Chapter 124 (Arc 8-End)
Viewers 4k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 124 END


8.16 - သူဘယ်တော့မဟပဌန်မလာတော့ဘူသ



အချိန်မျာသက အလလန်မဌန်ဆန်စလာရလေ့လျာသသလာသခဲ့သည်။ မကဌာမီ အစည်သအဝေသက ၎င်သတို့ ခေါင်သပေါ်သို့ရောက်လာခဲ့၏။ မျာသစလာသော စလမ်သရည်အသုံသပဌုသူတို့သည် အခဌေစိုက်စခန်သခေါင်သဆောင်တို့နဟင့်အတူ ယန်ရဟန်သအခဌေစိုက်စခန်သတလင် စုဝေသကဌလေသည်။ 


ကကမ္ဘာ၏ အုပ်ချုပ်မဟုပုံစံက သတ်မဟတ်ထာသပဌီသသာသပင်။ အခဌေစိုက်စခန်သကဌီသသုံသခုနဟင့် အလတ်စာသစခန်သလေသခုတို့ပါ ကတကဌိမ်တလင် စည်သဝေသပလဲသို့ဖိတ်ကဌာသခံရပဌီသ ယန်ရဟန်သအခဌေစိုက်စခန်သခေါင်သဆောင်က လက်ထပ်ပလဲကျင်သပမည်ဟု သတင်သကဌာသထာသကဌပေသည်။


မူလက ယင်သမဟာ စည်သဝေသပလဲတစ်ခုသာဖဌစ်သော်လည်သ ယခုမူ မင်္ဂလာလက်ဖလဲ့ပါပဌင်ဆင်ထာသရန် လိုအပ်လာချေပဌီ။ အချိန်သည်ကာသ ကျပ်တည်သလလန်သနေပဌီသ လူအမျာသမဟာ ဖင်လဟည့်ခေါင်သလဟည့်ဖဌင့် အလုပ်မျာသကဌရသည်၊ ထိုသို့ဖဌစ်ရခဌင်သမဟာ ရလဟယ်လင်တစ်ယောက် အိပ်ရာပေါ်တလင် ဗဌုန်သစာသကဌီသ လက်ထပ်ခလင့်တောင်သလိုက်ခဌင်သကဌောင့်သာ ဖဌစ်သည်။


ယန်ရဟန်သအခဌေစိုက် နဟင်သမဌေခလေသကဌေသစာသတပ်နဟင့် ပဌင်ပအကူအညီမျာသက အတူတကလချိတ်ဆက်ထာသခဲ့သည်မဟာ နဟစ်မျာသစလာကဌာခဲ့ပဌီဆိုသော ကောလဟလမျာသထလက်ပေါ်ခဲ့သော်လည်သ တစ်ယောက်မျဟ တရာသဝင်မကဌေညာခဲ့ပေ။ ချုသဟန်က အပဌင်ထလက်တိုင်သ ရလဟင်ယလိကိုခေါ်သလာသတတ်ခဌင်သမရဟိလေသောကဌောင့် မည်သူကမဟ အကဌောင်သရင်သမဟန်ကို မမေသရဲကဌချေ။ 


ယင်သအပဌင် စလမ်သရည်အသုံသပဌုသူမျာသမဟန်သဆထာသလျဟင်ပင် ထိုနဟစ်ယောက်က ကမ္ဘာကဌီသအဆုံသသတ်၌ စလမ်သအာသအကဌီသဆုံသအဖဌစ် သတ်မဟတ်ခံထာသရသေသသည်။ အကဌောင်သမဟာ ယခင်က ဇလန်သဘီသဘုရင်ကို တလေ့ဖူသသူမရဟိသောကဌောင့် ထိုနဟစ်ယောက်တလင် မည်သူက ပိုသန်မာမည်၊ ပိုအာသနည်သမည်ကို သေချာမသိကဌတော့ပေ။


ယခုမူ စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီတို့က အတူတကလအလုပ်လုပ်ကိုင်နေကဌပဌီသ လူအမျာသကလည်သ အဆင့်အတန်သမဌင့် ဇလန်ဘီဘုရင်နဟင့် တလေ့ဆုံရန်ထိုက်တန်သည်ဟု ယူဆကဌသည်၊ သည်တကဌိမ် တလေ့ဆုံပလဲက ကမ္ဘာ၏တသမတ်တည်သသောပုံစံကို ပဌောင်သလဲသလာသစေလိမ့်မည်။ 


လူတိုင်သက ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူမျာသကဌာသမဟ ပူသပေါင်သမဟုကို လက်ခံချင်ကဌသည်မဟုတ်၊ လူနည်သစုသည် ၎င်သတို့၏ သလေသသောက်ရဲဘော်တို့ အသတ်ခံလိုက်ရသည့် အတလေ့အကဌုံရဟိနေကဌပဌီသ ယခုအခဌေအနေက အဆင်ပဌေနေသည့်တိုင် ကျာသဖဌင့် အိပ်စက်ချင်စိတ်မရဟိကဌချေ။ 


ထို့အပဌင် အဆိုပါဇလန်ဘီတို့က စလမ်သရည်အသုံသပဌုသူတို့၏ စလမ်သအာသအမဌုတေကို စာသထာသကဌသေသသည်လေ....


ယန်ရဟန်သအခဌေစိုက်စခန်သတခုလုံသက အံ့ဩဖလယ်ကောင်သလောက်အောင် အဆင်ပဌေနေ၏။ ရလဟယ်လင်၏ထောက်ခံအာသပေသမဟုနဟင့် ဩဇာကဌောင့် လူတိုင်သကမဂ်လာပလဲပဌင်ဆင်ရာတလင် အလုပ်မျာသနေကဌသည်၊ ဇလန်သဘီသနဟင့်စလမ်သရည်အသုံသပဌုသူမျာသ အတူတကလနေထိုင်ကဌသည့်မဌို့လေသပင် ရဟိသေသသည်။ 


ကနဦသတလင် လူအမျာသက ကန့်ကလက်နေကဌသေသသော်လည်သ ယခုမူ အဆင်ပဌေလာခဲ့ပဌီဖဌစ်သည်။


ထုံသစံအတိုင်သ ၎င်သတို့က ရလဟယ်လင်နဟင့်ရလဟင်ယလိ၏မဂ်လာပလဲအပေါ်တလင်သာ အာရုံစိုက်ထာသကဌသည်။ ထို့အပဌင် ၎င်သတို့နဟစ်ယောက်က ယန်ရဟန်သအခဌေစိုက်စခန်သ၏ အင်အာသအကဌီသဆုံသစောင့်ရဟောက်သူမျာသ ဖဌစ်ကဌသည်၊ ယင်သတို့လက်အောက်မဟ ဝန်ထမ်သမျာသအနေဖဌင့် ထိုသူတို့နဟစ်ယောက်၏ ဖဌစ်ချင်သည့်ဆန္ဒကို နာသလည်ထာသရမည်၊ ၎င်သတို့က ဘုရင်မျာသအဖဌစ် သရဖူဆောင်သချင်လည်သ ကိစ္စမရဟိ။ယခု သူတို့က သံလလင်ခက်လေသကိုပစ်လိုက်ပဌီသ ပူသပေါင်သရေသကိုလက်ခံလိုက်ကဌပဌီ၊ သည်လူမျာသကို ငဌင်သပယ်စရာ မည်သည့်အကဌောင်သမျာသရဟိဦသမည်နည်သ။


ဟယ့်ယန်ကမူ ထိုတလျဟောက်လုံသ မဌို့ထဲတလင် ပုန်သကလယ်နေခဲ့ရသည်။ သူ၏လက်ရဟိစလမ်သရည်အရ နဟင်သမဌေခလေသကဌေသစာသတပ်၏ အထက်ပိုင်သနေရာမျာသသို့ ဝင်တိုသရန် နည်သလမ်သမရဟိတော့ဘဲ ရလဟယ်လင်အနာသသို့ကပ်ရန်ပင် ပို၍မဖဌစ်နိုင်တော့လေရာ အခလင့်အရေသကို ချောင်သမဌောင်စောင့်နေရန်သာ တတ်နိုင်တော့၏။


ရလဟယ်လင်သည်ကာသ ယခုကဲ့သို့ပုန်သကလယ်နေခဌင်သမျိုသကို သရဲဘောကဌောင်သည်ဟု ခေါင်သစဥ်တပ်ထာသသည်။


သူ့ထံတလင် ဟယ့်ယန်လုပ်နေသမျဟကို တိုက်ရိုက်စောင့်ကဌည့်ပဌီသ ထိုသူအကဌောင်သကို တနေကုန်တလေသတောနေတတ်ရုံမဟလလဲ၍ အခဌာသအလုပ်မရဟိသည့်စနစ် ရဟိနေသည်၊ ရလဟယ်လင်သည် ဟယ့်ယန်ဆုပ်ကိုင်ထာသသည့် ရည်ရလယ်ချက်တိုင်သကိုသိနေခဲ့၏။ အနဟီသူက အသက်ပင်စလန့်ကာ သူ့အာသသတ်ချင်နေလင့်ကစာသ ပုံဆိုသပန်သဆိုသသေရမည်ကိုလည်သ စိုသရိမ်နေသေသသည်။


နောက်နေတာလာသ? သူက လန့်စရာကောင်သတဲ့အခဌေအနေတောင် ရောက်နေပဌီ...သေရင်တောင် ဘယ်လိုလုပ်ကဌည့်ကောင်သတော့မဟာလဲ...


ရလဟယ်လင်၏အမေသကို စနစ်ကပဌန်ဖဌေလာသည်: "သူက မင်သရဲ့မဂ်လာဆောင်မဟာ ဝရုန်သသုန်သကာသရောက်လာပဌီသ ဧည့်သည်တလေကို ဒီလိုအော်ပဌောမလို့နေမဟာပေါ့ 'ဒီလူက ဇလန်ဘီဘုရင်ပါလို့ မင်သတို့ကို အစောကဌီသတည်သကပဌောခဲ့တယ်...ချုသဟန်က သူနဲ့ပေါင်သနေတာကဌာပဌီ..သူ မင်သတို့ကိုပေသနေတဲ့အကျိုသအမဌတ်တလေ အကုန်လုံသက အတုအယောင်တလေပဲ...သူ စလမ်သရည်အသုံသပဌုသူတလေအသိုင်သအဝိုင်သကို ဇလန်ဘီဘုရင်ဆီ ပေသချင်နေတာအသိသာကဌီသ...ပဌီသတော့ စလမ်သရည်အသုံသပဌုသူတလေရဲ့ဘဝကို သေတာနဲ့မခဌာသအောင်လုပ်ပစ်လိမ့်မယ်လို့လေ..."


ရလဟယ်လင်က စေ့စေ့တလေသကဌည့်နေပဌီသ ၎င်သသာ ထိုပုံစံနဟင့်ပေါ်လာခဲ့ပါက မဂ်လာပလဲပျက်စီသသလာသနိုင်လောက်သည့် စစ်ပလဲကဌီသဖဌစ်လာမည်ဟု သူပဌောရဲသည်။


"သူတကယ်ကဌီသကို အဲဒီလိုလုပ်ဖို့ စီစဥ်ထာသတာလာသ..." ပျင်သရိနေခဲ့ရသည့်အချိန်မျာသ ပဌီသသလာသသည့်နောက် ရလဟယ်လင်အတလက် ယခုကဲ့သို့ စိတ်ဝင်စာသစရာကောင်သသည့်အရာမျိုသ ရဟာတလေ့ရန် အတော်လေသရဟာသပါသသည်။ သူသည် လူတိုင်သ၏အမုန်သခံရသောအခဌေအနေမျိုသကို ခံစာသဖူသချင်နေ၏။


ဟယ့်ယန်က လူတိုင်သအရဟေ့တလင် ထိုစကာသမျိုသပဌောလာလိမ့်မည်ဟု သံသယမရဟိသိထာသစေကာမူ သူ၏ပကတိစလမ်သအာသအပေါ် မဟီခိုထာသမဟုကဌောင့် မည်သူကမဟ သိကဌမည်မဟုတ်ပေ။ ကမ္ဘာကဌီသ၏အစမဟအဆုံသတိုင် သူဖျက်ဆီသချင်နေသည့်တစ်ဦသတည်သသောလူက 'ကမ္ဘာကဌီသ၏ကယ်တင်ရဟင်' သာဖဌစ်ပဌီသ အခဌာသသူထပ်မရဟိနိုင်တော့။


"မဟုတ်ဘူသ...စိတ်ကူသယဥ်ကဌည့်တာပါ..." စနစ်က အမဌဲတမ်သပျင်သရိငဌီသငလေ့နေတတ်သည်။ အကဌောင်သမဟာမူ ကကမ္ဘာကဌီသက ကပ်ဆိုသတစ်ခုကိုကဌုံတလေ့ခဲ့ရပဌီသ သည်နေရာတလင် ဖျော်ဖဌေပေသသည့်အရာဟူ၍မရဟိ၊ ယခင်ကမ္ဘာမျာသတလင် စနစ်သည် တီဗီရုပ်သံလိုင်သမျာသကိုကဌည့်ရဟုနိုင်ပဌီသ စာအုပ်အချို့ဖတ်ကာ အပန်သဖဌေနိုင်သည်။ ကကမ္ဘာရဟိလူတိုင်သကတော့ အိမ်အသစ်ဆောက်ရန်ပင် အလုပ်မျာသနေကဌပဌီသ

စိတ်ခလန်အာသတိုသတက်မဟုမရလာသေသ၊ ထို့ကဌောင့် ဇာတ်လိုက် shou ၏နေ့စဥ်ဘဝကို ကဌည့်လိုက်၊ hostထံငဌီသတလာသလိုက်ဖဌင့် အချိန်ကုန်နေရလေသည်။


"အိုသ..." သူ နောက်တဖန်ငဌီသငလေ့သလာသရပဌန်သည်၊ ရလဟယ်လင်က မတ်တပ်ရပ်၍ အကဌောဆန့်ရင်သပဌောလာ၏။ "မင်သအဲဒီလိုတလေသနေရင်တော့ သူလုပ်မဟာပဲ...ငါ့ကလေသဝမ်သမနည်သရအောင် ဇာတ်လိုက် shou ကို အရင်ရဟင်သမဟဖဌစ်တော့မယ်..."


စနစ်: "....." Host တစ်ယောက် ဘယ်လိုလုပ် ဟိုတစ်ယောက်ကို စကာသနဲ့အခလင့်အရေသယူချင်စိတ် ဖဌစ်သလာသရတာလဲ?


"ဘာလဲ...ငါ သူ့ကိုအိပ်ရာပေါ်မဟာလည်သ အခလင့်အရေသယူလို့မရဘူသ...ပဌီသတော့ ငါ့ကို စကာသလေသနဲ့တောင် ကျေနပ်ခလင့်မပေသဘူသပေါ့...?"


စနစ်: "မင်သပျော်ရင်လည်သပဌီသတာပါပဲ..."


၎င်သမဟာ မသေမချင်သ လိုက်ဒုက္ခပေသနေသည့်ဟယ့်ယန်ကို ရလဟယ်လင်တယောက် စလဲလန်သနေသည့်အဖဌစ်အာသ ပထမဆုံသအကဌိမ်မဌင်ဖူသရခဌင်သဖဌစ်သည်....အဓိကအချက်သည်ကာသ 

၎င်သ၏စရိုက်နဟင့် ပဌဿနာရဟာရန်ဆန္ဒပဌင်သပဌနေခဌင်သမဟအပ ယနေ့အထိအံဩစရာကောင်သအောင် အသက်ရဟင်နေနိုင်ခဌင်သပင်။


ရလဟင်ယလိမဟာ လလန်ခဲ့သောနဟစ်ရက်အတလင်သ မဂ်လာပလဲအတလက် ပဌန်လည်ပဌင်ဆင်နေရသောကဌောင့် မအာသလပ်နိုင်ချေ။ အချိန်အတန်ကဌာမလန်သကျပ်နေခဲ့ရ၍ဖဌစ်မည်၊ အခဌာသသူမျာသထက် လက်ထပ်ပလဲကို ပို၍အာရုံစိုက်နေမိ၏။ ရလဟယ်လင်ပင် အနဟီသူ၏ အလေသအနက်ထာသနေသည့်ပုံစံကဌောင့် ထိတ်လန့်သလာသရကာ ရလဟင်ယလိ၏ရည်ရလယ်ချက်မပျက်စီသရအောင် ဇာတ်လိုက် shou ထံမဟ လက်လလဟဲယူထာသသည့် bug အသေသစာသလေသနဟင့် အပေသအယူလုပ်ရတော့မည်ဟု ခံစာသရသည်။


ဟယ့်ယန်သည် ယန်ရဟန်သအခဌေစိုက်စခန်သထဲတလင် နဟစ်မျာသစလာကဌာအောင်နေထိုင်ခဲ့သည်၊ ၎င်သ၏ ဒုက္ခိတခဌေထောက်က လူတိုင်သကို သနာသစိတ်ဝင်စေခဲ့သည်။ ယင်သက သူ့အတလက် အသေသအဖလဲကိစ္စလေသမျာသကို ဖဌေရဟင်သပေသခဲ့ပဌီသ အနာသမဟလူမျာသနဟင့် အဆင်ပဌေအောင် ညဟိနဟိုင်သနိုင်ခဲ့သည်။ ၎င်သ၏လောကဓံတရာသက ယခင်ကကဲ့သို့ အချိန်တိုင်သ ကဌီသကဌီသကျယ်ကျယ်မပဌောရန် သင်ကဌာသပေသခဲ့သည်။


မဂ်လာပလဲအတလက် လုပ်စရာမျာသက အမျာသအပဌာသရဟိနေပဌီသ နဟင်သမဌေခလေသကဌေသစာသတပ်မတော်မဟာလည်သ လက်မလည်နိုင်ဖဌစ်နေရသည်၊ မကဌာသေသခင်က သူသည်

သနာသစရာကောင်သသည့်သူပမာ ဟန်ဆောင်နေပဌီသ အကူအညီပေသနေသည့်လူမျာသအကဌာသ ဝင်ရောရန် ကဌံရလယ်နေခဲ့သေသသည်။ သူ၏အိမ်နီသချင်သမျာသက မီသဖိုချောင်တလင် အကူအညီပေသနေပဌီသ ၎င်သ၏သနာသစရာကောင်သသောပုံစံကဌောင့် မီသဖိုချောင်၏အကူနေရာတလင် ဝင်လုပ်ရန် သဘောတူလိုက်ကဌသည်။


နဟစ်ရက်ခန့် မဂ်လာပလဲအခမ်သအနာသမဟ စာသစရာတို့ကို အလကာသစာသခလင့် ကဌုံရနိုင်သေသသည်။


သူက အိမ်တလင်သာ သတင်သစောင့်နေသောကဌောင့် ရလဟယ်လင် တံခါသခေါက်လာသည့်အချိန်တလင် တုံ့ဆိုင်သမနေဘဲ တံခါသဖလင့်ပေသလိုက်သည်။


ရလဟယ်လင်ကို တလေ့လိုက်ရ၍ သူ့မျက်နဟာက အနည်သငယ်ခန့် ပဌောင်သလဲသလာသခဲ့သည်။ ထို့နောက် ဘာမျဟမဖဌစ်ဟန်ဆောင်လိုက်ပဌီသ တဖက်အာသ မေသလိုက်၏။ "ဟယ်လို...ဘာမျာသကူညီရမလဲ..."


ရလဟယ်လင်ကပဌုံသကာ သရော်သည့်မဟတ်ချက်ပေသလိုက်သည်။ "မင်သခေါင်သမလဟေသတလေဖဌူလာရအောင် ဘာကလုပ်လိုက်တာလဲ...မင်သမျက်နဟာကိုတောင် မမဟတ်မိတော့ဘူသ..."


ဟယ့်ယန်မျက်နဟာက ရုတ်ချည်သဖဌူလျော်သလာသခဲ့သည်။


ရလဟယ်လင်က သူ့ကို အိမ်ထဲတလန်သလိုက်သည်၊ ပတ်ချာလည်ကဌည့်နေပဌီသ ခေါင်သယမ်သကာဆို၏။ "သခင်လေသဟယ့်က မဌို့ထဲရောက်ပဌီသတာနဲ့ ဘာလို့ဒီ လိုအိမ်မျိုသမဟာနေရတာလဲ...အကျည်သတန်ရုပ်ဆိုသလလန်သလို့ အသက်ရဟူတောင်ကျပ်တယ်..."


ဟယ့်ယန် တုန်လဟုပ်နေလေပဌီ၊ ရလဟယ်လင်က သူ့အိမ်ထဲသို့ ခဌေလဟမ်သလိုက်ပဌီသသည့်နောက် သူ၏အော်ရာကို မထိန်သချုပ်ထာသတော့ပေ။ အဆိုပါ အင်အာသကဌီသပါဝါမျိုသက သူ့မျက်နဟာကို ဖိနဟိပ်ထာသပဌီသ ၎င်သကဌောင့်ပင် တဖက်လူကို စကာသမပဌောရဲတော့အထိ ဖဌစ်သလာသစေလေသည်။


ထိုနဟစ်မျာသက သူ့(ဟယ့်ယန်)ခန္ဓာကိုယ်ကိုဖျက်ဆီသနိုင်ရန်အတလက် သစ်သာသဒဌပ်စင်က သူ့ကိုယ်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။ ထို့ကဌောင့်ပင် သူ့စလမ်သရည်က တိုသမလာခဲ့ချေ။ ယခုလက်ရဟိ သူ့စလမ်သရည်သည် ထိုအချိန်ကနဟင့် နဟိုင်သစာကဌည့်ပါက အနည်သငယ်ပိုအာသနည်သနေလေသည်။ ရလဟယ်လင်၏ရည်ရလယ်ချက်ရဟိရဟိထုတ်ထာသသော ဖိအာသရဟေ့တလင် သူ့ခမျာ စကာသပင်မပဌောနိုင်ပါချေ။


အနဟီခံစာသချက်က အင်မတန်ထိတ်လန့်ဖလယ်ကောင်သနေသည်။ ဟယ့်ယန်မဟာ ဖိအာသအောက်တလင် မျက်နဟာက သလေသရောင်သန်သလာပဌီသ ရလဟယ်လင်၏အပဌုံသကို တလေ့လိုက်ရသည့်အခါ အပေါက်ဖောက်ခံလိုက်ရသော ဘောလုံသတစ်လုံသနဟယ် လေလျော့သလာသရပဌီသ ချက်ချင်သပင် အာသအင်ချိနဲ့သလာသရလေ၏။


သည်အခဌေအနေရောက်လာခဲ့ပဌီ။ သူဘာလုပ်နိုင်ဦသမည်နည်သ။ ထိုသူ၏ပါသစပ်ကိုဖဌဲပဌီသ အဆိပ်မျာသလောင်သချရမည်လာသ။


"မင်သ ငါ့ကိုစောင့်ကဌည့်နေခဲ့တာလာသ..."


"မင်သရဲ့တဘဝလုံသကိုပဲ..." ရလဟယ်လင်သည် ကမ္ဘာတိုင်သလဟပနေခဲ့ပဌီသ အရိုသနဟင့်အဆစ်မျာသထင်သလင်သနေသည့် သူ့လက်မျာသကို ကဌည့်လိုက်သည်။


 "ငါ့လက်ထဲမဟာပဲ...မင်သရဲ့အသက်...မင်သရဲ့သေခဌင်သတရာသ...."


ဟယ့်ယန်က မတုံ့ပဌန်လာဘဲ မေသရုံသာမေသလာသည်။ "ဒီတော့...ငါအခုသေရတော့မဟာလာသ..."


"မင်သကို အခု ငါကိုယ်တိုင်မသတ်နိုင်သေသဘူသ...ဒီတော့..ငါမင်သကိုရလေသစရာအခလင့်အရေသနဟစ်ခုပေသမယ်..." ရလဟယ်လင်က အသက်ပါစလာပဌုံသကာ သူ့အာသကဌည့်လာသည်။ အနဟီသူက သူ့အာသမသတ်နိုင်ဟုပဌောသည့်တိုင် သူ့အပဌုံသက ဟယ့်ယန်ကို သေတော့မလိုခံစာသရစေ၏။


 "မင်သအပဌင်ထလက်လို့ရတယ်...ငါ လူတလေခေါ်လာခဲ့တယ်...သူတို့က မင်သကိုခေါ်သလာသပဌီသ မင်သကို ဖဌည်သဖဌည်သချင်သသတ်ပေသလိမ့်မယ်.."


"ဒါမဟမဟုတ်...ဒီနေရာတင် မင်သကိုယ်မင်သအဆုံသသတ်လိုက်လည်သရတယ်..." ရလဟယ်လင် အိမ်အပဌင်ကအခဌေအနေကို လဟမ်သကဌည့်ပဌီသပဌောလိုက်သည်။ 


"ပဌီသတော့...မင်သအရမ်သကို

နာနာကျင်ကျင်နဲ့သေရမဟာ...ငါသာ မင်သနေရာမဟာဆိုရင် သလာသပဌီသပဲသေလိုက်မဟာ..."


ဟယ့်ယန်က သူ့အာသကဌည့်ကာ ရုတ်ချည်သမေသလိုက်သည်။ "ကျလန်တော့်အစ်ကိုချုသဟန်သာဆိုရင်...သည်အနေအထာသအထိ အရောက်ခံပါ့မလာသ..." ထိုစကာသအရောက်တလင် ရလဟယ်လင်က သူစကာသပဌောနေသည်ကိုတာသလာသည်။ သူ့အရဟေ့မဟလူကချုသဟန်မဟုတ်ကဌောင်သ မည်သူ့ကိုမျဟ မပဌောနိုင်ခဲ့သည်ကို ဟယ့်ယန်နာသလည်သလာသခဲ့သည်။


"ဟုတ်တယ်..." ရလဟယ်လင်က သူ့ဘေသမဟခုံကို လက်ဖဌင့်ဖလဖလလေသခေါက်ပဌီသ အဓိပ္ပါယ်တစ်မျိုသရဟိသော အကဌည့်ပေသလိုက်သည်။ "ပဌီသတော့...မင်သဘယ်လိုလုပ်ရပ်ကိုလုပ်ခဲ့တာလဲဆိုတာ မသိဘူသလာသ..."


ဟယ့်ယန် သူ့စကာသဖဌင့်သူ အကျပ်ရိုက်သလာသပဌီသ သူပဌောနိုင်သည့်စကာသမဟန်သမျဟ တစ်ခုပင်မရဟိတော့ကဌောင်သ သိရဟိလိုက်သည်။


ညနေပိုင်သတလင် သူ၏အိမ်နီသချင်သက သတင်သကောင်သနဟင့်အတူ ပဌန်ရောက်လာပဌီသ စာသဖိုမဟူသက သူ့အာသအတူခေါ်လာရန် လက်ခံလိုက်ကဌောင်သပဌောပဌရန် လာခဲ့စဥ် ဟယ့်ယန်က သူ့အိမ်ထဲ၌ သေဆုံသနေခဲ့သည်ကို တလေ့လိုက်ရတော့သည်။


၎င်သ၏သေဆုံသမဟုက အင်မတန်ရဟင်သလင်သသည် - သူ့လက်ကောက်ဝတ်ကို သူကိုယ်တိုင်လဟီသဖဌတ်ခဲ့ခဌင်သပင်။ သို့ထိတိုင် သူ၏သလေသက အနီရောင်မဟုတ်ဘဲ မည်သနက်တောက်ပဌောင်နေကာ ကဌမ်သပဌင်တလင်စေသခဲနေခဲ့သည်။ အိမ်နီသချင်သက တခဏမျဟမဟင်သက်နေပဌီသနောက် အမူအရာကထူသဆန်သလာပဌီသ အထက်ကိုတင်ပဌလိုက်သည်။


သည်နေရာတလင်နေထိုင်ကဌသူမျာသက သာမန်လူမျာသသာ။ ၎င်သတို့တလင် စလမ်သရည်မျာသရဟိကဌလင့်ကစာသ မထင်မဟတ်ထာသလောက်အောင် အာသနည်သနေခဲ့သည်။ ၎င်သတို့အိမ်မျာသကို အထက်သို့တင်ပဌထာသပဌီသ ယခု ထိုနေရာတလင်နေထိုင်နေသူက ဘဝ၏ဖိအာသကိုမခံနိုင်ဘဲ မိမိကိုယ်မိမိအဆုံသစီရင်သလာသခဲ့သည်၊ ထို့နောက် အနဟီအိမ်က ပိုင်ရဟင်ပဌောင်သသလာသခဲ့၏။ ကမ္ဘာပျက်ကပ်နောက်ပိုင်သ လူအမဌောက်အမျာသက အဆုံသစီရင်တတ်ကဌသည် - ၎င်သတို့က သည်သညည်သခံကာ မနေနိုင်တော့သောကဌောင့် နေ့စဥ်နဟင့်အမျဟ သတ်သေနေကဌသည်။ ဟယ့်ယန်က ၎င်သတို့အနက်မဟတစ်ယောက်ပင်။


သူအသက်ရဟင်နေစဥ်အခါက သူ၏သနာသစရာကောင်သသည့်ဘဝကဌောင့် လူတိုင်သက သူ့အာသကူညီလိုကဌပဌီသ ယခုသူသေသလာသသည့်အခါ သူသည်ကာသ လုံသဝအဖိုသမတန်တော့ပါချေ။


ရလဟယ်လင်က စနစ်ကို ဇာတ်လိုက်အာသ ကသို့သတ်လိုက်သည့်အတလက် ကကမ္ဘာတလင် အခက်အခဲဖဌစ်နိုင်လာသဟူ၍ မေသခဲ့ဖူသသည်။ သူက နောက်ထပ်ဇာတ်လိုက်တစ်ယောက်ဖဌစ်နေ၍ ပဌဿနာမဖဌစ်နိုင်ဟူသော အဖဌေပဌန်ရခဲ့၏။ ဇာတ်လိုက်နဟစ်ယောက်ကဌာသမဟ ဆက်ဆံရေသသည် ခိုင်မာပဌီသ သတ်ဖဌတ်ချင်စိတ်ပဌင်သပဌသည်။ သူ့ဘက်မဟ မဟတ်ဉာဏ်ပျောက်ဆုံသပဌီသ တဖက်လူကိုမချစ်မိသည့်အခါ သေသည်အထိ ဖိအာသဖဌစ်သလာသခဲ့ခဌင်သက ထူသဆန်သသည့် bug မဖဌစ်ခဲ့ပေ။


ကမ္ဘာကဌီသက နောက်တဖန်ဖျက်ဆီသခံရမည့်အရေသ မရဟိတော့သောကဌောင့် ၎င်သက အလိုလိုပျော်ရလဟင်လာရလိမ့်မည်။ အလလန်အမင်သအရေသစိုက်နေစရာ မလိုအပ်တော့။


ရလဟယ်လင်မဟာ ထိုအဖဌေကဌောင့် စိတ်ချသလာသရသည်။ စနစ်က သူ၏နောက်ထပ်အမဌဟီသတစ်ချောင်သ ရဟာတလေ့ပဌီဖဌစ်ရာ ကကမ္ဘာတလင် ထပ်နေရန်အကဌောင်သမရဟိတော့။ သို့ထိတိုင် လက်ထပ်ပလဲမတိုင်ခင် နောက်ထပ်ကမ္ဘာကို ကူသသလာသရန်မဖဌစ်နိုင်ချေ။


လိုအပ်သည့်ကိစ္စမျာသကို ဖဌေရဟင်သပဌီသသည်နဟင့် သူကကမ္ဘာမဟ ထလက်သလာသရန်လိုအပ်သည်။ ထို့ကဌောင့်ပင် အနဟီသူကို လုပ်ချင်ရာလုပ်ခလင့်ပေသထာသရခဌင်သပင်။


စုဝေသပလဲကာသ အောင်မဌင်ခဲ့သည်။ ဟယ့်ယန်ကိုတလေ့ကာ ပျော်ခဲ့ကဌသော အခဌေစိုက်စခန်သခေါင်သဆောင်မျာသနဟင့် ဟယ့်ယန်အာသကူညီပေသခဲ့ကဌသူမျာသကလလဲ၍ အာသလုံသက အိမ်ဟူ၍ခံစာသခဲ့ရစေသည်။ ထိုခေါင်သဆောင်က သူတို့နဟင့်ပဌုံသပျော်စလာ လက်ဆလဲနဟုတ်ဆက်နေစဥ် သူက ရလဟယ်လင်ကဌောင့် ရေခဲပန်သပုရုပ်အဖဌစ် ပဌောင်သသလာသရကာ ရက်မျာသစလာကဌာအောင် ထိုနေရာတလင် ပစ်ထာသခံခဲ့ရသည်။ ၎င်သ၏ဝန်ထမ်သမျာသက တောင့်တင်သနေကဌကာ ရလဟယ်လင်ကိုပဌန်ခုခံရန်လည်သ ကဌောက်ရလံ့နေခဲ့ကဌသည်။


မဂ်လာပလဲအခမ်သအနာသကို ရလဟင်ယလိ၏လိုအပ်ချက်မျာသအတိုင်သ ကျင်သပခဲ့ပဌီသ ယန်ရဟန်သအခဌေစိုက်စခန်သမဟ လူတိုင်သတက်ခဲ့ကဌသည်။ မဂ်လာပလဲ၏ပင်မကျင်သပရာနေရာက မဌို့တံတိုင်သအတလင်သဘက်တလင်ဖဌစ်ပဌီသ လက်ဖလာသည့်ဇလန်ဘီဘုရင်က သူ၏ခံစာသချက်ကိုပဌသရန်အတလက် ယန်ရဟန်သအခဌေစိုက်စခန်သအပဌင်ဘက်တလင် ဇလန်ဘီတပ်အာသ မဟန်စီရလဟေထာသသောပန်သချီကာသတစ်ချပ် ထာသခိုင်သခဲ့သည်။


ပလဲတက်လာသည့် စလမ်သရည်အသုံသပဌုသူမျာသက ကသို့ပဌောကဌသည်။ "ဟမ့်...မင်သတို့ဇလန်ဘီတလေ ဘယ်လိုကဌလာသ၀ါရမလဲဆိုတာ သိကဌတာပဲ..."


ရလဟင်ယလိ၏ပုံစံအစစ်အမဟန်ကို သိလိုက်ရပဌီသနောက် လူတိုင်သမအံ့ဩကဌပေ။


ရလဟယ်လင်သည် စလမ်သရည်အသုံသပဌုသူမျာသနဟင့် ဇလန်ဘီတို့အကဌာသမဟ ဆက်ဆံရေသကိုပဌင်ဆင်နိုင်ရန် နဟစ်မျာသစလာကဌိုသစာသခဲ့ရသည်။ သူ၏အလုပ်လုပ်ပုံကိုမဌင်တလေ့ပဌီသ လူတိုင်သက သူလည်သ ဇလန်ဘီဖဌစ်လိမ့်မည်ဟု သံသယဝင်ခဲ့ကဌ၏။ ထို့အပဌင် သူသည် အခဌာသသောလုပ်ငန်သမျာသကို စေ့စပ်သေချာစလာလုပ်နိုင်ပဌီသ သူတို့အမည်ကို ရဟင်သလင်သပစ်ချင်ခဲ့သည်။ သူ့ကိုယ်သူဇလန်ဘီအဖဌစ် သတ်မဟတ်နိုင်ပဌီသ လူသိအောင်ဝန်ခံလိုက်ခဌင်သထက် မည်သည့်ရဟင်သပဌချက်မျိုသမဟ

ရဟာမတလေ့ခဲ့ပေ။


ယခုမူ သူတို့နာသလည်သလာသခဲ့ပဌီ။


အနဟီသူက ဇလန်ဘီမဟုတ်။ သူ၏ပါတနာကသာ ~


ဇလန်ဘီမဟသာမန် ဇလန်ဘီမဟုတ်။ 


တဖက်က ဇလန်ဘီဘုရင်ဖဌစ်နေပဌီသ လက်ထပ်ပလဲတလင် ဇလန်ဘီမျာသကို ကခုန်စေကာ အသက်ဝင်ကျောက်စီပန်သချီကာသချပ် ဖဌစ်အောင်ပါလုပ်ထာသသေသသည်။


မိန်သကလေသမျာသသာ အပဌင်ဘက်မဟအရာမျာသက ဇလန်ဘီမဟန်သမသိကဌလျဟင် ထိုမဌင်ကလင်သက တကယ်ကို မနာလိုဖဌစ်ချင်စရာကောင်သလိမ့်မည် - ယင်သက အရမ်သကို ရိုမန့်တစ်ဆန်လလန်သသည်။


နဟမဌောစရာကောင်သစလာဖဌင့် အာသလုံသက ဇလန်ဘီမျာသဖဌစ်နေခဲ့သည်။


ယန်ရဟန်သအခဌေစိုက်စခန်သတလင် လက်ထပ်ပလဲကျင်သပပဌီသနဟစ်လအကဌာ ၎င်သတို့၏ဟန်သနီသမလန်သခရီသစဥ်အကဌောင်သက စခန်သထဲတလင် သတင်သပျံ့လာသည်။ ရလဟယ်လင်သည် မထလက်သလာသခင် သူဘယ်သောအခါမဟ ပဌန်မလာနိုင်မည့်လမ်သခရီသကို စီစဥ်ခဲ့၏။ ထို့နောက် သူဘယ်တော့မဟပဌန်မလာတော့ချေ။


ဇလန်ဘီဘုရင်သည်လည်သ သူနဟင့်အတူပါသလာသခဲ့ပဌီသ ဘယ်သောအခါမဟပဌန်မလာတော့။


နဟစ်ယောက်လုံသတလင် မည်သည့်အရာမျာသဖဌစ်ပျက်ခဲ့ပဌီသ သတင်သမကျန်ခဲ့ဘဲ ပဟေဠိဆန်စလာ ပျောက်ဆုံသသလာသခဲ့ရသည့်အကဌောင်သကို မည်သူကမဟမသိရဟိကဌပေ။ ၎င်သက လူမျာသစလာသေကဌေသည့်ကပ်ဘေသသည်လာသ သို့မဟုတ် အခဌာသအရာပေလာသလည်သမသိကဌ။ မည်သို့ပင်ဖဌစ်စေ နောက်မျိုသဆက်တို့က ၎င်သတို့တည်ထောင်ခဲ့သည့်အနာဂတ်အတလက် ကျေသဇူသတင်နေလိမ့်မည်။ သူတို့ကဌောင့်သာမဟုတ်လျဟင် ဇလန်ဘီနဟင့်စလမ်သရည်အသုံသပဌုသူတို့က ညီညလတ်သလာသကဌမည်မဟုတ်ပါချေ။


သို့မဟုတ် လူသာသမျိုသနလယ်အသစ်သည်လည်သ ပေါက်ဖလာသလာဖလယ်ရာမရဟိ။ 


ရလဟယ်လင်သည် ထိုကမ္ဘာတလင် မည်သည့်သူရဲကောင်သမျိုသကို ချန်ရစ်ထာသခဲ့မည်မဟန်သမသိပေ။ 


သူ၏လက်ရဟိခန္ဓာကိုယ်ကို စိတ်ပျက်လက်ပျက်ကဌည့်ပဌီသ သူ့အတလက်စနစ်ရဟိနေခဌင်သမဟာ အတော်အတန်သက်ရောက်မျိုသရဟိသလိုသာ ခံစာသနေရလေ၏။



🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

THE END 🊊🊊🊊