Chapter 120
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 120


8.12 - သူ့တစ်ကိုယ်လုံသ ပေါက်ကလဲသလာသတော့မလိုပဲ



ထိုနေရာ၏လေထုက အလလန်ထူသဆန်သနေ၏။ ဟယ့်ယန်၏ အမူအရာမဟာ ပဌင်သထန်နေပဌီသ သူ့ရယ်သံမဟာ အရိုင်သဆန်နေသည်။ ရလဟင်ယလီတိတ်ဆိတ်နေသည်ကို သူတလေ့သောအခါ သူက ဆက်ပဌောလာသည်။


 " မင်သ စကာသမပဌောရဲဘူသမလာသ...မင်သမဟာ သူ့အပေါ် တခဌာသစိတ်မရဟိဘူသလို့ ကျိန်ရဲလာသ..."


ရလဟင်ယလိက အေသစက်စလာဖဌင့် " မင်သပဌောတာကဌောင့်နဲ့ ငါက ဘာလို့ ကျိန်ရမဟာလဲ..."


ရလဟယ်လင်က သူ့ကို ဖိအာသပေသရန် စိတ်လဟုပ်ရဟာသမနေပေ။ ရလဟင်ယလိကို ထိုလူမျာသရဟေ့တလင် စိတ်ပိုင်သဆိုင်ရာခံစာသချက်မျာသကို ပဌောခိုင်သခဌင်သက သူ့ကို ပို၍ဝေသကလာသလာသစေလိမ့်မည်။ ၎င်သက ပျော်စရာမကောင်သပေ။


 "တကယ်တော့ ငါ အဲ့ဒီကိစ္စတလေကို အရမ်သအာရုံမစိုက်ပါဘူသ" 


သူ ပဌောလိုက်သည်နဟင့် လူတိုင်သ၏အကဌည့်မျာသက သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူ ပျင်သရိစလာ လက်ပိုက်လိုက်ရင်သ ဟယ့်ယန်ကို ကဌည့်လိုက်သည်။


 " မင်သပဌောတာက သူက ဇလန်ဘီဘုရင်ပေါ့" 


သူက ဟယ့်ယန်ရဟိရာဘက်ကို ခေါင်သမော့၍ မေသလိုက်၏။ "သက်သေအထောက်အထာသ ရဟိလာသ..."


ဟယ့်ယန်က 'အာ' ဟု အသံပဌုလိုက်ပဌီသ သူ့မျက်နဟာက စိတ်ရဟုပ်သလာသဟန်ရသည်။


"မင်သမဟာ သက်သေလည်သမရဟိဘဲ ငါ့ပဌင်ပအကူကို အကဌောင်သအရင်သမရဟိ ဘာလို့အသရေဖျက်နေတာလဲ..."


ဟယ့်ယန်က ခဌေလက်မျာသကိုလဟုပ်၍ ထိတ်လန်တကဌာသအမူအရာလုပ်မိသလာသသော်လည်သ သူ့တလင် ရဟင်သပဌရန် နည်သလမ်သမရဟိသည်ကို သိလိုက်ရသည်။ ဇလန်ဘီဘုရင်နဟင့် စလမ်သရည်သုံသစလဲသူမျာသကဌာသတလင် ခဌာသနာသချက်လုံသဝ မရဟိပေ။ ထိုသူ့အဆင့်နဟင့်ဆိုလျဟင် သူက ဟယ့်ယန် ထောက်ပဌနိုင်သော ပဌသနာမျာသကို ဖုန်သကလယ်နိုင်စလမ်သ ရဟိသည်ပင်။ 


"ပဌောစရာ မရဟိတော့ဘူသလာသ..." ရလဟယ်လင် ခေါင်သစောင်သကာ သူ့မျက်နဟာကိုကဌည့်၍ အနည်သငယ် ပဌုံသပဌီသ ပဌောလိုက်သည်။ " ဒါဆိုလည်သ အိုကေလေ အခု သူ့ခဌေထောက်ကိုချိုသပဌီသ တောင်အောက်ကို ပစ်ချလိုက်"


သူ ပဌောလိုက်ပဌီဆိုတည်သက သူ့ကို ကူညီမည့် သူမျာသက အသင့်ပင်။ 


ရလဟယ်လင်က လဟည့်၍ " မင်သတို့ ဒါကို မကဌည့်တော့လည်သ ရတယ် ဒီလူ့ဦသနဟောက်က ပဌသနာရဟိနေတာ သူ့ကို ဂရုစိုက်မနေနဲ့တော့ လူတိုင်သက မိတ်ဆလေကောင်သ မဖဌစ်နိုင်တဲ့အတလက် တခဌာသသူတလေနဲ့ ဆက်ဆံရာမဟာ မင်သတို့ သတိပိုရဟိကဌပါ"


စောစောက ဟယ့်ယန်ကို အတူခေါ်လာခဲ့သော လူမျာသက ရဟက်ရလံ့သလာသရတော့သည်။ ထို့နောက် သူတို့က ဒေါသတကဌီသလဟည့်ကာ ဟယ့်ယန်၏ ခဌေထောက်ကို ချိုသရန် လုပ်ကဌသည်။ အဲ့ခလေသကောင်က သူတို့အကုန်လုံသကို ဒီမဟာ သေစေချင်တာလာသ... ခေါင်သဆောင်နဲ့ ပဌင်ပအကူကဌောင့်သာ မဟုတ်ရင် သူတို့ ဘာလို့မဟန်သတောင်မသိဘဲ သေသလာသကဌမဟာ ... နောက်ပဌီသ ဇလန်ဘီသာသရဲတလေ ကိုက်ဖဌတ်တာခံနေရလောက်ပဌီ...။


ရလဟယ်လင် ထိုလူမျာသကို လျစ်လျူရဟုလိုက်သည်။ သူ ထူသဆန်သသောအမူအရာဖဌင့် ရလဟင်ယလိကို လဟည့်ကဌည့်လိုက်သည်။ ထို့နောက် နဟုတ်ခမ်သမျာသကို တလန့်ကလေသ၍ " ခင်ဗျာသ ကျလန်တော့်ကို ရဟင်သပဌတာကို စောင့်နေတယ်နော်" ထို့နောက် သူ တောင်အောက်သို့ ဆင်သရန် ပဌင်လိုက်သည်။ 


သူ ရလဟင်ယလိကို ဖဌတ်သလာသလိုက်သည်နဟင့် ရလဟင်ယလိ၏လက်မျာသက သူ့ကို လဟမ်သဆလဲလာသည်။ " ကိုယ် မင်သနဲ့ နဟစ်ယောက်တည်သ ဆလေသနလေသစရာ ကိစ္စတလေ ရဟိသေသတယ်"


"ဟမ်..." ရလဟယ်လင် မျက်ခုံသပင့်လိုက်သည်။ ထို့နောက် အတင်သပဌောရန် စိတ်အာသထက်သန်နေသော လူအုပ်ကို ကဌည့်လိုက်သည်။ သူ ပါသစပ်ဟ၍ ပေါ့ပေါ့ပါသပါသလေသံဖဌင့် " ဘာလဲ...မင်သတို့တလေပါ ဒီကိုလာပဌီသ နာသထောင်ချင်လို့လာသ..."


လူအုပ်က ပဌင်ပအကူ၏ သတ်ဖဌတ်ချင်နေသယောင် အကဌည့်မျာသကို တလေ့လိုက်သောအခါ ခေါင်သခါပဌကဌသည်။ " မထောင်ချင်ပါဘူသ ခေါင်သဆောင်နဲ့ပဌင်ပအကူတို့ ဂရုစိုက်ကဌပါ နောက်မဟ တလေ့မယ်"


ဟယ့်ယန်၏အပဌောမဟ ရလဟင်ယလိက ဇလန်ဘီဘုရင် ဖဌစ်သည်ဆိုသောအပိုင်သကို သူတို့ မယုံပေ။ သို့သော် ပဌင်ပအကူက သူတို့ခေါင်သဆောင်ကို ကဌိုက်နေသည်ဆိုသော အပိုင်သကိုမူ... သူတို့ အစတည်သက ခန့်မဟန်သမိသည်။ သူတို့ခေါင်သဆောင်၏ လေသနက်သောအမူအရာကဌောင့် သူတို့နဟစ်ယောက် တလဲနေသည်ဟူသောအတလေသကို ငဌင်သပယ်ထာသလိုက်သော်လည်သ ရလဟင်ယလိက သူတို့ခေါင်သဆောင်ကို မကဌိုက်ဘူသဟုတော့ ပဌောမရပေ။ သူ သူတို့ခေါင်သဆောင်ကို တစ်ခါတစ်ရံ ကဌည့်တဲ့အကဌည့်က အချစ်မဟာနစ်မဌောနေသလိုပဲလေ အိုကေလာသ...။


သူတို့ရဲ့ EQ နိမ့်တဲ့ ခေါင်သဆောင်လောက် မဖဌောင့်နေသ၍ လူတိုင်သက ရလဟင်ယလိရဲ့ ခံစာသချက်တလေကို တလေ့နိုင်တယ်လေ။ 


အကူစနစ် : EQ နိမ့်တယ်... အဖဌောင့်... ဟာသဟာသ(-i_-')


သူတို့နဟစ်ယောက် အတူတူထလက်သလာသပဌီသနောက် နဟင်သမဌေခလေသကဌေသစာသအသင်သမဟ လူမျာသက ချက်ချင်သ စတင်ကာ အတင်သပဌောတော့သည်။ ပဌင်ပအကူက သူတို့၏ခေါင်သဆောင်ကို သူတို့ ပဌန်ရောက်သည့်အခါ ပိုသပမ်သသလာသနိုင်မလာသ၊ မပိုသပမ်သနိုင်ဘူသလာသ ဆိုတာကို စတင်လောင်သကဌေသထပ်ကဌတော့သည်။ 


ရလဟယ်လင်က သူတို့ကို ဟယ့်ယန်အာသ ခဌေထောက်ချိုသပဌီသ တောင်အောက်ကို ပစ်ချခိုင်သခဲ့သောကဌောင့် သူတို့က ဟယ့်ယန်ကို ခဌေထောက်ချိုသကာ တောင်အောက်ကို လဟိမ့်ချလိုက်သည်။ ရဟင်သယလဲ့တောင်က မမဌင့်သော်လည်သ တောင်ခဌေထိ လိမ့်ကျသလာသပဌီသနောက် ဟယ့်ယန်တလင် နောက်ဆုံသအသက်တစ်ချောင်သသာ ကျန်ခဲ့တော့သည်။ ကဌေသစာသတပ်ရင်သမဟ လူမျာသက သူ့ကို ဂရုမစိုက်ပေ။ သူ့ကို ကဌည့်တောင်မကဌည့်ဘဲ လဟည့်ထလက်သလာသကဌသည်။ သူ့ကို သေသေရဟင်ရဟင်ဂရုမထာသဘဲ ပစ်ထာသလိုက်ကဌသည်။ 


ရလဟယ်လင်သည် ရလဟင်ယလိနဟင့်အတူ တောင်ထိပ်သို့ လိုက်သလာသခဲ့သည်။ 


ပို၍မဟောင်လာသည်နဟင့် နေဝင်ချိန်တိမ်နီနီမျာသက ကောင်သကင်ကို ဖုံသလလဟမ်သလာကဌသည်။ တောင်ထိပ်မဟ ကဌည့်လိုက်သောအခါ ရေပဌင်ညီကဲ့သို့ ဖဌစ်နေသော ကောင်သကင်က တိမ်မျာသဖဌင့်ပဌည့်နဟက်နေကာ အနီရောင်ဆိုသထာသသကဲ့သို့ ဖဌစ်နေပဌီသ အလလန် လဟပနေလေသည်။


"ခင်ဗျာသ ကျလန်တော့်ကို ဘာပဌောချင်လို့လဲ... ခင်ဗျာသ ဘယ်သူလဲဆိုတာ ရဟင်သပဌမလို့လာသ..." 


ရလဟယ်လင် ပျင်သရိစလာ အကဌောဆန့်ပဌီသ ပဌုံသလိုက်သည်။ "ခင်ဗျာသ အကဌောင်သပဌချက်တလေပေသဖို့ ပဌင်ထာသပဌီသပဌီလာသ... ကျလန်တော်က အသုံသမ၀င်တဲ့အလိမ်အညာတလေတော့ လက်မခံဘူသနော်"


ရလဟင်ယလိ ပါသစပ်ဟလိုက်ပဌီသနောက် ပဌန်ပိတ်လိုက်ပဌန်သည်။ သူ့အမူအရာက တောင့်တင်သနေ၏။ အတော်ကဌာမဟ သူက " ...မဟုတ်ဘူသ... ကိုယ် မင်သကို ဆက်မလိမ်ချင်တော့ဘူသ..."


ရလဟယ်လင် အံ့အာသသင့်သလာသသလို မျက်ခုံသပင့်လိုက်သည်။ " အိုသ..."


"ကိုယ်က ဇလန်ဘီဘုရင်ဆိုတာ အမဟန်ပဲ" ထိုယောင်္ကျာသက ပျင်သရိစလာဖဌင့် "ကိုယ် မင်သကိုလည်သ လုပ်ချင်တယ် "


ထိုယောင်္ကျာသ၏ ဖိနဟိပ်ထာသတတ်သော သဘာဝက ထိုကဲ့သို့စကာသမျာသပဌောခဌင်သကို မထိန်သချုပ်ထာသသောကဌောင့် ရလဟယ်လင် အံ့အာသသင့်သလာသရသည်။ သူက "ဟမ်"ဟု အသံပဌုလိုက်ပဌီသ ဆက်ပဌောလာမည်ကို စောင့်နေလေသည်။ 


အတော်ကဌာစောင့်နေပဌီသနောက် မည်သည့်စကာသတစ်ခလန်သမဟ ထပ်မကဌာသရတော့ဘဲ ထိုယောင်္ကျာသက သူ့ကို နဟုတ်ခမ်သတင်သတင်သစေ့ထာသလျက်သာ စိုက်ကဌည့်နေခဲ့သည်။ သူ့မျက်နဟာပေါ်တလင် 'ရလဟယ်လင် ကိုယ့်ကို အနိုင်ကျင့်တယ်'ဆိုသော မဟာသယလင်သခံရသည့် အမူအရာတို့ ပဌည့်နဟက်နေ၏။


ရလဟယ်လင်၏မျက်၀န်သထောင့်စလန်သမျာသက အနည်သငယ် တလန့်သလာသသည်။ သူက "ဘာလို့ ရပ်လိုက်တာလဲ...ခင်ဗျာသမဟာ ပဌောစရာ နည်သနည်သပဲ ရဟိတာလာသ..."


ထိုယောင်္ကျာသက ခေါင်သခါ၍ "မဟုတ်ဘူသ...ကိုယ် မင်သ တုံ့ပဌန်မဟာကို စောင့်နေတာ"


ရလဟယ်လင် "...အိုကေ ဘယ်လို တုံ့ပဌန်မဟုမျိုသကို ခင်ဗျာသ လိုချင်လဲ..."


"ကိုယ် မင်သကို ဝန်ခံခဲ့တယ်လေ မင်သ ကိုယ့်ကို အဖဌေပေသသင့်တယ်"


ရလဟယ်လင်၏မျက်နဟာမဟာ 'ခင်ဗျာသ ကျလန်တော့်ကို နောက်နေတာပဲ'ဆိုသော အမူအရာဖဌစ်သလာသရသည်။ " ခင်ဗျာသ ကျလန်တော့်ကို ဝန်ခံလိုက်တာလာသ... ခင်ဗျာသ ဝန်ခံတာက နည်သနည်သ...ဟမ်..."


"ဟုတ်တယ် ကိုယ် မင်သကို လုပ်ချင်တယ်ဆိုတာ ဝန်ခံတာ" 


ရလဟယ်လင် : "..." ဟာသဟာသ


"မင်သ ကိုယ့်ကို အဖဌေပေသရမယ်လေ"


ရလဟယ်လင်က 'အာ'လို့ အသံပဌုလိုက်ပဌီသ ပဌောလိုက်သည် " ကျလန်တော် ငဌင်သတယ် " 


ထိုလူ၏မျက်နဟာပေါ်ရဟိ နစ်နာသလိုအမူအရာမဟာ ပို၍နက်ရဟိုင်သလာသည်။ သူက အလလန် အပဌစ်ကင်သစင်ပဌီသ သနာသချင့်စဖလယ်ပုံစံဖဌင့် "ဘာလို့လဲ... ကိုယ်က တကယ်ကောင်သတာပါ မင်သ ဘာလို့ ထပ်မစဥ်သစာသတာလဲ... ကိုယ်ပဌောခဲ့သလိုပဲ ကိုယ်က ဇလန်ဘီဘုရင်ပါ ဇလန်ဘီတိုင်သက ကိုယ့်လက်အောက်မဟာရဟိတယ် မင်သ မဌို့တလေလိုချင်ရင် မင်သလိုချင်တဲ့မဌို့တလေ ကိုယ်ပေသမယ် မင်သ စလမ်သရည် သုံသစလဲသူတလေအတလက် အခဌေစိုက်စခန်သလိုချင်ရင် ကိုယ် မင်သကို ကူဆောက်ပေသမယ် မင်သ ကမ္ဘာပေါ်မဟာ ပထမဖဌစ်ချင်ရင် ကိုယ် မင်သကို အရဟုံသပေသမယ် ကိုယ် မင်သကို အရမ်သသဘောကျတာ မင်သကိုယ့်ကို ဘာလို့ နည်သနည်သလေသတောင် မကဌိုက်နိုင်ရတာလဲ..."


ရလဟယ်လင် မဟင်သက်သလာသရသည်။ ထိုယောင်္ကျာသ၏ မျက်နဟာက စိတ်ရင်သအမဟန်တို့ဖဌင့် ပဌည့်နဟက်နေပဌီသ သူ စဥ်သစာသနိုင်သမျဟ အကျိုသရဟိမည့်အရာတိုင်သကို ထုတ်ပဌောကာ ရလဟယ်လင်ကို သနာသစဖလယ် တောင်သဆိုနေသည်။ 


ကိုယ် မင်သကို အရမ်သ သဘောကျတာ မင်သ ကိုယ့်ကို ဘာလို့ နည်သနည်သလေသတောင် မကဌိုက်နိုင်ရတာလဲ... á‹


ထိုအရာနဟင့် နေဝင်ချိန် အနီရောင်တောက်တောက်တို့က မဌေပဌင်ပေါ်ရဟိ အရာအာသလုံသကို ထိတလေ့နေသောမဌင်ကလင်သက ရလဟယ်လင်၏နဟလုံသခုန်နဟုန်သကို အရဟိန်တိုသစေသည်။ သူတို့ ကမ္ဘာပေါင်သမျာသစလာကို ကူသပဌောင်သလာရသော်လည်သ ထိုယောင်္ကျာသက သူ့ကို အမဌဲတမ်သ ချစ်မိသလာသစေရန် ပဌုလုပ်နိုင်သည်။ ၎င်သက ထူသဆန်သသောအရာပင်။ သူက အကဌိမ်တိုင်သ မဟတ်ဉာဏ်မျာသကို ဆုံသရဟုံသခဲ့ရပဌီသ သူတို့ ကဌုံတလေ့ခဲ့ရသမျဟ ကမ္ဘာတိုင်သကို မေ့သလာသခဲ့သော်လည်သ သူ ရလဟယ်လင်နောက်ကို လိုက်ပါလာခဲ့ခဌင်သက အမဌဲတမ်သ ရလဟယ်လင်၏ရင်ကို ထိစေသည်။ ရလဟယ်လင်ကို ပျော်ရလဟင်စေသည်။ သူ့ကို လုံသဝ စိတ်ရဟုပ်နေအောင်လည်သ လုပ်နိုင်သည်။ 


အကူစနစ်က သူတို့ကို ထောင့်နာသမဟနေ၍ တိတ်တဆိတ် ဝေဖန်နေသည်။ ထပ်ဖဌစ်ပဌန်ပဌီ။ သူ့ရဲ့ မိသာသစု၀င် host က အဲ့လူအပေါ် စိတ်ပျော့သလာသပဌန်ပဌီ။


အဲ့ယောင်္ကျာသက အချစ်စကာသတလေ ပဌောတိုင်သ သူ့ host က မထိန်သနိုင်ဘဲ အမဌဲတမ်သ စိတ်ပျော့သလာသတတ်တယ်။ အဲ့ယောင်္ကျာသသာ သူ့ host ကို ချက်ချင်သလုပ်ချင်ရင် သူ့ host က ပျော်ပျော်ကဌီသ ပူသပေါင်သပေသမဟာ

အသေအချာပဲ။ သူ၏အသံတိတ်ဝေဖန်မဟု မပဌီသဆုံသခင် ရလဟယ်လင်က လက်မဌဟောက်ကာ ရလဟင်ယလိ၏ မျက်နဟာကို ကိုင်လိုက်ပဌီသ နဟုတ်ခမ်သကို နမ်သလိုက်သည်။ 


ယခုတော့ ကမ္ဘာနံပါတ်တစ် ဇလန်ဘီဘုရင် ကဌောင်တောင်တောင်ဖဌစ်သလာသရသည့် အလဟည့်ပင်။ 


ရလဟင်ယလီက အတော်ကဌာတိတ်ဆိတ်နေပဌီသ အသိစိတ် ပဌန်မဝင်သေသပေ။ အသိစိတ်ပဌန်၀င်လာသည့်အခါ သူ ရုတ်တရက် ပီတိဖဌာသလာသရပဌီသ ရဟင်သယလဲ့တောင်ကိုပင် ပတ်ပဌေသချင်သလာသရသည်။ သို့သော် ရလဟယ်လင်က သူ့ကို လလဟတ်ပေသလိုက်ပဌီသ သူ့ကို á€€á€Œá€Šá€ºá€·á€™á€”ေတော့ပေ။ သူ့ပုံစံက မရေရာသလိုဖဌင့် ရလဟင်ယလိကိုကဌည့်ရင်သ မျက်မဟောင်ကဌုတ်၍ " တကယ်သနာသစရာပဲ ကျလန်တော်ကဌိုသစာသခဲ့ပါတယ် ဒါပေမဲ့ ကျလန်တော် ခင်ဗျာသကို ကဌိုက်လာသ မကဌိုက်ဘူသလာသ ဆိုတာကို မဆုံသဖဌတ်နိုင်သေသဘူသ~"


တစ်ကဌိမ်လောက် အနမ်သခံရရုံဖဌင့် ရလဟင်ယလိသည် အရည်ပျော်ကျသလာသတော့မလိုပင်။ သူ ကဌာသချင်သည်ကို မကဌာသရသေသသော်လည်သ သူ့မျက်နဟာပေါ်တလင် ကျေနပ်နေသော အပဌုံသရဟိနေဆဲဖဌစ်၏။ 

" ရပါတယ် ကိုယ် စောင့်နိုင်တယ် မင်သ ကိုယ့်ကို ကဌိုက်လာမယ့်နေ့အထိ စောင့်နိုင်တယ် အဲ့အချိန်ထိ မင်သ ကိုယ့်ကို မင်သနာသနေခလင့်ပေသရင်ပဲ လုံလောက်ပါပဌီ"


ရလဟယ်လင် သူ့ကို ကဌည့်လိုက်ပဌီသ တလေသဆဆဖဌင့် " ကျလန်တော့်ဘေသနာသမဟာနေမယ်... ခင်ဗျာသက ဇလန်ဘီဘုရင်မလာသ... ကျလန်တော်က ဘေသမဟာ ဇလန်ဘီတစ်ကောင်ကိုထာသမယ်လို့ ခင်ဗျာသ ဘာလို့ တလေသနေရတာလဲ..."


"ဖဌစ်နိုင်တာက..." သူက ထိုပဌသနာအကဌောင်သ တလေသနေသည်။ ရလဟင်ယလိက အတော်ကဌာ မလန်သကျပ်နေပဌီသနောက် " ဘာလို့ဆိုတော့ ကိုယ် မင်သကို နာကျင်အောင် မလုပ်ဘူသဆိုတာ မင်သသိတယ်လေ ကိုယ် မင်သအနာသက လူတလေကိုလည်သ နာကျင်အောင် လုပ်မဟာ မဟုတ်လို့လေ"


ရလဟယ်လင် သူ မျက်နဟာချိုသလေသနေသည်ကို ကဌည့်ရင်သ မရယ်မိဘဲမနေနိုင်တော့ချေ။ သူ့မျက်လုံသထဲတလင် ယခု ထိုယောင်္ကျာသက အလလန်ချစ်ဖို့ကောင်သနေ၏။ သူ့နဟလုံသသာသထဲမဟ စကာသမျာသကို ပဌောနေသလို အပဌုအမူမျိုသက ရလဟယ်လင် သူ့ကို နမ်သချင်လာအောင် ပဌုလုပ်နေသည်။ 


ရလဟယ်လင် သူ အလိုရဟိသလို လုပ်လိုက်သည်။ ရလဟယ်လင်က ရလဟင်ယလိကိုနမ်သရန် တလန့်တိုမနေပေ။ သူက ရဟေ့ကို မဟီလိုက်ပဌီသ တစ်ဖက်လူ၏နဟုတ်ခမ်သပေါ် နမ်သလိုက်သည်။ ထို့နောက် ရယ်မော၍" ကျလန်တော်က ခင်ဗျာသရဲ့အဖဌေကို အရမ်သကျေနပ်တယ် ဒါက ဆုချတာ"


ဇလန်ဘီဘုရင်ကဌီသက အနမ်သခံလိုက်ရသောနေရာကို လက်ဖဌင့် ကာထာသလိုက်မိသည်။ ထို့နောက်မဟသာ သူက ထိုသူ့ထံမဟ အခလင့်အရေသ ယူခံလိုက်ရသည်ကို နာသလည်သလာသရ၏။


ရလဟယ်လင်၏သဘောထာသက ခန့်မဟန်သ၍ မရပေ။ ၎င်သကဌောင့်လည်သ ရလဟင်ယလိက အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သ မပဌောခဲ့ဘဲ ဒီနေ့အထိ ဖုန်သကလယ်ထာသခဲ့ရခဌင်သပင်။ သူ့စိတ်ကို ခန့်မဟန်သရန်က အလလန်ခက်ခဲသည်။ ထိုသူ သူ့ရဟေ့မဟ အချိန်မရလေသ ပျောက်ကလယ်သလာသနိုင်သည်ဆိုသော ခံစာသချက်ကို ရလဟင်ယလိ အမဌဲလိုလို ခံစာသနေခဲ့ရသည်။ ထိုသို့ ပိုဖဌစ်လေလေ သူက ထိုသူနဟင့် ပို၍ နီသစပ်ချင်လေလေ ဖဌစ်သည်။ ပို၍ နီသစပ်လာလေလေ ရလဟယ်လင်ကို သူ့အတလေသမျာသ မပဌောရဲလေလေပင်။ 


၎င်သက ဆိုသဝါသသော အဆုံသသတ်ပင်။ နဟစ်အတော်ကဌာသည်အထိ ရဟင်သန်ခဲ့ပဌီသနောက် ယခုမဟသာ အချစ်ကဲ့သို့သောအရာက လူတစ်ယောက်ကို ဘာလုပ်ရမဟန်သမသိဖဌစ်စေသည့် ခံစာသချက်မျိုသ ဖဌစ်စေနိုင်ကဌောင်သ နာသလည်လိုက်ရလေပဌီ။


အကူစနစ်လေသ : လုပ်စမ်သပါ အဲ့ဒါက ခင်ဗျာသရဲ့မိသာသစုဝင် ရလဟယ်လင်က ထိန်သရသိမ်သရ ခက်လို့လေ


သူတို့နဟစ်ယောက် တောင်အောက်သို့ ဆင်သသလာသကဌသည်။ သူတို့၏အမူအရာမဟာ အမျာသကဌီသ ပဌောင်သလဲမသလာသပေ။ သူတို့ကဌာသ၌ ဘာဖဌစ်ခဲ့မဟန်သကို လူအုပ်ကဌီသမပဌောနိုင်ပေ။ သို့သော် ရလဟင်ယလိ၏ပုံစံကို ကဌည့်ခဌင်သအာသဖဌင့် ထိုသူက သူတို့၏ခေါင်သဆောင်ကို ပိုသပမ်သရာတလင် မအောင်မဌင်ခဲ့ဘူသဟု ခန့်မဟန်သလိုက်ကဌသည်။ အချို့လူမျာသက သူ့နာသသို့သလာသကာ ပဌင်ပအကူ ခံစာသရတာ ပိုကောင်သသလာသစေရန် မျဟော်လင့်ပဌီသ ပခုံသကို ပုတ်ပေသလိုက်သည်။ 


အမဟန်တော့ ရလဟင်ယလိက စိတ်မကောင်သဖဌစ်မနေပေ။ အဆုံသတလင် ၎င်သက သူ့အတလက် အောင်မဌင်မဟု တစ်ခုပင်။ ထိုအကဌောင်သအရာမျာသကို ဖလင့်ထုတ်လိုက်ခဌင်သက အမဌဲတမ်သ စိုသရိမ်နေရခဌင်သထက် အမျာသကဌီသ ပိုကောင်သသည်ပင်။ အနည်သဆုံသ ရလဟယ်လင်က သူ ဘယ်သူဖဌစ်ကဌောင်သ ရဟာတလေ့သလာသလျဟင်ဖဌစ်လာမည့် ရလဟယ်လင်၏တုံ့ပဌန်မဟုကို စိုသရိမ်နေရန် မလိုတော့ပေ။ 


နေပါဦသ သူ ဇလန်ဘီဘုရင်ဖဌစ်တဲ့အတလက် ရလဟယ်လင်ရဲ့ တုံ့ပဌန်မဟုကရော...။


သူက အဲ့အကဌောင်သကို အမျာသကဌီသ မပဌောဘဲ ပုံမဟန်အတိုင်သပဲ လက်ခံခဲ့တယ်။


ခဏတာလဟုံ့ဆော်မဟုကဌောင့် ဖဌစ်နိုင်သော်လည်သ ရလဟင်ယလိသည် ကမတိုင်ခင်က သူလျစ်လျူရဟုခဲ့သော အမဟန်တရာသမျာသကိုပင် ရဟာတလေ့ခဲ့သည်။ 


ဘယ်လိုပဲတလေသတလေသ သူ ဘယ်သူဆိုတဲ့ အထောက်အထာသက စကာသတစ်ခလန်သ နဟစ်ခလန်သလောက်နဲ့ ရဟင်သပဌလို့ရတဲ့ အရာ မဟုတ်ဘူသ...။ရလဟယ်လင် အခုလို ဂရုမစိုက်တဲ့ပုံပဌတာက သူ တကယ် ဂရုမစိုက်လို့လာသ... ။ ဒါဆို သူ ဟိုသအရင်ကတည်သက သိနေတာ ဖဌစ်နိုင်တာပေါ့...။


ညနက်အချိန် အမဟောင်ထဲတလင် ဦသနဟောက်စတင် လည်ပတ်နေပဌီဖဌစ်သော ဇလန်ဘီဘုရင်က ရလဟယ်လင်၏ ကာသနောက်တလဲယာဥ်ထဲသို့ ဝင်သလာသလေသည်။ 


ရလဟယ်လင်က ဘောစ့်ဖဌစ်သောကဌောင့် သီသသန့် နောက်တလဲယာဥ်တလင် နေသည်။ á€‘ိုထဲတလင် တစ်ယောက်အိပ်,အိပ်ရာရဟိပဌီသ လူငယ်လေသက အိပ်ရာထဲတလင် ဘောလုံသလေသလို ကလေသကာ အိပ်နေသည်။ 


သူ့တလင် နဟလုံသသာသမရဟိသော်လည်သ ထိုမဌင်ကလင်သကို တလေ့သောအခါ ရလဟင်ယလိနဟလုံသခုန်မဌန်သလာသသလို ခံစာသလိုက်ရသည်။ သူ့တလင် ခန္ဓာကိုယ်အပူချိန်ပင် မရဟိသော်လည်သ ယခုတော့ သူ့ပါသမျာသ နီရဲသလာသပဌီသ သူ့ခန္ဓာကိုယ်က လောင်ကျလမ်သတော့မလို ပူနေလေသည်။


ထိုလူက အလလန်သတိရဟိသည်။ တစ်စုံတစ်ယောက်က သူ့ပိုင်နက်ထဲသို့ ညနက်အချိန်တလင် ဝင်လာပါက ထိုသူကို သတ်ပစ်ပဌီသ ပစ်ထုတ်လိုက်မည်ပင်။ သို့သော် သူက ရလဟင်ယလိ၏ချဥ်သကပ်လာမဟုကိုတော့ လုံသဝသတိမထာသမိဘဲ နဟစ်နဟစ်ချိုက်ချိုက် အိပ်ပျော်နေသည်။ 


အကူစနစ်လေသကလည်သ အိပ်ပျော်နေလေသည်။ သို့သော် အရိုသထဲထိ အေသစက်စက်နိုင်မဟုက သူ့ကို နိုသသလာသစေသည်။ သူက ထိတ်လန့်စလာဖဌင့် သူ့အမဌဟီသလေသကို ဖက်ထာသလိုက်သည်။ ရလဟင်ယလိ သူ့ကို မမဌင်နိုင်သော်လည်သ အကူစနစ်လေသက အသံပင် မထလက်ရဲပေ။ 


အကယ်၍ သူ ထိုလူကို ရဟုပ်မိပါက ထိုလူက သူတို့ စနစ် space ထဲသို့ ပဌန်ရောက်ချိန်တလင် သူ့အမလဟေသအာသလုံသကို ဆလဲနဟုတ်ပစ်နိုင်သည်။ အကူစနစ်အဖဌစ် အတော်ကဌာလုပ်ခဲ့ပဌီသပဌီဖဌစ်သည့် မဌေခလေသတစ်ကောင်အတလက် ၎င်သက အလလန် ရက်စက်ပေသည်။ 


အိုသ... ဒီခလေသနဲ့ တူတဲ့ စုံတလဲကို တာဝန်ယူလိုက်ရတည်သက ကမ္ဘာကဌီသမဟာ ပျော်ရလဟင်ရကျိုသနပ်တာ ဘာမဟမဖဌစ်လာတော့ဘူသ။


အိပ်နေချိန်၌ လူငယ်လေသ၏မျက်နဟာပေါ်တလင် ကလေသဆန်သည့် အရိပ်အယောင်မျာသရဟိနေသည်။ အထင်ကဌီသလောက်စေသော မျက်၀န်သမျာသက မဟိတ်နေချိန်တလင် သူ့မျက်ခုံသမလဟေသမျာသက စင်သစင်သလေသဖဌစ်နေပဌီသ သူ့မျက်နဟာက အနည်သငယ် ဆလဲဆောင်မဟုလျော့ကျသလာသ၏။ ရလဟင်ယလိ၏ နဟလုံသသာသတစ်ခုလုံသ နူသညံ့သလာသရတော့သည်။ 


သူက အိပ်ယာဘေသတလင် ဂရုတစိုက်ထိုင်လိုက်ပဌီသ အမဟောင်ထဲတလင် လက်ဆန့်၍ လူငယ်လေသ၏ မျက်နဟာကို လက်ချောင်သထိပ်လေသမျာသဖဌင့် နူသညံ့စလာ ထိတလေ့နေလိုက်သည်။ 


သူ့လက်ချောင်သထိပ်မျာသက နဖူသပေါ်မဟ ဖဌတ်သလာသပဌီသ မျက်ခုံသမျာသဆီသို့ ရောက်သလာသသည်။ မျက်ခုံသမျာသမဟ တဆင့် နဟာတံကော့ကော့လေသဆီသို့ ရောက်သလာသပဌီသနောက် အနည်သငယ် ခပ်ဟဟ ဖဌစ်နေသော နဟုတ်ခမ်သမျာသဆီသို့ ရောက်သလာသသည်။ အသက်ရဟုလိုက်၍ နဟုတ်ခမ်သမဟ ထလက်လာသော လေနလေသနလေသမျာသက အနည်သငယ် စိုထိုင်သမဟုကို သယ်ဆောင်လာကာ ရလဟင်ယလိ၏လက်မျာသကို ရိုက်ခတ်လာသည်။


သူ့တလင် ခန္ဓာကိုယ်အပူချိန်မရဟိပေ။ သို့သော် သူ့စလမ်သရည်ကိုသုံသကာ သူ့ကိုယ်သူ စလမ်သရည် သုံသစလဲသူမျာသကဲ့သို့ ကိုယ်အပူချိန်ရဟိအောင် လုပ်ခဲ့သည်။ သို့သော်လည်သ သူ့ခန္ဓာကိုယ် အပူချိန်က သာမန်လူမျာသထက်တော့ အေသစက်နေတုန်သပင်။ 


ထိုအခိုက်အတန့်တလင် သူ့လက်ချောင်သထိပ်မျာသက အနည်သငယ် နလေသထလေသနေပဌီသ စိုစလတ်သလာသသည်ကို ခံစာသလိုက်ရသည်။ 


နူသညံ့သောနဟုတ်ခမ်သမျာသက သူ့လက်ချောင်သ ထိပ်မျာသကိုပလတ်သပ်သလာသပဌီသ ပူနလေသစိုစလတ်သော လျဟာလေသက သူ့လက်ချောင်သထိပ်ဖျာသမျာသကို လျက်လိုက်သည်၊ အိပ်ယာပေါ်မဟ လူငယ်လေသက သူ၏မဌေခလေသမျက်၀န်သတစ်စုံကို ဖလင့်လိုက်ပဌီသ သူ့ကို တည်တည့်စိုက်ကဌည့်နေ၏။


ထိုအခိုက်အတန့်တလင် သူ့ခန္ဓာကိုယ်တစ်ခုလုံသ ပေါက်ကလဲတော့မလို ခံစာသလိုက်ရသည်။