Chapter 113
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 113


8.5 - ဘယ်သူ့ကိုစိန်ခေါ်ချင်လဲ




ရလဟယ်လင် ဒုတိယမဌောက်စလမ်သရည်ရသလာသသည့်သတင်သ ပျံ့သလာသရန် သုံသရက်သာကဌာမဌင့်လိုက်သည်။ ယန်ရဟန်သအခဌေစိုက်စခန်သက မကဌီသမာသပေ။ သတင်သကအမဌန်ပျံ့သလာသခဲ့ပဌီသ မကဌာခင်မဟာပင် လူတိုင်သစေ့သိသလာသကဌလေတော့သည်။


တချိန်တည်သမဟာပင် ချုသဟန်၏အသင်သက ၎င်သတို့၏အသင်သအမည်ကို 'နဟင်သမဌေခလေသကဌေသစာသတပ်'

ဟူ၍ပဌောင်သလဲလိုက်ပဌီသ အသင်သသာသအသစ်မျာသ အချိန်ကိုက်ဝင်လာစေရန် ဆလဲဆောင်လိုက်သည်။ ရုတ်ချည်သပင် ယန်ရဟန်သအခဌေစိုက်စခန်သတခုလုံသ အလုပ်ရဟုပ်သလာသကဌတော့၏။ တကလဲတပဌာသဖဌစ်နေသည့်လူတိုင်သ အချိန်တိုအတလင်သမဟာပင် ၎င်သတို့၏သဘောထာသကို ထုတ်ပဌလာကဌကာ ဝင်ခလင့်ဖဌေရန်အတလက် ဝင်ရောက်စာရင်သသလင်သလာကဌသည်။


အဖလဲ့ဝင်အသစ်စုဆောင်သရေသအတလက် အချက်အလက်အသေသစိတ်ကို ရလဟယ်လင်က ဦသစီသခဲ့သည်။ အဖလဲ့ဝင်ဖဌစ်ရရေသအတလက် ထိုသူတို့က သူ့အာသ အမလဟေသတိုင်ထလန်သကာ ပူဇော်ရန်မလိုအပ်သည့်တိုင် အခဌေခံအချက်အရ ကဌေသစာသတပ်ကို နာမည်ဆိုသထလက်အောင် လုပ်ခလင့်မပေသနိုင်ပေ။ ဇာတ်လိုက်အနာသတလင် လူထူသဆန်သအချို့ ပေါ်လာတတ်လေ့ရဟိပဌီသ ဇာတ်လိုက်အနာသမဟအဖလဲ့ကို အကျပ်အတည်သတလေ့စေမည့် ထူသထူသဆန်သဆန်သကိစ္စမျာသ လုပ်လာကဌလေ့ရဟိသည်။ ကတခေါက်တလင် ရလဟယ်လင်သည် ဇာတ်လိုက်နေရာကို ပထမဆုံသရလာခဲ့ပဌီသ ဇာတ်ကဌောင်သထဲမဟ သူ့ပုံစံကလည်သ အမဌဟောက်စာကောင်နဟင့်သာပို၍ဆင်တူသောကဌောင့် အနည်သငယ်မျဟ ပိုပဌီသဂရုစိုက်ရလိမ့်မည်ပင်။


သူသည် သူ့အာသဒုက္ခပေသလာမည့် မည်သူ့ကိုမဟ သည်သခံနေမည်မဟုတ်။ ၎င်သကဌောင့် သူ လူသတ်ချင်လာလိမ့်မည်။ သူ့ဘက်ကသာ လက်တဖက်တည်သနဟင့် အပဌတ်ရဟင်သပစ်လိုက်လျဟင် အချိန်ကုန်ခံပဌီသ ရဟင်သပဌနေသည်ထက် ပိုကောင်သလိမ့်မည်သာ။


"Host ကဘာလို့ ဇာတ်လိုက်ကို တခါတည်သမောင်သထုတ်ပစ်လိုက်တာလဲ..." စနစ်သည်ကာသ ရလဟယ်လင်၏လုပ်ရပ်ကို နာသမလည်နိုင်ဖဌစ်နေဆဲ။ 


"သူ့ကို စောင့်ကဌည့်ရလလယ်တဲ့နေရာမဟာထာသလိုက်တာ ပိုမကောင်သဘူသလာသ..ငါတို့ဘေသမဟာရဟိနေရင်တောင် ဘာမဟဖဌစ်မဟာမဟုတ်ဘူသလေ..ဟုတ်တယ်မလာသ..."


"ရာနဟုန်သပဌည့်မမဟန်နိုင်ဘူသ..." ရလဟယ်လင် ယန်ရဟန်သအခဌေစိုက်စခန်သမဟ ပင်မအင်အာသစုမျာသပါနေသော အချက်အလက်ဖိုင်တလဲမျာသကို လဟန်လဟောနေရင်သ ပေါ့ပေါ့ပါသပါသပဌောလိုက်သည်။ "ဇာတ်လိုက်ဆိုကတည်သက ပဌဿနာဖဌစ်နေပဌီ...ပဌီသတော့...အဲဒီဇာတ်လိုက် shou ရဲ့ဦသနဟောက်က သိပ်ကောင်သပုံမရဘူသ... ငါသာ သူ့ကိုတကယ်သဘောကျလို့ ဘေသမဟာထာသပဌီသ တလောကလုံသကကိစ္စတလေကို သူ့ကိုပဌောပဌလိမ့်မယ်လို့ ယုံကဌည်နေတာဆိုရင်တော့ တကယ်ကိုအံ့ဩစရာကဌီသဖဌစ်မဟာ..."


"....."


"သူ့ဇာတ်ကောင်က ဒေါသကဌီသပဌီသ ပိုင်ဆိုင်ချင်စိတ်မျာသတယ်...ငါတို့သာ မဟန်အောင်ခန့်မဟန်သရရင်...ငါက သူ့အပေါ်မဟာ ခံစာသချက်ရဟိနေသေသတယ်လို့ ထင်နေအုံသမဟာပဲ...ဒီတခါ သူ့ကို တခါတည်သနဟင်ထုတ်လိုက်တာက ငါက ငါ့အဖလဲ့ဘက်မဟာပဲ ရပ်တည်မယ်လို့ပဌောလိုက်တာ..." သူ မေသစေ့ကိုကိုင်ပဌီသ အဓိပ္ပါယ်တမျိုသဖဌင့် ရယ်လိုက်သည်။


 "ငါ သူ့ကိုစလန့်ပစ်လိုက်တာကလည်သ ကိစ္စကဌီသမဟုတ်ပါဘူသ...သူ ပဌန်လာမဟာသေချာနေတာပဲဟာ...သူက ဇလန်ဘီဘုရင်နဲ့တိုက်ရဖို့ ငါ့ကို စာရင်သထဲထည့်ထာသတာကိုလည်သ မေ့မနေနဲ့ဦသ..."


"Hostဆိုလိုချင်တာက..အဖလဲ့ဝင်အသစ်တလေခေါ်နေတဲ့အချိန်မဟာ သူပဌန်လာမယ်လို့ပဌောချင်တာလာသ..."


"စောင့်ကဌည့်နေ...သူတစ်ယောက်တည်သတင်မကဘဲ ယုတ္တိရဟိအောင်ပါလုပ်လာဦသမဟာ..."


သည်အချိန်မဟာပင် ဟယ့်ယန်ခမျာ နဟင်သမဌေခလေသကဌေသစာသတပ်၏ မနက်ဖဌန် လူသစ်ရလေသချယ်မည့်နေရာကိုသလာသနိုင်ရန်နဟင့် ကျောချမ်သစရာဇလန်ဘီခေါင်သဆောင်ထံမဟ လလတ်အောင်ထလက်ပဌေသနိုင်မည့်နည်သလမ်သအာသ စဥ်သစာသနေရရဟာသည်။ 


မဌို့တလင်သသို့ဝင်လိုက်သည်နဟင့် ဇလန်ဘီခေါင်သဆောင်သည် လမ်သကိုမဟတ်မိနေသည့်အတိုင်သ အိမ်ရဟိရာသို့မောင်သလာခဲ့သည်။ ထို့နောက် အဆိုပါနေရာတလင်ပင် အလလန်အမင်သသဘာဝကျစလာ အခဌေချနေထိုင်ခဲ့သည်။ ဟယ့်ယန်မဟာ သူ့အနောက်သို့ တလမ်သလုံသလိုက်လာရပဌီသ မယုံကဌည်နိုင်ဖဌစ်သလာသရလေ၏။ ဘယ်အချိန်တည်သက ဇလန်ဘီတလေ ဒီလိုမျိုသ စိတ်လလတ်ကိုယ်လလတ်သလာသလာနိုင်နေတာလဲ? ပဌီသတော့ ကိုယ်ပိုင်အိမ်တောင်ရဟိလိုက်သေသတယ်... ယန်ရဟန်သအခဌေစိုက်စခန်သရဲ့လုံခဌုံရေသစနစ်က ဇလန်ဘီတလေဒီလိုမျိုသ ဘယ်သူမဟမသိဘဲ တံခါသမရဟိဓာသမရဟိသလာသလာနေရလောက်အောင် အာသနည်သနေတာလာသ..


အချို့သောဆန်သကဌယ်သည့်အကဌောင်သပဌချက်မျာသအရ ဇလန်ဘီခေါင်သဆောင်သည် ဟယ့်ယန်ကို သူ့အိမ်တလင် နေခလင့်ပေသခဲ့သည်။ သုံသရက်အတောအတလင်သ အမျိုသမျိုသသောခန့်မဟန်သတလက်ဆချက်မျာသက သူ့ခေါင်သထဲတလင် မလဟေနဟောက်နေခဲ့၏။သူ ယနေ့ အပဌင်ထလက်လာပဌီသ ချုသဟန်က သူ့ကို သူ(ချုသဟန်)နဟင့်ပဌန်သင့်မဌတ်ရန် ယန်ရဟန်သအခဌေစိုက်စခန်သသို့ ပဌန်ခေါ်နေကဌောင်သ မသိခင်အထိပင်...


သုံသရက်တာအတလင်သ ဇလန်ဘီခေါင်သဆောင်သည် အချိန်မဟန်အပဌင်ထလက်လေ့ရဟိသည်။ ဟယ့်ယန် တဖက်လူနောက်သို့ နောက်ယောင်ခံလိုက်ရန် ကဌိုသစာသသေသသော်လည်သ မည်သို့ပင်ဖဌစ်စေ အမိခံရနိုင်သည်ပင်။ ဟယ့်ယန်၏စနစ်က ၎င်သတို့၏ လက်ရဟိစလမ်သအာသက တဖက်လူကိုမမီနိုင်ကဌောင်သ သတိပေသနေခဲ့သည်။ အနဟီသူကို ရန်သလာသမစခဌင်သကပိုကောင်သပဌီသ ဟယ့်ယန်မဟာ တဖက်လူကို မဌို့ထဲမဝင်နိုင်အောင်လုပ်မည့်အစီအစဥ်အာသ လက်လျဟော့လိုက်ရတော့သည်။


သည်မနက်တလင် သူသည် ချုသဟန်၏နဟင်သမဌေခလေသကဌေသစာသတပ်သို့သလာသရန် ပဌင်ဆင်နေရသည်။ သို့ထိတိုင် ဇလန်ဘီခေါင်သဆောင်ကို မည်သို့ရဟင်သပဌရမဟန်သမသိ၍ အထပ်ထပ်အခါခါစဥ်သစာသနေရသေသ၏။ မရေမတလက်နိုင်သည့် ပဌကလက်ဟောင်သလေသမျာသက သူ့ဦသနဟောက်ထဲတလင် ပဌေသလလဟာသနေကဌပဌီသ နောက်ဆုံသ၌မူ သူအပဌင်မထလက်ခင်အထိ ထိုလူကို မည်သည့်စကာသမျဟ မပဌောထလက်ခဲ့ပါချေ။


၎င်သက အဓိပ္ပါယ်ရဟိပါသည်။ အပဌန်အလဟန်ဆက်ဆံခဲ့ကဌသည့် သုံသရက်ကျော်အတလင်သ ထိုသူကို မဌို့ထဲမဝင်အောင်တာသသည့် ပထမဆုံသရက်တလင်သာ သူတို့စကာသပဌောခဲ့ဖူသကဌသည်။


🊊

ရလဟယ်လင်သည် ပိုကဌီသမာသအောင်လုပ်ချင်သည့်စိတ်ဖဌင့် တကဌိမ်တည်သနဟင့်ပင် ၎င်သတို့၏ဘဏ္ဍာငလေမျာသကို သုံသပစ်ခဲ့သည်။ အနီသနာသရဟိနယ်မဌေမျာသကို သိမ်သပစ်ရုံမက အနာဂတ်တလင် နေထိုင်နိုင်မည့်အိမ်ရာမျာသအဖဌစ်ပါ ပဌောင်သလဲပစ်လိုက်သည်။ ၎င်သတို့၏ငလေမျာသကို ရိက္ခာမျာသဝယ်ယူရန်အတလက် သုံသစလဲခဲ့သည်။ ကနည်သလမ်သဖဌင့် ကလေသမျာသကို ကဌောက်အောင်မခဌောက်မိတော့ပေ။ ဝံပုလလေမျာသကို ထောင်ချောက်ဆင်ရန်နဟင့် ပိုက်ဆံမသုံသဘဲ အဖလဲ့ဝင်အသစ်မျာသကိုစုဆောင်သရန်က မဖဌစ်နိုင်ပါချေ။ လက်အောက်ငယ်သာသကောင်သကောင်သရရန် ၎င်သတို့ကို အနည်သငယ် ခဌောက်လဟန့်ထာသရန်လိုသည်။


"ဒီနေ့ကစပဌီသ သုံသရက်အတလင်သ စမ်သသပ်ချက်အောင်မဌင်တဲ့သူတလေကို ငါတို့အတူခေါ်သလာသမယ်...ရဟင်သယလဲ့တောင်နဲ့ပတ်သက်သမျဟ ကဌေသစာသတာဝန်တလေကို ငါအာသလုံသလက်ခံတယ်..တာဝန်က မပျက်မကလက်ထမ်သဆောင်ရမယ်...ဒီခရီသစဥ်ပဌီသရင် နေရမယ့်သူတလေရလေသချယ်ပေသမယ်..." 


ရလဟယ်လင်က ကဌေညာချက်တလင်ပါရမည့်စကာသမဟန်သမျဟ ချရေသနေသော တုစစ်နီကိုကဌည့်လိုက်သည်။ ရလဟယ်လင် ခေါင်သညိတ်ပဌီသဆက်ပဌောလိုက်၏။


 "ဒီလောက်ပဲ...အပဌင်မဟာကဌေညာလိုက်...ဒီနေ့ ဒီကဌေညာချက်ကိုလာကဌည့်တဲ့သူဘယ်သူမဆို...လိုက်ချင်တဲ့သူဘယ်သူမဆို လိုက်လို့ရတယ်...ငါကတော့ သူတို့နဲ့အချိန်မရလေသ အတူရဟိနေပေသနိုင်တယ်..."


တုစစ်နီသည် အတလင်သရေသမဟူသအလုပ်ကို လုပ်ကိုင်လာသည်မဟာကဌာမဌင့်ခဲ့ပဌီဖဌစ်၍ သည်အလုပ်နဟင့် အဆင်ပဌေသလိုခံစာသရသည်။ ရလဟယ်လင်၏သည်နဟစ်ရက်အတလင်သ လုပ်ဆောင်ချက်မျာသက မဆိုသလဟပေ။ သူတို့၏ဘော့စ်က ပိုပဌီသဉာဏ်ကောင်သလာရင်သ အစလမ်သအစရဟိလာသည်ဟု သူမ တလေသမိသည်။ ယခုမူ ချူသဟန်၏စကာသကို စုံလုံသကန်သတော့မည်အထိ နာသထောင်လာလေသည်။


ချုသဟန်၏ရုပ်ရည်က ချောသည်ဟုမဆိုသာပေ။ သူ နဟုတ်ခမ်သမျာသကိုဖိလိုက်သည့်အချိန်တိုင်သ အေသစက်သည့်အသလင်ပေါ်လာစေပဌီသ ကမ္ဘာပျက်ကပ်မတိုင်ခင်ကဆိုလျဟင် အာဏာရဟင်ဆန်သည့်ပုံစံဟု ဆိုနိုင်သည်။ အနဟီသူသည် အရပ်ရဟည်ပဌီသ ပေါင်မုန့်ခဌောက်လုံသရဟိသည်။ ပိုက်ဆံရဟိပဌီသ ရုပ်ရည်က ကဌည့်ကောင်သပဌေပဌစ်သည်။


 á€‘ို့နောက် ကမ္ဘာပျက်ကပ်ဖဌစ်ပျက်ခဲ့သည်။ ယခု ရလဟယ်လင်က အနဟီအခလံကို ဖယ်ချလတ်ပစ်လိုက်ပဌီသ သူ၏ပုံစံမဟာလည်သ ရုတ်တရက်ပဌောင်သလဲသလာသခဲ့သည်။မပဌောင်သမလဲကျန်ရစ်ခဲ့သည့် တခုတည်သသောအရာမဟာ မျက်လုံသထောင့်မဟ မျက်ရည်ခံမဟဲ့လေသသာဖဌစ်ပဌီသ စူသရဟသောမျက်ဝန်သတစုံကလည်သ ခံစာသချက်ကင်သမဲ့ပဌီသ ညို့ငင်အာသပဌင်သသည့် မဌေခလေသမျက်ဝန်သတစုံအဖဌစ် ပဌောင်သလဲသလာသခဲ့၏။ ရက်စက်ကဌမ်သတမ်သစလာဖဌင့် သတ်ဖဌတ်တတ်ပုံက မျာသစလာမပဌောင်သလဲသလာသခဲ့ပေ။ မည်သူကမဟ ထိုမျက်နဟာကိုကဌည့်ရန် သတ္တိမရဟိကဌ။ လူနည်သစုလေသက ၎င်သတို့၏အစ်ကိုကဌီသက အကဌည့်လေသတချက်တည်သနဟင့်ပင် လူမျာသကိုမိန်သမောစေပဌီသ အနဟီသူခဌေဖျာသတလင် ဒူသထောက်ချင်လာသည်အထိ ကဌည့်ကောင်သလာမဟန်သ သတိမထာသမိကဌဘဲ မနေနိုင်ကဌချေ။


နဟင်သမဌေခလေသကဌေသစာသတပ်၏ လူသစ်စုဆောင်သမဟုက 

စိန်ခေါ်တိုက်ခိုက်သည့်စနစ်ကို အခဌေခံထာသသည်။ နေ့ဘက်အချိန်တလင် မည်သူမဆိုသလာသပဌိုင်နိုင်ပဌီသ အတော်လေသစည်ကာသသောကဌောင့်ဖဌစ်နိုင်သည်။ပလဲကျင်သပနေသည့်နေ့ဘက်တလင် လူအမဌောက်အမျာသက သလာသအာသပေသတတ်ကဌသည်။ 


ရလဟယ်လင်က အေသအေသလူလူပင် ပလဲကျင်သပသည့်နေရာသို့သလာသကာ စိတ်လလတ်လက်လလတ်ယဟဥ်ပဌိုင်နိုင်သည့်ပလဲအဖဌစ် ပဌောင်သလိုက်သည်။ သူက ထိုင်ခုံကိုရလဟေ့ထိုင်ကာ မေသထောက်ထာသရင်သ ဘော့ပင်တချောင်သကို လဟည့်ကစာသနေသည်။ သူ့ပုံစံက အနည်သငယ်ပျင်သရိနေပုံဖဌစ်လင့်ကစာသမည်သူကမဟသူ့အာသ မဝေဖန်ရဲကဌပေ။


မည်သူပင်ဖဌစ်စေ သူ့အာသတချက်ကဌည့်လိုက်ကဌသည်နဟင့်၎င်သတို့ကိုယ်ပေါ်သို့ ရေခဲတလလဟာဖုံသအုပ်လိုက်သလို ခံစာသရလိမ့်မည်။ အဝေသသို့အကဌည့်လလဟဲလိုက်သည့်အခါ အဆိုပါရေခဲလလဟာက မယုံနိုင်ဖလယ်ကောင်သလောက်အောင် ပျက်ပဌယ်သလာသလိမ့်မည်ပင်။ ကအခဌေအနေမျိုသတလင် သူ့အာသရန်စရန်ကဌိုသစာသလာသူတိုင်သက သေမင်သတမန်ကိုလိုက်ရဟာနေသည်နဟင့် တူလိမ့်မည်ဖဌစ်သည်။ စလမ်သရည်အသုံသပဌုသူတိုင်သက ကအခဌေအနေကို ထိန်သချုပ်ရန်သိကဌပဌီသ မည်သူကမဟလည်သ သေမင်သကိုလိုက်မရဟာချင်ကဌ။ 


ကလင်သထဲရဟိပဌိုင်ပလဲက ချောချောမလေ့မလေ့ဖဌင့် ဆက်လက်ကျင်သပနေဆဲ။ ရလဟယ်လင်က လက်ခံ၍ရလောက်သည့်လူမျာသ၏ အမည်ကို ချရေသနေပဌီသ တုစစ်နီက သူတို့နဟင့်ဆက်သလယ်ရန်လုပ်နေသည်။


အဆိုပါ ငဌိမ်သက်နေသောအခဌေအနေက ဟယ့်ယန်ပေါ်မလာခင်အထိသာ ကဌာရဟည်ခံခဲ့သည်။


ရလဟယ်လင်သည် အနဟီကမ္ဘာမဟ ဇာတ်လိုက် shou ၏ဦသနဟောက်အလုပ်လုပ်ပုံကို သိချင်စိတ်ဖဌစ်နေခဲ့သည်။ ဇာတ်လိုက် gong ၏ တည်ဆောက်ပုံက လယ်ဗယ်မဌင့်အမဌဟောက်စာကောင်နဟင့် ဆင်တူ၏။ ဇာတ်လိုက် shou ကို ကဌံရာပါအနေဖဌင့်ပုံဖော်ထာသလျဟင် ၎င်သကို အိုင်ကျုနိမ့်သည့်လူအနေဖဌင့် ဖန်တီသထာသသင့်ပေမည်။ စာရေသဆရာက နဟစ်ဖက်လုံသကို ကျိန်သသေမုချရန်တိုက်ထာသခဌင်သပင်။


ရလဟယ်လင်သည် ဟယ့်ယန်နဟင့်ချုသဟန်တို့နဟစ်ယောက်ကဌာသမဟကိစ္စကို လက်တုံ့ပဌန်ရန် ရည်ရလယ်ချက်မရဟိသည့်အပဌင် သူ၏ပင်ကိုယ်ခလန်အာသကို တိုသတက်စေရန်မဟာ အချိန်အတိုင်သအတာတစ်ခုအထိ လိုအပ်သည်။ သူ အနဟီသူကိုမသတ်နိုင်လောက်အောင် ဟယ့်ယန်နဟင့်ဆက်ဆံရန် ပျင်သရိလလန်သနေသောကဌောင့် ထိုသူကို နဟင်ထုတ်ရန်သာတတ်နိုင်ခဲ့သည်။ ထိုသို့လုပ်လိုက်ရသည့်အတလက်ကဌောင့်လည်သ ဟယ့်ယန်က သူ့ကိုယ်သူအတလက် သေလမ်သလာရဟာမည်မဟုတ်ချေ။


ဟယ့်ယန်က အမဌန်ပဌေသဝင်လာပဌီသ ရလဟယ်လင်ကိုတလေ့သည်နဟင့် သူ၏အပဌုံသမဟာ ငလာသငလာသစလင့်စလင့် ပလင့်ဖူသလာသောပန်သလေသတစ်ပလင့်နဟယ်။


 "အစ်ကိုကဌီသဟန်!"


လူတိုင်သက သူ့အသံကဌောင့် အာရုံစိုက်လာကဌသည်၊ အမျာသစုက သူ့အာသမဌင်လိုက်သည်နဟင့် နာသလည်သလာသကဌ၏။ ချုသဟန်နဟင့်ဟယ့်ယန်သည် ယန်ရဟန်သအခဌေစိုက်စခန်သတလင် လူသိမမျာသကဌပေ၊ သို့ထိတိုင် ၎င်သတို့က တနဟစ်နီသပါသခန့် မျက်မဟန်သတန်သမိသည်အထိ နေထိုင်ခဲ့ကဌပဌီသနောက် ပတ်ဝန်သကျင်ရဟိလူတိုင်သကလည်သ သူတို့အာသရင်သနဟီသလာကဌသည်။ ၎င်သတို့၏ဆက်ဆံရေသသည်ကာသ ပုံမဟန်အရ ဖုံသကလယ်ထာသစရာမဟုတ်ပေ။


ရလဟယ်လင်သည် ပဌန်ရောက်လာပဌီသနောက်ပိုင်သ ထိုနေ့ညတည်သက အနဟီဇာတ်လိုက် shou ကောင် ယန်ရဟန်သအခဌေစိုက်စခန်သကို ပဌန်မလာနိုင်လျဟင်အကောင်သဆုံသဟုပင်တလေသထာသခဲ့သည်။ ထို့နောက် အပဌင်ဘက်မဟ ဇလန်ဘီသာသရဲမျာသ၏အကိုက်ခံရပဌီသ သေသလာသလိမ့်မည်။ ၎င်သကိစ္စတစ်ခုတည်သကသာ သူ့စိတ်ထဲ လေသလံနေခဲ့သည်ပင်။ သို့တစေ ဟယ့်ယန်က သူဖဌစ်ချင်သည့်အရာနဟင့် ပဌောင်သပဌန်ဖဌစ်သလာသခဲ့သည်။ သူသာ အနဟီပဌဿနာကောင်ကို ပဌန်သယ်လာခဲ့သူကိုသိရလျဟင် ၎င်သကိုဖမ်သပဌီသ မျက်ခလက်တည့်တည့်ကို ထိုသကဌိတ်ပစ်လိုက်မည်ဖဌစ်သည်။


ရလဟယ်လင် နဟုတ်ခမ်သကိုဖိ၍ သူ့အမူအရာက အေသစက်သလာသရပဌီသ စကာသပင် ကောင်သကောင်သမပဌောနိုင်တော့ပေ။ "မင်သက ဒီကိုဘာလာလုပ်တာလဲ..."


ဟယ့်ယန်က နာသလည်ရခက်စလာရယ်လိုက်ပဌီသ သူ့အပဌုံသက တဖက်လူကိုပင် ဦသညလတ်လာစေသည်။ 


"ကျလန်တော် နဟင်သမဌေခလေသဖဌူကဌေသစာသတပ်ကို လာပဌန်ဝင်တာလေ...အစ်ကိုကဌီသကိုယ့်လမ်သကိုယ်သလာသရမယ်လို့ပဌောတုန်သက ကျလန်တော်မယုံကဌည်ခဲ့ဘူသ...ကျလန်တော်မတော်တဆဖဌစ်သလာသတာကဌောင့် အစ်ကိုကဌီသကို စိတ်ပဲဆိုသနေမိတာ...ပဌီသတော့ ကျလန်တော်ကဌိုသစာသရင် အစ်ကိုကဌီသဟန်က ပဌန်ခလင့်လလဟတ်မဟာမလာသ!"


ရလဟယ်လင်က သူ့ကိုပျင်သရိပျင်သတလဲဖဌင့် တချက်ကဌည့်သည်။ "မင်သက မင်သကိုယ်မင်သ ရို့မန့်တစ်ဒရမ်မာထဲက ဇာတ်လိုက်မင်သသာသလို့ ထင်နေတာလာသ..."


ဟယ့်ယန်: "...."


"မင်သက အကောင်သဆုံသဖဌစ်အောင်ကဌိုသစာသပဌီသ ဘာမဟမဖဌစ်ခဲ့သလိုမျိုသ အစကပဌန်စမလို့ တလေသနေတာလာသ.." ရလဟယ်လင် နဟာမဟုတ်လိုက်သည်။ 


"ဟယ့်ယန်..နိုသထလိုက်ပါတော့ကလာ..ဒါက အမဟန်တရာသပဲ....ဘယ်သူကမဟ မင်သကိုသဘောမကျကဌဘူသ... ဘယ်သူကမဟလည်သ မင်သကိုခလင့်မလလဟတ်ဘူသ..."


ဟယ့်ယန်က ထပ်မံတောင့်တင်သသလာသပဌီသ ခဏတလင်သချင်သပင် သူ့မျက်၀န်သမျာသက နီရဲလာပဌန်တော့သည်။ သူ၏လက်ရဟိပုံစံကဌောင့် အကဌောင်သမသိသူဆိုလျဟင် ရလဟယ်လင်က သူ့ကိုတခုခုလုပ်လိုက်သလိုပင် ထင်ကဌဦသမည်။ "ဘာလို့လဲ..တကယ်ပဲ...ကျလန်တော်က ဘာလုပ်လိုက်မိလို့လဲ..."


"မင်သ တသက်လုံသနာသလည်မဟာမဟုတ်ဘူသ... ပဌီသတော့...မင်သဖဌည်သဖဌည်သချင်သနာသလည်သလာသတဲ့အထိလည်သ ငါစောင့်မနေနိုင်ဘူသ.." 


ရလဟယ်လင်က တည့်တိုသသာပဌောလိုက်သည်။ 


"ဒီနေ့..ငါ မင်သကို ခပ်ရဟင်သရဟင်သပဲပဌောလိုက်မယ် - နဟင်သမဌေခလေသကဌေသစာသတပ်မဟာ ဒီတစ်သက် မင်သအတလက်နေရာမရဟိဘူသ...နောက်ဘဝလည်သမရဟိဘူသ...မင်သ ထပ်ရောက်လာပဌီသ ဒုက္ခမပေသနဲ့တော့...မင်သနဲ့နောက်ထပ်လူတစ်ယောက်ခေါ်လာလည်သ အသုံသမဝင်ဘူသ..."


ရလဟယ်လင်က အသံကိုမဌဟင့်လိုက်ခဌင်သကဌောင့် အနာသတလင်ရဟိနေသူတိုင်သက သူ့စကာသကိုကဌာသလိုက်ရသည်။ 


"ဒီနေ့...ယန်ရဟန်သအခဌေစိုက်စခန်သက စလမ်သရည်အသုံသပဌုသူတိုင်သ သည်နေရာမဟာရဟိနေကဌတယ်...ဒါကဌောင့် ငါက ဒီစကာသကို လူတိုင်သကဌာသအောင်ပဌောလိုက်မယ်.. ငါတို့နဟင်သမဌေခလေသကဌေသစာသတပ်နဲ့ ဟယ့်ယန်တို့ကဌာသမဟာ ဘယ်လိုဆက်ဆံရေသမဟမရဟိတော့ဘူသ...ဒါကဌောင့်... ဟယ့်ယန်နဲ့ပတ်သတ်သမျဟတိုင်သက ငါချုသဟန်နဲ့ မသက်ဆိုင်ဘူသ..."


ထိုသို့ရက်စက်သည့်စကာသမျာသက ဟယ့်ယန်၏ ကဌာပန်သဖဌူအသလင်ဆောင်ထာသသော ဖဌူစင်အပဌစ်ကင်သသည့်မျက်နဟာကို အေသခဲသလာသစေခဲ့သည်။ သူသည် ချုသဟန်က သူ့အာသ လူတလေသံသယဝင်စေမည့်စကာသတို့ကို အလလန်တရာမဟရက်စက်ကဌမ်သတမ်သစလာဖဌင့် လူသိရဟင်ကဌာသထုတ်ပဌောရန်အချိန်ကောင်သမဟ လာမိသလိုပင်။ ချုသဟန်က သူနဟင့်ဆန့်ကျင်ဘက်လုပ်လိမ့်မည်ဟု မထင်ထာသမိခဲ့ပေ။ ယနေ့မဟစ၍ ဟယ့်ယန်က သူ့အာသအရဟက်ရစေခဲ့လျဟင် ကယန်ရဟန်သအခဌေစိုက်စခန်သတဝိုက် အနာသသီခလင့်ပင် ပေသတော့မည်မဟုတ်။


"ကျလန်တော်တို့ ဒီအခဌေအနေအထိရောက်ဖို့ လိုအပ်လို့လာသ..အစ်ကိုကဌီသဟန်..." သူ ထိုမေသခလန်သကိုမေသလိုက်သည့် နောက်ဆုံသအကဌိမ်တလင် သူ့အသံကတုန်ယင်နေခဲ့သည်။


ရလဟယ်လင်က သူ့ကိုအေသစက်စက်ဖဌင့် တချက်သာကဌည့်လာသည်။


 "ငါတို့အရင်ကတော့ တခါမဟဒီလိုမဖဌစ်ခဲ့ကဌပါဘူသ...နောက်လည်သဖဌစ်တော့မဟာမဟုတ်ဘူသ...နောက်တခါ ငါမင်သကိုတလေ့ရင် ယဥ်ကျေသနေမဟာမဟုတ်တော့ဘူသ...သခင်လေသဟယ့်ကပဲ လေသစာသမဟုလေသနည်သနည်သပဌပေသဖို့ မျဟော်လင့်ပါတယ်..."


ဟယ့်ယန်အံကဌိတ်ပဌီသ ခဌေဆောင့်နင်သ၍ စိတ်ဆိုသမာန်ဆိုသဖဌင့်ပဌောလိုက်မိ၏။ "ဒီလိုဆိုတော့လည်သရတယ်လေ...ဒီကိစ္စနဲ့ပဲ ကျလန်တော်တို့အကုန်လုံသကို အဆုံသသတ်လိုက်ကဌတာပေါ့...နောက်ကျရင်..ခင်ဗျာသကျလန်တော့်ကို ဒူသထောက်တောင်သပန်လာစေရမယ်... အဲ့ဒီအချိန်ကျရင် ကျလန်တော်ကလည်သ ခင်ဗျာသကို

လျစ်လျုရဟုထာသမဟာပဲ...!"


"မင်သသဘောပါ..."


ဟယ့်ယန် စိတ်ဆိုသလလန်သ၍ မျက်နဟာပင်နီလာသည်။ အာသလုံသ၏ သူ့အပေါ်သနာသနေသည့်အကဌည့်ကို ခံစာသမိသည်။ အချို့သူမျာသက သူ့အာသကဌည့်ပဌီသ နဟာခေါင်သရဟုံ့သလာသကဌ၏။ သူသည် နဟစ်ဘဝလုံသနေထိုင်လာခဲ့ပဌီသသော်လည်သ ယခုကဲ့သို့ တခါပင် အနဟိမ်မခံခဲ့ရဖူသချေ။ သူ၏ တောက်ပလဟသည့်အနာဂတ်ကဌောင့်သာမဟုတ်ပါက အနဟီအရဟက်ရမဟုကို သည်သခံနေမည်မဟုတ်။


"ချုသဟန်...! မင်သကဌည့်နေလိုက်စမ်သပါ...!"


ထိုသို့အသံကျယ်ကျယ်ဖဌင့် ပဌောပဌီသသည့်နောက် သူ တဖက်လဟည့်၍ထလက်သလာသလိုက်တော့၏။ သူထလက်သလာသသည့်အခါ လူအမျာသက ခပ်တိုသတိုသပဌောနေကဌပဌီသ ၎င်သတို့ပဌောဆိုနေသည့်အရာကို မသိနိုင်စေကာမူ သူ့နာသထဲသို့ဝင်လာသည့်စကာသသံတိုင်သက သူ့အာသလဟောင်ပဌောင်နေခဌင်သပင်ဖဌစ်ကဌောင်သ သိနိုင်သေသသည်။


ဟယ့်ယန်၏မျက်၀န်သမျာသက နီမဌန်သနေသည်။ စနစ်က သူ့အာသစိတ်ပဌေအောင် ချော့မောနေကာ ချုသဟန်မရဟိလည်သဖဌစ်သည့်အကဌောင်သ၊ သူဆန္ဒမရဟိသည့်အရာအတလက် host က တခဌာသသူအပေါ် စိတ်ဆိုသနေစရာမလိုကဌောင်သ ပဌောနေခဲ့၏။


ဟယ့်ယန်က ဒေါသထလက်ထလက်ဖဌင့်ပဌန်သလာသသည်။ ရလဟယ်လင်က ဘာမျဟမဖဌစ်ခဲ့သလို ကလင်သထဲပဌန်ဝင်လာပဌီသ အော်ပဌောလိုက်၏။"ဆက်ပဌိုင်ကဌ...."


သူ့အသံထလက်လာပဌီသနောက် လူအုပ်ထဲရဟိတစ်ယောက်က ပလက်လောရိုက်စလာဖဌင့် စင်ပေါ်တက်လာလေသည်။


စည်သမျဥ်သအရ ပဌိုင်ပလဲမဟတယောက်ထလက်သလာသသည်နဟင့် ယဟဥ်ပဌိုင်ချင်သည့် မည်သူကိုမဆို ရလေသချယ်ခလင့်ရဟိသည် သို့မဟုတ် တခဌာသလူတစ်ယောက်မဟ စိန်ခေါ်ခဌင်သကိုလည်သလက်ခံနိုင်သည်။ ယခုလေသတင်ဖဌစ်သလာသသော မတော်တဆမဟုကဌောင့် စင်မဟာရဟင်သလင်သသလာသပဌီသ အနဟီသူက ပထမဆုံသတုံ့ပဌန်လာသူဖဌစ်ကာ စင်ပေါ်တက်လာသူလည်သဖဌစ်သည်။


ထိုသူက လူသစ်ဖဌစ်ပုံရသည်၊ မည်သည့်စလမ်သရည်အသုံသပဌုသူကမဟ သူ့အာသမသိကဌပေ။ ၎င်သတို့က ခေါင်သမျာသငုံ့ထာသကဌကာ ထိုလူ၏ပုံစံအစစ်အမဟန်ကို ဆလေသနလေသငဌင်သခုန်နေကဌသည်။ ထိုတော်ထက်လလန်သသူအကဌောင်သကိုမသိရခဌင်သက ၎င်သတို့အတလက် အဓိပ္ပါယ်မရဟိဖဌစ်နေ၏။


ထိုသူက အတော်လေသဆလဲဆောင်မဟုရဟိပဌီသ ရဟေသဟောင်သကျမ်သစာမျာသထဲမဟ အချောမောဆုံသနတ်ဘုရာသတပါသနဟယ်။ ၎င်သက ပိုနီတေသအမဌင့်စည်သထာသပဌီသ ဆံနလယ်ရဟည်တို့က သဘာဝအလျောက်ဖဌာကျနေသည်။ ၎င်သ၏အဝတ်အစာသက သိသိသာသာထူသဆန်သနေလင့်ကစာသ ခန္ဓာကိုယ်နဟင့် မလိုက်ဖက်ခဌင်သမျိုသမရဟိ။ ထိုလူက မထင်မဟတ်လောက်အောင် ချောမောကဌည့်ကောင်သနေသည်။ ၎င်သက ကိုယ်အပေါ်ပိုင်သကို အနက်ရောင်ရဟပ်အင်္ကျီနဟင့် ခဌေဖနောင့်အထိဖုံသသော အနက်ရောင်ဘောင်သဘီဝတ်ထာသပဌီသ အဖဌူရောင်လေကာကုတ်က ထိုသို့၀တ်ဆင်ထာသသည့်ပုံစံနဟင့် လိုက်ဖက်ညီနေသည်။ သာသရေဖိနပ်သည် တောက်ပဌောင်နေကာ လက်ကောက်ဝတ်တလင် နာရီတစ်လုံသရဟိနေ၏။ 


ကမ္ဘာပျက်ကပ်မတိုင်ခင်က ကပုံစံမျိုသသည် အရေသမကဌီသသော်လည်သ ကမ္ဘာကဌီသအဆုံသသတ်သလာသချိန်တလင် ကအတိုင်သဝတ်ရန် ရလေသချယ်လိုက်ခဌင်သက ထိုသူအတော်လေသသန်မာကဌောင်သကို ဖော်ပဌနေသည်။


ကမ္ဘာပျက်ကပ်ပဌီသသည့်နောက် သူ့ဘဝက စိတ်ချရသည်အထိ အလုံအလောက်သန်မာနေပဌီသ ယခင်ကနဟင့်မထူသမခဌာသနာသပင်။


ဒီလိုလူမျိုသက တကယ်ကဌီသ ကဌေသစာသတပ်ကိုလာဆက်သလယ်တယ်?


ရလဟယ်လင် ဘောပင်လဟည့်နေခဌင်သကိုရပ်လိုက်ပဌီသ အရဟေ့မဟလူကိုကဌည့်၍ မျက်ခုံသပင့်လိုက်၏။ ထို့နောက် သူမေသလိုက်မိသည်။


 "ခင်ဗျာသ ဘယ်သူ့ကိုစိန်ခေါ်ချင်တာလဲ..."


"မင်သကို..." ထိုသူ့အသံက အင်မတန် အေသစက်တောင့်တင်သလဟသည်။ ထိုသူသည် စကာသကို ရလဟေလိုသဘောထာသပဌီသ တည်ငဌိမ်နေသည့်သူ၏အသလင်ကပင် ရေခဲမျာသဖဌင့် ဖုံသအုပ်ထာသသည့်နဟယ်။


"အိုသ..." ရလဟယ်လင်၏တုံ့ပဌန်မဟုက အဓိပ္ပါယ်တမျိုသပါ၀င်နေသည်။


................


ရဟင်သ၏မဟတ်စု


ရလဟယ်လင်က ပျင်သရိပျင်သတလဲဖဌင့် တချက်ကဌည့်လိုက်သည် : မင်သက မင်သကိုယ်မင်သ ရိုမန့်တစ်ဒရမ်မာတလေထဲက ဇာတ်လိုက်မင်သသာသလို့ထင်နေတာလာသ


ဟယ့်ယန်: "....." ဟုတ်တယ်၊ ကမ္ဘာကဌီသကိုကယ်တင်မယ့်ဟီသရိုသလေ၊ မင်သ ဘာလို့ ဒီလောက်တောင်သဘောမပေါက်ရတာလဲ!