အပိုင်း ၁၈၁
Viewers 15k

Chapter 181

အံ့ဩဖွယ် ဘုရင်မ


" ရှင်ပဲလား ..."

လျန်ယု မူရွှမ့်ကို စူးစူးရဲရဲ ကြည့်နေသည်။ 


" ကျွန်မတို့က လက်ထပ်ပြီးသွားပြီဆိုတော့ စစ်စစ်ကို ခေါ်သွားဖို့ မတွေးနဲ့တော့ ..."

သူမက ယောင်စစ်ခန္ဓာကိုယ်နှင့် လင်းလုံကို စိုးရိမ်တကြီး ဖက်ထားလိုက်သည်။ 


လင်းလုံက ငြင်းပယ်ပုံမပြပဲ သူမကို လိုက်လျောပြီး ပြန်ဖက်ထားသည်။


ယောင်စစ် သူမကို လျစ်လျူရှု့ထားပြီး သူမ၏ မျက်နှာနောက်တွင် ပုန်းကွယ်နေသည့် တစ်စုံတစ်ယောက်ဘက်ကို လှည့်လိုက်သည်။ ထိုမျက်နှာကိုကြည့်လေ သယမ၏ စိတ်အနှောင့်အယှက် ဖြစ်မှုများက ပိုကြီးထွားလာလေ ဖြစ်သည်။


" လင်းလုံ ရှင် ဘာတွေလုပ်နေတယ်ဆိုတာ သိရဲ့လား ... ရှင် ဒီအခမ်းအနားကို ပြီးအောင်လုပ်မယ်ဆိုရင် ကျွန်မ ဒီခန္ဓာကိုယ်ကို သင်းကွပ်လိုက်မယ် ..." 


" သေစမ်း ..."

လင်းလုံ ကြိမ်းဝါးလိုက်သည်။ သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် ယောင်စစ်ကို ခြိမ်းခြောက်တော့သည်။ 


" ယောင်မျိုးနွယ် မင်းငါ့ခန္ဓာကိုယ်ကို ထိရဲရင် ငါမင်းကို ဖျက်ဆီးပစ်မယ် ..."


" မင်း လုပ်ရဲရင် လုပ်ကြည့်လေ ..."

သူမ မတုံ့ပြန်မီမှာပင် မူရွှမ်က ရှေ့တစ်လှမ်းတိုးလာပြီး  သူမရှေ့မှ ကာပေးလျက် လင်းလုံကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏ ဒေါသက အေးစက်စက်လှိုင်းလုံးများ အနေဖြင့် ဖြာထွက်နေသည်။


" သေစမ်း ..." 

တစ်ကိုယ်တော်ခွေးတစ်ကောင်၏ အော်ရာကို သယ်ဆောင်လာခဲ့သည့် သူ၏အတိတ်နှင့် နှိုင်းစာပါက သူက ယုံကြည်မှုအပြည့်ရှိနေသည်။ သူက လျန်လုလက်ကို ကိုင်လိုက်ပြီး တစ်ကမ္ဘာလုံးကိုပြရန် ပြင်လိုက်သည်။

" ဟမ့် စာချုပ်ချုပ်ဆိုသူရှိတာ ဘာကောင်းလို့လဲ ... မရှိတဲ့သူရော ရှိလို့လား ..."


" လျန်ယုက တကယ်ပဲ ရှင့်ရဲ့ စာချုပ်ချုပ်တိုသူလား ..."

ယောင်စစ် မေးလိုက်သည်။ သူမ၏ သံသယများကို အတည်ပြုလိုက်နိုင်မည်ဟု မထင်ထားပေ။ 


" ဒါ ... ဒါက အင်း ဟုတ်တယ်လေ ..."

လင်းလုံချောင်းဆိုးလိုက်ပြီး မျက်နှာတွင် ဝမ်းမြောက်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သို့သော် မျက်နှာပေါ်မှ ရှက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ 


" ဘယ်လိုလုပ်ဖြစ်န််ိုင်မှာလဲ ... ရှင်တို့တွေ အရင်က တွေ့ဖူးလား ..."


" ငါ့ရဲ့မျိုးနွယ်စုက စာချုပ်ချုပ်ဆိုသူ စစ်ဆေးမှုနည်းလမ်း‌က တစ်ယောက်ချင်းစီအလိုက် ကွဲပြားတယ် ... ငါတောင် အာကာသစခန်းမှာမှ စစ်ဆေးနိုင်ခဲ့တာ ..."

သူက အခိုင်အမာ ပြောလိုက်သည်။ 


" ရှောင်ယုက ငါ့ရဲ့တစ်ဦးတည်းသော စာချုပ်ချုပ်ဆိုသူပဲ ..."


" ဟုတ်ပါပြီ ..."

ယောင်စစ် အသက်ပြင်းပြင်း ရှုလိုက်သည်။


ဒါက ဝမ်းမြောက်စရာအဖြစ်အပျက်လေးပါ ဒါပေမဲ့ ...

" ရှင့်ရဲ့ စာချုပ်ချုပ်ဆိုသူကို တွေ့မတွေ့ကို ကျွန်မ ဂရုမစိုက်ဖူး ... ဒါပေမဲ့  ဘာလို့ ကျွန်မ ခန္ဓာကိုယ်ကြီးနဲ့ သူမကို မင်္ဂလာဆောင်ဖို့ ကြိုးစားနေတာလဲ ... ယောက်ျားအဖြစ် အချိန်အကြာကြီး နေလာခဲ့ရတာတော့ မိန်းမဖြစ်ဖို့ စွဲလမ်းသွားတာလား ..."


" ဘယ်သူက ဒါမျိုးကို စွဲလန်းမှာလဲ ..."

လင်းလုံ ချက်ချင်းပင် ပေါက်ကွဲသွားပြီး ခြေနှစ်လှမ်းရှေ့တိုး၍ သူမကို ဟိန်းဟောက်လိုက်သည်။ 


" ဒီ ကြောက်စရာအရာကြီးက ငါ့ဆန္ဒကြောင့် ဖြစ်လာတယ်များ ထင်နေလား ... အဲ့ဒါ မင်းကြောင့်လေ ... ပုံပန်းသွင်ပြင်ကို ဘေးဖယ်ထားရင်တောင် အရပ်က လူစဉ်မမီဘူး ... အမြင့်က တစ်ခုခုလိုချင်တိုင်း ခုံခုနေရတယ် ..."


" မင်းက အဝတ်ကို အလွှာအထပ်ထပ် ဝတ်ထားတော့ ငါ့မှာ ပူနေရင်တောင် ချွတ်မရဘူး ... မင်းရဲ့ ပြန်လုကုသစွမ်းကလည်း ကျေနပ်စရာအဆင့် မဟုတ်ဖူး ပြီးတော့ တစ်လတစ်ခါလည်း သောက်ဗိုက်က အောင့်သေးတယ်လေ ...ဒီ သောက်ပြဿနာ ခန္ဓာကိုယ်ကြီးကို ငါလည်း လိုချင်တယ်များ ထင်နေလား ... လျန်ယုကြောင့်သာ မဟုတ်ရင် ဒီခရုခွံလိုခန္ဓာကိုယ်ကြီးနဲ့ လက်ထပ်မှာ မဟုတ်ဖူး ..."


" ရှင် သူမနဲ့ နားလည်မှုရအောင် လုပ်သင့်တယ် ..."


" ငါက သူမကို အမှောင်ထဲမှာထားမယ်များ ထင်နေလား ... ငါ‌ ပြောပြီးသွားပြီ ဒါပေမဲ့ ..."

လင်းလုံ လျန်ယုကို လှည့်ကြည့်လိုက်သည်။ တစ်စုံတစ်ခုကို မှတ်မိသွားဟန်ဖြင့် သူ၏မျက်နှာ နီရဲလာသည်။ 


" ငါ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမ ငါ့ကို သဘောကျတယ် လက်ထပ်ပြီး ထာဝရအတူနေနိုင်မှာပါတဲ့ ..."


" ယီးကို ထာဝရ ..."

ယောင်စစ်သည်လည်း ပေါက်ကွဲလုနီးပါး အခြေအနေရောက်နေသည်။  


လင်းလုံရဲ့ အရူးအမူးဖြစ်နေတဲ့ ပုံစံက အချစ်ကြောင့် မျက်စိကန်းသွားတယ်လို့ပဲ ပြောရမလို ဖြစ်နေပြီ ...


လျန်ယုက ဤကဲ့သို့ အဓိပ္ပါယ်မဲ့သော အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးသောကြောင့် သူ၏ရှင်းပြချက်ကို  စိတ်ချလက်ချ လျစ်လျူရှုထားသည်။ 


" ကျွန်မနဲ့အတူ စွမ်းရည်ဂြိုလ်ကို ပြန်လိုက်ခဲ့ပါ ... ဒါဆိုရင် ခန္ဓာကိုယ်တွေ ပြန်ပြောင်းလို့ရတယ် ... အခုချက်ချင်းသွားမယ် ..."


" မသွားဘူး ... ငါ ရှောင်ယုကို သူမနဲ့လက်ထပ်မယ်လို့ ကတိပေးထားပြီးပြီ သွေးစုပ်ဖုတ်ကောင်တွေက စာချုပ်ချုပ်တိုသူနဲ့ကတိကို ဘယ်တော့မှ မဖျက်ဘူး ..."


" ရှင်က ကျွန်မ ခန္ဓာကိုယ်ကြီးကို သုံးနေတာလေ ချီးကို ကတိလား ... အဲ့ဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ ... တကယ်လို့ ရှင် လက်ထပ်ချင်တယ်ဆို ခန္ဓာကိုယ်တွေ ပြန်လဲသွားပြီးမှ လုပ်လေ ... အဲ့ဒီအချိန်ကျမှ အခါတစ်ရာလောက် လက်ထပ်လည်း ကျွန်မ ဂရုမစိုက်ဖူး ..."


" ဘယ်သူက အခါတစ်ရာ လက်ထပ်မှာလဲ ... ငါ့မှာ စာချုပ်ချုပ်ဆိုသူ တစ်ယောက်ပဲ ရှိတာလေ ..."


" ရှင် ကြိုက်တာလုပ် ... ဒါပေမဲ့ အရင်ဆုံး ခန္ဓာကိုယ်တွေ ပြန်ပြောင်းကြရအောင် ..."


" မရဘူး အရင်ဆုံးလက်ထပ်မယ် ပြီးမှ ပြန်ပြောင်းမယ် ..."


" ချီးပဲ ရှင့်ကို ကျွန်မ သတ်မိတော့မယ် ..."


" သေစမ်း မင်းကို ငါကကြောက်မယ်များ ထင်နေလား ..."


ယောင်စစ် အင်္ကျီလက်ကို ခေါက်၍ ခြေတောင့်လိုက်သည်။

" သတ္တိရှိရင် ကျွန်မကို ရိုက်လိုက်လေ ... မနက်ဖြန်ကျရင် ချက်ချင်း လိင်ပြောင်းလိုက်မယ် ..."


‌ချီးပဲ ...


လျန်ယုက ယောင်စစ်ခန္ဓာကိုယ်နှင့် လင်းလုံကို ဆွဲထားသည်။ 

" ကျွန်မရဲ့ စစ်စစ်ကို မခေါ်သွားနဲ့ ..."


" လျန်ယု ..."

ယောင်စစ် လန့်သွားသည်။ သို့သော် မူရွှမ်က ရှေ့တိုးပြီး သူမကို ပြန်ဆွဲထားသည်။


" နပေါဦး ..."

သူက လက်မြှောက်လျက် နူးညံ့စွာ ပြောလိုက်သည်။ ပြင်းထန်သော ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ အင်အားကြီးတစ်ခု ပြေးဝင်လာပြီး ကြီးမားသော သင်္ဘောသဖန်းပင်ကို အစိတ်စိတ်အမြွှာမြွှာ ကျယ်လောင်စွာ ပေါက်ကွဲသွားစေသည်။


ဧရာမ သစ်ပင်ကြီးက လင်းလုံ၏အနားတွင် ကျိုးကျလာသည်။


ဆယ်မိနစ်ခန့် ကြာသောအခါ ...


လင်းလုံက အကိုင်းများအတွင်း ရောက်သွားသည်။  ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း သူ၏အသိစိတ်မှာ ဆိုးရွားစွာ ပွန်းပဲ့သွားပုံရသည်။ နာကျင်နေသည့်ခေါင်းကို ဖိထားကာ သူ၏ ယခင်ယုံကြည်မှုရှိသည့် အသွင်အပြင်နှင့် လုံးဝ ခြားနားနေသည်။


မူရွှမ် သူ၏ စွမ်းအားကို ပြသလိုက်ပြီး ယောင်စစ်ဘက်ကို လှည့်လိုက်သည်။

" အခု စကားပြောလို့ရပြီ ... သူတို့ နားထောင်လိမ့်မယ် ..."


“…”


ယောင်စစ် နောက်ဆုံးတွင် အမြင်မှန်ရသွားသည်။ 

အကြမ်းဖက်မှုဖြင့် ဖြေရှင်းနိုင်သော ကိစ္စများတွင် သင့်ကိုယ်သင် ချုပ်ထိန်းမထားပါနှင့်။

 

သူမ တည်ငြိမ်သွားပြီး ပိတ်မိနေသော လင်းလုံနှင့် သူ့ကို ကယ်ဆယ်ပေးနေသော လျန်ယုဘက်ကို လှည့်လိုက်သည်။ 


" စစ်စစ်ကို ဘာလုပ်မလို့လဲ ..."

လျန်ယုက လင်းလုံကို ဆွဲထုတ်ရန် ကြိုးစားနေစဉ် ပြောလိုက်သည်။


" ရှင် သူ့ကို ဒုက္ခပေးရင် ကျွန်မ အဆုံးထိ တိုက်ခိုက်မှာနော် ..."


" ရှောင်ယု ..."

လင်းလုံ သူမ၏ စကားများကြောင့် ရင်ထဲ ခံစားသွားရသည်။ 


ယောင်စစ် လက်မောင်းတွက် ကြက်သီးများ ထလာသည်။ 


" တော်ပြီ တော်ပြီ သူ အဆင်ပြေမှာပါ  ... လျန်ယု စစ်ဆေးစရာတစ်ခုကျန်သေးတယ် ..."


ယောင်စစ် သက်ပြင်းချပြီး ဘေးမှ သစ်မြစ်ကြီးကို ထိလိုက်ကာ သူမကို ထိုင်ရန် အချက်ပြလိုက်သည်။  ထို့နောက် သူမနှင့် လင်းလုံ ခန္ဓာကိုယ်ချင်း လဲသွားသည့် ဖြစ်စဉ်ကို ရှင်းပြလိုက်သည်။  


လျန်ယု ငါးမိနစ်ခန့် မှင်တက်သွားကာ သူမဘက်သို့ လှည့်၍ တောက်ပသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် စပျစ်နွယ်ပင်များကြားတွင် ဖက်ထုပ်ကဲ့သို့ ပိတ်မိနေသော လင်းလုံကို သူမ ပြန်ကြည့်မိသည်။ ခဏအကြာ သူမ စကား‌စပြောတော့ငည်။ 


" ဆိုလိုတာက သူမ မဟုတ်ဖူး သူ ပြောတာ အမှန်တွေပေါ့ ..."

သူမ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။


" သူက စစ်စစ် မဟုတ်ဖူးပေါ့ ..."


" အင်းအင်း ..."


" နင်ကမှ စစ်စစ်ပေါ့ ..."


" ဟုတ်တယ်လို့ ..."

သူမ လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။


" နင် ယောက်ျား ဖြစ်သွားတာလား .."


" အမ် ... အင်း အချိန်ခဏလောက်ပေါ့ ..."


" ဒါ ... ဒါက ..."


" နားလည်ရခက်မယ်တိုတာ ငါသိပါတယ် ဒါပေမဲ့ တကယ်ကို အဲ့လိုဖြစ်သွားတာပဲ ..."


" ‌ကောင်းလိုက်တာ ..."


" အင်း ဟုတ်တယ် ငါ ... ဘာ ... ဘာကြီး ..."

သူမ အခု နားကြားလွဲတာများလား ...


(⊙_⊙)


လျန်ယု လင်းအစ်ကိုကြီး၏လက်ကို ဖယ်လိုက်သည်။ တစ်ဖက်မှ ယောင်စစ်လက်ကို ဆွကာ ဖက်လိုက်ပြီး ဝမ်းမြောက်မှုကြောင့် ထခုန်နေသည်။ 

" ကောင်းလိုက်တာ ... ဒါဆိုရင် ငါတို့ လက်ထပ်ဖို့ ပို သင့်လျော်သွားပြီ .. ငါ မစောင့်နိုင်တော့ဘူး ... လက်ထပ်မှတ်ပုံတင်ရအောင် ... ငါ အားလုံးဖြည့်ပြီးပြီ လက်မှတ်ထိုးဖို့ပဲ ကျန်တယ် ..."


သူမ၏  ကွန်ပျူတာကိုဖွင့်လိုက်ချိန်တွင် မဟာမိတ်လက်ထပ်မှတ်ပုံတင်ပုံစံက သူတို့ရှေ့တွင်ပေါ်လာသည်။


“…” ယောင်စစ်


“…” မူရွမ်


“…” လင်းလုံ


ဒီ တုံ့ပြန်ချက်က မဟုတ်သေးဘူးလေ ...


Σ(°△°|||)︴


" စစ်စစ် ငါတို့က တကယ်ကို ကောင်းကင်ဘုံက စုံတွဲလေးပဲ ... နင်ယောက်ျားလေး ဖြစ်သွားတာ အရမ်းကောင်းတယ် ... အခု အာဗီပါလီမန်က အဘိုးကြီးတွေ မငြင်းပယ်နိုင်တော့ဘူး ... ဆက်ခံသူလေးများ ဒါဇင်နဲ့ချီ မွေးပေးနိုင်တယ် ဟားဟားဟား ... စစ်စစ် ကလေးဆယ်ယောက် ယူကြမလား ဒါမှမဟုတ် ရှစ်ယောက်ဆိုလည်းရတယ် ... မိန်းကလေးကြိုက်လား ယောကျာ်းလေးကြိုက်လား နင်ပြောတာအကုန် နားထောင်မယ် ..."


" ရှောင် ရှောင်ယု ..."

လင်းလုံ အေးခဲသွားပြီး သူ၏ အဖော်မဲ့သွားသောလက်လေးကို ကြည့်နေသည်။


 လျန်ယု ငုံ့ကြည့်လိုက်သည်။

" ရှင်က ဘယ်သူလဲ ..."


“…”


ယောင်စစ် နှလုံးသားတစ်ခုကွဲကြေသွားသည့်အသံကိုပင် ကြားလိုက်ရသည်။ 


သူမပြောချင်တာ တစ်ခုကတော့ ...


လျန်ယုက ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး ဆိုတာပဲ ...