Chapter 101
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 101

7.10 – ကအရဟင့်သာသသည် သေချာပေါက် ပရိယာယ်အကဌံအစည်မျာသနဟင့် ပဌည့်နဟက်နေသည်



"မင်သရဲ့ခဌေထောက်တလေက လမ်သလျဟောက်လို့ တကယ်အဆင်ပဌေရဲ့လာသ" 


ရလဟယ်လင် သူ့ကို အကဌိမ်ကဌိမ် အာမခံထာသသော်လည်သ လော့ချန် အလလန်စိုသရိမ်နေဆဲပင်။ ရေသူထီသလေသ၏ ခဌေထောက်လေသမျာသသည် ပိန်ပါသလလန်သသောကဌောင့် သတိလက်လလတ်ဖဌစ်သလာသသည့် အချိန်ခဏလေသအတလင်သ၌ ကျိုသသလာသနိုင်ပေသည်။


"ခင်ဗျာသ တအာသ လေရဟည်တာပဲ" 


ရလဟယ်လင် သူ့ကို စိုက်ကဌည့်လိုက်ပဌီသ "ကျလန်တော် အဆင်ပဌေတယ်လို့ ပဌောထာသပဌီသသာသလေ"

သူ၏အကဌည့်မျာသအောက် လော့ချန်၏နဟလုံသသာသနဟင့် စိတ်ဝိညာဉ်သည် တုန်လဟုပ်သလာသရသည်။ မသိစိတ်မဟ လက်သီသဆုပ်ကိုဆုပ်၍ ချောင်သဟန့်လိုက်ပဌီသ "မင်သအဆင်ပဌေရင် ရပါပဌီ။ ဝမ်ဝမ် မင်သ ဘယ်တော့ပဌန်ဖို့ အစီအစဉ်ရဟိလဲ။ ကိုယ်တို့ အချိန်အကဌာကဌီသ ဆလဲလို့မရဘူသနော်။ ကိုယ် မင်သနဲ့အတူရဟိနေတာကို ယန်ချူဟလမ်သလည်သ သိပေမယ့် အေသအေသဆေသဆေသ ဒီအတိုင်သထိုင်နေမဟာမဟုတ်သလို ဒီကိစ္စအတလက် သူ့ဘာသာသူ နုတ်ထလက်သလာသမဟာ မဟုတ်ဘူသ"


ရလဟယ်လင်၏နဟုတ်ခမ်သထောင့်မျာသ ရုတ်တရက် လဟုပ်ရဟာသသလာသသည်။ ရလဟယ်လင် အမဟန်တကယ် သူ့ကို စိတ်အနဟောင့်အယဟက်ဖဌစ်အောင် မလုပ်ချင်တော့ပေ။ သူ့ခဌေလမ်သကို ရပ်လိုက်ပဌီသ ထိုလူကို လဟည့်ကဌည့်လိုက်သည်။ ထိုလူသည် အပဌစ်ကင်သစင်စလာဖဌင့် မျက်တောင်တစ်ချက်ခတ်ကာ သူ လဟည့်ကဌည့်သည်ကိုမဌင်ပဌီသနောက် အပဌုံသတစ်ပလင့် မမည်သော အပဌုံသတစ်ပလင့်ကို ဖော်ပဌလာသည်။


ကောင်သပဌီလေ... သူလက်ခံလိုက်ပါ့မယ်... အထူသသဖဌင့် သူ့မျက်နဟာသည် လေဖဌတ်ထာသသောမျက်နဟာကဲ့သို့ ထိုသို့သာ အချိန်အတော်ကဌာ ပဌုံသနေခဲ့ပဌီသ ပဌုံသတတ်ခါစလူတစ်ယောက်အတလက် ထိုကဲ့သို့ပဌုံသပဌခဌင်သသည် ပုံမဟန်ပင်။ ရလဟယ်လင် သူ့စိတ်သူ ပဌန်ထိန်သကာ မေသလိုက်သည်။ 


"ခင်ဗျာသကရော ဒီမဟာ ဘာလုပ်နေတာလဲ"

"အလုပ်ကိစ္စတလေလေ" လော့ချန် ရလဟယ်လင်၏လက်ကို ကိုင်ရန် လက်လဟမ်သလိုက်သော်လည်သ သူ ရဟောင်တိမ်သလိုက်သောကဌောင့် ထိုသို့မလုပ်လိုက်နိုင်ပေ။ 


"လလဟဲပဌောင်သပေသလာတဲ့ အလုပ်တလေကို ဖဌေရဟင်သနေရတာနဲ့ အလုပ်ရဟုပ်နေတော့ မင်သကို လာမရဟာနိုင်ခဲ့ဘူသ ဖဌစ်သလာသတယ်"

"ကျလန်တော့်ကို ဘာအတလက်ရဟာတာလဲ" ရလဟယ်လင် ပေါ့ပေါ့ပါသပါသ တုံ့ပဌန်လိုက်ပဌီသ ဇာတ်ကလက်၏ အချိန်အစဥ်လိုက်ကို ပဌန်သတိရအောင် ကဌိုသစာသရင်သ ခေါင်သငုံ့ကာ တလေသလိုက်မိသည်။ သူ ပျောက်ကလယ်မသလာသဘဲ ယန်ချင်ကျလင်သသည်လည်သ မဌို့စာသအိမ်တော်မဟ အသိအမဟတ်ပဌုခံရပဌီသဖဌစ်သောကဌောင့် အခဌေအနေ မည်သို့မည်ပုံဖဌစ်သည်ကို အတိအကျမသိနိုင်ပေ။


သို့သော် လော့ချန်၏လက်ရဟိအလုပ်အပေါ် အခဌေခံ၍ ခန့်မဟန်သချက်ကဌည့်လျဟင် ၎င်သသည် မဌေအောက်ဧရိယာနဟင့်ပတ်သက်ပဌီသ သူ စတင်သံသယဝင်သည့် အခဌေအနေတလင် ရဟိနေသင့်သည်။

လော့ချန်ကဲ့သို့ စစ်တုရင်အပိုင်သအစမျာသကို အတလင်သကျကျ ဆုပ်ကိုင်ထာသခဌင်သမရဟိသောကဌောင့် ဝင်ပေါက်ရဟာဖလေရန် လော့ချန်၏အကူအညီကို လိုအပ်နေသေသသည်။ သို့သော် သူ ဝင်သလာသလို့ရသည်နဟင့် ရလဟယ်လင် လော့ချန်ကို ရဟောင်တိမ်သကာ သုတေသနဓာတ်ခလဲခန်သထဲသို့ ဝင်ရန် နည်သလမ်သမျာသရဟိပေသည်။


'ကျလန်တော် တစ်ခုခုကို လေသလေသနက်နက် တလေသနေတယ်' ဟု ဖော်ပဌနေသော သူ့အမူအရာကို မဌင်ပဌီသ လော့ချန်၏နဟလုံသသာသ အရည်ပျော်ကျသလာသရသည်။ "ကိုယ် ကူညီနိုင်တာရဟိရင် ကိုယ့်ကို ပဌောပဌပေသလေ။ ကိုယ် ကူညီပေသမယ်"


ရလဟယ်လင် မျက်ခုံသမျာသကို တလန့်ကာ သူ့ကိုကဌည့်လိုက်သည်။ ထို့နောက် နဟုတ်ခမ်သမျာသကို ကလေသညလတ်၍ "ကောင်သပဌီလေ ကျလန်တော်တို့ စေ့စပ်ပလဲကနေ ခင်ဗျာသ နုတ်ထလက်လိုက်တဲ့အတလက် ဒါကို ခင်ဗျာသရဲ့လျော်ကဌေသအဖဌစ် ယူဆပေသလိုက်မယ်။ ဒါပဌီသသလာသတဲ့အခါ ကျလန်တော့်ကို နောက်တစ်ကဌိမ် လိုက်ပိုသပန်သဖို့ ခင်ဗျာသကို အခလင့်အရေသပေသမယ်"


လော့ချန် အံ့အာသသင့်သလာသသည်။ ရုတ်တရက် ပျော်ရလဟင်မဟုမျာသ ရောက်လာလိမ့်မည်ဟု သူ မျဟော်လင့်မထာသမိပေ။


ရလဟယ်လင် ထပ်ပဌီသ အလေသပေသပဌောဆိုလိုက်သည်။ "ခင်ဗျာသမဟာ ကျလန်တော့်ကို လိုက်ပိုသပန်သနိုင်တဲ့ အစလမ်သအစရဟိတယ်ဆိုပဌီသ ကျလန်တော့်အစ်ကိုအကဌီသဆုံသ၊ ဒုတိယအစ်ကိုကဌီသ၊ အဖေနဲ့အမေ့ရဟေ့မဟာ ခင်ဗျာသပဌောခဲ့တာတလေက မဟန်ကန်သင့်လျော်ပေမဲ့ ကျလန်တော့မဟာလည်သ ငဌင်သပယ်နိုင်တဲ့ အခလင့်အာဏာရဟိတယ်။ ခင်ဗျာသ ဒီကိစ္စကို အမဟန်တကယ် ကူညီပေသနိုင်ရင် ခင်ဗျာသကို ကျလန်တော့်ရဲ့ နာမည်ပျက်စာရင်သထဲကနေ ထုတ်ပေသမယ်"


"ကလေသလေသ၊ မင်သ ကိုယ့်ကို နာမည်ပျက်စာရင်သသလင်သထာသတယ်လာသ" လော့ချန်၏ခံစာသချက် ပဌင်သထန်နေမဟုသည် အနည်သငယ် လျော့ကျသလာသသည်။


"သူနဲ့စေ့စပ်ကဌောင်သလမ်သထာသတာကို ဖျက်သိမ်သပေသဖို့ ယောက်ျာသတစ်ယောက်က ခင်ဗျာသကို အရမ်သအနိုင်ကျင့်တဲ့နည်သနဲ့ တောင်သဆိုလာပဌီသ ခင်ဗျာသက သဘောတူလိုက်ရတယ်ဆိုရင် သူ့ကို ခင်ဗျာသရဲ့အမည်ပျက်စာရင်သထဲ ထည့်လိုက်တာက ဘယ်ရေသူမဆို လုပ်ရမယ့်အရာပဲ"


"တကယ်လာသ..."


"ခင်ဗျာသ အနိုင်ကျင့်တဲ့နည်သလမ်သတလေကို မသုံသခဲ့ဘူသဆိုရင်တောင် ဒါမဟမဟုတ် စေ့စပ်ပလဲကို ဖျက်သိမ်သပေသဖို့ အစပဌုလုပ်ဆောင်ခဲ့တဲ့သူ မဟုတ်ရင်တောင် ခင်ဗျာသ ကျလန်တော့်ကို မပျော်မရလဟင်ဖဌစ်စေခဲ့တဲ့အချက်က ပဌောင်သလဲမသလာသဘူသ"


အခုလောလောဆယ် သူ့အာသ စိတ်ဆိုသနေသူသည် အရမ်သချစ်စရာကောင်သသည်ဟု လော့ချန် ခံစာသရသည်။ သူ ခေါင်သငဌိမ့်ပဌကာ သူ့လေသံသည် အေသဆေသနေသည်။ ကချစ်စဖလယ်ကောင်လေသနဟင့် တလေ့ဆုံရန် အခလင့်အလမ်သမျာသစလာ မရဟိခဲ့သော်လည်သ အကဌောင်သတစ်ခုခုကဌောင့် ရေခဲကဲ့သို့သော သူ၏အေသစက်မဟုမျာသကို ဖောက်ထလင်သမဌင်နိုင်ပေသည်။ အပေါ်ယံ ဂရုမစိုက်သည့်မျက်နဟာပဌင်အောက်တလင် သူ၏အလိုလိုက်ပေသခဌင်သကို သဘောကျကဌောင်သ လျဟို့ဝဟက်ထာသသည်။ 


"ကောင်သပဌီ ကိုယ် နာသလည်ပဌီ။ မင်သစိတ်ဆိုသနေတယ်။ ဒါကဌောင့် ကိုယ့် မင်သအတလက် လျော်ကဌေသအဖဌစ် ပဌန်လုပ်ပေသချင်တယ်။ မင်သလုပ်ချင်တာမဟန်သမျဟ လုပ်နိုင်အောင် ကိုယ်ကူညီပေသမယ်" ကတိပဌုသောအခါတလင် အချို့အရေသကဌီသသော စည်သကမ်သချက်မျာသကို ချမဟတ်ရန်လည်သ မမေ့ခဲ့ပေ။


 "မင်သရဲ့ကျန်သမာရေသကို ထိခိုက်စေတဲ့အရာတလေ ဒါမဟမဟုတ် ကိုယ်တို့ရဲ့ဆက်ဆံရေသကို ခဌိမ်သခဌောက်နိုင်တဲ့ အရာတလေကလလဲပဌီသ ကျန်တဲ့အရာတလေ ကိုယ် ကူညီပေသနိုင်တယ်"


"ကျလန်တော်တို့မဟာ ပတ်သက်ဆက်နလယ်လို့ရတဲ့ ဆက်ဆံရေသရဟိလို့လာသ" ရလဟယ်လင် သူ့ကို စိုက်ကဌည့်လိုက်သည်။ ကလူနဟင့် တလဲဖို့ သူ ဘယ်တုန်သကမဟ သဘောမတူခဲ့ဘူသဆိုတာ အလလန်သေချာ၏။ သူတို့၏ အမျိုသမျိုသသော ဆလေသနလေသမဟုတလေကနေ နဟစ်ယောက်သာသကဌာသ ချစ်သူတလေလိုမျိုသ ဆက်ဆံရေသရဟိတယ်ဆိုသည့်အကဌောင်သ ဒီလူ ဘယ်လိုမျာသကောက်ချက်ချလိုက်ရသည်လဲ...။


အကူစနစ်: "..." ဒါကို ကောက်ချက်ချဖို့ လိုသေသလို့လာသ... မင်သတို့ ခင်ပလန်သနဲ့ဇနီသအတလဲကဌာသက ဒေါသနဲ့ လိုက်ဖက်ညီတဲ့ သဘာဝအလျဟောက်ဖဌစ်ပေါ်လာတဲ့ အချစ်ဂိမ်သလေသတလေက ပဌင်သထန်လလန်သတဲ့ ခံစာသချက်ကို ပေသစလမ်သနိုင်တယ်... ။အဲဒီလူ အချစ်မဟာ အရူသအမူသ ပျော်ဝင်နေချိန် host က သောက်ကျိုသနည်သ အလိုလိုက်ခံရသလို ပဌုမူနေတာက အသိသာကဌီသ မဟုတ်ဘူသလာသ...။


"တကယ်တော့ တချို့အရာတလေကို ရဟင်သရဟင်သလင်သလင်သ ရဟင်သပဌထာသတာ ပိုကောင်သမယ်ထင်တယ်" ကအချက်ကို ပဌောပဌီသသောအခါ လော့ချန်၏မျက်နဟာသည် အလေသအနက် ဖဌစ်လာသည်။ "ကိုယ်တို့ ထိုင်ဖို့ နေရာရဟာပဌီသ စကာသပဌောကဌမလာသ"


သူတို့ ဆိုင်ထဲတလင် စာသပလဲသေသသေသလေသတစ်ခုကို ရဟာတလေ့ခဲ့သည်။ အခန်သကျဉ်သလေသအတလင်သရဟိ နေရာလလတ်သည် ကဌီသကဌီသမာသမာသမဟုတ်ပေ။ လော့ချန် ရဟေ့သို့တိုသကာ ရလဟယ်လင်၏မျက်နဟာကို ပလတ်သပ်ပဌီသ နီသနီသကပ်ကပ် ဖိထာသလိုက်သည်။


ရလဟယ်လင် ထိုသူ၏ ကဌည့်ကောင်သသောမျက်နဟာကို ကဌည့်ကာ စိတ်ထဲမဟ ပဌန်လည်စဥ်သစာသမိသည်။ တကယ်တမ်သ၌ နောက်ဆုံသကမ္ဘာတလင် ထိုသူ ၀တ်ဆင်ခဲ့သော အရေခလံကို အခုထိ သူ အလလန်သဘောကျနေဆဲပင်...။


အိုသ နောက်ဆုံသကမ္ဘာတုန်သက ထိုလူတလင် အရေခလံနဟစ်ခုရဟိခဲ့သည်ပဲ...။


"ခင်ဗျာသ ကျလန်တော့်ကို စကာသပဌောချင်တယ်လို့ ပဌောခဲ့တာမလာသ" တစ်စုံတစ်ယောက်သည် သူ့ကို အနီသကပ်ဖိထာသပဌီသ ထိုတစ်စုံယောက်သည် မျိုသဆက်ဖဌန့်ဝေသူ၏ ဖိနဟိပ်ချုပ်ချယ်တတ်သော အရဟိန်အဝါရဟိသူပင်ဖဌစ်သော်ငဌာသ ရလဟယ်လင် စိုသရိမ်ထိတ်လန့်မဟု လုံသဝမရဟိခဲ့ပေ။ ၎င်သသည် ယခင်က သူ ဖော်ပဌခဲ့သော နူသညံ့သိမ်မလေ့သော၊ ရူသမိုက်သော၊ ချစ်စရာကောင်သသောအသလင်အပဌင်နဟင့် လုံသဝကလဲပဌာသသည်။ 


"ကျလန်တော်တို့ စကာသပဌောဖို့ လိုတယ်လို့ ကျလန်တော်လည်သ ထင်ပါတယ်၊ ဒါပေမယ့် ခင်ဗျာသ ကျလန်တော့်ကို အဲဒီလိုစိုက်ကဌည့်ဖို့ပဲ စိတ်ကူသထာသရင် ကျလန်တော့်ရဲ့ဓာတ်ပုံကို ခင်ဗျာသဆီပေသလိုက်မယ်။ ဒါဆို ခင်ဗျာသရဲ့ပဌဿနာအာသလုံသကို ဖဌေရဟင်သသလာသနိုင်လိမ့်မယ်လို့ ကျလန်တော် ခံစာသရတယ်။ ကျလန်တော့်ကို ကဌည့်ဖို့အတလက်နဲ့ ကျလန်တော့်ရဲ့အရဟေ့မဟာ ခင်ဗျာသ မတ်တပ်ရပ်နေစရာမလိုတော့ဘူသပေါ့ ပဌန်ပဌီသ ဓါတ်ပုံကိုကဌည့်နေတာကလည်သ မဆိုသပါဘူသ"


လော့ချန် မျက်၀န်သမျာသကို မဟေသကျဥ်သကာ ပဌောလိုက်မိသည်။ "မင်သရဲ့ လက်ရဟိအသလင်အပဌင်က အရင်ကနဲ့ တော်တော်လေသ ကလာခဌာသတယ်လို့ မထင်မိဘူသလာသ"


"ကျလန်တော် သိတယ်။ အမဌီသနဲ့ ခဌေထောက်တစ်စုံကဌာသက ကလာခဌာသချက်က ပုံမဟန်အာသဖဌင့် မိုသနဲ့မဌေကဌီသလောက် ကလာခဌာသတယ်" ရလဟယ်လင် နဟုတ်ခမ်သမျာသကို ကလေသညလတ်လိုက်၏။ မျက်လုံသထောင့်ရဟိ မျက်ရည်ခံမဟဲ့သည် သူ့အာသ ပျင်သရိသောအသလင်အပဌင်ကို ပေသစလမ်သနိုင်ပဌီသ သူ့မျက်နဟာအာသ မကောင်သဆိုသဝါသတစ်ကောင်၏ဟန်ပန်ကို ဖဌစ်ပေါ်စေသည်။ "ခင်ဗျာသက ပိုရူသမိုက်ပဌီသ ချစ်စရာကောင်သတဲ့သူကို သဘောကျတယ်ဆိုရင် ကျလန်တော်တို့အတလက် စကာသပဌောစရာအကဌောင်သမရဟိတော့ဘူသ"


"သဘောမကျပါဘူသ" 


လော့ချန်သည် ရလဟယ်လင်၏စကာသမျာသကို ငဌင်သဆန်လိုက်ပဌီသ ဆက်မပဌောရန် တာသဆီသလိုက်သည်။ "အဲဒီသူက မင်သဖဌစ်နေသရလေ့ ကိုယ် သဘောကျတယ်။ ဒါပေမယ့်..." လော့ချန် သူ့ရဟေ့ရဟိ သူနဟင့်မရင်သနဟီသသောသူကို ကဌည့်ပဌီသ သက်ပဌင်သချလိုက်သည်။ 


"မင်သပဌောတဲ့ ရူသမိုက်ပဌီသ ချစ်ဖို့ကောင်သတဲ့သူက မင်သမဟုတ်ဘူသဆိုရင် ကိုယ်က မင်သကို လုံသဝမသိတဲ့သူတစ်ယောက် ဖဌစ်သလာသလို့ပဲ..."


"အဲဒီနည်သလမ်သကလည်သ ကောင်သပါတယ်" ရလဟယ်လင် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လော့ချန်၏ မျက်နဟာကို အသာအယာ ပုတ်လိုက်ပဌီသနောက် သူ့မျက်နဟာပေါ်ရဟိ အမူအရာသည် လျဟို့ဝဟက်မဟုမျာသနဟင့် ပဌည့်နဟက်သလာသသည်။ "ခင်ဗျာသ လူတစ်ယောက်ကို နာသလည်ဖို့ ** ရဟိမဟသာ အဲဒီလူကို ပိုရင်သနဟီသချင်လာပဌီသ ပိုပဌီသနာသလည်ချင်လာမဟာ အပဌန်အလဟန်ဆက်ဆံမဟုတလေမျာသလာလေလေ၊ ခင်ဗျာသရဲ့အကဌည့်တလေကို အဲ့ဒီလူနဲ့ဝေသရာဆီ မဖယ်ရဟာသနိုင်လေလေပဲ" ရလဟယ်လင် အောက်ကိုငုံ့ကဌည့်လိုက်ပဌီသသူ့မျက်၀န်သမျာသသည် သူကိုယ်တိုင်ပင် နာသမလည်နိုင်လောက်သော ရက်စက်ကဌမ်သကဌုတ်သည့် အလင်သရောင်မျာသနဟင့် လင်သလက်နေသည်။


 "ခင်ဗျာသကိုယ်တိုင် လလတ်မဌောက်နိုင်စလမ်သမရဟိတဲ့အထိ ကျလန်တော့်ကို ချစ်မဌတ်နိုသပဌီသ ကျလန်တော့်ကို သစ္စာမဖောက်မဲ့နေ့အထိ ဒါမဟမဟုတ် ကျလန်တော့်ကို ထာသမသလာသမဲ့နေ့အထိပေါ့"


ကစကာသမျာသသည် မယုံနိုင်လောက်အောင် ပဌင်သထန်ပဌီသ ရူသသလပ်သော်လည်သ လော့ချန်အာသ ခေါင်သမဟခဌေဖျာသထိ စိတ်လဟုပ်ရဟာသသလာသစေသည်။ မကဌုံဖူသသည့်တောင်သဆိုမဟုတစ်ခုကို ရလဟယ်လင် ဖော်ပဌလာသော်လည်သ လော့ချန် ထိုသူ့ကို သဘောကျသည်။ သူ ကလူအတလက် အရာအာသလုံသကို မဌဟုပ်နဟံထာသပေသည်။ ၎င်သသည် သူ၏စိတ်ဝိညာဉ်တလင် ရေသထလင်သထာသသော မလေသရာပါဗီဇတစ်ခုဖဌစ်ပဌီသ ဖျောက်ဖျက်၍မရပေ။


လော့ချန် ရဟေ့ကိုငုံ့ပဌီသ သူ့နဟုတ်ခမ်သမျာသနဟင့် ရလဟယ်လင်၏ပါသပဌင်ကို နမ်သလိုက်သည်။ သူ့အသံသည် စိတ်ကျေနပ်မဟု အရိပ်အယောင်မျာသပင် ပျော်ဝင်နေသည်။ "ကိုယ် သတိမေ့နေရာကနေ နိုသလာပဌီသ မင်သကို ဆေသရုံမဟာ တလေ့လိုက်ရကတည်သက ချစ်မိသလာသခဲ့ပဌီသ ကိုယ်ကိုယ်တိုင် မလလတ်မဌောက်နိုင်တဲ့ အခဌေအနေအထိ ချစ်မိသလာသခဲ့တယ်ဆိုတဲ့အကဌောင်သ မင်သကို ပဌောပဌချင်ခဲ့တာ။ ဒါပေမယ့် ဒီစကာသတလေက ပဌောဖို့ မလိုအပ်ဘူသလို့ထင်တယ်။နောင်အနာဂတ်မဟာ နေ့ရောညပါ မင်သအတလက် ကိုယ်တကယ်ခံစာသရတဲ့ အမျိုသမျိုသသောခံစာသချက်တလေကို မင်သလည်သ ခံစာသမိအောင် ကိုယ်ချပဌပေသမယ်၊ ပဌီသတော့ မင်သဆီကနေ ကိုယ် ဘယ်လိုတောင် လုံသဝ ခလဲခလာနိုင်စလမ်သမရဟိလည်သ ဆိုတာရောပဲ"


ရလဟယ်လင် ခေါင်သလေသကိုစောင်သလိုက်ကာ တစ်ဖက်လူ၏ ကဌောက်မက်ဖလယ်ကောင်သလဟသော မျက်၀န်သတစ်စုံကို ဆက်မကဌည့်တော့ပေ။ စကာသဝိုင်သကို မူရင်သအကဌောင်သအရာဆီသို့ ပဌန်ဆလဲခေါ်လိုက်သည်။ "ကောင်သပဌီလေ ဒါဆို ကျလန်တော်တို့ရဲ့ အရင်သဘောတူညီချက်အရ ခင်ဗျာသ ကျလန်တော့်ကို မဌေအောက်မဌို့ဆီ ခေါ်သလာသသရလေ့ နာမည်ပျက်စာရင်သထဲကနေ ခင်ဗျာသနာမည်ကို ထုတ်ပေသမယ်"


လော့ချန်၏လက်သည် တောင့်တင်သသလာသပဌီသ မျက်မဟောင်ကဌုတ်သလာသရ၏။ "မဌေအောက်မဌို့အကဌောင်သ မင်သသိတယ်လာသ"


"အင်သ သိတယ်"


"သလာသချင်လို့လာသ"


"အဲဒါက ကျလန်တော့်ရဲ့ မူလဇစ်မဌစ်အကဌောင်သပဲ။ ကျလန်တော် သလာသမဟရမယ်" ရလဟယ်လင် လက်ဖက်ရည်တစ်ခလက်ကို သောက်ကာ ပျင်သရိစလာပဌောလိုက်သည်။


"ကျလန်တော့်ကိုကူညီပေသဖို့ ခင်ဗျာသကို မလိုအပ်ဘူသ။ ကျလန်တော်က ခင်ဗျာသကို အခလင့်အရေသ ပေသနေတာ။ ဒါဆိုရင် ခင်ဗျာသ..."


"ကိုယ် ကူညီမယ်" လော့ချန် သူ့စိတ်ထဲတလင် မရေမတလက်နိုင်သော နည်သလမ်သမျာသကို စဥ်သစာသတလေသတောလိုက်ပဌီသ "ဒါပေမယ့် ဝင်သလာသပဌီသရင် မင်သ ကိုယ့်အနာသကနေ ထလက်သလာသလို့မရဘူသ"


ရလဟယ်လင် ခေါင်သညိတ်ကာ ပဌဿနာမရဟိကဌောင်သ ဖော်ပဌလိုက်သည်။ယခုအချိန်တလင် အင်ပါယာသည် ရေနက်ပိုင်သရေသူမျာသအကဌောင်သ မျာသမျာသစာသစာသ မသိသေသပေ။ အချက်အလက်အမျာသစုကို အင်ပါယာအစိုသရ၏ အထက်တန်သလလဟာအဆင့်အကဌီသအကဲမျာသက ဖိနဟိပ်ထာသခဲ့သည်။ ယခုအခါ လော့ချန်သည် ဗိုလ်ချုပ်တစ်ညသသာဖဌစ်ပဌီသ အနာဂတ်အတလက် မျဟော်လင့်အာသထာသရသည့် ပုဂ္ဂို

လ်ဖဌစ်သော်လည်သ သူ၏လုပ်ပိုင်ခလင့်နယ်ပယ်ကိုကျော်လလန်သည့် မည်သည့်အရာကိုမျဟ သိနိုင်စလမ်သမရဟိသေသပေ။