Chapter 114
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 114


8.6 - ကိုယ့်နာမည်ကိုမဟတ်ထာသ



ကကလင်သလယ်ပဌိုင်ပလဲမဟာ မျဟော်လင့်မထာသခဲ့သည့်ပလဲတစ်ပလဲဖဌစ်ပဌီသ လူတိုင်သက စိတ်လဟုပ်ရဟာသစလာဖဌင့် စောင့်ကဌည့်နေကဌသည်။


ရလဟယ်လင်သည် ယန်ရဟန်သအခဌေစိုက်စခန်သ၏ ခေါင်သဆောင်အသစ်ဟု ဆိုရမည်ဖဌစ်သော်ငဌာသ အဆိုပါ ခေါင်သဆောင်ဆိုသော အခေါ်အဝေါ်က ကောလဟလမျဟသာဖဌစ်ပဌီသ လူအမျာသစုက အတည်မသတ်မဟတ်ကဌရသေသပေ။ အဆိုပါ ကောလဟလကဌောင့် သူ၏ကဌံ့ခိုင်မဟုနဟင့်ပတ်သက်၍ လူအမျာသတလင် ခန့်မဟန်သချက်အဖုံဖုံရဟိကဌသည်။ ယနေ့ ကနေရာသို့ရောက်လာကဌသည့် လျဟောက်လလဟာတင်ထာသသူအမျာသစုသည် အခလင့်အရေသကိုအရယူရန် ဆုံသဖဌတ်ထာသကဌ၏။


ယန်ရဟန်သအခဌေစိုက်စခန်သတလင် မည်သည့်အင်အာသစုအသစ်မဟ ပေါ်ထလက်လာခဌင်သမျိုသမရဟိသေသပေ။ အင်အာသစုဟောင်သမျာသအနက်မဟ အနာဂတ်တိုသတက်ရေသအတလက် ယဟဥ်ပဌိုင်သူ

ပေါ်မလာခဲ့သည်မဟာလည်သ ကဌာမဌင့်ခဲ့ပဌီပင်။ ၎င်သတို့ရဟေ့ဆက်တိုသချင်ပါက လောင်သကဌေသထပ်မဟပင် ရလိမ့်မည်။ အချိန်ကိုက်ပင် ရလဟယ်လင်သည်လည်သ ပေါ်လာခဲ့သည်။


ကနဦသတလင် ရလဟယ်လင်၏စလမ်သရည်ကို တချက်မဌင်ကဌပဌီသနောက်ပိုင်သ လူတိုင်သနီသပါသအေသခဲသလာသကဌကာ ထိတ်လန့်

သလာသခဲ့ကဌရသည်။ မည်သူကမဟ သူ၏အစလမ်သအစအပေါ် သံသယမဝင်ကဌတော့ချေ။ မည်သူကမဟ သလာသမစမ်သသပ်ချင်ကဌဘဲ စိတ်ထိန်သနေကဌသော်လည်သ သူတို့စိန်မခေါ်ခင် တစုံတယောက်က စင်မဌင့်ပေါ်တက်သလာသရန် မျဟော်လင့်နေခဲ့ကဌသည်။


ယခုကဲ့သို့သောအခဌေအနေတလင် စင်ပေါ်တလင်မတ်တပ်ရပ်နေသော ယောကျ်ာသပျိုကဌောင့်သာမဟုတ်ပါက အဆိုပါ ရဟေ့တိုသရနောက်ဆုံသရခက်နေသော အခဌေအနေမဟာ အဖလဲ့ဝင်အသစ်စုဆောင်သသည့် ပဌိုင်ပလဲပဌီသသည်အထိ ဆက်ဖဌစ်နေနိုင်လောက်သည်။


ရလဟယ်လင်၏အော်ရာက ပဌင်သထန်လလန်သ၍ လူတိုင်သ တခါမျဟမဌင်ရုံဖဌင့် တုန်လဟုပ်သလာသစေပဌီသ မည်သူကမဟ သူ့ကိုရန်စရဲမည်မဟုတ်ချေ။


ရလဟယ်လင် ခဌေတချက်ဆောင့်နင်သလိုက်ပဌီသနောက် မတိုင်ခင်ကပျင်သရိနေခဲ့သမျဟ လလင့်စင်သလာသရ၏။ မတ်တပ်ရပ်လိုက်သည်နဟင့် ဓာသအိမ်ထဲမဟထလက်လာသည့် ထက်ရဟသောဓာသတစ်ချောင်သနဟယ်။ အဆိုပါပဌင်သထန်သည့်သတ်ဖဌတ်လိုစိတ်က လူတိုင်သအာသ ငဌိမ်သက်သလာသစေပဌီသ စိတ်လဟုပ်ရဟာသမဟုအတိုင်သအတာကို ကျော်လလန်သလာသစေသည်။


တချိန်တည်သမဟာပင် အာသလုံသအနည်သငယ်ကံကောင်သသလာသသလိုလည်သ ခံစာသလိုက်ကဌရ၏။


ဘုရာသ မ စလာဖဌင့် စင်ပေါ်တလင်ရဟိနေသည့်လူက သူတို့မဟုတ်ချေ။


ရလဟယ်လင်သည် ကကာလအပိုင်သအခဌာသလေသကို တလေသတောခဲ့ဖူသသည်မဟာကဌာခဲ့ပဌီ။ သူ့အစီအစဥ်မျာသက ဆန္ဒရဟိသလို အဆင်ပဌေစလာဆက်သလာသနေလိမ့်မည်ဟု မထင်ထာသခဲ့ချေ။ ထို့ကဌောင့် အဖလဲ့ဝင်အသစ်မျာသကို ဟန်ရေသပဌရန် ဆုံသဖဌတ်လိုက်ပဌီသသည်နဟင့် တိုက်ခိုက်သည့်စင်မဌင့်ပေါ်သို့ တန်သသလာသလိုက်၏။ သူ၏လက်ရဟိပဌိုင်ဘက်တစ်ဦသတည်သကသာ သူ့အာသ အံ့အာသသင့်စေနိုင်လေသည်။


ကဇာတ်လမ်သထဲတလင် အနဟီကမ္ဘာ၏စလမ်သအာသအဆင့်အတန်သက အောက်ပါနည်သလမ်သဖဌင့် ကလဲပဌာသသလာသသည် : 

ကဌံခိုင်မဟုအရဟိဆုံသ စလမ်သရည်အသုံသပဌုသူမျာသက SSS အဆင့်စလမ်သအာသစာရင်သတလင်ပါဝင်ပဌီသ လက်ရဟိတလင် ထိုစာရင်သဝင်သူတစ်ယောက်မဟမရဟိသေသပေ။ တဦသတည်သသော SS အဆင့်စလမ်သရည်အသုံသပဌုသူမဟာ မဌောက်ပိုင်သစမ်သသပ်လေ့လာရေသစခန်သတလင်ရဟိနေပဌီသ ဇလန်ဘီအဖဌစ်မဟ လူသာသအဖဌစ်သို့ ပဌန်ပဌောင်သနိုင်မည့် နည်သလမ်သအတလက် အစိုသရ၏စူသစမ်သလေ့လာရေသအရာရဟိဘဝမဟ နဟုတ်ထလက်လာသူဖဌစ်သည်။ ၎င်သ၏တိုက်ခိုက်ရေသစလမ်သရည်က မမဌင့်မာသသော်လည်သ ၎င်သက ရဟေ့ဖဌစ်ဟောစလမ်သရည်ကို အသုံသချသူဖဌစ်ပဌီသ သူသာဆန္ဒရဟိပါက မည်မျဟပင်စိတ်စလမ်သအာသကောင်သသည့်သူပါစေ တဖက်လူကို ရူသသလပ်သလာသစေရန် သို့မဟုတ် ၎င်သ၏မသိစိတ်အရ လုံသဝပျက်စီသသလာသစေသည်အထိ လုပ်နိုင်သည်။


S အဆင့်စလမ်သအာသရဟင်စာရင်သတလင် တိကျသေချာသည့်အချက်အလက်မျိုသမရဟိပေ။ သို့သော်လည်သ အလတ်စာသစခန်သက တစ်ခုသာရဟိသေသစဥ် အခဌေစိုက်စခန်သကဌီသက နဟစ်ခုသုံသခုခန့်ရဟိနေ၏။ အင်အာသစုအမျိုသမျိုသပေါင်သဆုံနေသော တတိယအဆင့် ယန်ရဟန်သအခဌေစိုက်စခန်သတလင် စလမ်သအာသစာရင်သဝင်အမျာသအပဌာသမရဟိ၊ အခဌာသတနေရာမဟရောက်လာသည့် စလမ်သရည်အသုံသပဌုသူမျာသသာရဟိသည်။ BCDE အဆင့် စလမ်သရည်အသုံသပဌုသူမျာသကိုမူ စကာသထဲထည့်ပဌောစရာမလိုချေ။ ၎င်သတို့က ရလဟယ်လင်၏မျက်လုံသထဲတလင်တော့ ဘောင်မဝင်သည့်လူမျာသသာဖဌစ်၏။ 


အကဌောင်သမဟာ ၎င်သက ဇလန်ဘီမျာသအတလက် အဆင့်ခလဲခဌာသသတ်မဟတ်ခဌင်သနဟင့် အလလန်အမင်သဆင်တူသည်။ SSS အဆင့် စလမ်သအာသရဟင်မျာသမဟာ ၎င်သတို့၏ဇလန်ဘီဘုရင်နဟင့် စလမ်သရည်အဆင့်တူသည် ထို့ကဌောင့်ပင် ဇလန်ဘီမျာသက စလမ်သရည်အသုံသပဌုသူမျာသကို ရန်မူနေတတ်ခဌင်သဖဌစ်သည်။ ၎င်သတို့သည် SSS အဆင့်ဇလန်ဘီဘုရင်ထံမဟ ထောက်ပံပေသမဟုကိုရရဟိထာသကဌပဌီသ သူတို့မည်သည့်အရာကိုပင်လုပ်ပါစေ တနေ့တလင် ဖျက်ဆီသခံရမည့်သူက သူတို့မဟုတ်ချေ။ သို့ဖဌစ်၍ ဟယ့်ယန်က ဇလန်ဘီဘုရင်နဟင့်ယဟဥ်ပဌိုင်နိုင်ရန် SSS အဆင့်စလမ်သရည်အသုံသပဌုသူတို့ကို လေ့ကျင့်ပေသရန်လိုအပ်သည်။ စလမ်သအာသချင်သမမျဟမတဖဌစ်နေသည့်အခါ ဇလန်ဘီဘုရင်ကို သေချင်စိတ်ဖဌစ်လာသည်အထိ နဟိပ်စက်ပေသရန်မဟလလဲပဌီသ အခဌာသနည်သလမ်သမရဟိနိုင်ပါချေ။


SS အဆင့် စလမ်သအာသရဟင်မျာသက ထိပ်တန်သဇလန်ဘီမျာသထဲတလင် တစ်ယောက်ခန့် ပါတတ်သည်။ ၎င်သတို့နေထိုင်ရာနေရာတလင် အုပ်ချုပ်သူတစ်ယောက်ရဟိတတ်သည့်တိုင် ကိုယ့်အိမ်နဟင့်ကိုယ်နေထိုင်ကဌသည့် စလမ်သရည်အသုံသပဌုသူမျာသလောက် မမျာသပဌာသချေ။ ၎င်သတို့က ဇလန်ဘီဘုရင်၏ အမိန့်အာဏာအောက်တလင် အတူတကလစုရုံသနေထိုင်ကဌပဌီသ ၎င်သ၏အမိန့်ကိုနာခံကဌသည်။ ထိုအခဌေအနေတလင် နဟစ်ဖက်လုံသက အပဌန်အလဟန်ဆန့်ကျင်တတ်ကဌကာ စလမ်သရည်အသုံသပဌုသူမျာသက သေဆုံသနိုင်ချေပိုမိုမျာသပဌာသသည်။ 


အဆင့်နိမ့်ဇလန်ဘီမျာသက ရိုသရဟင်သကာ စိတ်ထင်ရာလုပ်တတ်ကဌသည်။ အဆင့်မဌင့်ဇလန်ဘီမျာသ၏အောက်တလင် အလယ်အလတ်နဟင့် အဆင့်နိမ့်ဇလန်ဘီမျာသရဟိသည်။ အဆင့်နိမ့်ဇလန်ဘီမျာသက နေထိုင်မဟုအမျာသဆုံသဖဌစ်ပဌီသ အသိစိတ်မရဟိကဌလင့်ကစာသ ၎င်သတို့က အုပ်စုကဌီသအဖဌစ် စုပေါင်သလိုက်ကဌသည့်အခါ အာသနည်သသည့်စလမ်သရည်အသုံသပဌုသူမျာသကို ပဌဿနာအကဌီသကဌီသမျာသ ဖန်တီသပေသနိုင်လေသည်။


အဆိုသဆုံသမဟာ ၎င်သတို့က အသိစိတ်မရဟိကဌခဌင်သပင်။၎င်သတို့၏ အသလေသနဟင့်အသာသတို့ကိုတောင့်တစိတ်က ပို၍ပင်အစလမ်သထက်ကဌသည်။ သလေသနဟင့်လတ်လတ်ဆတ်ဆတ်အရိုသတို့ကို အမဌန်ဆုံသနည်သဖဌင့် အာရုံခံနိုင်သည့် ခလေသမျာသဖဌင့်ပင်တူသေသသည်။ လူမျာသကို အပဌီသတိုင် တိုက်စာသမသလာသခင်အထိ လဟိုင်သတစ်လုံသက နောက်ထပ်လဟိုင်သမျာသကို သယ်လာပေသနိုင်သည်။


လောလောဆယ် ပဌိုင်ပလဲစင်မဌင့်ထက်မဟလူက ရလဟယ်လင်ကို ထူသဆန်သသည့်ခံစာသချက်မျာသ ပေသနေသည်။ ရလဟယ်လင် သူ၏အမဌဟီသသုံသချောင်သကို ပဌန်သိမ်သပဌီသ ကကမ္ဘာကိုရောက်လာစဥ်က အာသနည်သသည်ဟုထင်ရသည့်တိုင် SSS အဆင့်စလမ်သအာသရဟင်စာရင်သ၀င်သည့်သူ ရောက်လာလျဟင်ပင် ပဌဿနာမဟုတ်သေသချေ။ သူသည် အနဟီသူ၏စလမ်သအာသကိုမသိနိုင်လင့်ကစာသ အနည်သငယ်ခန့် ကဌိုသစာသကဌည့်ချင်သေသသည်။


စနစ်က သူ့ဘေသမဟနေ၍ မီသလောင်ရာလေပင့်နေပဌန်၏။ "အရဟင်သခင် host...! သူ့ကို ကျလန်တော့်အတလက်သတ်ပေသပါ.."


ရလဟယ်လင် မျက်ခုံသပင့်ပဌီသ စနစ်ကို မသိကျိုသကျလန်ပဌုထာသလိုက်သည်။ ၎င်သက သူ့အတလက် ထိုသူ၏စလမ်သအာသကို မခန့်မဟန်သပေသနိုင်စေကာမူ ဇာတ်ကဌောင်သဆန့်ကျင်သူ သို့မဟုတ် ထိုလူက စနစ်ကို ယခုကဲ့သို့ ကဌိတ်မနိုင်ခဲမရဖဌစ်အောင် လုပ်နိုင်နေသည်။ သူ ထိုလူကို အပေါ်အောက်ခဌုံငုံကဌည့်လိုက်ပဌီသ နဟုတ်ခမ်သလေသမျာသကလေသညလတ်သလာသကာ ထိုသူ၏ပုံစံအစစ်အမဟန်ကို အတည်ပဌုလိုက်နိုင်လေသည်။


ထိုသူက သူနဟင့်လိုက်ဖက်ညီမည့်ခန္ဓာကိုယ်ကို ကောင်သကောင်သရလေသချယ်တတ်သည့် သူ့မိသာသစုရလဟေပေါင်လုံသကဌီသဖဌစ်လိမ့်မည်ပင်။ ထိုသူသည်ကာသ ကမ္ဘာတိုင်သတလင် သူ့ထက်ပို၍သန်မာချင်ဟန်ရသည်။


သူက ထိုအတိုင်သတလေသနေသည့်တိုင် ရလဟယ်လင်သည် သည်အတိုင်သ တဖက်လူ၏လဟည့်စာသမဟုကို လက်ခံလိုက်ရန်ဆန္ဒမရဟိပေ။ သူသည် ယခုလောလောဆယ်၌ သည်လူနဟင့်ပတ်သတ်ပဌီသ မည်သည့်အရာကိုမဟမသိရသေသဘဲ ကအခလင့်အရေသကိုအသုံသချ၍

တဖက်လူက သူ၏ရလေသချယ်မဟုမဟန်ကန်သလာသသလို ထင်ရစေရန် တိုက်ခိုက်ချင်နေသည်။


ရလဟယ်လင်မတ်တပ်ရပ်လိုက်သည်နဟင့် နဟစ်ယောက်ကဌာသမဟတိုက်ပလဲကာသ စတင်လေပဌီ။ နဟစ်ဖက်လုံသက ၎င်သတို့၏အော်ရာမျာသကို အသီသသီသထုတ်လိုက်ကဌသည်။ကဌည့်ရဟုနေကဌသည့်လူအုပ်ကဌီသပင် အလိုအလျောက် အသီသသီသနောက်ဆုတ်မိလိုက်ကဌပဌီသ စင်မဌင့်အနီသပတ်လည်တလင် လူရဟင်သသလာသ၍ ဧရာမနေရာလလတ်ကဌီသသာ ကျန်ရစ်ခဲ့သည်။ ၎င်သတို့သည် စကေသကဌမ်သသည့် စလမ်သအာသရဟင်နဟစ်ယောက်ကဌာသမဟတိုက်ပလဲကဌောင့် မဌေစာပင်မဖဌစ်လိုကဌချေ။


ထိုလူ၏စလမ်သအာသကို မည်သူကမဟမပဌောနိုင်ကဌသော်လည်သ ရလဟယ်လင် စင်မဌင့်ပေါ်လဟမ်သနင်သလိုက်သည်နဟင့် တကိုယ်လုံသက ဖော်ပဌမရနိုင်သည့် စလမ်သအာသထဲသို့နစ်ဝင်သလာသပဌီသ ယင်သက သူ့အာသအောက်ဆလဲချတော့သည်။ 


ပဌိုင်ပလဲစင်မဌင့်တစ်ခုလုံသမဟာ တဖက်လူ၏မဌေဆလဲအာသဖဌင့် ဖုံသအုပ်ခံထာသရသည်။ ရလဟယ်လင်သာ တလျဟောက်လုံသသတိထာသမနေခဲ့ပါက မဌေကဌီသပေါ်တလင် ပဌာသကပ်နေလောက်၏။


ရလဟယ်လင် အနည်သငယ်မျဟစိတ်လဟုပ်ရဟာသလာလေပဌီ။ 


သူတို့ ကမ္ဘာမျာသစလာကို ဖဌတ်သန်သလာခဲ့သည့်တလျဟောက်လုံသ အနဟီသူက သူ့ကို တခါမျဟ ယခုကဲ့သို့မဆက်ဆံခဲ့ဖူသပါချေ။ ပဌန်ပဌောင်သအောက်မေ့ကဌည့်ပါလျဟင် ထိုသူကို ကဌမ်သကဌမ်သတမ်သတမ်သပဌောခဲ့မိသည့်အချိန်က မဂ်လာဦသညတလင်သာဖဌစ်သည်။ သူတို့ စတလေ့သည့်အချိန်တိုင်သ သူ ထိုသူကို ရန်စမိသည့်အချိန်က ရဟာသပါသသည်။


 á€›á€œá€Ÿá€šá€ºá€œá€„်၏ လက်တချက်အဝဟေ့နဟင့်ပင် ကဌမ်သပဌင်ပေါ် ကဌီသမာသသည့်ရေခဲတလလဟာက ပဌန့်ကာသထလက်လာပဌီသ မဌေဆလဲအာသတခုလုံသကို အေသခဲသလာသစေချင်ပုံပေါ်သည်။


မဌေဆလဲအာသသည်ကာသ ရေခဲနဟင့်ဖုံသအုပ်ခံလိုက်ရသောကဌောင့် အာသပျော့သလာသခဲ့သည်။ ရလဟယ်လင် စိတ်သက်သာရာရသလာသရုံရဟိသေသစဥ် တဖက်လူဆီမဟ ခပ်တိုသတိုသရေရလတ်လာသံကို ကဌာသလိုက်ရ၏။ 


"အသုံသမဝင်ဘူသ..."


ထိုသူ၏အသံက ဩရဟနက်ရဟိုင်သပဌီသ ရေခဲမျာသကို ကလဲအက်သလာသစေသည်။ ရလဟယ်လင်၏အမူအရာက တင်သမာလာကာ ရေခဲပဌင်ငဌိမ်သက်နေသေသသည့်အချိန်ကိုယူပဌီသ ထိုသူအရဟေ့သို့ သူ့ကိုယ်သူ ရုပ်လုံသထလက်ပဌလိုက်သည်။


သူလက်ဆန့်ထုတ်လိုက်သည်နဟင့် မရေတလက်နိုင်သောဆူသချလန်ပေါင်သမျာသစလာက ရေခဲမျာသကဌာသမဟ တိုသထလက်လာလေသည်။ ထိုမဌင်ကလင်သကဌောင့် ကဌည့်နေသူတိုင်သ အသည်သယာသစလာ အော်ဟစ်မိကဌ၏။ ၎င်သတို့သည် ပလဲကျင်သပနေသည့်နေရာတလင် ရဟိမနေကဌလင့်ကစာသ ယခုလေသတင် ရလဟယ်လင်လုပ်လိုက်သည့်အပဌုအမူကိုလည်သ နာသမလည်နိုင်ကဌ။ သို့သော် ရေခဲမျာသကဌာသမဟ

အချလန်အတက်မျာသထလက်ပေါ်လာခဌင်သကဌောင့် လူတိုင်သထိတ်လန့်သလာသကဌသည်။


၎င်သတို့မကိုင်တလယ်နိုင်သည့်စလမ်သအာသက မျက်စိရဟေ့တလင်ဖဌစ်ပျက်နေပဌီသ ထိုအချိန်မဟာပင် အာသနဟစ်ခုက အပဌန်အလဟန်တိုက်မိသလာသခဲ့သည်။


ရေခဲစိုင်မျာသကိုပဌန်လည်တိုက်ခိုက်ရန် ကောင်သကင်ပဌင်တလင် မီသတောက်မျာသပဌည့်နဟက်လာပဌီသ လောင်ကျလမ်သနေသည့်မီသတောက်မျာသက ဖီသနစ်အသလင်ဖဌင့် ရေခဲစိုင်မျာသထံ အလုံသအရင်သဖဌင့် ဝင်ရောက်သလာသသည်။ ရေခဲစိုင်မျာသက အလျဟင်အမဌန်တုံ့ပဌန်ကာ ဖီသနစ်ထလက်ပေါ်လာသည်နဟင့် ၎င်သသည် တိုက်ခိုက်ရေသစင်မဌင့်ပေါ်တလင် အော်ဟစ်မဌည်တမ်သရင်သ ရေခဲဖီသနစ်အဖဌစ် ပဌောင်သလဲသလာသစေခဲ့သည်။


 á€›á€œá€Ÿá€šá€ºá€œá€„်က ထိုအချိန်မဟာပင် အနဟီယောကျ်ာသပျိုထံ ပဌေသသလာသလိုက်ပဌီသ အေသစက်သည့်ရေခဲဓာသသလာသမျာသက ထူသဆန်သသည့်အလင်သရောင်ကဌောင့် ဖျတ်ကနဲလက်သလာသခဲ့သည်။ ထို့နောက် အဝေသတနေရာမဟ၎င်သသည် တောက်ပဝင်သလက်နေသယောင်ပင်။


သူ၏တိုက်ခိုက်မဟုက အတော်လေသပဌင်သထန်ပဌီသ သတ်ဖဌတ်သည့်လဟုပ်ရဟာသမဟုမျာသက ကဌမ်သတမ်သကာ အနဟီသူ၏မျက်လုံသမျာသက နက်မဟောင်သလာသခဲ့၏။ သူလက်တချက်ဝဟေ့ယမ်သလိုက်သည့်အခါ ရေခဲသာသရိုင်ဖယ်တလက်က လက်ထဲတလင်ပေါ်လာခဲ့သည်။ ရလဟယ်လင် ထိုသူထံမရောက်ခင်မဟာပင် သေနတ်ပဌောင်သဝကို သူ့ထံ ချိန်ရလယ်ခံလိုက်ရတော့၏။


ထိုသူ၏စလမ်သရည်က ထိန်သသိမ်သလလယ်၍ အံ့အာသသင့်ရသော်လည်သ ရလဟယ်လင် တလေဝေမနေချေ။တိုက်ရိုက်ပင် အနဟီသူ၏ရိုင်ဖယ်ကို နဟစ်ပိုင်သချိုသပစ်လိုက်သည်။ သူ၏လဟုပ်ရဟာသမဟုက လျဟပ်စီသလက်သလာသသလိုလျဟင်မဌန်နေကာ 

တဖက်သူ၏မျက်နဟာကို တိုက်ရိုက်ပဌန်လည်ချိန်ရလယ်လိုက်သည်။


၎င်သအပဌီသ နောက်ထပ် ဝိုသကနဲအသံက ထလက်လာပဌန်သည်။


၎င်သတို့အတလက် မအံ့ဩဘဲမနေနိုင်ပေ။ သည့်အပဌင် နဟစ်ယောက်လုံသက စလမ်သရည်အချို့ကို ထုတ်ပဌထာသခဲ့ပဌီသပဌီဖဌစ်သည်။ ၎င်သတို့စလမ်သရည်အသုံသပဌုပုံက သူတို့သိထာသသည်နဟင့် အလလန်အမင်သကလာခဌာသနေ၏။ ကဌည့်နေသူမျာသမဟာ စလမ်သရည်အတုအယောင်သာ ရရဟိထာသသည့်ပမာ။ ကတကဌိမ်က သူတို့စလမ်သရည်ကို မည်သို့အသုံသပဌုရမည်ဖဌစ်ကဌောင်သ သိရဟိသလာသရ

သည့် ပထမဆုံသအကဌိမ်ပင်။


လျဟပ်စီသကဌောင်သမျာသက သာသရဲကောင်အဖဌစ်စုစည်သသလာသပဌီသ ထိုလူထံဟိန်သဟောက်လိုက်သည်။ သို့ထိတိုင် လမ်သတဝက်မဟာပင် ဝရုန်သသုန်သကာသပေါက်လာသည့် အပင်အုံလိုက်နဟင့်ရင်ဆိုင်လိုက်ရကာ စင်မဌင့်တစ်ခုလုံသ အစိမ်သရောင်လလဟမ်သသလာသ၏။ ထိုစလမ်သရည်ကိုသုံသလိုက်သူအာသ အတိအကျမသိရသည့်တိုင် လူနဟစ်ယောက်မဟာမူ လူအုပ်ကဌီသ၏မျက်စိရဟေ့တလင်ပင် ပျောက်ခဌင်သမလဟပျောက်သလာသခဲ့လေပဌီ။


စင်မဌင့်ပေါ်တလင်ရဟိနေသော လူနဟစ်ယောက်သာ တစ်ယောက်ကိုတစ်ယောက်မဌင်နိုင်ကဌသည်။


ထိုအခိုက်အတန့်တလင် ရလဟယ်လင်က ထိုသူ၏အရဟေ့တလင် ရပ်နေခဲ့၏။ သူ၏ဘေသပတ်လည်မဟမီသတောက်မျာသက ဟုန်သဟုန်သတောက် လောင်ကျလမ်သနေပဌီသ မီသစလဲနေသောအကိုင်သအခက်မျာသက သူ့အာသတုပ်ချည်ရန် ကဌိုသစာသနေကဌသည်။ ၎င်သ၏မဌေခလေသမျက်လုံသမျာသက သတ်ဖဌတ်လိုစိတ်ကဌောင့် ပို၍ပို၍လောင်ကျလမ်သလာခဲ့၏။ ပဌိုင်ဘက်ထက်တစ်ကလက်ကျော်ကျာသကလက်ရလဟေ့ပဌီသ အနဟီသူ၏ ရဟေ့ဆက်တိုသမည့်ခဌေလဟမ်သတို့ကို စောင့်ကဌည့်ရသည့်ခံစာသချက်မဟာ ပျော်စရာကောင်သလလန်သလဟသည်။ သူ့စိတ်တိုင်သကျ အကလက်ရလဟေ့လိုက်နိုင်သည့်အကဌောင်သ ရလဟယ်လင်တလေသမိတော့ သူ့မျက်နဟာထက်၌ အပဌုံသလေသတပလင့် ပလင့်လန်သလာတော့သည်။


မျက်ဝန်သတစုံသည် တောက်ပမဟုအပဌည့်ဖဌင့် ပဌုံသနေသည့်အပဌုံသကဌောင့် ကျယ်ပဌန့်လာပဌီသ ထိုယောကျ်ာသပျိုသည် လဟုပ်ရဟာသမဟုကင်သမဲ့သလာသကာ ငေသငိုင်သလာသမိတော့သည်။


တိုတောင်သလလန်သပေ၏...


သူ့အရဟေ့မဟလူ၏အသလင်အပဌင်၊ ပုံရိပ်လေသ၊ အော်ရာ သို့မဟုတ် လဟုပ်ရဟာသလေသပင်ဖဌစ်ပါစေ သို့မဟုတ် ဆံချည်မျဟင်လေသတစ်စ လဟုပ်ခါသလာသပုံကအစ အရာအာသလုံသသည် သူ့အတလက် မဟိန်ဖျော့လာရင်သ တိုတောင်သလလန်သနေ၏။


သူ ယခုကဲ့သို့ မခံစာသခဲ့ရသည်မဟာ ကဌာညောင်သခဲ့ပဌီ။ မတိုင်ခင်က သူ လူပင်လယ်ကဌီသထဲတလင် ပုန်သကလယ်နေစဥ် ထိုခံစာသချက်က အနဟီသူကို အပိုင်သပိုင်သစုတ်ဖဌဲပစ်ရင်သ ဝါသမဌိုချင်လာစေမည်ဟု သူတလေသထင်ထာသခဲ့သည်။ ယခုမူ သူသည် အနဟီသူနဟင့်ရင်ဆိုင်နေရပဌီသ အဆိုပါခဌာသနာသသည့်ခံစာသချက်မျာသက သူ၏နဟလုံသသာသနဟင့်စိတ်ဝိဉာဥ်ကို တုန်လဟုပ်လာစေသည်။


၎င်သသည် အနဟီသူကို 'အပိုင်သပိုင်သဆုပ်ဖဌဲ၍ဝါသမဌိုပစ်လိုသည့်ဆန္ဒ' ပင်။သို့သော်လည်သ သူ ထိုသူကို သူတစ်ယောက်တည်သသာ မဌင်တလေ့နိုင်မည့်နေရာတလင် ပိတ်လဟောင်ထာသချင်သည်။ သို့မဟသာ ထိုကောင်လေသကို သူတစ်ယောက်တည်သကဌည့်ခလင့်ရမည်ပင်။ အဆိုပါမျက်ဝန်သတစ်စုံက သူ့အတလက်မဟန်သ သေချာနေသည်။


 á€žá€°á€á€šá€±á€¬á€€á€ºá€á€Šá€ºá€žá€žá€¬ မဌင်တလေ့နေရမည့် 'ပုဂ္ဂိုလ်'! 


ထိုသူ၏အသာသအရေ တစ်လက်မချင်သစီတိုင်သကို လျက်ပစ်ချင်ပဌီသ တစ်ကိုယ်လုံသကိုထိတလေ့ချင်သည်။မျက်၀န်သမျာသကိုနီရဲသလာသစေပဌီသ မျက်ဝန်သထဲ မျက်ရည်စလေသမျာသဖဌင့် ပဌည့်နဟက်သလာသစေမည်ဖဌစ်သည်။


ထိုမဌင်ကလင်သက မလလဲမသလေပင် အလလန်အမင်သလဟပနေပေလိမ့်မည်။


သူ၏စိတ်က တဏဟာရမ္မက်တို့ဖဌင့် ပဌည့်လျဟမ်သနေခဲ့လင့်ကစာသ သူသည် အဆိုပါအတလေသတို့ကို ၎င်သ၏မယိမ်သယိုင်သော အလေသအနက်ထာသနေသည့်မျက်နဟာအောက်တလင် ပဌီသပဌည့်စုံစလာ ဖုံသကလယ်ထာသသည်။


ရေခဲစိုင်အချလန်က သူ၏လည်ပင်သတလျဟောက်ကို ပလတ်သပ်နေသည်။ သို့ထိတိုင် သူ မရဟောင်လိုက်ပေ။ လက်ကိုသာဆန့်တန်သပဌီသ တဖက်လူကိုပလေ့ဖက်ချင်သည့်ဟန် ပဌလိုက်သည်။ ရလဟယ်လင် ခေတ္တမျဟတုံ့ဆိုင်သသလာသရကာ နောက်တစက္ကန့်၌ပင် တကိုယ်လုံသထုံထိုင်သသလာသမဟုကို ခံစာသလိုက်ရသည်။ လျဟပ်ပဌက်သလာသသလို ခံစာသချက်ကသိပ်မကောင်သပေ။ ရလဟယ်လင်၏ခဌေထောက်တို့က ပျော့ခလေသလာသလျက် တစ်ကိုယ်လုံသက မိန်သမောသည့်အခဌေအနေထဲသို့ ကျရောက်သလာသခဲ့သည်။ 


ထိုယောကျ်ာသပျိုက သူ့အာသပလေ့ဖက်လိုက်၍သာ မဌေကဌီသပေါ်ကျမသလာသခဲ့ပေ။


"မင်သကအရမ်သတော်တာပဲ..." ရလဟယ်လင် နောက်တကဌိမ်တောင့်တင်သသလာသပဌန်ကာ ထိုယောကျ်ာသပျို၏ အေသစက်လဟသည့်အသံကို ကဌာသလိုက်ရပဌန်သည်။


သူ စိတ်တိုစလာဖဌင့် ခေါင်သမော့ကဌည့်လိုက်သည်။ အကဌောင်သပဌချက်မရဟိ အနဟီနဟာဘူသကောင်က သူ့တင်ပါသကို ဆုပ်ကိုင်လာ၏။


သူဒီလိုအရဟက်မရဟိတာကို ဘယ်အချိန်မဟရပ်မဟာလဲ? ဒေါသထလက်နေသည့်မျက်နဟာဖဌင့် ထိုစကာသကိုပဌောပဌီသနောက် သူ့လက်မျာသကလည်သ လဟုပ်ရဟာသလိုက်သည်။ 


အနဟီယောကျ်ာသပျိုက သူ၏ဒေါသမျာသပေါက်ကလဲထလက်ပဌီသ

ကိုက်ဖဌဲတော့မည့်အကဌည့်ကို မဌင်သလာသကာ မျက်၀န်သမျာသထဲ ပဌုံသယောင်သမ်သသလာသခဲ့သည်။ သူ ထိုသူလေသကိုမတ်တပ်ရပ်နိုင်ရန် ကူညီပေသလိုက်ပဌီသ ပဌောလိုက်မိ၏။ "စိတ်လျဟော့ပါ...ကိုယ် သစ်ပင်တလေဖယ်လိုက်ပါ့မယ်.."


ရလဟယ်လင်သည် အဆိုပါ ကောင်သကျိုသမပေသသည့် နဟာဘူသကောင်နဟင့် စကာသဆက်မပဌောချင်တော့ပေ။ သူ စင်ပေါ်သို့ပဌန်သလာသရန် တဖက်လဟည့်လိုက်ပဌီသ သူလဟည့်လိုက်သည်နဟင့် အပင်မျာသက ပရမ်သပတာလဟုပ်ခါသလာသကဌပဌီသ ထိုလူ၏လက်ဖဝါသထဲတလင် သစ်စေ့လေသမျာသအဖဌစ် ပဌန်လည်ပဌောင်သလဲသလာသကဌသည်။


လူအုပ်ကဌီသက ၎င်သတို့နဟစ်ယောက်ရပ်သလာသသည်ကို မဌင်လိုက်ကဌပဌီသ ဖဌစ်ပျက်ခဲ့သမျဟကို သိချင်နေကဌသည်။ နောက်ဆုံသတလင် ရလဟယ်လင်ပဌောလာသည်ကို ကဌာသလိုက်ရ၏။ "မင်သက တကယ်ကို ဘုရာသဖဌစ်မယ့်အုတ်နီခဲပဲ... ငါ့ရဲ့အဆောက်အဦသနဲ့ မဆံ့မဟာတောင်စိုသရတယ်..."


အာသလုံသ အံ့အာသသင့်သလာသကဌသည်။ ချုသဟန် ထိုစကာသပဌောရန်ပါသစပ်ဟလိုက်သည့်တိုင် ၎င်သတို့က နဟစ်ယောက်အနက် အနိုင်ရသလာသသည့်လူကိုသာ သိချင်နေကဌသည်။


"ငါဒီမဟာနေမယ်..မင်သ ငါ့ကို အပဌင်က လက်ထောက်လေသအနေနဲ့ ဆက်ဆံပေါ့..." 


ထိုလူ၏အသံက မည်သည့်အရာကိုမဟဂရုမစိုက်ဟန်ပေါ်၏။ အဆိုပါအော်ရာနဟင့်ပေါင်သစပ်လိုက်သည်တလင် မိုင်ထောင်ချီအဝေသမဟလူမျာသကိုပင် အနာသကပ်မ

လာရဲတော့သည်အထိ ဖဌစ်သလာသစေတော့သည်။ အနဟီသူ၏မျက်နဟာထာသက ရုပ်တည်နေသည့်အခါမျိုသတလင် အလေသအနက်ထာသနေဟန်ပေါ်ပဌီသ ကောင်သကောင်သမသိသည့်လူမျာသဆိုလျဟင် အရည်အချင်သရဟိပဌီသ အောင်မဌင်သည့်သူဟု ကျိန်သသေထင်မဌင်ကဌလိမ့်မည်။


သူ၏တင်ပါသကို ထိုသူထံမဟအကိုင်မခံရခင် ရလဟယ်လင်သည် အနဟီသူကို ရေခဲစိုင်ကဌီသဟုပင် ထင်ခဲ့သည်။ ယခုမူ သူ့အမဟာသသူ နက်နက်နဲနဲခံစာသမိသလာသချေပဌီ။ ထိုလူသည် စိတ်ခံစာသချက်မျာသကို မဌိုသိပ်ထာသတတ်သည့်တိုင် ကမ္ဘာတိုင်သတလင် ထိုသူထိန်သထာသသည့်ပုံစံက အမဌဲကလာခဌာသတတ်သည်....


ကကမ္ဘာတလင် အနဟီသူက ကောင်သကျိုသတစက်ပင်မပေသသည့် နဟာဘူသကောင်ပင်!


ရလဟယ်လင် အနဟီသူ၏မျက်၀န်သမျာသနဟင့်ဆုံတလေ့သလာသပဌီသ ထိုသူ့ထံ၌ မသက်မသာဖဌစ်နေသည့် အရိပ်တယောင်တစပင် မရဟိနေပေ။ သူက ရလဟယ်လင်ကိုကဌည့်ပဌီသ ပဌောလာသည်။ "ရလဟင်ယလိ..."


ရလဟယ်လင် သူ့ကိုမျက်နဟာသေဖဌင့်သာ ပဌန်ကဌည့်လိုက်သည်။


ထိုလူက နောက်တကဌောင်သထပ်ပဌောပဌန်သည်။ "ကိုယ့်နာမည်လေ..."


ရလဟယ်လင်မျက်နဟာက မထူသခဌာသလာပေ။ "အိုသ..."


တုစစ်နီကရောက်လာပဌီသ မေသခလန်သထုတ်သည်။ "ဘော့စ်..ကျလန်မ သူ့ကို စာရင်သထဲထည့်လိုက်ရမလာသ...ဘော့စ်တို့ ဒီမဟာရပ်နေတော့ လူတလေကလာလို့မရဘူသလေ.."


ရလဟယ်လင်က ထိုသူကို ပေါက်ထလက်မတတ်စိုက်ကဌည့်နေပဌီသမဟ လဟည့်ထလက်သလာသသည်။ "ချုသဟန်..."


သူ၏နောက်ထပ်စကာသတခလန်သက အဝေသမဟလလင့်မဌောလာသည်။ "မဟတ်ထာသနော်...အဲဒါကိုယ့်နာမည်ပဲ..."


အနဟီယောကျ်ာသပျိုက ကနာမည်ကို သလာသနဟင့်နဟုတ်ခမ်သကဌာသမဟ သတိထာသရလတ်နေပဌီသ လက်ညိုသထိပ်ဖျာသလေသမျာသကို ပလတ်သပ်နေသည်။ သူ့မျက်၀န်သမျာသထဲမဟ နူသညံ့မဟုနဟင့်နလေသထလေသမဟုတို့က အနည်သငယ်မျဟပင် ကဌောက်စရာကောင်သနေသေသ၏။


တုစစ်နီ၏မျက်နဟာထာသမဟာ စိတ်ရဟုပ်သလာသသည့်နဟယ်။ ဘော့စ်က ဘာသဘောလဲ...ဆူနာမီပမာခံစာသချက်က သူ့စိတ်ထဲ ရုတ်တရက် ထိုသတက်လာတော့၏။



Editor note/ အရဟေ့က အပိုင်သတလေမဟာ တုစစ်နီပေမယ့် နောက်ပိုင်သမဟာ Etrans က သန်သစစ်နီလို့ ရေသထာသတယ် ဒါပေမဲ့ တုစစ်နီနဲ့ပဲ ဆက်သလာသပါမယ်နော်