အပိုင်း ၁၇၉
Viewers 16k

Chapter 179

တူတူပုန်းတမ်း


" တော်ဝင်သစ်ပင်ကို မမြင်နိုင်ကြတာဖြစ်မယ် ..."

ယောင်စစ် မမေးမီမှာပင် အလင်းဆေလ်ဗာနီဘုရင်က ရှင်းပြလိုက်သည်။


" အဲ့နေရာမှာ ရှိနေတာကို ကျုပ်ခံစားလို့ရတယ် တော်ဝင်သစ်ပင်ရဲ့ အထူးစွမ်းရည်က မမြင်နိုင်ခြင်းပဲ ... သူ မတိုက်ခိုက်မခြင်း မြင်ရသေးမှာမဟုတ်ဖူး ..."


သူ၏ စကားမဆုံးမီမှာပင် မူရွှမ်က ထိန်းချုပ်စားပွဲပေါ်မှ တိုက်ခိုက်သည့်ခလုတ်ကို နှိပ်ချလိုက်သည်။ ချက်ချင်းပင် ဖန်သားပြင်ပေါ်တွင် လင်းလာပြီး မိုးခြိမ်းသံကြီးဖြင့် ညဘက်ကောင်းကင်ယံတွင် မျက်စိစူးစေသည့် မီးအမှုန်အမွှားများ ပေါ်လာသည်။ 


မကြာမီ ခန့်မှန်းထားကြသည့်အတိုင်း ဧရာမကြာပန်းကြီး ပေါလောမျောလာသည်။ 

လျန်ယုက ဒီမှာ တကယ်ရှ်ိနေတာပဲ ...


[ ဒင် ရန်သူ ဆက်သွယ်နေပါတယ် ]


သတိပေးချက်တစ်ခု ပေါ်လာပြီး ခဏအကြာတွင် ဒေါသထွက်နေသည့် လျန်ယု ဖန်သားပြင်တွင် ပေါ်လာသည်။ သူမဘေးတွင် လင်းအစ်ကိုကြီးက ရှိနေသည် ။ ထင်ထားသကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်‌မနေပေ။ ပုံမှန်နှင့်မတူ ငြိမ်သက်နေသည်။


ပုံရိပ်ယောင်ကြီးများလား ... သူ့ကို ကြည့်ရတာ ရှက်နေသလိုပဲ ...


" ရှောင်ယု ..."

အလင်းဆေလ်ဗာနီဘုရင်၏ မျက်နှာက ဝင်းလက်သွားသည်။ သူမက စကားပြောရန်ပြင်သော်လည်း လျန်ယုက သူ့ကို အချိန်မပေးပေ။ 


" သေစမ်း ... တကယ် အဲ့ဒီမျိုးမစစ်ပဲ ..."

လျန်ယုက မူရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမကို တားမြစ်မည့်လူ မှန်သမျှကို တိုက်ခိုက်ရတ် ပြင်ဆင်ထားပုံပင်။ 


" ရှင်တို့လာတာ အတော်လေး မြန်သားပဲ ဒါပေမဲ့ နောက်ကျသွားပြီ ... စစ်စစ်က သဘောတူလိုက်ပြီလေ ... ကျွန်မတို့ကိုခွဲဖို့ စိတ်မကူးနဲ့တော့ ... ငါတို့က နှစ်ဦးသဘောတူ ကြည်ဖြူထားကြပြီ ... ဂလက်ဆီကြီး ပျောက်ကွယ်သွားရင်တောင် ကျွန်မတို့ တူတူရှိနေဦးမှာပဲ ဟမ့် ..."


ပြန်ဖြေသည်ကိုပင် မစောင့်တော့ပဲ ဆက်သွယ်မှုကို ဖြတ်ချသွားသည်။ ထိုတစ်ချိန်လုံး သူမ အလင်းဆေလ်ဗာနီဘုရင်ကို တစ်ကြိမ်ပင် လှည့်မကြည့်ပေ။


“…” ယောင်စစ်


“…” မူရွှမ်


“…” ကောင်းကင်ဆေလ်ဗာနီဘုရင် 


ခွေးမ ...

မူရွှမ်၏ နားထင်မှ သွေးကြောများ ထောင်လာသည်ကိုပင် ယောင်စစ် မြင်နေရသည်။ 


" မူရွှမ် ခဏနေပါဦး ..."

ဒီနေရာမှာ တခြားဂြိုလ်တွေလည်း ရှိနေတယ်နော် ...


အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူက လက်တစ်ဖက်ဝှေ့လိုက်ချိန်တွင် ကောင်းကင်သစ်ပင်၏ပန်းပွင့်ဆီသို့ အဖြူရောင်အလင်းတန်းတစ်ခု တစ်ဟုန်ထိုး သွားနေသည်။ ၎င်းက စက္ကန့်မရွေး နှစ်ခုကွဲသွားနိုင်သည်။ 


ရုတ်တရက် ကာကွယ်ပေးမည့် အရံအတားတစ်ခုက ဖုံးအုပ်လိုက်သည်။ ကျယ်လောင်သည့် အသံကြီးဖြင့် ထိုသင်္ဘောကို မူရွှမ်၏ တိုက်ခိုက်မှုမှ ကာကွယ်လိုက်သည်။  ကြီးမားသည့် အင်အားကြီးတစ်ခု အရံအတားကို တိုက်မိသည့်အခါ ၎င်းက မီတာအနည်းငယ်ခန့် နောက်ဆုတ်သွားသည်။ 


ယောင်စစ် အနည်းငယ် ယိမ်းယိုင်သွားပြီး လဲကျမတတ်ဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့် မူရွှမ်က သူမကို ထိန်းပေးလိုက်နိုင်သည်။ သူမ ဟန်ချက်ညီသွားသည့်အခါ ကောင်းကင်သစ်ပင်၏ပန်းပွင့်က အနောက်ဘက်မှ အာကာသဝင်ပေါက်ထဲသို့ အနည်းငယ် ဝင်နေပြီဖြစ်သည်။


" မူရွမ် ..." 

ယောင်စစ် ဖန်သားပြင်ကို လက်ညိုးထိုး၍ အလန့်တကြား အော်လိုက်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ ကောင်းကင်သစ်ပင်၏ပန်းပွင့်မှာ ပျောက်ကွယ်သွားသည်။ 


" ဒါ မဖြစ်နိုင်ဘူး ..."

ကောင်းကင်ဆေလ်ဗာနီဘုရင် ‌အချက်အလက်များက်ိုကြည့်လျက် မယုံကြည်နိုင် ဖြစ်နေသည်။ 


" ရှောင်ယုမောင်လေးက ကျောက်စိမ်းသစ်ပင်ဆိုပေမယ့် အပင်ပေါက်လို့တောင် သတ်မှတ်လို့ မရဘူး ... ကျောက်စိမ်းသစ်ပင်ဆိုရင်လည်း အဲ့လောက်မြန်မြန် ဆင့်ခေါ်လို့ရမယ်မထင်ဘူး ..."


" သူတို့ရဲ့ တည်နေရာအသစ်ကို စစ်ဆေးလိုက် ..."

မူရွှမ် အမိန့်ပေးလိုက်သည်။ 


ကောင်းကင်ဆေလ်ဗာနီဘုရင် စတင်စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူ ပြောလိုက်သည်။ 

" အဲ့ဒါက ကြယ်စုG ရဲ့ ဧရိယာ ၆၇မှာပါ ... သူတို့က အချိန်တိုအတွင်းမှာ အနီးဆုံး ကြယ်စု သုံးခု‌ကိုတောင် ဖြတ်သွားပြီးပြီ ..."


မူရွှမ် ဝင်ပေါက်ကို ချက်ချင်းဖွင့်လိုက်သည်။ သို့သော် သူတို့၏ ပစ်မှတ်ကို ဖမ်းမရပေ။ လျန်ယုက သူတို့နှင့် တူးတူပုန်းတမ်း ကစားနေပုံရသည်။  သင်္ဘော၏ တည်နေရာကို သူတို့သိသွားပါက သူမက ၎င်းကို အခြားနေရာသို့ ပို့လိုက်သည်။ ကြယ်စုဆယ်ခုခန့်က်ို သွားပြီးချိန်တွင် ဤကဲ့သို့သာဖြစ်နေသည်။ သူတို့က ပစ်မှတ်ကို တွေ့လိုက်ချိန်တွင် ထို သင်္ဘောကပျောက်ကွယ်သွားသည်။ 


ယောင်စစ် စိတ်အနှောင့်အယှက်ဖြစ်လာပြီး သွေးများ စတင်ဆူပွက်လာသည်။ 


သုံးနာရီ ကြာပြီးနောက် ...


" အဲ့ဒါ ... သွားပြီ ..."

ကောင်းကင်ဆေလ်ဗာနီ ဘုရင်က တစ်ခုခုကို သတိထားမိသွားသည်။ 


" သွားပြီဆိုတာ ဘာကို ပြောချင်တာလဲ ..."


" ကောင်းကင်သစ်ပင်ရဲ့ပန်းပွင့်ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး ... စကြဝဠာထဲက ပျောက်သွားကြပြီ ..."


သေစမ်း ...


တစ်နေကုန် စုပုံထားသည့် စိတ်အနှောင့်အယှက် ဖြစ်မှုများကြောင့် ယောင်စစ်ပေါက်ကွဲလာသည်။ 


" သေစမ်းဟာ ငါလက်လျှော့လိုက်ပြီ ..."


" စစ်စစ်..."

မူရွှမ်က နှစ်သိမ့်သည့်အသံဖြင့် ပြောလိုက်သည်။ 


" နည်းနည်းလောက်ကြာရင် ရှာတွေ့မှာပါ ..."


" ကျွန်မတို့ တစ်နေကုန် လိုက်နေတာပဲ ... ကျွန်မဂရုမစိုက်ဘူး ထပ်မစောင့်ချင်တော့ဘူး ..."


" စစ်စစ် လိမ်လိမ်မာမာနေ ..."


" ယီးကို လိမ်မာ ..."


ယောင်စစ်၏ ရင်ထဲမှ အမျက်ဒေါသများက ပေါက်ကွဲထွက်လာသည်။


" ရှင် လွန်ခဲ့တဲ့ လေးနာရီလောက်တည်းက ပြောနေတာ ... အောင့်ထားပါဦး အောင့်ထားပါဦးနဲ့ ရှင်က ကျွန်မအစား သွားပေးမှာလား ...ရှင် ဆက်တားနေရင် ကျွန်မရှင့်ကို မုန်းမိတော့မယ် ... ကျွန်မ တစ်ခါပဲ ထပ်ပြောမယ် ..."

သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး အံကြိတ်ကာ စကားလုံး တစ်လုံးချင်းကို ပီပီသသ ပြောလိုက်သည်။ 


" ကျွန်မ သန့်စင်ခန်းသွားချင်နေပြီ ..."

 

သေစမ်း ... အာကာသစခန်းမှာ ရှိတဲ့ အချိန်တည်းက ခုချိန်ထိ တစ်နေကုန် အောင့်ထားရတာ ...

မူရွှမ်နှင့် အခြားလူများက တတ်နိုင်သမျှနည်းလမ်းများ အကုန်သုံး၍ သူမ သန့်စင်ခန်းသွားမည်ကို တားမြစ်နေကြသည်။ သူမ၏ မူလခန္ဓာကိုယ် ပြန်ရချိန်အထိ တောင့်ခံထားရန် ပြောကြသည်။

 

ကောင်းကင်ဆေလ်ဗာနီ ဘုရင်က သူတို့ကို ဖမ်းဖို့ အဓိကလူမလား ... ယီးကို ဂလက်ဆီရဲ့ လုံခြုံမှု ယီးကို ဂလက်ဆီရဲ့ ငြိမ်းချမ်းရေး ... လူမျိုးစု နှစ်စုကြားက ငြိမ်းချမ်းရေးလည်း ယီးပဲ ...


(╯‵□′)╯︵┻━┻


ဂလက်ဆီစ ပျက်စီးခြင်းကပင် တစ်စုံတစ်ယောက်၏ သဘာဝတရားကို မတားမြစ်နိုင်‌ပေ။


" ကျွန်မအခု သန့်စင်ခန်းသွားချင်တယ် ခုချက်ချင်းပဲ ..."


“စစ် ..."


" ပါးစပ်ပိတ်ထား ... ရှင် တားမယ်ဆိုရင် ကျွန်မ ရှင်နဲ့ အဆက်အသွယ် ဖြတ်မယ် ..."


မူရွှမ် ကြောင်အသွားသည်။ မိနစ်ဝက်ခန့်အကြာတွင် သူ ကောက်ချက်ချလိုက်ပုံရသည်။ လေးနက်သည့် လေသံဖြင့် သူပြောလိုက်သည်။

" ကိုယ် ကူညီပေးမယ် ..."


" ထွက်သွားစမ်း .."


“…”


“…” အံ့အားသင့်နေသော လူအုပ်ကြီးနှင့် ကောင်းကင်ဆေလ်ဗာနီဘုရင် 


သူတို့အားလုံးမှာ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်စရာရှိနေတယ် ...


ကောင်းကင်သစ်ပင်ရဲ့ပန်းပွင့်နောက်ကို လိုက်တဲ့ကိစ္စက သန့်စင်ခန်းသွားတာနဲ့ ဘာဆိုင်လို့လဲ ... 


မည်သူကမှ မမေးရဲကြပေ။ ကြည့်နေရသည်ပင် အလွန် ကြောက်စရာကောင်းသည်။



ကောင်းကင်ဆေလ်ဗာနီဘုရင်က ကောင်းကင်သစ်ပင်၏ ပန်းပွင့်ကို ခြေရာမခံနိုင်သဖြင့် စကြဝဠာထဲမှ ပျောက်သွားပြီဟု အခိုင်အမာဆိုနေသည်။ မူလက တော်ဝင်သစ်ပင်၏ အချက်အလက်များ ပြောင်းလဲသွားသည်ဟု ယူဆထားသောကြောင့် အလင်းဆေလ်ဗာနီ ဘုရင်က မရှာနိုင်သည်ဟု ယူဆခဲ့သော်လည်း  ကောင်းကင်သစ်ပင်၏ပန်းပွင့်က   သင်္ဘောအစစ် မဟုတ်သောကြောင့် ထိုယူဆချက်ကို မူရွှမ်က ပယ်ချခဲ့သည်။ အချက်အလက်ဒေတာများကို လွယ်လွယ် ပြောင်းလဲ၍ မရပေ။ ထို့အပြင် အလင်းရောင်ဆဲလ်ဗီယံဘုရင်နှင့် သွေးစုပ်ဖုတ်ကောင် သွေးမျိုးဆက်တို့၏ ဖိနှိပ်မှုများနှင့် ဆက်နွှယ်နေသောကြောင့် အလင်းဆေလ်ဗာနီဘုရင်က ၎င်းနှင့် အဆက်အသွယ် မရရှိခြင်းဖြစ်သည်။ 

  

အလင်းဆေလ်ဗာနီ ဘုရင်က ထိုသင်္ဘောနှင့် အဆက်အသွယ် မရသည့်အတွက် ၎င်းက စကြဝဠာထဲတွင် မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ထိုကိစ္စသာ မှန်ကန်လျှင် ...


" သူတို့ အသူရာချောက်နက်ထဲမှာ ..." 

ယောင်စစ် ပြောလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေ၌ သူမဟ အတွေးများက ပို၍ ရှင်းလင်းလာသည်။ 


မူရွှမ်လည်း ထိုသို့ တွေးမိသကဲ့သို့ပင် ခေါင်းငြိမ့်ပြလိုက်သည်။ သူ အာကာသဝင်ပေါက်ကို ဖွင့်လိုက်သည်။

" ငါတို့ အပြာရောင်ဂြိုလ်ကို သွားမယ် ..."


ဝင်ပေါက်ကို ဖြတ်သန်းသွားပြီးနောက် ရင်းနှီးနေသည့် အပြာရောင်ဂြိုလ်၏ပုံရိပ်က အမြင်အာရုံထဲ ပေါ်လာသည်။


လင်းလုံ ယခင်က လိမ်ညာခဲ့ခြင်း မဟုတ်ပေ။အပြာရောင်ဂြိုလ်ကို ပြန်လည်တည်ဆောက်သည်မှာ ပြီးလုပြီ ဖြစ်သည်။  ၎င်းက မူလက ယောင်စစ်သိသည့် ပုံစံအတိုင်းပင်။ သို့သော် ညာဘက်အောက်ခြေထောင့်နားတွင် အပိုင်းအစ‌အသေးလေးများနှင့် လွင့်မျောနေသည့်အပိုင်းများရှိနေသေးသည်။ သို့သော် ၉၅%ခန့် ပြီးစီးနေပြီဖြစ်သည်။


" ကောင်းကင်သစ်ပင်ရဲ့ ပန်းပွင့်ပဲ ..."

ကောင်းကင်ဆေလ်ဗာနီ ဘုရင်က ဧရာမကြာပန်းကြီးကို ချက်ချင်းတွေ့သွားသည်။


ယခင်ကဲ့သို့ မမြင်ရသည်မဟုတ်ပဲ တိုက်ခိုက်မည့်အချိန်မှ ပေါ်လာသည်လည်း မဟုတ်ပေ။ ဤတစ်ကြိမ်၌ ၎င်းက ထင်ရှားစွာပင် လွင့်မျောနေပြီး ရှာတွေ့မည်ကိုလည်း ကြောက်ရွံ့နေပုံ မပေါ်ပေ။


" ဝင်ကြမယ်လေ ..."

မူရွှမ် ယောင်စစ်လက်ကိုဆွဲပြီး ကောင်းကင်သစ်ပင်ပန်းပွင့်ဆီသို့ ဝင်သွားကြသည်။ 


၎င်းက အဆုံးမဲ့ ပန်းပွင့်ပင်လယ်ကြီးဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ အလယ်ဗဟိုတွင် အံ့အားသင့်စရာကောင်းသည့် အလှတရားလေး မရှိပေ။ 


" သူတို့ ဘယ်မှာလဲ ..."


နေရာတစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာပြီးနောက် ကောင်းကင်သစ်ပင် ပန်းပွင့်အတွင်း၌ နေရာလွတ်ကြီးသာ ဖြစ်နေပြီး လျန်ယုနှင့် လင်းလုံတို့ကို မတွေ့ရပေ။ 


သူတို့ ဘယ်ရောက်သွားတာလဲ ...