Chapter 125 (Arc 9)
Viewers 4k

🦊Arc 9 - ကျင့်ကြံရေးဇာတ်လမ်း၏ အဖြည့်ခံ

Chapter 125

9.1 - လာပါ... ချီးယားစ်..အချိန်တွေအများကြီးကျန်ပါသေးတယ်



ရွှယ်လင်သည် ယခင်ကမ္ဘာပေါင်းများစွာကို ဝိညာဥ်ကူးပြောင်းလာသည့်အခါတိုင်း မမျှော်လင့်ထားသောဖြစ်ရပ်များကို ကြုံတွေ့ရလေ့ရှိတတ်သည်၊ ထို့ကြောင့် သူမျက်လုံးဖွင့်လိုက်သည်နှင့် ရှက်စရာကောင်းသည့်အခြေအနေမျိုးကိုရင်ဆိုင်ရန် သူ့ကိုယ်သူပြင်ဆင်ထားတတ်၏။


သို့ပေတည့် ယခုတခေါက်ကမတူတော့ပေ။ သူရောက်လာသည့်အနေအထားက လုံခြုံနေပြီး သူ့အားသိ၍ လာနှုတ်ဆက်သူ တစ်ယောက်မှလည်းမရှိနေပေ။


ကောင်းကင်ကကြည်လင်နေသည်၊ မြက်ခင်းစိမ်းလေးများက စိုစွတ်နေကာ ချောင်းလက်တက်လေးတစ်ခုက စီးဆင်းနေသည်။ ရေစီးနေသံက နီးကပ်လွန်းပြီး လေထုကလတ်ဆတ်နေ၍ သာယာလှပနေ၏။


ရွှယ်လင်မှာ ယခုလိုအခြေအနေမျိုး မကြုံတွေ့ခဲ့ရသည်က အချိန်အတန်ကြာခဲ့ပြီ။


သည်တကြိမ်တွင် သူဟန်ဆောင်ဖုံးကွယ်ထားစရာ မလိုအပ်သည့်အပြင် ရုပ်ဖျက်ရန် ထူးဆန်းသည့်မျက်နှာဖုံးများ တပ်ရန်လည်းမလိုအပ်တော့၊ လက်ရှိတွင်သူသည် ဆွေမရှိ၊မျိုးမရှိ အပေါင်းအသင်းမရှိသည့် တကောင်ကြွက်ဖြစ်နေသောကြောင့် သူ့ကိုယ်သူ OOC ဖြစ်မသွားအောင် ကြိုးစားရဦးမည်။


သူ၏အမြစ်များက တနေရာတွင်သာ ကုပ်တွယ်နေသောကြောင့် လမ်းမလျှောက်နိုင်သည့်အပြင် အချိန်တစ်ခုအထိသူ့ကိုယ်သူ မြေကြီးထဲမှ ဆွဲမထုတ်နိုင်ခဲ့ပေ။


အမှန်ပင်။ သည်တကြိမ်တွင် ရွှယ်လင်က သစ်ပင်တစ်ပင်အဖြစ် ကူးပြောင်းလာခဲ့သည်။


သူသည် အပင်ပျိုလေးတစ်ပင်သာ။ နှစ်ထောင်ချီကြာအောင်ရှင်သန်ခဲ့သည့် အပင်ပေါက်လေးဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်လည်းရှိသည်။


ယင်းက သာမန်အပင်တစ်ပင်မဟုတ်။ ၎င်းပုံစံအမှန်က အတော်လေးအထက်တန်းကျပြီး မျိုးစိတ်ကလည်း အံအားသင့်စရာကောင်းသည်၊ သူ၏အံ့ဩစရာပုံစံအမှန်ကို

တယောက်ယောက်ကသိသွားသည့်နှင့် အချိန်ခဏလေးအတွင်း အပိုင်းပိုင်းဖြတ်တောက်ခံရလိမ့်မည်။


ရွှယ်လင်၏ကိုယ်ထည်က သစ်ပင်တစ်ပင်သာဖြစ်သော်လည်း ၎င်း၏ဝိညာဥ်ကိုယ်ထည်အတွင်းသို့ သူ၏အသက်ဝိညာဥ်အား ထည့်သွင်းနိုင်ပြီး အပင်ပျိုပေါက်ဘဝတွင်သာ ရပ်တန့်နိုင်သည်။ အပင်ပေါက်လေးဖြစ်သောကြောင့် ငယ်ရွယ်ပြီး ချစ်စရာကောင်းကာ ပျော်ပျော်နေတတ်သော ကောင်ငယ်လေးတစ်ယောက်၏ပုံစံကြောင့် သူ့ကိုယ်သူ ကျိတ်ရယ်မိသွား၏။


မျက်နှာလေးကချစ်စရာကောင်းလွန်းနေ၍ စနစ်ပင် ခဏတဖြုတ် တောင့်တင်းသွားခဲ့သည်။ ၎င်း၏ Host မျက်နှာထားက အန္တရာယ်များပုံရပြီး တစစီဖြုတ်ကာ ခွေးကျွေးချင်စရာပုံပေါက်နေသည့်တိုင် မျက်လုံးမလွှဲနိုင်ခဲ့ချေ။


 "စနစ်..မင်းဒါကိုရှင်းစမ်းပါဦး..." သူ၏အသံလေးက နူးညံ့ညင်သာပြီး အင်မတန်ချစ်စရာကောင်းနေ၏။


စနစ်မှာ ၎င်း၏မြေခွေးကိုယ်ထည်ပေါ်တွင် ဖြတ်သွားသော ဆိုးရွားသည့်ခံစားချက်ကို သိနိုင်သည် - host က ရှိသမျှစည်းမျဥ်းတွေကို ဖျက်ပစ်လိုက်တာပဲ...


"H...host!" စနစ်သည် လက်ဖဝါးလေးကိုမြှောက်၍ ၎င်း၏ host ကိုချစ်မြတ်နိုးသောကြောင့် ခက်ခဲအောင်လုံးဝမလုပ်မည့်စိတ်လေးကို ဖော်ပြလိုက်သည်။ အကြောင်းအရင်းမှာ ဤကမ္ဘာက အနည်းငယ်ထူးဆန်းနေသောကြောင့်သာ ယခုလိုဖြစ်နေရခြင်း။


"ဒီကမ္ဘာက အနာဂတ်မရှိတဲ့ကမ္ဘာ..."


"အနာဂတ်မရှိဘူး..?"


"ဟုတ်တယ်...ဒီကမ္ဘာကို ဝတ္ထုထဲမှာ အသေအချာတည်ဆောက်ထားတယ်..တဆင့်ချင်း ဇာတ်ကြောင်းအမျိုးအစားမြင့်သွားတာမျိုးမလို့ အရမ်းရှည်တယ်...ဒီဝတ္ထုကိုဆက်မရေးတော့လို့ အနာဂတ်မရှိဘူးလို့ပြောတာ..." စနစ်သည် ရွှယ်လင်ကိုရှင်းပြနေသည့်တလျှောက် အလွန်တရာစိတ်လှုပ်ရှားနေပုံရသည့်တိုင် ၎င်း၏ခေါင်းထဲမှအတွေးသည်ကား host ၏ကိုယ်က အတည်တကျမဖြစ်သေးသောအကြောင်းဖြစ်ပြီး ထိုချစ်စရာကောင်းသောကောင်လေး၏ ရင်ခွင်ထဲတွင် ခေါင်းမြုပ်ထားချင်စိတ်ဖြစ်နေရှာသည်။


Host က ကလေးပုံစံလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲ!


သူကြီးလာရင်တော့....ကြီးလာတဲ့အကြောင်းတော့ မပြောတော့ပါဘူး....


"ဆက်မရေးတော့ဘူး...."


 á€›á€˝á€žá€šá€şá€œá€„် အံ့အားသင့်သွားပြီး တခဏမျှ အူကြောင်ကြောင်ဖြစ်သွားခဲ့သည်။ သူ့အတွက် စွန့်ပစ်ခံလိုက်ရသည့် ဇာတ်လမ်းထဲသို့ ရောက်လာခဲ့ခြင်းက ဤတစ်ကြိမ် ပထမဆုံးပင်။ သူ့အမြှီးနှစ်ချောင်းက ဤကမ္ဘာတွင်ရှိနေသည်မှာ မှန်သော်လည်း မည်သည့်နေရာတွင် သွားရှာရမည်မသိပေ။ သည့်အပြင် ယင်းကရှည်လျားပြီး ဇာတ်ကြောင်းမြင့်သွားသည့်ဝတ္ထုမျိုး၊ ဆိုလိုသည်မှာ ဤကမ္ဘာကိုတည်ဆောက်ထားပုံက ကျယ်ပြန့်ပြီး နောက်ခံနှင့်ဇာတ်ကြောင်းအနက်က လိုက်မှီနိုင်မည့်အနေအထားတွင် မရှိ။ 


"ဇာတ်လိုက်ကရော...?"


"ဆက်မရေးတဲ့ဝတ္ထုမှာ...ဇာတ်လိုက်ရဲ့အနာဂတ်ကလည်း ယောင်ဝါးဝါးပဲ...host ဘက်ကကြည့်ရင်တော့ တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဖို့က လွယ်မှာပါ..."


"ဆိုတော့...ငါအခုဒီလိုဖြစ်နေရတာက ဘာကြောင့်လဲ..."


"ငါ ကိုယ်ထည်နည်းနည်းတော့ တွေ့ခဲ့ပါသေးတယ်...ဒါပေမဲ့ အသုံးမဝင်ဘူး...တခြားနည်းလမ်းမရှိလို့ ဒါကိုယူလာရတာ...ဒီကမ္ဘာက နည်းနည်းတော့ အဆင့်မြင့်တယ်..host ရဲ့ OOC အပေါ်အခြေခံတာ...စိတ်ပျက်သွားမှာကိုပဲ စိုးရိမ်မိပါရဲ့...ပြီးရင် ဒီကမ္ဘာထဲကနေ ကန်ထုတ်ခံလိုက်ရလိမ့်မယ်..."


ရွှယ်လင်: "...." သူက OOC ကြိုက်တယ်လို့ ဘယ်တုန်းကပြောမိလို့လဲ...သူက တချိန်လုံး အရမ်းကိုစိတ်နှစ်ထားခဲ့ရတာပါနော်...အိုကေ?


"Host ဆဲဆိုနေတာကို သိတယ်နော်...ဒါပေမဲ့..hostရဲ့ဇာတ်ကောင်တွေက ယောကျ်ားတွေမကြိုက်ဘူး..မင်းက သူတို့ကိုဂေးခိုင်းနေတာ..."


ရွှယ်လင် အထွန့်တက်ချင်သွားသည်။ 


ချစ်မိတာသူ့အပြစ်လား...


"ထားလိုက်တော့...." 


ကမ္ဘာက အတော်လေးထူးခြားနေသောကြောင့် ရွှယ်လင် စနစ်နှင့်ငြင်းခုန်မနေတော့။ ကျင့်ကြံသူများက အသက်လည်းမကြီးလာနိုင်သလို သေလည်းမသေနိုင်၍ သူ ဤကမ္ဘာတွင် ဤပုံစံအတိုင်း အချိန်အတော်ကြာအောင် ဆက်နေသွားရတော့မည်မှာ သေချာ၏၊ သစ်ပင်တစ်ပင်အနေဖြင့် မည်သူကမှ သူ့ကို သေအောင်မသတ်နိုင်သရွေ့ သူအသက်ရှင်နိုင်သေးသည်။


"ဒါဆိုလည်း...ငါ့ကိုဇာတ်လမ်းပေး..."


ဤကိုယ်၏ ယခင်ပိုင်ရှင်အသိဉာဏ်က ဝေဝါးနေရုံသာ။ နှစ်ပေါင်းတစ်သောင်းကြာပြီးသည့်နောက် ဇဝေဇဝါအဆင့်သို့ တိုးတက်လာခဲ့သည့်တိုင် မတော်တဆမှုလေးတစ်ခုကြောင့် လုံးဝပျက်စီးသွားပြန်သည်။ သစ်ပင်တစ်ပင်အဖြစ် ထိခိုက်နိုင်သော ကပ်ဘေးတစ်ခုကြောင့် ဗောဓိပင်အဖြစ် ရောက်ရှိမည့်ကံကြမ္မာကို စောင့်နေရသောကြောင့်လည်း ဖြစ်နိုင်သည်။


မှန်သည်။ သူကဗောဓိညောင်ပင်။ ကျင့်ကြံသည့်လောကတွင် အပင်တိုင်းနှင့် ရွက်ချွန်းပင်တိုင်းက ကျင့်ကြံနိုင်ပြီး ကျင့်ကြံသည့်အလွှာမြင့်သွားသည့်အခါ လူသားပုံစံသို့ ပြောင်းလဲနိုင်သည်၊ သို့ထိတိုင် ဗောဓိပင်သည် 'အပင်တိုင်းနှင့်ရွက်ချွန်းပင်တိုင်း' ဆိုသောအမျိုးအစားတွင် မပါချေ။


ဗောဓိပင်သည် ထူးခြားအံ့ဖွယ်အပင်မျိုး။ အရွက်တစ်ရွက်ချင်းစီတိုင်းက သိမြင်နားလည်မှုကိုယူလာတတ်ပြီး ကျင့်ကြံရာတွင် အဖိုးတန်၍ စိတ်အတွင်းပိုင်းကိုဝင်ရောက်ရန် လေ့ကျင့်နိုင်သည်။ ထိုအရာများကြောင့်ပင် 'ဗောဓိပင်' က အဖိုးတန်နေရခြင်းဖြစ်လေ၏။


ဗောဓိပင်တွင် မရေတွက်နိုင်သော တောက်ကျင့်စဥ်များပါဝင်သည်။ ကမ္ဘာပေါင်းသုံးထောင်တွင် တောက် ကျင့်စဥ်ပေါင်းတစ်သောင်းကို ဤအပင်တွင်သာ ရှာတွေ့နိုင်သည်။၎င်းတို့သည် တောက်ဓမ္မ ကျင့်စဥ်များကိုရှာတွေ့နိုင်ပြီး ဉာဏ်အလင်းရအောင် ၎င်းတို့ကိုယ်တိုင်ရှာမတွေ့နိုင်ပေ။


ဤအချက်ကြောင့် နှစ်ပေါင်းတစ်သောင်းကြာသည့်တိုင် အသိဉာဏ်ဝေဝါးနေရခဲ့ခြင်းဖြစ်သည်။ အပင်တွင် ကိုယ်ပိုင်အသိဉာဏ်ရှိသော်လည်း ဤကမ္ဘာကခွင့်မပြုထားခဲ့၊ ထို့ကြောင့် ဇာတ်လိုက်ပုံစံအတိုင်း ကပ်ဘေးဆိုးကြီးနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။


အပင်၏အနေအထားက ဇာတ်လိုက်ကြောင့် နာမည်ကြီးနေပြီး ကျင့်ကြံသူအများအပြားက ဝန်းရံထားသည်။ ၎င်းကို နေရာတွင်သာစိုက်ပျိုးထားပြီး သည်နေရာတွင်သာ ကြီးထွားလာခဲ့ကာ အလွန်ဆုံးအနေဖြင့် သူ့ကိုယ်သူဖုံးကွယ်ထားရပေမည်။ မူလက သည်နေရာတွင် ယာယီခန့်အန္တရာယ်မရှိနိုင်ဟု ထင်ထားခဲ့သော်လည်း အကြောင်းပြချက်မရှိ ဖြတ်တောက်စစ်ဆေးခံရပြီး အဆုံးသတ်သွားခဲ့သည်။


အကောင်းပကတိ အလောင်းအတိုင်း ကျန်ရစ်နေခဲ့သော ကျင့်ကြံသူဟူသည်မရှိ။ သံသရာလည်သည်ဆိုသောအဓိပ္ပါယ်ကိုလည်း မည်သူကမှနားမလည်ကြပေ - ဗောဓိပင်တစ်ပင်သာရှိလေရာ အရွက်တစ်ရွက်ချင်းလိုက်ခူးနေပါက ရူးမိုက်ရာကျသည်ဟု ထင်ကြသည်။ ၎င်းတို့ထွက်သွားသည်နှင့် အပင်ကိုလာတူးမည့်သူလည်းမရှိ၍ အပင်ကိုရိုးရိုးရှင်းရှင်းပင် ခွဲထားလိုက်ကြ၏။ အကိုင်းတို့ကိုဖြတ်တောက်လိုက်ခြင်းက ပိုကောင်းပြီး လူတိုင်းမျှဝေယူနိုင်လိမ့်မည်။


ကျင့်ကြံသူအားလုံးတို့သည် သူတို့ကိုယ်တိုင်ကသာ အရေးကြီးဆုံးဟုယူကြည်ထားကြ၏။ အနာဂတ်မျိုးဆက်တို့ကို မည်သူကများစိတ်ပူနိုင်မည်နည်း။ အလွန်ဆုံး ၎င်းတို့၏ဆွေမျိုးသားချင်းများနှင့် ချစ်သူခင်သူတို့က ပိုသည့်အပိုင်းများကို ဖြတ်ယူလိုက်လျှင် မျှဝေယူခြင်းထက်ပင် ပိုကောင်းသွားနိုင်သည်။ 


Host ၏သစ်ပင်တစ်ပင်အဖြစ် ရှုထောင့်မှမကြည့်လျှင်ပင် 

မှားနေသည့်အရာမရှိသလိုပင်။


ယခု သူသည် သစ်ပင်တစ်ပင်ဖြစ်နေပြီး ကံဆိုးမိုးမှောင်ကျနေရပြီ!


သူ ဇာတ်လိုက်ကိုအပြစ်မတင်နိုင်၊ ထိုဘူပိတ်နေသည့်ကလေးက ရည်ရွယ်ချက်ဖြင့် ထုတ်မပြောလာသည့်တိုင် သူ့ဂိုဏ်းမှလူများက အကွက်ချထားနှင့်ပြီ။ ရွှယ်လင်သည် အခြားသူများကို အပြစ်တင်ချင်လျှင်ပင် အပြစ်တင်စရာနေရာမရှိနေပေ။ သူတို့သည် အပင်ကိုချစ်မြတ်နိုး၍ ပတ်ဝန်းကျင်ကို ကာကွယ်သင့်သည်ဟုဆိုကာ အော်ဟစ်ကြွေးကြော်နေကြသည်လေ။


၎င်း၏ယခင်ပိုင်ရှင်က အူတိအူကြောင်ဖြင့် လျစ်လျုရှုထားသည့်ကလေးမျိုးပင်: သုံးနှစ်သားကလေးအရွယ်တည်းပင် သတိထားတတ်သည်။ အသိတရားနည်းနည်းရှိလင့်ကစား ပုံမှန်အားဖြင့် သူ့ဘေးတွင်ဖြစ်ပျက်နေသမျှအရာတို့ကို နားမလည်ပေ။


ရွှယ်လင်၏နှလုံးသားမှာ ခံစားချက်များရောထွေးနေပြီး ဘာပြောသင့်မှန်းပင်မသိတော့ပေ။ မူလတည်ရှိမှုက လုံးဝပျောက်ကွယ်သွားသည်ကိုပင် ကျေးဇူးတင်ရတော့မည်။ သို့မဟုတ်ပါက ထိုကလေး၏ အပြစ်ကင်းစင်သည့်နှလုံးသားနှင့်ဆိုပါလျှင် ဤကမ္ဘာတွင် အသက်ရှင်ရပ်တည်နိုင်မည်မဟုတ်။


ဤကမ္ဘာမှဇာတ်လိုက်က လှေနံဓားထစ်ကျင့်ကြံတတ်သည်။ အစပိုင်းတွင်တော့ သူသည် မနာလိုဖြစ်ရလောက်သည်အထိ ဂိုဏ်း၏တောင်ထွတ်ကို အုပ်စိုးနိုင်သော ပါရမီရှင်လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဘဝတလျှောက်ကို ရွပ်ရွပ်ချွံချွံကြိုးစားခဲ့သည်။ နောက်ပိုင်း အချိန်တစ်ခုကြာသည့်အခါ သူ့အနားမှလူများက သစ္စာဖောက်မည်ဖြစ်ကြောင်း သိသွားခဲ့ပြီး ၎င်း၏အရိုးများ ကျိုးကြေသည်အထိနှိပ်စက်ခံရကာ ဂိုဏ်းထဲမှနှင်ထုတ်ခံလိုက်ရသည်။


သူသည်လက်မခံခဲ့သလို လက်လည်းမလျှော့ခဲ့ပေ။ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ကံကောင်းစွာဖြင့် သူသည် တောင်ထွတ်ကိုအမွေဆက်ခံနိုင်ခဲ့ပြီး လက်စားပြန်ချေနိုင်ရန် နောက်တဖန် ပြန်လည်ကျင့်ကြံခဲ့သည်၊ အထွတ်အထိပ်ရောက်နိုင်မည့် ကျင့်ကြံရေးလမ်းတွင် တလှမ်းချင်းလျှောက်လှမ်းနိုင်ခဲ့၏။


ယင်းက ဤကမ္ဘာ၏ ဇာတ်ကြောင်းနှင့်နီးစပ်သော်လည်း စာရေးသူက...ဇာတ်လိုက်ကိုပစ်မှတ်ထားပြီး ဂိုဏ်းမှနှင်ထုတ်သည့်နေရာအရောက်မှ ဇာတ်လမ်းကိုဆက်မရေးတော့ဘဲ လုံးဝ မလွှင့်ပစ်လိုက်ခင်အထိ ဇာတ်ကြောင်းကို စီစဥ်ထားခဲ့သည်။ ဇာတ်ကြောင်းနှင့်တင် ဆိုးဝါးနေပြီဖြစ်သော်လည်း ၎င်းက အဆုံးသတ်ပင်မဟုတ်သေးပေ....


"ကံဆိုးတာပဲ...ဇာတ်ကြောင်းမပါဘဲ ဒီကလေးက ဘယ်အချိန်အထိ အသက်ရှင်မလဲဆိုတာ ပြောဖို့ခက်တယ်..."


"ဒါက ကျွန်တော်တို့ host အတွက် ကံကြမ္မာကိုပြန်ပြင်ဆင်ဖို့အခွင့်ကောင်းပဲမဟုတ်လား...."


ရွှယ်လင်:"ဟမ့်..အရင်ဆုံး...ငါ့ရဲ့ကံကြမ္မာကို ပြောင်းချင်တယ်..."


စနစ်:".....ဟမ့်...host..အဲဒီလောက်အဆိုးမြင်စရာမလိုပါဘူး..." စနစ်မှာ သည်ခန္ဓာကိုယ်ကို ကောက်လာခဲ့ရသောကြောင့် အနည်းငယ်အပြစ်ရှိသလိုခံစားနေရလေရာ host ကိုဝေဖန်နိုင်ရန် ကြိုးစားနေလေသည်။ ဤကမ္ဘာကြီး၏ အသိဉာဏ်နှင့်ဆက်သွယ်နိုင်ရန် သူ၏စီရင်သုံးသပ်မှုအပြင်ဘက်ဘောင်မှ စွမ်းအားကိုအသုံးပြုရန်လိုပြီး ဗောဓိပင်စွမ်းရည်ကို ဇာတ်ကြောင်းတိုးတက်ရန်အတွက် ကျင့်ကြံရေးအလဲအလှယ်အဖြစ် ပြန်ယူရကာ ကမ္ဘာကိုပြောင်းလဲရပေမည်။ "အနည်းဆုံးတော့...မင်းမှာမျှော်လင့်ချက်ရှိသွားတာပေါ့...ဒီမူလခန္ဓာကိုယ်က နှစ်ပေါင်းတစ်သောင်းကျင့်ကြံထားတာ..ဒါပေမဲ့ ကျင့်ကြံတဲ့နည်းလမ်းမရှိတော့ အစီအစဥ်တော့မကျဘူး...host ရဲ့ကြီးမြတ်

တဲ့ဉာဏ်ပညာကိုအခြေခံပြီး မကြာခင်မှာ ကျွန်တော်တို့နှစ်ယောက် ဒီနေရာကနေထွက်ခွာပြီး ဇာတ်လိုက်ကိုရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ်..."


ဤကမ္ဘာ၏ဇာတ်လိုက်တည်ရှိမှုက ဤကမ္ဘာတွင် အခရာဖြစ်နေပြီး သူ့အားသတ်ရန်မှာမဖြစ်နိုင်ပေ။ ရွှယ်လင်က ထိုသူကိုကျင့်ကြံဆင့်ပြီးမြောက်အောင်ကူညီပြီး ကံကြမ္မာကိုပြောင်းလဲမည့်အစား အနှီသူကို သောကများမရှိ၊ နာကျင်ခါးသီးမှုများမရှိဘဲ ဂုဏ်သတင်းကျော်ကြားသည့်ပါရမီရှင် လူငယ်လေးအဖြစ် အဆင်ပြေချောမွေ့စွာ အရွယ်ရောက်လာစေရန် ရွေးချယ်လိုက်သည်။


"ပြောတော့မှ...ငါဇာတ်လိုက်ကိုကာကွယ်ပေးရတာ..ဒီတခါပထမဆုံးပဲ..." ရွှယ်လင် အံ့ဩနေသလို သူမေးစေ့သူ ပွတ်သပ်နေလေသည်။ "လိမ္မာတဲ့ကလေးဖြစ်ဖို့တော့ မျှော်လင့်ရတာပဲ..."


"အင်း... မင်းလည်း တောက်တွဲဖက်တစ်ယောက်လောက်တော့ ရှာသင့်တယ်...ပြီးတော့ အခြေအနေတွေကိုပြောင်းလဲလိုက်...အဲဒါဆို သူတသက်လုံး ယုံကြည်ချက်တွေကို မဆုံးရှုံးရတော့ဘူးပေါ့...အဲဒီနည်းနဲ့....သူ့ကံကြမ္မာကိုလုံးဝပြင်မရေးလိုက်နိုင်ရင်..သူ့ကို ကျောက်စိမ်းဧကရာဇ်ရဲ့သားတော်လို့တောင် မခေါ်ထိုက်တော့ဘူး...ပြီးတော့ သူလည်း ထောင်ပေါင်းများစွာသောကျင့်ကြံသူတွေကြားက သာမန်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်..."


"စနစ်...မင်းလေ...အခုတလော ပိုပိုပြီး နပ်လာတယ်နော်.."


"အမှန်ပဲ...ပြီးတော့ hostက...ကိုယ့်ကိစ္စကိုမလုပ်ရင်...ကျွန်တော်လည်း ကိုယ့်အားကိုယ်ကိုးရတော့မှာပေါ့..."


"....."


"ကျွန်တော်လည်း hostမချစ်မိပဲနဲ့ တာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်တဲ့တနေ့ကျ ဝမ်းသာမိမှာပါ...."


"အချစ်ဆိုမှပဲ...ငါသတိရလာပြီ..." ရွှယ်လင်ကမျက်လုံးမှိတ်ကာ သူ့မိသားစုဝင်စနစ်ကို မေးလိုက်သည်။ "အဲဒီလူကရော..? ဇာတ်လမ်းထဲကို သူဝိညာဥ်ကူးပြောင်းဖို့ လိုအပ်တာတွေကို ဘယ်သူမှလည်းလာမပြောကြပါဘူး..."


စနစ်: "....."


....ကြည့်ရတာ ချစ်မိတဲ့ကိစ္စက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲနဲ့ တူတယ်။


 "ကျွန်တော်လည်းမသိဘူး...သူ လမ်းဘေးကကျေက်တုံးအဖြစ် ပြောင်းသွားတာနေမယ်..."


စနစ်က ဗလုံးဗထွေးဖြင့်ရေရွတ်သည်။ "ဒီကမ္ဘာရဲ့ဇာတ်ကြောင်းက လုံးဝမပြည့်စုံဘူး..ပြီးတော့ စာရေးဆရာကလည်း ဒီထဲကဖြစ်တည်မှုတွေအကြောင်းကို တခါမှမရေးပြခဲ့ဘူး...Host ရဲ့စွမ်းအားက အခုအားနည်းနေပြီ..hostပထမဆုံးလုပ်သင့်တာက လူအဖြစ်ပြောင်းပြီး ဒီနေရာကထွက်သွားဖို့ပဲ..."


"လက်ရှိခေတ်ကာလကရော...." တာဝန်ကိုပြီးမြောက်သည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီးပြီဖြစ်၍ သူ့အတွက် များများသိထားလေ၊ ကောင်းလေပင်။ "အခုဇာတ်လိုက်ကဘယ်မှာလဲ..."


စနစ်က တွေးဆကြည့်နေသည့်လေသံဖြင့် ပြန်ဖြေ၏။ "သူ့အမေဗိုက်ထဲမှာပဲ ရှိသေးတယ်...."


ရွှယ်လင်: "...."


စနစ်က အသံကိုမြှင့်ပြီး ကြွေးကြော်သည်။ "လာစမ်းပါ...ချီးယားစ်...အချိန်တွေအများကြီးကျန်ပါသေးတယ်..."


ရွှယ်လင်: "စနစ်ရေ...ငါ့အထင်တော့ မင်း upgrade လုပ်လိုက်တဲ့အချိန်မှာ တခုခုမှားသွားတယ်ထင်တယ်..."


စနစ်: "ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်...အဲဒါကြောင့် ကမ္ဘာရဲ့ မျက်နှာကိုလိုက်ရှာပြီး ထိပ်တိုက်တွေ့မလို့.."


ရွှယ်လင်: "....."


ဤနေရာက ကြက်သေတစ်ကောင်လို တိတ်ဆိတ်လွန်းပြီး

ပျင်းစရာကောင်းနေ၍ ဖြစ်နိုင်သည်: ကျင့်ကြံသည်ထက် ရွှယ်လင်သည် စနစ်နှင့်သာ စကားများနေခဲ့သည်။ အချိန်များကြာလာသည့်အခါ ၎င်းတို့နှစ်ယောက်မှာ တဖက်လူမယှဥ်နိုင်လောက်အောင် စွမ်းရည်အရာတွင် တိုးတက်လာခဲ့ကြသည်။


ကျင့်ကြံခြင်းလမ်းစဥ်က ရှည်လျားသည်။ လွန်ခဲ့သောနှစ်ထောင်ချီက ကျင့်ကြံခဲ့ပြီးသော မြေခွေးဝိညာဥ်ရွှယ်လင်သည် ဤသို့သောဘဝမျိုးနှင့် အသားကျနေလေပြီ။ အပင်ပျိုလေး၏ ကျင့်ကြံဆင့်မြင့်လာမှုကို ခံစားရရုံမက သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကလည်း မြင့်လာခဲ့သည်။


ဤကမ္ဘာမှ သူ့အမြှီးနှစ်ချောင်းကိုပြန်ရသည်နှင့် အမြှီးငါးချောင်းကို ပြန်အစားထိုးနိုင်မည်။ ၎င်းနောက် သူ့ကိုယ်ပိုင်စွမ်းအားက အကြီးအကျယ် အရှေ့သို့ခုန်တက်သွားမည်ဖြစ်ကာ စိတ်အတွင်းပိုင်းတွင်ချိတ်ပိတ်ထားခဲ့သော မှတ်ဉာဏ်တားမြစ်စည်းများကို ဖျက်နိုင်လိမ့်မည်ပင်။


ကံအကြောင်းမလှစွာဖြင့် သူ၏ တည်ငြိမ်နေခဲ့သော နေ့ရက်များက အမြန်ကုန်ဆုံးသွား၏။ ရွှယ်လင်ရှိနေသော တည်ငြိမ်နေသော လျို့ဝှက်နယ်ပယ်များက နှစ်ပေါင်းငါးရာကြာလျှင် တစ်ခါပွင့်လာတတ်၏။


သည်တကြိမ်တွင် ဇာတ်လိုက်သည် နယ်ပယ်ပွင့်နေသည့်တိုင် ရောက်မလာခဲ့သောကြောင့် ရွှယ်လင်မှာ အရှင်းဆုံးနည်းလမ်းကိုရှာပြီး သူ့ကိုယ်သူ သာမန်အပင်တစ်ပင်အဖြစ်ပုံပြောင်း၍ အနားမှဂူတစ်လုံးထဲသို့ ဝင်ပုန်းနေလိုက်ရသည်။


ဤကမ္ဘာပေါ်မှကိစ္စများက အလျင်အမြန်ပြောင်

းလဲသွားခဲ့သည်။ ဇာတ်ကြောင်းပြောင်းလဲမှုက မြင့်မားနေလျှင်ပင် ဤသို့သောစွန့်ပစ်ခံထားရသောကမ္ဘာမျိုးတွင် မည်သည့်ကိစ္စမှဖြစ်မလာနိုင်ပါဆိုသည့် အာမခံချက်မရှိနိုင်ချေ။