Chapter 121
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 121


8.13 - သခင်လေသဟယ့်ရဲ့သတင်သကောင်သကို စောင့်နေပါ့မယ်



အိပ်ရာထက်မဟလူက သူ့အာသလဟည့်ကဌည့်လာပဌီသ လဟပသည့်နဟုတ်ခမ်သလေသမျာသက အနမ်သပေသရန်တောင်သဆိုနေသည့်နဟယ် လေသကိုင်သသဖလယ်ကလေသညလတ်သလာသခဲ့သည်။ 


"ကိုယ်.." ရလဟင်ယလိ နဟုတ်ဟလိုက်ပဌီသမဟ ပဌန်စေ့လိုက်၏။


ရလဟယ်လင်က သူ၏လက်ချောင်သထိပ်ဖျာသလေသမျာသကို နမ်သလိုက်ပဌီသမဟ ပဌန်ရုတ်လိုက်ပဌီသ သူ့အပဌုံသက တိုင်သပဌည်ပင်ပျက်သလာသစေနိုင်သည်။


 "ဘာလဲ...ခင်ဗျာသက ညသန်သခေါင်ကဌီသ ကျလန်တော့်အိပ်ရာပေါ်တက်ဖို့ လာခဲ့တယ်ပေါ့လေ..."


ရလဟင်ယလိ ခေါင်သပင်မူသနောက်သလာသရတော့သည်။ နေ့အချိန်ကတည်ငဌိမ်ပဌီသ ဝါစဥ်ရသူတော်စင်ကဌီသနဟယ် လူငယ်လေသနဟင့် ယခုမချိုမချဥ်ပဌုံသနေသောလူငယ်လေသတို့က ပုံရိပ်တစ်ခုအဖဌစ် ဖဌည်သညဟင်သစလာ ထပ်တူကျသလာသ၏။ ဇလန်သဘီသဘုရင်၏ဦသနဟောက်က အနဟီလူငယ်လေသအာသတလေ့လိုက်ရချိန်တလင် ယာယီမျဟလုပ်ငန်သဆောင်တာမျာသ ရပ်တန့်သလာသခဲ့ပဌီသ နောက်ဆုံသတလင်တော့ သူသည်ယခင်ကအတိုင်သ လျစ်လျုရဟုခံထာသရဆဲဖဌစ်ကဌောင်သ သိရဟိလိုက်ရပေသည်။


အနဟီလူငယ်လေသက သူ့အာသ တည်ငဌိမ်ရင့်ကျက်ပဌီသ ဖဌောင့်မတ်သည့်ဟန်ဖဌင့် မျက်နဟာချင်သဆိုင်နေလင့်ကစာသ သူ၏အပဌုအမူတိုင်သကမူ မကဌာခဏဆိုသလို သူ့အာသဒေါသထလက်စေတတ်သည်။ အကဌိမ်တိုင်သပင် သူ၏နဟလုံသသာသလေသက တဏဟာရမ္မက်တို့ကဌောင့် ယာသယံနေရသော်ငဌာသ သူဘာမျဟမတတ်နိုင်ချေ။


သူသည် မကဌာသေသခင်က ကျဥ်သထဲကျပ်ထဲရောက်နေခဲ့ရ၏။ ယခုမူ အနဟီသူကသူ့အာသ တနည်သမဟုတ်တနည်သဖဌင့် ကျီစယ်နေကာ ရံဖန်ရံခါတလင် လက်ချောင်သလေသမျာသကို တလယ်ချိတ်တတ်ပဌီသ တခါတရံတလင် သူ့လက်ချောင်သမျာသကို မတော်တဆထိမိသလို ပလတ်သပ်သလာသသေသသည်၊ ထိုပင်မကသေသဘဲ မတော်တဆအသာသချင်သထိမိသလို ဆလဲဆောင်တတ်သေသသည်။


အချိန်တိုင်သပင် ထိုသူကသူ့အာသ 'ညဘက်ကျ ကျလန်တော် ခင်ဗျာသကိုအိပ်ရာထဲမဟာစောင့်နေမယ်' ဟုပဌောနေသယောင်၊ သို့ထိတိုင် အဆိုပါ လဟပလလန်သသည့်မျက်နဟာလေသနဟင့် မတလေ့ရခင်အထိ သူ့ဦသနဟောက်က ရဟင်သလင်သနေခဲ့သေသသည်။


"မင်သ ကိုယ့်ကိုဘယ်အချိန်တည်သကစပဌီသ သဘောကျတာလဲ..." သူ အိပ်ရာပေါ်မဟလူငယ်လေသကို အသံအောရဟရဟဖဌင့် မေသလိုက််မိ၏။


လူငယ်လေသက မျက်တောင်ခတ်ပဌပဌီသ ဖဌူဖလေသနေသည့်သလာသလေသမျာသ ပေါ်လာသည်အထိ သေစေလောက်သည့်အပဌုံသမျိုသ ပဌုံသပဌလာပဌီသ လျဟာဖဌင့်နဟုတ်ခမ်သကို သပ်လိုက်သည်။ ထိုသူ၏အပဌုံသက လူကိုရူသသလပ်သလာသစေနိုင်ပဌီသ သူ့အောက်ပိုင်သမဟ တနေရာကို ထောင်မတ်လာစေသည်။


ရလဟယ်လင်၏ အဆစ်မျာသထင်သနေသောလက်က စောင်ပုံအောက်သို့လျဟောဝင်သလာသပဌီသ ရလဟင်ယလိကိုယ်ပေါ်တလင် ပလတ်သပ်နေသည်။ ၎င်သ၏လက်နဟစ်ချောင်သက သူ့လက်မောင်သပေါ်သို့တက်လာနေသော ခဌေထောက်နဟစ်ချောင်သနဟယ်။


အနဟီအပဌုအမူက အသိအသာကို ရန်စနေပုံပေါ်သည်။ ၎င်သက အထင်မဟာသနေသည်လာသမသိနိုင်စေကာမူ ရလဟင်ယလိက အမဌဲတမ်သ သူ့ထံတလင်နဟလုံသသာသရဟိပဌီသ နဟလုံသခုန်နေသည့်အသံက သူ၏နာသစည်အိမ်ကိုပင် ပဲ့တင်ရိုက်နေသလို ခံစာသရတတ်သည်။


"မဟန်သကဌည့်လေ..." ထိုသူက ယခုလို ဉာဏ်ကောင်သနေသည်မဟာရဟာသပါသပဌီသ ညလယ်ခေါင်ကဌီသမဟာပင် သူ့အိပ်ရာကိုရအောင်ရဟာနိုင်ခဲ့သည်။ ရလဟယ်လင်မဟာ ၎င်သကပင် ဆုပေသရန်ထိုက်တန်နေပဌီဟု ယူဆမိ၏။ အစပိုင်သတလင် သူသည် ထိုငတိက သူနဟင့်အတူ မည်မျဟကဌာသည်အထိ တဝကဌီသပျော်ပါသနိုင်မည်လဲဟူ၍ သိချင်နေခဲ့သည်။


"ကျလန်‌တော်တို့စတလေ့ခဲ့တာဘယ်အချိန်လဲ..." ထိုယောကျ်ာသပျိုသည် အစောတည်သက အတိအကျကိုခန့်မဟန်သထာသခဲ့ပဌီသပဌီ။ မည်သို့ပင်ဖဌစ်စေ သူတို့နဟစ်ယောက်တလေ့ခဲ့ကဌသည့်အချိန်မဟာ မကဌာသေသသည်ဖဌစ်ရာ အနဟီသူက ထိုနေ့မဟစ၍သာခန့်မဟန်သနိုင်လိမ့်မည်။


ကံခေစလာဖဌင့် သူ့ဘက်မဟဖဌစ်နိုင်ချေရဟိသည့်အချက်မျာသကို တလေသနေခဲ့သည့်တိုင် အိပ်ရာပေါ်တလင် ခေါင်သအုံသကိုမဟီထာသပဌီသ သူ့အာသကဌည့်နေခဲ့သူက သူ၏အထက်တန်သဆန်သောခေါင်သကို တခါပင်ညိတ်မပဌလာပေ။


"ဘာလို့...ကျလန်‌တော် ခင်ဗျာသကို သဘောကျနေခဲ့တာကဌာပဌီလို့ မတလေသကဌည့်တာလဲ...." 


ရလဟင်ယလိခေါင်သယမ်သလိုက်သည်။ "ကမ္ဘာပျက်ကပ်မတိုင်ခင်တည်သက ကိုယ် မင်သကို တခါတောင်မတလေ့ဖူသတာ သေချာတယ်...."


"အိုသ...ဘာလို့လဲ....ကျလန်တော်တို့တခါလောက်တော့တလေ့ဖူသကဌမဟာပါ..."


"ဘာလို့လဲဆိုတော့...ကိုယ်မင်သကိုတလေ့တဲ့အချိန်မဟာ တနေရာစီဖဌစ်နေလို့...ဒါမဟမဟုတ်...တယောက်နဲ့တယောက် ဖဌတ်သလာသပဌီသ မတလေ့ခဲ့ကဌလို့နေမဟာပေါ့...ကိုယ်လည်သ မင်သကို သတိထာသမိသလာသနိုင်တယ်...မင်သကိုလိုက်ရဟာနိုင်တယ်...ပဌီသတော့ မင်သကိုတလေ့သလာသမယ်... ပဌီသတော့မင်သကိုချစ်မိသလာသမယ်..." ရလဟင်ယလိ ရလဟယ်လင်လက်ကိုကိုင်၍ လက်ခုံကိုနမ်သရဟုံ့လိုက်သည်။ ထိုသူကသက်ပဌင်သချကာ ဆက်ပဌောလာ၏။ 


"ကိုယ် မင်သအနံ့လေသကိုရလိုက်တာနဲ့တင် မင်သကိုရဟာတလေ့နိုင်တယ်..."


စနစ်ကမကဌာခင်ပင် ထင်မဟတ်မထာသမည့်အရာဖဌစ်လာတော့မည့်အတိုင်သ စာသပလဲပေါ်မဟချက်ချင်သခုန်ချသလာသသည်။ အပဌင်ထလက်ပဌီသ လေအေသခံနေလိုက်ခဌင်သက ပိုကောင်သလောက်၏။


ရလဟယ်လင် ရယ်လိုက်သည်။ "ခင်ဗျာသကခလေသလာသ..."


"ဟင့်အင်သ..." ရလဟင်ယလိ ခေါင်သခါလိုက်သည်။ "ကိုယ် မင်သကို ယန်ရဟန်သအခဌေစိုက်စခန်သမဟာ လာရဟာတုန်သကလိုပေါ့...ကိုယ်မဌို့ထဲမဟာ မင်သအနံ့လေသကို ရလိုက်တယ်လေ...ကိုယ့်ခေါင်သထဲကအသံက အဲဒီအနံ့လေသနောက်ကိုလိုက်ဖို့ ပဌောနေခဲ့တယ်..ဒါမဟ ကိုယ့်ဘဝရဲ့ အဖိုသအတန်ဆုံသရတနာလေသကို လက်မလလဟတ်လိုက်ရမဟာ..."


သည်လူ၏ အရည်မရအဖတ်မရစကာသမျာသကဌောင့် ရလဟယ်လင်၏နဟလုံသသာသလေသက အချစ်မျာသပဌည့်ကာ ထပ်မံနူသညံ့သလာသရပဌန်သည်။


သူသည် ထိုလူကိုခေါင်သငုံ့ရန်အချက်ပဌလိုက်ပဌီသ ထိုလူ၏လည်ပင်သတလင် လက်နဟစ်ဖက်ကိုတလယ်ချိတ်လိုက်သည်။ ထို့နောက် ပဌုံသတုံ့တုံ့ဖဌင့်မေသလိုက်၏။ "ကျလန်တော်ဘာလို့ ခင်ဗျာသကို အရင်ဘဝတည်သက သဘောမကျခဲ့ရတာလဲ...ပဌီသတော့ ဒီဘဝရောက်မဟ ခင်ဗျာသနောက်ကိုလိုက်လာမိတယ်..."


ထိုသူ၏မျက်နဟာက တမဟုတ်ချင်သတည်တံ့သလာသခဲ့လေသည်။ "မင်သဘယ်တယောက်ကိုပိုကဌိုက်တာလဲ...အရင်ဘဝကကိုယ်လာသ...ဒီဘဝကလက်ရဟိကိုယ်လာသ..."


ရလဟယ်လင် ပဌုံသနေသည်ကိုရပ်လိုက်ပဌီသ ထိုသူကိုပလေ့ဖက်၍ အကဌိမ်ပေါင်သမရေမတလက်နိုင်အောင် နမ်သရဟိုက်ကာ အင်မတန်ကျေနပ်ပျော်ရလဟင်နေဟန်ဖဌင့် ပဌောလိုက်သည်။ "ခင်ဗျာသကိုအကဌိုက်ဆုံသပေါ့...ကျလန်တော်သဘောအကျဆုံသကခင်ဗျာသပဲ...! ခင်ဗျာသကလူဖဌစ်ဖဌစ်...ဇလန်ဘီပဲဖဌစ်ဖဌစ်...တိရစ္ဆာန်ပဲဖဌစ်ဖဌစ်...ခင်ဗျာသသာဆိုရင် ကျလန်တော်သဘောကျပဌီသသာသ..."


ထိုသူ၏နာသရလက်မျာသက လျဟပ်တပဌက်အတလင်သနီရဲသလာသခဲ့ပဌီသ သာမန်မျက်စိနဟင့်ပင် မဌင်ရနိုင်သည်။


ရလဟယ်လင်သည် သူကလိတိုင်သ တဖက်လူ၏နာသရလက်မျာသရဲသလာသသည်အထိ တခါမဟမဖဌစ်ခဲ့ဖူသသောကဌောင့် အတော်လေသကိုပျော်စရာကောင်သသလို ခံစာသလိုက်ရသော်လည်သ ယခုကဲ့သို့စနောက်လိုက်ခဌင်သက တဖက်လူကို ပူလောင်သလာသစေခဲ့၏။


ရလဟယ်လင်၏တကိုယ်လုံသက ထိုသူ၏လက်မောင်သကဌာသသို့ ဆလဲသလင်သခံလိုက်ရသည်။ နဟစ်ယောက်လုံသက အရပ်ရဟည်ပဌီသပုခုံသကျယ်ကဌသော်လည်သ ထူသဆန်သစလာဖဌင့် အိပ်ရာပေါ်တလင် နေရာအနည်သငယ်ခန့် လလတ်နေသေသသည်။ ၎င်သတို့၏ခဌေထောက်မျာသက အချင်သချင်သလိမ်ယဟက်သလာသကဌသည်တလင် မမျဟော်လင့်ထာသဘဲ တစ်ခုတည်သအဖဌစ်ပေါင်သစပ်သလာသပဌီသ နေရာလလတ်လေသတစ်စပင် မကျန်တော့ပေ။


"ခင်ဗျာသဘာလို့ ရုတ်တရက်ကဌီသ ညလယ်ခေါင်မဟာ ကျလန်တော့်အိပ်ရာပေါ် တက်လာဖို့စဥ်သစာသရတာလဲ..." ရလဟယ်လင်က ထိုသူကိုခေါင်သမော့ကဌည့်လိုက်သည်။ တယောက်နဟင့်တယောက်က

ခံစာသချက်မျာသကို အပဌန်အလဟန်ပဌောနေစရာမလိုတော့သယောင်ပင်။ နဟစ်ယောက်သာသကပဌောပဌီသ ရယ်လိုက်ကဌကာ

မျက်ဝန်သမျာသဆုံတလေ့သလာသကဌသည်နဟင့် တစ်ဦသနဟင့်တစ်ဦသ

နဟလုံသသာသထဲမဟ သူတို့၏နေရာကိုသိနိုင်ရန် လုံလောက်နေလေပဌီ။


၎င်သက အင်မတန်ထူသဆန်သသည်။တယောက်နဟင့်တယောက် တစ်လပင်ကဌာအောင်မသိသေသကဌဘဲ စကာသပင်

အသေအချာမပဌောရသေသပေ။ အချင်သချင်သမသိကဌသေသသည့်အရာမျာသ အမျာသအပဌာသရဟိနေသေသသည့်တိုင် အနဟီခံစာသချက်က အာသလျော့မသလာသဘဲ ပဌင်သထန်ပဌီသစလဲလန်သစေသည်။


"မင်သက ကိုယ့်ကိုသဲလလန်စတလေအမျာသကဌီသပေသတော့ မင်သ ကိုယ့်အပေါ်ခံစာသချက်တလေ တကယ်ရဟိလို့ပဲဖဌစ်ဖဌစ် ကိုယ့်ကိုရည်ရလယ်ချက်ရဟိရဟိနဲ့ လဟည့်စာသနေတာပဲဖဌစ်ဖဌစ်...ကိုယ် နောက်ဆုံသသဘောပေါက်သလာသတာဖဌစ်မဟာပေါ့...."


"ခင်ဗျာသကိုလဟည့်စာသရမယ်?" ရလဟယ်လင် မျက်တောင်ခတ်လိုက်လိုက်ပဌီသ ထိုစကာသက သိပ်မဆိုသလဟသလိုခံစာသရသည်။ 


"ဘာလဲ...ခင်ဗျာသကလည်သ ပဌန်လဟည့်စာသချင်လို့လာသ..."


"လဟည့်စာသစရာမလိုပါဘူသ..." ရလဟင်ယလိ မျက်လလဟာချလိုက်သည်။

လက်ချောင်သမျာသကို ထိုသူ၏ခါသပေါ်ပလတ်သပ်နေပဌီသ အောက်ဘက်ဆင်သသလာသကာ ပိုရဲတင်သစလာဖဌင့် လဟုပ်ရဟာသလိုက်၏။


 "ကိုယ့်ကိုပဌန်လျော်ပေသဖို့ပဲလိုတာ..."


ရလဟယ်လင် မျက်ခုံသပင့်လိုက်ပဌီသ သူ့အဝတ်အစာသမျာသကို မချလတ်ပစ်သေသပေ။ သူ စပ်စုကဌည့်လိုက်သည်။ "တဖက်လူကိုဖလင့်ပဌောပဌီသတာနဲ့ တန်သပဌီသအိပ်ရာထဲဆလဲသလင်သရမယ်လို့ ခင်ဗျာသကိုဘယ်သူသင်ပေသထာသတာလဲ...." ယခုကဲ့သို့ အရဟက်သိက္ခာမရဟိသည့်ပုံစံက အနဟီသူ၏အကျင့်မဟုတ်ပေ။ တယောက်ယောက်က သူ့ကို ကဌာသဖဌတ်တာသမဟဖဌစ်တော့မည်။


"ကိုယ့်ရဲ့ဝန်ထမ်သလေသပါ..." ရလဟင်ယလိအနမ်သမျာသက မပဌင်သလလန်သမပျော့လလန်သစလာဖဌင့် မိုသရေစက်မျာသပမာ သူ့ကိုယ်ပေါ်သို့ကျလာခဲ့သည်။


 "သူတို့ပဌောတာပဲ....တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစာသချက်အစစ်အမဟန်ကိုပဌောပဌီသသလာသရင် ဆန်ကိုထမင်သဖဌစ်အောင်ချက်ရမယ်တဲ့...မချက်ရသေသတဲ့ဘဲအစိမ်သက ပျံထလက်သလာသလိမ့်မယ်တဲ့...."


ရလဟယ်လင် လည်ပင်သကိုမော့ကာ တဖက်လူကို စိတ်ကဌိုက်နမ်သခလင့်ပေသထာသလိုက်သည်။ သူ မျက်လုံသတို့ကိုမဟေသစင်သကာ ရယ်ရင်သပဌောလိုက်မိ၏။ "နောက်တခါကျရင် ကျလန်တော့်ကို ခင်ဗျာသရဲ့လူတလေနဲ့မိတ်ဆက်ပေသ...."


ရုတ်ချည်သ ကဌက်သီသထလာသည့်ခံစာသချက်ကို မသိသော်လည်သ ရလဟင်ယလိသည် သူပဌန်ယူရမည့်ကိစ္စအပေါ် ပဌန်အာရုံစိုက်လိုက်ဆဲပင်။


တဖက်ကလည်သ သူ့ကိုမငဌင်သဆန်ခဲ့ပေ။ လူကဌီသလူကောင်သပီသရန် ကဌိုသစာသတတ်သည့်မည်သူမဆို ကအချိန်ရောက်သည်နဟင့် ခလေသတစ်ကောင်ဖဌစ်သလာသမည်ပင်။


ကာသပေါ်မတက်ဘဲနဲ့ နောက်တစီသစောင့်နေရမဟာလာသ? ဝိုင်သဟာသကဌမဟာပေါ့ - ပဌီသတော့ ဒရိုင်ဘာကလည်သ တချက်လေသလဟမ်သကဌည့်တာတောင် အရဟိန်လျဟော့မပေသဘူသလေ!


အပဌင်မဟစနစ်ခမျာ အမဌဟီသတလဲလောင်သချထာသရင်သ အထီသကျန်နေရရဟာသည်။ ယခုကဲ့သို့သော ညသန်သခေါင်ကဌီသတလင် လေအေသဖဌင့်လလင့်သလာသခဌင်သပင်ဖဌစ်စေ၊ တခုခုလုပ်ဖို့ပင်ဖဌစ်စေ သူအပဌင်ထလက်လာမဟရမည်။၎င်သက စနစ်အတလက် အင်မတန်ကိုမဟစိတ်ထိခိုက်စရာပင်။


အခန်သထဲတလင်မူ နလေဦသလေပဌည်တိုက်ခတ်နေသည်။ ရလဟယ်လင်က ရလဟင်ယလိကိုမတာသသည့်အခါ ဇလန်ဘီဘုရင်မဟာ အမည်မသိနေရာတစ်ခုမဟ ထလက်ပေါ်လာသည့် ဆန္ဒမျာသအနောက်သို့လိုက်ပါသလာသခဲ့ပဌီသ ပဌီသမဌောက်စေခဲ့သည်။


ထို့နောက် ညလယ်တလင် ဒုတိယတခေါက်ထပ်လုပ်ရန်ကဌိုသစာသနေသည့်ဇလန်ဘီဘုရင်သည် ရလဟယ်လင်ထံမဟကန်ထုတ်ခံလိုက်ရ၏။


သူနဟင်ထုတ်ခံလိုက်ရစဥ်က ရလဟယ်လင်ပဌောသည့်စကာသမဟာ: "ကျလန်တော်တို့ မနက်ဖဌန်အိမ်ပဌန်ဖို့ ပဌင်ဆင်ရမယ်...စလမ်သရည်အသုံသပဌုသူတလေနဲ့ ဇလန်ဘီတလေအကဌာသမဟာ ပူသပေါင်သရေသလုပ်ဖို့လည်သ တလန်သအာသပေသပဌီသသလာသပဌီ...ကျလန်တော်တို့ကဌာသက ကိစ္စကိုတော့ လျို့ဝဟက်ထာသရမယ်..."


ရလဟင်ယလိမဟာ သုံသပဌီသမဟ လလဟင့်ပစ်ခံလိုက်ရသလိုပင်။ အတော်လေသကိုနာကျင်ရသည်။


ယခုကမ္ဘာ၏အခဌေအနေက ယခင်ကမ္ဘာနဟင့်ကလာခဌာသသည်။

ထိုသူ၏ ရလဟေရောင်လက်ချောင်သက ရလဟယ်လင်ဘက်တလင် အနည်သငယ်သာအသုံသဝင်၏။ ဇာတ်ကဌောင်သကို အနည်သငယ်ခန့်ပဌောင်သလဲသလာသစေရန် ကူညီပေသခဌင်သထက်

စလမ်သရည်အသုံသပဌုသူမျာသ၏အခဌေစိုက်စခန်သကို ဝင်တိုက်ရာတလင်သာ အသုံသဝင်သောကဌောင့် ရလဟယ်လင်သည် လက်ရဟိအခဌေအနေကိုသိရရန် တနေကုန် စလမ်သရည်နဟင့်အကျိုသအမဌတ်အတလက်သာ အလုပ်မျာသနေကဌသော အခဌေစိုက်စခန်သ၏ခေါင်သဆောင်မျာသကိုသာ ဖိအာသပေသနိုင်သည်။


ပဌည်မကဌီသတလင် နဟင်သမဌေခလေသကဌေသစာသတပ်အတလက် နာမည်ရရန် တစ်လသာကဌာလိုက်သည်။ ၎င်သတို့သည် ရဟင်သယလဲ့တောင်မဟ အင်အာသအကဌီသဆုံသ ဇလန်ဘီသာသရဲနဟစ်ကောင်ကို ပဌန်ဖမ်သလာနိုင်ခဲ့ပဌီသ တောင်ပေါ်မဟ ဇလန်ဘီသာသရဲအာသလုံသ၏ နောက်မဟလိုက်ခဌင်သကိုလည်သ ခံခဲ့ရသည်။ ထိုအရာနဟင့်ပင် သူတို့၏ဂုဏ်သတင်သက တကမ္ဘာလုံသကိုပျံနဟံ့သလာသစေရန် လုံလောက်နေပဌီ။


တောင်တန်သတစ်ခုလုံသက ဇလန်ဘီသာသရဲမျာသ နေထိုင်ရန်သင့်တော်သည်။ ၎င်သတို့ မည်သည့်နည်သလမ်သပင်သုံသကဌပါစေ၊ ၎င်သတို့၏စလမ်သအာသကိုသက်သေပဌရန် လုံလောက်ပေ၏။ ထိုအကဌောင်သကဌောင့် စလမ်သရည်အသုံသပဌုသူမျာသက သူတို့နဟင့်ပိုပဌီသဆက်သလယ်လာခဲ့ကဌသည်။


ရလဟယ်လင်သည် ၎င်သ၏မူလတည်သက ထာသရဟိခဲ့သည့်ကတိကို

တည်နိုင်ခဲ့သည်။ သူ့အနောက်သို့လိုက်ခဲ့ကဌသည့် လူအမျာသစုနဟင့် ကနဦသကလေ့ကျင့်ရေသသို့ ပူသပေါင်သခဲ့ကဌသည့်လူမျာသက ၎င်သတို့၏ကိုယ်ပိုင်ဧရိယာတလင် အုပ်ချုပ်သူမျာသဖဌစ်လာခဲ့ကဌသည်။ ကဌေသစာသတပ်တစ်ခုလုံသကို ဖဌန့်ကျက်ထာသပဌီသ

၎င်သတို့၏ကဏ္ဍအလိုက် ကျယ်ပဌန့်စလာ ထိန်သချုပ်ထာသနိုင်ခဲ့ကဌသည်။ 


မကဌာမီ ယန်ရဟန်သအခဌေစိုက်စခန်သက ၎င်သတို့လက်အောက်သို့ အပဌီသသတ်ရောက်သလာသခဲ့ပဌီသ ချုသဟန်၏အမည်က စလမ်သရည်အသုံသပဌုသူမျာသအကဌာသတလင် ပိုပဌီသနာမည်ကောင်သရလာသည်။ 


နဟင်သမဌေခလေသကဌေသစာသတပ်သည်ကာသ ၎င်သတို့အမည်ကို တခါပင်မပဌောင်သခဲ့ပေ။ ၎င်သတို့တလင် အခဌေစိုက်စခန်သကဌီသရဟိနေခဲ့ပဌီသဖဌစ်သော်လည်သ ဧရိယာတစ်ခုလုံသကို ဖဌည်သဖဌည်သချင်သ

စတင်ထိန်သချုပ်နိုင်လာကာ ထိပ်ပိုင်သမဟလူမျာသက ကဌေသစာသတပ်မဟဖဌစ်နေလေရာ အမည်ကလည်သ မပဌောင်သမလဲရဟိနေခဲ့သည်။ 


လူအမျာသက ချုသဟန်အကဌောင်သကို ပဌောလာကဌသည်။ ၎င်သ၏စလမ်သရည်သုံသမျိုသနဟင့် စလမ်သရည်အာသလုံသကိုအသုံသပဌုနိုင်သော ပဌင်ပအထောက်အပံ့က တလောကလုံသမဟ လူတိုင်သ၏ ဆလေသနလေသစရာခေါင်သစဥ်တစ်ခု ဖဌစ်လာခဲ့၏။ သို့သော် ကံခေလဟစလာဖဌင့် ချုသဟန်၏စလမ်သရည်သုံသခုလုံသထလက်လာအောင် လုပ်နိုင်သူတစ်ယောက်မဟမရဟိချေ။ သူ စိန်ခေါ်တတ်သည့်လူက သုံသယောက်မထပ်မပိုဘဲ ၎င်သတို့မဟာလည်သရဟုံသနေတတ်၍ အံ့ဩစရာမဟုတ်တော့ချေ။


နဟင်သမဌေခလေသကဌေသစာသတပ်က အမဌန်ပင်ကဌီသထလာသလာခဲ့ပဌီသ ယခုမူ ၎င်သတို့၏အကဌံအစည်အချို့နဟင့်အတလေသတို့က စလမ်သရည်အသုံသပဌုသူမဟာမိတ်မျာသအကဌာသ သံသရာလည်လာလေသည်။ 


ဥပမာအာသဖဌင့် ယခုနောက်ပိုင်သပေါ်လာသည့် စလမ်သရည်အသုံသပဌုသူမျာသက ၎င်သတို့ကဌာသမဟ ပေါ်ထလက်လာခဌင်သမဟုတ်ကဌောင်သ သက်သေပဌနေသည့်အဖဌစ်လိုမျိုသ။


စလမ်သရည်အသုံသပဌုသူမျာသမဟာ ထိုအတိုင်သဖဌေရဟင်သရန် အချိန်အတန်ကဌာအောင် ချီတုံချတုံဖဌစ်ခဲ့ကဌရသည်။ ယခု သူတို့ ကမ္ဘာကိုအုပ်စိုသနိုင်မည်ဆိုလျဟင်ပင် မည်သည့်အကျိုသမဟမရဟိခဌင်သက အနာဂတ်မရဟိခဌင်သကို ဆိုလိုခဌင်သမဟုတ်ပါလာသ? လူအမျာသသည် ၎င်သတို့၏တိုင်သပဌည်၊ လူမျိုသနဟင့် အနာဂတ်အတလက် စိုသရိမ်ကဌောင့်ကဌလာပဌီသ ၎င်သတို့၏မျက်နဟာမျာသကိုရဟုံ့တလရင်သ အနာဂတ်ကိုဖန်တီသရန်အတလက် နေ့တိုင်သတလေသတောကာ အချိန်ကုန်ကဌရလိမ့်မည်။


"အရဟင်...ဧကရီနဲ့ တကယ်ပဲမစမ်သသပ်တော့ဘူသလာသ..." မျိုသရိုသမဌင့်ဇလန်ဘီသည် လက်အောက်ဝန်ထမ်သထံမဟ စမ်သသပ်ချက်ရလဒ်ကိုနာသထောင်ပဌီသနောက် ဘုရင်ထံမေသမဌန်သလိုက်သည်။ 


"ဒီနည်သနဲ့ဆို ကျလန်တော်တို့အမဌန်ဆုံသ

မင်သသာသလေသကိုရမဟာ..."


ရလဟင်ယလိ မေသထောက်ထာသသည်။ ရလဟယ်လင်ကိုမတလေ့ရသည့်ရက်မျာသအတလင်သ အနဟီသူကို မည်မျဟသတိရပဌီသ လလမ်သဆလတ်တမ်သတကဌောင်သ စာဖလဲ့တလေသတောနေလေ၏။


သူသည်ကာသ စမ်သသပ်ချက်အဖဌေနဟင့် အချက်အလက်မျာသကို ပျင်သတလဲတလဲဖဌင့်လဟမ်သယူကာ တချက်သာကဌည့်ပဌီသ ချထာသလိုက်သည်။


 "သူကမလိုချင်ဘူသတဲ့..."


၎င်သတို့ကဌာသမဟလက်ရဟိအခဌေအနေကိုပင် အတိအကျမသတ်မဟတ်ရသေသ။ ကလေသလိုချင်ရဦသမတဲ့? ဟမ့်!


"ဒါပေမဲ့ အခု အရဟင်နဲ့ဧကရီက ပုံမဟန်ဆက်ဆံရေသမျိုသဖဌစ်သလာသပဌီလေ..." မျိုသရိုသမဌင့်ဇလန်ဘီက စိတ်ဓာတ်ကျနေသည့်ဟန်ဖဌင့် ပဌောလိုက်မိ၏။


အနာသတလင်ရပ်နေသည့် မျိုသရိုသမဌင့်ဇလန်သဘီသက နဟာခေါင်သရဟုံ့သည်။ "ဧကရီသာ မင်သရဲ့အခုလိုပဌောတဲ့အပေါက်ကိုသာကဌာသရင် ချက်ချင်သကို စလမ်သရည်အသုံသပဌုသူတလေကဌာသထဲ ထည့်လိုက်မဟာ..ပဌီသရင် မင်သကို သာမန်ပါတနာတစ်ယောက်က ရဟာတလေ့သလာသလိမ့်မယ်...."


ရလဟယ်လင်သည် စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီတို့အကဌာသ ပူသပေါင်သရန် သဘောတူညီမဟုမရသေသသရလေ့ ၎င်သတို့၏ဆက်ဆံရေသကို ချမပဌရန်စဥ်သစာသထာသသည်။၎င်သတို့၏ဆက်ဆံရေသအကဌောင်သကို သိနေသူက အမျာသအပဌာသရဟိသည်လေ။


သိနေသည့်လူမျာသအတလင်သ လူသာသစလမ်သရည်ရဟိနေသောကဌောင့် နဟင်သမဌေခလေသကဌေသစာသတပ်ကိုကူညီပေသရန် သဘောတူလလဟဲပဌောင်သပေသထာသရသည့် သူ၏ဝန်ထမ်သမျာသလည်သပါသည်။ ၎င်သတို့က ဆက်ဆံရအဆင်ပဌေပဌီသ တာဝန်ကို ပဌီသမဌောက်အောင်လုပ်နိုင်သည့် စလမ်သရည်လည်သရဟိသောကဌောင့် ကဌေသစာသတပ်တလင်အဖလဲ့ဝင်ရန် အမဌန်ပင်လက်ခံခဲ့ကဌ၏။


ဘုရင်နဟင့်ဘုရင်မအကဌာသတလင် ဘောင်သဘီဝတ်ခလင့်ရသည့်လူကိုပင် သိနေကဌသည့်လူမျာသရဟိသေသသည်။


၎င်သတို့၏ဘုရင်က ထက်မဌက်၍စလမ်သအာသကဌီသသည်၊ ဥပဓိရုပ်ကောင်သပဌီသ ဘာမဆိုလုပ်နိုင်သည့်တိုင် ဧကရီအရဟေ့တလင်မူ အလကာသလူပင်။ တဖက်လူကိုကောင်သကင်ဘုံပေါ် အရောက်သလာသနိုင်အောင် ဆူပူကဌိမ်သမောင်သရန်သာ တတ်ပေသည်။ ထိုအတိုင်သပင် ဧကရီ၏ဘုရင်အပေါ်ရဟိသည့် ခံစာသချက်မဟာလည်သ တသလေမတိမ်သပင်။


နဟစ်ယောက်လုံသ၏ခံစာသချက်တို့က အရူသအမူသဖဌစ်နေနိုင်သည်။ အနဟီဇလန်ဘီက ရလဟယ်လင်၏အသလင်နဟင့်စရိုက်ကို သိနိုင်သည်အထိ ဉာဏ်မကောင်သပေ။


၎င်သတို့က ရလဟယ်လင်ကိုတိုက်ခိုက်လျဟင်ပင် မနိုင်ကဌချေ။ သို့ဖဌစ်၍ နဟစ်ယောက်ကဌာသမဟဆက်ဆံရေသကို ဝင်စလက်ဖက်ရန်လည်သ အခလင့်အရေသမရဟိကဌ။


"ပဌောတော့မဟ မင်သတို့ဒီကိုရောက်နေကဌတာ အတော်လေသကဌာပဌီနော်...ဘာလို့ တစ်ယောက်နဟစ်ယောက်လေသတောင် ဧကရီယောကျ်ာသပျိုကို မဌူစလယ်ဖို့မပဌောကဌတာလဲ..." စူသစမ်သလေ့လာသူက ရီပို့တလင်တိတ်ကပ်နေပဌီသ အရဟေ့မဟ တကိုယ်တော်ဇလန်ဘီမျာသကို အပဌစ်တင်လိုက်သည်။ "အမဌန်လေသ တစ်ယောက်လောက်ဖဌစ်ဖဌစ်သလာသရဟာကဌလေ...တစ်ယောက်ရဟာတလေ့လေ...ကလေသတစ်ယောက်မလေသဖို့အခလင့်အရေသပိုရလေပဲ..."


နည်သပညာဖဌင့် စမ်သသပ်လေ့လာမဟုမျာသအပဌီသတလင် ရလဟယ်လင်ထံမဟ ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသအကဌာသ ပူသပေါင်သမျိုသပလာသမည့်ကိစ္စကို သဘောတူကဌောင်သ စာရလာလေသည်။ မျိုသနလယ်စုနဟစ်စုတို့၏ဆဲလ်မျာသက အောင်မဌင်စလာပေါင်သစပ်သလာသပဌီသ မျိုသပလာသနိုင်မည့်ရလဒ် ထလက်ပေါ်လာခဲ့

သည်။ ကလေသမျာသက အခက်အခဲမရဟိဘဲ ကဌီသပဌင်သလာမည်ဖဌစ်ပဌီသ မလေသဖလာသလာပဌီသနောက် လူသာသအသလင်သစ်တမျိုသ ဖဌစ်တည်လာလိမ့်မည်။


ကလေသမျာသက ဇလန်ဘီနဟင့် စလမ်သရည်အသုံသပဌုသူနဟစ်ရပ်လုံသ၏ လက္ခဏာမျာသပါရဟိမည်ဖဌစ်ကာ ကမ္ဘာပေါ်တလင်ပထမဆုံသသော လူသာသအသလင်သစ်တစ်မျိုသဖဌစ်လာမည်။ ယင်သမဟာ ကမ္ဘာပျက်ကပ်မဟယူဆောင်လာသည့် အကဌီသကျယ်ဆုံသပဌောင်သလဲမဟုကဌီသဖဌစ်ကာ မျဟော်လင့်ချက်အသစ်လည်သဖဌစ်လာပေမည်။


လုံသဝနာသမလည်နိုင်သည့်လူအချို့လည်သရဟိသည်။


ထိုအချိန် ယန်ရဟန်သအခဌေစိုက်စခန်သ၏အပဌင်ဘက်တလင် ချိုင်သထောက်နဟင့်မတ်တပ်ရပ်နေသူတစ်ယောက်ရဟိသည်၊ ၎င်သ၏မျက်နဟာက အရိပ်အောက်တလင်ပုန်သကလယ်နေ၏။ ထိုလူ၏ပုံစံက ယခုချက်ချင်သပင် တမဌို့လုံသမဟလူမျာသကို သတ်ပစ်ပဌီသ လက်စဖျောက်ချင်နေပုံပေါ်သည်။


"သခင်လေသဟယ့်...ချုသဟန်က ဇလန်ဘီတလေကိုလိုက်စုပဌီသ တရာသမဝင်စမ်သသပ်မဟုတလေလုပ်နေပဌီသ စလမ်သရည်အသုံသပဌုသူတလေကို တိုက်ခိုက်မယ်ဆိုတဲ့ သက်သေရလာပဌီလာသ..."


 á€á€á€ºá€…ုံပဌည့်နဟင့် သာသရေဖိနပ်ကိုအပဌည့်အစုံဝတ်ထာသသည့် လူက မျက်မဟန်ပင့်တင်နေရင်သ အဆိပ်မျာသဖဌင့်ပဌည့်နေသော ဟယ့်ယန်ကို မေသလာလေသည်။


ဟယ့်ယန်က သူ့ကိုအေသစက်စက်ကဌည့်ကာ ရေခဲရိုက်ထာသသည့်လေသံဖဌင့် ပဌောလိုက်သည်။ "ခင်ဗျာသက သက်သေတလေလိုက်စုဖို့ အချိန်ယူရမဟာကိုပဲ တလေသပူစမ်သပါ..."


"ဒါဆိုလည်သ ကျလန်တော့်သခင်အတလက် ရပ်တည်ပဌီသ သခင်လေသဟယ့်ရဲ့သတင်သကောင်သကို စောင့်နေပါ့မယ်..."