အပိုင်း ၁၈၂
Viewers 16k

Chapter 182

ပြန်ပေးဆွဲသူများအဖွဲ့


" စစ်စစ် ငါနဲ့တူတူ အာဗီဂ်ြိုလ်ကို လိုက်လည်ဦးမလား ..."


" ငါ မသွားဘူး ..."


" ငါတကယ်ပြောနေတာ ရှုခင်းတွေက အရမ်းလှတယ် ... စကြဝဠာတစ်ခုလုံးမှ ဒီထက်ကောင်းတဲ့ရှုခင်းတွေ မြင်ရမှာ မဟုတ်ဘူး ... တစ်ခါ မြင်ပြီးသွားရင် ထွက်သွားချင်တော့မှာ မဟုတ်ဘူး ..."


" ရပါတယ် ..."


" ထာဝရအလင်းမှာ ဈေးဝယ်ထွက်ကြမလား ... ငါ နောက်ဆုံးတစ်ခေါက်သွားတုန်းက အဲ့နေရာမှာ ပစ္စည်းအသစ်တွေအများကြီး ရောက်နေတယ် ... သွားကြည့်ကြ‌မယ်လေ ..."


" လျန်ယု ... ငါ့မှာ အင်္ကျီတွေ ရှ်ိသေးတယ် ..."


" စက်ရုပ်ပြိုင်ပွဲကို သွားရင်ရော ... စစ်စစ် အခုနောက်ပိုင်း စက်ရုပ်တွေကို ကြိုက်တယ်မလား သွားကြည့်ရင် သေချာပေါက် ကြိုက်သွားမှာ ..."


" အဲ့တာရောဘယ်လိုလဲ  ... ဘယ်လိုလဲဟင် ..."


ယောင်စစ် သက်ပြင်းချလိုက်သည်။ 

" အရင်ဆုံး ပြတင်းပေါက်ပေါ်က ဆင်းလာခဲ့ပါလား ..."


အဲ့ပြတင်းပေါက်က်ု မှီထားတာ တော်တော်ကြာနေပြီ မပင်ပန်းဘူးလား မသိဘူး ဒါက လေးလွှာလေ ...


ထို့အပြင် သူမက လူတစ်ယောက်ကို ပြတင်းပေါက်ကိုဖြတ်၍ စကားပြောတတ်သည့်အကျင့်မရှိပေ။ 


" စစ်စစ် ..."

ဘုရင်မ၏မျက်နှာ ညိုးသွားပြီး သနားစဖွယ် ပြောလိုက်သည်။


" နင်တို့အိမ်ရဲ့ ကာကွယ်မှုကို ထပ်ပြီး အဆင့်မြှင့်ထားတော့ ဝင်လာလို့ မရဘူး ... ဒီအမြင့်ထိ တက်လာရတာလည်း မလွယ်ပါဘူး ..."


" အရှေ့တံခါးက ဝင်လာလို့ရတယ်လေ ... ပြတင်းပေါက်ပေါ်အထိ တက်နေရလား ..."


" ငါ လာချင်တာပေါ့ ..."

သူမ မျက်နှာကပို၍ သနားစဖွယ် ဖြစ်သွားပြန်သည်။ 


" ဟို မျိုးမစစ်မူရွှမ်က မဝင်ခိုင်းဘူးလေ ...စစ်စစ် နင့်ကိုတွေ့ဖို့ ငါဘယ်လောက် အားထုတ်ခဲ့ရလဲသိလား ...ငါနဲ့ အပြင်မသွားချင်ဘူးဆိုတာ သေချာရဲ့လား ... ငါးမိနစ်လောက်ဆို ရပါတယ် ..."


ယောင်စစ်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 

ငါ ဒီနေရာက ထွက်သွားပြီးရင် ပြန်လာနိုင်ပါဦးမလား ...


သူမ၏ ကိုးရို့ကားယားစွမ်းရည်က ကိစ္စများကို အကြီးအကျယ်ဖြစ်သွားစေပြီး လျန်ယုက သူမ‌ကို ချစ်မိသွားသည်။ ငြင်းပယ်ခံရမှု အရေအတွက် မည်သို့ပင်ရှိစေကာမူ သူမသည် ဆက်လက်၍ စိတ်အားထက်သန်စွာ လိုက်နေဆဲဖြစ်သည်။ ထို့အပြင် လျန်ယုကသူမ၏ ပုံပန်းသွင်ပြင်ထက် စိတ်ထားကို သဘောကျသွားပုံပင်။


အခြေအနေကို ရှင်းပြပြီးနောက် သူမ ယောက်ျားတစ်ဦးအဖြစ် ပြောင်းသွားသည်ကို သူမ ချက်ချင်းပင် လက်ခံလိုက်သည်။ ထို့နောက် တွန့်ဆုတ်ခြင်းမရှိပဲ လင်းလုံကို ချက်ချင်း ပစ်ထားခဲ့သည်။ မူရွှမ့်ကြောင့်သာ မဟုတ်ပါက လျန်ယု က ယောင်စစ်ကိုဆွဲခေါ်ပြီး သူမကိုယ်တိုင် ကိုယ်ဝန်ဆောင်ရန် ကြံစည်တော့မည်ဖြစ်သည်။ 


တော်ဝင်အာဗီဂြိုလ်မှ ပြန်လာကြပြီးနောက် သူတို့ချက်ချင်းပင် ခန္ဓာကိုယ်များ ပြန်လဲနိုင်သွားသည်။


လျန်ယုက ထိုနောက်ပိုင်းတွင်လည်း သူမကိုပီကေကဲ့သို့ ကပ်နေပြီး သူမ သွားသည့်နေရာတိုင်းတွင် ပေါ်လာသည်။  မအောင်မြင်သော အဆိုပြုချက်များစွာကို ကြိုးပမ်းပြီးနောက် လျန်ယုက အခြားသော လှည့်ဖြားမှုနည်းလမ်းများကို စွန့်စားကာ သူမ အမှန်တကယ် အောင်မြင်အောင် လုပ်နိုင်ခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ ယောင်စစ် မတုံ့ပြန်နိုင်မီမှာပင် လျန်ယု အနီရောင်ဂြိုလ်ပေါ်မှ ဆွဲခေါ်ခံလိုက်ရပြီး ကြယ်ပိုင်နက်များ၏ အပြင်ဘက် အစွန်အဖျားအထိ ရောက်သွားသည်။


သူမ၏ လုပ်ဆောင်ချက်များက လူနှစ်ယောက်ကို ရူးသွားစေနိုင်သည်။ ပထမတစ်ယောက်က လင်းလုံနှင့် အခြားတစ်ယောက်က မူရွှမ်ဖြစ်သည်။


လျန်ယုလက်မှ ကာကွယ်လိုက်သောကြောင့် ယောင်စစ်က မကြာသေးမီက မူရွှမ်၏စိတ်အတွင်းမှ တင်းမာမှုကို ခံစားလိုက်နိုင်သည်။ လျန်ယုကို  အနီရောင်ဂြိုလ်မှ နှင်ထုတ်ခဲ့ပြီး အိမ်မှ ထွက်ခွာသည့်အခါတိုင်း ယောင်စစ်၏လက်ကို မလွှတ်ခဲ့ပေ။ အာဗီများ ဘေးမှဖြတ်သွားသည့်အချိန်တိုင်း ယောင်စစ်ဘေးတွင်ရှိနေကြောင်း စစ်ဆေးနေသည်။


မူရွှမ် မည်မျှပင် ကြိုးစားပါစေ လျန်ယုက သူမဦးနှောက်ထဲမှ အကြံဉာဏ်အားလုံး ထုတ်သုံး၍ ယောင်စစ် အနားသို့ ရောက်လာသည်သာ။ သူမပေးသည့် ဆင်ခြေအရေအတွက်က အနီရောင်ဂြိုလ်ကိုပင် အကြိမ်ပေါင်းများစွာ ပတ်နိုင်သည်။


လင်းလုံ၏ စာချုပ်ချုပ်ဆိုသူ ဖြစ်သည့်အတွက် လျန်ယုနှင့် သူမ၏ မျိုးနွယ်စု တစ်ခုလုံးက အသတ်ခံရမည့်ဘေးမှ ကာကွယ်ခြင်းခံရသည်မှာ သွေးမျိုးသန့်များက အခြားသွေးစုပ်ဖုတ်ကောင်၏ စာချုပ်ချုပ်ဆိုသူကို  အန္တရာယ်ပြုခြင်းမှ အမြဲအလိုလို ရှောင်ရှားသောကြောင့်ဖြစ်သည်။


" စစ်စစ် ငါ့ကို နည်းနည်းလေးတောင် မကြိုက်ဖူးလား ..."

လျန်ယု၏ အသံက တုန်ယင်နေသည်။ သူမ မျက်ရည်များ မကျလာစေရန် နှုတ်ခမ်းကိုက်၍ ထိန်းထားရသည်။


" ငါ ... ငါနင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးချင်တယ် ... ပိုပြီးတွေ့ချင်တယ် ... စကားတွေ ပိုပြောချင်ရုံလေး‌တင်ပါ ... ငါ့ရဲ့ တောင်းဆိုချက် သေးသေးလေးကို လက်မခံနိုင်ဘူးလား ..."


" ငါ သဘောမတူဘူး ..."

ယောင်စစ် သနားညှာတာမှုမရှိပဲ ခေါင်းခါလိုက်သည်။


" ပြီးတော့ ငါ ဒါကို ကြားနေရတာ ၃၆ကြိမ်ရှိပြီ ... "

အနည်းဆုံးတော့ စကားလုံးလေးတွေ ပြောင်းပြောလေ ...  နောက်ဆုံးတစ်ခေါက် လက်ခံလိုက်တုန်းကလည်း အနီရောင်ဂြိုလ်က ထွက်သွားတာနဲ့ အဆုံးသတ်သွားခဲ့တာပဲ ...


" ကောင်းပြီလေ ..."

ဘုရင်မက သူမ၏ သနားစဖွယ် အမူအရာကို ပြောင်းကာ ချက်ချင်း သက်ပြင်းချလိုက်သည်။


" ငါက နင့်ကို အရမ်းချစ်တာဆိုတော့ နင် အတူတူ အပြင်မသွားချင်လည်း ရပါတယ် ...  ငါ အကြိမ်ကြိမ် အခါခါ တွေးပြီးတဲ့နောက် အဲ့ဒီအချစ်ကို လက်ခံနိုင်သွားပါပြီ ... နင် သူ့ကို တကယ်ကြိုက်တယ်ဆိုရင် သူနဲ့ ဆက်ဆံရေးကို ငါ လက်ခံပေးပါ့မယ် ..."

သူမ နှာခေါင်းရှုံ့လိုက်ပြီး အကောင်းမြင်ရန် ကြိုးစားနေသည်။ 


" ဒီတစ်ကြိမ်တော့ ငါတကယ် နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်တာပါ ..."


" နှုတ်ဆက်တယ်တဲ့လား ..."

ယောင်စစ် ထိတ်လန့်သွားသည်။


" ဟုတ်တယ် ... ငါက အာဗီဘုရင်မဆိုတော့ အကြာကြီး ထွက်လာလို့ မရဘူး ... တော်ဝင်အာဗီဂြိုလ်ကို ပြန်သွားတော့မယ် နင့်ကိုလည်း ထပ် မနှောင့်ယှက်တော့ဘူး ..."


ယောင်စစ် သူမကို အနီးကပ်ကြည့်လိုက်သည်။ ယေင်စစ် လုံးလုံးလျားလျား မယုံကြည်ခဲ့သော်ငြားလည်း 

စိတ်အေးသွားသည်။

" အရာအားလုံးကို နားလည်သွားတာ ကောင်းပါတယ် ..."


" အင်း ... နင် စိတ်ချမ်းသာပါစေလို့ မျှော်လင့်ပေးပါတယ် ..."

ယောင်စစ်ကို ကြည့်နေလျက် သူမမျက်လုံးများက နီရဲလာသည်။ သူမစိတ်ထဲတွင် ယောင်စစ်၏ ပုံပန်းသွင်ပြင်ကို ရေးထွင်းရန် ပြင်ဆင်နေပုံပင်။ ခဏအကြာတွင် မျက်နှာပြင်ကိုထိကာ တစ်စုံတစ်ခုကို ယောင်စစ်ဆီသို့ ပို့လိုက်သည်။


" ဒါက အနီရောင်ဂြိုလ်ရဲ့ ရွှေ့ပြောင်းနေထိုင်ခွင့်လျောက်လွှာပဲ ... သွေးစုပ်ဖုတ်ကောင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဒါလေးကို ငါ့ရဲ့တစ်ဖက်သတ်အချစ်က်ို အဆုံးသတ်ဖို့အတွက် ကိုယ်တိုင်ဖြည့်ပေးနိုင်မလား ..."


ကြီးမားသောဝမ်းနည်းမှုကို နှိမ့်ချရန် ရုန်းကန်နေရသကဲ့သို့ စကားလုံးတိုင်းနှင့် သူမ၏ အသံက နိမ့်ဆင်းသွားပြီးသဖြင့် ယောင်စစ် အပြစ်မကင်းသလိုပင် ခံစားလိုက်ရသည်။ သက်ပြင်းချပြီး သူမ၏ တောင်းဆိုချက်ကို လိုက်လျောလိုက်သည်။


" ကောင်းပြီလေ ..."


သူမ၏  ကွန်ပျူတာကိုဖွင့်လိုက်ပြီးနောက် အနီရောင်လျှောက်လွှာကို ဘေးဘက်တွင် လက်ခံရွေးချယ်မှုတစ်ခုနှင့်အတူ ဝင်ရောက်လာသည်။ နှိပ်မည့်အချိန်တွင် လွန်ခဲ့သည့် လေးလအတောအတွင်းက ပြန်ပေးဆွဲမှုများကို မြင်ယောင်လာပြီး ရင်တုန်သွားသည်။


သူမ၏ အတွေ့အကြုံကို အခြေခံကြည့် ဘာမှမဖြစ်ပုံရသည့်အရာများကို ပို၍ သတိထားသင့်သည်။ ထို့ကြောင့် လျှောက်လွှာပုံစံကို အနီးကပ်ကြည့်ရှုခဲ့သည်။ " အနီရောင်ဂြိုလ် ရွေ့ပြောင်းနေထိုင်မှု လျှောက်လွှာပုံစံ" ဟူသည့် စာလုံးများ၏ ထိပ်မှ စာများကို ဖျက်ထားသည်။


သို့သော် ၎င်းက သွေးစုပ်ဖုတ်ကောင်များ၏ စရိုက်လက္ခဏာကဲ့သို့ မဟုတ်ပဲ ပွဲလမ်းသဘင်ဖိတ်စာများကဲ့သို့ အနီရောင်ဖြစ်နေသည်။


နေပါဦး ပွဲလမ်းသဘင်တဲ့လား ...


မဟုတ်သေး‌ဘူးလေ ... လွန်ခဲ့တဲ့လတွေတုန်းက လျန်ယုက လင်းလုံဖွင့်ပေးတဲ့ အာကာသဝင်ပေါက်ကတစ်ဆင့် အနီရောင်ဂြိုလ်ကို လာတာလေ ရွှေ့ပြောင်းနေထိုင်ခွင့်လျှောက်လွှာမှ မလိုတာ ...


ယောင်စစ် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူမကို စူးစိုကြည့်နေသည့် လျန်ယုကို တွေ့လိုက်ရသည်။

" လျန်ယု ဒါက လက်ထပ်မှတ်ပုံတင်မလား ..."


ဘုရင်မက အနည်းငယ်အေးခဲသွားပြီးမှ တည်ငြိမ်သွားသည်။ သူမ ရိုးရိုးသားသား ပြုံးပြပြီး မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။

" ဟီးဟီးဟီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... စစ်စစ် ငါ့ကိုယုံပါ ဒါက သာမန်ရွှေ့ပြောင်းနေထိုင်ခွင့်လျှောက်လွှာလေးတစ်ခုပါပဲ ... မြန်မြန် လက်မှတ်ထိုးလိုက် ..." 


“…”

နင့်ရဲ့စကားတွေက ပိုပြီး ထူးခြားဆန်းကြယ် လာသလိုပဲ ...


" ဘောလုံးလေးရေ ..."

ယောင်စစ် တစ်ဖက်ကိုလှည့်လိုက်ပြီး သူမ၏ ဉာဏ်ရည်မြင့်ကာကွယ်ရေးစနစ် နံပါတ် ၂၇ကို ခေါ်လိုက်သည်။ သူမ လျှောက်လွှာကို ညွှန်ပြပြီး ပြောလိုက်သည်။

" ဒါလေးကို စကင်န်ဖတ်ပေးပါဦး..."


" အမိန့်အတိုင်းပါပဲ မေမေ ..."

ဘောလုံးလေး ပျံသန်းသွားပြီး တပီပီအသံ နှစ်ကြိမ်ခန့်မြည်ကာ သူမ၏ကွန်ပျူတာကို စကင်န်ဖတ်နေသည်။


နှစ်စက္ကန့်ကြာသည့်အခါ သူက ပြောလာသည်။ 

" ဒါက စာရွက်စာတမ်းကို ပြောင်းလဲထားတာပဲ ပြန်ယူချင်လား မေမေ ..."


" ပြန်ယူလိုက်ပါ ..."


နောက်ထပ် ပီခနဲ အသံနှင့်အတူ မျက်နှာပြင်လင်းလက်သွားပြီး ရွှေ့ပြောင်းနေထိုင်ခွင့်လျှောက်လွှာမှ လက်ထပ်မှတ်ပုံတင်အဖြစ် ပြောင်းသွားသည်။


“…” 


ယောင်စစ် ကိုးရို့ကားယားဖြစ်မှုကြောင့် သွေးပင်အန်ချင်သွားသည်။


_(´ཀ`」∠)_


ငါသိနေတယ် ...


" အယ် ရှာတွေ့ဖို့ အချိန်နည်းနည်းကြာဦးမယ် ထင်နေတာ ..."

လျန်ယု၏ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် နောင်တရသည့်ပုံ ဖြစ်သွားသည်။ 


" ရပါတယ်လေ ... နောက်တစ်ခေါက် ကြိုးစားတာပေါ့ ... နောက်တစ်ခါ ကျရင်တော့ စစ်စစ်ကို ကျိန်းသေလက်ထပ်မယ် ..."


" နောက်တစ်ခေါက်ဆိုတာ မရှိတော့ဘူး ..."


ယောင်စစ်၏နောက်မှ ရန်လိုသည့် အသံတစ်ခု ထွက်လာသည်။ မူရွှမ် ပြန်ရောက်လာခြင်းဖြစ်သည်။ ပြတင်းပေါက်ပေါ်တွင် လှဲနေသော တစ်စုံတစ်ယောက်ကို ကြည့်လိုက်သည်။ မူရွှမ်၏နောက်တွင် လူတစ်ယောက် ပါလာသည်။ ဒဏ်ရာရနေသောနှာခေါင်း ဖူးယောင်နေသော မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ရှိနေသော လင်းလုံဖြစ်သည်။


" ဟမ် ... ရှင် ပြန်လာတာ မြန်လိုက်တာ ..."

လျန်ယု အနည်းငယ်မျှ စိုးရိမ်မနေပေ။ သူမကွန်ပျူတာမှ အချိန်ကို စစ်ဆေးလိုက်ပြီးနောက် ဖွတ်ဖွတ်ညက်ညက် ကြေနေသော လင်းလုံကို ကြည့်လိုက်သည်။


" အယ် ဒီတစ်ခါ ခြောက်မိနစ်တောင် ခံတာပဲ ... မဆိုးဘူး တိုးတက်လာတယ်...."


လင်းလုံ မှင်သက်သွားပြီး ဖူးယောင်နေသည့်မျက်နှာက သတင်းကောင်းကြားရကဲ့သို့ အရောင်လက်လာသည်။

" တကယ်လား ရှောင်ယု ... မင်းပျော်ဖို့ပဲ အရေးကြီးတာပါ ...


ဖရိုဖရဲဖြစ်နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


“…” မူရွှမ်


“…” ယောင်စစ်


ဘယ်လို ထူးဆန်းတဲ့စုံတွဲလဲ ...


(╯‵□′)╯︵┻━┻


လျန်ယု အနီရောင်ဂြိုလ်ကို လာနိုင်သည်မှာ လင်းလုံကြောင့်ဖြစ်သည်။   လျန်ယု၏ တောင်းဆိုချက်တိုင်းကို လိုက်နာနေသည့်အတွက် တစ်စုံတစ်ရာ မှားယွင်းနေသကဲ့သို့ပင်။ သူ၏ ကိုယ်ကျင့်တရားများကို လျစ်လျူရှု့ထားကာ ဘက်အောက်ခံဖြစ်လာသည်။


ယခင်လများက သူတို့ထဲမှတစ်ယောက်က မူရွှမ့်ကို အာရုံလွှဲပြီး တစ်ယောက်က ယောင်စစ်ကို ပြန်ပေးဆွဲရန် တာဝန်ယူရသည်။ ဤဖြစ်စဉ်တစ်ခုလုံးကို လင်းလုံသဘောမကျသော်လည်း တောင့်ခံ၍ နာခံစွာ လုပ်ဆောင်သည်။ သူမ၏ ချီးကျူးစကားတစ်ခုနှင့်ပင်  သူ၏မျက်နှာတွင် အပြုံးများ ပွင့်လန်းလာသည်။ 


" စစ်စစ် ငါနင့်ကို အချစ်ဆုံးဆိုတာ ယုံတယ်မလား ... ငါ့ကိုစောင့်နေ နောက်မှ ပြန်လာမယ် ..."

သူမ စကားဆုံးမီမှာပင် မူရွှမ်က ခလုတ်နှိပ်၍ လိုက်ကာကိုပိတ်လိုက်သည်။ လျန်ယု ပြတင်းပေါက်ပေါ်မှ ပြုတ်ကျပြီး လင်းလုံလည်း ပျောက်ကွယ်သွားသည်။


သူမကို သွားဖမ်းသည်မှာ ပြောစရာပင် မလိုပေ။