Chapter 12
Viewers 2k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch12

ရှောင်ပိုင်၏လျှို့ဝှက်ချက်ကလေး ဖော်ထုတ်ခံရခြင်း




"ကျွန်တော်တို့ ဆေးထိုးလို့ပြီးသွားပါပြီ… ဒီကြောင်လေးက တော်တော်လိမ္မာတယ်နော်… မင်းက မလှုပ်ဖို့အမိန့်ပေးသွားတော့ တုတ်တုတ်တောင်မလှုပ်ရှာဘူး… သူ့အမွေးတွေကိုလည်း စိတ်ကြိုက်လေမှုတ်ခွင့်ပေးသေးတယ်…ဆံပင်မှုတ်စက်ကိုလည်း လုံးဝမကြောက်ဘူး တကယ်ကို ကောင်းကောင်းလေ့ကျင့်ပေးထားတာပဲ..." 


တိရစ္ဆာန်ထိန်းကျောင်းသူက ရှောင်ပိုင်အား စွေ့ချီချောင်းဆီသို့ ပြန်ခေါ်လာပြီး ချီးမွမ်းနေသည်။


စွေ့ချီချောင်းကမူ တိရစ္ဆာန်ထိန်းကျောင်းသူ ရှောင်ပိုင့်အားချီးကျူးနေသည်ကို အသာကြည့်နေလိုက်ပြီးနောက် ရှောင်ပိုင့်ကို အေးတိအေးစက်ကြည့်လိုက်လေသည်။


သာမန်အားဖြင့်ဆိုလျှင် စွေ့ချီချောင်းက ယခုလိုအချိန်မျိုး၌ ရှောင်ပိုင့်ကို ချီးကျူးလေ့ရှိသည်။ ရှောင်ပိုင်က အမြဲလိုလို ဂရုမစိုက်ဟန်အမူအရာပြတတ်သော်လည်း ချီးကျူးစကားမကြားရသောအခါတွင်လည်း ကြောင်လေးခမျာကျင့်သားမရရှာပေ။ သူက "မြောင်"ဟု အသံပေးလိုက်ပြီး ထိုအသံ၏ အဆုံးသတ်သံနေသံထားလေးမှာသည် မြင့်ချည်နိမ့်ချည်ပင်။


စွေ့ချီချောင်း လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ရှောင်ပိုင်ကို လက်တစ်ဖက်တည်းဖြင့် ကောက်မလိုက်သည်။ 

"ကျေးဇူးတင်ပါတယ်..."


"ကြိုဆိုလျက်ပါပဲ...WeChatမှာ Addကြရအောင်လေ… နောက်ပိုင်းမှာ အိမ်မွေးတိရစ္ဆာန်နဲ့ ပတ်သက်တဲ့အစီအစဉ်တွေ ရှိမရှိကိုလည်း ပြောပြလို့ရတာပေါ့..." 

တိရစ္ဆာန်ထိန်းကျောင်းသူက သူ့ဖုန်းကို ထုတ်လိုက်သည်။


စွေ့ချီချောင်းက ဆိုရှယ်မီဒီယာကို အသုံးပြုလေ့မရှိသော်လည်း အကောင့်ကမူ ရှိထားပြီးသားဖြစ်၏။ သူ ဤနေရာကိုရောက်ခါစတွင် Appကို ဖုန်းထဲထည့်သွင်းထားခဲ့သည်။ တိရစ္ဆာန်ထိန်းကျောင်းသူကို Addလိုက်ပြီးနောက်တွင် ကြောင်လေးနှင့်အတူ တိ းမွေးကုဆေးရုံမှ ထွက်လာခဲ့လိုက်သည်။


စွေ့ချီချောင်းက လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ အရေးကြီးကိစ္စတစ်ခုကြောင့် သူ အာရုံပျံ့လွင့်နေခဲ့ခြင်းပင်။ သူထုတ်မေးလိုက်သော မေးခွန်းအပေါ် သာမန်ကာလျှံကာမျှသဘောထားပြီး အဆင်ပြေချင်ယောင်ဆောင်နေခဲ့သော်လည်း သူ့စိတ်ထဲတွင်မူ တုန်လှုပ်လျက်သာ။


ရှောင်ပိုင်က သိုးထိန်းကြောင်မဟုတ်ကြောင်း သူသိလိုက်ရသည်။ တစ်နည်းဆိုရသော် ဤခေတ်တွင် သိုးထိန်းကြောင်များ မရှိပေ။


စွေ့ချီချောင်း အမှားလုပ်မိခြင်းသာဖြစ်၏။ စွေ့ချီချောင်းနေထိုင်ခဲ့သည့်ခေတ်တွင် ၂၁ရာစုနှင့်၂၂ရာစုက လူသားများ နေစကြဝဠာမှ မထွက်ခွာမီအချိန်ဖြစ်သည့် ရှေးဟောင်းတရုတ်ပြက္ခဒိန်ဟောင်းနှင့်သာ သက်ဆိုင်လေသည်။


စွေ့ချီချောင်းက သမိုင်းကြောင်းကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘဲ ထိုအကြောင်းကို အခြေခံမျှသာနားလည်သဘောပေါက်ထားခြင်းဖြစ်၏။ သို့သော်ငြား သူက ထိုဘာသာရပ်ကို အထူးပြုသင်ကြားခဲ့သူများကြားတွင် သမိုင်းကြောင်းကို အလယ်အလတ်မျှ နားလည်သဘောပေါက်သူတစ်ဦးဖြစ်သည်။


သူ၏ ထင်မြင်ချက်အရဆိုလျှင် သိုးထိန်းကြောင်များကို ၂၁ရာစုနှင့်၂၂ရာစုများ၌ စတင်မွေးမြူခဲ့သည်။ သူ ရောက်နေသည့်နှစ်တွင် ဤကြောင်အမျိုးအစားများ မပေါ်လောက်သေးကြောင်းကိုမူ သူ ထင်မထားချေ။


ဤသည်မှာ စုန့်မင်းဆက်တွင် ရွေ့လျားနိုင်သောပုံနှိပ်အမျိုးအစားကို စတင်ဖန်တီးခဲ့သည်ဟူသော စွေ့ချီချောင်း၏အယူအဆနှင့် ဆင်တူသော်လည်း အချိန်အတိအကျကိုမူ သူမသိရပေ။ လူသားမျိုးနွယ်သမိုင်းကြောင်းဥ အလွန်ရှည်လျားလွန်းလှသည်။ သမိုင်းသင်ခန်းစာထဲရှိ အချက်အလက်များက များပြားလွန်းလှသည့်အတွက် အချက်အလက်ကို မှန်မှန်ကန်ကန်ပြန်စဉ်းစားကြည့်ရန်မှာလည်း မဖြစ်နိုင်ချေ။


LJJမှ ထောက်ပံ့ပေးထားသော အချက်အလက်ထဲတွင် သိုးထိန်းကြောင်မျိုးစိတ်မရှိဟုသာ စွေ့ချီချောင်းကောက်ချက်ချလိုက်သည်။ ယင်းအစား သူ့အားပေးထားသော အချက်အလက်များဥ ၂၀၀၀ခုနစ်ရှိ သာမန်ကြောင်တစ်ကောင်၏အချက်အလက်များသာဖြစ်သည်။ ထို့ပြင် အချက်အလက်အများစုမှာ ပစ္စည်းတစ်စုံတစ်ရာကိုကောက်ကိုင်ခိုင်းပြီး ပိုင်ရှင်နောက်ကို လည်ပတ်ကြိုးမပါဘဲ လိုက်လာနိုင်အောင်သင်ပေးရန် မဆိုနှင့် လက်ဆွဲခြင်း၊ လူးလှိမ့်ခြင်း၊ မတ်တတ်ရပ်ခြင်းနှင့် အခြားသောအမိန့်များကို ထပ်ခါတလဲလဲပြုလုပ်တတ်လာအောင်သင်ပေရန်ပင် မဖြစ်နိုင်ချေ။


စွေ့ချီချောင်း၏ ကြောင်မွေးမြူရေးနည်းစနစ်က အားလုံးမှားယွင်းနေချေသည်။ 

အားလုံး မှားနေပြီ… အကုန်မှားနေတယ်…


ပို၍အံ့သြစရာကောင်းသည်မှာ ရှောင်ပိုင်က သူလုပ်ခိုင်းသည့်လေ့ကျင့်မှုအားလုံးကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။


ယခု ထိုအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်ချိန်မှာ စွေ့ချီချောင်းက သူသိထားသောအချက်များကို အခိုင်အမာယုံကြည်ပြီး ရှောင်ပိုင်ကို မှားယွင်းပြီးစွပ်စွဲမိခဲ့ခြင်းဖြစ်သည်။ ရှောင်ပိုင်က သာမန်ကြောင်တစ်ကောင်ဖြစ်သော်လည်း ၎င်း၏သင်ယူမှုစွမ်းရည်က တစ်မဟုတ်ချင်းတိုးတက်လာခဲ့ပေသည်။


သမိုင်းကို အတိအကျနားမလည်သော ရှောင်ပိုင်က စွေ့ချီချောင်း၏လှည့်စားမှုကြောင့် သိုးထိန်းကြောင်တစ်ကောင်နှယ် တုပနေထိုင်ခဲ့ရသလိုပင်။


အစပိုင်းတွင်မူ စွေ့ချီချောင်းက ထိုအရာကို စက်ချွတ်ယွင်းမှုတစ်ခုဟု ယူဆခဲ့သည်။


မှတ်ဉာဏ်တုလေယာဉ်ကိုလည်း ဒေတာအချက်အလက်များဖြင့် တက်ကြွလှုပ်ရှားစေခြင်းပင်။ ထိုအရာက ဉာဏ်ရည်တုဖြစ်ပြီး သဘာဝအတိုင်း ဖြစ်တည်နေခြင်းမျိုးမဟုတ်ချေ။ ၎င်းတွင် စက်ချွတ်ယွင်းမှုများ ရှိနေခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချထားသည့်တိုင် ဖြစ်နိုင်ခြေနောက်တစ်ခုလည်း ကျန်နေသေးသည်။


သို့သော် ဤချွတ်ယွင်းမှုဖြစ်စဉ်က အလွန်ထက်မြက်လွန်းလှပြီး á€¤á€™á€žá€á€şá€‰á€Źá€á€şá€á€Żá€œá€ąá€šá€Źá€‰á€şá€†á€Žá€žá€­á€Żá€ˇ မည်သူမျှသတိမပြုမိဘဲ ရောက်လာနိုင်သော ကိုယ်ပိုင်နည်းလမ်းများကို ရှာတွေ့ခဲ့ပြီး ကျရှုံးမှုလည်းမရှိခဲ့ချေ။


ထို့နောက် စွေ့ချီချောင်းက စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းတစ်ခုလည်း ဖြစ်နိုင်ကြောင်းတွေးလိုက်မိသည်။ LJJက သူ့အား စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ ပံ့ပိုးပေးမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း LJJက ထိုအတိုင်းလုပ်ဆောင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။


ရှောင်ပိုင်၏သရုပ်မှန်မှာ မေးခွန်းထုတ်ချင်စရာဖြစ်နေဆဲပင်။ အကယ်၍ ထိုအရာမှာ စက်ချွတ်ယွင်းမှုတစ်ခုဖြစ်ခဲ့ပါက LJJဘက်က ၎င်းကို ပြုပြင်လိမ့်မည်။ အကယ်၍ စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါကမူ ကြည့်ရှုသူပရိသတ်များကို သိခွင့်ပေးလိမ့်မည်မဟုတ်ချေ။


ယခုမူ စွေ့ချီချောင်းက သူ့လက်မောင်းကြားရှိ တိရစ္ဆာန်ငယ်လေးကို ဗလာကျင်းသောအမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အတွေးပွားနေမိသည်။ 


"ဒါဆိုလည်း သိုးထိန်းကြောင်တစ်ကောင်လိုပဲဆက်နေပြီး မင်း ခံနိုင်ရည်ရှိမရှိစောင့်ကြည့်တာပေါ့..."


ထိုအတွေးနှင့်အတူ စွေ့ချီချောင်းက ရှောင်ပိုင့်ကို အောက်ချလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ရှောင်ပိုင်...ဒါကိုကိုက်ထား.."


စွေ့ချီချောင်းက ရှောင်ပိုင့်အား တိမွေးကုဆေးရုံကပေးလိုက်သည့် ကြောင်အရုပ်တစ်ရုပ်ပါသော စျေးဝယ်အိတ်တစ်လုံးကို လှမ်းပေးလိုက်သည်။


အမိန့်နာခံတတ်အောင် သင်ကြားပြီးစဥ်တည်းက သူ့သခင်၏အထုပ်အပိုးများကို သယ်ယူပေးဖူးသည်မှာ ဤတစ်ကြိမ်က ပထမဆုံးပင်။ ကြောင်လေးက အိတ်ကို ကျိုးကျိုးနွံနွံကိုက်လိုက်ပြီး ခြေသည်းလေးများက တမင်တကာလေလား၊ အမှုမဲ့အမှတ်မဲ့လေလားမသိ အိတ်ကိုဖမ်းဆုပ်ထားချေသည်။


စွေ့ချီချောင်းက ထိုမြင်ကွင်းကို အေးတိအေးစက်စိုက်ကြည့်ရင်း ပြောလေသည်။

"မင်းက သိုးထိန်းကြောင်နဲ့မတူဘူး… မင်းသာ အကောင်ကြီးလာရင် မင်းခြေသည်းတွေကိုသိမ်းထားနိုင်တော့မှာမဟုတ်ဘူး..."


ရှောင်ပိုင်က မတိုးသာမဆုတ်သာအခြေအနေကို ရောက်နေရှာသည်။ သူက ဘာမှမဖြစ်ခဲ့သည့်အလား သူ့ခြေဖဝါးလေးကို မြေကြီးပေါ်ချလိုက်ပြီး ခြေသည်းများကို သိမ်းဝှက်လိုက်သည်။ ထို့နောက် သူ့ခြေဖဝါးကိုမြှောက်ကာ ပလတ်စတစ်အိတ်ကို ထိလိုက်ချေသည်။


"ဟမ် သူတို့က မင်းခြေသည်းတွေကို သေချာညှပ်မပေးလိုက်လို့များလား… အဲ့ဒါကြောင့် မင်းရဲ့ခြေသည်းတွေ သက်သောင့်သက်သာမဖြစ်တာနေမယ်..."


စွေ့ချီချောင်းကလည်း ရှောင်ပိုင်၏ခြေဖဝါးပြင်လေးကို ဆွဲဆိတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အလား မတ်တတ်ထရပ်လိုက်သည်။

"ကောင်းပြီ သွားကြစို့..."


ရှောင်ပိုင်လည်းထလိုက်ပြီး ပါးစပ်ထဲမှာ ပလတ်စတစ်အိတ်ကိုကိုက်လျက် စွေ့ချီချောင်းနှင့်အတူလိုက်သွားလိုက်သည်။


ဖြစ်ပျက်နေသည့်အရာများကို သေချာသဘောပေါက်သွားသည့် စွေ့ချီချောင်းက တိမွေးကုဆေးရုံမှ ပြန်လာပြီးနောက် လေ့ကျင့်ရေးကို အရှိန်မြှင့်လေတော့သည်။ မည်သို့ပင်ဆိုစေ ဒေတာအချက်အလက်များထဲမှ သိုးထိန်းကြောင်၏ဖြစ်တည်မှုအကြောင်း ဖယ်ထုတ်ထားဟန်တူသည့်ကိစ္စမှာ စက်ချွတ်ယွင်းမှုလား၊ စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းတစ်ခုလေလားဆိုသည်ကိုမူ မသေချာလှချေ။ 


တစ်နေ့တာက ယခင်အတိုင်းသာ လည်ပတ်ဆဲပင်။ စွေ့ချီချောင်းက ရှောင်ပိုင့်အား အခြေခံလှုပ်ရှားမှုများကို သင်ပေးခဲ့သည့်အချိန်ပမာဏအတိုင်း သိုးထိန်းကြောင်များ သိသင့်သိထိုက်သောအရာများဖြစ်သည့် ရေခဲသေတ္တာအဖွင့်အပိတ်လုပ်ခြင်း၊ သူတို့သခင်အတွက် သောက်စရာများ ကိုက်ယူသယ်ဆောင်လာပေးခြင်း၊ သခင်ဖြစ်သူကို ကာကွယ်ပေးခြင်း၊ အတားအဆီးများကို ခုန်လွှားကျော်ဖြတ်ခြင်း၊ အစာစားရန်မငြင်းပယ်ခြင်းနှင့် အခြားသောအရာများစွာကို လုပ်ကိုင်လာတတ်စေရန် သင်ပေးလေသည်။


ထို့အပြင် စွေ့ချီချောင်းက ရှောင်ပိုင့်အား ကန်တင်းတွင် ညဘက်နေခွင့်ပေးမည်ဟူသောအတွေးကို လက်လျှော့လိုက်ပြီး အလုပ်နှင့်အိမ်ကို အသွားအပြန်လုပ်ခိုင်းရန်သာ စီစဉ်လိုက်သည်။ အကြောင်းမှာ သူက ရှောင်ပိုင့်အား ကုန်လှောင်ရုံထဲရှိကြွက်များကို ဖမ်းပြီးရှင်းထုတ်ခိုင်းရနါ ဆုံးဖြတ်ထားသောကြောင့်ပင်။ သို့ဖြစ်ရာ ကြောင်လေးက ထိုနေရာတွင် တစ်ညလုံးအိပ်ရန်မလိုအပ်ချေ။ မည်သို့ပင်ဖြစ်စေ ရှောင်ပိုင်က ထိုအလုပ်ကို သင်ယူတတ်မြောက်လုနီးနီးပင်။


ကန်တင်းကို ရှောင်ပိုင်ရောက်ဖူးသည်မှာ ယခုတစ်ခေါက်က ပထမဆုံးအကြိမ်ဖြစ်လေရာ ၎င်းမှာ မျက်စိပွင့်နားပွင့်ဖြစ်စေသော အတွေ့အကြုံတစ်ခုပင် ဖြစ်ချေသည်။


ပထမကန်တင်းတွင် ရှောင်ပိုင်က သူ့အစ်ကိုကြီးနှင့် တွေ့ခဲ့ရပြီး ကျောင်းစျေးတန်းရှိ ကြောင်အမေကြီးမွေးထားသော ကြောင်ထီးလေးတစ်ကောင်နှင့်လည်း တွေ့ခဲ့ရသည်။ ကြောင်ထီးလေးက သူ့သခင်ဖြစ်သည့် အမျိုးသမီးအဆောင်တွင်နေသော အဒေါ်ကြီးနောက်ကို တကောက်ကောက်လိုက်နေရှာသည်။


စွေ့ချီချောင်း၏ကြောင်လေးက လက်ဆွဲနှုတ်ဆက်တတ်ကြောင်း ထိုအဒေါ်ကြီးသိသွားသောအခါ ကြောင်လေးနှင့်ကစားရန် ရောက်ချလာပေသည်။ ကံဆိုးစွာပင် စွေ့ချီချောင်းမရှိသည့်အတွက် ကြောင်လေးက မည်သူ့စကားကိုမှမနာခံသလို သူ့အမွေးကိုလည်း လုံးဝထိခွင့်မပေးချေ။ 


ရှောင်ပိုင်က အဆောင်ပိုင်ရှင်အဒေါ်ကြီးပွေ့ချီထားသော သူ့အစ်ကိုကြိီးကိုသာ အာရုံစိုက်၍ကြည့်နေလေသည်။ ထိုကြောင်ကို အကြိမ်ပေါင်းမြောက်များစွာပွတ်သပ်ပေးပြီးနောက် အဒေါ်ကြီးက သူ့ကို လက်ကမချစတမ်း ပွေ့ထားပြီး 'အချစ်ဆုံးလေး၊ကလေးလေး'ဟု တတွတ်တွတ်ခေါ်နေလေ၏။ ထိုတစ်ချိန်လုံး အဒေါ်ကြီးက သူ့အစ်ကိုကို တစ်စုံတစ်ခုစေခိုင်းခြင်းမျိုး မရှိလေကြောင်း ရှောင်ပိုင်သတိထားမိလိုက်သည်။


ကြောင်ဖြူလေးက သူ့သခင်၏ရင်ခွင်ထဲတွင် တစ်နေ့လုံးအပျင်းတစ်ပြီး ခွေခေါက်နေလျှင်ပင် အသားစားရလေသည်။ သူ ရှူးဖိနပ်ထည့်သည့်ဘူးထဲမှာပင် အိပ်ဖူးပုံမပေါ်ချေ။ အကြောင်းမှာ ညဘက်ဆိုလျှင် သူမက သူ့ကိုနမ်းရှုံ့ပြီးမှအိပ်တတ်သောကြောင့်ဟု အဒေါ်ကြီးက အခြားသူများကို ပြောပြသည်။ အဓိပ္ပါယ်ကား ထိုကြောင်လေးက အဒေါ်ကြီးနှင့် အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ရသည်ဟူသော သဘောပင်။


အမှန်ပင်။ သိုးထိန်းကြောင်များကိုလည်း အိမ်မွေးကြောင်များနှယ် သဘောထားနိုင်သည်။


ရှောင်ပိုင်က သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသောမြင်ကွင်းကို ဂရုတစိုက်ကြည့်ရှု၍ စိတ်ထဲတွင်သေချာမှတ်သားထားလိုက်သည်။ ထို့နောက် လှေကားတစ်ထစ်ချင်းတက်ကာ စွေ့ချီချောင်း၏ ရုံးခန်းထဲကို ခိုးကြောင်ခိုးဝှက်ဝင်သွားပြီး စွေ့ချီချောင်း၏ ခြေထောက်ပေါ်ကို တွယ်တက်သွားလိုက်သည်။


"မြောင်~"


စွေ့ချီချောင်းတစ်ယောက် သူ့ကိုနမ်းပြီးတိုင်း ဆေးကြောသန့်စင်ရေးလုပ်တတ်ကြောင်းကို ရှောင်ပိုင်သတိရလိုက်သည်။ သို့ဖြစ်ရာ နောင်တွင် ဖိနပ်များကို ကိုက်မချီတော့ဘဲ စွေ့ချီချောင်း၏ ရင်ခွင်ထဲတွင်သာ ပွတ်သီးပွတ်သပ်နေရန် ဆုံးဖြတ်ချက်ချလိုက်သည်။


ညင်သာနူးညံ့လှသည့် ကြောင်လေးက စွေ့ချီချောင်း၏ခြေထောက်ကို ပွတ်သီးပွတ်သပ်လုပ်ပြီး သူ့ဝမ်းဗိုက်အိအိလေးနှင့် ပန်းရောင်သမ်းနေသော ခြေဖဝါးလေးကို လှစ်ဟပြလေသည်။ သူ့အော်သံလေးမှာ ကြည်လင်ပြီး ညင်သာလှသည်။


စွေ့ချီချောင်းကလည်း ရှောင်ပိုင်၏မေးစေ့ကိုပွတ်ပေးရင်း ချီးမွမ်းလိုက်သည်။


"ရှောင်ပိုင် လိမ္မာလိုက်တဲ့ကောင်လေး..."


သူ့ချီးကျူးစကားက အဒေါ်ကြီးလောက် မရှည်လျားလှသော်လည်း စွေ့ချီချောင်းထံမှ ချီးကျူးကားကြားရရန်မှာ ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သူက ရှောင်ပိုင့်ကို လေ့ကျင့်ချိန်များမှသာ ချီးကျူးတတ်၍ပင်။


စွေ့ချီချောင်းက ရှောင်ပိုင်၏မေးစေ့လေးကို တို့ထိလိုက်ရင်း ခပ်နှေးနှေးပြောလိုက်၏။

"လိမ္မာလိုက်တဲ့ကြောင်လေး... နောက်တစ်ပတ်ကျရင် မီးကွင်းကို ခုန်ကျော်တတ်အောင်သင်ပေးမယ်နော်..."


ရှောင်ပိုင် : "..."


...



CU၏ ကျားငါးကောင်အဖွဲ့အစည်းအကြောင်း စားမြုံ့ပြန်ရမည်ဆိုလျှင် သူတို့၏ဂုဏ်သတင်းက ဆယ်နှစ်ကျော်ခန့် ကျော်ကြားခဲ့ခြင်းမျိုးပင်။ 


လွန်ခဲ့သည့်ဆယ်နှစ်ကပင် Cတက္ကသိုလ်မှကျောင်းသားဟောင်းများက သူတို့၏မိခင်တက္ကသိုလ်ကြီးကို အလည်ပြန်ရောက်လာကြသောအခါ CUကန်တင်းအကြောင်းကို စကားဝိုင်းထဲ ထည့်ပြောတတ်ကြသည်။ သူတို့ထဲက အချို့မှာ စီးပွားရေးလုပ်ငန်းခွင်တွင်ရှိကြပြီး အချို့ကမူ နိုင်ငံရေးနယ်ပယ်နှင့် အချို့ကမူ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားကို ထွက်ခွာသွားကြသည်။ 


CUကျောင်းသားဟောင်းအဖွဲ့အစည်းက ထိုလူများကိုပါ ပေါင်းစည်းပေးရန် တာဝန်ရှိလေသည်။ လွန်ခဲ့သည့်ဆယ်နှစ်ကနှင့်ယှဉ်လျှင် CUတွင် သင်ကြားရေးအဆောက်အအုံအသစ်များစွာရှိလာပြီဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိဧရိယာများကိုလည်း ပြုပြင်မွမ်းမံထားပြီးဖြစ်၏။ 


ထိုစဉ်က ကျောင်းသားသမဂ္ဂ၏ဥက္ကဋ္ဌဖြစ်ခဲ့သော ဟွမ်းဝေ့ဟယ်က ဘွဲ့ရပြီးနောက် WEမီဒီယာလုပ်ငန်းနှင့် ပထမဆုံးပူးပေါင်းခဲ့သူပင်။ ယခုမူ သူက ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ပြီဖြစ်၏။


လူအများအပြားက ရင်းနှီးသယောင်ယောင်နှင့် မရင်းနှီးတော့သည့် တက္ကသိုလ်တစ်ခွင်ကို လှည့်ပတ်ကြည့်ရှုကာ သူတို့၏ဆရာများကို သွားရောက်နှုတ်ဆက်ကြသည်။ ဟွမ်းဝေ့ဟယ်က အကြံပြုချက်တစ်ခု တင်သွင်းခဲ့သည်။


"ငါတို့တွေ နေ့လယ်ကနေ ညအထိ ဆရာတွေနဲ့တွေ့ဖို့ချိန်းထားမှတော့ ကန်တင်းမှာ ထမင်းတစ်နပ်လောက်စားကြရအောင်လေ..."


ကျောင်းသားဟောင်းအများအပြားက တံတွေးသီးတော့မတတ်ဖြစ်သွားလေသည်။

"လာနောက်နေတာလား..."


"ကန်တင်းကိုသွားမယ်တဲ့လား…ဒီညကို မကျော်နိုင်တော့မှာမကြောက်ဘူးလား..."


"တကယ်ပါကွာ… ကန်တင်းကအစားအသောက်တွေက ငါ့အတွက် သန်းခေါင်ယံအိပ်မက်ဆိုးကြီးတစ်ခုလို အမြစ်တွယ်နေတုန်းပဲ..."


"ငါတို့ ကိုယ်ပိုင်လစာကိုင်နိုင်နေတဲ့ဒီအချိန်မျိုးမှာ ကန်တင်းကိုသွားစားလိုက်ရင် ပိုချောက်ချားဖို့ကောင်းတဲ့အိပ်မက်ဆိုးကြီးဖြစ်လာမှာမဟုတ်ဘူးလား..."


"ဟားဟားဟားဟားဟားဟားဟားဟားဟား အမှန်ပဲ..."


ထိုစကားကြောင့် လူတိုင်း ပွဲကျသွားလေသည်။ ထိုစဉ်က သူတို့မှာ ပိုက်ဆံမရှိကြသည့်အတွက် အပြင်မှာသွားမစားနိုင်ဘဲ ကျောင်းကန်တင်းမှာသာ ဝယ်စားနိုင်ခဲ့သည်။ ယခုမူ သူတို့အနေနှင့် အတိတ်ကို အနည်းငယ်မျှလွမ်းဆွတ်မိချေသည်။ ထိုစဉ်က ကျောင်းကန်တင်းရှိဟင်းလျာများက အရသာဆိုးဝါးလှသော်လည်း သူတို့မှာ ပိုက်ဆံမရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက်အားပေးလျက်သာ ထိုဟင်းလျာများကို ကြိတ်မှိတ်စားသောက်ခဲ့ရသည်။


CUရှိကန်တင်းက တရုတ်နိုင်ငံရှိတက္ကသိုလ်ကန်တင်းများအကြား ကျွေးမွေးတည်ခင်းမှုအပိုင်း၌ ဂုဏ်သတင်းကောင်းတစ်ခုတည်ဆောက်နိုင်ခဲ့သည့်ကိစ္စမှာ ဟွမ်းဝေ့ဟယ်နှင့် သက်ဆိုင်သောကိစ္စတစ်ရပ်ပင်။ ထိုစဉ်က လူတိုင်းက ထူးခြားလှသည့်ဟင်းလျာများကို မည်သည့်ကျောင်းကန်တင်းက ရောင်းချလေသလဲဆိုသည်ကို ပို၍စိတ်ဝင်စားကြလေသည်။ ဟွမ်းဝေ့ဟယ်ကမူ သူ့မိခင်ကျောင်းတော်ကြီးရှိ ကန်တင်းအကြောင်းနှင့်ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ရေး၍ အင်တာနက်ပေါ်တင်လိုက်ချေသည်။ သူ့အလုပ်အကိုင်၏ ထောက်ပံ့မှုကြောင့် ထိုဆောင်းပါးက နေရာစုံပျံ့နှံ့သွားပြီး CUရှိကန်တင်း၏ဂုဏ်သတင်းကို ပိုမိုဖြန့်ကျက်နိုင်ခဲ့ပေသည်။ 


သို့သော်ငြား သူတို့ရယ်ကာမောကာ ဆွေးနွေးခန်းဖွင့်နေကြချိန်တွင် ကျောင်းသားဟောင်းအဖွဲ့အစည်း၏ အတွင်းရေးမှူးဖြစ်သူ ရှောင်ဟယ်၏အမူအရာကမူ ထူးဆန်းနေချေသည်။


ဤလူများက အသက်သုံးဆယ်ကျော်အရွယ်များဖြစ်ကြပြီး အင်တာနက်စွဲနေသူများလည်း မဟုတ်ကြပေ။ အင်တာနက်ကို မကြာခဏသုံးလေ့ရှိသူ ဟွမ်းဝေ့ဟယ်ကမူ အလွန်တရာအလုပ်များလှသည်။ ရလဒ်အနေနှင့် သူတို့ကးမှာ သူတို့မိခင်ကျောင်းတော်ရှိကန်တင်းက ယခင်ကနှင့်မတူဘဲ ပြောင်းလဲနေကြောင်း မသိခဲ့ချေ။


"အင်း... တကယ်တော့ ဥက္ကဋ္ဌစွေ့ရဲ့တူက ကန်တင်းရဲ့ကိစ္စအဝဝကို တာဝန်ယူလိုက်ကတည်းက အခုလိုသိသိသာသာတိုးတက်လာခဲ့တာပဲ… အခုဆိုရင် ကျောင်းသားတွေက ကန်တင်းကို တော်တော်သဘောကျနေကြပြီ..."

ရှောင်ဟယ်က ရှင်းလင်းချက်ထုတ်လိုက်လေ၏။


ထိုအရာမှာ ကောင်းကင်ကြီးက ကြက်သွေးရောင်မိုးစက်များ ရွာသွန်းလိုက်သည့်အလား လူတိုင်း၏စူးစမ်းလိုစိတ်ကို လှုံ့ဆော်လိုက်လေသည်။ CU၏ကန်တင်းသည် သူ့မူရင်းပုံစံကို ပြောင်းလဲလိုက်နိုင်ပေသည်။ သို့သော် ကောင်းကင်မှ ကြက်သွေးရောင်မိုးစက်များ ရွာသွန်းခြင်းထက် ပိုထူးဆန်းသည့်အရာမှာ ဥက္ကဋ္ဌစွေ့၏တူက ကန်တင်းတွင် အလုပ်လုပ်နေသည်ဟူသော ကိစ္စပင်။ ဥက္ကဋ္ဌစွေ့၏ နောက်ခံအသိုင်းအဝိုင်းကို သူတို့အားလုံး သတိပြုမိပြီးသားပင်။ 

သူ့တူဖြစ်သူက ကန်တင်းကို ဘယ်လိုများကိုင်တွယ်နိုင်မှာ တဲ့လဲ…


သူတို့က သံသယစိတ်များကို သယ်ပိုးရင်းသာ ကန်တင်းဆီသို့ ထွက်လာခဲ့လေသည်။ သူတို့က အနီးဆုံးဖြစ်သော စတုတ္ထကန်တင်းကိုသွားရန် ဆုံးဖြတ်ထားကြသည်။


ရှောင်ဟယ်က သူတို့ကိုတားလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။ 


"ပထမကန်တင်းက ဒီနေ့ သူတို့ကိုယ်တိုင်စိုက်ထားတဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေကို ရောင်းမှာတဲ့… ပထမကန်တင်းကိုသွားရအောင်လေ..."


သူတို့ ကန်တင်းကိုသွားရန် စီစဉ်ထားခြင်းဖြစ်၍ မည်သည့်ကန်တင်းကိုသွားရသည်ဖြစ်စေ ပြဿနာမရှိပေ။ ပထမကန်တင်းကိုသွားရန် လမ်းနည်းနည်းပိုလျှောက်လိုက်ရုံသာရှိ၏။ ရှောင်ဟယ်က ထိုဆိုင်ကိုသွားရန်ညွှန်းနေ၍ သူတို့လည်း သူ့ကိုမျက်နှာပေးလိုက်မည်ဖြစ်၏။


ထို့နောက်တွင် သူတို့ ပထမကန်တင်းဆီကို ထွက်လာခဲ့လိုက်ရာ သူတို့သိထားသည့်နေရာများက ယခင်ကနှင့်မတူတော့ကြောင်း တွေ့လိုက်ရသည်။ အထူးသဖြင့် တက္ကသိုလ်ထဲရှိ ချိန်းတွေ့ရာနေရာလေးမှာ ပြောင်းလဲသွားလေပြီ။ ယခုဆိုလျှင် ထိုနေရာလေးမှာ ဟင်းသီးဟင်းရွက်များနှင့် ပြည့်နှက်နေပြီး လမ်းဘေးနှစ်ဖက်ပန်းခင်းလမ်းတွင်လည်း ငရုတ်ပင်များ စိုက်ထားသေးသည်။ ပထမကန်တင်း၏ တည်ခင်းမှုအပေါ် သူတို့ မှတ်ချက်ပင်မပေးရသေးပေ။ 


ဤမြင်ကွင်းမှာ အနည်းငယ်မူမမှန်လှချေ။ လုပ်ငန်းကျွမ်းကျင်သူ ဟွမ်းဝေ့ဟယ်ကမူ မသိစိတ်၏စေ့ဆော်မှုအရ ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်သည်။


ကန်တင်းထဲကို သူတို့ဝင်သွားလိုက်သောအခါတွင်မူ ပို၍ပင်ထိတ်လန့်သွားကြရ၏။ ဤမြင်ကွင်းကိုပုံဖော်ရလျှင် လူပင်လယ်၊ လူတောင်တန်းကြီးဟု ညွှန်းဆိုရပေလိမ့်မည်။ ကန်တင်းမှာ ကျောင်းသားများနှင့် ပြည့်ညှပ်နေချေသည်။ ပြတင်းပေါက်နားရှိလူတန်းကြီးကလည်း ရှည်လျားလှသည်။ အစားအသောက်များရထားပြီးသော ကျောင်းသားများကမူ ခေါင်းငုံ့လျက် စားနေလိုက်ကြသည်မှာ အစားအစာများက အရသာရှိလွန်းလှသည့်အလားပင်။ ဟင်းနံ့က နှာဖျားကိုလာရောက်တိုးဝှေ့သည့်အခါ လူတိုင်း ဗိုက်ဆာလာလေတော့သည်။


အနံ့ရရုံမျှဖြင့် ရှောင်ဟယ် သူတို့ကိုလိမ်နေခြင်းမဟုတ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။ ဤသည်မှာ သူတို့သိထားသော ပထမကန်တင်းမဟုတ်တော့ပေ။ 


ရှောင်ဟယ်က ဆရာများအတွက်စီစဉ်ထားသောအခန်းဘက်ကို သူတို့အားခေါ်သွားလိုက်ပြီး ဝယ်ယူခွင့်ကတ်ပြားကိုထည့်ကာ စားစရာယူလိုက်လေသည်။


ကိုယ်တိုင်စိုက်ပျိုးထားသော ရေဟင်းနုနယ်ရွက် ပထမတစ်သုတ်ကို ရိတ်သိမ်းထားပြီးဖြစ်၏။ ယနေ့တွင် သူတို့က တို့ဟူးချဉ်ရောထားသော ဟင်းနုနယ်ကြော် ဟင်းလျာအသစ်ကို မိတ်ဆက်ပေးခဲ့သည်။ လူတိုင်းမှာ သူတို့စိတ်ကြိုက်ဟင်းလျာများကို ရွေးချယ်လိိုက်ကြသည်။ သို့သော် ရှောင်ဟယ်၏ အပြင်းအထန်တိုက်တွန်းမှုကြောင့် ရေဟင်းနုနယ်ကြော်ကို လူတိုင်း မဖြစ်မနေယူလိုက်ရသည်။ 


ဟွမ်ဝေ့ဟယ်က ခုံတန်းလျားတွင် ဝင်ထိုင်လိုက်သည်။ ဇွန်းခက်ရင်းနှင့် ပန်းကန်များက လွန်ခဲ့သည့်ဆယ်နှစ်တုန်းကနှင့် အတူတူ ဟူသောအချက်ကို စားမြုံ့ပြန်ရန်ပင် သူ့မှာ အချိန်မရှိချေ။ သို့သော် ထိုအစား တို့ဟူးချဉ်ရောထားသော ဟင်းနုနယ်ကြော်ကိုငေးရင်း ဘဝင်ခိုက်နေပေသည်။


WEမီဒီယာလုပ်ငန်းတွင် အလုပ်လုပ်နေစဉ်အတွင်း သူ နေရာအများအပြားကိုရောက်ခဲ့ပြီး ဂုဏ်ပြုစားပွဲအမြောက်အများကိုလည်း စားခဲ့ဖူးသည်။ သူ့အနေနှင့် လက်ရာမြောက်ဟင်းလျာအတော်များများကို မြည်းစမ်းဖူးခဲ့လေပြီ။ သို့ဖြစ်လေရာ သူ့အလုပ်က တည်ခင်းကျွေးမွေးသော ကောင်းမွန်လှသည့်ဟင်းလျာများကို ငြီးငွေ့လာပြီဖြစ်၏။ သို့မဟုတ်ပါက ကန်တင်းတွင်သွားစားရန် စိတ်ကူးရှိမည်မဟုတ်ပေ။ ထို့ပြင် အစားကောင်းများစားရင်း အတိတ်ကိုလွမ်းဆွတ်တမ်းတလာသည့်အတွက် ခါးသီးခဲ့ဖူးသော သူ့အတိတ်ကိုပြန်လည်အောက်မေ့ရင်း ပစ္စုပ္ပန်ကိုပျော်မွေ့နိုင်ရန်အတွက် ဤနေရာကိုရောက်လာခြင်းဖြစ်သည်။


သို့သော်ငြား သာမန်တို့ဟူးချဉ်ဟင်းနုနယ်ကြော်ဟင်းလျာလေးက သူ၏စားချင်စိတ်ကို လှုံ့ဆော်လိုက်နိုင်လေသည်။ မွှေကြော်ဟင်းရွက်များမှာ လတ်ဆတ်စိမ်းစိုနေပြီး ကြွပ်ရွနေသည်။ 


ရေနွေးငွေ့အပူနှင့်အတူ ရနံ့လေးက လူအပေါင်း၏အနံ့ခံအာရုံကို ဆွဲဆောင်နိုင်ပြီး အခြားဘယ်နေရာမှရှာမတွေ့နိုင်သော အရသာလည်းရှိ၏။


သူ့ဘေးရှိကျောင်းသားများဆိုလျှင် ဟင်းနုနယ်ရွက်ကို ခပ်ကြီးကြီးတစ်လုတ်ထိုးသွပ်လိုက်သည်။ ကျောင်းသားများက လေ့ကျင့်ခန်းလုပ်လာကြသည့်အတွက် ဗိုက်ဆာနေကြပုံပင်။ ထို့ကြောင့် သူလည်း ဟင်းနုနယ်ကြော်ကို အားရပါးရမျိုချလိုက်လေသည်။ ရေဟင်းနုနယ်ရွက်က သူ့ခံတွင်းထဲတွင် တကျွတ်ကျွတ်မြည်နေချေသည်။ ဟင်းနုနယ်ရွက်၏ စိမ်းလဲ့လဲ့အရောင်အသွေးနှင့် အနံ့တို့ကိုပါ ပေါင်းစပ်လိုက်သောအခါ အရွက်ကြော်အရသာက မည်မျှကြွပ်ဆတ်ပြီး လတ်ဆတ်သလဲဆိုသည်ကိုပင် တွေးကြည့်၍ရလေသည်။ကြက်သွန်ဖြူ၊ တို့ဟူးနှင့် ရေဟင်းနုနယ်ရွက်နုနုလေးတို့၏အရသာက ခံတွင်းထဲတွင် ပေါက်ကွဲသွားပြီး စွပ်ပြုတ်ရည်က သူ့သွားတန်းများအကြား စီးဆင်းသွားချေသည်။


ထိုအခိုက်အတန့်လေးတွင် ဟွမ်းဝေ့ဟယ် တံတွေးမျိုချမိလိုက်ပြီး အလွန်ဆာလောင်လာတော့သည်။



🌱🌱🌱