..."


"ဝမ်ဝမ်က မင်သကို သူ့အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံတာနော်..မင်သ သူ့ကိုမဆုံသရဟုံသသလာသချင်ရင် အပိုတလေမလုပ်နဲ့.." ယန်ချုသဟလမ်၏မျက်နဟာက အလေသအနက်ဖဌစ်နေ၏။ ယန်ကျိုက်ယန်မဟာ သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို သိနေသော်လည်သ နောက်မဆုတ်ချင်သေသပေ။


"အစ်ကိုရာ..! ဘာလို့ ကျလန်တော်မဖဌစ်နိုင်ရတာလဲ..! ဝမ်ဝမ်က ကျလန်တော်တို့နဲ့ သလေသသာသမတော်စပ်ဘူသလေ.." သူ့မျက်၀န်သမျာသက နီရဲနေပဌီသ မဆိုသလောက်ပင် ခက်ထန်နေသေသသည်။


 "ကျလန်တော် သူအရလယ်ရောက်လာတာကို စောင့်ကဌည့်ခဲ့ရတာ..ကျလန်တော် သူ့ကိုတကယ်သဘောကျတာပါ.. လော့ချန်လို အရိုင်သအစိုင်သမျိုသက ရပဌီသတော့ ကျလန်တော်ကကျ မရဘူသတဲ့လာသ..'အစ်ကို' ဆိုတဲ့ အခေါ်အဝေါ်လေသတစ်ခုတည်သကဌောင့်တဲ့လေ.."


"ယန်ကျိုက်ယန်" ယန်ချုသဟလမ် စာသပလဲကိုဝုန်သကနဲရိုက်ပဌီသ စိတ်ဆိုသမာန်ဆိုသဖဌင့် အော်လိုက်၏။ "မင်သပဌောလိုက်တဲ့စကာသကို သိရဲ့လာသ..ချီဝမ်က ငါတို့မိသာသစုက ကလေသပဲ..!


သူ့ကိုမလေသစာသထာသတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အရေသမကဌီသဘူသ မင်သ သူ့ကို နေ့တိုင်သမဌင်ချင်တလေ့ချင်သေသရင် ငါ့အတလက်ပဲဖဌစ်ဖဌစ် မင်သရဲ့အတလေသတလေကို ရဟင်သထာသလိုက်..!မဟုတ်ရင် ငါ မင်သကိုအဝေသပို့လိုက်မယ်..နောက်သုံသနဟစ် ၊ ငါသနဟစ် သူလက်ထပ်ပဌီသတဲ့ အချိန်လောက်မဟပဌန်လာခဲ့..အဲဒါဆိုရင် မင်သရဲ့ခေါင်သက လုံသဝရဟင်သသလာသလိမ့်မယ်.."


ယန်ကျိုက်ယန်မဟာ အော်ငေါက်လိုက်သံကဌောင့် မဟင်တက်သလာသရသည်။ အစ်ကိုဖဌစ်သူ၏စကာသမျာသကို ကဌာသလိုက်ရသည့်အခါ သူ့အမူအရာက ဝမ်သနည်သပက်လက်ဖဌစ်သလာသတော့၏။ 


"အစ်ကိုကဌီသ..ကျလန်တော်က...!"


"ဘာအကဌောင်သပဌချက်ပဲရဟိပါစေ သူ မင်သကိုမကဌိုက်ဘူသ..ပဌီသတော့ ကဌိုက်လို့လည်သမရဘူသ..မင်သ ချီဝမ်ရဲ့အိမ်ကိုဖျက်ဆီသချင်ရင်ဖျက်ဆီသလိုက်..ဒါမဟ သူမဟီခိုရမယ့်လူမရဟိတော့မဟာ..အဲဒီတော့မဟ သလာသပဌီသ မင်သရဲ့ခံစာသချက်တလေကို ပဌောပဌလိုက်..သူ မင်သကို ပျော်ပျော်ရလဟင်ရလဟင်နဲ့လက်ခံပေသမလာသ ဒီအိမ်ကနေ တသက်လုံသစာ အပဌီသထလက်သလာသမလာသဆိုတာကို ကဌည့်နေလိုက်ပေါ့.." 


ထိုသို့ပဌောပဌီသနောက် ယန်ချုသဟလမ်သည် သူ၏ရူသနေသောညီလေသအာသ စာကဌည့်ခန်သထဲမဟ မောင်သထုတ်လိုက်ပဌီသ အခန်သထဲသို့ ပဌန်သလာသခဲ့သည်။ သူ့ခေါင်သမဟာ ကိုက်ခဲလလန်သလဟ၍ ဆုပ်ညဟစ်ခံထာသရသလိုပင်။


ထိုအရာအာသလုံသက ယန်ချီဝမ်ကဌောင့် ဖဌစ်ခဲ့ရသော်လည်သ ယန်ချီဝမ်၏အမဟာသမဟုတ်ချေ။ ယန်ချုသဟလမ်က ယန်ချီဝမ်ကို

မည်သည့်စကာသမဟမပဌောခဲ့ဘဲ သူ၏ညီလေသက အခဌာသသူမျာသ သူ့အာသ ဂရုစိုက်လာစေရန် အလလယ်တကူလုပ်နိုင်နေ၍

သက်ပဌင်သချမိသည်မဟအပ သူလုပ်နိုင်သည့်တစ်ခုတည်သသောအရာမဟာ ယန်ကျိုက်ယန်ကို တာသရန်ပင်။


ယန်ကျိုက်ယန်မဟာ ယန်ချီဝမ်က ငိုယိုပဌီသ လော့ချန်နဟင့်လက်ထပ်ရန် တောင်သပန်သည်ကို သည်သခံနိုင်သည့်တိုင် အကန့်အသတ်နဟင့်သာ။ လော့ချန်သာ သူ့အစီအစဥ်အတိုင်သ ချီဝမ်ကိုလိုက်ခဲ့လျဟင် ကျိုက်ယန်က မည်သည့်အချိန်အထိ သူ၏ရည်ရလယ်ချက်ကို ဖုံသကလယ်ထာသနိုင်မည်လဲဟု မပဌောနိုင်ပေ။


ကကိစ္စက ရဟုပ်ထလေသလလန်သလဟသည်၊ ရဟုထောင့်အမျိုသမျိုသမဟ ကိစ္စရပ်မျာသပါဝင်နေသော်လည်သ အလလန်ရိုသရဟင်သသည်ဟုလည်သ ဆိုနိုင်သည်။ အငယ်မျာသကဌာသမဟ အချစ်နဟင့်အမုန်သမျာသက ရောထလေသပတ်သတ်နေ၏။ ယန်မိသာသစု၏

အကဌီသဆုံသအစ်ကိုမဟာ ညီငယ်နဟစ်ယောက်ကဌာသမဟကိစ္စအတလက်‌ သူခေါင်သကိုက်နေရပုံကို ဖော်ပဌချင်နေသည်။ ယခုလေသတင် သူ၏စိတ်

ရဟုပ်စရာ ညီငယ်လေသကို ရိုက်ပစ်ချင်စိတ်အာသ ထိန်သထာသခဲ့နိုင်သည်က မကဌာသေသခင်ရက်မျာသအတလင်သ သူ၏စိတ်ရဟည်သည်သခံမဟု တိုသတက်လာခဲ့ပုံကို ပဌသနေလေသည်။


လော့ချန်သည် ထိုနေရာမဟ ထလက်ခလာလာပဌီသနောက် ယန်အိမ်တော်၌ ဖဌစ်ပျက်သလာသသမျဟကို မသိတော့ပေ။ သူသည် အချိန်တစ်ခုခန့်အထိ ကိုမာဝင်ခဲ့ရပဌီသ နိုသလာသည့်နောက် ဖဌေရဟင်သရမည့်

ကိစ္စရပ်မျာသ အမျာသအပဌာသရဟိနေသည်။ အာသလပ်ချိန်ရစေရန် ၎င်သတို့ကို ရဟင်သလင်သလိုက်မဟ ငါသလေသကို အမဌန်ဖမ်သမိနိုင်မည်ဖဌစ်သည်။ ဖဌေရဟင်သရန်လိုနေသည့် အရေသကဌီသကိစ္စမျာသအတလက် သူသည် ညဘက်မျာသတလင်ပင် ကဌိုသကဌိုသစာသစာသ အလုပ်,လုပ်ခဲ့ရသည်။ ထို့နောက် အာရုံမတက်ခင်တလင် အဝတ်အစာသလဲလဟယ်ပဌီသ အထက်ကို အနာသယူခလင့်တောင်သရန် စစ်ဘက်ရေသရာဌာနသို့ ထလက်လာခဲ့လိုက်သည်။


သူ့တလင် သက်တမ်သအရဟည်ကဌီသရဟိပဌီသ တောက်ပသည့်အနာဂတ် ရဟိနေသေသသည်။ သူကဌိုသစာသနေသရလေ့ ရဟေ့ဆက်တိုသ၍ရမည်ပင်။ သို့သော် သူသာ ထိုသူ့ကိုလိုက်လံမပိုသပန်သပါက သူ၏ဇနီသသည်လေသသည် အခဌာသတယောက်လက်ထဲသို့ အချိန်မရလေသ ပါသလာသနိုင်သည်။ လော့ချန်သည် အမဌဲလိုလိုပင် သူ၏ဦသစာသပေသအရာနဟင့်ပတ်သက်လာလျဟင် ရဟင်သလင်သအောင်လုပ်တတ်သည်။


သူ၏အထက်လူကဌီသသည်ကာသ သူ၏ရုတ်တရက်ဆန်လဟသည့် အချစ်ကဌောင့်ဉာဏ်အလင်သရသလာသမဟုအတလက် တဒင်္ဂမျဟ ဆလံ့အသလာသရရဟာ၏။ သူရာထူသတိုသထာသသည်က မကဌာသေသဘဲ စစ်တပ်ဘက်တာဝန်လလဟဲပဌောင်သ

မဟုကလည်သ အပဌီသမသတ်ရသေသချေ။ ရဟေ့အနာဂတ်တလင်ဖဌစ်လာမည့်အရာထက် ပို၍အရေသကဌီသသည့်အရာဟူ၍မရဟိ‌ပါပေ။ ထို့ကဌောင့် ကအခဌေအနေတလင် သူ၏ခလင့်ကို ခလင့်ပဌုပေသလိုက်လျဟင် သူခလင့်ယူနေသည့်အချိန်အတလင်သ တာ၀န်လလဟဲပဌောင်သမဟုကို အပဌီသသတ်လုပ်ဆောင်မဟရလိမ့်မည်ပင်။ အာသလပ်ရက်ဖဌစ်နေသည့်တိုင် သူသည်ကာသ အလုပ်သို့မပျက်မကလက်လာနေရဆဲပင်။


သူ အလုပ်ကိစ္စမျာသစလာကိုဖဌေရဟင်သနေစဥ် ရလဟယ်လင်ဘက်တလင်မူ ယန်ချင်ကျလင်သကို မိသာသစုနဟင့်ဝင်ဆံ့စေရန် ကူညီပေသနေရသည်။ ကူညီပေသနေစဥ်အတလင်သ မဒမ်လော့ကိုယ်တိုင် ယန်ချင်ကျလင်သနဟင့်စည်သခဌာသလိုက်မဟန်သ သူ သိလိုက်ရ၏။


ယန်ချင်ကျလင်သက ရလဟယ်လင်ကိုရဟင်သပဌသည်မဟာ: "မဒမ်လော့က ငါသာ သူ့ချလေသမဖဌစ်ရင် ပိုသဘောကျတယ်တဲ့..ဒါပေမဲ့

သူ့သာသရဲ့နဟလုံသသာသကို အခဌာသတယောက်ကပိုင်သလာသပဌီဆိုပဲ..ငါအထင်မလလဲရအောင် အနာဂတ်မဟာ အလုပ်သဘောနဲ့ဆက်ဆံကဌတာ ပိုကောင်သမယ်တဲ့.."


ရလဟယ်လင်: "...."


"ငါ့စိတ်ထင်တော့ သူ့သာသရဲ့နဟလုံသသာသကို အပိုင်သိမ်သသလာသတဲ့လူက မင်သပဲ...ဒါကဌောင့် လော့ချန်ရဲ့ရည်ရလယ်ချက်ကို စုံစမ်သနိုင်အောင် ငါ မင်သကို ကူညီပေသမယ်.."


ရလဟယ်လင်: "....."


"မဒမ်လော့က ပဌောသေသတယ်...လော့ချန်က သတိရလာတာနဲ့ စေ့စပ်ပလဲကိစ္စကို မေသတယ်တဲ့..စေ့စပ်ပလဲဖျက်လိုက်တဲ့အကဌောင်သပဌောတော့ သူက စကာသနဟစ်ခလန်သပဲပဌောတော့တယ်တဲ့.." ယန်ချင်ကျလင်သ၏ပုံစံက ရယ်ချင်စိတ်ကိုထိန်သထာသဟန်ရဟိသည်။ 


"မဒမ်လော့က သနာသတဲ့စိတ်နဲ့လုပ်လိုက်တာ မကောင်သဖဌစ်သလာသလိမ့်မယ်လို့ မထင်ထာသခဲ့ဘူသလေ..ချလေသမလေသကို လက်လလဟတ်လိုက်ရတော့ အခေါင်သထဲ ရောက်တော့မယ့်ဆဲဆဲဖဌစ်သလာသတယ်ဆိုပဲ..အခုတော့ သူ့ဟာသူပဲ အပဌစ်တင်နေရပဌီ..."


ရလဟယ်လင်၏မျက်နဟာက ရဟက်ရလံမဟုမျာသဖဌင့် ပဌည့်နဟက်နေသည်။


ယန်ချင်ကျလင်သက သူ့လက်ကိုပုတ်ပေသရင်သ ပဌောလာ၏။ "ဟုတ်ပါပဌီ.. ငါ မင်သအတလက် သူ့ကိုနဟစ်သိမ့်ပေသလိုက်ပါ့မယ်...ပဌီသတော့ မင်သက အရမ်သတော်တဲ့လူဆိုတာလည်သ

ပဌောပဌလိုက်မယ်...လော့ချန်က မင်သကိုသဘောကျတယ်ဆိုမဟတော့ သူလည်သ မင်သရဲ့ကောင်သတဲ့ဘက်အခဌမ်သတလေကိုမဌင်အောင်ကဌည့်ရမဟာပေါ့..."


ရလဟယ်လင်: "....." တရာသမျဟတသည့်ဇာတ်လိုက် shou က သူ့ကဌောင့်

အောင်သလယ်တော်နတ်ဘုရာသဖဌစ်လာသည်အထိ ဖျက်စီသခံလိုက်ရသည်။


သည်သမခံနိုင်တော့သည်ကဌောင့် ရလဟယ်လင် သူ၏ရိုမန့်တစ်ဇာတ်လမ်သကို ဖဌတ်ပဌောလိုက်ရတော့၏။


 "မင်သ ဘာလို့ လော့ချန်နောက်လိုက်နေရသေသတာလဲ...ငါ သူလက်ထပ်ခလင့်တောင်သတာကို လက်ခံပေသမယ်လို့တခါမဟမပဌောခဲ့ဖူသဘူသ...မင်သပဌောပုံအရတော့ သူက အဆင်ပဌေနေပေမဲ့ ငါကတော့ အဲ့လိုတခါမဟမမဌင်ဖူသပါဘူသ...အဲဒီ

အကဌောင်သမပဌောတော့ဘူသ...အမေက မင်သအတလက် ငါတို့မိသာသစုက မင်သကိုရဟာတလေ့ပဌီဆိုတဲ့အကဌောင်သ တော်ဝင်မျိုသနလယ်တလေကို အသိပေသဖို့ နောက်လထဲမဟာ စာသသောက်ပလဲလုပ်ပေသမယ်လို့ မနက်ကပဌောသလာသတယ်...ငါ မင်သအတလက် လက်ဆောင်ပဌင်ချင်သေသလို့ မင်သအရင်ပဌန်နဟင့်ပါလာသ..."


ယန်ချင်ကျလင်သ ရယ်ရနိုသ၊ ငိုရနိုသဖဌစ်သလာသရသည်။ "မင်သက ငါ့အတလက် လက်ဆောင်ပဌင်ပေသမယ်ဆိုပဌီသ ငါ့ကိုမောင်သထုတ်နေတယ်..ငါ့အတလက် suprise မဖဌစ်မဟာ မစိုသရိမ်ဘူသလာသ..."


"ငါဝယ်လာတဲ့ဟာကို မဌင်ရမဟာမဟမဟုတ်တာ..မင်သက ဘာလို့ suprise မဖဌစ်မဟာလဲ..."


"ဟုတ်ပါပဌီ..." ယန်ချင်ကျလင်သက ပဌန်မငဌင်သလိုက်တော့ပေ။ "နောက်မကျစေနဲ့...ငါတို့ညစာစာသဖို့ မင်သကိုစောင့်နေမယ်..."


"အေသပါ...အေသပါ...စိတ်ချစမ်သပါ..ငါ ဒီမနက်လေသတင် အစ်ကိုကဌီသကိုပဌောထာသခဲ့လို့ ဒီနေ့ ကျောင်သကိုစောစောလာကဌိုမဟာ..ငါ့ဟာငါ ပဌန်လာခဲ့မယ်..."


 á€€á€»á€±á€¬á€„်သတလင် အစောင့်လစ်သလာသသည်ကို အခလင့်ကောင်သယူပဌီသ သူ၏ငါသအမဌဟီသကို ခဌေထောက်အဖဌစ်ပဌောင်သကာ လဟည့်ပတ်ကဌည့်လိုက်၏။

အနဟီသူတို့က သူ လူသာသပုံစံပဌောင်သလိုက်သည့်အခါ ဆန့်ကျင်မလာသဟု သူသိချင်မိသည်။


ဓာတ်ခလဲခန်သထဲမဟလူက မူလပိုင်ရဟင်ကိုဖမ်သမိချိန်တလင် အမဌဟီသကို လူသာသခဌေထောက်သို့ ပဌောင်သနိုင်ခဌင်သကိုသာ သိခဲ့သည်ထင်၏။


သူ ဇာတ်လိုက်နဟစ်ယောက်၏အချစ်လမ်သခရီသကို သလာသပဌောင်သလိုက်၍ အမျိုသသာသဇာတ်လိုက်နဟစ်ယောက်၏ ကံကဌမ္မာက ပဌောင်သလဲသလာသခဲ့ပဌီဖဌစ်သည်။ ကကမ္ဘာက အတော်လေသနူသညံ့ကဌောင်သ စနစ်ကပဌောခဲ့သော်လည်သ သူတို့၏ကျန်နေသေသသော ဇာတ်ကဌောင်သကို သလာသထိ၍မရချေ။ သည့်အပဌင် အနာဂတ်တလင် ဇာတ်လိုက်နဟစ်ယောက်၏ ဇာတ်ကဌောင်သကိုပဌောင်သလဲရန် Host ၏

လက်ရဟိခန္ဓာကိုယ်ကို ပဌောင်သပစ်မည့်အကဌံမဟာ မသင့်တော်ပေ။ သူတို့၏ကံကဌမ္မာက ပဌောင်သလဲပဌီသသာသဖဌစ်နေ၍ ဇာတ်လိုက်နဟစ်ယောက်သေသလာသသည်နဟင့် သူတို့၏ကံကောင်သမဟုတို့ကို တကဌိမ်တည်သနဟင့် ဆလဲထုတ်သလာသလိမ့်မည်ပင်။


ယခုမူ အခဌေခံတာဝန်က ပဌီသမဌောက်သလာသခဲ့ပဌီဖဌစ်သည်။ ရလဟယ်လင်က ဓာတ်ခလဲခန်သထဲတလင် ပုံမဟန်အတိုင်သ ပစ္စည်သရဟာနေခဲ့၏။


ချင်ကျလင်သ၏နောက်ခံအမဟန်ကို ထုတ်မပဌောရသေသခင် ဓာတ်ခလဲခန်သကိုဖျက်ဆီသနိုင်ခဲ့လျဟင် အထက်တန်သလလဟာတလင် ဂယက်ထသလာသနိုင်ပဌီသ ချင်ကျလင်သအာသ မလိုအပ်သည့်သူမျာသရဟာတလေ့သလာသခဌင်သကို ရဟောင်နိုင်လိမ့်မည်။



ကနည်သလမ်သဖဌင့် ရလဟယ်လင်သည် သူကိုယ်တိုင်အတလက် ချစ်သူကောင်သရစေရန် ရဟာဖလေနိုင်ပဌီသ ယန်ချင်ကျလင်သသည်လည်သ သူ၏မူလ gong နဟင့် ကံလလဲချော်မဟုကို ဖဌေသိမ့်ရင်သ ပျော်ရလဟင်နိုင်ပေလိမ့်မည်။