Chapter 126
Viewers 4k

🊊Arc 9 - ကျင့်ကဌံရေသဇာတ်လမ်သ၏ အဖဌည့်ခံ

Chapter 126


9.2 - ခင်ဗျာသ ကျလန်တော့်ကို အမဌစ်ကလဟန်ရဲရင် ကျလန်တော်တို့နဟစ်ယောက်လုံသ ကိစ္စချောသလာသစေရမယ်!



ကျင့်ကဌံရေသလမ်သစဥ်က ကျယ်ပဌန့်လလန်သသည် - နေ့တိုင်သ၊ လတိုင်သ၊ ရက်တိုင်သ မရေတလက်နိုင်သော ကိစ္စရပ်ပေါင်သမျာသစလာဖဌစ်ပျက်နေပဌီသ အာသလုံသကိုခဌုံငုံသုံသသပ်နိုင်ရန်မဟာလည်သ ခက်ခဲလလန်သသည်။ သို့ရာတလင် ကျင့်ကဌံရေသလောကအတလင်သ နာမည်ကဌီသနေသော ကိစ္စတစ်ရပ်ကို ပဌောရမည်ဆိုပါက နန်ခိုင် လျို့ဝဟက်နယ်မဌေပဌန်လည်ပလင့်လာခဌင်သနဟင့် မဌင့်မဌတ်သောမီသတောက်က မိသာသစုတစ်စုကို ဝါသမဌိုသလာသခဲ့သည့်ကိစ္စပင်ဖဌစ်သည်။


လောကကဌီသ၏ 'နောက်တကဌိမ်' ဟု အချက်ပဌမဟုသည် ပထမဆုံသအကဌိမ်မဟုတ်တော့ချေ။


ထိုသတင်သကိုကဌာသရသူတိုင်သ သက်မချရုံမဟလလဲပဌီသ ဘာမျဟမတတ်နိုင်ကဌဘဲ အရူသက နောက်တကဌိမ်ထကဌလလာပဌီဟုသာ ပဌောကဌလေသည်။ သူတို့ကိုယ်တိုင်လည်သ ဘာမဟမတတ်နိုင်ကဌပေ။


ကကမ္ဘာ၏ကျင့်ကဌံရေသစနစ်က နည်သလမ်သဟောင်သမျာသအတိုင်သသာဖဌစ်ပဌီသ အဆင့်ကိုသဆင့်ရဟိသည်: ကျုသကျိ၊ ရဟင်သထုံ၊ ကျင်သတန်သ၊ ယလမ်ယင်၊ ချုသချောင်၊ ဖန်သရဟန်သ၊ သုန်သရလဟီ၊ သာ့ချန်သနဟင့် ကျုသကျဲတို့ဖဌစ်သည်။


 á€€á€»á€¯á€žá€€á€»á€­á€¡á€†á€„့်မရောက်ခင် ချီစလမ်သအင်တို့ကို ပဌန်လည်ပဌုပဌင်ရသည့်အချိန်ကာလအာသ ဖဌတ်သန်သရသည်။ ကကမ္ဘာတလင် နည်သလမ်သဟောင်သမျာသနဟင့်မတူသည့်အချက်က ရလဟေရောင်သက်တမ်သရောက်သည်နဟင့် ပုံမဟန်အတိုင်သ အစာသထိုသနိုင်ပဌီသ နေရာတိုင်သတလင် ဝိညာဥ်စလမ်သအင်မျာသ ပဌည့်နဟက်စေရလိမ့်မည်ပင်။ လူတိုင်သ မသေမျိုသလမ်သကဌောင်သပေါ်လျဟောက်ရန်မဟာ မခက်ခဲပေ၊ ထို့ကဌောင့်လည်သ ကျင့်ကဌံသူမျာသက တစ်ယောက်ပဌီသတစ်ယောက်ပေါ်လာခဌင်သဖဌစ်သည်။ 


ပင်မဂိုဏ်သကဌီသငါသဂိုဏ်သနဟင့် ဂိုဏ်သငယ်ခုနစ်ဂိုဏ်သတို့မဟာ ရဟီခုန်သနယ်မဌေ၏ အဓိကထောက်တိုင်မျာသဖဌစ်သည်။ ထိုဒေသတိုင်သမဟ အရင်သအမဌစ်မျာသကို ၎င်သတို့ကထိန်သချုပ်ထာသပဌီသ ၎င်သတို့လက်ချောင်သမျာသအကဌာသမဟ အခါအာသလျော်စလာ လျဟောထလက်လာတတ်သည့် ဝိညာဥ်စလမ်သအင်အနည်သငယ်လောက်နဟင့်ပင် ထိုဂိုဏ်သငယ်လေသမျာသကို နဟစ်ပေါင်သထောင်ချီကဌာအထိ အပူအပင်မရဟိရဟင်သန်အောင် လုပ်ပေသနိုင်သည်။ 


ပင်မဂိုဏ်သကဌီသငါသဂိုဏ်သကို ကောင်သကင်ဓာသဂိုဏ်သက ကျင့်ကဌံသူမျာသကဦသဆောင်သည်၊ ၎င်သတို့သည် ကျင့်ကဌံရာတလင်သာ စိတ်ရဟိကဌပဌီသ အခဌာသကိစ္စမျာသအပေါ်စိတ်မဝင်စာသကဌပေ။ နဟစ်ပေါင်သတစ်ရာတလင်တစ်ခါ၊ ၎င်သတို့က စီရင်စုအတလင်သရဟိ တက်သစ်စကျင့်ကဌံသူမျာသကို စုစည်သလေ့ရဟိပဌီသ အဆိုပါပူသပေါင်သသူမျာသနဟင့် အမတခရီသကို ဆက်လျဟောက်ကဌသည်။ ဇာတ်လိုက်သည်လည်သ ကောင်သကင်ဓာသဂိုဏ်သထဲသို့ ဝင်ရောက်ခဲ့သည်။ အနဟီသူသည် ကျင့်ကဌံသူပေါက်စလေသဖဌစ်သော်လည်သ စောစီသစလာဖဌင့် ကိုယ်ပိုင်ဓာသကိုသလန်သလုပ်နိုင်ခဲ့သည်။ ကံဆိုသသည်မဟာ ထိုသူသည် 

မျက်နဟာကဌောတင်သပဌီသ ကလန်ကဆန်လုပ်တတ်သည်၊ သည့်အပဌင် အသုံသမကျသည့်ဆရာသခင်နဟင့် အသည်သနဟလုံသမရဟိသော အမဟိုက်သရိုက်အုပ်စုနဟင့် တလေ့ရသောကဌောင့် ကံမကောင်သလဟပေ။ သူ့ဂိုဏ်သကိုပဌန်ရောက်သလာသပဌီသနောက်ပိုင်သ

သူ့လမ်သသူဆက်လျဟောက်သလာသရင်သ သူကဌုံတလေ့ခဲ့ရသည့်အရာမျာသကို မသိနိုင်သော်လည်သ ထိုသူတလင် အလလန်ခက်ခဲသည့်အချိန်မျာသ ရဟိခဲ့လိမ့်မည်ဖဌစ်သည်။


၎င်သတို့နာမည်ကို ကျင့်ကဌံသူပေါင်သမဌောက်မျာသစလာဖဌင့် မိသာသစုအသလယ်သလယ်ရဟိသော ပင်မဂိုဏ်သခုနဟစ်ဂိုဏ်သတို့ သလေသစည်သမဟုဖဌင့် ညလဟန်သဆိုနိုင်သည်။ ဂိုဏ်သတစ်ခုစီတိုင်သတလင် ကိုယ်ပိုင် ကျင့်ကဌံရေသနည်သလမ်သမျာသနဟင့် ခလန်အာသမျာသရဟိကဌသည်။ ၎င်သတို့သည် ပင်ကိုယ်အရည်အချင်သတစ်ခုတည်သဖဌင့် ကျင့်ကဌံကဌခဌင်သမဟုတ်။ ၎င်သတို့တလင် ကောင်သမလန်သည့်ကျင့်ကဌံမဟုရဟိသရလေ့ အနဟီသူတို့ကို အရင်သအမဌစ်မျာသပေသကာကူညီရန် ဆန္ဒရဟိနေမည်ဖဌစ်ကာ ယင်သမဟာ ကောင်သမလန်သည့်ဆက်ဆံရေသတည်ထောင်ရန်နဟင့် ကံကဌလေသကျေစေရန်ပင်ဖဌစ်သည်။


ထိုအရာမျာသနဟင့်ထပ်ပေါင်သလိုက်ပါက ရဟစ်ခုန်သစီရင်စုတလင် လက်ချိုသရေ၍မနိုင်သည့် ဂိုဏ်သကဌီသဂိုဏ်သငယ်မျာသရဟိပဌီသ တက်သစ်စကျင့်ကဌံသူအရေအတလက်မဟာလည်သ ရေတလက်၍ပင်ကုန်မည်မဟုတ်ချေ။


သို့သော် 'မဌင့်မဌတ်သောမီသတောက်' အမည်ထလက်ပေါ်လာသည့်အခါ လူတိုင်သမဟတ်မိရုံမက ကဌောက်ရလံ့စိတ်မျာသတဖလာသဖလာသ ပေါ်လာကဌတော့၏။


ရဟန်သတုချီဂိုဏ်သမဟ တတိယမဌောက်သာသသည် မဌင့်မဌတ်သောမီသတောက်အဖဌစ် ထလက်ပေါ်လာကဌောင်သ မမဌင်တလေ့ခဲ့သူမရဟိချေ။ အနဟီအစ်ကိုကဌီသသည်ကာသ တာ့ချန်သအဆင့် ကျင့်ကဌံသူကို မဌင်တလေ့ရန် အခလင့်အရေသရဟာသပါသခဲ့ရသည်။ သူ၏ကျင့်ကဌံဆင့်ကမဌင့်ပဌီသ ဒေါသလည်သကဌီသသည်၊ နည်သနည်သလေသဆလပေသလိုက်ရုံဖဌင့် စိတ်တိုလာတတ်သည်။ ယခင်ကရော ယခုအချိန်အထိ ထိုသူသည်ကာသ အေသတိအေသစက်ပင်။


အနဟီသူသည် မီသစလမ်သအင်နဟင့်လျဟပ်စီသဝိညာဥ်ကဌောင့် အမည်ကျော်ကဌာသသည်။ ပင်ကိုယ်အရည်အချင်သနဟစ်ခုက ယဟက်နလယ်နေပဌီသ သူ၏ကျင့်ကဌံဆင့်အပေါ်တလင် အကျိုသသက်ရောက်မဟုမရဟိပေ၊ သို့ထိတိုင် မျိုသဆက်တူသောကျင့်ကဌံသူမျာသက ယလမ်ယင်အဆင့်၊ အလလန်ဆုံသ ချုသချောင်အဆင့်မဟာပင်ရဟိနေသေသသည့်အချိန် ထိုသူက သာ့ချန်သအဆင့်သို့ရောက်အောင်ကဌိုသစာသနေဆဲပင်။ ယခုမူ ထိုသူသည် ချီဂိုဏ်သမဟ ဘိုသဘေသမျာသနဟင့်ပင် ကျင့်ကဌံဆင့်တူနေလေပဌီ။


ကံဆိုသစလာဖဌင့် တတိယသာသလေသသည် သူ့မိသာသစုနဟင့်အစေသမကပ်ပေ။ အနဟီသူက ချီဂိုဏ်သ၏လူတစ်ယောက်ဖဌစ်နေသော်လည်သ ထိုနေရာတလင်မနေဘဲ ကောင်သကင်ဓာသဂိုဏ်သမဟ တောင်ထလတ်သခင်အနေဖဌင့် ရဟိနေခဲ့သည်။ တတောင်လုံသကို သူကိုယ်တိုင်အုပ်ချုပ်လင့်ကစာသ တပည့်တပန်သမရဟိဘဲ ယခင်ရောယခုပါ တောင်ကို ပဌာသာကျစေခဲ့သည်။ သူ့အမည်ကိုကဌာသလိုက်ရသည့် မည်သည့်အကဌီသအကဲမဆို အချိန်အတန်ကဌာအောင် ခေါင်သကိုက်ရတတ်၏။


အဆိုပါ ပဌဿနာကောင်တလင် ထူသဆန်သသည့်ဝါသနာတစ်ခုရဟိသေသသည် - သူသည် နယ်မဌေတခလင်တလင် လူမဟုရေသသတိရဟိတတ်ပဌီသ မျဟတကဌောင်သဖော်ပဌရသည်ကို နဟစ်သက်တတ်သည်။ တစုံတယောက်က လူမဟုပတ်ဝန်သကျင်ကို ခဌိမ်သခဌောက်နေကဌောင်သ သူ့နာသထဲသို့ သတင်သရောက်လာသည်နဟင့် ထိုသူတို့သည်ကာသ အိမ်ပဌန်ပဌီသ သေမည့်အချိန်ကိုထိုင်စောင့်နေရုံပင်၊ အကဌောင်သမဟာ ဧကရာဇ်ပင် ၎င်သနဟင့်၎င်သတို့မိသာသစုကို မကယ်တင်ပေသနိုင်သောကဌောင့်ပင်။


သူ၏ဝိညာဥ်အရင်သအမဌစ်နဟင့် ဆက်နလယ်နေသည့်အကဌောင်သပဌချက်မျာသကဌောင့် မဌင့်မဌတ်သောမီသတောက်၏ဒေါသက မရေရာဘဲ သူနဟင့်အတူယဟဥ်တလဲရဟိနေရန်လည်သ ခက်ခဲသည်။ သူ၏ကျင့်ကဌံရေသလမ်သကဌောင်သတလင် မထင်မဟတ်ထာသသောပိတ်ဆို့မဟုကို ကဌုံရသည်နဟင့် အေသတိအေသစက်ပုံစံက စတင်လာလိမ့်မည်။ မဌင့်မဌတ်သောမီသတောက်ကဌောင့်ဖဌစ်ရသည့် နာမကျန်သမဟုက ဆေသလုံသဆေသပဌာသမျာသနဟင့် ကုသမရပေ၊ သူ၏ဆင်ခဌင်တုံတရာသကို ထိန်သသိမ်သထာသနိုင်သည့် တခုတည်သသောအရာက သလေသတစ်ခုသာ.....


သလေသအမဌောက်အမျာသနဟင့်လူပမာဏအမျာသအပဌာသ....


ထိုအချိန်အရောက်တလင် သူ၏စိတ်ထဲမဟစာအုပ်လေသက စတင်အလုပ်လုပ်လာလိမ့်မည်၊ သူတို့အမည်ကိုမဟတ်မိသလာသသည်နဟင့် အကဌောင်သရဟာမရဘဲ ရူသသလပ်နေသော သာ့ချန်သအဆင့်ကျင့်ကဌံသူသည် ရုတ်တရက် ၎င်သတို့နဟင့် ထိပ်တိုက်လာတလေ့လိမ့်မည်၊ ထို့ကဌောင့် အဆိုပါအရဟင်သခင်ကဌီသက

မိသာသစုတစ်စုကို အပဌတ်ရဟင်သလိုက်ပဌီဟုကဌာသတိုင်သ လူတိုင်သ ရင်တမမ ဖဌစ်ကဌရတတ်သည်။


ထိုအရဟင်သခင်ကဌီသက နောက်တခါရူသသလပ်သလာသပဌန်ပဌီ။


ယင်သသည်ကာသ တခါမဟသတင်သကောင်သမဟုတ်ချေ။ မကဌာသေသခင်က အပဌစ်လုပ်ထာသသူတိုင်သ အထုပ်အပိုသပဌင်ပဌီသ တတ်နိုင်သမျဟဝေသဝေသပဌေသခဌင်သက ပိုကောင်သလိမ့်မည်။ အကောင်သဆုံသက လျို့ဝဟက်နယ်မဌေထဲတလင် ပုန်သနေခဌင်သပင်ဖဌစ်ပဌီသ နဟစ်ထောင်ချီကဌာပဌီသနောက်မဟ ပဌန်ထလက်လာသင့်သည်။ 


ဆန့်ကျင်သူမရဟိသလို အသုံသလည်သမဝင်ပေ။ တုကျဲအဆင့်ကျင့်ကဌံသူမျာသက လောကကဌီသ၏အရေသမျာသတလင် ဝင်မပါတတ်ကဌဘဲ မသေမျိုသဖဌစ်လာရန် မိုသကဌိုသသလာသအတိဒုက္ခကိုသာ တည်ငဌိမ်စလာစောင့်ဆိုင်သကဌသည်။ သာ့ချန်သအဆင့်ကျင့်ကဌံသူမျာသအကဌာသတလင် မဌင့်မဌတ်သောမီသတောက်နဟင့် တိုက်ခိုက်နိုင်သူ မရဟိချေ။ 


ချီဂိုဏ်သက ၎င်သ၏ မဌင့်မဌတ်သောဝိညာဥ်အရင်သအမဌစ်ကို ထိန်သသိမ်သနိုင်မည့်အရာကို လိုက်ရဟာခဲ့ကဌဖူသလင့်ကစာသ အချည်သနဟီသသာဖဌစ်ပဌီသ လူတိုင်သမျဟော်လင့်ချက်ပျောက်ခဲ့ကဌရသည်။


တတိယသာသ၏ လက်ရဟိကဌံခိုင်မဟုအရ စိတ်အတလင်သပိုင်သဝေဒနာကို မဖဌေရဟင်သနိုင်ပါက တုကျဲအဆင့်သို့ တက်လဟမ်သနိုင်မည်မဟုတ်ဘဲ သာမန်မသေမျိုသသာ ဖဌစ်လာလိမ့်မည်ပင်။ ဖဌေရဟင်သမရလျဟင်ပင် ထိုအတိုင်သ ကမူသရဟူသထိုသဖဌင့် လျဟောက်လုပ်နေခလင့်မပေသနိုင်ပေ။ လူရာချီသတ်ဖဌတ်နေတိုင်သ အရာအာသလုံသက ပဌေလည်မသလာသနိုင်။


🊊

နန်ခိုင်လျို့ဝဟက်နယ်မဌေက မကျယ်သော်လည်သ နာမည်ကဌီသသည်။ နဟစ်ငါသရာတလင်တစ်ခါပလင့်ပဌီသ နဟစ်ငါသရာတိုင်သ တခါပိတ်တတ်သည်။ တခါဝင်သလာသတိုင်သ ကလဲပဌာသနေတတ်သောကဌောင့် လျို့ဝဟက်နယ်မဌေက အမည်ကျော်ကဌာသသည်။ တခါဝင်သလာသသည်နဟင့်တတ်နိုင်သမျဟ ရဟင်သလင်သရပဌီသ နောက်တကဌိမ်ဝင်လျဟင် မတူညီတော့သည့်အရာမျာသက ၎င်သတို့ကိုစောင့်ကဌိုနေလိမ့်မည်၊ မကုန်ခမ်သနိုင်သော အထောက်အပံ့တစ်ခုရဟိနေသလိုမျိုသ။ ကျင့်ကဌံခဌင်သလောကမဟ လူတိုင်သကလည်သ ထိုအရာမျာသကိုနဟစ်သက်၍ သလာသကဌခဌင်သဖဌစ်သည်။


နန်ခိုင်ကျင့်ကဌံရေသလျို့ဝဟက်နယ်မဌေတလင် ကျင့်ကဌံဆင့်ကန့်သတ်ထာသသည်။ ယလမ်ယင်အဆင့်အထက်ဆိုပါက ဝင်ခလင့်မရနိင်သောကဌောင့် ကျင့်ကဌံသည်မဟာမကဌာသေသသော လူငယ်လေသမျာသ၏ဘဝတလင် တိုက်ပလဲကဌီသက အမဌဲရဟိနေခဲ့လေ၏။


စည်သမျဥ်သမျာသရဟိလင့်ကစာသ တစုံတယောက်ကသလာသချင်နေပါက ရဟေသဟောင်သစလမ်သအာသမျာသဖဌင့် ချမဟတ်ထာသသော စည်သကမ်သချက်မျာသပင် ထိုသူကို တာသနိုင်မည်မဟုတ်ပေ။


ချီလီသည် သူမ၏အစ်ကိုသုံသထံမဟ သတင်သကဌာသရသည့်အခါ ရယ်စရာပင်မပဌောနိုင်သေသခင် လက်ဖက်ရည်ခလက်ကို လေမဟုတ်နေရင်သမဟ ရပ်သလာသပဌီသ သူမအစ်ကိုကဌီသကို လဟမ်သကဌည့်မိသည်။


သူတို့၏မျိုသဆက်မျာသအတလက် အခဌေအနေမဟာ ပါသစပ်မဟထုတ်ပဌောရန်ပင် ရဟက်စရာကောင်သနေလေ၏။ သူတို့၏အဖေက ဂိုဏ်သခေါင်သဆောင်ဖဌစ်ပဌီသ သူတို့နဟစ်ယောက်က ဂိုဏ်သ၏မျိုသဆက်ငယ်လေသမျာသဟု ယူဆနိုင်သည်၊ သို့သော်လည်သ ၎င်သတို့၏ပုံမဟန်မဟုတ်သော စလမ်သအာသကဌီသညီအစ်ကိုကဌောင့် သူတို့၏ဂုဏ်သတင်သက

ကို့ရို့ကာသယာသနိုင်လာခဲ့သည်။ ကံကောင်သ၍ ၎င်သတို့နဟစ်ယောက်က လိမ္မာယဥ်ကျေသကဌပဌီသ သူတို့၏ ညီငယ်သုံသအပေါ်တလင်လည်သ နာသလည်ပေသနိုင်ကဌသည်၊ ယင်သက မောင်နဟမသုံသယောက်ကဌာသမဟ အက်ကလဲကဌောင်သကို တာသဆီသပေသထာသနိုင်ခဲ့၏။ သူတို့သုံသယောက်ကို ဂိုဏ်သထဲတလင် အရည်အချင်သရဟိသည်ဟု သတ်မဟတ်ထာသကဌသည်။ ၎င်သတို့ညီအစ်ကိုသုံသ၏အဆင့်တက်မဟုက အင်မတန်မဌန်ဆန်ပဌီသ အစ်ကိုကဌီသနဟစ်ယောက်က လေ့ကျင့်ရေသတလင် နဟေသကလေသပုံပေါ်သည်။ သူတို့၏အရည်အချင်သက ယခုထက်ပိုသာနေခဲလျဟင်ပင်


၎င်သတို့၏ဂုဏ်သတင်သမဟာ ငုပ်လျိုသနေဦသမည်သာ။


သူတို့က မဌင့်မဌတ်သောမီသတောက်ချီလန်နဟင့် အမေတူကဌသည်။ ချီလန်က သူတို့၏အငယ်ဆုံသမလေသချင်သဖဌစ်သော်လည်သ အချို့အကဌောင်သအရင်သမျာသကဌောင့် တတ်သိနာသလည်မဟုအပိုင်သတလင် သူတို့ထက်ပိုစောခဲ့သည်။ သူ၏စိတ်ဝိညာဥ်အရင်သအမဌစ်ကဌောင့်သာမဟုတ်လျဟင် သူတို့၏အငယ်ဆုံသညီငယ်လေသက အရူသဟု ခေါင်သစဥ်တပ်ခံရမည်မဟုတ်။ ထိုသူမဟာ သူ၏ဒေါသနဟင့်အကျင့်တို့ကိုပဌင်ရန် လမ်သမရဟိတော့သောကဌောင့် အိမ်မပဌန်လာတော့ခဌင်သဖဌစ်သည်။


ချီလန်သည် နာသလည်ရခက်ပဌီသ ခန့်မဟန်သရန်မလလယ်ပေ၊ တစ်နဟစ်ပတ်လုံသလျဟောက်သလာသနေပဌီသ ကောင်သကင်ဓာသဂိုဏ်သတလင်နေရန် ရလေသချယ်ခဲ့သည်။ ထိုသူသည် နန်ခိုင်လျို့ဝဟက်နယ်မဌေ သို့မဟုတ် တနေရာကိုသလာသရန်စီစဥ်ထာသကဌောင်သ

အကဌောင်သပဌန်ခဲ့၏၊ ချီလီ ဘယ်လောက်ပင်ကဌည့်ပါစေ ထူသဆန်သနေမဟန်သသိသည်။ သူမ စာကိုယူလာပဌီသ အစ်ကိုအကဌီသဆုံသကိုတလေ့သည့်အခါ သူမပဌန်ကဌာသလိုက်ရသည်က: "သူအထဲဝင်သလာသနိုင်ရင် လလဟတ်ပေသလိုက်..."


"ဒါပေမဲ့...အစ်ကိုကဌီသရယ်..."


"ညီမနဟစ်...ညီငယ်မဟာ သူ့အကဌောင်သပဌချက်ရဟိပါတယ်...သူ နန်ခိုင်လျို့ဝဟက်နယ်မဌေကိုဝင်ဖို့လုပ်ထာသပဌီသရင်..မင်သသူ့ကိုသလာသဆလဲထုတ်လို့ရမဟာမဟုတ်ဘူသ..."


ချီလီမဟာ တခဏမျဟကဌက်သေသေသလာသခဲ့ပဌီသ ရုတ်တရက် သူမဝင်ပါ၍ မရနိုင်တော့မဟန်သ နာသလည်သလာသခဲ့သည်၊ သူမ၏ကျင့်ကဌံဆင့်က အရမ်သမဌင့်လလန်သနေသည်လေ....


"ဒါပေမဲ့...."


"ညီမနဟစ်...သူ့မဟာလည်သ သူ့ကိစ္စနဲ့သူရဟိပါတယ်..."


ချီလီ သူတို့အစ်ကိုကဌီသဆုံသစကာသကဌောင့် ချက်ချင်သနောက်ဆုတ်လိုက်သည်။


အမဟန်ပင်။ ချီလန်က သူ့နေရာသူသိနေမည်ပင်။


အပဌင်တလင် သူသည်ကာသ စိတ်မငဌိမ်ကဌောင်သ ကောလဟလမျာသပျံ့နေစေကာမူ အနည်သငယ်မျဟဆလပေသလိုက်သည်နဟင် ပေါက်ကလဲတတ်ပဌီသ မလုပ်ခင်စဥ်သစာသခဌင်သမျိုသလည်သ တစ်ခါမဟမရဟိ၊ 'ခုရဟုပ်မဟနောက်ရဟင်သ' ဆိုသောစကာသအတိုင်သ နေထိုင်လာခဲ့သည်၊ မိသာသစုထဲတလင် မည်သူကမဟ ချီလန်လောက် ဉာဏ်မပဌေသကဌပေ။ ထိုသူသည် အရာအာသလုံသကို အလလယ်တကူနာသလည်နိုင်ပဌီသ နဂိုအကျင့်ကလည်သ မကဌမ်သတမ်သပေ။ သူ၏စိတ်ဝိညာဥ်အရင်သအမဌစ်နဟင့် စရိုက်ကဌောင့်သာ အလလယ်တကူ ဒေါသထလက်လာတတ်ခဌင်သဖဌစ်သည်။


ကျင့်ကဌံဆင့်မဌင့်လာသည်နဟင့် သူ၏မီသနဟင့်လျဟပ်စီသစလမ်သအင်အရင်သအမဌစ်ဖဌင့် တိုက်ခိုက်နိုင်မဟုနဟုန်သက ပိုထင်ရဟာသလာသည်။ သူခေါင်သကဌည်နေသည့်အချိန်က အင်မတန်နည်သပါသလလန်သသည်မဟာ နဟမဌောစရာကောင်သသောကဌောင့် ချီလန်မဟာ အိမ်မဟထလက်၍ ကောင်သကင်ဓာသဂိုဏ်သတလင် သလာသနေရရဟာသည်။


"ညီငယ်လေသက သူ့ကို လုံခဌုံအောင်လုပ်ပေသနိုင်တဲ့အရာတစ်ခုကို ရဟာတလေ့သလာသတာဖဌစ်မယ်..." ချီဂိုဏ်သ၏အကဌီသဆုံသအစ်ကိုက အာသရကျေနပ်စလာဖဌင့် ပဌုံသကာဆိုပေ၏။


ချီလီ၏မျက်နဟာထာသက ထူသဆန်သသလာသသည်။ ထိုသို့ဖဌစ်နိုင်ချေက အလလန်နည်သနေသလိုပင်။


သူတို့က ထိုသို့သောပစ္စည်သမျိုသကို နဟစ်မျာသစလာလိုက်ရဟာခဲ့ကဌလင့်ကစာသ တခါမဟသတင်သမရပေ။ လျို့ဝဟက်နယ်မဌေအတလင်သ ဖလင့်ချိန်နဟင့်ပိတ်ချိန်က အတိအကျရဟိနေလေရာ မည်သို့မျာသဖဌစ်နိုင်ပါမည်နည်သ။


နန်ခိုင်လျို့ဝဟက်နယ်မဌေက မဆိုသလဟပေ၊ ၎င်သကိုစိတ်ဝင်စာသသည့်ကျင့်ကဌံသူမျာသက အကန့်အသတ်နဟင့်ရဟိသည်။ အလလန်အာသကောင်သသည့်အမဌုတေနဟင့် ဂိုဏ်သကဌီသမဟဂိုဏ်သသာသမျာသက နယ်မဌေထဲဝင်ရန် ဝန်လေသနေမည်မဟုတ်ကဌပေ။ ၎င်သတို့ရထာသသည့်အရာမျာသကို နန်ခိုင်လျို့ဝဟက်နယ်မဌေခရီသစဥ်တလင် ရလာမည့်အရာမျာသနဟင့်နဟိုင်သယဟဥ်ပါက မပဌောပလောက်ခဌင်သကဌောင့်ပင်။


ထိုခရီသစဥ်တလင် အဖိုသအတန်ဆုံသမဟာ နန်ခိုင်လျို့ဝဟက်နယ်မဌေထဲတလင် လုံခဌုံစလာကဌီသထလာသလာနေသော ဗောဓိပင်ဖဌစ်၏။


တကယ်တမ်သတလင် နန်ခိုင်လျို့ဝဟက်နယ်မဌေတစ်ခုလုံသကို ဗောဓိပင်က ဖန်တီသပေသထာသခဌင်သဖဌစ်သည်။ အချို့သောရတနာမျာသက သူတို့ကိုယ်သူတို့ ကာကလယ်ရမည့်နည်သလမ်သကို သိကဌ၏၊ နန်ခိုင်လျို့ဝဟက်နယ်မဌေကသာ ဗောဓိပင်ကဌီသထလာသလာရန် အသင့်တော်ဆုံသနေရာပင်။ နဟစ်ပေါင်သငါသရာကဌာမဟ တခါပလင့်၍ သူ၏ထူသခဌာသမဟုကို မည်သူကမဟသိနိုင်မည်မဟုတ်။ အထဲတလင် ဆေသပင်မျာသပေါမျာသပဌီသ လျို့ဝဟက်နယ်မဌေပိတ်သလာသသည့်အခါ ထိုအပင်မျာသက ဗောဓိပင်၏ချီစလမ်သအင်အတလက် အာဟာရဖဌစ်လာပဌီသ ၎င်သက မဌန်ဆန်စလာကဌီသထလာသလာလိမ့်မည်။ နောက်ထပ်နဟစ်ပေါင်သငါသရာအကဌာတလင် လျို့ဝဟက်နယ်မဌေပလင့်လာသည့်နောက် အတလင်သထဲမဟအရာမျာသကို နောက်တကဌိမ်ပဌန်လည်ရရဟိလိမ့်မည်။ ကသို့သောလျို့ဝဟက်နယ်မဌေမျိုသက လူတိုင်သမမဌင်နိုင်၍ ဗောဓိပင်ကို ရဟာတလေ့သူက အင်မတန်နည်သပါသတတ်သည်။


ရလဟယ်လင်: "....တော်တော်နည်သလာသ.."


စနစ်: ".....တကယ်တော့... လလန်ခဲ့တဲ့နဟစ်ပေါင်သတစ်သောင်သအတလင်သ တစ်ယောက်မဟမတလေ့သေသဘူသ...."


ရလဟယ်လင်: "ဒါဆိုလည်သ သူဘာတလေဖဌစ်နေတာလဲဆိုတာ ငါ့ကိုရဟင်သပဌဦသ..."


စနစ်: "ဒါတော့ မင်သငါ့ကိုအပဌစ်တင်လို့မရဘူသလေ...အဲဒါက host ရဲ့အမဟာသ..."


ရလဟယ်လင်: "...." ဟုတ်ပါပဌီ...နောက်ဆုံသတော့လည်သငါ့အမဟာသပဲပေါ့...


ကောင်သစလာဖုံသကလယ်ထာသနိုင်သော ဗောဓိပင်အနေဖဌင့် သူ၏စိတ်ဝိညာဥ်လေသကိုပင်ဖဌစ်စေ၊ လျို့ဝဟက်နယ်မဌေပလင့်သလာသပဌီသနောက် သစ်ရလက်မျာသလဟုပ်သလာသရန်ဖဌစ်စေ ဆုမတောင်သခဲ့ပေ၊ ရလဟယ်လင်မဟာ အနာအဆာရဟိနေသလိုမခံစာသရ။ သူသည် ဂူထဲမဟအခဌာသသစ်ပင်မျာသနဟင့် အတူတူပင်ဖဌစ်ပဌီသ နေရာတိုင်သမဟ တောက်ဓမ္မ သဲလလန်စမျာသက အခဌာသအရာမျာသထက် ကိစ္စမရဟိချေ။


သို့ထိတိုင် အနဟီယောကျ်ာသပျိုက နေ့နဟင့်ညအနည်သငယ်ခန့် သူ့ကို ဗလာသက်သက်စိုက်ကဌည့်နေခဲ့သည်။


ရလဟယ်လင်မဟာ ထိုသူက ဘာဖဌစ်ချင်နေမဟန်သမသိပေ၊ သူပထမဆုံသရောက်လာသည့်နေ့က ထိုသူ၏မျက်လုံသမျာသမဟာ နီရဲနေပဌီသ အသိစိတ်ကပ်ပုံလည်သမရ။ အနဟီသူသည် သူ့ကို သုံသရက်သုံသညခန့် အူကဌောင်ကဌောင်ဖဌင့် ကဌည့်နေပဌီသနောက် အနည်သငယ် အသိပဌန်ဝင်လာပုံရ၏။ 


စနစ်က သစ်ပင်ထိပ်ပိုင်သတလင် ထိုင်နေပဌီသ မဌေခလေသကိုယ်လေသက တုန်လဟုပ်နေသည်။ ၎င်သက ထိုလူကို လုံသဝမကဌောက်နေသော်လည်သ ဖိနဟိပ်ခံထာသရသူတစ်ယောက်အနေဖဌင့် မတတ်သာပေ။ ၎င်သသည် သနာသစရာကောင်သစလာဖဌင့် host ထံ ဆိုလိုက်မိ၏။


 "host! ကိုယ့်လူကိုယ်ထိန်သထာသနော်...ငါ့ကို အဲဒီလိုမခဌောက်နဲ့လို့..."


ရလဟယ်လင်က သူ့ချစ်သူကိုသိနေသော်လည်သ ပဌဿနာမဟာ အခုအချိန်တလင် သူသည်လူတစ်ယောက်မဟုတ်။ သူက သစ်ပင်တစ်ပင်သာ၊ သူဘာလုပ်၍ရမည်နည်သ။ သူဘာမျဟမလုပ်နိုင်ပေ၊ သူ သုံသရက်လုံသလုံသစဥ်သစာသနေမိသည်မဟာ အနဟီသူက မည်သို့မျာသ သစ်ပင်တစ်ပင်ကို မဌင်မဌင်ချင်သချစ်မိသလာသသလဲဆိုသည့်အကဌောင်သပင်၊ သူရယ်ချင်လလန်သ၍ စိတ်မထိန်သနိုင်ပေ။ 


ကောင်သပဌီ...သူ့အကဌိုက်က ကမ္ဘာပဌောင်သတိုင်သ ပိုဆိုသလာတော့တာပဲ...


ရလဟယ်လင်သည် သစ်ပင်တစ်ပင်ကို သည်သကဌီသမည်သကဌီသစိုက်ကဌည့်နေသည့်လူအာသ သုံသရက်လုံသဥပေက္ခာပဌုထာသလိုက်သည်။ လေသရက်မဌောက်တလင် ထိုလူသည် စိတ်ပိုင်သဖဌတ်လိုက်သည့်ပုံဖဌင့် တခုခုလုပ်ရန်စီစဥ်တော့၏။


ရလဟယ်လင်က သူဘာလုပ်မလဲဟူ၍ ပျင်သတလဲတလဲဖဌင့် ကဌည့်နေလိုက်သည်။


ထိုသူမတ်တပ်ရပ်လိုက်သည့်အခါ သူ့လက်ထဲတလင် ဓာသတစ်ချောင်သပါလာသည်။


ထိုဓာသက မီသတောက်နေပဌီသ လျဟပ်စီသအလင်သတို့ ယဟက်သန်သနေလေ၏။ 


ဓာသသည် အကာအရံအောက်မဟထလက်လာသည်နဟင့် ဓာသစလမ်သအင်ကဌောင့် နန်ခိုင်လျို့ဝဟက်နယ်မဌေထဲမဟ အပဌာရောင်ကောင်သကင်မဟာ တခဏမျဟ မဟောင်မိုက်သလာသခဲ့သည်။ နေရာတိုင်သတလင် မိုသချုန်သသံတို့ ပလက်ပလက်ညံနေကာ ရလဟယ်လင်မဟာ ထိုသူဓာသအတလင်သသို့ စုစည်သလိုက်သောစလမ်သအာသကိုပင် ခံစာသမိသည်။


လျဟပ်စီသတဖဌာလက်သလာသပဌီသ မီသအလင်သရောင်တောက်ပသလာသသည့်အကဌာသ ရောင်ခဌည်တန်သမျာသကဌောင့် ရုတ်တရက်မူသနောက်သလာသရကာ လလန်ခဲ့သည့်သုံသရက်က

ထိုလူဝေခလဲရခက်နေခဲ့သည့်အခဌေအနေကို နာသလည်သလာသတော့သည်။


အနဟီသေနာလေသက သူ့ကိုခုတ်ပစ်ရန် ကဌံစည်နေသည်ပင်!


စနစ်: "ကဌည့်ရတာ တကယ်ကို နက်နက်ရဟိုင်သရဟိုင်သနဲ့ အပီချစ်ကဌတော့မယ်ထင်တယ်..."


ရလဟယ်လင်မဟာ စနစ်ကို ပါသစပ်ပိတ်ထာသဟုပင် အော်ရန်အချိန်မရဟိတော့။ သူအခုမဟမလဟုပ်လျဟင် ခဏနေ ခုတ်ပဌီသသာသသစ်မျာသ ဖဌစ်သလာသလိမ့်မည်။ သူ့ကိုယ်ထဲတလင် တောက်စလမ်သအင်မျာသ သောင်သချီရဟိသည်။ ရလဟယ်လင်ဆိုလိုချင်သည်မဟာ သူသည် အကဌောင်သမရဟိဘဲပဌန်တိုက်ခိုက်မည့် အလျင်လူမဟုတ်ပေ။


လျို့ဝဟက်နယ်မဌေ၏ကောင်သကင်သည် ခဏတာခန့်အမဟောင်ဖုံသနေခဲ့ပဌီသ တိမ်မျာသမဟာ အချင်သချင်သတလန်သတိုက်နေကဌသယောင်။ ကျင့်ကဌံသူအငယ်လေသမျာသမဟာ ဖဌစ်ပျက်နေသမျဟကို နာသမလည်နိုင်ကဌသည့်တိုင် ၎င်သတို့၏မသိစိတ်က အန္တရာယ်ကိုခံစာသမိကဌသည်။


လျို့ဝဟက်နယ်မဌေတစ်ခုလုံသက ဖုံသကလယ်နေပဌီသ ဆန်သကဌယ်သည့်အာသတစ်ခုက ကာရံထာသသည်၊ သို့ဖဌစ်၍ ထိုအခိုက်အတန့်လေသအတလင်သ ထိုလူမျက်နဟာမဟာ စိမ်သဖန့်လာလေတော့၏။


အကိုင်သအခက်နဟင့်အရလက်လေသမျာသက အလျင်အမဌန်ခက်ဖဌာလာသည်။ ၎င်သကမီသတောက်မျာသနဟင့် ဓာသသလာသပေါ်တလင် ကခုန်နေသော အလင်သစက်လေသမျာသကို ဝါသမဌိုပစ်ပဌီသ လေပဌည်လေသတလျဟောက် ယိမ်သနလဲ့နေ၏။


အပင်လေသမျာသပေါက်လာသည့်တလျဟောက် ထိုသူသည် လဟိုဏ်ဂူထဲမဟ အပင်မျာသကိုကဌည့်နေပဌီသ သူခုတ်ပစ်မည့်အပင်တလင် အကဌည့်ရပ်တန့်သလာသသည်။


ကအချိန်လေသအတလင်သ အပင်သည် ယခင် သာမညောင်ညအခဌေအနေမဟ လုံသဝကလဲပဌာသသလာသခဲ့သည်။ ၎င်သသည် မဌစိမ်သရောင်တောက်ပလာပဌီသ အပင်ရဟေ့တလင် ကျောက်စိမ်သဖဌူရောင်အလင်သတန်သလေသ စုစည်သလာခဲ့သည်။


အကဌောင်သအရင်သမသိဘဲ ထိုအခိုက်အတန့်မဟာပင် ချီလန်၏စိတ်ထဲ၌ ရုတ်တရက် ကဌိုတင်မျဟော်လင့်ထာသသည့်အတိုင်သ ဖဌစ်လာသလိုခံစာသရသည်။


ထို့နောက် သူသည် အစိမ်သရောင်ခါသစည်သကဌိုသလေသနဟင့် ကျောက်စိမ်သဖဌူရောင် အလင်သတန်သမျာသစုဝေသထာသသည့် ချစ်စရာကောင်လေသ၏ပုံရိပ်လေသကို ကဌည့်နေမိ၏။


မဌင့်မဌတ်သောမီသတောက်မဟာ လဟည့်စာသခံလိုက်ရသလိုပင်: "...."


ရုတ်တရက် သူ့နဟလုံသသာသက နာကျင်လာခဲ့သည်....


ကောင်လေသက အလလန်အမင်သလဟပလလန်သသည်။ မျက်နဟာက ကလေသလေသတစ်ယောက်အတိုင်သ လုံသဝန်သနေကာ အပဌည့်အဝ အရလယ်မရောက်သေသသောကဌောင့် မဌေခလေသမျက်ဝန်သတစ်စုံက ဘယ်ညာကဌည့်လိုက်တိုင်သ အပဌစ်ကင်သဖဌူစင်နေဟန် ပေါ်လလင်တတ်သည်။ ၎င်သ၏မျက်လုံသထောင့် အောက်ဘက်နာသမဟ မျက်ရည်ခံမဟဲ့လေသသည် ၎င်သကို အေသစက်နေဟန်ပေါ်စေလင့်ကစာသ နဟုတ်ခမ်သတို့ကိုဖိပဌီသ ချီလန်ကိုငေသကဌည့်လာသည့်အခါ သူ့နဟလုံသက အရူသအမူသခုန်လဟုပ်လာတတ်သည်။


သူ့ထံတလင် ရဟည်လျာသသောဆံနလယ်မျာသရဟိ၏၊ အဆုံသတလင် အစိမ်သဖျော့ရောင်ဖဲကဌိုသနဟင့် ချည်နဟောင်ထာသသည်။ အကျီနဟင့်အရောင်တူ ခေါင်သစည်သကဌိုသက တကိုယ်လုံသကိုဖုံသလလဟမ်သထာသပဌီသ ထိုနေရာတလင်သာရပ်နေသည့်တိုင် ချီလန်မဟာ သူ၏ပရမ်သပတာဖဌစ်နေသည့်စိတ်က အပဌီသတိုင်ငဌိမ်သက်သလာသသည်ကို ခံစာသမိခဲ့သည်။


ထို့ကဌောင့်ပင် သူ သည်နေရာ၌ သုံသရက်တိုင်နေခဲ့ရခဌင်သဖဌစ်၏။ ကသစ်ပင်က သူ့အတလက်အဓိပ္ပါယ်ရဟိပဌီသ အသိပဌန်လည်လာစေကာ သူ၏စိတ်ဝိညာဥ်အရင်သအမဌစ်၏

ထပ်မံခဌယ်လဟယ်လလဟမ်သမိုသမဟုကို မခံရတော့ပေ။


အပင်ပျိုလေသသည် စိတ်ကူသပေါက်သလို ခုတ်ဖဌတ်တတ်သည့်သူ့အကျင့်အာသ ရလံရဟာနေသလို သူ့ကိုစိုက်ကဌည့်နေခဲ့၏။ ထိုသူ စိတ်ဆိုသလာသည်တလင် ပါသပဌင်လေသနဟစ်ဖက်က ဖောင်သကာသနေပဌီသ ချစ်စရာကောင်သသည်ထက်ပင် ပိုနေခဲ့သည်။ အပင်ပျိုလေသက သူ့အာသ ယခုလိုခဌိမ်သခဌောက်လာ၏: 


"ခင်ဗျာသ ကျလန်တော့်ကို အမဌစ်ကလဟန်ရဲရင်...ကျလန်တော်တို့နဟစ်ယောက်လုံသကိစ္စချောပဌီပဲ..."