Chapter 112
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 112


8.4 - ငါတို့ဘော့စ်ရဲ့ခေတ်က စတော့မယ်ထင်တယ်



အချိန်ပဌန်မလဟည့်ခင်က ယန်ရဟန်သအခဌေစိုက်စခန်သနဟင့် ဇလန်ဘီတို့က အတူတကလပူသပေါင်သရေသအတလက် ဆလေသနလေသခဲ့ကဌသည်။ ထိုအချိန်က သူ အရာအာသလုံသကိုပဌန်စတင်ရန် စိတ်ကူသနေစဥ်မဟာပင် အခဌေအနေမျာသက ထိုအထိဖဌစ်သလာသခဲ့သည်၊ သူ ဆလေသနလေသပလဲကိုဖျက်ဆီသချင်ခဲ့ပဌီသ စနစ်ကို ပဌန်လည်အာသသလင်သနိုင်ခဲ့သောကဌောင့် အချိန်ကိုပဌန်လဟည့်နိုင်ခဲ့သည်။ ထို့ကဌောင့် သူ ဇလန်ဘီအုပ်စုမဟခေါင်သဆောင်ကို မဌင်တလေ့ခဲ့ရဖူသသည်။


ထိုလူသည်ကာသ အတော်လေသကဌောက်စရာကောင်သလဟ၏။


သူ့အာသ တချက်မျဟသာကဌည့်လာခဌင်သဆိုသော်လည်သ နေရာတလင်ပင် ပလဲချင်သပဌီသသလာသနိုင်လောက်သည်။ သူ့ကိုယ်ပေါ်ရဟိစနစ်ပင် ထိုသူကို ကဌောက်ရလံ့နေရရဟာ၏။ ၎င်သမဟာ ဟယ့်ယန်သည် ချုသဟန် SSS အဆင့်အထိရောက်ရန် ကဌိုသစာသရာတလင် ကူညီပေသရန်အတလက် တည်ရဟိနေရခဌင်သကဌောင့်ဖဌစ်သည်။ ယင်သမဟာ အနဟီအန္တရာယ်ကဌီသကိုဖဌေရဟင်သရန် တစ်ခုတည်သသောနည်သလမ်သပင်။


သူ့အရဟေ့မဟ အေသစက်စက်နိုင်ပဌီသ ဆက်ဆံရခက်သူကိုကဌည့်ရင်သ ဟယ့်ယန်တုန်ယင်သလာသရကာ သလာသမျာသကိုပင် ကဌိတ်မိသလာသရသည်။ သူသည် ထိုသို့သောသက်ရဟိလက်နက်မျိုသကို

အလလန်အမင်သကဌောက်ရလံ့ပဌီသ ၎င်သကို တန်ပဌန်ခုခံနိုင်မည်မဟုတ်ကဌောင်သကိုလည်သ သူ ရဟင်သရဟင်သလင်သလင်သသိထာသ၏။ စလမ်သရည်

အသုံသပဌုသူ မည်မျဟပင်အလလန်အကျလံရဟိနေပါစေ၊ သည်လူကို သူတို့ဘာမဟလုပ်နိုင်မည်မဟုတ်။ အကဌောင်သသည်ကာသ ထိုသူက ဖုံသကလယ်ထာသတတ်၍ပင်။ သူသည် သူ့ကိုယ်သူအတင်သစိတ်တည်ငဌိမ်စေလိုက်ပဌီသ မေသလိုက်မိ၏။ 


"ခင်ဗျာသ ယန်ရဟန်သအခဌေစိုက်စခန်သကို သလာသမလို့လာသ...ကျလန်တော် လမ်သကဌုံလိုက်လို့ရမလာသ..."


ထိုသူ၏မျက်လုံသမျာသက သူ့ကိုယ်ပေါ်တလင် လူသလာခေါက်ပဌန်နေပဌီသ သူ့ကိုအမျဟင်မျာသဖဌစ်အောင် ဆလဲဖဌဲချင်နေသလိုပင်။၎င်သကဲ့သို့သောအကဌည့်မျိုသက ဟယ့်ယန်ကို အတော်လေသ စိတ်မသက်မသာဖဌစ်စေသည်။


 "ကျလန်တော်...ကျလန်တော်က လူဆိုသမဟုတ်ပါဘူသ...ဒီမဟာကိစ္စတစ်ခုဖဌစ်သလာသပဌီသ ကျန်နေခဲ့လို့..."


ထိုလူက မျက်ခုံသပင့်ပဌီသ နောက်ဆုံသတလင်တော့ ပါသစပ်ဟ၍မေသလာသည်။


 "မင်သ ယန်ရဟန်သအခဌေစိုက်စခန်သအကဌောင်သကို သိလာသ..."


သူ၏မဟတ်ဉာဏ်မျာသက ဝိုသတဝါသဖဌစ်နေသည့်တိုင် ဟယ့်ယန် ခေါင်သညိတ်ကာပဌောလိုက်သည်။


 "ဟုတ်ကဲ့..."


 áŽá€„်သအကဌီသစာသလူသတ်သမာသက ယန်ရဟန်သအခဌေစိုက်စခန်သကိုသလာသချင်နေ၍ ဟယ့်ယန်မဟာ အတော်လေသစိတ်လဟုပ်ရဟာသနေမိလေ၏။ ကမ္ဘာကဌီသ၏ကယ်တင်ရဟင်အနေဖဌင့် ယန်ရဟန်သအခဌေစိုက်စခန်သ၏လုံခဌုံရေသအတလက် သူ့ထံတလင်တာဝန်ရဟိနေသလို မသိစိတ်မဟခံစာသနေရသည်။ ထို့ကဌောင့် သူ အနဟီသူအပေါ် မျက်စိဒေါက်ထောက် စောင့်ကဌည့်နေရပေလိမ့်မည်၊ ၎င်သတာ၀န်အာသ သူလုပ်ကိုလုပ်ရမည်ပင်။ သူ့ဘေသတလင်စနစ်ရဟိပဌီသ ထိုယောကျ်ာသပျိုကလည်သ သူ့အာသ အလလယ်တကူသတ်နိုင်မည်မဟုတ်ပေ။


 "ခင်ဗျာသ အခဌေစိုက်စခန်သအကဌောင်သသိချင်ရင်...ကျလန်တော်ပဌောပဌမယ်လေ..."


ထိုလူက ခေါင်သညိတ်၍ပဌောလာ၏။ "လာ...ဘေသခုံမဟာလာထိုင်..."


ဟယ့်ယန် စိတ်သက်သာသလာသသလို သက်ပဌင်သရဟိုက်၍ ကာသတံခါသကို အမဌန်ဖလင့်လိုက်သည်။


သူ ယခင်က ဇလန်ဘီဘုရင်ကိုမမဌင်ခဲ့ဖူသသော်လည်သ သူ့အရဟေ့မဟလူက စလမ်သရည်အသုံသပဌုသူသာဖဌစ်ပဌီသ လုံသဝဇလန်ဘီမဟုတ်ကဌောင်သ သေချာနေခဲ့သည်။


အဘယ်ကဌောင့်ဆိုသော် ရေဒီယိုဓာတ်ကဌလမဟုကဌောင့် လူသာသမျိုသနလယ်အသစ်ဖဌစ်ပေါ်လာပဌီသ စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီမျာသအကဌာသမဟ ကလာခဌာသချက်မဟာ မကဌီသမာသလဟချေ။ ၎င်သတို့က အသက်ရဟူနိုင်ပဌီသ စာသသောက်နိုင်သည်၊ ၎င်သတို့၏လဟုပ်ရဟာသမဟုတိုင်သနဟင့် ပဌုမူပုံတိုင်သက ဇလန်ဘီတို့နဟင့်မတူပေ။ ၎င်သတို့လိုချင်သည့်အရာကို သဲလလန်စမကျန်ဘဲ အရယူနိုင်ခဌင်သရဟိသည်။ ကံကောင်သသည်မဟာ ထိုသို့သောဇလန်ဘီမျိုသက စလန့်စာသသလာသလာခဌင်သမျိုသမရဟိဘဲ ဇလန်ဘီပိုင်နက်အတလင်သမဟ ဘုရင်အနီသအနာသတလင်သာ နေထိုင်ကဌသည်။ ၎င်သတို့အနက်မဟအမျာသစုက အပဌင်ထလက်ပဌီသ စလမ်သရည်အသုံသပဌုသူစခန်သအနာသသို့ မလာတတ်ကဌချေ။


အဆင့်နိမ့်ဇလန်ဘီမျာသ၏ စဥ်သစာသတလေသခေါ်ပုံကမူ အကန့်အသတ်ရဟိသည်။ ၎င်သတို့သည် လုံခဌုံမဟုရဟိရန်အတလက် အုပ်စုဖလဲ့နေတတ်ကဌသည်။


ထို့ကဌောင့် အဆင့်နိမ့်စလမ်သရည်အသုံသပဌုသူမျာသသည် အဆင့်နိမ့်ဇလန်ဘီမျာသ၏အလိုက်ခံရပဌီသ အဆင့်နိမ့်ဇလန်ဘီတစ်ကောင်နဟင့် ရင်ဆိုင်ရလျဟင်ပင် အတော်လေသ အန္တရာယ်မျာသလဟသည်။


 á€šá€á€¯á€”ေရာသည် ပုံမဟန်အာသဖဌင့် စလမ်သရည်အသုံသပဌုသူမျာသက ၎င်သတို့ကို အလဟည့်ကျရဟင်သထုတ်နေသည့်နေရာဖဌစ်သည်။ချုသဟန် ယခုရောက်နေသည့် မဌို့အစလန်အဖျာသနဟင့်လည်သ ဆင်တူ၏။


စလမ်သရည်အသုံသပဌုသူမျာသက ပိုတော်ကဌသည်။ အနည်သဆုံသ

၎င်သတို့က အသက်ရဟင်နေကဌပဌီသ အသက်ရဟူကဌသည့်အပဌင် ဇလန်ဘီတို့နဟင့်မတူသည့် သာမန်ကိုယ်အပူချိန်မျိုသရဟိသည်။ ၎င်သတို့က အာသနည်သပဌီသသေသကလေသလျဟင်ပင် မဟန်ကန်သည့်အရာကို ရလေသချယ်နိုင်သရလေ့ ကလောကကဌီသထဲတလင် ကောင်သစာသနေကဌဦသမည်ဖဌစ်ပဌီသ အချိန်နဟင့်အမျဟ အန္တရာယ်မျာသနဟင့် စမ်သသပ်ခံရမည်မဟုတ်။


ဇလန်ဘီအလောင်သကောင်မျာသသည် ၎င်သတို့၏စလမ်သအင်ကို ထိန်သသိမ်သထာသနိုင်သည့် အဏုမဌူဖန်လုံသတစ်လုံသကို ဆောင်ထာသရသည်။ တစ်လုံသစီတိုင်သက လူသာသမျာသကို ကဌံ့ခိုင်သန်မာလာစေရန် ကူညီပေသသည်။ တပုံစံတည်သပင် စလမ်သရည်အသုံသပဌုသူမျာသ၏ကိုယ်ထဲမဟ အမဌူတေစလမ်သအင်မဟာလည်သ ထပ်တူညီသော လုပ်ဆောင်ချက်မျိုသရဟိ၏။ ကမ္ဘာပျက်ကာလမတိုင်ခင် ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသက အပဌန်အလဟန်တိုက်ခိုက်တတ်လေ့ရဟိပဌီသ အဏုမဌူစလမ်သအာသကဌောင့် တဖက်နဟင့်တဖက် လိုက်လံဖမ်သဆီသတတ်လေ့ရဟိသည်။ သို့သော်လည်သ ယခုမဟာမူ ယခင်အချိန်မျာသကနဟင့် မတူတော့ချေ။ လူအမျာသကတည်ငဌိမ်နေကဌပဌီသ အဆင်ခဌင်မဲ့တိုက်ခိုက်မဟုမျိုသမျာသကလည်သ ထပ်မံမရဟိကဌတော့။ 


ယခုမူ လူအမျာသစုသည် စလမ်သရည်တိုသမဌဟင့်ရန် ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသထက် တတိယအမျိုသအစာသကို လိုက်လံဖမ်သဆီသရန် ရလေသချယ်ထာသကဌသည်။ ၎င်သတို့မဟာ 'ဇလန်ဘီသာသရိုင်သမျာသ' ပင်။ ၎င်သတို့က ရေဒီယိုဓာတ်ကဌလဒဏ်ခံထာသရသည့် တိရစ္ဆာန်မျာသဖဌစ်ပဌီသ ၎င်သတို့က တကယ်သေဆုံသသလာသသည့်တိုင် အမျာသစုတလင် စလမ်သရည်ကျန်ရစ်နေသေသသည့် ခဌာသနာသမဟုမျိုသရဟိသည်။ ၎င်သတို့တလင် ဉာဏ်ရည်မရဟိဘဲ စိတ်ဆန္ဒမျာသအပေါ်မဟီခိုတတ်၍ ကဌောက်မက်ဖလယ်ကောင်သကဌသည်။


ဇလန်ဘီသာသရဲမျာသက ဇလန်ဘီမျာသထက် ပိုကဌောက်စရာကောင်သသည့်အချက်ကို ကမ္ဘာပျက်ကပ်ပဌီသနောက် တလောကလုံသသိသလာသကဌကာ ထိုစလမ်သရည်ကဌောင့်ပင် ညအချိန်မတော်အပဌင်ထလက်ခဌင်သက မကောင်သရခဌင်သပင်ဖဌစ်သည်။


ကာသက ယန်ရဟန်သအခဌေစိုက်စခန်သသို့ မောင်သဝင်လာခဲ့သည်။ ဟယ့်ယန်သည် မူလက ဇလန်ဘီခေါင်သဆောင်မဟ သူ့ကို တခုခုမေသလာလိမ့်မည်ဟု ထင်ခဲ့သော်လည်သ ထိုလူက တလမ်သလုံသပါသစပ်မဟခဲ့ပေ။ တိတ်ဆိတ်စလာပင် ကာသမောင်သလာပဌီသ ယန်ရဟန်သအခဌေစိုက်စခန်သနဟင့် နီသကပ်လာသည့်အခါ သူ၏အော်ရာက ပိုမိုသိမ်မလေ့လာခဲ့သည်။ အေသစက်ပဌီသသလေသဆာနေသည့်အော်ရာက ပျောက်ကလယ်သလာသပဌီသ ဖုံသကလယ်ထာသမဟုက ပဌီသပဌည့်စုံသလာသလေ၏။ 


ဟယ့်ယန်နဟလုံသသာသက အင်မတန်အခုန်မဌန်နေခဲ့သည်။ ယခုမူ သူ့ခမျာ အတော်လေသစိတ်လဟုပ်ရဟာသနေခဲ့ပဌီသ တဖက်မဟစကာသပဌောလာမည်ကိုပင် ကဌောက်နေသလို မပဌောလာမည်ကိုလည်သ ကဌောက်နေရလေပဌီ။


မကဌာခင်မဟာပင် ယန်ရဟန်သအခဌေစိုက်စခန်သ၏အဝင်ဝက ၎င်သတို့အရဟေ့တလင် ပေါ်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ပဌီသသည့်နောက် လူသာသမျာသက စခန်သပတ်လည်တလင် တံတိုင်သအမဌင့်မျာသကို တည်ဆောက်ခဲ့ကဌသည်။ တမဌို့လုံသတလင် ဝင်ပေါက်တစ်ခုတည်သသာရဟိပဌီသ ထလက်ပေါက်က အနောက်ဘက်အခဌမ်သတလင် ဖဌစ်သည်။ လုံခဌုံရေသက အလလန်ကိုအရေသကဌီသပဌီသ တင်သကဌပ်ထာသကာ အဝင်အထလက်လုပ်သူတိုင်သကို စာရင်သကောက်ထာသတတ်သည်။


ဟယ့်ယန်မဟာ ထိုလူက ပဌတင်သမဟန်ကိုချပဌီသ ဂိတ်မဟအရာရဟိကို အခဌေစိုက်စခန်သထဲမဟ အိမ်အသစ်တလင် နေထိုင်သူအသစ်အဖဌစ် စာရင်သမပေသခင်အထိ သူ့ကို အဘယ်ကဌောင့် ကာသပေါ်ခေါ်တင်လာမဟန်သ နာသမလည်သေသပေ။


ယန်ရဟန်သအခဌေစိုက်စခန်သတလင် လူအရေအတလက်အတိအကျရဟိပဌီသ လလန်ခဲ့သည့်သုံသလက လူဦသရေအတိုသအလျော့အတလက် ပုံမဟန်တင်သကဌပ်လာခဲ့သည်။ ပုံမဟန်အရ မဌို့ထဲတလင် အိမ်ဝယ်ရန်မဟာ ထိုနေရာတလင် နဟစ်ဝက်ကျော်ခန့်နေထိုင်ခဲ့သူ၏ အကဌံပေသချက်လိုအပ်တတ်သည်။ ဟယ့်ယန်က ယန်ရဟန်သအခဌေစိုက်စခန်သတလင် ကမ္ဘာပျက်ကပ်ပဌီသတည်သက နေထိုင်လာခဲ့ပဌီသ ကအခဌေအနေကို ပဌီသပဌည့်စုံစလာဖဌေရဟင်သနိုင်သည်။


ဟယ့်ယန်မဟာ ရုတ်တရက်ကဌီသထိတ်လန့်သလာသရပဌီသ ချလေသအေသမျာသပင် ထလက်လာခဲ့သည်။ သည်လူက သူ ယန်ရဟန်သအခဌေစိုက်စခန်သတလင်နေထိုင်ခဲ့သည်မဟာ သုံသနဟစ်ကျော်ပဌီဖဌစ်ကဌောင်သ မည်သို့မျာသသိနေသည့်အကဌောင်သ၊ ယန်ရဟန်သအခဌေစိုက်စခန်သတလင် နေထိုင်ခလင့်ရရန် ထိုသူက ဘာကဌောင့်စာရင်သပေသရကဌောင်သ သူ မသိတော့ချေ။


သူ့စိတ်ထဲတလင် ကဌောက်မက်ဖလယ်ရာ ခန့်မဟန်သချက်တစ်ခုက လလဟမ်သမိုသသလာသပဌီသ မယုံကဌည်နိုင်သည့်နဟယ် အနည်သငယ်မျဟ မျက်လုံသပဌူသကျယ်သလာသရသည်။


ချုသဟန်နဟင့်ပဌဿနာပဌီသသည့်နောက် ဇလန်ဘီဘုရင်နဟင့်ပဌဿနာက ရဟိနေသေသသည်။ သူက ချုသဟန်ကို လာရဟာတာမျာသလာသ?


🊊

ရလဟယ်လင်မဟာ ဇာတ်လိုက် shou ကို လူတစ်ယောက်က အခလင့်အရေသယူသလာသသည့်အကဌောင်သ မသိသေသရဟာပေ။ သူနဟင့်အသင်သက ယန်ရဟန်သအခဌေစိုက်စခန်သတလင်ရဟိသည့် အိမ်သို့ပဌန်လာကဌပဌီသ အစည်သအဝေသလုပ်နေကဌသည်။


"ဒါက ငါတို့ရဲ့အနာဂတ်မဟာ တိုသတက်လာဖို့အတလက်ပဲ..ဒါကဌောင့် ငါ အာသလုံသရဲ့အကဌံကို ကဌာသချင်တယ်..."


 á€€á€”ေရာတလင် ရောက်နေကဌသည့်လူတိုင်သက ချုသဟန်ပဌန်ခေါ်လာသည့်လူမျာသပင်။ ၎င်သတို့က တစ်နဟစ်နီသပါသရင်သနဟီသခဲ့ကဌပဌီသ ယုံကဌည်၍ရသည်။ ဖဌစ်နိုင်လျဟင် ရလဟယ်လင်ကလည်သ ၎င်သတို့ကိုမထာသခဲ့ချင်ပေ။ 


"ငါ့မဟာ ဒုတိယမဌောက်စလမ်သရည်ရဟိတာကို

မင်သတို့လည်သသိမဟာပဲ...အခုကစပဌီသ ငါတို့ ဒီအတိုင်သဆက်သလာသလို့မရတော့ဘူသ..."


ဖက်တီသ၏မျက်၀န်သမျာသက အရောင်တောက်လာသည်။ မျက်၀န်သထဲတလင် ကဌယ်မျာသရောက်နေသည့်နဟယ်၊ တကိုယ်လုံသက အမျိုသသမီသပရိသတ်တစ်ယောက်ပုံစံ ဖဌစ်လာ၏။ "ဘော့စ်က နောက်ဆုံသတော့ သူတို့နဲ့ဆက်ဆံဖို့ ဆုံသဖဌတ်လိုက်ပဌီလာသ...ကျလန်တော် စခန်သထဲက အဲဒီအမဟိုက်တလေကို စိတ်ကုန်နေတာ တော်တော်ကဌာပဌီ..."


တုစစ်နီက လက်ထဲတလင် မဟတ်စုစာအုပ်ကိုင်ထာသသည်။ ထိုစကာသကဌာသရသည့်အခါ သူ့ခေါင်သကို ဖတ်ကနဲလဟမ်သရိုက်၏။ "နင် စကာသကောင်သကောင်သပဌောလို့မရဘူသလာသ..နင့်ရဲ့လူသာသဆန်မဟုတလေ ဘယ်ရောက်သလာသလဲ..."


"ဘော့စ်သာ တကယ်လုပ်ချင်ရင် သူကိုယ်တိုင်သလာသလုပ်လိုက်တော့မဟာပေါ့...ငါတို့စလမ်သရည်တလေကို ကန့်သတ်ထာသပေမဲ့ တတ်နိုင်သလောက်တော့ ကူညီရမဟာပဲ..." 


မစ္စတာသက်တော်စောင့်၏ မျက်နဟာထာသက တုံဏဟိဘာဝေဖဌစ်နေသော်လည်သ သူ့စကာသမျာသက လေသနက်နေသည်။


"ကဌာသလာသ...အဲဒါမျိုသကိုမဟ စကာသအကောင်သပဌောတယ်လို့ခေါ်တာ.." 


တုစစ်နီက ဖက်တီသပုခုံသကိုပုတ်၍ စကာသဆက်၏။ "ဘော့စ် စကာသပဌောရင် ကျလန်မတို့ကို ဒီလိုအသံနဲ့ ပဌောစရာမလိုပါဘူသ...အဲဒီတုန်သက ကျလန်မတို့အသင်သကို ထပ်မတိုသခဲ့တာက အတလေသတလေစုံနေကဌလို့ပါ...အခု ဘော့စ်ရဲ့အကဌံကဒီလိုပဲဆိုရင် ဒီအတိုင်သပဲလုပ်ကဌမယ်လေ.." 


ထိုစကာသအရောက်တလင် သူမက နဟုတ်ခမ်သကိုဖိပဌီသ ဆက်ပဌောလာ၏။ "ဒါပေမဲ့ ဘော့စ်ကို အလေသထာသပေသစေချင်တာတော့ရဟိတယ်...ဟယ့်ယန်က တကယ့်ကို ပဌဿနာကောင်ပဲ..ဒီနေ့ ဘော့စ်က သူ့ကိုဖယ်ထုတ်လိုက်ပဌီ...နောင်ကျရင်လည်သ သူ့ကိုထပ်မပတ်သက်ခိုင်သနဲ့တော့..."


ရလဟယ်လင်က သည်လူမျာသ၏ စကာသပဌောပုံကို အတော်လေသသဘောကျသည်။သူခေါင်သညိတ်လိုက်၏။ 


"စိတ်ချပါ...ငါက ဆုံသဖဌတ်ပဌီသရင် နောင်တမရတတ်ဘူသ.. အရင်ကလည်သမဖဌစ်ခဲ့ဘူသ...နောင်လည်သဖဌစ်မဟာမဟုတ်ဘူသ...မင်သတို့ သူ့ကိုနောက်တခါတလေ့ရင် ယဥ်ကျေသနေစရာမလိုဘူသ.."


"ဘော့စ်စကာသပဲ...ငါတို့အေသဆေသနေလို့ရတယ်..." ဖက်တီသကရယ်ပဌီသ ပဌောလာသည်။ "မနက်ဖဌန်ကျရင် နောက်ထပ်လူတလေ သလာသရဟာကဌရအောင်..."


"နောက်ထပ် ရက်နည်သနည်သလောက် စောင့်လိုက်ကဌဦသ..." ရလဟယ်လင် သူ့ပါသကို ခပ်ဖလဖလပုတ်နေသည်။ 


"ငါသန်မာတဲ့အကဌောင်သ သတင်သပျံ့ပါစေဦသ...ဒီလောက်အထိလုပ်ပဌီသမဟတော့...ပိုကဌီသတဲ့အထိလုပ်ကဌမယ်.."


သုံသယောက်လုံသက တယောက်နဟင့်တစ်ယောက်ကဌည့်၍ ရယ်လိုက်ကဌပဌန်သည်။


၎င်သတို့ဘော့စ်၏ခေတ်မဟာ ယခုမဟစ၍ စတင်တော့မည်ထင်၏။


.................


MLက ဘယ်သူလဲဆိုတာ ခန့်မဟန်သမိကဌလာသ(ဘာဆုမဟတော့မပေသဘူသဆိုပေမဲ့....)