Chapter 8
Viewers 3k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 8

ချန်နယ်အမှားကိုနှိပ်မိခြင်း



လက်တွေ့ဘဝတွင်... ✈️ 


စွေ့ချီချောင်း မှတ်ဉာဏ်တုလေယာဉ်ထဲတွင် နေခဲ့သည့်အချိန်မှစ၍ ကုမ္ပဏီတွင် အပိုင်းတစ်ပိုင်းဖန်တီးရန်လိုအပ်သော ပစ္စည်းများ အလုံအလောက်ရှိလာလေသည်။


ကံမကောင်းစွာဖြင့် လင်းလင်းကြောက်လန့်နေသည့်အရာက အမှန်တကယ်ဖြစ်လာခဲ့သည်။ စွေ့ချီချောင်း လျှောက်ရန် ဆုံးဖြတ်လိုက်သောလမ်းကြောင်းကြောင့် သူမ အပြင်းအထန်ဝေဖန်ခံခဲ့ရသည်။ စီမံခန့်ခွဲရေးပိုင်းက အထက်အရာရှိများကလည်း ဤပြဿနာကို မည်သို့ဖြေရှင်းရမည်ကို ဆွေးနွေးရန်အတွက် အစည်းအဝေးလုပ်ရန် စီစဉ်ကြသော်လည်း စွေ့ချီချောင်း၏ စာချုပ်ပါအခကြေးငွေမှာ အလွန်စျေးကြီးလွန်းသည့်အပြင် သူ ကိုယ်စားလှယ်လွှဲထားသော ရှေ့နေကလည်း အင်အားကြီးလှသောကြောင့် သူတို့မှာ အံတင်းတင်းကြိတ်လျက် အနှောင့်အယှက်တစ်စုံတစ်ရာလည်းမပေးရဲဘဲ ထိုပရိုဂရမ်ကို ဆက်လက်ရိုက်ကူးခွင့်ပေးလိုက်ရသည်။


နမူနာဗီဒီယိုကို ပြန်သုံးသပ်ရတိုင်း လင်းလင်း စိတ်မချမ်းမသာဖြစ်နေရသည်။ စွေ့ချီချောင်းက ချစ်ကျွမ်းဝင်ရမည်ကို ငြင်းဆိုခဲ့သည့်အပြင် CUရှိ ရိုမန့်တစ်ဆန်သောနေရာများကိုပါ ဖျက်ဆီးပစ်လေသည်။ ယခုတွင် သူ၏ဖျော်ဖြေမှုကို အထောက်အပံ့ပေးနိုင်သည့် စုံတွဲတွေအားလုံးကိုလည်း မောင်းထုတ်လိုက်ချေပြီ။


ဟယ်လို...မင်းစိတ်ကြိုက် အသီးအရွက်တွေ စိုက်နိုင်အောင် ကူညီပေးဖို့အတွက် ရွှေလက်ချောင်းရှင် ဦးလေးတစ်ယောက်ကို ငါတို့ထောက်ပံ့ခဲ့တာ မဟုတ်ဘူးနော်...


ဤရုပ်သံလိုင်းကို ဝန်းရံကြသည့် ချစ်ရေးချစ်ရာကိစ္စများကို အားပေးသူပရိသတ်များကမူ ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩသွားကြလိမ့်မည်။


လင်းလင်းက သူ့နဖူးကို လက်နှင့်ထောက်ပြီးပြောလိုက်သည်။

"ဒါကို အမျိုးသမီးGenreထဲမှာပဲသိမ်းထားရအောင်… ပြီးတော့ Campus Categoryထဲမှာလည်း သိမ်းမှဖြစ်မယ်…"


အစားကြိုက်သူများCategoryထဲကို ပြောင်းထည့်ပေးရန်အတွက် ပရိသတ်က တိုင်တန်းပြီး အသနားခံလာလျှင်ပင် သူမအနေနှင့် ဘာမှမတတ်နိုင်ပေ။ စွေ့ချီချောင်းက ကန်တင်းတစ်ခုဖွင့်လှစ်ထားသော်လည်း သူ ဖန်တီးသော ဟင်းလျာများက အရည်အသွေးမြင့်မားနေသည် မဟုတ်သလို ကြီးကြီးကျယ်ကျယ်လည်းမဟုတ်လှချေ။ ဟင်းလျာအများစုကို ကန်တင်းစားဖိုမှူးက ချက်ပြုတ်ပေးထားခြင်းပင်။


အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက် နောက်ဆုံးတွင် ၎င်းကို သမားရိုးကျမဟုတ်သော ပရိုဂရမ်တစ်ခုအဖြစ် Campus Categoryထဲတွင် ထည့်သွင်းခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူမစိုးရိမ်နေသလို ဖြစ်မလာဘဲ အကောင်းဘက်ကို ဦးတည်လာခြင်းမျိုးလည်း ဖြစ်လာနိုင်လောက်သည်ဟု မျှော်လင့်မိသည်။


မည်သို့ပင်ဖြစ်စေ ပရိသတ်က မကျေမနပ်ဖြစ်လာလျှင် ကုမ္ပဏီဘက်ကလည်း စွေ့ချီချောင်း၏ရှေ့နေပြောသည့်စကားအတိုင်း ပြန်လည်တုံ့ပြန်လိုက်မည်သာ။

"အစီအစဉ်တစ်ခုလုံးက တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဖြစ်ပျက်နေသရွေ့ á€Ąá€˛á€ˇá€’ဍက Campus Categoryတစ်စိတ်တစ်ပိုင်းဖြစ်နေတုန်းပဲ…"


ပြောင်းပြန်မားကတ်တင်းနည်းဗျူဟာကို အသုံးချပြီး á€’ဎShowရဲ့ကံကြမ္မာကို လောင်းကြေးထပ်ကြတာပေါ့…


လူအများသိအောင် ကြေငြာရန်အတွက် စွေ့ချီချောင်း၏ ချောမောလှသောမျက်နှာကို အနီးကပ်ရိုက်ထားသည့် ရိုက်ချက်တစ်ခုကို ပရိုဂရမ်၏မျက်နှာဖုံးအဖြစ် ထားမည်ဖြစ်၏။ ပရိယာယ်တစ်မျိုး ထပ်ဖြည့်သည့်အနေနှင့် ခေါင်းစဉ်ကိုလည်း "၂၁ရာစုမှာရှိတဲ့ Campusထဲကို ရှေးဟောင်းဧကရာဇ်တစ်ပါးရဲ့ သွေးသားဆက်ခံသူ လေထီးခုန်ပြီး ဆင်းသက်ရောက်ရှိလာခြင်း"ဟု ပေးလိုက်သည်။


လင်းလင်းမျှော်လင့်ထားသည့်အတိုင်းပင် အဆိုပါပရိုဂရမ်ကို တိုင်းသိပြည်သိကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ရိုးရှင်းလှသော ထိုကြေညာချက်လေးတစ်ခုမျှဖြင့် ပလက်ဖောင်းအမျိုးမျိုးကို ကိုင်လှုပ်ပစ်လိုက်နိုင်ပြီး ကြည့်ရှုနှုန်းအတွက်ကိုလည်း အားသွန်ခွန်စိုက်မကြေညာလိုက်ရပါဘဲ အင်တာနက်အသုံးပြုသူအများအပြားကို ကြည့်ရှုချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ အမျိုးသမီးGenreအောက်တွင် ထည့်သွင်းထားသောကြောင့် ကြည့်ရှုသူအများစုမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။


ဤမျက်နှာဖုံးက အများပြည်သူကိုဆွဲဆောင်ရာ၌ ပေါက်ကွဲသွားစေနိုင်သော ရှုထောင့်နှစ်မျိုးပါ၀င်သည်။ ပထမတစ်ခုမှာ သာမန်ထက်ထူးကဲစွာ ချောမောခံ့ညားလှသော အမျိုးသား၏မျက်နှာလှလှလေးဖြစ်ပြီး နောက်တစ်ခုက သူ၏နောက်ခံအသိုင်းအဝိုင်းပင်။ 

ဒီလိုမျိုး နောက်ခံအသိုင်းအဝိုင်းရှိတဲ့သူတစ်ယောက် ကျောင်းဝင်းထဲမှာရှိနေတာကြောင့် ဇာတ်လမ်းက ချိုမြိန်လေမလား…နိုင့်ထက်စီးနင်းနိုင်လေမလား…


ဟွမ်းထောင်က မျက်နှာဖုံးကြောင့် ဆွဲဆောင်ခံလိုက်ရသည့် ထောင်ပေါင်းများစွာသော သုံးစွဲသူများထဲမှ တစ်ဦးဖြစ်သည်။ သူမ အိပ်ရာထဲတွင်လဲလျောင်းလျက် ကြည့်ရှုစရာပရိုဂရမ်အသစ်တစ်ခုကို ရှာဖွေရင်း ငြီးငွေ့လာချိန်တွင် ကြော်ငြာမျက်နှာဖုံးတစ်ခုက သူမမြင်ကွင်းထဲသို့ အမှတ်မထင်ဝင်ရောက်လာလေရာ အကြည့်မလွှဲချင်လောက်အောင် ဖြစ်သွားရသည်။


ဟွမ်းထောင် အကြိုက်ဆုံးပရိုဂရမ်အမျိုးအစားမှာ ကျောင်းတွင်းအချစ်ဇာတ်လမ်းဖြစ်ပြီး ရှေးဟောင်းတရုတ်အကယ်ဒမီကျောင်းဖြစ်စေ၊ ရှေးဟောင်းဥရောပအကယ်ဒမီကျောင်းဖြစ်စေ၊ အထက်တန်းကျောင်းဖြစ်စေ၊ တက္ကသိုလ်ဖြစ်စေ၊ ကျောင်းတွင်းအနိုင်ကျင့်သူများနှင့် အနိုင်ကျင့်မှုများအကြောင်းဖြစ်စေ၊ ဆရာနှင့်ကျောင်းသားဇာတ်လမ်းပင်ဖြစ်နေပါစေ... ဇာတ်ကောင်များက ရုပ်ရည်ချောမောနေသရွေ့ သူမအတွက်တော့ ပျော်စရာအတိပြီး၏။ သူမ အထူးတလှယ်နှစ်သက်သောShowက လူငယ်များအကြား အားပြိုင်မှုများနှင့်အတူ ချိုမြိန်သောခံစားချက်များကို ဖော်ထုတ်ပေးနိုင်သည့်Showများပင် ဖြစ်သည်။


သို့သော် အဓိကလိုအပ်ချက်မှာ ဇာတ်လိုက်မင်းသားက ရုပ်ရည် အလွန်ချောမောသူဖြစ်ရမည်။


ပရိုဂရမ်က ယခုမှ စတင်ထုတ်လွှင့်ဆဲအဆင့်မှာသာ ရှိသေးသော်လည်း အပိုင်းတစ်ဝက်ကျော်ခန့် ပြသပြီးဖြစ်၏။ ဟွမ်ထောင် အစပိုင်းက စကြည့်မည်အပြုတွင် စခရင်ပေါ်၌ စွေ့ချီချောင်းက ကြောင်လေးကို စနောက်နေသည်ကိုမြင်ပြီး ရပ်တန့်လိုက်မိသည်။ သူ ရယ်မောလျက် ကြောင်လေး၏ဦးခေါင်းကို လက်ဖဝါးဖြင့်ပွတ်သပ်နေပုံမှာ နူးညံ့သိမ်မွေ့လွန်းသဖြင့် လူတိုင်းက သူ့လက်ထဲတွင် ဂရုစိုက်ယုယခံနေရသော ကြောင်လေးပင် ဖြစ်ချင်သွားကြသည်။


စွေ့ချီချောင်း၏ ပြောကြားချက်အရ ၎င်းက သိုးထိန်းကြောင်လေးဖြစ်ပြီး ၂၁ရာစုတွင် စတင်မွေးမြူခဲ့သော မျိုးစိတ်ဖြစ်၏။


သူမ ယခုလက်ရှိရောက်လက်စနေရာကသာ စကြည့်ပြီး ဇာတ်လမ်းတွဲအစပိုင်းကို နောက်မှသာကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဟွမ်ထောင်က အပိုင်းများကျော်ပစ်ရန် စိတ်ကူးကိုလည်း လက်လျှော့လိုက်ပြီး အဆာပြေမုန့်ထုပ်တစ်ထုပ်ကို ဖွင့်ဖောက်လိုက်သည် ။


ထိုအချိန်တွင် ရှုခင်းက ပြောင်းလဲသွားပြီး ၂၁ရာစုနှစ်ပုံစံ ကျောင်းဝန်းတစ်ခုကို အပေါ်စီးရိုက်ချက်ဖြင့် ရိုက်ပြထားသည့်မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ကင်မရာက ထိုနေရာတွင် ခဏမျှရွေ့လျားသွားပြီးနောက် ထပ်မံပျောက်ကွယ်သွားကာ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်တန့်သွားလေသည်။


အချိန်အားဖြင့် နေဝင်ရီတရောဖြစ်ပုံရပြီး ကျောင်းဝန်းထဲရှိ ချစ်သူစုံတွဲများက လက်ချင်းတွဲလျက် နေရာအနှံ့တွင် လမ်းလျှောက်နေကြသည်။ သူတို့က ငယ်ရွယ်နုပျိုမှုများနှင့် ပြည့်နှက်နေပြီး သူတို့ဘဝ၏အကောင်းဆုံးအချိန်များကို အတူတကွပျော်ရွှင်စွာ ဖြတ်သန်းနေကြပေသည်။။


ကင်မရာက အသာအယာရွေ့လျားနေပြီး တချို့စုံတွဲများဆိုလျှင် သစ်ပင်နောက်တွင် ပွေ့ဖက်နမ်းရှုံ့နေကြသည်။


ဟွမ်းထောင်လည်း ယစ်မူးရီဝေစွာ သက်ပြင်းရှိုက်လိုက်မိသည်။ 

"အိုး သူတို့က သိပ်ဖြူစင်ပြီး နွေးထွေးနေလိုက်ကြတာ…"


ဤမြင်ကွင်းမျိုးကို ယနေ့ခေတ်၌ မတွေ့ရတော့ချေ။


ဒါပေမဲ့ ကင်မရာက ဒီနေရာကို ဘယ်လိုရောက်လာတာလဲ… စွေ့ချီချောင်းက ပထမအပိုင်းမှာတင် တစ်ယောက်ယောက်နဲ့ ချိန်းတွေ့တော့မှာလား…


အဖြူရောင်ယူနီဖောင်းများကို ဝတ်ဆင်ထားသော လူအုပ်ကြီးကို ဦးဆောင်ပြီး တောင်ပေါ်တက်နေသည့် အဓိကဇာတ်လိုက်ပေါ်လာသည့်အခါ ဟွမ်းထောင်က စိတ်ရှုပ်ထွေးနေဟန်အမူအရာဖြင့် ကြည့်နေမိသည်။ သူတို့၏လက်ထဲ၌လည်း ကိရိယာတန်ဆာပလာမျိုးစုံကို ကိုင်ထားကြသေးသည်။ á€€á€źá€Źá€¸á€–á€°á€¸á€”á€Źá€¸á€á€™á€›á€žá€­á€žá€ąá€Ź အမိန့်တစ်ခုအဆုံးတွင် ထိုလူများကလူစုခွဲပြီး မြေတူးကြလေတော့သည်။


တောင်ကုန်းပေါ်တွင်ရှိနေကြသော ချစ်သူစုံတွဲများက ထိတ်လန့်သွားကြပြီး မန်ဒရင်းဘဲအုပ်များကဲ့သို့ ထွက်ပြေးသွားကြလေတော့သည်။ ဇာတ်လမ်းလေးကလည်း နွေးထွေးလှသော ကျောင်းတွင်းအချစ်ဇာတ်လမ်းမှသည် လယ်ယာလုပ်ငန်းအဖြစ်သို့ ရုတ်ခြည်းပြောင်းလဲသွားပေသည်။


"ဘာတွေဖြစ်နေတာလဲ…"

ဟွမ်းထောင် သူမလက်ကိုဆန့်ထုတ်ပြီး အချိန်နှင့်တစ်ပြေးညီ မှတ်ချက်ပေးသည့်ဘားကို ဖွင့်လိုက်သည်။


[ငါဘယ်သူလဲ…ငါဘယ်ရောက်နေတာလဲ…ငါ ဘာကိုကြည့်နေတာလဲ…]


[အား အား... ငါ ချန်နယ်များမှားဝင်မိတာလားဟ…ဘာလို့လဲ ဘာလို့ သူက စိုက်ပျိုးရေးတွေ ထလုပ်နေရပြန်တာလဲ… မြေဆီလွှာတွေကို မြေလှန်ပစ်မှတော့ စုံတွဲတွေက ဘယ်မှာ သွားချိန်းတွေ့ရမှာလဲ… ငါ အခုလေးတင် သန့်စင်တဲ့ကျောင်းတွင်းအချစ်ဇာတ်ကွက်လေးကို ကြည့်ရတော့မှာပဲလို့ တွေးနေတာလေ…]


[ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အရာတစ်ခုအပေါ် á€™á€„်း ဘာလို့ မျှော်လင့်ချက် ထားနေရတာလဲ… ဇာတ်လိုက်က လုံးဝချစ်ကျွမ်းဝင်ချင်စိတ်မရှိဘူးဟ… ကျောင်းတွင်းအချစ်ဆိုတာ သူ့အတွက်မဟုတ်ဘူး…]


[မဟုတ်ဘူး… ရက်စက်တဲ့ဒီလိုစကားမျိုးတွေ ငါ့ကို မပြောစမ်းပါနဲ့ ငါက သူ တစ်ချိန်လုံး စိုက်ပျိုးရေးလုပ်နေတာကို လက်ခံနိုင်ပေမဲ့ သူ ချစ်ကျွမ်းဝင်ဖို့ငြင်းဆန်တာကိုတော့ ငါ လက်မခံနိုင်ဘူး...]


[ပရိုဂရမ်ကိုဖွင့်ပြီး မိနစ်လေးဆယ်လောက်ကတည်းက ငါ ပါးစပ်အဟောင်းသားဖြစ်သွားရတာပဲ… ဒါက အမျိုးသမီးGenreထဲ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးပရိုဂရမ်ကြီးပဲ…]


[လူချောလေးတစ်ယောက်ရဲ့ ကျောင်းတွင်းအချစ်ဇာတ်လမ်းကို ငါကြည့်ဖို့ လာခဲ့တာလေ… ဒီအချစ်နယ်မြေကိုဖျက်ဆီးပြီး အဲဒီနေရာမှာ သူ အသီးအရွက်တွေစိုက်နေတာကို ဘာလို့ လာပြနေတာလဲ…]


[မဟုတ်သေးဘူး... ပရိုဂရမ်ရဲ့ခေါင်းစဉ်အသေးလေးကို သတိထားမိလား… သူ့မှာ ရှေးဟောင်းဧကရာဇ်ရဲ့သွေးရင်းဆန်တဲ့ ခြယ်လှယ်လွှမ်းမိုးနိုင်စွမ်းမျိုး ရှိတာတော့ အမှန်ပဲ…]


ဟွမ်းထောင်က ယုံကြည်ရခက်ခဲသော သတင်းအချက်အလက်ကို တွေ့လိုက်ရသည်။ ဤအပိုင်းတွင်ဖော်ပြထားသော စာတန်းလေးကို သူမတစ်ချက်ကြည့်လိုက်သည် "စွေ့ချီချောင်းက သူ့နည်းသူ့ဟန်နဲ့ ကျောင်းဝန်းထဲမှာ လွှမ်းမိုးခြယ်လှယ်နေတယ်…"


ဇာတ်လမ်းတွဲ၏ထိုအပိုင်းကိုသာ မကြည့်ရသေးပါက ဤဇာတ်လမ်းကို ဗိုလ်ကျခြယ်လှယ်တတ်သည့် ဥက္ကဋ္ဌတစ်ယောက်၏ချစ်ခြင်းမေတ္တာကို ပြသသည့်မြင်ကွင်းများဖြင့်ပြည့်နှက်နေလိမ့်မည်ဟု ယူဆကြမိလိမ့်မည်သာ။


ဟွမ်းထောင် ဇာတ်လမ်းကို အစမှပြန်ရစ်ကြည့်လိုက်သည်။ ဤနေရာမှစ၍ စွေ့ချီချောင်းက ကျောင်းဝန်းထဲကို စဝင်လာရုံသာရှိသေးပြီး မှတ်ချက်များကလည်း ချိုသာနေကြဆဲပင်။ ပရိသတ်များက သူ့မျက်နှာကိုမြင်သည့်အခါ "ငါကြွေသွားပြီ သူ့ကို ငါကြွေသွားပြီ"ဟု အော်ဟစ်နေကြတော့သည်။


ဆယ်မိနစ်အကြာတွင် စွေ့ချီချောင်းက ကျောင်းကန်တင်းအတွက် စာချုပ်ချုပ်ဆိုလိုက်ပြီး ထိုနေရာမှာပင် ငရုတ်ပင်များကို စိုက်ပျိုးလေသည်။


ကောမန့်ထဲတွင် မေးခွန်းပြအမှတ်အသားများဖြင့် ပြည့်နှက်သွားတော့သည်။ တိုးတက်ပြောင်းလဲမှုကြီးက အနည်းငယ်ယုံချင်စဖွယ်မကောင်းဟု သူတို့ ခံစားလိုက်ရသည်။


[ဘာကြီးလဲ ရုတ်တရက်ကြီး အပင်စိုက်နေတာလား…]


[တစ်ဆိတ်လောက်...ငါ ချန်နယ်မှားဝင်လာမိတဲ့ပုံပဲ…]


ဟွမ်းထောင်ပင် အော်ဟစ်ချင်လာသည်။ 


"ဧကရာဇ်ရဲ့သွေးဆက်ခံသူ နိုးထလာခြင်း"ဆိုတာကရော ဘယ်မလဲ...


ညွှန်းထားတာနဲ့ ဘာလို့ ဒီလောက်ကွာခြားနေရတာလဲ...


သူက ကျောင်းသားလည်းမဟုတ်သလို ဆရာတစ်ယောက်လည်းမဟုတ်ဘဲ ငရုတ်ပင်စိုက်ပျိုးရန်အတွက်သာ ကန်တင်းကိုစာချုပ်ချုပ်ထားသူတစ်ယောက် ဖြစ်နေ၏။


နောက်ထပ်ဇာတ်ကွက်တစ်ခုကို အကြမ်းဖျင်းကျော်ကြည့်လိုက်သည့်အခါ ဇာတ်လမ်း၏အလယ်ပိုင်းတွင် အသီးအရွက်များစိုက်ပျိုးခြင်း၊ ချက်ပြုတ်ခြင်းနှင့် ဆရာများနှင့် ကျောင်းသားများက ထိုဟင်းလျာများကို စားသောက်ရန်အတွက် တန်းစီနေကြရသော နေ့စဉ်လုပ်ငန်းဆောင်တာများအပေါ် အသားပေးထားကြောင်း သူမ သိလိုက်ရသည်။


သူတို့အားလုံး ညစာစားရန်အတွက် တန်းစီစောင့်ဆိုင်းနေကြပြီး ထိုမြင်ကွင်းမှာ သူတို့ စိတ်ကူးယဉ်ထားသော ကြည်နူးဖွယ်ရာကျောင်းတွင်းအငွေ့အသက်များ စိုးစဉ်းမျှမတွေ့ရချေ။


ပရိသတ်အားလုံး မကျေနပ်ကြတော့ချေ။


[ဒီအစီအစဉ်က အရမ်းအဆိပ်ပြင်းတယ်… ငါ ဘာလို့ ကြည့်နေရတာတုန်း…]


[မင်းဘာလို့ကြည့်နေတာလဲ ငါမသိဘူး…ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဇာတ်လိုက်က အရမ်းချောလွန်းလို့ မကြည့်ဘဲမနေနိုင်ဘူး...]


[ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်တယ်...]


[သူတို့ ဒီပရိုဂရမ်ကို Genreမှားထည့်ထားလို့ ငါ ကျိန်ဆဲချင်ပေမဲ့ Genreအမှန်က ဘာလဲဆိုတာတောင် ငါမသိတော့ဘူး…]


[ကျွန်မက မိန်းမငယ်လေးတစ်ယောက်ရဲ့ စိတ်နှလုံးသားနဲ့ ဒီချန်နယ်ထဲဝင်လာပေမဲ့ အခုတော့ ဗိုက်ဆာနေပါပြီနော်…]


[ဗိုက်ဆာတယ် +1]


[ဒီအပိုင်းမပြီးခင်လေးမှာပဲ ကျွန်မ ထမင်းသုံးပန်းကန်စားထားပြီးပြီ ကျေးဇူးတင်ပါတယ်…]


[Reportထုလိုက်ပြီ။ Genreမှားပြီးတင်ထားတဲ့အတွက် reportထုလိုက်ပြီ…]


"မထူးဆန်း တော့ပါဘူး..."  

ဟွမ်းထောင် ညည်းညူလိုက်မိသည်။ အနောက်ဘက်ကတောင်ကုန်းကို ပြုပြင်မွမ်းမံနေသည်ကိုကြည့်ပြီး ကြည့်ရှုသူများ အဘယ့်ကြောင့် ဤမျှတုန်လှုပ်နေကြသည်ကို သူမ နားလည်နိုင်သည်။ အပိုင်းတစ်ဝက်ကျော်ကို ကြည့်ရှုပြီးနောက်တွင် သူတို့အားလုံး စိတ်ကူးယဉ်ထားသည့်မြင်ကွင်းမျိုး ပေါ်လာလေသည်။ သို့သော် နောက်တစ်စက္ကန့်အကြာတွင် စွေ့ချီချောင်းက ကျောင်းတွင်းအချစ်နယ်မြေလေးပေါ်တွင် အသီးအရွက်များစိုက်ပျိုးရန်အတွက် လူအုပ်ကြီးကို ခေါ်ချလာသည်။


အဆိပ်ပြင်းတယ်…ဇာတ်လိုက်က တကယ့်ကို အဆိပ်ပြင်းတယ်…

ဟွမ်းထောင် ကူကယ်ရာမဲ့စွာဖြင့်ပင် ဤအစီအစဉ်ကို သူမ၏အကြိုက်နှစ်သက်ဆုံးစာရင်းထဲသို့ ထည့်လိုက်သည်။


မည်သို့ပင်ဖြစ်စေ လေးနှစ်တာကာလအတွင်းမှာ ဇာတ်လိုက်က စိုက်ပျိုးရေးသာလုပ်နေပြီး ချစ်ကျွမ်းဝင်ရန်ဆန္ဒလုံးဝမရှိသည်ကို သူမ မယုံကြည်ပေ။


CU ၌...


ကျောင်းတွင်းရှိ သန့်စင်သောအချစ်နယ်မြေလေးကို သိမ်းပိုက်ပစ်လိုက်သည့် ပထမကန်တင်း၏ အပြုအမူက CU ကျောင်းသားများကို လှုံ့ဆော်လိုက်လေသည်။ အထူးသဖြင့် လူငယ်စုံတွဲများ၏မကျေနပ်မှုကို နှိုးဆွခဲ့သည်။ တောင်ကုန်းပေါ်ရှိ ပတ်ဝန်းကျင်က အေးချမ်းဆိတ်ငြိမ်လှပြီး နားခိုဆောင်များစွာလည်းရှိရာ နေဝင်ချိန်ကို စိတ်အေးလက်အေးရှုစားနိုင်ပေသည်။ ၎င်းက CUတွင် ချိန်းတွေ့ရန်အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။


ယခုဆိုလျှင် ထိုနေရာ၌ ပထမကန်တင်းက အသီးအရွက် များစွာစိုက်ပျိုးထားလေသည့်အတွက် ချိန်းတွေ့ခြင်းအငွေ့အသက်များ အလွန်လျော့ကျသွားသည်။ သူတို့ ဤနေရာကို လမ်းလျှောက်ထွက်လာချိန်တိုင်း၊ ချိုမြိန်သောစကားများကိုတီးတိုးဆိုကာ နမ်းရှိုက်ချိန်တိုင်း သူတို့ပတ်ပတ်လည်ရှိ လယ်ကွင်းထဲတွင် ရေလောင်းပေါင်းသင်နေကြသော ဦးလေးကြီးများနှင့်အဒေါ်ကြီးများက အမြဲလိုလိုရှိနေတတ်သည်။ 

အခုလိုအခြေအနေမျိုးမှာ သူတို့ ဆက်ချိန်းတွေ့ဖို့ ဘယ်လိုလုပ်စိတ်ပါတော့မှာတဲ့လဲ...


ပထမကန်တင်းက ရက်စက်လွန်းသည်။ သူတို့က ကျောင်းသားများကို မောင်းမထုတ်သော်လည်း ခြောက်မလွှတ်ရုံတစ်မည်သာရှိ၏။


ကျောင်းသားများ စုပေါင်းဆန္ဒပြခဲ့ကြပြီး ဖိုရမ်နှင့်Baidu တွင်လည်း သူတို့၏ထင်မြင်ယူဆချက်များကို တင်ခဲ့ကြသည့်အပြင် ဥက္ကဋ္ဌစွေ့ဆီကိုပင် စာလွှာပါးကာ ကျောင်းသားသမဂ္ဂမှတစ်ဆင့်လည်း သူတို့၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြသခဲ့ကြသည်။ သို့သော်လည်း ထိုဆန္ဒပြမှုအားလုံးကို တရားမဝင်ကြောင်း ကြေညာလိုက်ပေသည်။


ပထမကန်တင်း၏ သူဌေးအသစ်က နောက်ခံအသိုင်းအဝိုင်းတောင့်တင်းကြောင်း ကောလာဟလများလည်း ထွက်ပေါ်ထားသည်။ ထို့ကြောင့်သာ သူက အကြောက်အလန့်မရှိဘဲ တောင်ကုန်းပေါ်တွင် ဟင်းသီးဟင်းရွက်များ လာရောက်စိုက်ပျိုးနိုင်ခြင်းပင်။ သို့ဖြစ်ရာ ဤသာမန်ကျောင်းသားများအနေနှင့် သူ့ကို မယှဉ်နိုင်ကြပေ။


သူတို့ ဘာလုပ်သင့်သလဲ...

သူတို့က ဒေါသကို ဆာလောင်မှုအဖြစ်သို့ ပြောင်းလဲကာ ပထမကန်တင်းတွင် စားသောက်ကြပေသည်။


မည်သို့ပင်ဖြစ်စေ ဤသည်မှာ ပုဂ္ဂိုလ်ရေးရာအဖြစ်အပျက်များသာ ဖြစ်၏။ မကြာသေးမီက ပထမကန်တင်းမှ အခမဲ့စားသုံးခွင့်ပေးထားသောငရုတ်ဆီက အရသာရှိလှပေသည်။


ထို့ကြောင့် တစ်ကိုယ်တည်းသမားကျောင်းသားအချို့ကမူ ဤသို့ဆိုကြ၏။

 "ငရုတ်သီးတွေပိုစိုက်ပြီး ငရုတ်ဆီရေရှည်ရမယ်ဆိုလို့ကတော့ ပထမကန်တင်းက တောင်ကုန်းကိုအပိုင်သိမ်းထားလည်း ငါတို့ကတော့ ပထမကန်တင်းရဲ့ဆုံးဖြတ်ချက်ကို လုံးဝထောက်ခံတယ်..."


ဤငရုတ်ဆီက အစားအသောက်ကောင်းကောင်းမစားရ၍ အစာစားချင်စိတ်ပျောက်ဆုံးနေသော ကျောင်းသားများစွာကို ကယ်တင်ပေးခဲ့သည်။ ဆန်ပြုတ်သောက်သည်ဖြစ်စေ၊ ခေါက်ဆွဲစားသည်ဖြစ်စေ၊ အစားအသောက်တစ်ခုခုစားတိုင်း သူတို့က ငရုတ်ဆီတစ်ဇွန်း သို့မဟုတ် တစ်ဝက်ခန့်ကို ထည့်စားဖြစ်ကြသည်။ ထမင်းနှင့်တွဲစားလျှင်လည်း အနံ့မွှေးလှပြီး အရသာလည်း အလွန်ရှိသည်။


တစ်ခုတည်းသောအားနည်းချက်မှာ ငရုတ်ဆီကုန်ဆုံးမှု မြန်ဆန်လွန်းခြင်းပင်ဖြစ်သည်။ ငရုတ်ဆီက ကိုယ်တိုင်စိုက်ပျိုးထားသော ငရုတ်သီးဖြင့် ကိုယ်တိုင်ပင် ပြုလုပ်ဖန်တီးထားသောကြောင့် ရှားပါးသည်ဟုပင် ဆိုနိုင်သည်။ ဤနေရာတွင် ငရုတ်ဆီအားလုံးကို စားကုန်သွားချိန်၌ အခြားတစ်ဖက်တွင်မူ ငရုတ်ပင်များက ရှင်သန်ကြီးထွားဆဲအဆင့်တွင်ရှိလျှင်ရှိ သို့မဟုတ်ပါက ငရုတ်ဆီထုတ်လုပ်ဆဲအဆင့်မှာသာ ရှိနေဆဲဖြစ်၏။ ငရုတ်ဆီအသစ်ရရန်အတွက် အချိန်အနည်းငယ်ယူရပေသည်။


ထို့ကြောင့် ပထမကန်တင်းက ငရုတ်ဆီအနည်းငယ်ပြုလုပ်ရန်အတွက် အသင့်ဝယ်ယူထားသော ငရုတ်သီးမှုန့်များကိုလည်း သုံးကြည့်ခဲ့သော်ငြား အရသာမှာ မူလငရုတ်ဆီထက် တစ်ဆင့်နိမ့်နေချေသည်။ ယခုလိုဖြစ်လာသည့်အတွက် သူတို့မှာ အခြားရွေးချယ်စရာမရှိတော့ချေ။


ကျောင်းသားများက အချင်းချင်းကြီးကြပ်ကွပ်ကဲလာကြသည်။ ငရုတ်ဆီက အဆင်သင့်စားသုံးနိုင်ပြီး အခမဲ့သုံးစွဲခွင့်ရှိကြောင်း သူတို့အားလုံး သိထားကြသည်။ ငရုတ်ဆီကို လိုသည်ထက် ပိုယူနေသူတစ်ယောက်ကို တွေ့လျှင်ပင် ပတ်ဝန်းကျင်ရှိလူများက ထိုလူကို ပြစ်တင်ဝေဖန်လာကြပေသည်။ အတန်းဖော်အတွက် ယူပေးနေသည်ဟု အခိုင်အမာငြင်းဆိုသူများနှင့်တွေ့လျှင် အကြီးအကျယ်ငြင်းခုံကြသည်။ အသိစိတ်ရှိသော CUကျောင်းသားများကမူ တစ်ကြိမ်လျှင် တစ်ခွက်နှင့်တစ်ဝက်မျှသာ ထုတ်ယူကြပေသည်။


ကျောင်းသားများ၏ ပြင်းပြသောတောင်းဆိုမှုအရ ပထမကန်တင်းကလည်း ကိုယ်တိုင်လုပ်ငရုတ်ဆီ ထုတ်ပေးမည့်နေ့ကို ကြိုတင်ကြေညာပေးရလေသည်။ ကျောင်းသားများကိုယ်တိုင်ကလည်း ယခင်က အလေးအနက်မထားခဲ့သော ငရုတ်ပင်ကို ယခုအခါတွင် တလေးတစားဖြစ်လာကြသည်။ ဤသည်မှာ အရသာရှိသောအစားအစာတို့ မြစ်ဖျားခံရာအရင်းအမြစ်ပင် ဖြစ်၏။


အချို့သောကျောင်းသားများဆိုလျှင် ပန်းအိုးများပင် လှူဒါန်းပေးလာကြပြီး ပထမကန်တင်းအနေနှင့် ငရုတ်ပင်များ ပိုစိုက်နိုင်ရန် ကြိုးပမ်းပေးလာကြသည်။


မူလတွင်မူ ပထမကန်တင်းမှ ငရုတ်ဆီကို ရသာရုံတောအုပ်လေး၏ အစားထိုးအဖြစ် အသုံးပြုနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ ငရုတ်ဆီကို လူအတော်တများများ စမ်းသုံးကြည့်ပြီးနောက်တွင် ဤ ကောလာဟလက တိတ်တဆိတ်ပေါ်ပေါက်လာခြင်းပင်။ "ပထမကန်တင်းက အခုဆိုရင် လူတကာထက်သာနေပြီး သူတို့ရဲ့ငရုတ်ဆီကလည်း ရသာရုံတောအုပ်လေးထက်တောင် အရသာပိုကောင်းသေးတယ်…"


သို့တိုင် ရသာရုံတောအုပ်လေးက တက္ကသိုလ်မြို့တော်တွင် Fanများစွာရှိထားပြီးသားဖြစ်သည်။ ပထမတွင် အခြားကျောင်းမှ ကျောင်းသားများက CUကျောင်းသားများက သူတို့ကို ထပ်မံလှည့်စားနေသည်ဟု ထင်နေကြသည်။ ပထမကန်တင်း၏ ဆိုးဝါးသောသမိုင်းကြောင်းက အတိတ်တွင် မှောင်မိုက်လွန်းခဲ့သဖြင့် ပထမကန်တင်းကသာ အမှန်တကယ်တိုးတက်ပြောင်းလဲလာခြင်းမှန်ပါက သူတို့ ဘင်ခရာများတီး၍ပင် ဂုဏ်ပြုချီးမြှောက်ချင်နေကြသည်။


CU ကျောင်းသားများကလည်း ပြန်စိန်ခေါ်ကြသည်။


"အင်း...ဘာလို့ တစ်ခါလောက်စမ်းမကြည့်တာလဲ… ငါ့ကတ်နဲ့ပဲ ရိုးရိုးဆန်ပြုတ်တစ်ပွဲလောက်ဝယ်ပြီး ငရုတ်ဆီအလကားထည့်ခိုင်းလိုက်… အရသာမရှိဘူးဆိုရင် ငါရှုံးတယ်လို့ပဲမှတ်လိုက်ရုံပေါ့…"



🌱🌱🌱