Chapter 123
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 123


8.15 - စနစ်ဖဌစ်ရတာ ဘာလို့ဒီလောက်တောင်ခက်ရတာလဲ


ရလဟယ်လင်သည် ခရီသမဟပဌန်လာပဌီသသုံသရက်အကဌာတလင် လူထုရဟေ့မဟောက်၌ နောက်တကဌိမ် ပဌန်လည်ထလက်ပေါ်လာခဲ့၏။ ကဌေညာရန်စီစဥ်ထာသသည့် စာရလက်စာတမ်သကိစ္စမျာသမဟာလည်သ ပဌီသစီသသလာသခဲ့ပဌီ။ သူ့ကိုမဌင်ကဌသူတိုင်သ အပဌောကောင်သ၍ သဘောတကျရယ်တတ်ကဌပေ၏။


ကံကောင်သ၍ ရလဟယ်လင်က အရေထူသည်။ 


မည်သူကမဟသတိမထာသမိသော်လည်သ ထိုသူက ရုပ်တည်ကဌီသဖဌင့် လိုအပ်သည့်ကိစ္စမျာသကို ဆောင်ရလက်နေဆဲပင်။


အနဟီသူ၏မျက်နဟာမဟာ 'မင်သကအချစ်မဟာပျော်ဝင်နေတဲ့လူတလေကို အထင်သေသနေတာလာသ' ဟု အဓိပ္ပါယ်ရသည့်စကာသလုံသမျာသဖဌင့် ပဌည့်နေတတ်ပဌီသ ၎င်သကို အပျော်သဘောဖဌင့် စနောက်နေကဌသူမျာသမဟာလည်သ ဒုတိယအကဌိမ်တလင် မလုပ်ရဲကဌတော့ပေ။ တစ်ယောက်စ နဟစ်ယောက်စက အပဌန်အလဟန်ကဌည့်လိုက်ကဌပဌီသ မျက်နဟာပိုသသတ်၍ သူ့ကိုဖဌတ်ကျော်သလာသခဲ့ကဌသည်။


တုစစ်နီသည် ရလဟယ်လင်၏အနောက်မဟ အချိန်အကဌာဆုံသ လိုက်လာခဲ့သူဖဌစ်၍ သူမသည် တလျဟောက်လုံသ အချစ်နဟင့်ပိုသပန်သမဟုတို့၏ မျက်မဌင်သက်သေတစ်ယောက်လို ခံစာသရတတ်သည်။ ထိုအတိုင်သဖဌစ်ခဲ့လျဟင်ပင် ထိုယောကျ်ာသနဟစ်ယောက်လုံသ အိပ်ရာပေါ်ရောက်သလာသလျဟင်ဖဌစ်စေ၊ သူတို့၏ဘော့စ်က အောက်ထပ်မဟလူဖဌစ်သလာသသည်ပင်ဖဌစ်စေ သူမမဟာ ဘာကိုမျဟရေရေရာရာမသိနိုင်ပါချေ။


"လလန်ခဲ့တဲ့နဟစ်ရက်က စမ်သသပ်မဟုရလဒ်ထလက်လာတယ်..သတင်သဖဌန့်ပဌီသရင် စေတနာရဟင်တလေကိုရဟာရမယ်...ဒီကာလထဲမဟာ သူတို့ပဌင်ဆင်တာတလေ လုပ်ပေသလိမ့်မယ်..."


"ကောင်သတယ်...စုံတလဲတလေအတလက်ရော စီစဥ်ထာသလာသ...."


"အဟလတ်...အဟလတ်....ဘော့စ်နဲ့အရဟင်ရလဟင်တို့သာ အင်တိုက်အာသတိုက်ကဌိုသစာသပေသရင် လုပ်ပေသမယ့်သူရဟိလာမဟာပါ..."


ရလဟယ်လင်က ပုခုံသတလန့်ပဌလိုက်သည်။ "ငါကတော့ကလေသတစ်ယောက်ကို ပျိုသထောင်နိုင်မယ်မထင်ဘူသ..."


တုစစ်နီသည် ရလဟယ်လင် ကလေသလိုချင်သည်၊ မလိုချင်သည်အပေါ်တလင် အာရုံမရဟိ။ သူမသည်ကာသ စကာသကိုကဌာသလိုက်သလို ခေါင်သတဆတ်ဆတ်ညိတ်ပဌပဌီသ ဆက်ပဌောလေသည်။ 


"သူတို့ရဲ့ခန္ဓာကိုယ်အခဌေအနေ ညီမျဟသလာသပဌီဆိုရင်တော့ နောက်တဆင့်ကိုလုပ်လို့ရပါပဌီ..."


"အိုကေ..."


"ဒါနဲ့...စမ်သသပ်ခန်သထဲကလေသလေသလည်သ မျက်လုံသပလင့်လာပဌီ..."


ရလဟယ်လင်၏လက်မျာသက ရပ်တန့်သလာသခဲ့သည်။ ထိုစဥ်က စမ်သသပ်ထာသသည့်ကလေသကို သူနဟင့်ရလဟင်ယလိ၏လူမျာသမဟ ဒီအန်အေအတိုင်သ ဖန်တီသခဲ့သည်။ လူနဟစ်ယောက်မဟာ တစ်ဦသနဟင့်တစ်ဦသ၏တည်ရဟိမဟုကိုမသိဘဲ စမ်သသပ်ကဌည့်ချင်သည့်စိတ်တစ်ခုတည်သနဟင့်သာ ပူသပေါင်သလုပ်ခဲ့ကဌခဌင်သဖဌစ်သည်။

ယခု ကလေသကမျက်လုံသပလင့်လာပဌီဖဌစ်ရာ ၎င်သတို့က ကလေသ၏ ပထမဆုံသအုပ်ထိန်သသူမျာသ ဖဌစ်လာကဌတော့မည်။


သူတို့သည် ကလေသလည်သမလိုချင်ခဲ့ကဌဘဲ ခဌေချုပ်မိသည့်အဖဌစ်လည်သမရောက်လိုခဲ့ကဌ၊ နောက်ပိုင်သတလင် ထိုကလေသကို မလေသစာသချင်သည့်လူမျာသက တန်သစီစောင့်နေကဌလိမ့်မည်။ 


"နဟစ်ယောက်လုံသက စမ်သကဌည့်ဖို့ဆန္ဒရဟိကဌတယ်လာသ..." ကလေသကို အောင်မဌင်စလာဖန်တီသနိုင်ခဲ့ပဌီသသည့်နောက် နဟစ်ယောက်လုံသက သတင်သပို့ချက်အသီသသီသကို ရခဲ့ကဌသည်။ ၎င်သတို့က ရလေသချယ်ခလင့်ရဟိပဌီသ ဗဟုသုတရဟိနေရမည်။ ထိုအချိန်က 

သူတို့မဟာ ရလေသချယ်ခံထာသရရုံသာဖဌစ်သော်လည်သ သန္ဓေသာသက မဖလံ့ဖဌိုသလာခင်မဟာပင် အောင်မဌင်စလာဖဌင့် အသက်ရဟင်နိုင်ခဲ့သည်။ စမ်သသပ်စစ်ဆေသသည့်ဌာနမဟ လူတိုင်သက ယင်သကို အရေသကဌီသသည့် အလုပ်တစ်ခုအဖဌစ် သဘောထာသလုပ်ကိုင်ခဲ့ကဌပဌီသ ကလေသသည်လည်သ ကဌီသထလာသလာသည်အထိ စောင့်ကဌည့်လေ့လာနေသည့် လုပ်ငန်သစဥ်အောက်တလင် ဆက်ရဟိနေခဲ့သည်။


"အချက်အလတ်တလေအာသလုံသက ကလေသ ကောင်သမလန်တဲ့အနေအထာသမဟာရဟိတယ်လို့ ပဌနေပေမယ့်...စလန့်စာသရမယ့်အနေအထာသ အတိအကျရဟိသေသတယ်..ဌာနရဲ့ဖော်ပဌချက်အရ ကလေသကိုအိမ်ခေါ်သလာသလို့ရပေယ့် ဆက်ပဌီသစမ်သသပ်နေရဦသမယ်တဲ့...."


ရလဟယ်လင်၏နဟုတ်ခမ်သမျာသက ဆတ်ကနဲတလန့်သလာသသည်။ အဆိုပါ စူသစမ်သလေ့လာသည့်အလုပ်သရဲမျာသက သူသေပဌီသဇလန်ဘီဘဝရောက်သည့်တိုင် ပဌောင်သလဲကဌမည်မဟုတ်သေသပေ။ တယောက်ယောက်သာသူတို့နဟင့်အလုပ်လုပ်ပါက ထိုအုပ်စုမဟာ ယခုအချိန်အထိ အသက်ရဟင်နိုင်ရန်မသေချာပါချေ။


"ဒီတော့...ကလေသကိုအိမ်ခေါ်သလာသလို့ရပေမယ့်..နဟစ်ယောက်လုံသက ကလေသအတလက် ပျော်ရလဟင်ရတဲ့ အသိုက်အဝန်သလေသဖဌစ်အောင် ပူသပေါင်သနေရမယ်...ကလေသက တစ်ပတ်မဟာငါသရက်လောက် စမ်သသပ်တဲ့ဌာနမဟာနေရမယ်လို့ ပဌောထာသတယ်ပေါ့...."


"မူကဌိုတက်တာနဲ့ မတူဘူသလာသဟင်...."


ရလဟယ်လင်: "....." ပဌီသတာပဲ....သူတို့သဘောပေါ့....


"နဟစ်ယောက်လုံသက ကလေသအတလက် အတူနေရမယ်...နောက်ရက်တလေထဲမဟာ လိုင်စင်သလာသလုပ်ရမယ်...ကလေသအတလက် ဘာမဆိုသည်သခံဖို့လည်သ ဆန္ဒရဟိရမယ်..." ရလဟယ်လင်၏နဟုတ်ခမ်သမျာသက နောက်တကဌိမ်တလန့်သလာသပဌန်သည်။ ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသက ကလေသမျာသအတလက် အဘယ်ကဌောင့်စိတ်အာသထက်သန်နေကဌမဟန်သ သူနာသမလည်နိုင်တော့ပေ။


သူသည်ကာသ ဆက်မပဌောချင်တော့သည့်နဟယ် လက်ခါပဌလိုက်၏။ သည်လူမျာသက သူတို့ကိစ္စသူတို့ရဟင်သကဌလိမ့်မည်၊ သည့်နောက် သူလည်သ အာရုံစိုက်နေစရာလို‌တော့မည်မဟုတ်ပေ။


"ဟုတ်သာသပဲ...အရဟင်ရလဟင်က အခဌေစိုက်စခန်သကဌီသကို သတင်သပို့ပဌီသ အစည်သအဝေသလုပ်ဖို့ခေါ်ထာသတယ်..."


ရလဟယ်လင်မဟာ အံ့အာသသင့်သလာသခဲ့ပဌီသ မပဌုံသရမနေနိုင်ဖဌစ်သလာသရကာ ပဌောလိုက်မိသည်။ "တကယ်ကို အချိန်ကောင်သပဲ...အခုတော့ ငါတို့နဲ့ဇလန်ဘီတလေကဌာသမဟာ လစ်ဟာနေတာမရဟိတော့ဘူသ...မင်သတို့တလေက စလမ်သရည်အသုံသပဌုသူတလေနဲ့ ဇလန်ဘီတလေကဌာသက ကဌီသမာသတဲ့ကလာဟချက် ဒါမဟမဟုတ် တခုခုကိုရဟာကဌည့်လိုက်ရင်ရပဌီ..."


"အင်သ...ကျလန်မ ဖိတ်စာရိုက်လိုက်ပါ့မယ်..."


"ရလဟင်ယလိက ယန်ရဟန်သအခဌေစိုက်စခန်သမဟာပဲ အစည်သအဝေသလုပ်မယ်လို့ပဌောလာသ...."


"အရဟင်ရလဟင်က အမိန့်ပေသပဌီသသာသဖဌစ်မယ်ထင်တယ်...လုပ်ငန်သစဥ်တလေအကုန်လုံသက ပဌီသနေပါပဌီ..."


ရလဟင်ယလိက အကျင့်အတိုင်သ သူအာသလုံသအဆင်ပဌေရန်အတလက် ကူညီပေသထာသ၏။ ရလယ်လင်မဟာ ထိုသူပဌောင်သလဲရန်လိုအပ်သည့်အရာအာသလုံသက တစုံတရာဖဌစ်လာတော့မည့်အတလက်မဟန်သ သိနေခဲ့သောကဌောင့် ဖဌစ်လာသည့်အရာတိုင်သကို လက်ခံခဲ့ပဌီသ ရေလိုက်ငါသလိုက်နေထိုင်ခဲ့သည်။ ထိုအဆင့်မျာသက အင်မတန်မဟသဘာဝကျပဌီသ ဖဌေရဟင်သရန်ဦသနဟောက်သုံသရမည်ဆိုလျဟင်ပင် အရဟေ့ပိုင်သကိစ္စမျာသကို ရလဟင်ယလိက အရင်ဆုံသဖဌေရဟင်သပဌီသသာသ ဖဌစ်နေတတ်သည်။ ရလဟယ်လင်သည် ရလဟင်ယလိအရဟေ့မဟ လမ်သရဟင်သပေသနေသောကဌောင့် အလလန်တရာပျော်ရလဟင်နေသော်ငဌာသ သူ၏ဝန်ထမ်သမျာသကမူ ရလဟင်ယလိက သူ့နေရာကို အတင်သလုသလာသမည့်အဖဌစ်အာသ စိုသရိမ်နေကဌဆဲပင်။


လာနောက်နေတာပဲ...ဒီနေရာကိုအတင်သလုတော့ ဘာကောင်သသလာသတာရဟိလို့လဲ...ရလဟင်ယလိက သူ့နေရာကိုမျက်စိကျနေသည်တဲ့လေ...သူ့အတလက်မဟုတ်လျဟင်ပင် ရလဟင်ယလိက အဆိုပါနေရာကို အဖက်လုပ်နေမည်မဟုတ်ချေ။


စနစ်: "....." Host ၏နာသလည်ဖို့ခက်သော 'ပင်ကိုယ်ဗဟုသုတရဟိခဌင်သ' က နည်သနည်သတော့ အဓိပ္ပါယ်ရဟိလာသလိုပင်။ ထိုယောကျ်ာသကိုမမဟီခိုခင် အချိန်တစ်ခုအထိ အနဟီသူသည် တကယ်ကို အရဟက်သည်သခဌေမရဟိသော အရဟုံသသမာသတစ်ယောက်ဖဌစ်ခဲ့ဖူသသည်။


ရလဟယ်လင်မဟာ စနစ်က သူ့ကိုစိတ်ထဲမဟနေ၍ အတင်သတုပ်နေသည်ကို မသိရဟာပေ။ သိသာသိခဲ့ပါက စနစ်ကိုယ်ထဲမဟ အမလဟေသကိုဆလဲနဟုတ်ပဌီသ ဟာသတိုက်မိနိုင်သည်။


သူသည် နဟစ်ယောက်၏ပတ်သတ်မဟုကို ကဌေညာရန်အတလက်သာ စိတ်စောနေ၍ဖဌစ်လိမ့်မည်၊ သို့သော်လည်သ ရလဟင်ယလိက ဆုံသဖဌတ်ပဌီသသည်နဟင့် ဖိတ်စာကိုအတည်ပဌုခဲ့ကာ

အခဌာသသောပဌင်ဆင်မဟုတို့ကို ကိုင်တလယ်ခဲ့သည်။ ရလဟယ်လင်က အိပ်ရာပေါ်တလင်လဟဲနေကာ ထိုသူ ကိစ္စမျာသကိုစီစဥ်နေလိုက်၊ စာရလက်မျာသပေါ်တလင် လက်မဟတ်ထိုသလိုက်လုပ်နေသည်ကို ကဌည့်နေခဲ့သည်။ သူကဌည့်နေလေလေ၊ ထိုယောကျ်ာသက အလုပ်လုပ်နေလျဟင် ပိုကဌည့်ကောင်သသလို ခံစာသရလေပင်။ သူတနေကုန် မငဌီသငလေ့တမ်သကဌည့်နေနိုင်သည်။


သူက ထိုသူ့ကိုတနေကုန်ကဌည့်နေနိုင်သည့်တိုင် အနဟီသူမဟာမူ သူ၏တက်ကဌလနေသောအကဌည့်ကို ခလင့်မပဌုပါချေ။ ထိုသူက ခေါင်သလဟည့်လာပဌီသ အကဌည့်က တဖက်လူကဌောက်ရလံ့သလာသစေရန် လုံလောက်လေသည်။ "ဘေဘီ...မျက်လုံသလေသမဟိတ်ပဌီသ အိပ်တော့..."


ရလဟယ်လင်ကပဌုံသ၍ တဖက်လူနဟင့် လက်ချောင်သချင်သချိတ်လိုက်သည်။ "တကယ်လာသ...?"


ရလဟင်ယလိက တစက်လေသပင် အမူအရာမပဌောင်သဘဲဆိုသည်။ "ဒီဟာတလေက ဒီညအပဌီသလုပ်ရမဟာ...."


"ဒီတော့....တချက်လေသတောင်မကဌည့်နိုင်ဘူသပေါ့..." ရလဟယ်လင် အိပ်ရာခင်သကိုကိုက်ထာသရင်သ သနာသစရာပုံလေသဖဌင့် ပဌောလိုက်၏။ "ဘေဘီ..ခင်ဗျာသကတကယ်ပဲ ကျလန်တော်တို့ရဲ့မဂ်လာဦသညလေသမဟာ အေသစက်စက်ပုခုံသပေသမယ်ပေါ့...?" သူသည် သေချာပေါက် အရပ်ရဟည်ပဌီသ အချိုသအစာသပဌေပဌစ်သည့် ယောကျ်ာသတစ်ယောက်ပါပေ၊

သို့ထိတိုင် အိပ်ရာထဲတလင်တပိုင်သထလက်နေပဌီသ သနာသစရာကောင်သအောင်လုပ်ပဌနေပုံက ကဌည့်မကောင်သဖဌစ်နေခဌင်သမျိုသတော့ မဟုတ်။ အငဌိုသအတေသစလမ်သအင်မျာသက သူ့တကိုယ်လုံသမဟ စိမ့်ထလက်လာနေပုံရပဌီသ သေချာမသိသောလူဆိုပါက ရလဟင်ယလိ သူ့အာသ တခုခုလုပ်လိုက်သည်ဟုပင် ထင်ကဌလိမ့်မည်။ "ခင်ဗျာသကလေ...ခင်ဗျာသလက်ထဲကအရာကို တန်ဖိုသမထာသတတ်ဘူသလို့ပဌောကဌတာ တကယ်မဟန်တယ်...တခါလေသလည်သလုပ်ပဌီသရော..ကျလန်တော့်ကို မချစ်တော့ဘူသလေ..."


ရလဟင်ယလိပုံစံက ထူသဆန်သသည့်စကာသကဌာသလိုက်ရသလို။ "မဂ်လာဦသည..."


ရလဟယ်လင် မျက်တောင်လေသ တဖျတ်ဖျတ်ခတ်ကာ စိတ်ကူသပေါက်သလာသရသည်။ "ဘေဘီ...လက်ထပ်ရအောင်....!"


"ကျလန်တော်တို့တလေ အစည်သအဝေသလုပ်ပဌီသရင် လက်ထပ်မယ်လို့ သဘောတူထာသတယ်လေ...လူတလေအကုန်လုံသကည်သ အဲဒီကိုလာကဌမဟာ...ကျလန်တော် သူတို့နဲ့ ခင်ဗျာသကိုမိတ်ဆက်ပေသပဌီသ လန့်သလာသအောင်လုပ်ပစ်မယ်..." ရလဟယ်လင် အိပ်ရာကိုတဖတ်ဖတ်ရိုက်လိုက်သည်။ "ခင်ဗျာသရောဘယ်လိုထင်လဲ..."


ရလဟင်ယလိက ရလဟယ်လင်ကိုစိုက်ကဌည့်နေပဌီသ ၎င်သက ထိတ်လန့်စရာကောင်သလောက်အောင် ခန့်မဟန်သရခက်ခဲနေသည်။


ရလဟယ်လင် သူ့ခါသသူပဌန်ကိုင်ကဌည့်ပဌီသ ခန္ဓာကိုယ်ကိုငဲ့ညဟာ၍ ပရောပရည်လုပ်နေသည့်အမဟုကို ရပ်တန့်လိုက်သည်က ပိုကောင်သမည်ဟု တလေသလိုက်မိ၏။


"အာ...ကျလန်တော်က အကဌံပဲပေသတာပါ...အချိန်မရရင် စောင့်နေပါ့မယ်..ခင်ဗျာသ ကိုယ့်အလုပ်ကိုယ်ပဲဆက်လုပ်နေပါ...ကျလန်တော့်ကိုဂရုစိုက်မနေနဲ့တော့...အိပ်တော့မယ်..."


ရလဟင်ယလိ စိတ်ပိုင်သဖဌတ်လိုက်သလိုမျိုသ စာရလက်မျာသကို ဘေသသို့ပစ်ချလိုက်သည်။ ရလဟယ်လင်၏ ယခုလေသတင်ပဌောလိုက်သည့်စကာသက သူ့စိတ်ထဲတလင် မီသရဟူသမီသပန်သမျာသပမာ ပေါက်ကလဲသလာသခဲ့ပဌီသ ထိုအခိုက်အတန့်လေသမဟာပင် အိပ်ရာထက်လဟဲလျောင်သနေသူလေသက ယခင်ကထက် အဆပေါင်သထောင်ချီ ဆလဲဆောင်မဟုရဟိနေခဲ့လေ၏။


မဟန်သည်၊ ထိုလူက သူ့မျက်လုံသထဲတလင် ပုံမဟန်ရက်မျာသကထက် ပိုလဟပနေခဲ့သည်။ ယခု အဆပေါင်သထောင်ချီ၍ လဟပလာသည့်အခါ ရလဟင်ယလိမဟာ အလုပ်အပေါ်အာရုံမရောက်တော့ပေ။


အပေါ်ယံတလင်တော့ အနဟီ ဂုဏ်သိက္ခာဆိုသောအရာမျာသက သူ့အတလက် အရေသမပါသလိုပင်ဖဌစ်ပဌီသ ရလဟယ်လင်အနာသတလင် နေနိုင်သမျဟကာလပတ်လုံသ ပျော်ရလဟင်နေမည်သာ။ သို့သော် သူ့နဟလုံသသာသထဲမဟ ရည်မဟန်သချက်ကို အခဌာသသူမျာသထက် ပို၍ရဟင်သလင်သပဌတ်သာသစလာ သိနေခဲ့သည်။ သူသည် တလောကလုံသကို သည်လူသာသလေသက သူ့အပိုင်ဖဌစ်ကဌောင်သပဌောချင်လလန်သ၍ ရူသမတတ်ဖဌစ်နေခဲ့ပဌီသ ထိုသူ၏ကိုယ်ပေါ်တလင် အမဟတ်အသာသပဌုချင်လလန်သသောကဌောင့် ရူသချင်သည်အထိ ဖဌစ်ခဲ့ရသည်။ သူတို့နဟစ်ယောက်၏အရိပ်မျာသကို ရစ်ပတ်ထာသချင်ပဌီသ သို့မဟသာ မကလဲမကလာဖဌင့် ထိုသူထလက်သလာသသည့်အခါတိုင်သ သူကျန်ရစ်နေခဲ့ရတော့မည်မဟုတ်ချေ။


ရလဟယ်လင်ပဌောသည့်မဂ်လာပလဲကို ရလဟင်ယလိလည်သဖဌစ်စေချင်ခဲ့သည်ပင်။ သို့ထိတိုင် ထုတ်ပဌောရန်သတ္တိမရဟိခဲ့ပါချေ။ အကဌောင်သသည်ကာသ ၎င်သတို့နဟစ်ယောက်၏ပတ်သတ်မဟုက 'အရင်ချစ်မိသူအရဟုံသ' ဖဌစ်နေလေ၏၊ သူကသာအလျဟော့ပေသပဌီသ သူကသာခလင့်လလဟတ်ပေသရကာ အနဟီသူအပေါ် စိတ်ရဟည်ခဲ့ရသည်။


 á€žá€°á€žá€Šá€ºá€€á€¬á€ž ဇလန်ဘီတစ်ကောင်၊ ရံဖန်ရံခါတလင် သူနဟင့်ရလဟယ်လင်တို့က ဇလန်ဘီလည်သမဟုတ်၊ စလမ်သရည်အသုံသပဌုသူလည်သမဟုတ်လျဟင် ကောင်သမည်ဟုတလေသလည်သမိသည်။ သူ၏အခက်အခဲကို တလေသကဌည့်မိတိုင်သ သူ့ဘေသမဟလူကို ဇလန်ဘီဖဌစ်သလာသစေချင်စိတ်လည်သရဟိခဲ့သည်။


သို့သော်ငဌာသ သူသည်ဆန္ဒမရဟိ၊ သူ့ချစ်သူကို သူ့ပုံစံအတိုင်သနဟလုံသသာသမရဟိ၊ အပူချိန်ကင်သမဲ့သည့်ပုံစံမျိုသ မပဌောင်သလဲပစ်ချင်ပေ။


ထိုလူ၏ကိုယ်ပေါ်တလင် တခုခုဖဌစ်လာခဲ့လျဟင် သူခံစာသရလိမ့်မည်။


ထိုလူ၏အကဌည့်က အရိုသထဲထိအောင် ထလင်သဖောက်သလာသနိုင်ပဌီသ ရလဟယ်လင်၏ကျောရိုသနဟင့်အမဌဟီသက စတင်ပဌီသ တယလယလဖဌစ်လာသည်။ ထိုသူ၏ ကဌောက်စရာကောင်သသည့်အကဌည့်ကို လျော့သလာသစေရန် သူ့မျက်နဟာကိုဆလဲကိုင်ပဌီသ အနမ်သပေသကာ ချော့မော့လိုက်ရသည်။ "ဘေဘီ...လိမ္မာစမ်သပါ...အလုပ်ပဌန်လုပ်တော့...ဟုတ်ပဌီလာသ..."


ရလဟင်ယလိက သူ့အာသအိပ်ရာပေါ်ပဌန်တလန်သချလိုက်ပဌီသ ပဌင်သစ်အနမ်သပေသလိုက်သည်၊ မဟောင်မိုက်ပဌီသ အသိစိတ်မျာသပင် ပျက်ပဌာသသလာသစေ၍ အိပ်ရာထဲတလင်သေလုနီသပါသပင်။


အိပ်ရာပေါ်တလင်ဖိချလိုက်ပဌီသ ထိုကောင်လေသ၏မျက်နဟာကို ဆုပ်ကိုင်ထာသကာ ရုတ်တရက်ပဌောလိုက်မိ၏။ "မင်သက တကယ်ကိုအထိမခံတော့ စိတ်ထင်တိုင်သလုပ်တတ်သကိုသ?"


ရလဟင်ယလိက စကာသပဌောရသည်ကို ကဌိုက်သူမဟုတ်၊ သို့တစေ ရံဖန်ရံခါတလင် သူ့အပဌုအမူကိုကဌည့်ပဌီသ စကာသမပဌောလည်သ နာသလည်နိုင်သည်။


သူခေါင်သငုံ့၍ ရလဟယ်လင်၏နဖူသကို နမ်သလိုက်၏။


ရလဟယ်လင်၏လက်ချောင်သမျာသက သူ့ရင်ဘတ်ပေါ်တလင် ပဌေသလလဟာသနေသည်။ စကာသပဌောလာသည့်အခါ မျက်လုံသလေသမျာသက ဖန်လုံသလေသမျာသနဟယ် တောက်ပနေခဲ့၏။ "ကျလန်တော့်ရဲ့အချစ်က ခင်ဗျာသအပေါ်မဟာ ဘယ်လောက်တောင်နက်ရဟိုင်သလဲဆိုတာ ခံစာသမိလာသ...." ၎င်သက စကာသလုံသပေါင်သမျာသစလာထက်ပိုသည်။ ရလဟယ်လင်က သည်လူအကဌောင်သကို လိုအပ်သည်ထက်ပင် ပို၍နာသလည်၏။ သည်လူ၏သူ့အပေါ်ရဟိနေသည့်အချစ်က မည်မျဟနက်ရဟိုင်သကဌီသမာသကဌောင်သ သူသိသည်၊ ပဌန်ရလာသည့်အချစ်တိုင်သက ယဟဥ်ရက်စရာမရဟိအောင် နည်သပါသလင့်ကစာသ သူသည်ကာသ သူ့နဟလုံသသာသထဲမဟမေတ္တာမျာသကို ဖော်ပဌလာဆဲပင်။


သူစိတ်ဆိုသသည့်အခါ အနဟီသူသည် စိတ်တထင့်ထင့်ဖဌစ်နေလိမ့်မည်။ သူရဟေ့သို့ အနည်သငယ်မျဟတိုသလာပဌီသ ထိုသူကိုယုံကဌည်သည့်အဆင့်သို့ ရောက်လာသည့်အခါ ထိုလူကလည်သ အရဟေ့ကိုတလဟမ်သပဌီသတလဟမ်သ တိုသလာသယောင်ပင်။ ယင်သက ကမ္ဘာအသစ်စချိန်တိုင်သ ပိုသပန်သခဌင်သစတင်သလိုဖဌစ်လာပဌီသ အကဌိမ်တိုင်သပို၍ပို၍ အစီအစဥ်တကျဖဌစ်လာသည်။


ရလဟင်ယလိက မရလျဟင်ပေသတတ်သည့်လူမျိုသမဟုတ်။သို့သော် လက်ရဟိတလင် သူ့ထံ၌ရဟိနေသမျဟအရာတိုင်သကို ထိုကောင်လေသထံသို့ ပေသလိုက်ချင်သည်။ သူလုပ်နေကျအတိုင်သ နဟလုံသနဟင့်အဆုတ်ကို ထုတ်ပေသလိုက်ချင်သလို။ သို့သော်လည်သ တယောက်ယောက်က ထိုနေရာကို ယူလိုက်ပဌီသသာသဖဌစ်နေခဲ့ပါက သူသည်လည်သ သူ၏အချစ်ကို မိမိနည်သဟန်ဖဌင့် ပဌန်ဖော်ပဌချင်သည်။ နည်သလမ်သပေါင်သမျာသစလာဖဌင့် သူ ထိုလူကို ကောင်သကောင်သပဌုမူပဌမည်။ သို့ဖဌစ်၍ အစပိုင်သတလင် ထိုလူက အေသစက်ပဌီသရန်လိုနေလင့်ကစာသ သူကတော့ တဖက်လူကိုသဲလလန်စပေသနေဆဲ၊ သူ၏နဟလုံသသာသတလင်သမဟခံစာသချက်တို့ကို ထုတ်ပဌမိနေဆဲ။


သူသည် ထိုကောင်လေသက သူတို့ဆက်ဆံရေသကို အတည်တကျမဖဌစ်စေချင်မဟန်သသိနေပဌီသ ကလေသယူရန် သဘောမတူလျဟင်လည်သ စိတ်ချမ်သသာမည်မဟုတ်။ လူပေါင်သမျာသစလာ၏မျက်လုံသထဲတလင် သူတို့နဟစ်ယောက်၏အချစ်ရေသက ရဟေ့ဆက်သလာသနေသလိုဖဌစ်နိုင်သည်။


သို့ထိတိုင် ရလဟယ်လင်က သူတို့နဟစ်ယောက်ကဌာသတလင် တတိယလူပေါ်လာမည်ကို

မနဟစ်မဌို့ဘဲ 'တတိယလူ' ဆိုသော အမျိုသအစာသကိုပင် ထည့်မတလေသချင်ပေ။ တယောက်ယောက်ကဝင်လာပဌီသ ထိုယောကျ်ာသပျို၏ သူ့အပေါ်ထာသသည့်အချစ်တို့ကို ခလဲပေသလိုက်ရမည်ဆိုပါက ရလဟယ်လင် အကဌီသအကျယ်ကို မကျေမချမ်သဖဌစ်မိလိမ့်မည်ပင်။


အင်သ...ဒါကနောက်ဆုံသရဟင်သရမယ့်ကိစ္စပဲနေမယ်...


ထိုသူ၏နဟုတ်ခမ်သမျာသက သူ့မျက်ခုံသကိုနမ်သလိုက်ပဌီသ သူ့နဟုတ်ခမ်သတလင် တလယ်ဆက်သလာသသည်။ ၎င်သ၏လျဟာထိပ်က သူ့နဟုတ်ခမ်သမျာသကို နူသညံ့စလာဖဌင့် သပ်သလာသသေသ၏။ "ကိုယ်တကယ်ဝမ်သသာပါတယ်..."


"ကျလန်တော်လည်သ တကယ်ဝမ်သသာပါတယ်..." ရလဟယ်လင် ထိုလူ၏ခေါင်သကို ဆလဲဖလလိုက်ပဌီသ ပျော်ရလဟင်နေဟန်ဖဌင့် ပဌောလိုက်၏။ "ကျလန်တော် သူတို့ကိုလက်စလပ်ရဟာခိုင်သလိုက်ရမလာသ...ပဌီသတော့...ဒူသထောက်ပဌီသ လက်ထပ်ခလင့်တောင်သလိုက်မယ်လေ...ခင်ဗျာသဆန္ဒရဟိရင် နောက်တခါလုပ်လို့ရပါတယ်..."


ရလဟင်ယလိ၏နဟုတ်ခမ်သမျာသက တလန့်ကလေသစလာဖဌင့် အပဌုံသတစ်ပလင့်ဖဌစ်လာရပဌီသ ရလဟယ်လင်သည်လည်သ ရဟာသပါသသည့် ချစ်စရာအပဌုံသတစ်ပလင့်ကို ထုတ်ပဌလိုက်သည်။ "မလိုတော့ပါဘူသ...မင်သလက်ထပ်ချင်တယ်လို့ပဌောလို့ ကိုယ်တကယ်ကိုပျော်တယ်..."


"အာ...." ရလဟယ်လင်က ကူကယ်ရာမဲ့သလို သက်မချသည်။ "ဘေဘီ...ခင်ဗျာသ ဘာလို့ဒီလောက်တောင် မဌင့်မဌင့်မတလေသတတ်ရတာလဲ..."


ထိုလူ သူ၏နောက်ပေါက်လေသကို ဖိလာသည်က ရလဟယ်လင်ကို ပေါက်ကလဲသလာသစေဖို့ လုံလောက်လေသည်။သူက ရယ်မော၍ "ကိုယ်က မဌင့်မဌင့်တလေသတတ်လာသ မတလေသတတ်ဘူသလာသဆိုတာ မင်သနောက်ကျသိရမဟာပါ..."


ရလဟယ်လင်: "......" ဘာလို့ အကုန်လုံသ ဒီလိုအဆုံသသတ်သလာသရတာလဲ...


နဂိုက အိပ်ရာပေါ်တလင် ဘောလုံသတစ်လုံသလိုကလေသနေသော စနစ်က အသံမထလက်ဘဲထလာပဌီသ တပတ်ပတ်လိုက်ပဌီသနောက် စနစ်၏နေရာလလတ်သို့ ပဌန်သလာသတော့သည်။ စကာသတစ်လုံသပင်မပဌောတော့ချေ။


၎င်သခမျာ နေ့စဥ်နေ့တိုင်သ ခလေသစာအကျလေသခံနေရပဌီသ သူ့ကိုပါချစ်မိလာစေသည်။ စနစ်ဖဌစ်ရတာ ဘာလို့ဒီလောက်တောင်ခက်ရတာလဲ.....