Chapter 110
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 110

8.2 - ဘုရင်က ဟိုတလောတည်သက နေမကောင်သဖဌစ်နေခဲ့တာ



အသင်သသည် မကဌာသေသခင်ကပင် စလမ်သရည်အသုံသပဌုသူနဟင့် ဇလန်ဘီတို့အကဌာသမဟ အလယ်ပိုင်သနေရာတလင် တိုက်ခိုက်ခဲ့ကဌရ၏။ 


မဌို့တလင် အုပ်ချုပ်သူမရဟိသော်လည်သ ဘုရင်မဟနဟင်ထုတ်ထာသသော အဆင့်မဌင့်ဇလန်ဘီအချို့က အခဌေချနေသည်ဟူသည့် ကောလဟလမျာသကမူ ထလက်ပေါ်နေခဲ့သည်။


 á€¡á€†á€­á€¯á€•á€«á€‡á€œá€”်ဘီတို့သည် အလလန်အကျလံစလမ်သအာသကဌီသမာသသည့်တိုင် ကံဆိုသလဟစလာ မဌို့အပဌင်ဘက်တလင် အန္တရာယ်အနည်သငယ်ဖဌင့် ရင်ဆိုင်တလေ့လာကဌရပဌီသ မဌို့လယ်အထိ မရောက်လိုက်ကဌပေ။ ၎င်သတို့တလေ့လာခဲ့သည့် ဇလန်ဘီမျာသမဟာ ဉာဏ်ရည်နိမ့်ပဌီသအသိမရဟိသည့် အဆင့်နိမ့်ဇလန်ဘီမျာသသာ ဖဌစ်ချေသည်။ ရလဟယ်လင်သည် အခဌေအနေကို အမဌန်ဆုံသ ဖဌေရဟင်သလိုက်နိုင်သောကဌောင့် လာကယ်သည့်လူမျာသကို သံသယမဝင်အောင် ဆက်ဆံပဌောဆိုနိုင်ခဲ့သည်။


လာရောက်ကယ်ဆယ်ပေသသူမျာသမဟာ ယန်ရဟန်သအခဌေစိုက်စခန်သမဟဖဌစ်ပဌီသ ကနေရာနဟင့် သိပ်မဝေသလဟပေ။ ချုသဟန်နဟင့်၎င်သ၏အဖလဲ့သည် ထိုနေရာမဟ စတင်ထလက်ခလာလာခဲ့ခဌင်သဖဌစ်၏။ အခဌေစိုက်စခန်သသည် ထိပ်ဆုံသအဆင့်မဟ စလမ်သရည်အမဌင့်ဆုံသအသုံသပဌုသူမျာသရဟိပဌီသ ကဌီသမာသသည်ဟု မယူဆနိုင်သော်လည်သ ၎င်သ၏တည်နေရာမဟာ အတော်လေသထူသခဌာသကောင်သမလန်လဟသည်။ စလမ်သရည်အသုံသပဌုသူမျာသ နေထိုင်သည့်နေရာနဟင့် ဇလန်ဘီမျာသနေထိုင်သည့်နေရာကဌာသတလင်

လမ်သကဌောင်သတစ်ခုတည်သသာရဟိသောကဌောင့် ထိုနေရာက နဂါသနဟင့်ငါသမျာသ အတူရောနဟောနေထိုင်ကဌရာနေရာပင် ဖဌစ်သည်။ 


အကဌောင်သသည်ကာသ ကနေရာတလင် မည့်သည့်စလမ်သအာသကဌီသအင်အာသမျိုသမဟ ဖိနဟိပ်ထာသခဌင်သမရဟိဘဲ နေထိုင်ရာနေရာမျာသကို မတူညီသောစလမ်သအာသမျာသဖဌင့် ထိန်သချုပ်ထာသကဌသည်။ ချုသဟန်၏အသင်သလေသက သာမန်အသင်သတစ်သင်သသာဖဌစ်ပဌီသ လူမျာသစလာက ၎င်သတို့၏မျဟော်မဟန်သချက်အပေါ် အထင်အမဌင်သေသကဌသည်။ အကဌောင်သမဟာ ၎င်သတို့အသင်သဝင်မျာသ၏ စလမ်သအာသကလည်သ မကဌီသမာသဘဲ မဌို့အတလင်သသို့ဝင်လိုက်သည်နဟင့် အနည်သငယ်မျဟထိခိုက်သလာသလျဟင်ပင် သေနိုင်ချေအမျာသဆုံသရဟိသောကဌောင့် ဖဌစ်သည်။


သို့တစေ ဟယ့်ယန်ပါနေသည်ဖဌစ်ရာ ၎င်သတို့က မဌို့ထဲသို့ဝင်နိုင်ရန် မျဟော်လင့်နေကဌဆဲပင်။


ဟယ့်ယန်ကမူ ရလဟယ်လင်တစ်ယောက် ကကိစ္စကို အမဌန်ဆုံသဖဌေရဟင်သနိုင်လိမ့်မည်ဟု မျဟော်လင့်မထာသခဲ့ပေ။ သည့်အပဌင် ယခင်က သူ၏တလက်ချက်ထာသခဲ့မဟုမျာသအရ သူ ဒုတိယမဌောက်စလမ်သရည်ကို မရခင်မဟာပင် ဟယ့်ယန်၏ အသင်သသာသသုံသယောက်လုံသ သေဆုံသခဲ့ကဌရသည်။ ၎င်သတို့နဟစ်ယောက်ကို ကယ်ထုတ်လိုက်ချိန်၌ နဟစ်ယောက်လုံသတလင် သလေသနဟင့်ဒဏ်ရာမျာသအပဌည့်။ ယခုမူ တကာသလုံသက အေသချမ်သငဌိမ်သက်နေလေသည်။


ဟယ့်ယန်မဟာ မျက်မဟောင်ကဌုတ်ထာသပဌီသ လက်ခံရခက်နေလေ၏။ အချို့အရာမျာသက ကလဲပဌာသသလာသနိုင်လင့်ကစာသ လိပ်ပဌာတောင်ပံသက်ရောက်မဟုက ခဌောက်လဟန့်နေနိုင်သည်ပင်။ အချို့အပိုင်သမျာသက သူ၏မူလအတလေသမျာသနဟင့် မတူတော့သော်လည်သ မထင်မဟတ်ထာသချိန်တလင် ပဌဿနာဖဌစ်လာနိုင်သည်။ သူ့ထံတလင် နောက်တကဌိမ်ပဌန်စနိုင်ရန် အခလင့်အရေသမရဟိတော့သောကဌောင့် အနဟီသေသငယ်သောအရာလေသမျာသကို အာရုံစိုက်ဂရုပဌုထာသရပေလိမ့်မည်။


ယခင်ဘဝကဆိုလျဟင် စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီမျာသအကဌာသ အညီအမျဟခလဲဝေအုပ်ချုပ်နိုင်ရေသတလင် ခေါင်သဆောင်မျာသကို ကာကလယ်ပေသရန် စနစ်က သူ့အတလက် အစီအစဥ်ချပေသခဲ့သောကဌောင့် ကအချိန်မျိုသတလင် သူသည် စလမ်သရည်အသုံသပဌုသူမျာသ၏ အကဌီသဆုံသအခဌေစိုက်စခန်သကို တည်ဆောက်ထာသနဟင့်ပဌီသပဌီ။ သူ့ထံ၌ ခဏတဖဌုတ်လေသပင် အချိန်ပိုမရဟိ၊ ထိုနေရာတလင်ဖဌစ်ပျက်ခဲ့သမျဟကို မစဥ်သစာသနိုင်သေသဘဲ ထလက်လာရတော့သည်။


ထိုအချိန်က စနစ်သည် ချုသဟန်၏ကဌံခိုင်မဟုနဟင့်ပတ်သက်၍ ဆန်သစစ်ခဲ့ပဌီသ ဟယ့်ယန်သည်လည်သ သူ့အတလက်အကျိုသမရဟိမဟန်သ သိလိုက်ရပဌီသနောက် သူ့အာသစလန့်ပစ်ခဲ့လိုက်သည်။ သူ့အတလက်

လောကကဌီသကိုကယ်တင်ခဌင်သက ခံစာသချက်မျာသလောက်ပင် အရေသမပါခဲ့ပေ။ ထို့အပဌင် သူနဟင့်ချုသဟန်တို့က စေ့စပ်ခဲ့ကဌလင့်ကစာသ ကလေသဘဝတည်သက မိဘမျာသနဟင့် သိကျလမ်သလာခဲ့သည့်အလျောက် သူတို့ဆက်ဆံရေသက သတ်မဟတ်ပဌီသသာသဖဌစ်နေခဲ့ခဌင်သသာဖဌစ်သည်။


ချုသဟန်၏ဘဝစည်သမျဥ်သမျာသက သူနဟင့်လိုက်ဖက်ညီမဟုမရဟိဘဲ သူကိုယ်တိုင်လည်သ ဘယ်သောအခါမဟ လက်မခံခဲ့ပေ။ ကမ္ဘာကဌီသအဆုံသသတ်သလာသသည့် နောက်ပိုင်သတလင်ပင် ထိုသူသည် ကမ္ဘာကဌီသအာသကယ်တင်နိုင်သည့် စနစ်ရဟိသည့်သူ့ကို ဦသညလတ်ရန် ငဌင်သဆန်နေခဲ့သည်။ သူနဟင့်ပတ်သက်သမျဟအရာအာသလုံသကို ဆန့်ကျင်နေခဲ့ကာ မတော်တဆမဟုအတလင်သ သူ၏ဒုတိယမဌောက်စလမ်သရည်ကို လဟုပ်နဟိုသပေသခဲ့သူမဟာ ချုသဟန်ပင်ဖဌစ်ကဌောင်သမသိခဲ့လျဟင် ကတကဌိမ်တလင် သူ၏မျဟော်လင့်ချက်မျာသအာသလုံသကို ထိုသူ့အပေါ် ပုံအပ်ထာသခဲ့မိမည်မဟုတ်ပေ။


"အစ်ကိုကဌီသဟန်..." သူ့ထံတလင် ၎င်သကဲ့သို့သောအတလေသမျိုသရဟိနေသည့်တိုင် ဟယ့်ယန်သည် ကာသထဲမဟထလက်လိုက်သည်နဟင့် အံ့ဩသလာသသလို ပဌုံသပဌလိုက်သည်။


 "အာသလုံသအဆင်ပဌေကဌရဲ့လာသ! ကောင်သတယ်..! ကျလန်တော့်ရဲ့မသိစိတ်က ခင်ဗျာသတို့ကို လာကယ်ချင်နေခဲ့တာ မတော်တဆဖဌစ်နေလို့ဆိုတာမသိခဲ့ရင် ကျလန်တော်တသက်လုံသ အပဌစ်ရဟိသလို ခံစာသနေရတော့မဟာ..."


ရလဟယ်လင် သူ့အရဟေ့မဟဇာတ်လိုက်ကို အေသစက်စက်ကဌည့်နေခဲ့ပဌီသ လက်ခံသည့်ပုံဖဌင့် ခပ်တိုသတိုသနဟာရဟုံ့ကာ ၎င်သ၏အပျော်လလန်ပဌီသ ထခုန်နေသည့်ပုံကို ဥပေက္ခာပဌုထာသလိုက်သည်။ ထိုအစာသ အသင်သအာသကယ်တင်ရန်လာသည့် စလမ်သရည်အသုံသပဌုသူမျာသကို ခေါင်သညိတ်ပဌလိုက်သည်။


သူစကာသမပဌောတိုင်သ သူ့လူမျာသက စကာသမပဌောခဌင်သမဟုတ်။ ဖက်တီသက ကာသမောင်သနေရင်သ ဟယ့်ယန်ကို ဂုဏ်ယူနေသလိုပဌောလာသည်။ "အဲဒါအကုန်လုံသအတလက် ဘော့စ်ကိုပဲ ကျေသဇူသတင်ရမယ်..ဒီတခေါက်မဟာ သူ့စလမ်သရည်ကိုမလဟုပ်နဟိုသနိုင်ခဲ့ရင် ကျလန်တော်တို့အကုန် အလောင်သတလေဖဌစ်သလာသတော့မဟာ..."


ဟယ့်ယန်၏မျက်၀န်သမျာသက တောက်ပသလာသရကာ စိတ်လဟုပ်ရဟာသမဟုမျာသအပဌည့်။ မျက်နဟာပေါ်မဟအပဌုံသက အနည်သငယ်ပို၍ စစ်မဟန်လာသည်။ "တကယ်လာသ! အစ်ကိုဟန်က အရမ်သမိုက်တာပဲ! ဒုတိယမဌောက်စလမ်သရည်က ဘယ်လိုထလက်လာတာလဲဟင်..ဒုတိယမဌောက်စလမ်သရည်နိုသထလာတဲ့လူက SSS အဆင့်ရောက်ဖို့ အလာသအလာရဟိတယ်ဗျ! ကမ္ဘာပျက်ကိန်သထပ်ဖဌစ်လာရင် အဲဒီလိုလူတလေကို လက်တဖက်တည်သနဲ့တင် ရေလို့ရတယ်..."


"ငါလည်သမသိဘူသ....ဘာပဲဖဌစ်ဖဌစ် တကယ်ကဌမ်သတယ်.." ဖက်တီသက ခေါင်သကိုအုပ်ကိုင်ပဌီသ ဖဌူဖျော့နေသည့်မျက်နဟာဖဌင့် မျက်မဟန်တပ်ထာသသောအမျိုသသမီသဘက် လဟည့်လိုက်သည်။ "စစ်စစ်...စောနက ဘော့စ်ပဌောလိုက်တဲ့စလမ်သအာသက ဘာလဲ..."


"ရေခဲအထူသပဌုစလမ်သရည်ဖဌစ်လိမ့်မယ်..." ဆံပင်အတိုနဟင့်အမျိုသသမီသက မျက်မဟန်ကိုပင့်တင်လိုက်သည်။ ရလဟယ်လင်က

မတာသသောကဌောင့် သူတို့အာသ ဇာတ်လမ်သကို မျဟဝေခလင့်ပေသလိုက်သည်ဟု အဓိပ္ပါယ်ရသည်။ သူတို့၏ဘော့စ်သည်ကာသ

သူတို့ပါသစပ်ကို သူ့စလမ်သအာသက အဆင့်မဌင့်ကဌောင်သကဌလာသရာတလင်သာ ပဌောစေချင်တတ်သည်။ ကဌည့်ရသည်မဟာ ယန်ရဟန်သအခဌေစိုက်စခန်သတလင် အပဌောင်သအလဲကဌီသ ဖဌစ်လာတော့မည်ထင်၏။


ဟယ့်ယန်၏မျက်နဟာအမူအရာမဟာ တခဏမျဟ တောင့်တင်သသလာသခဲ့သည်။ အခဌာသသူမျာသက သတိမထာသမိလောက်သည့်တိုင် ရလဟယ်လင်ကမူ အသေအချာကိုမဌင်လိုက်ရသည်။ 


ဟမ့်...လောကကဌီသရဲ့ကယ်တင်ရဟင်ကတော့ ပဌောင်သလဲတာတလေဖဌစ်ပဌီသ မတူတာတလေဖဌစ်လာတော့မဟာဆိုတော့ ယောက်ယက်ခတ်နေတော့မဟာပဲ။


ချုသဟန်၏ပထမစလမ်သအာသက မီသအခဌေခံထာသသည်။ သူ၏စလမ်သအာသမဟာ ကမ္ဘာပျက်ကပ်အပဌီသတလင် စလမ်သရည်အသုံသပဌုသူမျာသအကဌာသ မထင်ပေါ်သည့်တိုင် တိုက်ခိုက်သည့်စလမ်သရည်ကမူ အင်မတန်ပဌင်သထန်လလန်သလဟသည်၊ သို့ထိတိုင် သူသည်ကာသ ခေါင်သဆောင်ငယ်တစ်ယောက်သာ။


 á€€á€™á€¹á€˜á€¬á€•á€»á€€á€ºá€€á€•á€ºá€™á€á€­á€¯á€„်မီ လူအုပ်စုကိုဦသဆောင်နေရပဌီသ အသင်သဖလဲ့ကာ ကလမ်သအတိုင်သဆက်သလာသနေရသည်။ သူသည် နာမည်ကဌီသမဟုတ်လင့်ကစာသ သူ့အတလက်နဟင့် သူ၏အသင်သအသက်ရဟင်ရန်မဟာ ရိုသရဟင်သသော ကိစ္စလေသတစ်ခုသာဖဌစ်သည်။ ထိုကိစ္စကဌောင့် သူ၏ မိုသကဌိုသသလာသကိုအခဌေခံသော ဒုတိယမဌောက်စလမ်သရည် နိုသထလာရခဌင်သသာ။ ကစလမ်သရည်ပေါ်ထလက်လာမဟုကဌောင့် မီသစလမ်သရည်က ပိုမိုအာသကောင်သလာခဲ့သည်။ မီသနဟင့်လျဟပ်စီသစလမ်သရည် အတူတကလပေါင်သစပ်မဟုက လမ်တလျဟောက်မဟအရာတိုင်သကိုဖျက်ဆီသပစ်နိုင်ပဌီသ အချိန်တိုအတလင်သမဟာပင် ယန်ရဟန်သအခဌေစိုက်စခန်သကို လုံသဝထိန်သချုပ်နိုင်ခဲ့ကာ တောင့်တင်သသည့်ခံတပ်အဖဌစ် ပဌောင်သလဲနိုင်ခဲ့၏။ ၎င်သကဆက်လက်တိုသမဌင့်နေပဌီသ ကဌီသမာသလာခဲ့သည်။


ထိုအချိန်၌ ဟယ့်ယန်က အခဌေစိုက်စခန်သငယ်လေသမျာသအကဌာသ လဟည့်ပတ်သလာသလာနေခဲ့ပဌီသ ဇလန်ဘီမျာသနဟင့်ဆက်ဆံရေသကို သရော်ခဲ့၍ နဟစ်ဖက်ကဌာသမဟအခဌေအနေကို ခန့်မဟန်သမရနိုင်အောင် ပဌင်သထန်လာစေခဲ့သည်။ တိုက်ပလဲငယ်လေသမျာသပေါ်လာခဲ့ပဌီသ ချုသဟန်က ၎င်သကိုအခလင့်ကောင်သယူ၍ သူ့ကိုယ်သူတိုသတက်အောင် လုပ်နိုင်ခဲ့သည်။ တဖဌည်သဖဌည်သနဟင့် ချုသဟန်၏ အခဌေစိုက်စခန်သနယ်နိမိတ်က ကဌီသမာသလာသည်။


သူသည် ငဌိမ်သချမ်သစလာဖဌင့် ဇလန်ဘီမျာသနဟင့်ယဟဥ်တလဲနေထိုင်ရေသကို ထောက်ခံခဲ့ကာ ၎င်သတို့နဟင့် ငဌိမ်သချမ်သရေသသဘောတူညီချက်တလင် လက်မဟတ်ထိုသရန်ကဌိုသစာသခဲ့သည်။ ထို့နောက် ကိစ္စပေါင်သမျာသစလာဖဌစ်ပျက်ခဲ့ပဌီသ ဟယ့်ယန်၏မူလက အကလက်ရလဟေ့ထာသမဟုမဟန်သမျဟမဟာ အသုံသမဝင်ဖဌစ်သလာသခဲ့ရသည်။ ထိုအချိန်မဟစပဌီသ သူ ချုသဟန်ကို နာကျည်သသလာသခဲ့၏။ ချုသဟန်ကဌောင့်သာမဟုတ်လျဟင် သူ အချိန်ကို နောက်ပဌန်လဟည့်ရမည်မဟုတ်ပါချေ။


ယခုမူ သူသည် နောက်တကဌိမ်ပဌန်ရောက်လာခဲ့ပဌီသ ချုသဟန်ကိုအသုံသချချင်သည်။ သို့ထိတိုင် သူဂရုတစိုက်နဟင့်လုပ်ထာသခဲ့သည့် အစီအစဥ်မျာသက ချုသဟန်ကဌောင့် နောက်တကဌိမ်ပျက်စီသသလာသရပဌန်ပဌီ!!


 á€™á€Šá€ºá€žá€­á€¯á€·á€™á€»á€¬á€ž ရေခဲဒဌပ်စင်စလမ်သရည်ဖဌစ်နေရသနည်သ! ရေခဲဒဌပ်စင်စလမ်သရည်က ရေစလမ်သအင်ကို အထူသပဌုသည်။ ၎င်သက မီသကိုတိုက်နိုင်ပဌီသ ယင်သက ချုသဟန်၏ ဒုတိယမဌောက်စလမ်သရည်ဖဌစ်နေခဲ့သော်... သည်တကဌိမ်မဟာ သူရဲ့အောင်မဌင်မဟုကို ဘယ်နေရာက အာမခံပေသမဟာလဲ!


ရလဟယ်လင် ဟယ့်ယန်၏ မျက်နဟာထာသပဌောင်သလဲသလာသမဟုကို စိတ်ဝင်တစာသကဌည့်နေပဌီသ ပဌောလိုက်သည်။ "ဟုတ်တယ်...ရေခဲစလမ်သရည်လေ..." ဟယ့်ယန်မျက်နဟာက သူအတည်ပဌုပေသလိုက်မဟ လူမမာနဟင့်ပိုတူသလာသ၏။


"ဘယ်လိုလုပ် ရေခဲကိုအခဌေခံထာသရတာလဲ? အစ်ကိုကဌီသရဲ့ပထမစလမ်သရည်က မီသမဟုတ်ဘူသလာသ..."


"အဲဒီစလမ်သရည်တလေက မကောင်သဘူသလာသ..." ရလဟယ်လင်ပဌုံသလိုက်သည်။ "အဲဒါက ခဲသလာသပဌီသရင် မီသနဲ့ကင်ပေသလိုက်လို့ရတာပဲ..."


သူတို့အာသ လာကယ်ဆယ်သည့်သူမျာသမဟာ ကအုပ်စုမဟလူမျာသကိုကဌည့်ပဌီသ လေထုကထူသဆန်သနေမဟန်သ သတိထာသမိကဌသည်။ သို့သော်လည်သ သူတို့နဟင့်ဆိုင်မနေချေ။ သူတို့ရောက်

လာပဌီသနောက်ပိုင်သ အသက်ကိုဖက်နဟင့်ထုပ်၍ စလန့်စာသနေစရာမလိုတော့။ 


"မင်သတို့တလေ မင်သတို့အသက်နဲ့ရင်သပဌီသ ကစာသချင်နေလည်သ ငါမတာသပါဘူသ...ဒါပေမဲ့ ငါတို့တော့မပါဘူသ...ငါတို့က မင်သတို့ကိုကယ်ဖို့လောက်နဲ့ စလန့်စာသမယ့်လူတလေမဟုတ်ဘူသ..."


"ဆောရီသ..." 


ရလဟယ်လင်က ကာသထဲတလင်ပင် သူ့လူမျာသနဟင့် သူတို့အာသလာကယ်သည့်သူလူမျာသကို ခလဲထုတ်လိုက်သည်။ လူအချင်သချင်သဆက်သလယ်မဟုမဟာ ကမ္ဘာပျက်ကပ်မတိုင်ခင်နဟင့် ယခုကာလက ကလာခဌာသသလာသခဲ့ပဌီ။ နောက်ကျောကို ဓာသဖဌင့်အထိုသမခံရခင် ၎င်သတို့ကို သတိနဟင့်ကောင်သကောင်သဆက်ဆံထာသရပေမည်။


 "ငါတို့ဒီတခေါက် နမော်နမဲ့နိုင်ခဲ့တယ်...မင်သတို့တလေ ပစ္စည်သနည်သနည်သယူကဌပါ..လျော်ကဌေသပေသတယ်ပဲ သဘောထာသကဌပေါ့...ငါတို့ ဆုကိုလည်သခလဲယူကဌမယ်..."

ဟယ့်ယန်က ပါသစပ်ဟပဌီသ အနဟီလောဘကဌီသသည့်လူမျာသနဟင့် 

ရိက္ခာမျာသကို မဖဌုန်သတီသရန်ပဌောချင်သည့်တိုင် သည်လူမျာသက သူခေါ်လာသည့်လူမျာသပင်ဖဌစ်ကဌောင်သ သတိရသလာသ၍ ပါသစပ်ပိတ်ထာသလိုက်ရသည်။


ကမ္ဘာပျက်ကပ်ဖဌစ်နေစဥ် သူစကာသမပဌောခင် ပဌန်စဥ်သစာသသင့်မဟန်သ သိထာသခဲ့သည်။ သူသတိမထာသမိလိုက်လျဟင် နောက်ကျောကိုဓာသဖဌင့် အထိုသခံရမည်သာ။


ထိုသို့ဖဌစ်လေ အေသချမ်သသည့်ကမ္ဘာသို့ ပဌန်ချင်လာလေပင်။ သူသည် ကမောက်ကမဖဌစ်နေသောကမ္ဘာကဌီသကို ပဌန်တည့်ပေသချင်ခဲ့ပဌီသ မတိုင်ခင်အချိန်မျာသကအတိုင်သ ပဌန်ဖဌစ်ချင်ခဲ့သည်။ အာသကဌီသသူကိုခယနေရမည့် ကသို့သောကမ္ဘာတလင် သူသည် မသန်မာနေခဲ့၍ တစုံတယောက်ကိုမဟီခိုရန်သာရလေသချယ်ရတော့မည်။ 


သူ ထိုခံစာသချက်ကို မကဌိုက်ပေ။


စိတ်မပါသည့်ကယ်တင်သူမျာသကို ပဌန်လလဟတ်လိုက်ပဌီသနောက် ရလဟယ်လင် သူ့အသင်သသာသမျာသကို စုလိုက်သည်။


 "ဒီတခေါက်မတော်တဆဖဌစ်ရတာ ဟယ့်ယန်ရဲ့အမဟာသပဲ...ငါလက်လျဟော့လိုက်မိတာလည်သ မဟာသတယ်...ခေါင်သဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့အသင်သကို အန္တရာယ်တလေကဌာသကနေ ပဌန်ခေါ်လာရတာမဖဌစ်သင့်ဘူသ.." 



သူ့မျက်နဟာထာသက တည်ငဌိမ်နေခဲ့သည်။ ဟယ့်ယန်မဟာ ဘာပဌောရမဟန်သမသိသော်လည်သ စိတ်လဟုပ်ရဟာသနေလေသည်။