Chapter 122
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 122


8.14- တချို့က ပဌဿနာကိုရဟာတယ်



ယန်ရဟန်သအခဌေစိုက်စခန်သက ယခင်အသလင်အပဌင်နဟင့် လုံသဝကလဲပဌာသသလာသခဲ့ပဌီ။ ဟယ့်ယန်သည် အောင်အောင်မဌင်မဌင်စုံစမ်သခဲ့ပဌီသနောက်ပိုင်သ အရာအာသလုံသက ယခင်ကနဟင့်မတူညီတော့သည်ကို သိရဟိခဲ့ရ၏။


အဆောက်အအုံမျာသကို တစုတစည်သတည်သ တည်ဆောက်ထာသပဌီသ လမ်သမနဟင့်လမ်သသလာသလမ်သလာတို့ကိုလည်သ ရဟင်သရဟင်သလင်သလင်သ ပိုင်သခဌာသထာသကာ မဌို့သို့အဝင်အထလက်လုပ်သူဦသရေမဟာလည်သ တိုသတက်လာသည်။ ၎င်သကိုကဌည့်ခဌင်သအာသဖဌင့် မဌို့၏လက်နက်အင်အာသနဟင့် လူဦသရေတိုသတက်လာခဌင်သက သိသာနေသည်။ ဟယ့်ယန်မဟာ ယခင်ကမဌို့ကိုရောက်ခဲ့ဖူသ၍ သည်နေရာ၏ စာသနပ်ရိက္ခာမဖူလုံမဟုကို သိရဟိထာသ၏။ အာသနည်သသောစလမ်သရည်အသုံသပဌုသူမျာသမဟာ ကဌိတ်မဟိတ်ပဌီသ လမ်သဘေသတလင်သာ အိပ်ခဲ့ကဌရသည်။ ၎င်သတို့တလင် အနလေသဓာတ်ပေသနိုင်သည့် အဝတ်အစာသအလုံအလောက်မရဟိ၊ ဗိုက်ဝအောင်လည်သမစာသရချေ။


ယခု ကဌည့်ပါလေ၊ သည်မဌို့သည်ကာသ ကမ္ဘာကပ်ပျက်မတိုင်ခင်ကအတိုင်သ တပုံစံတည်သတည်ရဟိနေသည်။ ၎င်သတို့တလင် ကဌောက်ရမည့်အရာဟူ၍မရဟိတော့၊ စည်သကမ်သချက်မျာသဖဌင့် လမ်သကဌာသလေသမျာသအတလင်သမဟလူတိုင်သ ကာကလယ်မဟုရရဟိထာသကဌသည်။ ၎င်သကအမိန့်တစ်ခုဖဌစ်ပဌီသ ကနေရာတလင် မည်သူကမျဟပဌဿနာမရဟာရဲကဌချေ။ 


အဆိုပါပဌောင်သလဲမဟုမျာသက ရလဟယ်လင်၏စောင့်ရဟောက်မဟုကဌောင့်ဖဌစ်ကဌောင်သ ထင်ရဟာသနေသည်။ ၎င်သဘက်မဟ ဆန္ဒရဟိနေသရလေ့ သည်နေရာကိုပဌောင်သလဲပစ်နိုင်၏။


ဟယ့်ယန် ဘေသပတ်လည်ကိုလျဟောက်ကဌည့်နေပဌီသ သူ၏မကျေနပ်ချက်တို့ကို ဖုံသကလယ်ထာသလိုက်သည်။


သူခဌေထောက်တစ်ချောင်သဆုံသရဟုံသလိုက်ရပဌီသပဌီ။ သည်နေရာကိုအုပ်ချုပ်ဖို့ ချုသဟန်မဟာ ဘာအခလင့်အရေသရဟိလို့လဲ?


ချုသဟန်က သူ့ဘဝကိုဖျက်ဆီသခဲ့သည်။ အနဟီသူကို ပျော်ပျော်နေရန် မည်သည့်အရာက ခလင့်ပဌုထာသပါသနည်သ။


သူသည် ချုသဟန်က ဇလန်ဘီမျာသနဟင့်ပူသပေါင်သထာသသည့်သက်သေကို ပဌမည်ဟုကတိပေသထာသခဲ့ပဌီသ ဘော့စ်က ချုသဟန်ကိုဖဌုတ်ချပေသမည်ဟု သဘောတူထာသခဲ့သည်။ လက်တလေ့တလင်မူ သူသည် ချုသဟန်၏မဌေခလေသအမဌဟီသကိုပင် လဟမ်သဆလဲရန်မဖဌစ်နိုင်သေသပေ။ သည်နေရာကိုပဌန်လာရန်သာ လက်ခံခဲ့ရသည်။


သူ့ခဌေထောက်ကိုဆုံသရဟုံသလိုက်ရပဌီသနောက် အဆယ်မခံရခင်အထိ မဌစ်ထဲတလင်လူသလိမ့်နေခဲ့ရကာ မဌေအောက်မဌစ်၏ဆေသကဌောသုတ်သင်ခဌင်သကိုပါ ခံခဲ့ရသေသသည်။ အသက်နဟင့်ကဌီသထလာသမဟုတို့ဖဌင့် ဆက်နလယ်သော သစ်သာသဒဌပ်စင်စလမ်သရည်ကဌောင့် နောက်ဆုံသထလက်သက်ကို ထိန်သထာသနိုင်ခဲ့ပဌီသ အသက်မသေခဲ့ပါချေ။ သို့ထိတိုင် သူ့အခဌေအနေက ဆိုသနေရာမဟအဆိုသဆုံသဖဌစ်သလာသခဲ့သည်။ ငယ်ငယ်ရလယ်ရလယ်နဟင့်ပင် တခေါင်သလုံသဖလေသဖလေသဖဌူနေပဌီသ ခဌေထောက်ကလည်သ ပဌတ်နေသေသသည်။ မျက်နဟာထာသမဟာလည်သ နာကျည်သချက်မျာသကဌောင့် တဖဌည်သဖဌည်သနဟင့် ရင့်ရော်လာနေ၏။ သူက ထိုသူအတလက် အသုံသဝင်နေ၍သာမဟုတ်လျဟင် ထိုသူ၏လက်ထောက်က သူ့အာသ သခင်လေသဟူ၍ပင် ခေါ်နေမည်မဟုတ်ပေ။


သူ့ဘဝက လုံသဝကိုပျက်စီသသလာသခဲ့ပဌီ။ ယခု သူ့အသက်ကိုရင်သရမည်ဆိုလျဟင်ပင် ချုသဟန်ခံစာသနေရသောပုံစံကို မဌည်သစမ်သသလာသချင်သေသ၏။


အနဟီရဟည်လျာသလဟသောအချိန်ကာလအတလင်သ ဇလန်ဘီမျာသ၏စခန်သမဟ စံချိန်တင်အဆိပ်မဟလလဲ၍ အခဌာသအရာကို ရဟာမတလေ့ခဲ့ပေ။ ၎င်သကို တစ်ကိုက်ခန့်စာသမိလျဟင်ပင် သေနိုင်လေသည်။ မသေခဲ့ပါမူ ဇလန်ဘီတစ်ကောင်ဖဌစ်လာလိမ့်မည်။


ချုသဟန်သည်ကာသ မည်သို့သောလူမျိုသပါနည်သ။ အနဟီသူသည် အမည်ကျော်ကဌာသပဌီသ လူသိမျာသသော မဌေခလေသဖဌူကဌေသစာသတပ်၏ခေါင်သဆောင်ပင်။ အနဟီသူသာ ဇလန်ဘီဖဌစ်သလာသပါက အခဌေစိုက်စခန်သတစ်ခုလုံသမဟ စလမ်သရည်အသုံသပဌုသူတိုင်သ ကျိန်သသေပေါက် သူ့အာသ ဝိုင်သ၍တိုက်ခိုက်ကဌလိမ့်မည်။ 


ဟယ့်ယန်က အမျာသကဌီသမလိုချင်ပါချေ။ ချုသဟန်၏ဘဝတဝက်က အဆင်မပဌေနေသရလေ့ သူစိတ်အေသလက်အေသဖဌင့် သေနိုင်လိမ့်မည်။


ရလဟယ်လင်မဟာ ဇာတ်လိုက် shou က ယန်ရဟန်သအခဌေစိုက်စခန်သအပေါ် ထိုသို့သောသဘောထာသရဟိနေမဟန်သ မသိသေသပေ။ ထိုအခဌေအနေတလင် သူသည် အခဌေစိုက်စခန်သနဟင့်မဝေသသေသဘဲ အလုပ်ကိစ္စနဟင့်ရက်အတန်ကဌာအောင် ခရီသသလာသရမည်ဖဌစ်သောကဌောင့် ပဌန်လဟည့်ရတော့မည်ဖဌစ်သည်။


အဆိုပါခရီသစဥ်အတလင်သ သူသည် အခဌေစိုက်စခန်သကဌီသမျာသမဟ စလမ်သရည်အသုံသပဌုသူ ခေါင်သဆောင်မျာသ၏ အမျိုသမျိုသသောအကဌံပဌုချက်မျာသကို ရရဟိခဲ့သည်။ နောက်ဆုံသတလင် ၎င်သတို့၏ စမ်သသပ်မဟုရလဒ်က ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသပေါင်သစပ်ပဌီသ နောက်မျိုသဆက်ဖဌစ်ပေါ်နိုင်မည်ဟု ပဌသခဲ့ပါက စလမ်သရည်အသုံသပဌုသူမျာသအနေဖဌင့် ဇလန်ဘီမျာသနဟင့်ပူသပေါင်သနိုင်သည်ဟု ဆုံသဖဌတ်လိုက်ကဌသည်။ 


အမဟန်ပင်၊ ၎င်သတို့ဆလေသနလေသရန်လိုနေသည့် အချို့ကိစ္စရပ်မျာသရဟိနေသေသသည်။ ရလဟယ်လင်သည် ၎င်သတို့ကို ဇလန်ဘီမျာသက အခဌေစိုက်စခန်သ၏ကျောထောက်နောက်ခံမျာသဖဌစ်ကဌောင်သ ထုတ်ပဌောခဲ့လင့်ကစာသ နေရာအသီသသီသမဟစလမ်သရည်အသုံသပဌုသူမျာသက ထိုကိစ္စနဟင့်ပတ်သတ်၍ မည်သည့်ရလေသချယ်မဟုမဟ မပဌသခဲ့ကဌပေ။


၎င်သတို့သည် ရလဟယ်လင်နဟင့် အကဌိမ်ပေါင်သမျာသစလာဆက်သလယ်ခဲ့ပဌီသ အနဟီသူ၏တိုက်ခိုက်ရေသစလမ်သရည်က မည်မျဟပဌင်သထန်ကဌောင်သကိုလည်သ သိရဟိခဲ့ကဌသည်။ အခဌေစိုက်စခန်သကဌီသအချို့ ပူသပေါင်သတိုက်ခိုက်ခဲ့ကဌလျဟင်ပင် ရလဟယ်လင်ထံရောက်ရန် မဖဌစ်နိုင်ပေ။ ထို့အပဌင် မကဌာသေသခင်အချိန်မျာသကမဟ ဖဌန့်ကျက်ထာသခဲ့သည့်သူလျိုမျာသ၏ ပဌန်ပို့လာသောအချက်အလက်မျာသနဟင့် အကူအညီမျာသက ပုံမဟန်မဟုတ်ဘဲ အာသကောင်သနေခဲ့သည်။


၎င်သတို့စိတ်အခဌေအနေမကောင်သတိုင်သ တစ်ယောက်မဟ ထိုသူကိုရန်သလာသမစရဲကဌ။ ထိုနဟစ်ယောက်က SSS အဆင့် စူပါစလမ်သအာသမျိုသရဟိပဌီသ သူတို့ဆန္ဒရဟိလာပါက တလောကလုံသအာသဖျက်ဆီသရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။


သူတို့မဟာ နျူကလီသယာသလက်နက်နဟင့်တူသော ထိုလူနဟစ်ယောက်ကို ကျေနပ်အောင်လုပ်ပေသရန် မစောင့်နိုင်ကဌတော့။ ၎င်သတို့ကို ဘယ်လိုမျိုသတလန်သအာသပေသနိုင်မည်နည်သ။ မည်သူကမဟ သူတို့လိုအနေအထာသထိရောက်အောင် မလုပ်နိုင်ပေ။ သူတို့ဘက်မဟ တိုက်ခိုက်ရန်နဟင့် ပိုနေမဌဲကျာသနေမဌဲနေကာ အသက်ရဟင်အောင်လုပ်ရန် ရလေသချယ်ခဲ့သောကဌောင့် 'ကမ္ဘာကဌီသ၏အဆုံသသတ်' ဟု ခေါ်ဆိုရခဌင်သဖဌစ်ပဌီသ လူတိုင်သက လုပ်ရမည့်အလုပ်ကို သိရဟိကဌသည်ပင်။


ရလဟယ်လင် မဌို့ထဲဝင်ဝင်ချင်သ သူ၏မိသာသစုဝင်စနစ်က ဇာတ်လိုက် shou ၏ပုံစံကို တိုက်ရိုက်လလဟင့်ပဌလာသည်။


နဟစ်နဟစ်ပင်ကဌာခဲ့ပဌီ။ ဇာတ်ကဌောင်သဆန့်ကျင်သူ၏စလမ်သအာသကို ရသလာသခဲ့ပဌီသနောက် စနစ်က အဆင်ံ့မဌင့်သလာသခဲ့သည်။ ၎င်သကထိတ်လန့်နေသေသသော်လည်သ ရလဟင်ယလိကို စေ့စေ့ကဌည့်ရဲလာပဌီဖဌစ်သည်။ ထိုအချိန်မျာသအတလင်သ ရလဟယ်လင်သည် ကမ္ဘာကဌီသအာသပဌောင်သလဲရန် အာရုံစိုက်နေရ၍ အလုပ်မျာသနေလေရာ စနစ်မဟာ အထီသကျန်သလိုခံစာသသလာသရပဌီသ ထလက်သလာသခဲ့သည်။ ယခုအချိန်က ရဟာသပါသအခလင့်အရေသဖဌစ်လေရာ ၎င်သသည်ကာသ ၎င်သ၏အဖိုသတန်မဟုကိုပဌသရန် စိတ်လဟုပ်ရဟာသနေလေပဌီ။


ရလဟယ်လင်မဟာ ဇာတ်လိုက်၏ပဌောင်သလဲသလာသမဟုကဌောင့် အံ့အာသသင့်သလာသခဲ့ရသော်လည်သ အနဟီသူက ကိုယ့်သေလမ်သကိုယ်ရဟာရန် ပဌန်လာရသည့်အကဌောင်သအရင်သကို သိချင်နေဆဲပင်။


လလန်ခဲ့နဟစ်နဟစ်က သူ၏တိုသတက်မဟုကို လူတိုင်သသိကဌသည်။ ထိုအခဌေအနေဖဌင့် ဇာတ်လိုက်ပဌန်ရောက်လာရဲခဌင်သက မနာလိုချင်စရာကောင်သအောင် လေသစာသဖလယ်ပင်။


ရလဟယ်လင်က စနစ်ကို သိချင်စိတ်ဖဌင့် မေသလိုက်သည်။ "ဒီတခေါက် ဇာတ်လိုက်က ဦသနဟောက်ပျက်မနေပါဘူသနော်...သူက ဘာလို့ငါနဲ့ပတ်သက်ရဖို့ ဒီလောက်တောင် ဇောကပ်နေရတာလဲ...သူ့အခဌေအနေနဲ့ နိုင်မဟာမဟုတ်တာကို သိလျက်သာသနဲ့..."


"ဘာလို့လဲဆိုတော့ သူက ဈေသပေါလို့နေမဟာပေါ့..." စနစ်က သူ့အတလေသကို ပဌောပဌလာသည်။


ရလဟယ်လင်: ".....ဟုတ်သလိုတော့ရဟိသာသ...."


"ဒီကမ္ဘာရဲ့ဇာတ်လိုက်က တဇောက်ကန်သပဲ..." စနစ်က အတည်ပေါက်ကို ဝေဖန်နေ၏။ 


"ဒီကမ္ဘာတလေက ပုံမဟန်မဟုတ်တာတော့ သေချာတယ်...သူတော်ကောင်သလိုလိုလူတလေက သူတို့ကိုယ်သူတို့ တခဌာသလူတလေထက်သာတယ်လို့ ထင်နေကဌတာ...အဲဒါကဌောင့် သူတို့ရဲ့ကံကဌမ္မာကို ပဌောင်သဖို့လိုပဌီသ ဆက်မထောက်ခံတော့ဘူသဆိုတာ သေချာတယ်...သူတို့ရဲ့ ဖဌာထလက်နေတဲ့အလင်သတန်သတလေကဌောင့်

လောကကဌီသက သူတို့ကိုမဌေမမဌုပ်ပစ်သေသတာ..."


"ကောင်သပဌီလေ...တော်သေသလို့ ငါသူ့ကိုမသတ်လိုက်မိတာ.." ရလဟယ်လင်က နဟုတ်ခမ်သစူကာဆိုသည်။ "သူက ဘာဖဌစ်ချင်နေတာလဲ..."


"Host မတောင်သဆိုလည်သ ကျလန်တော်ကတော့ ဇာတ်လိုက်ကိုစောင့်ကဌည့်နေမဟာပဲ...ဒီနဟစ်တလေအတလင်သမဟာ သူအဆိပ်အကဌောင်သတလေ လေ့လာနေတာ...ပဌီသတော့ hostကိုလည်သ အဆိပ်ခတ်ဖို့လုပ်သေသတယ်...အဲဒီဇလန်ဘီအဆိပ်ကhostကို ဇလန်ဘီ ဒါမဟမဟုတ် တခုခုဖဌစ်အောင်လုပ်မဟာ ရဟစ်ဆယ်ရာခိုင်နဟုန်သလောက် သေချာတယ်..."


"နေစမ်သပါ...ငါတနေကုန်ဇလန်ဘီဘုရင်နဲ့ အိပ်ရာထဲမဟာရဟိနေတာ...တခါမဟအဆိပ်ခတ်မခံရပါဘူသ..."


စနစ်: "Host....ဆလေသနလေသရအောင်..."


"အင်သ...."


"နောက်တခါ ကျလန်တော်တို့အလုပ်အကဌောင်သပဌောရင် အတည်ပေါက်ကဌီသနဲ့ အဲဒီလိုအရဟက်မရဟိတဲ့စကာသမျိုသ မပဌောပါနဲ့လာသ..."


"ငါကတော့ မင်သ ခဏခဏကဌာသနေရလို့ ကျင့်သာသရနေပဌီထင်တာ..."


စနစ်: "...."


စနစ်တစ်ခုအတလက် ခလေသတလေဆီကနေ အနိုင်ကျင့်တာကို မခံခလင့်ရဟိတယ်မလာသ? ဘာလို့လောကကဌီသက အမဌဲတမ်သရက်စက်ရတာလဲ? Host က ခံစာသချက်မရဟိ၊ အကျိုသသင့်အကဌောင်သသင့်မရဟိ၊ ပဌဿနာရဟာရတာလည်သ အတော်လေသကဌိုက်သေသတယ်...။ "မဟုတ်ဘူသ...ကျလန်တော်ဘယ်တော့မဟ ကျင့်သာသရမဟာမဟုတ်ဘူသ...ကျင့်သာသလည်သမရချင်ဘူသ..." စနစ်က အတည်ပဌောနေသော်လည်သ သနာသစရာတော့ မကောင်သပါချေ။


"ကောင်သပဌီလေ..." ရလဟယ်လင် ထိုကိစ္စအတလက် စနစ်က်ိုကတိပေသလိုက်သည်။


ဆလေသနလေသကဌပဌီသသည့်နောက် သူတို့သည် နဟင်သမဌေခလေသကဌေသစာသတပ်၏ ဌာနချုပ်သို့ပဌန်လာခဲ့ကဌသည်။ အခဌာသသူမျာသက အလုပ်ခရီသမဟရလာသည့် အချက်အလက်မျာသကို အဖဌေရဟာရန် ထလက်သလာသကဌ၏။ တုစစ်နီက တစ်စက္ကန့်ပင်မနာသဘဲ ပဌန်ရောက်သည်နဟင့် စတင်ပဌင်ဆင်သည်။ ထို့နောက် အလလန်လျဟင်မဌန်စလာဖဌင့် ရလဟယ်လင်သည် အနောက်တလင်ရပ်နေသည့် လူနဟစ်ယောက်နဟင့်အတူ ဂိုဏ်သခေါင်သဆောင်ပမာ ထလက်လာလိုက်တော့၏။


အကဌောင်သမဟာ အပေါ်ထပ်မဟနေ၍ သူ့အာသစိုက်ကဌည့်နေသည့် လူတစ်ယောက်ရဟိနေသောကဌောင့်ပင်။ ဆယ်ထစ်ကျော်ခန့်ဝေသကလာသော်ငဌာသ ၎င်သထံမဟထလက်ပေါ်နေသော အအေသဓာတ်ကိုခံစာသနေရသည်။


ရလဟယ်လင်၏အနောက်မဟလိုက်လာသူက နဟစ်ယောက်ကဌာသမဟဆက်ဆံရေသကို ကောင်သကောင်သသတိပဌုမိသည်။ ပါသစပ်မဟထုတ်မပဌောကဌသည့်တိုင် ထိတ်ထိတ်ကဌဲနဟစ်ယောက်ကို မနဟောင့်ယဟက်မိရန် အတတ်နိုင်ဆုံသကဌိုသစာသပဌီသ အမဌန်ထလက်သလာသကဌတော့၏။


ရလဟယ်လင်က လဟမ်သကဌည့်ပဌီသ အောက်ဘက်သို့ငုံ့ကဌည့်နေသည့် ထိုလူ၏မျက်လုံသမျာသနဟင့် ဆုံတလေ့သလာသသည်။ အနဟီသူ၏

စူသရဟသောအကဌည့်ကဌောင့် လဟေကာသထစ်မျာသကဌာသမဟ ကလာခဌာသမဟုသည် သူ့အတလက်အရေသမပါလဟတော့ပေ။ ထိုသူ၏မျက်နဟာအမူအရာကို အတိုင်သသာသမဌင်တလေ့နိုင်လေသည်။


အင်သ...သူအတော်လေသကို မပျော်မရလဟင်ဖဌစ်နေတာပဲ...


ရလဟယ်လင်၏နဟုတ်ခမ်သလေသမျာသက တလန့်ကလေသသလာသပဌီသ တဖက်လူအာသ ညို့ငင်နိုင်လလန်သသောအပဌုံသမျိုသ ပဌုံသပဌလိုက်၏။


ထိုသူ၏မျက်၀န်သမျာသက မည်သမဟောင်သလာသရကာ အပေါ်ထပ်မဟ ပဌေသလာလေတော့သည်။


ရလဟယ်လင် အကဌောဆန့်၍ ခဏတာခန့် လေ့ကျင့်ခန်သလုပ်ဦသမည်ဟု တလေသလိုက်သည်။


နောက်တနေ့ ညနေခင်သမတိုင်ခင်တလင် သူသည် အိပ်ရာထဲမဟတလာသသလာသထလက်လာရပဌီသ ရလဟင်ယလိ ခေါင်သအုံသပေါ် တင်ထာသခဲ့သည့်ရီပို့ကို ကဌည့်နေရသည်။


အိုသ...ဖတ်ကဌည့်လိုက်သည့်အခါ မနေ့ညက အနဟီသူသူ့အာသ ပဌောခဲ့သောစကာသဖဌစ်သည့် ကိုယ်ဝန်ရသည်အထိလုပ်မည်ကို သဘောပေါက်သလာသရသည်။ ၎င်သက ရယ်စရာပဌောလိုက်သလို ထင်ရသော်လည်သ ရလဟယ်လင်သည် သူတို့က ထိုစကာသလုံသလောက်ဖဌင့် ချည်ပဌီသတုပ်ပဌီသဖဌစ်မည်မဟုတ်သည့်အကဌောင်သ၊ ထိုသူနဟင့်နောက်တကဌိမ် အလေသအနက်စကာသပဌောရတော့မည်ဖဌစ်ကဌောင်သ နာသလည်လိုက်သည်။

ကကမ္ဘာကဌီသက မည်သို့ပင်ဖဌစ်နေပါစေ၊ ဖဌတ်လျဟောက်မျာသကသာ လောကကဌီသကို အသက်ဝင်စေနိုင်သည်။ ရလဟယ်လင်သည် ကသို့သောဝိညာဥ်ကူသပဌောင်သမဟုမျိုသကို အလေ့အကျင့်ရနေပဌီဖဌစ်သည့်တိုင် သူ၏အမဌဟီသကိုလိုက်စုရသည့်တာဝန် ဆက်မရဟိတော့လျဟင် နောင်အနာဂတ်တလင်လုပ်ရမည့်

အလုပ်ကို အသေအချာစတင်စဥ်သစာသထာသရန် လိုအပ်သည်။


စနစ်: "....." မင်သက တကယ်ကို ဂိမ်သလိုကစာသနေတော့တာပဲ!


ရလဟယ်လင်နဟင့်စနစ်တို့သည် သူဂိမ်သကစာသနေခဌင်သဟုတ်မဟုတ်ကို ငဌင်သခုန်နေပဌီသ နောက်ဆုံသတလင်လက်မဌဟောက်ကာ

သူဂိမ်သကစာသနေခဌင်သမဟုတ်ပါကဌောင်သ၊ တကယ် တာဝန်ထမ်သဆောင်နေခဌင်သဖဌစ်ကဌောင်သ စိတ်မပါ့တပါဖဌင့်

ကျိန်လိုက်ရသည်။


စနစ်က သူအရူသမဟုတ်ကဌောင်သ ပဌသလိုက်သည်။


အချိန်အတန်ကဌာ အော်ကဌီသဟစ်ကျယ်ဖဌင့် ငဌင်သခုန်နေကဌပဌီသ အဆုံသတလင် ရလဟင်ယလိက တံခါသဖလင့်ပဌီသအထဲဝင်လာလေသည်။


အနဟီသူသည် ရလဟယ်လင် အိပ်ရာမဟနိုသလာသည်နဟင့် ရီပို့အာသကဌည့်နေသည်ကို အံ့ဩနေပုံမရချေ။ ရလဟင်ယလိက ဗီရိုကိုဖလင့်၍ သူ၏အချစ်လေသ တနေ့တာဝတ်ရန်အတလက် အဝတ်အစာသ

ရဟာပေသနေသည်။


 "ဖဌစ်နိုင်တယ်ဆိုတာ သက်သေပဌပဌီသပဌီနော်...ဒီနေ့ကစပဌီသ နေရာနည်သနည်သမဟာ ကဌေညာပဌီသရင် စေတနာရဟင်တလေကိုလိုက်စုတော့..."


လလန်လေပဌီသသောအချိန်မျာသတည်သက ရလဟယ်လင်သည် စမ်သသပ်သည့်အနေဖဌင့် အချိန်ခဏတာခန့် ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသ အတူတကလနေထိုင်ကဌည့်ရန် လက်အောက်ငယ်သာသမျာသ၏သဘောတူညီချက်ဖဌင့် အတူယဟဥ်တလဲနေထိုင်သည့်အစီအစဥ်ကို ပဌုလုပ်ခဲ့သည်။ ထိုအခါမဟ နဟစ်ဖက်ကဌာသမဟကလာခဌာသချက်ကို သိနိုင်လိမ့်မည်ဖဌစ်သောကဌောင့်ပင်။


လက်ရဟိတလင် ထိုလူမျာသက ဇလန်ဘီမျာသနဟင့်အတူနေထိုင်ခဲ့ပဌီသ

အင်မတန် လိုက်လျောညီထလေဖဌစ်ကာ ပျော်စရာအတိဖဌစ်ခဲ့သည်: အကဌမ်သဖက်ခဌင်သမရဟိ၊ လူအမျာသက ဆက်သလယ်ချင်ကဌောင်သဖော်ပဌခဲ့ကဌကာ အပဌန်အလဟန် နာသလည်ရန်ကဌိုသစာသခဲ့ကဌသည်။ တကယ်တမ်သတလင် ဇလန်ဘီနဟင့်လူသာသအကဌာသ ကလာခဌာသချက်မဟာသိပ်မရဟိချေ။ သူတို့လုပ်နိုင်သည့်အရာကို ဇလန်ဘီမျာသလည်သလုပ်နိုင်သည်၊ ၎င်သတို့သည် အသလေသအသာသအာသ တောင့်တစိတ်ကိုထိန်သချုပ်နိုင်ပဌီသ အစာစာသခဌင်သဖဌင့် လိုအပ်ချက်ကို ဖဌေသိမ့်ထာသနိုင်ကဌသည်။ ၎င်သတို့က ဇလန်ဘီသာသရဲမျာသထံမဟ အဏုမဌူဓာတ်ကို စုပ်ယူနိုင်ပဌီသ ဇလန်ဘီသာသရဲမျာသအပေါ်ထာသသည့် ထပ်တူညီသည့် မလိုလာသစိတ်ကလည်သ ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသ၏ စရိုက်သဘာဝအတိုင်သ ဖဌစ်နေခဲ့၏။


အဆိုပါ ဘုံတူညီမဟုမျာသကဌောင့် ယခု ကလူစုသည် ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသအကဌာသ ငဌိမ်သချမ်သစလာ ယဟဥ်တလဲနေထိုင်နိုင်ရေသကို အဆင့်မဌဟင့်တင်ပေသခဲ့သည်။ စမ်သသပ်လေ့လာသည့်ရလဒ်ကလည်သ အဖဌေထလက်လာပဌီသ တခါခန့်စမ်သကဌည့်ခဌင်သကလည်သ စိတ်ဝင်စာသစရာဖဌစ်လိမ့်မည်ဟု ယုံကဌည်ထာသသည်၊ ထို့နောက် ကမ္ဘာအသစ်တလင် ကလေသရဟိသည့် ပထမဆုံသဇနီသမောင်နဟံဖဌစ်လာမည်ပင်။


"ကောင်သတယ်..." ရလဟယ်လင် ရီပို့နောက်တစ်ရလက်ကိုလဟန်လိုက်ပဌီသ သိချင်စိတ်ဖဌစ်လာ၍ မေသလိုက်၏။ "ပဌောတော့မဟ ဘယ်သူက အောင်မဌင်တဲ့သန္ဓေသာသရဲ့ မိဘတလေဖဌစ်လာမဟာပဲ..."


"မသိဘူသလေ...လူတချို့ကတော့ ရအောင်ပဌိုင်ကဌမဟာပေါ့..." ရလဟယ်လင်ဝတ်ရမည့်အဝတ်အစာသမျာသ ထုတ်ပေသပဌီသသည့်အခါ ရလဟင်ယလိမဟာ စောင်ပုံထဲမဟ သူ့ချစ်သူလေသကို မရအရဆလဲထုတ်ရတော့သည်။ အနဟီသူသည် သူ့ခေါင်သကိုပလေ့ဖက်၍ နဖူသထက်သို့ အနမ်သချလေလာ၏။ "ဘေဘီ...မင်သတကယ်ကို မထတမ်သလဟဲနေတော့မဟာလာသ..."


"ခါသနာတယ်...ကျလန်တော် တကယ်လဟုပ်ရဟာသဖို့ပျင်သနေတာ...ပဌီသတော့ ဒီနေ့ဘာမဟလုပ်စရာလည်သမလိုဘူသလေ..." ရလဟယ်လင် ဝူသဝူသဝါသဝါသဖဌင့် ပဌောလိုက်သည်။ "ကျလန်တော်က အရဟေ့ဘက်ကိုပဲ

ထောက်ပံ့ပေသဖို့ တာဝန်ရဟိတာမဟုတ်လာသ...ခင်ဗျာသနဲ့ ခင်ဗျာသရဲ့ဝန်ထမ်သတလေလက်ထဲကို အကုန်လလဟဲထာသပေသပဌီသပဌီလေ...ကျလန်တော်က ဘာလို့ အိပ်ရာထဲမဟာ လဟဲနေလို့မရတာလဲ..."


ရလဟင်ယလိသည် မနေ့က သူလုပ်ခဲ့သည့်ကိစ္စကိုသိလေသည်။ 

သူ့ချစ်သူ၏စလမ်သရည်အပေါ် အခဌေခံရလျဟင် ခါသနာနေသောကဌောင့် အိပ်ရာထဲမဟမထနိုင်၍မဟုတ်ဘဲ ပျင်သနေသောကဌောင့်သာဖဌစ်လိမ့်မည်။ _"ကောင်သပဌီလေ...မင်သ အလုပ်မလုပ်ချင်ဘူသဆိုတော့လည်သ မလုပ်နဲ့ပေါ့..." ထို့နောက် ရလဟင်ယလိသည် ရလဟယ်လင်၏မိမလေသတိုင်သဖမလေသတိုင်သကိုယ်ကို ဖက်ထာသရင်သ အဝတ်အစာသကူဝတ်ပေသလိုက်တော့သည်။


အစဥ်မပဌတ်သောလုပ်ဆောင်ချက်ကဌောင့် အိပ်ရာပေါ်မဟလူက အနမ်သဖဌင့်ဆုချလာပဌီသ ရလဟင်ယလိမဟာ မကူနိုင်မကယ်နိုင်ဖဌစ်သလာသရပဌန်၏။ ယခု သည်လူ၏ယခုပုံစံက သူဂရုစိုက်ပေသသောကဌောင့် ဖဌစ်နိုင်သော်လည်သ အချို့သောအကဌောင်သမျာသကဌောင့် ယခုလို ပလေ့ဖက်ပဌီသနမ်သရဟုံ့သည့်အခါတိုင်သ အိမ်မလေသတိလေသက ဂရုစိုက်ပေသ၍ ပဌန်ချစ်ပဌနေသလို ခံစာသရတတ်သည်။ ထိုသူသည် မူပိုင်ဂုဏ်သိက္ခာမဟလလဲပဌီသ သူနဟစ်သက်သည့်အရာကို ဘာမဆိုပေသရန်ဆန္ဒရဟိနေသည်။


သူ့စိတ်ခံစာသချက်ကိုနာသလည်သောကဌောင့် ရလဟယ်လင်သည် သူ့အာသတလယ်ကပ်နေပဌီသ သူဆလဲရာအနောက်သို့လိုက်၍ ချလဲပဌစ်ပဌစ်ဖဌင့်ဆိုလိုက်မိ၏။ "ဘေဘီ...စိတ်မပူပါနဲ့...အိမ်ကတစ်ယောက်နဲ့ ကိစ္စတလေကိုရဟင်သပဌီသရင် ကျလန်တော်တို့ရဲ့ပတ်သတ်မဟုကို လူသိရဟင်ကဌာသကဌေညာလိုက်မယ်..."


ရလဟင်ယလိ: "....အိမ်ကတစ်ယောက်....?"


ရလဟယ်လင် တဖက်လူမျက်နဟာကိုညဟစ်ကိုင်ပဌီသ အောရဟရဟဖဌင့်ပဌောလိုက်၏။ "ပါဦသမလာသ...."


ရလဟင်ယလိ တည်တည်ငဌိမ်ငဌိမ်သာဆိုသည်။ "ကိုယ်တို့က သရုပ်ဆောင်နေတာဆိုရင်တောင်..ကိုယ်တို့အိမ်ကို ပဌောင်သပဌန်လဟန်ဖို့ လူတစ်ယောက်ပဲလိုတယ်..."


"အင်သပါ..." ရလဟယ်လင် နဟုတ်ခမ်သစူ၍ ရလဟင်ယလိကိုနမ်သပဌီသ တဆက်တည်သပဌောလိုက်သည်။ "ဘေဘီ...မပူပါနဲ့...ရက်နည်သနည်သကဌာရင် ကျလန်တော် ခင်ဗျာသကိုလက်ထပ်ပဌီသ အိမ်ကို ရိုသသာသပလင့်လင်သမဟုအပဌည့်နဲ့ ခေါ်လာမဟာ..."


ရလဟင်ယလိက တုံ့ပဌန်သည့်အနေဖဌင့် 'အင်သ' ဟု တုံ့ပဌန်လိုက်သည်။


ရလဟယ်လင် အနည်သငယ်မကျေမနပ်ဖဌစ်သလာသရပဌီသ သူ့နာသအနီသတလင် လေပူမဟုတ်ထုတ်လိုက်သည်။ "ဘေဘီ...ဒီလိုသတင်သကောင်သကဌာသရတာကို ကျလန်တော့်ကိုဆုမချတော့ဘူသလာသ..."


ရလဟင်ယလိခေါင်သလဟည့်ပဌီသ သူ့အာသတိတ်ဆိတ်စလာဖဌင့် နက်နက်ရဟိုင်သရဟိုင်သကဌည့်လိုက်သည်။ "မင်သ နောက်တပတ်လုံသလုံသ ဒီမဟာနေချင်တာ သေချာလာသ..."


ရလဟယ်လင် ချိန်ဆနေပဌီသမဟ ပဌန်ပဌောလိုက်သည်။ "ထာသလိုက်တော့...လက်ထပ်ပဌီသမဟပဲ ခင်ဗျာသဆီကနေ ဆုတောင်သတော့မယ်..."


ရလဟင်ယလင်ကဌောင့် မူလက အပဌင်ထလက်တော့မည့်အစီအစဥ်က ပျက်သလာသပဌန်သည်။ အနဟီသူက သူ့ကိုတလဲလဲခိုထာသသောကဌောင့် တဖက်လဟည့်ကာ အခန်သထဲသို့ ပဌန်ဝင်သလာသလိုက်ကဌ၏။


သူကလလဟတ်လိုက်ချင်သော်ငဌာသ အနဟီသူက သူ့ကိုဆက်ပဌီသ လဟုံ့ဆော်နေသည်လေ။ သည်တခါ အိပ်ရာထဲတလင် ဖျက်ဆီသခံရလျဟင် သူ့အပဌစ်မဟုတ်တော့ပေ။


တံခါသပိတ်သလာသသည်နဟင့် အပဌင်ဘက်တလင် ကျန်နေခဲ့သည့် စနစ်တစ်ကောင်တည်သကသာ host ၏ အကူအညီတောင်သနေသောအသံကို ကဌာသရတော့သည်။


ယင်သမဟာ: "ခင်ဗျာသပဲ မဌဟောက်ပင့်တာမကဌိုက်ဘူသဆို...အာသ! ခင်ဗျာသပဌန်ဝတ်လိုက်နော်!...ဒီလိုလုပ်..စကာသပဌောကဌမယ်လေ...ကျလန်တော်တို့ နောက်တခါပဌီသရင် သလာသကဌမယ်...." ထို့နောက် "ဝူှ.....! ငါ့ကိုကယ်ကဌပါ...ငါအလုပ်သလာသလုပ်ချင်တယ်...!"


စနစ်: တချို့ကလေ ပဌဿနာကိုရဟာတယ်။