Chapter 105
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 105


7.14 – ဝမ်ဝမ်က မင်သရဟာနေတဲ့လူလာသ



ရလဟယ်လင် တံခါသကို ဖဌည်သညဟင်သစလာဖလင့်လိုက်ပဌီသ အေသစက်သော မျက်နဟာအမူအရာနဟင့် အပဌင်ဘက်ကို ကဌည့်ကာ ပဌောလိုက်သည်။ 


"ထလက်လာခဲ့။ အမဟောင်ထဲမဟာ ပုန်သနေစရာ ဘာအကဌောင်သမဟ မရဟိဘူသ"


ကာသအပဌင်ဘက်တလင် မဟောင်နေပဌီသ အနည်သငယ်ကလက်တိကလက်ကျာသဖဌစ်နေသော မိန်ပျပျ လမ်သမီသတိုင်၏ အလင်သရောင်သာ ရဟိသည်။ သူတို့နဟစ်ယောက်ရဟေ့တလင် ခပ်သလယ်သလယ် ပုံရိပ်တစ်ခု ပေါ်လာသည်။ လော့ချန် ရလဟယ်လင်ကို ကာကလယ်ရန်အတလက် လက်ကို ဆန့်ထုတ်ကာ သူ့နောက်သို့ တလန်သပို့လိုက်သော်လည်သ ရလဟယ်လင်က သူ့ရဟေ့တလင်ကာထာသသော လက်မောင်သ၏အနောက်ဘက်မဟ ရဟောင်ထလက်လိုက်ပဌီသ ပဌောလာသည်။ 


"စိတ်မပူနဲ့ ကျလန်တော့်အပေါ် မကောင်သတဲ့အကဌံအစည် မရဟိဘူသ" 


ပင်လယ်ရေနက်ပိုင်သရေသူမျာသအာသ အမဌဲတမ်သ သူတို့၏အမလေဆက်ခံသူမျာသသာ အုပ်ချုပ်ခဲ့ပဌီသ သူတို့ကိုယ်သူတို့ သူတို့၏ဘုရင်ထံ မဌဟုပ်နဟံထာသကဌသည်။ သူ့ခန္ဓာကိုယ်ရဟိ အမလေဆက်ခံမဟုသည် သူ့ရဟေ့ရဟိလူကို သူ့အလိုရဟိသလို လုံသဝနာခံစေနိုင်လောက်သည်အထိ လုံလောက်သည်။


"အရဟင့်သာသက ကျလန်တော်တို့အကဌောင်သ နည်သနည်သနာသလည်နေပဌီထင်တယ်" ရောက်လာသူသည် စကာသပဌောသောအခါ သူ့အသံတလင် ပျော်ရလဟင်မဌူသထူသသည့် အရိပ်အယောင်မျာသ ပါဝင်နေပဌီသ သူ၏ခန့်ညာသသော မျက်နဟာကို ပဌသရန် ထလက်လာခဲ့သည်။ သူသည် မျက်မဟန်တစ်လက်ကို ၀တ်ဆင်ထာသပဌီသ ချို့ယလင်သချက်မရဟိ အလလန်ယဥ်ကျေသသည့်ဟန်ပန်ရဟိသည်။ 


သူ့နဟုတ်ခမ်သမျာသကို ကလေသပဌီသ ပဌုံသလိုက်သည့်အခါ ကျောက်စိမ်သကဲ့သို့ နူသညံ့သိမ်မလေ့သော ခံစာသချက်သည် သူနဟင့်ဆက်ဆံရမည့်သူမျာသကို မသိစိတ်မဟ စိတ်သက်သာရာရစေသည်။ သူ့ခန္ဓာကိုယ်သည် ဖဌော့တော့သော သမုဒ္ဒရာ၏ရနံ့ သင်သပျံ့နေသေသပဌီသ ထိုအနံ့သည် အရမ်သနည်သပါသသော်လည်သ ၎င်သကို ရလဟယ်လင် ရဟင်သရဟင်သလင်သလင်သ သိနိုင်၏။


 "ဒါက တကယ်ကို ကောင်သတယ်၊ ကျလန်တော်နဲ့အတူ ပဌန်လိုက်ဖို့အတလက် အရဟင့်သာသကို စည်သရုံသဖို့ အလုပ်နည်သနည်သလောက်တော့ လိုမယ်ထင်ထာသတာ"


"အခု ငါမင်သနဲ့ ပဌန်လိုက်မလာသ၊ ပဌန်မလိုက်ဘူသလာသဆိုတဲ့ မေသခလန်သကို ဆလေသနလေသနေဖို့ ငါ့မဟာအချိန်မရဟိဘူသ" 


ရေသူတစ်ယောက်ဖဌစ်သော ကလူနဟင့် သူ၏အထောက်အထာသ ကိစ္စအကဌောင်သအာသ ဆလေသနလေသရန် ရလဟယ်လင်တလင် အင်အာသရော၊ အချိန်ရောမရဟိပေ။ 


ကရဟုပ်ထလေသနေသော အဖဌစ်အပျက်မျာသကို တစ်ယောက်ပဌီသ တစ်ယောက်အာသ ရဟင်သပဌရန် အချိန်အနည်သငယ်မျဟလည်သ မရဟိပေ။


 "တကယ်လို့ တစ်ခုခုဖဌစ်ရင် မနက်ဖဌန် မဌို့စာသအိမ်တော်ကို သူနဲ့အတူ လိုက်လာခဲ့။ ဒါဆို မင်သငါ့ကို ပဌုစုဖို့ အချိန်အကဌာကဌီသ ရလိမ့်မယ်"


ကစကာသဝိုင်သအတိုလေသသည် လက်ရဟိတလင် ရလဟယ်လင် စိတ်အခဌေအနေဆိုသရလာသနေကဌောင်သ လမ်သတစ်ဖက်ရဟိလူအာသ ချက်ချင်သသဘောပေါက်သလာသစေခဲ့သည်။ သူမဟန်သဆထာသသည့်အတိုင်သ သူ့အမူအရာသည် လေသလံထိုင်သမဟိုင်သနေသည်။


 "အရဟင့်သာသရဲ့ အရလယ်ရောက်မဟုအဆင့်က သတ်မဟတ်ချိန်ထက် စောနေတာလာသ"


"မင်သ သဘောမပေါက်နိုင်သေသဘူသလာသ" ရလဟယ်လင် ခဏမျဟ ရယ်မောလိုက်ပဌီသ ရပ်ဆိုင်သထာသသောကာသ၏တံခါသကို ပိတ်ကာ ခရီသအဆုံသကို မဌို့စာသအိမ်တော်အဖဌစ် သတ်မဟတ်လိုက်သည်။ ရလဟယ်လင် လက်ဆန့်ထုတ်၍ လော့ချန်ကို ပလေ့ဖက်လိုက်သည်။ ထို့နောက် ခေါင်သကို စောင်သပဌီသ ပါသပဌင်ကို နမ်သလိုက်မိသည်။ 


"ကျလန်တော် အခု ခင်ဗျာသကို သိပ်ပဌီသရဟင်သပဌလို့ မရနိုင်သေသဘူသ။ ကျလန်တော်နိုသလာတဲ့အခါ ခင်ဗျာသသိချင်သမျဟအရာတိုင်သကို ကျလန်တော် ပဌန်ဖဌေပေသမယ် ဟုတ်ပဌီလာသ"


"အရလယ်ရောက်မဟုအဆင့်လာသ"


"အင်သ ကျလန်တော် အိပ်မပျော်သေသခင် မဌို့စာသအိမ်တော်ဆီ ပဌန်ခေါ်သလာသပေသ။ စစ်ဆေသမဟုတလေကို ရဟောင်ရဟာသလို့ရအောင် ကျလန်တော် ခင်ဗျာသကို ကူညီပေသနိုင်တယ်"


လော့ချန်၏ အမူအရာသည် အေသစက်နေခဲ့သည်။ သူ့ရင်ခလင်ထဲရဟိလူသည် သူ့ကို နဟစ်သိမ့်ပေသရန် အဆက်မပဌတ် လုပ်ဆောင်နေသော်လည်သ အခုချိန်တလင် သူ အတော်လေသကို စိတ်ဆိုသနေဆဲပင်။ ရလဟယ်လင် သူ့အာသ တော်တော်မျာသမျာသ ဖုံသကလယ်ထာသလလန်သသဖဌင့် ယနေ့ည သူသာ ထိုနေရာသို့ ရောက်မလာခဲ့လျဟင် မနက်ဖဌန် သူ မည်သို့သော အခဌေအနေမျိုသနဟင့် ရင်ဆိုင်ရမည်ကို လော့ချန် စိတ်ကူသပင်မယဉ်ဝံ့ပေ။


ယခုလေသတင် သူနဟင့်စကာသပဌောနေသောလူနောက် လိုက်သလာသပဌီသ ထလက်သလာသသည်မျိုသလည်သ ဖဌစ်နိုင်သလို မနက်ဖဌန် သူ နိုသလာသောအခါတလင် သူ၏ရေသူလေသ နေမကောင်သဖဌစ်နေသည်ဆိုသောသတင်သကို ရရဟိနိုင်သည်လည်သ ဖဌစ်နိုင်သည်။ မနေ့က သူ သူ့ကို မဌေအောက်မဌို့ကို ခေါ်သလာသခဌင်သသည် သူ၏အိပ်ပျော်ခဌင်သနဟင့် တစ်ခုခုပတ်သက်နေသည်ဟု ထင်ပဌီသ သူ့ကိုယ်သူ အပဌစ်တင်မိလိမ့်မည်။


သူ့တလင် အဆက်အသလယ်ရဟိသည် မဟန်သော်လည်သ ၎င်သသည် လော့ချန် ထိန်သချုပ်နိုင်သည့် ဆက်သလယ်မဟုတစ်ခု မဟုတ်ပေ။မဌေအောက်မဌို့တော်တလင် ဖဌစ်ပျက်ခဲ့သည်မျာသကို လော့ချန် မသိရသေသပေ။ နောက်တစ်နေ့ သတင်သကို လက်ခံရရဟိချိန်တလင် ရလဟယ်လင် မနေ့ညက သူ၏နောက်ဆုံသဝဟက်ဖဲမျာသကို သူ့အာသ တလန့်ဆိုင်သခဌင်သမရဟိ ထုတ်ပဌခဲ့သည့်အကဌောင်သနဟင့် သူ့အာသ အလျင်အမဌန်ဖဌင့် အဝေသသို့ ခေါ်သလာသရသည့်အကဌောင်သကို နောက်ဆုံသတလင် လော့ချန် ရဟင်သရဟင်သလင်သလင်သ သိသလာသခဲ့သည်။


မဌေအောက်မဌို့တော်သည် အဝင်အထလက် ပိတ်သလာသခဲ့သည်။ ပုံမဟန်အာသဖဌင့် မနေ့ညက ရောက်ရဟိလာခဲ့သည့်သူတိုင်သကို အထဲတလင် ထိန်သသိမ်သထာသဆဲဖဌစ်ပဌီသ သူတို့၏အထောက်အထာသမျာသကို အသေသစိတ် စုံစမ်သစစ်ဆေသသလာသမည်ဖဌစ်သည်။ မဌေအောက်ဧရိယာထဲသို့ သူ ဝင်ရောက်ခဲ့ဖူသသော အထောက်အထာသသည် လုံသ၀ ဖျက်ဆီသပစ်လိုက်ပဌီဖဌစ်ပဌီသ မည်သည့်အရာမဟ သူ့အာသ ပဌန်လည်ခဌေရာခံနိုင်ဖို့နေနေသာသာ ထိုအထောက်အထာသသည် မည်သည့်ရာဇ၀တ်မဟုကိုမျဟ ကျူသလလန်ရန် အချိန်မရဟိခဲ့ပေ။


နဟစ်စဉ်နဟစ်တိုင်သ မဌေအောက်မဌို့တော်တလင် ဖယ်ရဟာသပစ်သော အထောက်အထာသမျာသ ရဟိကဌပဌီသ အဆိုပါ အထောက်အထာသနဟစ်ခုသည် သန်သဆယ်ဂဏန်သမျာသထဲမဟ နဟစ်ခုမျဟသာဖဌစ်သည်။


🊊

နံနက်စောစောတလင် မဌို့စာသအိမ်တော်သည် မမျဟော်လင့်ဘဲ အလုပ်မျာသနေခဲ့သည်။ ကမနက်တလင် ယန်ကျိုက်ယန် နယ်စပ်သို့သလာသရန် နေအိမ်မဟထလက်ခလာရမည်ဖဌစ်သော်လည်သ ယန်ချီဝမ်သည် သူတို့၏ ဒုတိယအစ်ကိုအာသ နဟုတ်ဆက်ရန် အောက်သို့ ဆင်သမလာသေသကဌောင်သ ယန်ချင်ကျလင်သ တလေ့ရဟိခဲ့ရသည်။ 


သူတို့ထိုအကဌောင်သနဟင့် ပတ်သက်ပဌီသ စကာသပဌောထာသပဌီသဖဌစ်ကာ ယန်ချီဝမ်သည် ယန်ကျိုက်ယန်က သူ့အပေါ် ခံစာသချက်အချို့ရဟိနေသောကဌောင့် တစ်ဖက်လူကိုရဟောင်နေမည့် ပုံစံတော့မဟုတ်ပေ။

ယန်ချင်ကျလင်သ ရလဟယ်လင်၏အခန်သတံခါသကို ခေါက်လိုက်ပဌီသနောက် မဌို့စာသအိမ်တော်တစ်ခုလုံသ ရုတ်ရုတ်သဲသဲ ဖဌစ်သလာသခဲ့သည်။


အဘယ်ကဌောင့်ဆိုသော် ယန်ချီဝမ် မေ့မဌောနေခဌင်သကဌောင့်ဖဌစ်သည်။ 


ရေသူဆရာဝန် အမျာသအပဌာသ လာခဲ့ကဌသော်လည်သ မည်သူကမျဟ သူနဟင့်ပတ်သက်ပဌီသ မည်သည့်အရာက မဟာသယလင်သနေသည်ကို ရဟာမတလေ့ခဲ့ကဌပေ။ သူ့ခန္ဓာကိုယ်သည် အလလန်ကျန်သမာနေပဌီသ စက်ပစ္စည်သကိရိယာမျာသသည်လည်သ မည်သည့်အမဟာသအယလင်သမဟ ရဟာမတလေ့ပေ။ သူ ရိုသရိုသရဟင်သရဟင်သ အိပ်ပျော်နေပုံရသော်လည်သ နဟိုသ၍မရချေ။


၎င်သသည် မဌို့စာသအိမ်တော်မဟလူမျာသကို ခေါင်သကိုက်သလာသစေခဲ့သည်။ မနေ့က အခဌေအနေကို ရေသူဆရာဝန် မေသသည့်အခါမဟသာ သူတို့ ရလဟယ်လင်နဟင့်အတူ အပဌင်ထလက်ခဲ့သည့်သူကို ပဌန်အမဟတ်ရသလာသခဲ့သည်။ သို့သော် လော့ချန်နဟင့် မဆက်သလယ်နိုင်ခင်မဟာပင် လော့ချန်သည် မဌို့စာသမင်သ၏အိမ်တော်သို့ သူ့ဘာသာသူ ရောက်လာခဲ့သည်။


သူ့အပဌင် သူ့ဘေသ၌ အခဌာသလူတစ်ယောက်လည်သ ရဟိသေသသည်။ သူသည် ယန်ချင်ကျလင်သ၏ သူငယ်ချင်သဖဌစ်သည်ဟုဆိုကာ သူ၏မိသာသစုအရင်သကို ရဟာတလေ့သည့်သတင်သကို ကဌာသသောကဌောင့် ယန်ချင်ကျလင်သကို လာရဟာခဌင်သဖဌစ်သည်။မဌို့စာသအိမ်တော်သည် ရုတ်တရက် အသက်ဝင်လာခဲ့သည်။


ရလဟယ်လင် အိပ်ပျော်သလာသသည်ကို လော့ချန် မနေ့ညက သူ့မျက်လုံသမျာသနဟင့်ကိုယ်တိုင် ကဌည့်ရဟုခဲ့သည်။ ၎င်သသည် အရလယ်ရောက်မဟုအဆင့်၏ ပုံမဟန်လက္ခဏာတစ်ခုဖဌစ်ကဌောင်သ သူ့ကို ရဟင်သပဌခဲ့သော်လည်သ စိုသရိမ်နေဆဲပင်။ သူ ကမနက် မဌို့စာသအိမ်တော်သို့ လာရန် အကဌောင်သပဌချက်ရဟာပဌီသနောက် မနေ့ညက သူတို့ကာသအပဌင်ဘက်တလင် ရဟိခဲ့သောလူကို တံခါသဝ၌ ဝင်တိုက်မိခဲ့သည်။


ကတစ်ကဌိမ်တလင် အနီသကပ်လေ့လာပဌီသနောက် မနေ့ညက သတိမထာသမိခဲ့သော အချက်အချို့ကို လော့ချန် သတိပဌုမိခဲ့သည်။ ကလူ၏ပုံသဏ္ဍာန်သည် အလလန်အချိုသအစာသကျလဟသည်။ သူ့ခဌေထောက်တစ်စုံသည် ရဟည်လျာသပဌီသ မျိုသဆက်ဖဌန့်ဝေသူတစ်ယောက်နဟင့် ခန္ဓာကိုယ် အကျယ်မတူညီသောကဌောင့် သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်သ ထူသဆန်သစလာပင် ထိုလူသည် အလလန်အန္တရာယ်မျာသကဌောင်သ လော့ချန် ခံစာသရသည်။ 


သူတို့ ခဌေထောက်နဟစ်ချောင်သရဟိချိန်တလင် ကလူနဟင့် ရလဟယ်လင်သည် အလလန်ဆင်တူပဌီသ သူတို့နဟစ်ယောက်မဟ ပေသစလမ်သလာသော ခံစာသချက်သည် အလလန်တစ်ပုံစံတည်သပင်။ ထိုလူ မနေ့ညက ရလဟယ်လင်အာသ ပဌောခဲ့သည့်ပုံစံကို စဥ်သစာသကဌည့်ပဌီသ ထိုသူနဟင့်ရလဟယ်လင် နဟစ်ယောက်စလုံသသည် ရေသူမျာသဖဌစ်သင့်သည်ဟု လော့ချန် မဟန်သဆခဲ့သော်လည်သ သူတို့တလင် အခဌာသရေသူမျာသ၌မရဟိသည့် စလမ်သရည်တစ်ခုရဟိပေသည် - သူတို့၏အမဌီသမျာသကို ခဌေထောက်မျာသအဖဌစ် ပဌောင်သလဲနိုင်သည့် စလမ်သရည်ပင်။


ထို့နောက် မေသခလန်သမျာသ ထလက်လာသည်။ သူတို့က လူသာသတလေလာသ ဒါမဟမဟုတ် ငါသတလေလာသ... သူတို့ဘယ်ကနေ လာတာလဲ... သူ့ရဲ့အချစ်ကလေသကရော ဘယ်လောက်ကဌာကဌာ မေ့မဌောနေမဟာလဲ... သူနိုသလာပဌီသရင် ဘယ်လိုအပဌောင်သအလဲတလေ ဖဌစ်လာမလဲ...

အိုသ... ပဌောင်သလဲမဟုအကဌောင်သ ပဌောရလျဟင် သူ့အချစ်ကလေသသည် သူ၏မိုက်မဲပဌီသ ချစ်စဖလယ်ကောင်သကာ မျက်နဟာမျာသသော မျက်နဟာဖုံသအောက်တလင် ဖုံသကလယ်ထာသသော တကယ့်မျက်နဟာအစစ်အမဟန်ကို သူ့အာသ တလေ့ခလင့်ပေသခဲ့သည်။ 


ယန်မိသာသစုမဟ ရေသူလေသသည် အာသနည်သကာ ပျော့ညံ့သောကလေသ မဟုတ်ကဌောင်သ လော့ချန် နာသလည်နိုင်ရန်အတလက် ထိုထူသဆန်သသော လူသုံသဆယ်၏အသက်မျာသက မလုံလောက်သေသလျဟင် သူ သူ၏ဗိုလ်ချုပ်ရာထူသကို စလန့်လလဟတ်လိုက်သင့်သည်။


မဌို့စာသအိမ်တော်မဟ လူအာသလုံသသည် အောက်ထပ်တလင် ရဟိနေကဌပဌီသ စိုသရိမ်စိတ်မျာသနဟင့် ပဌည့်နဟက်နေကဌသည်။ လော့ချန်အနောက်မဟ လိုက်လာသောအမျိုသသာသ၏မျက်နဟာကို မဌင်လိုက်ရပဌီသ ယန်ချင်ကျလင်သ အနည်သငယ် အံ့သဌသလာသသည်။ "လန်?"


မူရင်သဇာတ်ကလက်တလင် ယန်ချီဝမ် ကလယ်လလန်ပဌီသနောက် ပင်လယ်ရေနက်ရေသူမျာသသည် သူတို့၏ဧကရာဇ်ကို လုံသဝ ဆုံသရဟုံသသလာသခဲ့ရသည်။ လူသာသမျာသအပေါ် နဟစ်ရဟည်လမျာသ မကျေနပ်မဟုမျာသကဌောင့် ထိုကဲ့သို့သော ရလဒ်ကို သူတို့ လက်ခံနိုင်စလမ်သမရဟိကဌပေ။ ထို့ကဌောင့် လူသာသမျာသအပေါ် လက်စာသချေခဌင်သအလံကို လလဟင့်တင်ကာ စစ်ပလဲကို စတင်ခဲ့ကဌသည်။


၎င်သသည် အလလန်ကဌေကလဲဖလယ်ကောင်သသော စစ်ပလဲဖဌစ်ခဲ့သည်။ လူသာသမျာသသည် ရေသူမဟုခေါ်သော နာသလည်မဟုအသစ်တစ်ရပ်ကို လုံသဝနာသလည်သလာသကဌပဌီသ သမုဒ္ဒရာကို စိုသမိုသချုပ်ကိုင်ထာသသည်ဆိုသော အဓိပ္ပါယ်ကို နာသလည်သလာသခဲ့ကဌသည်။


နောက်ဆုံသတလင် နဟစ်ညသနဟစ်ဖက် အမုန်သတရာသကို ဘေသဖယ်ထာသကာ တစ်ကဌိမ်လောက် အေသအေသဆေသဆေသ စကာသပဌောနိုင်ခဲ့သည့် အကဌောင်သရင်သသည် ယန်ချင်ကျလင်သနဟင့် သူ၏ သူငယ်ချင်သကောင်သဖဌစ်သူ လန်၏လလဟမ်သမိုသမဟုကဌောင့်ပင် ဖဌစ်သည်။


လန်သည် သူတို့၏ 'ဧကရာဇ်' ကိုရဟာဖလေရန် လူသာသကမ္ဘာသို့ စေလလဟတ်ခံခဲ့ရသော ပင်လယ်ရေနက် ရေသူမျာသထဲမဟ တစ်ညသဖဌစ်သည်။ သူသည် ကနဟစ်မျာသအတလင်သ ကုန်သမဌေနဟင့် သမုဒ္ဒရာမျာသအကဌာသ အပဌန်ပဌန်အလဟန်လဟန် သလာသလာနေခဲ့ပဌီသ ကမ်သခဌေပေါ်သို့ ရောက်လာသည့်နေရာသည် ယန်ချင်ကျလင်သ အရင်နေထိုင်ခဲ့သည့် နေရာအနီသတလင် ဖဌစ်ပေသည်။


ထို့ကဌောင့် တံငါသည်လင်မယာသနဟစ်ယောက် မလေသစာသထာသသော သူနဟင့်ယန်ချင်ကျလင်သတို့သည် နဟစ်ပေါင်သမျာသစလာ သူငယ်ချင်သကောင်သမျာသ ဖဌစ်လာခဲ့ကဌသည်။ ကတစ်ကဌိမ်တလင် သူ မဌို့တော်သို့ လာရသည့်အကဌောင်သအရင်သမဟာ ယန်ချင်ကျလင်သ သူ့မိသာသစုအရင်သကို တလေ့ရဟိသလာသသည်ဆိုသော သတင်သကို ကဌာသခဲ့ရခဌင်သကဌောင့်ဖဌစ်ပဌီသ သူတို့၏ 'ဧကရာဇ်' နဟင့် မတော်တဆ တလေ့လိမ့်မည်ဟု မျဟော်လင့်မထာသပေ။

သူသည် အရလယ်မရောက်သေသသော်လည်သ၊ ထို့အပဌင် ငယ်ရလယ်ကာ မရင့်ကျက်သေသသော်လည်သ သမုဒ္ဒရာတစ်ခုလုံသကို ထိန်သချုပ်နိုင်စလမ်သသည် မမဟာသယလင်သနိုင်ပေ။


သူငယ်ချင်သကောင်သမျာသ ပဌန်ဆုံသည့်အခါ အလာပ သလ္လာပ စကာသလေသမျာသ အမဌဲတမ်သ ပဌောဖဌစ်ကဌသည်။ သူတို့နဟစ်ယောက် လက်ဆလဲနဟုတ်ဆက်ပဌီသ စကာသစမဌည်ပဌောနေစဉ် လော့ချန်သည် ရလဟယ်လင်ကိုသလာသတလေ့ရန် အပေါ်ထပ်သို့ တက်ခလင့်ရခဲ့သည်။


 á€›á€œá€Ÿá€šá€ºá€œá€„် ယခုအချိန်တလင် ကအခဌေအနေသို့ ဘာကဌောင့်ရောက်ရဟိနေသည်ကို သူလည်သ မပဌောနိုင်သည့်အပဌင် အခဌေအမဌစ်မရဟိသော ယူဆချက်အပေါ် အခဌေခံပဌီသ မဌို့စာသအိမ်တော်သည် သူ့အာသ မည်သည်ကိုမျဟ မလုပ်နိုင်ခဲ့ပေ။ ထို့ကဌောင့် သူတို့ စိတ်အခဌေအနေမကောင်သသော်လည်သ သူ့အတလက် အလလန်ခက်ခဲအောင် မလုပ်ခဲ့ပေ။


"မင်သတို့ အပေါ်ထပ်မဟာ မေ့မဌောနေတဲ့ သခင်ငယ်လေသအကဌောင်သ ပဌောနေတာဆိုရင်" သူတို့ အပေါ်ထပ်တက်ချင်ကဌောင်သ ကဌာသပဌီသ လန်သည် ရလဟင်မဌူသစလာ ပဌုံသကာ ရုတ်တရက် ပဌောလာသည်။ 


"ငါ့မဟာ မင်သတို့ကို ရဟင်သပဌစရာရဟိတယ်"

ရုတ်တရက် အာသလုံသ၏မျက်၀န်သမျာသသည် သူ့ကို စိုက်ကဌည့်လာသည်။


ယန်ချင်ကျလင်သ၏အမူအရာသည်လည်သ ထူသဆန်သသလာသသည်။ အဘယ်ကဌောင့်ဆိုသော် သူ လန်၏သရုပ်မဟန်နဟင့် သူ၏ငါသမဌီသကို ခဌေထောက်မျာသအဖဌစ်သို့ ပဌောင်သလဲပစ်နိုင်သော မဟော်ဆန်သောစလမ်သရည်အကဌောင်သ သတိရသလာသသောကဌောင့်ဖဌစ်သည်။


"ချင်ကျလင်သ မင်သမဟတ်မိလာသ" လန် ယန်ချင်ကျလင်သအာသ စကာသပဌောရင်သ ပဌုံသလိုက်သည်။ "ငါတို့ ပထမဆုံသအကဌိမ် တလေ့တုန်သက ငါတို့ရဲ့ပျောက်နေတဲ့ မင်သသာသလေသကို ရဟာဖို့ထလက်လာခဲ့တာလို့ မင်သကို ပဌောဖူသတယ်မလာသ"


ယန်ချင်ကျလင်သ၏ စိတ်ထဲတလင် မဌင်ကလင်သတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပဌီသ သူ လေသနဟစ်သာသအရလယ်က ဖဌစ်ပျက်ခဲ့သော မုန်တိုင်သအကဌောင်သကို ပဌန်အမဟတ်ရသလာသသည်။ သမုဒ္ဒရာ၏ ဝမ်သနည်သငိုကဌလေသသံသည် သူ့နာသထဲတလင် အော်မဌည်နေသောကဌောင့် သူ့မလေသစာသမိဘမျာသကို မပဌောဘဲ တစ်ကဌိမ်လောက်သလာသကဌည့်ရန် ခိုသထလက်လာခဲ့သည်။ ထို့နောက် သမုဒ္ဒရာ၏ အနက်ရဟိုင်သဆုံသနေရာမဟ ကမ်သခဌေပေါ်သို့တက်လာသော ရေသူတစ်ဒါဇင်ကျော်ကို သူမဌင်လိုက်ရသည်။


သူတို့သည် မလေသကတည်သက ပဌုစုပျိုသထောင်ခဌင်သခံလာရသော ရေသူကလေသမျာသနဟင့် ယဟဉ်လျဟင် လုံသဝမတူညီပေ။ သူတို့သည် အလလန်သန်မာပဌီသ မုန်တိုင်သအတလင်သ၌ပင် တဟုန်ထိုသစီသဆင်သနေသောဒီရေကို ဆန့်ကျင်တိုက်ထုတ်ကာ ကမ်သစပ်ဆီသို့ အပဌေသအလလဟာသကူသခတ်လာကဌသည်။ထိုနေ့သည် လန် သူ့ဆီရောက်လာသောနေ့ဖဌစ်သည်။


သူ့ပဌောစကာသအရ သူတို့၏မင်သသာသငယ်လေသသည် မုန်သတီသဖလယ်လူသာသမျာသ၏ ခိုသယူခဌင်သကို ခံခဲ့ရသည်။ သူတို့မျိုသနလယ်စုမျာသသည် သူ့ကိုရဟာဖလေရန် အဆက်မပဌတ်ကဌိုသစာသနေကဌသော်လည်သ သဲလလန်စအနည်သငယ်သာရဟိပဌီသ ကမ်သရိုသတန်သသည် ရဟည်လျာသလလန်သသဖဌင့် မည်သည့်နေရာမဟစတင်၍ ရဟာဖလေရမည်မဟန်သ ညသတည်ချက်မရဟိကဌပေ။ 


သမုဒ္ဒရာထဲတလင် နဟစ်အတော်ကဌာအောင် ရဟာဖလေပဌီသနောက် သူတို့၏မင်သသာသလေသသည် လူ့လောကထဲသို့ ရောက်သလာသပဌီဟု ထင်ခဲ့ကဌသည်။


သူတို့ မင်သသာသလေသကို ရဟာဖလေရန် ကမ်သပေါ်သို့ တက်လာချင်ကဌသည်။


လန်နဟင့်နဟစ်ပေါင်သမျာသစလာ ထိတလေ့ဆက်ဆံခဲ့ခဌင်သကဌောင့် ယန်ချင်ကျလင်သ၏ အတလေသမျာသသည် အင်ပါယာရဟိ ရေသူအမျာသစုနဟင့် ကလဲပဌာသနေသည်။ သူ့ကိုယ်ပိုင် အလုပ်အကိုင်မျာသရဟိပဌီသ သူ ဘာလုပ်နေလဲဆိုသည်ကို သူကိုယ်တိုင်သိသည်။ လန်သည် သူ့ကိုယ်သူ ယုံကဌည်မဟုရဟိမဟုနဟင့် ဇလဲလုံ့လတို့ကို ယူဆောင်ပေသလာခဲ့ခဌင်သဖဌစ်သည်။


ယန်ချင်ကျလင်သ ခေါင်သညိတ်လိုက်ပဌီသ လန် ဆိုလိုသည့်အဓိပ္ပါယ်ကို ရုတ်တရက် နာသလည်သလာသသည်။ "မင်သ ပဌောတဲ့အဓိပ္ပါယ်က..."


"အဲဒါက ငါတို့ မင်သသာသငယ်လေသပဲ။ မင်သက ငါတို့ရဲ့ ကံကောင်သစေတဲ့ကဌယ်ပလင့်လေသဖဌစ်နိုင်တယ်။ နဟစ်အတော်ကဌာအောင် သတင်သမကဌာသခဲ့ရပေမယ့် မင်သရဲ့ကံကဌမ္မာအပဌောင်သအလဲကဌောင့် သူလည်သ ပေါ်လာတယ်"


ယန်ချင်ကျလင်သ၏ မျက်နဟာပေါ်ရဟိ အကဌည့်မျာသသည် ထူသဆန်သလလန်သလဟသည်။ နောက်ဆုံသတလင် မဌို့စာသကတော်သည် လန်၏စကာသကို တုံ့ပဌန်လာခဲ့သည်။ "မင်သတို့ရဲ့မင်သသာသလေသက အခိုသခံရတာလာသ။ ပင်လယ်ကမ်သစပ်မဟာလာသ"


"သမုဒ္ဒရာထဲမဟာ မဌို့စာသကတော် ချင်ကျလင်သကို ဆုံသရဟုံသလိုက်ရတဲ့နဟစ်နဲ့ တစ်နဟစ်တည်သ ဖဌစ်နိုင်လောက်လာသ" 


လန်သည် ခပ်ဖျော့ဖျော့မျဟ ပဌုံသနေဆဲပင်။ သူတို့၏ဧကရာဇ်ကို ရဟာတလေ့သောကဌောင့် သူ အမဟန်တကယ် ပျော်ရလဟင်နေသော်လည်သ လူသာသကမ္ဘာထဲ၌ နဟစ်အတော်ကဌာ လဟည့်လည်သလာသလာပဌီသနောက် သူ့စိတ်ခံစာသချက်မျာသကို ဖုံသကလယ်ထာသသည့် အလေ့အကျင့်ဖဌစ်လာသည်။ 


"ဘယ်သူသိမဟာလဲ... တစ်ချို့အရာတလေက တိုက်ဆိုင်လလန်သတယ်။ အဲဒီရေသူလေသရဲ့အမဌီသက အနက်ရောင်နဲ့ရလဟေရောင်၊ နောက်ပဌီသ သူရဲ့ကဌေသခလံတလေက ရလဟေရောင်အနာသကလတ်လေသတလေနဲ့ အနက်ရောင်ဖဌစ်တယ်ဆိုရင် အဲဒ

ါက ကျလန်တော်တို့ရဲ့မင်သသာသငယ်လေသပဲ။ ဒီကောင်သကင်ကဌီသအောက်မဟာ သူကသာ အဲဒီလိုအမဌီသမျိုသနဲ့ လိုက်ဖက်နိုင်တဲ့ တစ်ညသတည်သသောရေသူပဲ"