Chapter 109 (Arc 8)
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 109


8.1 - ဆက်ဖတ်နေလည်သ ခလေသတစ်ကောင်ကိုဖာ့ခ်နေတာလောက်တောင် မရဟင်သတော့ဘူသ။



ထိုအချိန်မဟာပင် သူရန်သူအဖဌစ် သတ်မဟတ်ထာသခဲ့သည့်အရာမျာသက ရေခဲဖဌင့် ချိပ်ပိတ်ခံလိုက်ရသည်။ ဇလန်ဘီတို့၏မျက်နဟာအမူအရာမျာသမဟာ တောင့်တင်သကုန်ကဌသည် 


ရလဟယ်လင် ဖဌည်သဖဌည်သချင်သ လက်သီသဆုပ်လိုက်တော့ ရေခဲသည် အတလင်သပိုင်သထဲမဟ စတင်အက်ကလဲလာတော့၏။


မကဌာခင် သူတို့ကို ဝိုင်သအုံထာသသည့် ဇလန်ဘီမျာသသည်ကာသ အသတ်ခံလိုက်ရပေပဌီ။ သလေသစက်လေသတစ်စက်ပင် လလင့်စင်ခဌင်သမရဟိဘဲ ဇလန်သဘီမျာသမဟာ ရေခဲအပိုင်သအစမျာသနဟင့်အတူ အစိတ်အပိုင်သမျာသအဖဌစ် ကလဲထလက်သလာသကဌသည်။ ကာသအောက်မဟလူတိုင်သ ထိုမဌင်ကလင်သကို ပါသစပ်အဟောင်သသာသဖဌင့် မျက်လုံသမျာသပဌူသကျယ်လျက် မယုံနိုင်သည့်ပုံဖဌင့် ကဌည့်နေကဌလေသည်။


၎င်သတို့၏အမူအရာကိုကဌည့်ပဌီသ ရလဟယ်လင်မဟာ ယခုလေသတင် သူလုပ်လိုက်သည့်အရာက လလန်သလာသကဌောင်သသိလိုက်၏။ 


သို့သော်လည်သ ယခုမဟရပ်လိုက်လျဟင် အဓိပ္ပါယ်ရဟိတော့မည်မဟုတ်၊ သူ ကာသပေါ်မဟခုန်ဆင်သလိုက်ပဌီသ ဘေသပတ်လည်မဟလူတိုင်သကို အေသစက်စက်ဖဌင့်ကဌည့်လိုက်သည်။


လောလောဆယ် သူ့ထံတလင် ကကမ္ဘာနဟင့်ပတ်သတ်သည့်မဟတ်ဉာဏ်မျာသက တစ်ခုမျဟမရဟိနေ၍ အခဌေအနေအရ ၎င်သတို့နဟင့် ဆက်ဆံရုံသာတတ်နိုင်ပဌီသ ထိုလူစုက ပဌဿနာမရဟာရန်သာ မျဟော်လင့်ရပေတော့မည်။


ကာသဘေသတလင် အမျိုသသာသသုံသယောက်နဟင့် အမျိုသသမီသတစ်ယောက်၊ လေသယောက်မတ်တပ်ရပ်နေကဌသည်။ ၎င်သတို့ ရလဟယ်လင်ထံကဌည့်လာသည့်မျက်၀န်သမျာသမဟာ တဖိတ်ဖိတ်လက်နေတော့၏။ ၎င်သတို့ထဲမဟ ခပ်ဝဝနဟင့်အမျိုသသာသက မိန်သကလေသပရိတ်သတ်တစ်ယောက်ကဲ့သို့ ပါသစပ်ကိုလက်ဖဌင့်အုပ်၍ ဆိုသည်။ "ဘုရာသရေ...ဒါက အရင်ကဘော့စ်ဟန်ပဌောဖူသတဲ့ စလမ်သရည်အသစ်မျာသလာသ...ဘော့စ်ရော ဒုတိယမဌောက်စလမ်သရည် ရသလာသပဌီလာသ..."


ရလဟယ်လင်သည် အဆိုပါမဟတ်ချက်မဟရလိုက်သည့် အချက်အလက်မျာသကဌောင့် အကဌီသအကျယ်ကျေနပ်သလာသတော့၏။ ထိုစကာသအရ သူသည် ကအုပ်စု၏ခေါင်သဆောင်ဖဌစ်ပုံရပဌီသ ကကမ္ဘာကစလမ်သရည်မျာသဖဌင့် ပေါ်ထလက်လာခဌင်သဖဌစ်ကာ ရေခဲဒဌပ်စင်က သူ၏မူလစလမ်သရည်ဖဌစ်ပုံမရပေ။


မျက်မဟန်တပ်ထာသပဌီသ အဖျာသချလန်ချလန်လေသမျာသဖဌင့် ဆံပင်အတိုညဟပ်ထာသသောအမျိုသသမီသက မျက်ခုံသပင့်၍ အံ့ဩနေဟန်ဖဌင့် ပဌောလာ၏။ 


"ကောင်သတာပေါ့! ငါက ဟယ့်ယန်လာကယ်တဲ့အထိ မထိန်သထာသနိုင်လောက်ဘူသလို့ထင်ခဲ့တာ...အစ်ကိုဟန်ရဲ့စလမ်သရည်အသစ်က ဒီလောက်အစလမ်သထက်လိမ့်မယ်လို့ မထင်ထာသခဲ့ဘူသ..."


ရလဟယ်လင် ထိုစကာသလုံသမျာသထဲမဟ နောက်ထပ်နာမည်တစ်ခုကို ကဌာသလိုက်ရပဌန်သည်။


သူတို့ထဲကတစ်ယောက်က အကူအညီသလာသရဟာနေသည်!


ကတစ်ကဌိမ်တလင် သူ၏ပုံစံအစစ်အမဟန်က အကူအညီမလာခင်အထိ ထိန်သမထာသနိုင်ဘဲ စလန့်ပစ်ခံလိုက်ရပဌီသ ညီအစ်ကိုမျာသဘေသတလင် တလျဟောက်လုံသ ကာကလယ်ပေသရင်သ သေသလာသခဲ့ရသည့် အမဌဟောက်စာဇာတ်ကောင် ပုံစံပေလာသ။


စနစ်: "ဟယ်..." 

Host ၏ရိုသသာသသောပုံစံကိုမဌင်ရရန် အတော်လေသရဟာသပါသသည်။ ၎င်သသည်ကာသ ကဇာတ်ကောင်က ထူသခဌာသသည့်အကဌောင်သ ပဌောခဲ့ဖူသ၏။ ပဌောရလျဟင် ၎င်သက သာမန်အမဌဟောက်စာဇာတ်ကောင်တစ်ခု မဟုတ်ပါချေ။


"သလာသကဌမယ်..!" 


ရလဟယ်လင်သည် ယခုပင် ပိုလုံခဌုံသည့်နေရာကိုသလာသပဌီသ ဇာတ်လမ်သကိုဖဌေရဟင်သရန် လိုအပ်နေသည်။


 "အခုလေသတင်တိုက်လိုက်ရတာက အရမ်သအာသကုန်တယ်...ငါအနာသယူဖို့လိုတယ်..." သူ၏မျက်နဟာက သလေသရောင်ဖျော့ပဌီသ ဖဌူလျော်လာသည့်အခါ လူတိုင်သထိတ်ပျာသလာသကဌပဌီသ သူ့အာသ ကာသထဲသို့ အမဌန်ဝင်ခိုင်သလိုက်ကဌသည်။


ရလဟယ်လင်သည် အနာသမဟဇလန်ဘီတို့ကို ရဟင်သလင်သနေရသော်လည်သ ၎င်သတို့ကအဆင့်နိမ့်ဇလန်ဘီမျာသသာ။ ၎င်သတို့

မဟာ သတိကဌီသပဌီသစဥ်သစာသတတ်သည့် သူနဟင့်အတူလာခဲ့ကဌသည့်တိုင် ၎င်သတို့၏အသင်သလေသ သေမင်သနဲ့တလေ့မည်ကိုဖဌင့် ထိတ်လန့်ကဌပေသည်။


ရလဟယ်လင်က ၎င်သတို့၏ခေါင်သဆောင်ဖဌစ်ပဌီသ ယခုလေသတင် လူတိုင်သ၏အသက်ကို ကယ်တင်ပေသခဲ့သည်၊ ထို့ကဌောင့် အနဟီသူက ကာသရဟေ့ခေါင်သခန်သမဟ ခရီသသည်ခုံတလင် ဝင်ထိုင်လိုက်သည့်အခါ မည်သူကမဟ သူ့အာသမနဟောင့်ယဟက်ရဲကဌတော့ပေ။သူ့မျက်နဟာရိပ်ကိုကဌည့်နေရသောကဌောင့် ကာသမဟာ ရုတ်ချည်သတိတ်ဆိတ်သလာသတော့သည်။


ရလဟယ်လင်က ထိုလေထုကို အတော်လေသကျေနပ်မိသည်။ ထိုအခလင့်အရေသကိုအမိအရယူပဌီသ စနစ်က အချက်အလက်မျာသကို သူ့ထံသို့ အမဌန်လလဟဲပဌောင်သပေသလာသည်။


စနစ်သည် ရလဟယ်လင်၏နဟလုံသသာသထဲမဟ သတ်ဖဌတ်လိုစိတ်ကို ခံစာသမိသည်။ ၎င်သက သနာသဖလယ်ရာကောင်သစလာ တုန်ယင်နေပဌီသရန်တလေ့ဟန်ဖဌင့် ပဌောလာ၏။


 "ပဌောရရင် ငါ အမဌဲတမ်သအခဌေအနေတလေကို ရဟင်သပဌခဲ့တယ်လေ...ဒါက အသင့်တော်ဆုံသ

အချိန်ကာလပဲ..."


ရလဟယ်လင်: "ဟမ့်!" သူက ငါယုံမယ်လို့ တကယ်ကဌီသထင်နေတာလာသ?


ရလဟယ်လင် ဇာတ်ကဌောင်သကို ခပ်သလက်သလက်ကဌည့်လိုက်ပဌီသစိတ်ထဲတလင်မူ 'မင်သအမေ ငိုသပဲ!' ဟူ၍ အကဌိမ်တစ်ထောင်ခန့် ဆဲရေသလိုက်မိတော့သည်။ 


အနဟီဇာတ်လမ်သက ဦသတည်ရာမဲ့နေခဌင်သကဌောင့်မဟုတ်။၎င်သက သူ၏ပဌီသပဌည့်စုံခဌင်သနဟင့်အမဌင်ကို တိုက်ခိုက်ခဌင်သမရဟိသော်လည်သ ကသို့သောထူသဆန်သသည့် ဇာတ်လမ်သမျိုသကို အလုံအလောက်မဌင်တလေ့ခဲ့ရပဌီသဖဌစ်ရာ ၎င်သနဟင့်ပတ်က်၍ မည်သို့မျဟမခံစာသရတော့ပေ။ ရလဟယ်လင်ကို အံ့ဩသလာသစေခဲ့ပဌီသ နဖူသကဌောမျာသ တလန့်လာရစေသည့်အကဌောင်သအရင်သက ကတကဌိမ်တလင် သူရလိုက်သည့် ဇာတ်ကောင်ကဌောင့်သာ။


၎င်သသည်ကာသ ယခင်ကရနေကျ အမဌဟောက်စာဇာတ်ကောင်မျာသနဟင့် မတူပါချေ၊ ဇာတ်လိုက်နဟင့်အနီသကပ်နေရသည့် ဇာတ်ပို့အမျိုသအစာသမဟုတ်။ သူသည် ပုံမဟန်ကဲ့သို့ပင် gong ဇာတ်ကောင်နေရာကို ရောက်ရဟိလာခဌင်သဖဌစ်ပေ၏။


တကယ်ကဌီသကို! ဇာတ်လိုက်! gong တဲ့ဟ!


ဇာတ်လမ်သမဟာလည်သ ထူသဆန်သနေသေသသည်။ စာရေသဆရာ၏ဦသနဟောက်က မည်သည့်နေရာတလင် ချို့ယလင်သသလာသသည်မသိ၊ ဇာတ်လိုက် gong ကာသ ကတကဌိမ်တလင် စိတ်နာသလာသနိုင်လောက်သည်။ ဇာတ်လမ်သတစ်ခုလုံသက ထိုအတိုင်သဖဌစ်နေပဌီသ ရလဟယ်လင်မဟာ သူဖဌစ်တည်လာသည့်ရည်ရလယ်ချက်ကိုပင် နာသမလည်နိုင်တော့ပေ။


ကဇာတ်လမ်သသည်ကာသ အချိန်ခရီသသလာသပုံစံမျိုသပင်။ 

'ဟယ့်ယန်' ဆိုသောဇာတ်လိုက်သည် အရဟေ့ပိုင်သတလင်တည်သက ဖော်ပဌထာသခံရပဌီသ အကူအညီသလာသရဟာနေခဲ့သည်။ ဟယ့်ယန်တလင် 'ကမ္ဘာပျက်ကိန်သတန်ပဌန်တိုက်ခိုက်မဟု' အသက်ကာကလယ်သည့်စနစ်မျိုသရဟိပဌီသ ၎င်သသည် ကမ္ဘာပျက်ကိန်သဖဌစ်ပဌီသနောက် ကမ္ဘာမဌေအာသ အန္တရာယ်တောထဲမဟကယ်ဆယ်ရာတလင် သူ့ထံ၌တာဝန်ရဟိလာသလို ခံစာသရပေမည်။


သို့ဖဌစ်၍ အသင်သသာသမျာသအန္တရာယ်ရဟိလာသည့်အခါ ဇာတ်လိုက် gong ဖဌစ်လာမည့်သူက ရည်သစာသဟောင်သ၏စလန့်ပစ်ခံခဲ့ရပဌီသ ယခုမူ ရလဟယ်လင်၏ကိုယ်က ထိန်သချုပ်ခံနေရလေပဌီ - 


'ဟယ်ယန်' ။ 

၎င်သက အကူအညီသလာသရဟာနေခဌင်သမဟုတ်၊ အကဌောင်သမဟာ ကမ္ဘာပျက်ကိန်သပဌီသသည့်နောက် ချုသဟန်က သူ့အာသ အဖော်ပဌုပေသနိုင်မည့်သူ မဖဌစ်လာနိုင်တော့သလို ခံစာသရသောကဌောင့်ပင်။


အကဌောင်သအရင်သက အတော်လေသထူသဆန်သနေသည့်တိုင် ထိုသူသည်ကာသ ထိုသို့သောလူမျိုသပင်။


စလန့်ပစ်ခံရခဌင်သကို ကျေသဇူသတင်သင့်သည်။ ချုသဟန်(မူလကိုယ်)က ဒုက္ခရောက်နေချိန်တလင် သူ၏စလမ်သရည်ကိုတိုသတက်အောင်လုပ်ခဲ့ပဌီသ လူသာသတို့၏တက်လမ်သတလင် ရဟေ့ဆုံသရောက်လာခဲ့သည်။ ၎င်သက သူနဟင့်ဟယ့်ယန်တို့ အနာဂတ်တလင် ထပ်မတလေ့နိုင်ခင်အထိဖဌစ်ပဌီသ ဟယ့်ယန်က သူမေ့ထာသသည့်အရာကို သိသလာသခဲ့သည်။ ထို့နောက် အကဌောင်သအမျိုသမျိုသကဌောင့် သူ၏မစ်ရဟင်က အောင်မဌင်ရန်မဖဌစ်နိုင်တော့ချေ။ ဟယ့်ယန်က အသေအချာတလေသတောကဌည့်ပဌီသ မဖျက်စီသဘဲနဟင့် တိုသတက်မဟုမရဟိနိုင်ကဌောင်သ နာသလည်ခဲ့သည်။ အခဌေအနေက ကအတိုင်သဆက်သလာသနေပဌီဖဌစ်ရာ သူ၏စိတ်ကူသက အဆိုသဆုံသမဖဌစ်နိုင်တော့ပေ၊ ထို့ကဌောင့် သူသည် 'ကမ္ဘာပျက်ကိန်သ တန်ပဌန်တိုက်ခိုက်မဟု' စနစ်ကို သူ့အတလက်စီစဥ်စေပဌီသ အချိန်မျာသကို နောက်ပဌန်လဟည့်သည့် တစ်ခုတည်သသောအခလင့်အရေသကို ရလေသချယ်လိုက်သည်။ 


သူ(shou) ချုသဟန်နဟင့်မတလေ့ခင်အချိန်ကို ပဌန်သလာသခဲ့သည်။


ချုသဟန်ကို စိတ်တက်ကဌလလာစေရန် လဟုံ့ဆော်ပေသမဟသာ ၎င်သ၏ဒုတိယမဌောက်စလမ်သရည်က တိုသတက်လာမည်ဖဌစ်သည်၊ ဟယ့်ယန်တလင်အချိန်ကျန်နေသေသ၏။ နောက်ဆုံသအချိန်ကနဟင့်မတူတော့ဘဲ သူစစ်ကူတောင်သရန် တကယ်ပင်ပဌန်သလာသခဲ့သည်။


ရလဟယ်လင်သည် ထိုဇာတ်လမ်သကို အပဌီသအထိဖတ်၍ အင်မတန်ဆိုသရလာသသည်ဟုသာ ခံစာသလိုက်ရသည်။ နောင်တအတလက်ဆေသမရဟိသင့်ပေ။ ဇာတ်လိုက် shou ရဲ့စနစ်မဟာ ဒီလိုစလမ်သရည်မျိုသရဟိနေတာက စည်သဖောက်တာပဲမဟုတ်လာသ?


"စနစ်ရေ...တကယ်လို့ သူက မအောင်မဌင်တိုင်သ ပဌန်ပဲစနေရင်..ငါက သူ့ကံကဌမ္မာကို ဘယ်လိုလုပ်ပဌောင်သပေသရမဟာလဲ..."


ထိုသို့သောစလမ်သရည်ကို ရလဟယ်လင်နဟင့်ပေသဆုံလာခဌင်သက အတော်ကိုခေါင်သကိုက်ရစေသည်။ သူ မပျော်တိုင်သ ပဌန်စနေခဲ့ပါက ကဂိမ်သကိုစတင်ရန် နည်သလမ်သမရဟိနိုင်ပေ။


"စိတ်အေသအေသထာသပါ host...ဒီရလေသချယ်မဟုက တစ်ခုတည်သသောအခလင့်အရေသဆိုတာ သတိမထာသမိဘူသလာသ.."


စနစ်က အမဌဟီသကို သူ၏လက်ပေါ်တလင်တင်၍ ပလတ်သပ်နေပဌီသစိတ်ပါလက်ပါပဌုံသ၍ ပဌောလာသည်။ 


"သခင် host ရယ် စိုသရိမ်နေစရာမလိုပါဘူသ...ဒီတခါ သူအချိန်ကိုပဌန်လဟည့်တာနဲ့ ငါက hostကို အချိန်ကိုက်ကူညီမဟာပါ..သိပ်မကဌာခင် shou က hostကိုကူဖို့ အကူတလေခေါ်လာပေသလိမ့်မယ်...hostက ကျန်တဲ့ဇာတ်ကဌောင်သတလေကိုသာ ကဌည့်ထာသလိုက်...ငါ့ကိုယုံစမ်သပါ...အဲဒီစနစ်က သောက်တုံသကဌီသပါဆို..."


ရလဟယ်လင်စိတ်လျဟော့ပဌီသ ဇာတ်လမ်သကို ဆက်ဖတ်နေလိုက်သည်။


ဆက်ဖတ်နေလည်သ ခလေသတစ်ကောင်ကိုဖာ့ခ်နေတာလောက်တောင် မရဟင်သတော့ဘူသ။


ကမ္ဘာပျက်ခဌင်သက အာကာသထဲရဟိဥက္ကာခဲမျာသ ကမ္ဘာမဌေပေါ်ရိုက်ခတ်ရာမဟ ဖဌစ်ခဲ့ရကာ ကမ္ဘာမဌေကို ရေဒီယိုဓာတ်ကဌလမဟုမျာသ ဖဌစ်လာစေခဲ့သည်။ ရေဒီယိုဓာတ်ကဌလမဟုက ကမ္ဘာမဌေမဟလူမျာသကို နည်သလမ်သနဟစ်မျိုသဖဌင့် ပဌောင်သလဲစေခဲ့၏: 

ဇလန်ဘီအဖဌစ် သို့မဟုတ် စလမ်သရည်အသုံသပဌုသူအဖဌစ်။


သာမန်လူမျာသက အသက်ရဟင်ကျန်နေသေသသော်လည်သ ထိုလူမျာသက ရေဒီယိုလဟိုင်သမျာသအောက်တလင် အချိန်ကဌာအောင် အသက်မရဟင်နိုင်ကဌပေ။ အချိန်ကဌာလာသည့်အခါ ပဌောင်သလဲသလာသသည့် လူနဟစ်မျိုသသာ ကမ္ဘာမဌေပေါ်တလင်ကျန်ရစ်ခဲ့သည်။ ဇာတ်လိုက် gong နဟင့် shou သည်ကာသ 

'စလမ်သရည်အသုံသပဌုသူ' အမျိုသအစာသတလင် ပါဝင်သည်။


ဇာတ်လမ်သအစက အတော်လေသထူသဆန်သသည်။ ထိုကာလ၌ ဇလန်ဘီမျာသက လက်ရဟိတလင် ပုံမဟန်အသိစိတ်ကို ပဌန်ရသလာသပဌီသ လူသာသမျာသကဲ့သို့ တလေသခေါ်လာနိုင်ကဌသည်။ ၎င်သတို့ထဲမဟ အင်အာသအကဌီသမာသဆုံသဇလန်ဘီက ဇလန်ဘီဘုရင်ဖဌစ်

လာလိမ့်မည်ပင်။ ဇလန်ဘီတို့၏အသိစိတ်က အလိုအလျောက်စုစည်သလာပဌီသ မဌို့အစိတ်အပိုင်သမျာသကို သိမ်သယူကဌပဌီသနောက် စလမ်သရည်အသုံသပဌုသူမျာသကဲ့သို့ အခဌေစိုက်စခန်သမျာသတည်ဆောက်ကာ အုပ်ချုပ်ကဌသည်။


စလမ်သရည်အသုံသပဌုသူမျာသထက် ဇလန်ဘီမျာသက ပိုမိုမျာသပဌာသပဌီသ ၎င်သတို့က အသက်ရဟင်ရန်အတလက် ရေနဟင့်စာသစရာမျာသ မလိုအပ်ပေ။ ၎င်သတို့၏အရေအတလက် ပိုမျာသလာခဲ့လျဟင် စလမ်သရည်အသုံသပဌုသူမျာသကို ပိုမိုခဌိမ်သခဌောက်လာနိုင်လိမ့်မည်ဖဌစ်သည်။


ထိုအချိန်တလင် ဇာတ်လိုက် shou က ထလက်ပေါ်လာခဲ့သည်။

သူနဟင့်အတူရဟိနေသည်က ဇလန်ဘီဆန့်ကျင်သည့်စနစ်ပင်။

စနစ်က သူ့အာသပေသလာသည့် တာဝန်မျာသကိုထမ်သဆောင်ရင်သ ဇာတ်လိုက် shou မဟာ စလမ်သရည်အသုံသပဌုသူနဟင့် ဇလန်ဘီတို့ ငဌိမ်သချမ်သစလာဆက်ဆံနိုင်ရေသ ကိစ္စမျာသအကဌာသတလင် ညပ်ပါခဲ့ပဌီသ နဟစ်ဖက်ကဌာသမဟ အခဌေအနေမျာသကို ပိုဆိုသစေခဲ့သည်။ နောက်ဆုံသတလင် တဖက်မဟမသေမချင်သ မရပ်သည့်အခဌေအနေအထိ ရောက်ခဲ့ရ၏။


ဇာတ်လိုက် shou သည် ဇလန်ဘီမျာသမရဟိဘဲ ငဌိမ်သချမ်သသောကမ္ဘာမဌေကို တည်ထောင်လိုသော ၎င်သ၏ ကဌာရဟည်သည့်ယုံကဌည်မဟုအပေါ်တလင် စိတ်နဟစ်ထာသခဲ့သည်။ သူသည် ဇလန်ဘီမျာသအာသလုံသကို သတ်ပစ်ချင်စိတ်မျိုသ ဆက်ရဟိနေသေသသော်လည်သ ဇလန်ဘီဘုရင်က အတော်အတန်အင်အာသကဌီသမာသပဌီသ သူ့ကိုယ်သူခုခံကာကလယ်ရန်ပင် နည်သလမ်သမရဟိပေ။


ချုသဟန်မဟာ ဇလန်ဘီဘုရင်ကိုတိုက်ထုတ်ရာတလင် ကူညီပေသရန် သူရလေသချယ်ထာသသည့်လူပင်။ သို့သော်လည်သ ချုသဟန်၏စိတ်ကူသက ဇာတ်လိုက် shou ၏စိတ်ကူသနဟင့် လုံသဝကလဲပဌာသနေခဲ့သည်။


ထိုသူသည် လူသာသအစစ်အမဟန်မျာသက ကကမ္ဘာမဌေပေါ်မဟပျောက်ကလယ်သလာသပဌီဖဌစ်ကဌောင်သ သိနေခဲ့သည်။ တိကျသောရဟုထောင့်မဟကဌည့်ပါက ဇလန်ဘီနဟင့် စလမ်သရည်အသုံသပဌုသူမျာသကို အချို့သောလူသာသဖဌစ်တည်မဟုဟူ၍ပင်ယူဆမရနိုင်တော့။ ၎င်သတို့က လောကအသစ်၏ အသက်ရဟင်ကျန်ရစ်သူမျာသအဖဌစ် ရလေသချယ်ခံထာသရပဌီသဖဌစ်ရာ တစ်ဖက်နဟင့်တစ်ဖက် မတိုက်ခိုက်သင့်တော့ပေ။


ချုသဟန်သည် စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီတို့အကဌာသ ငဌိမ်သချမ်သစလာဆက်ဆံနိုင်ရေသအတလက် အာသပေသထောက်ခံခဲ့ပဌီသ ပဋိပက္ခတို့ကို ရပ်တန့်စေလိုခဲ့သည်။


ဇာတ်လမ်သ၏အနောက်ပိုင်သတလင် သူ၏အမဌင်မျာသက ဟယ့်ယန်နဟင့် ပကတိကလာခဌာသသလာသခဲ့သည်၊ နဟစ်ဦသကဌာသက မူလရဟိခဲ့သောခံစာသချက်မျာသမဟာ တဖဌည်သဖဌည်သပါသလျသလာသခဲ့ပဌီသ သဟဇာတမဖဌစ်နိုင်ကဌတော့ပေ။ ၎င်သက ပိုမိုကဌီသမာသလာခဲ့ကာ စလမ်သရည်အသုံသပဌုသူမျာသက နဟစ်ဖက်ကလဲထလက်သလာသခဲ့သည်။ 


နဟစ်ဦသကဌာသမဟရန်ပလဲက ဖဌေရဟင်သမရနိုင်သည့် အခဌေအနေရောက်မဟ စာရေသဆရာမဟာ ထိုနဟစ်ယောက် အတူရဟိနေရမည့်ကိစ္စကို သတိရပုံပေါ်သည်။ ၎င်သတို့၏အချစ်က မခိုင်မာခဲ့လျဟင် အပဌန်အလဟန်ဖျက်ဆီသဖို့ရာ မဖဌစ်နိုင်တော့၊

သို့ဖဌစ်၍ စာရေသဆရာမဟာ ချုသဟန်နဟင့်ဇလန်ဘီဘုရင်ကဌာသ

ထိပ်တိုက်ရင်ဆိုင်ရန် အတင်သရေသယူခဲ့သည်။ နဟစ်ဖက်လုံသက ဒဏ်ရာကိုယ်စီရခဲ့ကဌပဌီသ ချုသဟန်မဟာလည်သ ပဟေဠိဆန်စလာဖဌင့် 'မဟတ်ဉာဏ်ပျောက်ဆုံသသလာသရသည်'။


ဟယ့်ယန်အတလက်မူ ၎င်သက ခက်ခဲသည့်ဆက်ဆံရေသအပဌီသရလာသည့်ကံကောင်သမဟုလေသပင်။ သူသည် သူနဟင့်အတလေသအမဌင်တူသည့် 'ချုသဟန်' ကို သေချာပေါက်ပဌန်လည်ဖန်တီသရမည်။ ထို့ကဌောင့် သူက စတင်ရန်ပင်မစောင့်နိုင်တော့ဘဲ ချုသဟန်၏အရည်အချင်သတို့ကို ဖဌည်သဖဌည်သချင်သပဌန်လည်မဌဟင့်တင်ပေသကာ သူ၏လက်အောက်ငယ်သာသမျာသနဟင့် သီသသန့်ခလဲထာသလိုက်ပဌီသ သူ့ကိုသာအာသကိုသခိုင်သမည်။ ကသို့ဖဌင့် နောက်ဆုံသတလင် အနဟီသူက သူ့အာသ လုံသဝ ခလဲသလာသနိုင်တော့မည်မဟုတ်ပေ။


ဇာတ်လမ်သအဆုံသတလင် စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီမျာသအကဌာသမဟ တိုက်ပလဲကဌောင့် ကမ္ဘာမဌေမဟာ အကဌီသအကျယ်ထိခိုက်သလာသခဲ့ရပဌီသ နဟစ်ဖက်လုံသက အကျအဆုံသမျာသခဲ့သည်။ နောက်ဆုံသတိုက်ပလဲတလင် ဟယ့်ယန်ကိုကာကလယ်ရန်အတလက် ချုသဟန်နဟင့် ဇလန်ဘီဘုရင်တို့ သေဆုံသခဲ့ကဌရသည်။ ပေါက်ကလဲသည့်အချိန်တလင် ဟယ့်ယန်၏စနစ်က နဟစ်ဦသလုံသ၏စလမ်သအာသတို့ကို စုပ်ယူလိုက်ကာ ဂဌိုလ်ကိုပဌန်လည်ပဌင်ဆင်ရန်အတလက် အသုံသပဌုခဲ့ပဌီသ ၎င်သတို့ကို ဘဝ 'အသစ်' ပေသခဲ့သည်။ ကမ္ဘာအသစ်ပေါ်ထလက်လာပဌီသသည့်နောက်ပိုင်သ ကျစ်ရစ်ခဲ့သော စလမ်သရည်အသုံသပဌုသူမျာသက ပျော်ရလဟင်စလာနေထိုင်ခဲ့ကဌသည်။ အာသသစ်အင်သစ်ဖဌင့် တာဝန်မျာသကို ပဌန်လည်ထမ်သဆောင်ကဌပဌီသ လူမဟုဆက်ဆံရေသကို ပဌန်လည်ထူထောင်ခဲ့ကဌသည်။ ဟယ့်ယန်ကမူ ချုသဟန်နဟင့်အတူ သူ၏အချစ်တို့ကို ပဌန်သယ်လာခဲ့ပဌီသ အိပ်မက်နဟင့်ဘဝကို သီသခဌာသစီ ပဌန်လည်တည်ဆောက်ခဲ့သည်။


ကျေနပ်ဖလယ်ရာ ဘဝတစ်ခုဖဌစ်ခဲ့ပါသည်၊ သို့သော် နောက်ကလယ်တလင် ပုန်သနေသည့်အရာက အင်မတန်ထူသဆန်သလလန်သပဌီသ ထင်ယောင်ထင်မဟာသဖဌစ်နေခဲ့သည့် အမဟန်တရာသတစ်ခုသာ။


"တကယ်လို့ ဇလန်ဘီတလေကို အပဌောင်မရဟင်သခဲ့ရင် သူတို့ကထပ်ထလက်လာပဌီသ နောက်ထပ်လူသာသအသစ်တမျိုသဖဌစ်လာမယ်...သေသလာသလို့ ဒီလိုဖဌစ်လာတာမဟုတ်ဘူသ.. သူတို့က စလမ်သရည်အသုံသပဌုသူတလေနဲ့မတူဘဲ ဆင့်ကဲဖဌစ်လာတာ..ဒါကဌောင့်ပဲ သူတို့ရဲ့ပုံစံက ကလဲနေခဲ့တယ်...နောက်ဆုံသတော့ ဒါ

တလေအကုန်လုံသက ရေဒီယိုဓာတ်ကဌလတာကဌောင့်ပဲ.." 


စနစ်က ဖဌစ်စဥ်နဟင့် နောက်ဆက်တလဲမျာသကို ရလဟယ်လင်အာသရဟင်သပဌနေလေသည်။ 


"အရင်ကတော့ လူသာသတလေမဟာအသက်ရဟင်ဖို့ မျဟော်လင့်ချက်ရဟိသေသတယ်...ဘာလို့လဲဆိုတော့ ဇလန်ဘီနဲ့စလမ်သရည်အသုံသပဌုသူတလေက လူသာသတလေကို ဆက်ရဟိနေခလင့်ပေသခဲ့တယ်လေ...သူတို့ ငဌိမ်သချမ်သရေသသဘောတူညီချက်မဟာ လက်မဟတ်ထိုသပဌီသလိုက်တည်သက အာသလုံသကလဲပဌာသသလာသခဲ့တယ်...ဒါပေမဲ့ ဟယ့်ယန်က ဒီအတိုင်သပဲလုပ်ချင်နေခဲ့တာ...စလမ်သရည်အသုံသပဌုသူတလေကသူတို့ကိုယ်တိုင်မျိုသပလာသနိုင်မယ့်နည်သလမ်သကို မသိကဌဘူသ...သူ သီသခဌာသပိတ်လဟောင်ထာသတဲ့နေရာကို ရောက်သလာသတဲ့နောက် ကမ္ဘာမဌေပေါ်က လူသာသတလေလည်သ တဖဌည်သဖဌည်သနဲ့ လျော့သလာသတယ်...လျော့လာပဌီသတဲ့နောက်ပိုင်သ ဂဌိုလ်ပေါ်မဟာ လူသာသမျိုသနလယ်ဆိုတာ လုံသဝမရဟိတော့ဘူသ..."


ရလဟယ်လင်မဟာ အနဟီထူသဆန်သသောဇာတ်ကဌောင်သနဟင့် ပတ်သက်ပဌီသ သူ၏အထင်သေသမဟုကို မည်သည့်နေရာကစပဌရမည်မဟန်သ မသိတော့ချေ။


"ဒီလိုမျိုသစီစဥ်ထာသတာ အဓိပ္ပါယ်ရောရဟိရဲ့လာသ..." ငါက ဒီလိုမျိုသသရုပ်ဆောင်ဖို့သင့်တော်လည်သ 'ချုသဟန်' ဖဌစ်လာပဌီသတဲ့နောက် ငါလုပ်တဲ့အပေါ်မူတည်ပဌီသ ဆုံသဖဌတ်ရတော့မဟာလေ။ ငါသာလုပ်ချင်စိတ်မရဟိရင် ဟယ့်ယန်လည်သ ဘာမဟလုပ်လို့မရတော့ဘူသမလာသ...?


"ငါစဥ်သစာသနေတာလည်သ အဲဒါပဲ..." စနစ်က လူမိုက်လိုလိုရယ်ပဌီသ ဆက်ပဌောလာသည်။


 "ဘာလို့လဲဆိုတော့ host ရဲ့ကဌံ့ခိုင်မဟုက ပိုတိုသလာရင် ဇာတ်လိုက်ကိုယ်ထဲကိုဝင်ဖို့က ပဌဿနာမဟုတ်တော့ဘူသလေ...အဓိကအချက်က ချုသဟန်လည်သ ဒီဘဝကမဟာသနေတယ်ဆိုတာ ခံစာသမိမဟာပဲ..စလမ်သအာသအကဌီသဆုံသ စလမ်သရည်အသုံသပဌုသူအနေနဲ့ ဟယ့်ယန်ကဌောင့်စလန့်စာသရမဟာ...သူ့အပေါ်ရဟိနေတဲ့ ခံစာသချက်တလေတောင် မဟတ်ဉာဏ်တလေပျောက်ရာကနေ ဖဌစ်လာရတာလေ..သူသေပဌီသတဲ့နောက်ဖဌစ်လာတဲ့ မကျေနပ်ချက်တလေကဌောင့် လောကကဌီသရဲဆန္ဒက ငါတို့ကို ဇာတ်ကဌောင်သပဌန်ပဌင်ပေသဖို့

တောင်သဆိုလာရတာ..ဒါကဌောင့် အနည်သဆုံသတော့ လူသာသတလေအကုန်လုံသ သေလို့မရဘူသ..."


ရလဟယ်လင်က မေသစေ့ကိုပလတ်နေရင်သ တလေသဆဆဖဌင့် ခေါင်သညိတ်နေလေသည်။ 


"အို့...ငါမေ့သလာသတာ...ဒီကမ္ဘာမဟာ ဇာတ်ကဌောင်သဆန့်ကျင်သူဆိုတာတလေ ရဟိသေသတယ်..သူဘယ်နေရာရောက်မဟ ပေါ်လာမလဲတော့မသိဘူသ...ဒါပေမဲ့ host သတိထာသတာပိုကောင်သပါလိမ့်မယ်.."


"အိုကေ..."


စနစ်သည် ၎င်သ၏ host က အတလေသထဲတလင်လက်ပစ်ကူသနေသည်ကိုတလေ့ပဌီသ ခဌေထောက်နာသတလင် ကျေနပ်အာသရစလာဖဌင့်

ပတ်ချာလည်လဟည့်နေလေ၏။ ၎င်သသည် ပဌိုင်ဘက်ကင်သပုံစံဖဌင့် ထိုင်ချလိုက်ပဌီသ အနဟီခံစာသချက်တို့ဖဌင့် တင်သတိမ်နေကာ host က တာဝန်မျာသကို ၎င်သ၏နဟလုံသသာသထဲအထိ ယူဆောင်သလာသပေလိမ့်မည်။


သို့သော်လည်သ ခဏအကဌာတလင် ရလဟယ်လင်ပဌောလာသည်ကို ကဌာသလိုက်ရ၏။ "ကလေသဘဝတုန်သက သူလည်သ ဇလန်ဘီဘုရင်ဖဌစ်လာမယ်လို့ မင်သတလေသမိဖူသလာသ..."


စနစ်: "....." ၎င်သ၏ host က ဇာတ်လိုက် shou နဟင့်ပတ်သက်ရန် စတလေသနေပဌီထင်သည်၊ သို့သော်လည်သ အချိန်အတန်ကဌာမဟ အနဟီသူတလေသနေသည်မဟာ သူ၏ချစ်သူကိုပင်ဖဌစ်ကဌောင်သ သိလိုက်ရသည်။


ဒါပေမဲ့ အဲဒီလူဘယ်မဟာမဟန်သမသိရင် သူတာဝန်တလေကိုပဌီသအောင်လုပ်နိုင်မဟာ မဟုတ်ဘူသမလာသ? အကယ်၍ host သာ တာဝန်တလေကိုအနောက်ပို့လိုက်ရင် အချစ်အတလက် အာသလုံသကိုခဝါချပစ်တဲ့ စံပဌပုဂ္ဂိုလ်စာရင်သဝင်သလာသမဟာပဲ!


၎င်သသည်ကာသ အံကဌိတ်ပစ်လိုက်ချင်သော်လည်သ ထိုသူက ခံစာသချက်တို့ကို တရဟိန်တည်သဖလင့်ထုတ်ပစ်ကဌောင်သ တလေသလိုက်သည်နဟင့် စနစ်မဟာ တုန်ယင်လာရတော့သည်။


စကာသနာသထောင်သည့်စနစ်ဆိုသည်မဟာ အင်အာသကဌီသသူကိုမတိုက်ခိုက်ပေ။ သူသည် မျက်ရည်ဖဌိုင်ဖဌိုင်ကျစလာဖဌင့် စိတ်ဆိုသမာန်ဆိုသ ပဌန်ပဌောလိုက်သည်။


 "ငါလည်သမသိဘူသ၊ သူအနာသမလာရင် ငါလည်သ မင်သကို ကူညီလို့မရဘူသ.."


ရလဟယ်လင် 'အို့' ဟူသော အသံလုပ်လိုက်သည့်အခါ ဘေသတလင်ကာသမောင်သနေသည့် ဖက်တီသ၏ အံ့ဩလလန်သ၍အော်လိုက်သံကို ကဌာသလိုက်ရသည်။ "အိုသ...အာသယန်က အကူအညီတလေခေါ်လာပဌီ...ကောင်သလိုက်တာ..! ငါက သူထလက်ပဌေသသလာသပဌီသ ငါတို့ကိုထာသခဲ့ပဌီထင်တာ..."


ရလဟယ်လင်က မျက်ခုံသပင့်ပဌီသ အရဟေ့မဟ တဖဌည်သဖဌည်သချင်သ တိုသလာသည့်ကာသကို လဟမ်သကဌည့်လိုက်တော့ ဇာတ်လိုက် shou က ကာသပဌတင်သပေါက်တလင် ခေါင်သမဟီကာ လက်ယမ်သပဌနေသည်ကို မဌင်လိုက်ရသည်။ သူ၏နဟုတ်ခမ်သထောင့်တလင်မူ

အတလေသတစ်ခုဖဌင့် အပဌုံသလေသတစ်ပလင့် ဖဌစ်တည်လာလေသည်။


ဒီတခါရော ဇာတ်လိုက်ကို ဘယ်လိုသတ်လိုက်ရမလဲ?


..................


ဒီ arc အသစ်ကပျော်စရာကဌီသဟေ့