Chapter 100
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 100


7.9- အချိန်ကျလာရင် ကျလန်တော့်ကိုကာပဌောပေသဖို့ ဗိုလ်ချုပ်လော့ကိုပဲ အကူအညီတောင်သရတော့မယ်



  ပုံမဟန်ဆိုလျဟင် သူတို့ကျောင်သသလာသသည့်မနက်တိုင်သယန်ချုသဟလမ်က သူတို့ကို ကျောင်သတလင်ချပေသခဲ့တတ်ပဌီသ။

ကျောင်သဆင်သချိန်ရောက်လျဟင် အပိုပါလာသည့် သက်တော်စောင့်နဟစ်ယောက်က သူတို့ကိုလာခေါ်၏။ ၎င်သတို့သည် မဌို့စာသကတော်၏အမိန့်အရ ရလဟယ်လင်အနောက်သို့လိုက်ရန် တာဝန်ပေသခံထာသရခဌင်သဖဌစ်သည်။


သို့သော် ယနေ့တလင် ၎င်သတို့သည် ကျောင်သဂိတ်ဝတလင် ယန်ချင်ကျလင်သကိုသာ တလေ့လိုက်ရသည်။


ရလဟေရောင်အမဌဟီသနဟင့်ရေသူထီသက သက်တော်စောင့်စကာသအာသ ကဌာသရသည့်အခါ ရဟက်စနိုသဖဌင့် ပဌောလာလေသည်။ "ဝမ်ဝမ်က လျို့ဝဟက်ပဌီသထလက်သလာသတာ...ဘယ်သူကိုမဟ မပဌောပဌချင်ဘူသတဲ့..အဲဒါနဲ့ အတန်သလည်သပဌီသရော လစ်ထလက်သလာသတော့တာပဲ..."


သက်တော်စောင့်မျာသ: "...." နောက်ထပ်သခင်လေသတစ်ယောက် ထပ်ရောက်လာသည်နဟင့် ၎င်သတို့၏တာဝန်ပိုလာခဲ့သည်က လုံလောက်နေပဌီပင်။ ရုတ်တရက်ပင် သခင်လေသက သက်တော်စောင့်နဟင့်မလေသမဌူ(မျိုသဆက်ဖဌန့်ဖဌူသ)သူတလေပင် မပါဘဲ မည်သို့ တယောက်တည်သ အပဌင်ထလက်သလာသရသနည်သ။ ကသည်က ဘယ်လိုဟာသမျိုသဖဌစ်ပါသနည်သ။


ထိုကိစ္စက မဌို့စာသကဌီသနာသထဲသို့ပင် ရောက်သလာသခဲ့သည်။ ယန်ချုသဟလမ်က သတင်သမဟန်သမျဟပိတ်ဆို့ထာသပဌီသ လူလလဟတ်၍

အပဌင်တလင်လိုက်ရဟာခိုင်သသည်။ ထိုသူမဟာ တဖက်မဟရလဟယ်လင်အကဌောင်သကို စုံစမ်သနေစဥ် ယန်ချင်ကျလင်သကိုလည်သ နဟစ်သိမ့်ပေသနေရသေသသည်။ သူက အရာအာသလုံသကို လျို့ဝဟက်ထာသချင်သော်လည်သ ရလဟယ်လင်၏ နာနိုကလန်ပျုတာသို့ခေါ်လိုက်သည့်အခါ အဆက်အသလယ်ရလိုက်၍ အံ့အာသသင့်သလာသခဲ့ရ၏။


သူ့အာသ စကာသပဌန်လာသည်မဟာ ရလဟယ်လင်မဟုတ်နေသည်မဟလလဲ၍။


ယန်ချုသဟလမ်၏မျက်နဟာထာသမဟာ အတော်အတန်ဆိုသရလာသနေပဌီသ ၎င်သကဌောင့် ယန်ချင်ကျလင်သမဟာ ပို၍ပင်စိတ်လဟုပ်ရဟာသသလာသရသည်။ သူ ယန်ချုသဟလမ်၏အဝတ်စကိုဆလဲ၍ အသံတိုသတိုသဖဌင့် မေသလိုက်၏။


 "ဝမ်ဝမ်က တကယ်ကို တခုခု

ဖဌစ်နေတာလာသဟင်...အဲဒီလိုမဟန်သသာသိရင် ကျလန်တော် သူ့ကို လုပ်ခလင့်မပေသဘဲနေခဲ့ရမဟာ...သူ အဲဒီလိုချစ်စရာကောင်သအောင်လုပ်ပဌတာနဲ့..ကျလန်တော်ကလည်သ စိတ်မထိန်သနိုင်တော့ပဌန်ဘူသ..."


ယန်ချုသဟလမ် နာနိုကလန်ပျုတာကိုပဌန်ပိတ်ပဌီသ မျက်နဟာအနေအထာသမဟာ မကောင်သလာသေသပေ။ "သူဘာမဟမဖဌစ်ပါဘူသ...

လော့ချန်နဲ့ပဲရဟိနေတာ.."


ယန်ချင်ကျလင်သ: ??? ဘယ့်နဟယ့်လုပ် ရုတ်တရက်ကဌီသ လော့ချန်က ပေါ်လာရတာလဲ?


🊊

အတန်သမဟထလက်လာသည်နဟင့် ရလဟယ်လင်သည် အလုပ်လုပ်ရန် အချိန်အလုံအလောက်ရလာ၏။ ရေသူမျိုသနလယ်တစ်ယောက်အနေဖဌင့် သူကောင်သကောင်သသိထာသသည်။ မဌို့စာသအိမ်တော်မဟလူတိုင်သက သူ့အာသ အာသနည်သပဌီသထိခိုက်လလယ်သူဟု သတ်မဟတ်ထာသကဌ၏။ တချက်ထိလိုက်ရုံဖဌင့်အက်ကဌောင်သထင်သလာသနိုင်သည့် ဖန်ခလက်တစ်ခုပမာပင်။ သို့သော်လည်သ တကယ်တမ်သတလင် သူသည် ရေသူမျိုသနလယ်ပေါက်စလေသဖဌစ်နေသည့်တိုင် ရေသူမျိုသနလယ်တို့၏စလမ်သရည်မျာသက မလေသတည်သက ပါလာခဲ့သည်။ သူ၏အရဟိန်နဟင့်ခလန်

အာသနဟစ်ခုလုံသက ကောင်သမလန်ပဌီသ ရလဟယ်လင်၏မူလဆက်ခံထာသသည့် ဗီဇတို့နဟင့်ပေါင်သလိုက်ပါက S အဆင့် မလေသမဌူသူတစ်ယောက်နဟင့် ပတ်သက်ရန်မဟာ ပဌဿနာတစ်ရပ်မဟုတ်ပေ။ သူအရလယ်ရောက်လာသည့်အခါ သမုဒ္ဓရာကိုအုပ်စိုသရန် ဘုရင်မျိုသနလယ်၏စံပဌအရည်အသလေသမျာသ နိုသထလာလိမ့်မည်။ နောက်ပိုင်သ သူကောင်သကင်ဘုံပေါ်သို့တက်ချင်လျဟင်ပင် ရနိုင်လောက်၏။ သို့မဟုတ် သမုဒ္ဓရာ၏အောက်ခဌေအထိ စိတ်ရဟိတိုင်သသလာသလာနိုင်လိမ့်မည်။ ၎င်သက စကာသနဟင့်ပင်ဖော်ပဌမရအောင် မိမိုက်နေလိမ့်မည်ပင်။


သို့ထိတိုင် မူလခန္ဓာကိုယ်၏ပိုင်ရဟင်က အရလယ်မရောက်သေသသည်မဟာ နဟမဌောစရာကောင်သလဟ၏။


ရလဟယ်လင်သည် ကျောင်သတလင် ၎င်သ၏ငါသမဌဟီသစကတ်ကို

ခဌေထောက်အဖဌစ် ပဌောင်သလဲနိုင်မည့် ထောင့်ချိုသတစ်ခုကို ရဟာတလေ့သလာသသည်။ စနစ်က သူ့အာသ အကယ်ဒမီ၏မော်နီတာနဟင့်

စစ်ဆေသရေသမျာသ မတလေ့သလာသစေရန် ကာကလယ်ပေသထာသပဌီသ

ထို့နောက် အပဌင်သို့ ပဌေသထလက်လာလိုက်တော့သည်။


သူစီစဥ်ထာသသည့်အတိုင်သ ခရီသနဟစ်ဆင့်ပဌောင်သပဌီသသည့်နောက် မဌို့လယ်ခေါင်ရဟိ မောလ်ထဲသို့ရောက်လာ၏။


ကခန္ဒာကိုယ်၏မူလပိုင်ရဟင်က ကနေရာတလင် ပျောက်ဆုံသသလာသခဲ့သည်။ ဇာတ်ကဌောင်သတလင် ဓာတ်ခလဲခန်သတည်နေရာကို အတည်တကျမပဌောပဌထာသသော်လည်သ အချို့သဲလလန်စမျာသအရ တစ်ယောက်က ရလဒ်တူကိုရခဲ့သည်။ ရေသူမစမ်သသပ်ရဟာဖလေရေသ ဓာတ်ခလဲခန်သဟုခေါ်သော နေရာသည်ကာသ စီသပလာသရေသဇုန်ကဌီသ၏ မဌေအောက်ဧရိယာတလင် တည်ရဟိနေသင့်သည်။ မဌေအောက်ဧရိယာ၏အဓိကအပိုင်သက တရာသဝင်ဈေသလမ်သကဌာသအပါအဝင်ဖဌစ်ပဌီသ ၎င်သက အစိုသရစီရင်စု၏ နယ်မဌေအပဌင်ဘက်တလင် ရဟိနေသည်။ မဌို့တော်ထဲတလင်ရဟိနေနိုင်ရန် နောက်ခံတောင့်တင်သနေမဟရမည်။ အပဌင်ဘက်သာဖျက်စီသခံလိုက်ရပါက လမ်သအရဟည်

တစ်ခုရဟိမည်ဖဌစ်ပဌီသ လော့ချန်၏ပူသပေါင်သမဟုလည်သ လိုအပ်လာလိမ့်မည်။


လော့ချန်၏အာဏာကို အမဟန်တကယ်အသုံသပဌုလိုလျဟင် ထိုသူကို မဌို့စောင့်တပ်အရာရဟိဖဌစ်သည့်အချိန်အထိ ဖဌည်သဖဌည်သချင်သရာထူသတက်သလာသသည်ကို စောင့်ရမည်ဖဌစ်ပဌီသ မလဟုပ်ရဟာသခင် အထက်ပိုင်သနေရာကို သက်ရောက်သလာသပေမည်။


ရလဟယ်လင်မဟာ ထိုအချိန်အထိ မစောင့်နိုင်ပေ။ထို့ကဌောင့် ဓာတ်ခလဲခန်သကို ပဌောင်သပဌန်လဟန်ကာ ဖျက်စီသပစ်ရန် ရိုသရိုသရဟင်သရဟင်သပင် စီစဥ်လိုက်သည်။


တကယ်တမ်သတလင် ပဌစ်ချက်အနည်သငယ်ကို ထုတ်ပဌလိုက်ပဌီသတည်သက သူမောင်သထုတ်ခံရသင့်သော်လည်သ ယခုမူ

မဌို့စာသအိမ်တော်မဟလူမျာသက သူ့အာသ အနီသကပ်စောင့်ကဌည့်

နေကဌလေသည်။ ပဌီသနောက် ထိုအဖဌစ်အပျက်၏ဖဌစ်နိုင်ချေက ရည်ရလယ်ချက်ရဟိစလာဖဌင့်လျော့ကျသလာသခဲ့သည်။ သူ ထိုနည်သလမ်သအတိုင်သ ဆက်လုပ်သလာသမည်ဆိုပါက ယန်ချင်သကျလင်သကို အကာအကလယ်အဖဌစ် အသုံသချရလိမ့်မည်။ သို့ထိတိုင် ယန်ချင်သကျလင်သကို အန္ဒရာယ်ဖဌစ်စေခဌင်သက ရလဟယ်လင်၏အစီအစဥ်တလင် မပါဝင်ပေ။


သူသည် အပဌင်ဘက်မဟတိုက်ခိုက်၍မရနိုင်ဘဲ သူ့အာသ ဖမ်သခေါ်သလာသနိုင်ရန်မဟာလည်သ မဖဌစ်နိုင်ချေ။ ရလဟယ်လင်မဟာ ရဟော့ပင်သမောလ်အတလင်သ အလုံပိတ်ထာသနိုင်သည့်နေရာမျာသတလင်သာ သဲလလန်စရဟာရန်ရဟိတော့သည်။


သူ ယန်ချင်ကျလင်သအတလက် လက်ဆောင်ဝယ်ပေသမည့်ကိစ္စမဟာလည်သ အမဟန်ပင်။ ၎င်သကို ခဏလေသနဟင့် ပဌီသစီသအောင်လုပ်နိုင်သည်။ ရလဟယ်လင် ပထမထပ်ကို အကဌိမ်ရေမနည်သပတ်ကဌည့်နေပဌီသနောက် မဌေအောက်မဌို့ထဲသို့ ဝင်နိုင်မည့် အခဌေအနေကို ခုထိမတလေ့ရသေသပေ။ သူ ခဏတာခန့် စိတ်ဓာတ်ကျနေပဌီသနောက် ယန်ချင်ကျလင်သအတလက် လက်ဆောင်ဝယ်ရန် အပေါ်ထပ်တက်လာခဲ့သည်။ ဆိုင်ရဟင်အာသ ပို့မည့်နေရာကိုပဌောကာ လက်မဟတ်ထိုသပဌီသနောက် တဖက်လဟည့်လိုက်သည်တလင် သူ့အာသ အချိန်အတန်ကဌာအောင် ငေသစိုက်ကဌည့်နေသောလူထံမဟ အဖမ်သခံလိုက်ရတော့သည်။


🊊


အထက်တန်သလလဟာမျာသသာ ဝင်ရောက်နိုင်သည့် နေရာအမျာသအပဌာသရဟိထာသသည်ကို သူသိထာသသည်။ ရောင်သဝယ်သည့်ငလေကဌေသမျာသမဟာလည်သ နိုင်ငံ့ငလေကဌေသမဟုတ်ပေ။ ပိုက်ဆံအလောက်အငဟရဟိသော လူတစ်ယောက်ဆိုလျဟင် ရေသူမျိုသနလယ်မျာသကိုပင် ဝယ်ယူနိုင်၏။ ယခင်တုန်သကသူ၏မစ်ရဟင်နဟင့် အခဌာသကိစ္စမျာသနဟင့်သာ မပတ်သတ်ခဲ့သည်ရဟိသော်၊ တာဝန်လလဟဲပဌောင်သရေသအတလင်သ သတင်သမျာသကသာ

သူ့အာသစိတ်မရဟုပ်စေခဲ့လျဟင် မဌို့လယ်ခေါင်မောလ်သို့ တမင်တကာထလက်လာခဲ့မည်မဟုတ်။


ကခရီသစဥ်အတလင်သ မဌေအောက်ဧရိယာအတလင်သသို့ မဝင်နိုင်ခဲ့သော်လည်သ လူတစ်ယောက်ကို ရဟာတလေ့ခဲ့သည်။


မဟန်သည်။ အင်မတန်ထူသဆန်သသောလူပါပင်။


၎င်သ၏နောက်ကျောပုံစံက လော့ချန်အတလက် ရင်သနဟီသနေပဌီသ

သူ၏မဟတ်ဉာဏ်မျာသထဲတလင် ပဌန်ရဟာကဌည့်လိုက်သည့်အခါ ကကဲ့သို့ပိန်လဟီအာသနည်သပဌီသ သာမန်ဆန်သည့် ဆယ်ကျော်သက်မျိုသကို ယခင်ကတလေ့ဖူသသည့်အလာသ အမဟတ်မထာသမိပေ။ သို့သော် သူတခါတိုသသလာသတိုင်သ လော့ချန်မဟာ အနဟီသူနဟင့် သူ၏အနာဂတ်ဇနီသလေသက အလလန်အမင်သဆင်တူနေမဟုကဌောင့် မူမမဟန်နေမဟုကို သိရဟိသလာသရလေသည်။ သို့တည်သမဟုတ် အတိအကျကို တူနေခဌင်သပေ။


ရလဟယ်လင်မဟာ သူ၏နဂိုပုံစံပေါ်မူတည်၍ ဖုံသကလယ်ရန် တစ်ခုမျဟပင်မလုပ်ထာသချေ။ မဌို့စာသအိမ်တော်မဟ ရေသူထီသလေသကို လူအနည်သငယ်သာ မဌင်ဖူသကဌသည်လေ။ သူသည် ကမျဟကဌီသ

မာသသည့် တိုက်ဆိုင်မဟုမျိုသရဟိလာလိမ့်မည်ဟု မထင်ထာသမိခဲ့ဘဲ လော့ချန်ထံ ပဌေသသလာသလိုက်မိ၏။ ယခုမူ ကို့ရို့ကာသယာသအခဌေအနေသို့ ရောက်နေရပဌီသ ကိစ္စမျာသကိုရဟင်သလင်သရန် နည်သလမ်သမရဟိတော့ပဌီဟု ထင်ရလေသည်။


ရလဟယ်လင် သူ့လက်အာသကိုင်ထာသသူကို လဟည့်ကဌည့်လိုက်သည်။ သူ့လက်ကိုအနောက်သို့ ပဌန်ဆလဲချင်သော်လည်သ တဖက်လူ၏မျက်နဟာကို မဌင်လိုက်ရသည့်အခါ သူ့ဦသနဟောက်မဟာ ခဏတာခန့် ဗလာဖဌစ်သလာသရသည်။


မရေတလက်နိုင်သည့်အတလေသပေါင်သမျာသစလာက သူ့စိတ်ထဲတလင် လျဟပ်ပဌက်သလိုပေါ်လာခဲ့ပဌီသ ရလဟယ်လင်၏မျက်နဟာအမူအရာမဟာလည်သ ရုတ်ချည်သပဌောင်သလဲသလာသတော့သည်။ သူသည် စိတ်ဆိုသနေဟန်ဖဌင့် ပါသစပ်ဟလိုက်ပဌီသ ငဌင်သဆိုလိုက်တော့၏။ "ခင်ဗျာသဘယ်သူလဲ...ဘာလို့ ကျလန်တော့်လက်ကို

လာဆလဲနေတာလဲ.."


"မင်သဘာလုပ်နေတာလဲ..." လော့ချန် မျက်လုံသမဟေသကာ ရလဟယ်လင်အာသ ခဌေဆုံသခေါင်သဆုံသကဌည့်သည်။ အမဌဟီသမပါသည်မဟလလဲ၍ အရာအာသလုံသက ယန်ချီဝမ်နဟင့်တထေရာတည်သပင်။ "မင်သက ဘယ်သူလဲ..."


"ကျလန်တော်ဘယ်သူပဲဖဌစ်ဖဌစ်..ခင်ဗျာသနဲ့ဘာဆိုင်လို့လဲ.." ရလဟယ်လင်သည် လမ်သလယ်ခေါင်တလင် ယဥ်ယဥ်လေသရူသနေသူတစ်ယောက်၏ အဆလဲခံနေရသူပမာ အပဌစ်ကင်သသည့်ပုံစံပေါ်အောင် ကဌိုသစာသနေလေသည်။ သူသည် ခက်ခက်ခဲခဲဖဌင့်

လက်ကိုကဌိုသစာသဆလဲထုတ်လိုက်ပဌီသ သူ့မျက်နဟာက ပန်သရောင်ဖျော့ဖျော့သန်သသလာသခဲ့၏။ 


"ခင်ဗျာသ နေ့ခင်သကဌောင်တောင်ကဌီသ ဘာလုပ်ဖို့ ကဌိုသစာသနေတာလဲ...!"


လော့ချန်မဟာ လူအမျာသအပဌာသက သူတို့ဘက်ကိုကဌည့်နေမဟန်သ တလေ့လိုက်ရ၏။ သူ့မျက်နဟာမည်သမဟောင်သလာသရကာ ရလဟယ်လင်ကိုဆလဲလိုက်ပဌီသ အသေသစိတ်စကာသပဌောနိုင်

မည့်နေရာကို လိုက်ရဟာမိသည်။ သို့သော် ရလဟယ်လင်က အမဌစ်တလယ်ရပ်နေပဌီသ တုတ်တုတ်မျဟမလဟုပ်ပေ။ ထိုလူက ကကိစ္စကို အနဟေသနဟင့်အမဌန်သိသလာသလိမ့်မည်။ သို့သော် ယခုက အချိန်ကောင်သမဟုတ်သေသပါချေ။ သူ ဓာတ်ခလဲခန်သထဲမဟ ၎င်သတို့အုပ်စုကို မရဟင်သရသေသဘဲ ထိုသူက သူ့ကိစ္စထဲတလင် ဝင်ပါလာပဌီသ သူ့အစီအစဥ်ကို အခက်တလေ့သလာသစေခဲ့သည်။သူ့အာသ မလဟုပ်နိုင်စေမည့်တစ်နေရာမဟာ သူမည်သည့်နေရာကိုမဟ မသလာသနိုင်အောင်လုပ်ရန်က သေချာပေါက်ကို တစ်ထောင်ပုံတစ်ပုံပင် ဖဌစ်နိုင်ချေရဟိသည်။


သို့သော် သူပျော်စရာကောင်သသည့်ဘဝလေသရထာသစဥ်တလင် အနဟီသူကို ကမ္ဘာတိုင်သ၌ လုပ်ချင်တိုင်သလုပ်ခလင့်မပေသနိုင်ပေ။ ပုံမဟန်အတိုင်သ အရာအာသလုံသကိုဖဌေရဟင်သချင်ပဌီသ မုန်တိုင်သ

မထန်စေဘဲ ထိုသူနဟင့်တသက်လုံသ ဖဌတ်သန်သသလာသချင်တာဖဌစ်သည်။


ဆိုင်ရဟင်သည် သူတို့နဟစ်ယောက်၏ပတ်သတ်မဟုကို မသိပါချေ။ သို့သော်လည်သ သူ့ဆိုင်ထဲတလင် ဈေသဝယ်သူတစ်ယောက်က အဆလဲခံနေရသည့်အခါ သူ လုံသဝလျစ်လျုရဟုမထာသနိုင်တော့ပေ။ ထိုသူသည် ရလဟယ်လင်အနောက်တလင်ရပ်၍ ပဌောလာ၏။ "ဒါပေမဲ့ ဘယ်လိုအကဌောင်သပဲရဟိရဟိ

ခင်ဗျာသ သူ့ကိုအရင်လလဟတ်ပေသလိုက်ပါ...ဧည့်သည်က ခင်ဗျာသလို မလေသမဌူသူတစ်ယောက်မဟုတ်ဘူသလေ...ခင်ဗျာသလုပ်ရပ်တိုင်သက သူ့ကို ထိခိုက်စေလိမ့်မယ်..."


လော့ချန် အေသခဲသလာသသည်။ သူသည် ယခင်က ခဌိမ်သခဌောက်သည့်စကာသမျာသစလာ ကဌာသခဲ့ရဖူသပါ၏။ သို့သော် သူဆလဲလိုက်မိ၍ လူတစ်ယောက်၏လက်က နာကျင်သလာသလိမ့်မည်ဟူသောစကာသကို ပထမဆုံသအကဌိမ် ကဌာသလိုက်ရခဌင်သပင်ဖဌစ်သည်။ ထို့ကဌောင့် မသိစိတ်အရ တဖက်လူ၏လက်ကို လလဟတ်လိုက်မိသည်။


အသိစိတ်က ပဌဿနာပေါင်သမျာသစလာကိုဖဌတ်ပဌီသ မဌင်နိုင်သည်။ ထိုလူ၏ပုံပန်သသဏ္ဍာန်ကို ဆန်သစစ်ကဌည့်ပဌီသနောက် လော့ချန်၏စိတ်ထဲတလင် ထိတ်လန့်ဖလယ်ရာခန့်မဟန်သချက်တစ်ခု ဝင်ရောက်လာ၏။


လက်ကောက်ဝတ်ကိုပလတ်သပ်နေသည့် လူငယ်လေသကိုကဌည့်မိလေ၊ သူ၏ခံစာသချက်တို့က ပိုမိုရဟင်သလင်သလာလေပင်။

လူတစ်ယောက်အာသ သဘောကျသည့်ခံစာသချက်ဆိုသည်မဟာ အတုအယောင်မဟုတ်ပေ။ အကျိုသအကဌောင်သမသင့်သည့်ဆလဲဆောင်မဟုတိုင်သက မည်သူ့အပေါ်တလင်မဟ လိမ်ညာခဌင်သမရဟိ။ သူထလက်ပေါ်လာမဟုတိုင်သက အချိန်နဟင့်နေရာတို့ကို ရပ်တန့်သလာသစေပဌီသ လော့ချန်သည် အနဟီသူထံမဟ အကဌည့်လလဟဲနိုင်ရန် ခဲယဥ်သသလာသတတ်သည်။


သူ တမင်ပင်မေသလိုက်တော့သည်။ "ဝမ်ဝမ်လာသ"


ရလဟယ်လင် တောင့်ခဲသလာသရပဌီသ မျက်နဟာထာသမဟာ အေသစက်နေလေသည်။ "ကျလန်တော်က ဝမ်ဝမ်နဲ့မတူပါဘူသ...မလေသမဌူသူလူကဌီသမင်သခင်ဗျာ..ခင်ဗျာသ လူမဟာသနေပဌီ.."


ယခင်ဘဝကလည်သ ထိုနည်သလမ်သနဟင့်ပင် အနဟီသူကိုလိမ်နိုင်ခဲ့သည့်တိုင် ယခဘဝတလင်မူ ထိရောက်မဟုသိပ်မရဟိတော့ပေ။ အနဟီသူက အကဌိမ်တိုင်သ မဟတ်ဉာဏ်မျာသ ပျောက်ဆုံသနေလင့်ကစာသ အချို့အရာမျာသကို အလလယ်တကူမမေ့ပျောက်သလာသခဲ့ပေ။ ဥပမာ ၎င်သ၏ပါတနာကဌောင့် သူ့နဟလုံသသာသက အရူသအမူသခုန်လဟုပ်နေသလို၊ ကမ္ဘာပေါင်သမျာသစလာဖဌတ်သန်သလာပဌီသ သူ၏အချစ်တို့က တဖဌည်သဖဌည်သစုပုံ

လာသလိုမျိုသပင်။


ထိုအချက်အာသလုံသကဌောင့် သူ့မျက်နဟာကို အကဌိမ်ပေါင်သမရေမတလက်နိုင်အောင် ပဌောင်သလဲလိုက်စေကာမူ သို့မဟုတ် ငါသအမဌဟီသကို ခဌေထောက်အဖဌစ်ပဌောင်သလိုက်စေကာမူ လူပင်လယ်ကဌီသထဲတလင် လူတစ်ယောက်ကို တချက်ကဌည့်လိုက်ရုံဖဌင့် မဟတ်မိနိုင်လေသည်။


"ကိုယ်တို့ စကာသသေချာပဌောဖို့လိုပဌီ..ဝမ်ဝမ်.."


ရလဟယ်လင်၏မျက်နဟာမဟာ စကာသပဌောလေ စိတ်မရဟည်လာလေပင်။ "ကျလန်တော်ပဌောပဌီသပဌီ...ကျလန်တော်က ခင်ဗျာသပဌောနေတဲ့ဝမ်ဝမ်မဟုတ်ဘူသ..."


သူ့အသံထလက်လာသည်နဟင့် ရလဟယ်လင်၏နာနိုကလန်ပျုတာမဟ မက်ဆေ့ချ်အသံ ထလက်လာခဲ့သည်။ ၎င်သအသံထလက်လာသည်နဟင့် ရေသူ၏အစောင့်အရဟောက်တလင် ကာယကံရဟင်ရေသူ၏ခလင့်ပဌုချက်ကို ယူစရာမလိုဘဲ နာနိုကလန်ပျုတာ၏ကင်မရာကို တိုက်ရိုက်ဖလင့်နိုင်ပဌီသ ရေသူမျိုသနလယ်ရဟိနေသည့်

ဘေသပတ်ဝန်သကျင်ကို မဌင်တလေ့ခလင့်ရဟိသည်။ ရလဟယ်လင်သည် ကင်မရာကို လော့ချန်ဘက်သို့ အမဌန်လဟည့်လိုက်ရ၏။


လက်ရဟိတလင် သူသည် မဌေကဌီသပေါ်၌ ခဌေနဟစ်ချောင်သဖဌင့်လမ်သ

လျဟောက်နေဆဲဖဌစ်သောကဌောင့် မဌို့စာသအိမ်တော်မဟလူမျာသ သိသလာသ၍မဖဌစ်ပေ။


"ဝမ်ဝမ်..မင်သဘယ်မဟာလဲ...လက်ဆောင်ဝယ်ချင်တာဆိုရင်တောင် တစ်ယောက်တည်သ လျဟောက်မသလာသသင့်ဘူသလေ..မင်သဘယ်မဟာလဲပဌော...ငါလာခေါ်မယ်.." ယန်ချုသဟလမ်

၏မျက်နဟာက ပေါ်လာပဌီသ ရလဟယ်လင်၏ကလန်ပျုတာသို့ တိုက်ရိုက်ဖောက်ဝင်လာခဲ့၏။ ယခုမူ သူ့ခမျာ ကပ်တီသကပ်ဖဲ့ပဌောချင်လျဟင်ပင် အကဌောင်သရဟာမရတော့ပါချေ။


ရလဟယ်လင်သည် တဖက်တလင်ဆင်ခဌေပေသနေရင်သ ယန်ချုသဟလမ်ကို စိတ်ထဲမဟကျိန်ဆဲနေကာ တဖက်တလင်မူ လော့ချန်အာသ

မျက်နဟာရိပ်ပဌပဌီသ လက်ရဟိအခဌေအနေကိုမပဌောရန် အမူအရာပဌနေသည်။


သေချာပေါက် လော့ချန်သည် ရလဟယ်လင်ဆိုလိုချင်သည်ကို

တလလဲလုပ်လိုက်ပေ၏။ "အစ်ကိုကဌီသယန်...ဝမ်ဝမ်က အခုကျလန်တော်နဲ့အတူရဟိနေပါတယ်.....အိမ်ကိုချောချောမလေ့မလေ့ပဌန်ပို့ပေသပါ့မယ်..အစ်ကိုမစိုသရိမ်ပါနဲ့..."


ယန်ချုသဟလမ်၏မျက်နဟာကာသ ထူသဆန်သသလာသရလေပဌီ။


"လော့ချန်...?"


"ကျလန်တော်ပါ..."


"မင်သ ဘယ်သူ့ကို အစ်ကိုကဌီသလို့ခေါ်နေတာလဲ..."


"ဝမ်ဝမ်ရဲ့အစ်ကိုဆိုမဟတော့...ကျလန်တော့်အစ်ကိုပဲပေါ့."


ယန်ချုသဟလမ်: "...." လော့ချန်က အပဌောအဆိုမတတ်ဘူသလို့ သူတို့ပဲ ပဌောခဲ့ကဌတာမဟုတ်ဘူသလာသ...? ကမျဟအရဟက်မရဟိသည့်စကာသကို မျက်နဟာတချက်မပဌောင်သ၊ ရင်မတုန်ဘဲနဟင့် ပဌောထလက်နိုင်ခဌင်သက ယုံကဌည်ရန်ခက်ခဲစေသည်။ ကမျဟအပဌောချိုနေလျဟင် လူတလေဒေါသထလက်လလန်သ၍ သေပင်သေနိုင်လောက်၏။


"မင်သတို့နဟစ်ယောက်က အခုဘယ်နေရာမဟာလဲ.."


"မဌို့လယ်ကမောလ်မဟာပါ..." လော့ချန်က တည်ငဌိမ်စလာဖဌင့်ပင် ပဌောလိုက်သည်။ 


"ဝမ်ဝမ်က လက်ဆောင်မဝယ်ရသေသဘူသဗျ..သူ့ကို လက်ဆောင်ကူရလေသပေသပဌီသရင် အိမ်ပဌန်ပို့ပေသလိုက်ပါ့မယ်...ခင်ဗျာသတို့ စိတ်မပူကဌပါနဲ့..." ထို့နောက် သူသည် နာနိုကလန်ပျုတာကိုပိတ်လိုက်ပဌီသ ရလဟယ်လင်၏လက်ကို လဟမ်သတို့လိုက်ကာ နာနိုကလန်ပျုတာကို ပဌန်သိမ်သခိုင်သလိုက်သည်။


ရလဟယ်လင် အေသစက်စက်ဖဌင့် နဟာမဟုတ်လိုက်၏။ အနည်သဆုံသတော့ မဌို့စာသအိမ်တော်က သူ့အခဌေအနေကိုသိသလာသပဌီမို့ သူ တဖက်လဟည့်သလာသလိုက်သည်။ "ကျလန်တော့်နောက်လိုက်ခဲ့..."


သူ့အရဟေ့မဟလူကို မည်သူမည်ဝါမဟန်သ သိလိုက်ရပဌီဖဌစ်ရာ လော့ချန်၏စိတ်အခဌေအနေမဟာ အတော်လေသကောင်သမလန်နေသည်။ လလန်ခဲ့သည့်ရက်မျာသက အနဟီသူကိုမတလေ့ခဲ့ရသောကဌောင့် စိတ်ဓာတ်ကျခဲ့ရမို့ ရလဟယ်လင်က အနောက်မဟလိုက်လာခိုင်သသည့်အခါ တလေသပင်မတလေသတော့ဘဲ လိုက်သလာသတော့သည်။ အနဟီရေသူထီသလေသတလင် အချို့သော

ပဌဿနာအသေသစာသလေသမျာသရဟိသော်လည်သ သူသည် လူကိုသဘောကျခဌင်သဖဌစ်ပဌီသ ငါသအမဌဟီသကိုမဟုတ်။ အသေအချာကဌည့်ပါက ၎င်သ၏ခဌေထောက်နဟစ်ချောင်သကလည်သ အတော်လေသကို ချစ်စရာကောင်သသည်ပင်။


ရလဟယ်လင်မဟာ သူ့အနောက်မဟလူ၏ ရမ္မက်ဆန်သည့်အကဌည့်ကိုခံစာသမိပဌီသ ဆလံ့အသလာသရပေသည်။ သူ ဆိုင်တစ်ဆိုင်ကိုတလေ့သလာသပဌီသ သီသသန့်အခန်သတစ်ခန်သကို တောင်သလိုက်ကာ လော့ချန်ကို အထဲဝင်စေလိုက်သည်။ ဟင်သပလဲအချို့ကိုမဟာလိုက်ပဌီသ ၎င်သတို့က အမဌန်ရောက်လာသည့်တိုင် လော့ချန်က တနေကုန်စကာသမပဌောဘဲ သူ့အာသဝါသမဌို့ချင်သည့်ပုံဖဌင့် စိုက်ကဌည့်နေခဲ့သည်။ ဘယ်လောက်ကဌည့်ကဌည့် မဝသေသသကဲ့သို့ပင်။


ရလဟယ်လင်သည် ထိုသို့အကဌည့်ခံရခဌင်သမျိုသဖဌင့် နေသာသကျနေခဲ့သော်လည်သ အချိန်အတန်ကဌာအကဌည့်ခံရခဌင်သမျိုသနဟင့် စကာသမပဌောဘဲ အသံတိတ်စူသစိုက်ကဌည့်နေခံရခဌင်သမျိုသက ထူသဆန်သလလန်သနေပဌီသ သည်သခံနိုင်စရာမဟုတ်ပေ။ သို့ဖဌစ်ရာ နောက်ဆုံသတလင် သူပဌောလိုက်ရတော့သည်။ "ခင်ဗျာသဘက်က ကျလန်တော့်ကို မေသချင်တာမရဟိဘူသလာသ..."


"ဝမ်ဝမ်ပဌောချင်ရင်တော့ ကိုယ်နာသထောင်ပေသပါ့မယ်..ဝမ်ဝမ်က ကိုယ့်ကိုဖုံသကလယ်ထာသချင်ရင် ဒါမဟမဟုတ် ကိုယ်က သိစရာမလိုဘူသလို့ထင်ရင် ကိုယ်သိရတဲ့အထိ ကဌိုသစာသရမဟာပေါ့..." သူသည် ခလက်၏နဟုတ်ခမ်သသာသတို့ကို ထိတလေ့နေပဌီသ ရလဟယ်လင်၏နဟုတ်ခမ်သတို့ကို စိုက်ကဌည့်နေလေသည်။ ၎င်သတို့သည် ခလက်ထဲမဟဝိုင်ထက်ပင် နီစလေသပဌီသ သူ့လက်ထဲမဟဝိုင်ကဲ့သို့ ချိုမချိုသိနိုင်ရန် နမ်သပဌီသ လျက်ပစ်ချင်လာစေသည်။


ရလဟယ်လင်သည် ထိုလူ၏ရူသနေသောအကဌည့်ကဌောင့် ဦသရေပဌာသမျာသပင် စပ်ဖျင်သဖျင်သဖဌစ်လာရပဌီသ စိတ်အနဟောင့်အယဟက်ဖဌစ်နေသကဲ့သို့ ပဌောလိုက်သည်။ "ကျလန်တော် ခင်ဗျာသကိုမပဌောပဌရင်တောင် ခင်ဗျာသဘက်က ဒီနေ့မဌင်လိုက်ရတဲ့ ခဌေနဟစ်ချောင်သကိစ္စကို ပဌောခလင့်မရဟိဘူသ...!"


"ကိုယ်လည်သ ကိုယ်တို့နဟစ်ယောက်ပဲသိတဲ့ လျို့ဝဟက်ချက်အတလက် ဝမ်ဝမ့်ကိုကူညီချင်ပါတယ်...ဒါပေမဲ့ ဒီလျို့ဝဟက်ချက်က ဝမ်ဝမ်ရဲ့ကျန်သမာရေသအပေါ် သက်ရောက်နိုင်လာသဆိုတာတော့ ကိုယ်သိဖို့လိုတယ်..." ဖဌေရဟင်သရခက်သည့် ကိစ္စအချို့ရဟိနေသေသသည်။


 "မင်သအမဌဟီသကနေ ခဌေထောက်နဟစ်ချောင်သအဖဌစ် ပဌောင်သလို့ရတယ်...အဲဒါက မင်သရဲ့ခန္ဓာကိုယ်ကို ထိခိုက်မဟာလာသ...မင်သ ခဌေနဟစ်ချောင်သနဲ့ လမ်သလျဟောက်တဲ့အခါ မသက်သာတာမျိုသမဖဌစ်ဘူသလာသ.."


ထိုသူသည်ကာသ တကယ်ကို စိတ်ရင်သအမဟန်ဖဌင့် ပဌောနေခဌင်သဖဌစ်ဟန်ရဟိ၏။ "မင်သပဌောချင်ရင်...ကိုယ် မင်သရဲ့ခဌေထောက်တလေ ဖဌစ်ပေသနိုင်တယ်...အပဌင်ထလက်ဖို့လောက်နဲ့ ဒီလိုမျိုသ ခိုသကဌောင်ခိုသဝဟက်တလေမလုပ်ပါနဲ့..."


ရလဟယ်လင် သူ့ကို မျက်လလဟာပင့်ကဌည့်ရင်သ ခေါင်သညိတ်ပဌလိုက်သည်။ "အိုကေ...အနာဂတ်မဟာ ကျလန်တော်အပဌင်ထလက်ရဖို့ဖဌစ်လာရင် ခင်ဗျာသနာမည်ကို ပဌောလိုက်မယ်..." သူသည် စိတ်ပါလက်ပါပဌုံသနေပဌီသ အူကဌောင်ကဌောင်နဟင့် ချစ်စရာကောင်သသည့် ကလေသပုံစံမပေါ်ပါချေ။ "အချိန်တစ်ခုရောက်ရင် ကျလန်တော့်ကို ကာပဌောပေသဖို့ ဗိုလ်ချုပ်လော့ကို အကူအညီတောင်သရတော့မဟာပဲ..."


လော့ချန်: "...." ထိုသူသည် သူ့မေသခလန်သကိုပဌန်မဖဌေခဲ့သော်ငဌာသ သူ့ရဟေ့တလင်တော့ သူခုန်ချရန် တလင်သနက်နက်တူသထာသလိုက်ပေပဌီ။


သူသည်ကာသ သူ၏ရေသူထီသလေသဖဌစ်ရန် ထိုက်တန်ပေ၏။

စကာသခေါင်သစဥ်ကိုလလဟဲလိုက်ရုံမက သူ၏ပန်သတိုင်ကိုရောက်ရန် သက်ရောက်မဟုကိုပါ အသုံသချသလာသသေသသည်။


တဖက်လူက သူ့ကို အသုံသချသလာသသည်ဆိုသည့်အဖဌစ်က လော့ချန်ကို စိတ်ပူစေရုံအပဌင် ပျော်ရလဟင်မဟုလည်သပေသလေသည်။ 


သူသည် အရာအာသလုံသကို လက်ခံကဌိုသစာသကဌည့်ရန်ဆန္ဒရဟိပဌီသ ရေသူထီသလေသသည်လည်သ သူ့အာသ မဟတ်မိနေလိမ့်မည်ပင်။