Chapter 14
Viewers 3k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 14

ဝန်ထမ်းအိမ်ရာမြေကွက်များကို သိမ်းပိုက်ခြင်း



ရှောင်ပိုင်က သူ့ကြောင်အသိုက်ထဲ လဲလျောင်းနေစဥ် စွေ့ချီချောင်းပြောလာသောစကားများကို ကြားလိုက်ရသည်။ သူက စွေ့ချီချောင်းကို မျက်နှာလွှဲလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားသည်။ သူ့နားရွက်လေးများ ထောင်မတ်သွားပြီး အမွေးများလည်း ဖွာသွားကြောင်းကို စွေ့ချီချောင်း သတိပြုမိလိုက်သည်။


သူ့ကြောင်လေး ကြောက်နေရှာသည်ကို မြင်သောအခါ စွေ့ချီချောင်းက ခပ်နှေးနှေး အသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ ငါ သေချာစဉ်းစားကြည့်လိုက်ပါဦးမယ်… ဆေးရုံက ဆရာဝန်တွေ ဘယ်လောက်စွမ်းဆောင်ရည်ရှိလဲဆိုတာ အရင်စုံစမ်းတာပေါ့…"


ရှောင်ပိုင်မှာ သေရမည့်နေ့ ဆိုင်းငံ့ခံလိုက်ရသည့်အလား နားရွက်ကလေးများ ညွတ်ကျသွားရှာသည်။


စွေ့ချီချောင်းက ဆိုဖာပေါ်တွင် ခဏမျှအနားယူနေသော်လည်း ရှောင်ပိုင်က ထိုသို့မဟုတ်ပေ။ သူက ခြေလှမ်းအနည်းငယ်ကို ပေါ့ပါးစွာလှမ်းလိုက်ရင်း စွေ့ချီချောင်းပေါ်ကိုခုန်တက်ကာ သူ့အား မျက်လုံးဝိုင်းကြီးများနှင့် ငေးစိုက်ကြည့်နေရှာသည်။ ထိုမျက်ဝန်းအစုံမှာ တောက်ပပြီး ချစ်စဖွယ်ကောင်းလှသည်။ ရှောင်ပိုင်က စွေ့ချီချောင်းကို ငေးနေရင်းမှ သူ့ခေါင်းလေးဖြင့် သူ့အား ပွတ်သီးပွတ်သပ်လုပ်နေလေတော့သည်။


လေ့ကျင့်ပေးပြီးနောက်ပိုင်းတွင် ရှောင်ပိုင်က တရင်းတနှီးနေပြခြင်းမျိုး သို့မဟုတ် သူ့အား တယုတယ ပွတ်သပ်ခိုင်းခြင်းမျိုး မလုပ်တတ်ပေ။


စွေ့ချီချောင်းလည်း တမင်တကာတိတ်နေလိုက်ပြီး ထိုမြင်ကွင်းကို ဆက်စောင့်ကြည့်နေလိုက်သည်။ ရှောင်ပိုင် သောကရောက်လာသည်ကို မြင်သောအခါ သူ့လက်ကိုဆန့်ထုတ်၍ ခေါင်းလေးကို ထိတွေ့လိုက်သည်။

"အိုး.. သားကြောဖြတ်မဲ့အကြောင်း ပြောပြီးမှ ဘာလို့ ပိုပြီးချစ်စရာကောင်းအောင် လုပ်ပြနေတာလဲ…"


ရှောင်ပိုင် : " ...."


စွေ့ချီချောင်းက ရှောင်ပိုင်၏ ပါးလေးကိုဆွဲဖဲ့ပြီး မျက်နှာအိအိလေးကို ပွတ်သပ်လိုက်သည်။ ရှောင်ပိုင်က မခုခံသည့်အပြင် ဗိုက်ပါလှန်ပေးလေသည်။ 


စွေ့ချီချောင်းလည်း ရှောင်ပိုင်၏ဗိုက်သားလေးကို တို့ထိလိုက်၏။

"ဟီးဟီး…"


ရှောင်ပိုင် : ငါ စိတ်ထင့်နေတယ်နော်…


………


ကိုယ်တိုင်စိုက်ပျိုးထားသော ဟင်းရွက်ပင်များကို ရိတ်သိမ်းရရှိသော အကျိုးကျေးဇူးကြောင့် သူက အသက်ကြီးပိုင်းဆရာအများစု၏ စိတ်နှလုံးကို အနိုင်ရခဲ့လေသည်။ ထိုလူများထဲတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို သေချာဂရုတစိုက်ရွေးချယ်ရတော့မည့်အရွယ်ကို ရောက်နေသူများလည်း အပါအဝင်ပင်။


ငရုတ်ဆီက စားသုံးသူ အမြောက်အများ မရှိသော်ငြား အသီးအရွက်ဟင်းလျာများကမူ လူသိများလှပေသည်။ အထူးသဖြင့် လတ်ဆတ်ပြီး အရသာရှိသော ဟင်းလျာများပင်။


စိုက်ပျိုးထားသော ဟင်းရွက်များက ဈေးတွင်ရောင်းချနေသော ဟင်းရွက်များထက် ပိုလတ်ဆတ်သည်။ သူတို့က ထိုအပင်များ၏ကြီးထွားရှင်သန်မှုကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်နိုင်၍ ထိုအပင်များကို စွေ့ချီချောင်း မည်မျှစောင့်ရှောက်ထားသည်ကိုလည်း မြင်နိုင်ပေသည်။


ဥက္ကဋ္ဌစွေ့ပင်လျှင် ပထမကန်တင်းကို အလည်လာတတ်ကြသော ပါမောက္ခအိုကြီးများနှင့် သူ့တူတို့အကြား ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားသည့်အကြောင်းကို သူ့ရုံးခန်းဆီကို သူ့တူထပ်ရောက်မလာမိီအထိ မသိခဲ့ချေ။

လွန်ခဲ့သည့်အခေါက်များကဲ့သို့မဟုတ်ဘဲ ယခုတစ်ခေါက်တွင် ဥက္ကဋ္ဌစွေ့ဘက်က ဦးစွာစကားစလိုက်၏။

"ချီချောင်း... ထပ်ခိုးပေါ်မှာ နေရာရှိမရှိ တစ်ယောက်ယောက်ကို သွားကြည့်ခိုင်းထားပြီးပြီ… အဲ့ဒီပေါ်မှာတော့ မင်း စိုက်ခင်းတစ်ခု တည်လို့မရလောက်ဘူး… ပန်းအိုးစိုက်ပင်တွေဆိုရင်တော့ ရတယ်…ဒါပေမဲ့ အဲဒါက အရေအတွက်နည်းလွန်းတော့ အလုပ်ဖြစ်မယ်လို့ မထင်ဘူး…"


" ပြောရရင် ခြင်ခြေထောက်ဆိုတာလည်း အသားတစ်မျိုးဆိုသလိုပဲပေါ့ ဦးလေး…"

စွေ့ချီချောင်း စကားဆိုလိုက်၏။


"ဒါပေမဲ့ ကျွန်တော် ဒီကိုလာတာ အဲဒီကိစ္စကြောင့်မဟုတ်ပါဘူး တခြားကိစ္စရှိလို့…"


"..."


"အိုး ဘာများလဲ..."


ဦးလေးစွေ့၏စိတ်ထဲ တွေးနေသည့်အတွေးကမူ ...


CU မှာ အပင်စိုက်ဖို့ တခြားနေရာလွတ် မရှိတော့ဘူးမလား... တက္ကသိုလ်စိမ်းလန်းစိုပြည်ရေးအတွက် ငါတို့ချန်ထားတဲ့ မြေကွက်တွေကို သုံးဖို့များ စဉ်းစားနေတာလား...


စွေ့ချီချောင်း စကားစလာ၏။

" ၀န်ထမ်းအိမ်ရာမှာရှိတဲ့ မြေနေရာလွတ်တွေက အသီးအရွက်တွေစိုက်ဖို့ အရမ်းသင့်တော်တယ်..."


ဥက္ကဋ္ဌစွေ့ : " ..."


"ချီချောင်း... ဒီကိစ္စကတော့ တကယ်ခက်လိမ့်မယ်… အဲဒီမှာ မိသားစုလိုက်နေနေကြတဲ့ ပါမောက္ခအိုကြီးတွေရှိတယ်… ဦးလေးအနေနဲ့လည်း အကြီးတွေကို မလေးမစားလုပ်လို့မရဘူးလေ..."


"အဲဒါ ပြဿနာမဟုတ်ပါဘူး..."


စွေ့ချီချောင်းပြန်ဖြေလိုက်သည်။

"သူတို့ရဲ့အမြင်ကို ကျွန်တော်မေးပြီးပါပြီ… ပါမောက္ခ ကျိုးကျန်းဝမ်ရယ် ပါမောက္ခလင်းယင်ရယ် ပါမောက္ခပိုင်ယွင်ရယ်..."


စွေ့ချီချောင်းက နာမည် အစဉ်လိုက်ကြီးကို ရွတ်ပြလေသည်။ သူတို့အားလုံးက CUတွင်သာမက ပညာရေးအသိုင်းအဝိုင်းတွင်ပါ နာမည်ကြီးကြသော ပါမောက္ခများ ဖြစ်သည်။


ဥက္ကဋ္ဌစွေ့ : "..."


စွေ့ချီချောင်းက စိတ်အေးလက်အေး ဆက်ပြောလေသည်။

"ဒါပေမဲ့ ပထမဆုံးရိတ်သိမ်းရတဲ့ဟင်းရွက်တွေကို ဆရာတွေနဲ့ သူတို့မိသားစုကို ပေးမှာပါ..."


စွေ့ချီချောင်းအတွက်မူ အစားအသောက်လေလွင့်မှုမရှိသရွေ့ မည်သူစားစား ကိစ္စမရှိပေ။


သူ့စကားကိုကြားပြီးနောက် သြဇာညောင်းလှသော ထိုပုဂ္ဂိုလ်များက သူ့တူ၏ဟင်းရွက်များကို အကောင်းမြင်ကြောင်း ဥက္ကဋ္ဌ စွေ့သဘောပေါက်လိုက်သည်။


သူပြောလိုက်သည်။

"ဒါဆို တစ်အိမ်ချင်းစီတိုင်းနဲ့ သေချာ ဆွေးနွေးကြည့်လေ… သူတို့ဘက်က လက်ခံတယ်ဆိုရင် မင်း စိုက်လို့ရပါတယ်..."


"ကျေးဇူးပါ ဦးလေး..."


ဥက္ကဋ္ဌစွေ့ထံမှ ခွင့်ပြုချက်ရပြီးသည်နှင့် စွေ့ချီချောင်းက လူထုအမြင်ကို စစ်တမ်းကောက်လေတော့သည်။ ၎င်းမှာ ခက်ခဲလှသောကိစ္စမဟုတ်ချေ။ လူတိုင်းကလည်း သူ့ဆုံးဖြတ်ချက်ကို လက်ခံကြသည်။


ပါမောက္ခအိုကြီးများက ပြောသေးသည်။

"အရင်နှစ်တွေတုန်းက ဒီပန်းခင်းကြီးမှာ ဟင်းရွက်ပင်တွေ စိုက်ချင်ခဲ့တာ… ဒါပေမဲ့ စာသင်ချိန်တွေနဲ့ အလုပ်များနေတော့ မလုပ်ဖြစ်လိုက်ပါဘူး..."


ဆရာများ၏မြေနေရာကို မည်သို့စီမံခန့်ခွဲရမည်ဆိုသည်နှင့်ပတ်သက်ပြီး စွေ့ချီချောင်းတွင် အစီအစဉ်တစ်ခုရှိသည်။


ကန်တင်း၏နံဘေးရှိ မြေနေရာအပါအဝင်ဆိုလျှင် ရိတ်သိမ်းရရှိမည့် ကောက်ပဲသီးနှံများက အရေအတွက် တိုးပွားလာနိုင်သည်ဖြစ်ရာ စတီရီယို စိုက်ပျိုးရေးနည်းလမ်းကို ပိုသုံးမည်ဖြစ်၏။


အမှန်တွင် ဥက္ကဋ္ဌစွေ့ပြောသည့် ထပ်ခိုးတွင်စိုက်သောအပင်များက စတီရီယိုစိုက်ပျိုးနည်းတစ်ခုဖြစ်သည်။

စတီရီယိုစိုက်ပျိုးရေးကို လှေကားထစ်စိုက်ပျိုးရေးဟုလည်းသိကြပြီး နေရာနှင့် အလွှာကိုခွဲ၍ စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်ပျိုးရေး မြန်ဆန်တိုးပွားအောင်လုပ်ဆောင်ခြင်းပင်။


၎င်းကို ထပ်ဆင့်ခွဲခြမ်းစိတ်ဖြာ၍ရနိုင်သေးသည်။ ဥပမာအားဖြင့်ဆိုလျှင် စွေ့ချီချောင်းက ကန်တင်း ပတ်ပတ်လည်တွင် နေရောင်၊လေဓာတ်နှင့် အခြားရင်းမြစ်များပိုရသောငြမ်းစင်များ ပြုလုပ်ချင်သည်။ ဤသည်မှာ သဘာဝနှင့်ခေတ်မီစိုက်ပျိုးရေးပေါင်းစပ်ခြင်းပင်။


တောင်ကုန်းအနောက်ဘက်တွင် စိုက်ပျိုးထားသောအသီးအရွက်များက အပင်၏အမြင့်ပေါ်မူတည်ပြီး စိုက်ပျိုးထားခြင်းဖြစ်သည်။ အခြားကောက်ပဲသီးနှံများကလည်း အပင်၏အမြင့်နှင့် တောင်ကုန်း၏တည်နေရာ အနေအထားပေါ်မူတည်၍ စိုက်ပျိုးထားခဲ့သည်။


ဆရာများအိမ်ရာတွင် သူ ဖြစ်မြောက်သွားစေချင်သော အရာမှာ တရုတ်နိုင်ငံစိုက်ပျိုးရေးတွင် ရေရှည်အသုံးပြုလာခဲ့သော အရာမျိုးပင်။ တစ်နေရာတည်းမှာပင် ကောက်ပဲသီးနှံအမျိုးမျိုးကို စိုက်ပျိုးရန်အတွက် အပင်တစ်ပင်နှင့်တစ်ပင်ကြားရှိ နေရာလွတ်ကို သူ ကောင်းစွာအသုံးချခဲ့ခြင်းဖြစ်သည်။ ဤနည်းဗျူဟာက သင့်တော်သော ကောက်ပဲသီးနှံအမျိုးအစားကို ရွေးချယ်တတ်ရန်လိုပေသည်။


စွေ့ချီချောင်းက ပြောင်းဖူးနှင့် သစ်ကြမ်းပိုးခေါက်တို့ကို အတူတကွ စိုက်ပျိုးမည်ဖြစ်၏။


သစ်ကြမ်းပိုးခေါက်က အသီးအရွက်မဟုတ်သော်ငြား သူက အမတလယ်သမားတစ်ယောက်၏သွေးကို ပိုင်ဆိုင်ထားသည့်အတွက် ထိုအရာကို စိုက်ပျိုးရန်မှာ ထိုမျှအခက်အခဲမရှိပေ။ သစ်ကြမ်းပိုးခေါက်သာမက ဂျင်ဆင်းလည်းပါသည်။


ဤနည်းအားဖြင့် အကန့်အသတ်ရှိသော မြေနေရာလွတ်များအတွင်း တပ်ဆင်ပြုပြင်မှုလုပ်ငန်းစဉ်များ ပြုလုပ်ခြင်းက သူ၏စိုက်ပျိုးလိုသောဆန္ဒများကို အကြီးအကျယ်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၏။ အနာဂတ်တွင်လည်း ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းပြီး လူတိုင်းကုသနိုင်စေရန်အတွက် ဖြန့်ဝေပေးဦးမည်သာ။


စွေ့ချီချောင်းက စိုက်ပျိုးမြေဧရိယာများ ကောင်းမွန်စွာတိုးချဲ့ထိန်းသိမ်းနိုင်ရန်အတွက် ၀န်ထမ်းသစ်များကို ဆက်လက်စုဆောင်းခဲ့သည်။ ဤကိစ္စများ၏အဆုံးတွင် ချက်ပြုတ်ရေးဝန်ထမ်းများထက် စိုက်ပျိုးရေးဝန်ထမ်းများပင် ပိုများလာလိမ့်မည်ဟု သူသံသယရှိနေမိသည်။


ဂျုံကို အခြားအပင်များနှင့် စုပေါင်းစိုက်ပျိုးမည်ဖြစ်သောကြောင့် သုံးလနှင့် သုံးလခွဲခန့်ကြီးထွားနှုန်းသက်တမ်းရှိသည့်အပင်မျိုးကို ရွေးချယ်ခဲ့သည်။


စိုက်ပျိုးရန်မျိုးစေ့များကို သူ ဂရုတစိုက်ရွေးချယ်နေစဉ်တွင် ကုန်သည်များက သူ့အတွက် အထွက်နှုန်းကောင်းသောမျိုးစိတ်များကို စိတ်အားထက်သန်စွာ အကြံပြုကြသည်။

"သူဌေး လုံကောင်း၁၂ကိုဝယ်လိုက်… တစ်ဟက်တာကို ကတ်တီသုံးသောင်းကျော် သီးနှံထွက်လိမ့်မယ်… ခင်ဗျားရဲ့လယ်သမားတွေ လန့်ဖျပ်သွားမှာသေချာတယ်… လျန်းယွီ၉၉နဲ့ လီယွီ၁၆လည်းရှိတယ် လူတော်တော်များများက အဲဒါတွေပဲ စိုက်ကြတာ..."


စွေ့ချီချောင်းက သူတို့ပြောစကားကို နားမယောင်ဘဲ ကိုယတိုင်အာရုံစိုက်ကာ ရွေးချယ်နေလိုက်သည်။

"ကျေးဇူးတင်ပါတယ်…ဘယ်ဟာက ကျွန်တော့်အတွက်အကောင်းဆုံးလဲဆိုတာ ကျွန်တော့်ဘာသာဆုံးဖြတ်ပါ့မယ်..."


အမှန်စင်စစ် ဤကုန်သည်များသာ CUကို ရောက်လာခဲ့မည်ဆိုလျှင် စွေ့ချီချောင်း၏ ကြီးကြပ်မှုအောက်က ကောက်ပဲသီးနှံများက ပုံမှန်သီးနှံများထက် အထွက်နှုန်းပိုကောင်းနေသည့် အံ့ဩဖွယ်မြင်ကွင်းမျိုးကို မြင်တွေ့ရပေလိမ့်မည်။


ယခုဆိုလျှင် ကျောင်းသားများထံမှ ဟင်းသီးဟင်းရွက်၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် စွေ့ချီချောင်းက á€žá€°á€á€­á€Żá€ˇáá€†á€”á€šá€’á€€á€­á€Żá€Ąá€œá€ťá€„á€şá€™á€Žá€…á€ąá€›á€”á€şá€Ąá€á€˝á€€á€ş လိုအပ်သည့်ပမာဏကို စတင်စဉ်းစားမိလိုက်သည်။ 

သီးနှံစိုက်ပျိုးရေးကို အရှိန်မြှင့်ဖို့များလိုသလား…


ချောမောကြင်နာတတ်သည့် သူဌေးစွေ့က ချိန်းတွေ့ရာနေရာတစ်ဝိုက်ကို မြေယာထွန်ယက်ပြီးကတည်းက CUရှိစုံတွဲများမှာ ချိန်းတွေ့ရန်အတွက် နောက်ထပ်နေရာကောင်းတစ်ခုကို ရှာဖွေခဲ့ရသည်။ သို့သော်လည်း တောင်ကုန်းက နေဝင်ချိန်ကိုကြည့်ရှုရန်အတွက် CUရှိအလှပဆုံးနေရာဖြစ်နေဆဲဖြစ်သောကြောင့် အချို့စုံတွဲများက ကြိတ်မှိတ်သည်းခံလျက် လက်ကျန်သစ်ပင်များကို နောက်ခံအဖြစ်အသုံးပြုပြီး ဓာတ်ပုံရိုက်ရန်အတွက် ထိုနေရာသို့ ဆက်လက်ချီတက်ခဲ့ကြသည်။


သို့သော် ဤဝါသနာကို စွေ့ချီချောင်းက မကြာသေးမီကပင် ဖျက်ဆီးပစ်ခဲ့သည်။


မကြာသေးမီက နေဝင်ဆည်းဆာအလှတွင် ဓါတ်ပုံရိုက်ရန် တောင်ပေါ်သို့တက်လာခဲ့ကြသော ကျောင်းသားများနှင့် ကျောင်းဝင်း၏ ကောင်းကင်ယံရှုမျှော်ခင်းကိုကြည့်လိုသော ကျောင်းသားများမှာ သစ်ပင်များအောက်ရှိနေရာလွတ်များသည်ပင် ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရသည်။ မူလက ဟင်းသီးဟင်းရွက်စိုက်ခင်းများကို သစ်ပင်များ၏ပတ်ပတ်လည်တွင် စိုက်ထားသော်လည်း ဓာတ်ပုံရိုက်၍ရနိုင်ဆဲဖြစ်သော်ငြား ယခုအခါတွင်မူ ထိုအခွင့်အရေးလေးလည်း ဆုံးရှုံးလိုက်ရလေပြီ။ စုံတွဲများမှာ တုန်တုန်ယင်ယင်ဖြင့် မေးရှာသည်။

"ဆရာတို့ ဘာစိုက်နေကြတာလဲ…"


"ဂျင်ဆင်းပင်လေ…"


ကျောင်းသားများ : "..."


"မင်းတို့တွေက တက္ကသိုလ်ကျောင်းသားတွေပဲဟာကို ဂျင်ဆင်းပင်က အပင်တွေအောက်ခြေမှာစိုက်ဖို့ သင့်တော်တယ်ဆိုတာ မသိဘူးလား…"


ကျောင်းသားများ : "..."


သူတို့က တက္ကသိုလ်ကျောင်းသားများ ဖြစ်နေသော်လည်း စွေ့ချီချောင်းကဲ့သို့ ဝါသနာမျိုးမရှိချေ။


မကြာမီ CUဖိုရမ်တွင် ပို့စ်တစ်ခု ထွက်ပေါ်လာသည်။


ခေါင်းစဉ် : အားးး á€Ąá€™á€ နယ်မြေရဲ့ နောက်ဆုံးလက်ကျန်အပိုင်းလေးကို ပထမကန်တင်းက ဖျက်ဆီးပစ်လိုက်ပြီ…


အကြောင်းအရာ : ဒီနေ့ ငါ တောင်ကုန်းအနောက်ဘက်ကို ဓာတ်ပုံရိုက်ဖို့သွားခဲ့တယ်… အဲဒီမှာပဲ လူတချို့က သစ်ပင်တွေအောက်မှာ ကောက်ပဲသီးနှံတွေ စိုက်နေကြတာကိုတွေ့လိုက်ရပါလေရော… ပြီးတော့ အဲဒါတွေက ဂျင်ဆင်းလို့လည်း ပြောကြသေးတယ်… ပထမကန်တင်းက အလှလေးစွေ့က မြေတစ်လက်မလောက်တောင် အလဟဿမဖြစ်စေနဲ့လို့ အမိန့်ပေးတယ်ဆိုပဲ…


1F: ငါ လုံးဝ မအံ့သြဘူ… ဒီနေ့ ငါတို့ကျောင်းဆောင်ဘက်မှာ လူတချို့ စင်တွေကို ရွှေ့နေကြတာတွေ့လိုက်တယ်… သူတို့ပြောတာတော့ ခေါင်မိုးထပ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်မယ်တဲ့…


2F: မဟုတ်သေးဘူး နေပါဦးဟ… နောက်များကျရင် ငါတို့ညီအစ်ကိုတွေက ဘယ်နေရာမှာသွားရန်ဖြစ်ရမှာလဲ…


3F: ရန်ဖြစ်ဖို့ စိတ်ကူးနေတုန်းလား… ဆရာတွေဆီမှာမိလို့ကတော့ အပြစ်ပေးတဲ့အနေနဲ့ ခေါင်မိုးထပ်မှာအပင်တွေရေလောင်းခိုင်းမယ်ဆိုရင် ဟာသကြီးဖြစ်နေတော့မှာပဲ…


4F : ဘာကြောက်စရာရှိလို့လဲ… သူတို့က ၀န်ထမ်းအိမ်ရာတွေကိုတောင် အလွတ်မပေးဘူးလို့ ကြားတယ်… အခုဆိုရင် ဂျုံနဲ့ သစ်ကြမ်းပိုးခေါက်ကိုတောင် စိုက်နေပြီး တချို့ဆရာတွေကဆိုရင် ကူညီပေးဖို့တောင် ဆုံးဖြတ်လိုက်ကြတာ… ဆရာတွေရဲ့ပစ္စည်းတွေသယ်ပေးရင်း ငါကြားခဲ့ရတာ တစ်ခုရှိတယ်… အငြိမ်းစားပါမောက္ခကြီးတွေက လှုပ်လှုပ်ရှားရှားလုပ်ချင်လို့ á€Ąá€˛á€’á€Žá€Ąá€œá€Żá€•á€şá€Ąá€á€˝á€€á€ş အလုပ်သမားစာချုပ်ချုပ်လို့ရမလားဆိုတဲ့အကြောင်း မေးနေသေးတယ်တဲ့…


5F : စိုက်ပြီးသွားရင် ကန်တင်းမှာ အဲဒီဂျင်ဆင်းတွေကို ရောင်းမှာလားဆိုတာ ပိုသိချင်မိတယ်…


6F: +1 ငါလည်း ဂျင်ဆင်းစားချင်တယ်… သူဌေးစွေ့ကိုယ်တိုင်စောင့်ကြည့်စိုက်ထားတာဆိုတော့ ပိုအရသာရှိပြီး ခန္ဓာကိုယ်အတွက်လည်း ပိုအကျိုးရှိမှာမဟုတ်ဘူးလား…


7F : ဖရဲသီးစိုက်ဖို့ သူဌေးစွေ့ကို တောင်းဆိုချင်ပါတယ်… နွေရာသီရဲ့ အပူဆုံးနေ့တွေမှာ ဖရဲသီးစားရတာမကောင်းဘူးလား…


8F : ဟုတ်တယ် ဖရဲသီးလည်း ရှိသင့်တယ်နော်… အဲဒီနေ့တုန်းက ပထမကန်တင်းကလူတွေ ဖရဲသီးမျိုးစေ့တွေကို စိုက်ချင်နေကြတယ်လို့ တစ်ယောက်ယောက်ပြောသံကြားလိုက်ရသေးတယ်…


9F: ခေါင်းစဉ်ကအကြောင်းအရာကို ဆွေးနွေးဖို့ စိတ်ကူးမရှိဘူးလား… ပထမ ကန်တင်းကို ဆန့်ကျင်တဲ့နေရာမှာ ငါ ဦးဆောင်မယ်…


10F : ဂျင်ဆင်းကို ငါတို့အကျိုးအတွက် စိုက်ထားတာဆိုရင် သူတို့ကို ပြစ်တင်ရှုံ့ချရမှာ ရှက်စရာကြီး…


11F: ဟုတ်တယ် သူတစ်ပါးပိုင်တဲ့အရာကိုရယူဖို့ကျတော့ သိပ်လွယ်တာ…


12F : ပထမကန်တင်းက ငရုတ်ဆီကို အလကားပေးသလို ဟင်းသီးဟင်းရွက်တွေကိုလည်း ဈေးပေါပေါနဲ့ရောင်းပေးတဲ့အပြင် ကောင်းကင်ဘုံကဆင်းသက်လာတဲ့လူချောလေးတစ်ယောက်ကိုလည်း ရထားသေးတာလေ… အပေါ် ကိုးလွှာကလူက ဘာကို မကျေမနပ်ဖြစ်နေတာလဲ…


13F : ငါ ပီတိဖြစ်မိပါရဲ့ကွာ ဟားဟားဟား...ပထမကန်တင်းရဲ့သူဌေးကိုလည်း အရမ်းလေးစားမိတယ်… သစ်ပင်တွေအောက်မှာပါမချန် အကုန်စိုက်ပျိုးရေးလုပ်တဲ့အပြင် ခေါင်မိုးတွေမှာပါ အပြည့်ပဲ… မင်းတို့ကျောင်းက နန်ဟိုင်မြို့ရဲ့ဒုတိယစိုက်ပျိုးရေးတက္ကသိုလ်ပဲလို့ တစ်ယောက်ယောက်က ပြောလာရင်လက်ခံမှာလား…


14L : လက်ခံတယ် လက်ခံတယ်… နန်ဟိုင်စိုက်ပျိုးရေးCUကျောင်းဖြစ်ရလည်း ပြဿနာမရှိပါဘူး…


15L: ငါ့မှာ မေးခွန်းတစ်ခုပဲ ရှိတယ်… ပြောင်းဖူးက ချိုလား။ စေးစေးပိုင်ပိုင်ရောရှိလား…


ယခုအချိန်တွင် CU ဖိုရမ်၏ ဆွေးနွေးမှုအသံက လက်တွေ့ကမ္ဘာရှိ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်၏ မှတ်ချက်ပေးသည့်ဧရိယာနှင့် ထပ်တူကျနေလေသည်။


အစီအစဉ်၏ဒုတိယအပိုင်းတွင် ရင်းနှီးနေပြီးသားဖြစ်သည့် စွေ့ချီချောင်းစိုက်ပျိုးရေးလုပ်နေသည့်မြင်ကွင်းကို မြင်တွေ့ရသောအခါတွင် ပရိသတ်များက ခံစားချက်မျိုးစုံကို ခံစားခဲ့ကြရသည်။ ဤတစ်ကြိမ်မှာမူ သူတို့ နောက်ဆုံးသော မျှော်လင့်ချက်အပိုင်းအစလေးတစ်ခုပင် ချန်မထားတော့ချေ။ တောင်ကုန်းပေါ်တွင်ဓာတ်ပုံရိုက်ချင်နေသောကျောင်းသားများကို တိုက်ရိုက်မောင်းထုတ်ပြီး စုံတွဲများကို သွားစရာနေရာမရှိအောင် နှင်ထုတ်ပစ်ခဲ့သည်။ ကျောင်းသားများကမူ မကျေမနပ်ဖြစ်လျက်သာ ထွက်ခွာသွားကြရရှာသည်။


ဤအပိုင်းမှာ ချစ်စရာကောင်းလှသော ကြောင်လေး၏အခန်းများကို လျှော့ပြီးရိုက်ပြထားလေသည်။ အကြောင်းမှာ LJJ ကုမ္ပဏီက ၎င်းမှာ Bugတစ်ခုမှန်းသိသွားသောကြောင့် ပရိသတ်များသတိမပြုမိစေရန် ကြိုးစားနေကြသောကြောင့်ပင်။ ဤခေတ်တွင် သိုးထိန်းကြောင်များမရှိသောကြောင့် ပရိုဂရမ်မာများက ထိုအရာကို အရေးတကြီးပြုပြင်ရန်လိုအပ်သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို ရှာမတွေ့ခဲ့ပေ။


သူတို့ အချို့သော ရိုက်ချက်များကိုသာဖြတ်တောက်ပြီး ထိုအရာကို ပရိသတ်များသတိမပြုမိအောင် ရှောင်ရှားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို သိသွားကြမည်ဆိုလျှင် ratingမြှင့်ရန်အတွက် စွေ့ချီချောင်းကို Plug-inဆီသို့ တမင်တကာပို့ထားခြင်းဖြစ်သည်ဟု ပရိသတ်များက ထင်မြင်သွားကြမည်ဖြစ်၏။


ပထမပိုင်းအပြီးတွင် သူတို့တွေ့ကြုံခံစားရသမျှကို အခြားသူများလည်း ခံစားရစေရန်ရည်ရွယ်၍ ကြည့်ရှုသူအများအပြားက ဤအစီအစဉ်ကိုကြည့်ရှုရန် အခြားသူများကို အကြံပြုကြလေသည်။


ထိုအစီအစဉ်မှာ အထူးလှပသော ကျောင်းတွင်းပရိုဂရမ်တစ်ခုဖြစ်ပြီး ငယ်ရွယ်နုပျိုသောလေထုနှင့် ချောမောလှသောဇာတ်လိုက်များလည်းပါသည်ဟု ညွှန်းပေးကြလေတော့သည်။


မျှော်လင့်ချက်များစွာထားလျက် အစီအစဉ်ကိုလာကြည့်ကြသူများမှာ အမှန်တကယ်ကြည့်လိုက်ကြသည့်အခါတွင်မူ ပဟေဠိဖြစ်သွားရလေသည်။


ကြည်နူးဖွယ်ကျောင်းဝင်းလောကဆိုတာ ဘယ်မှာလဲ...


ဒါက ဘာကြီးလဲ ....


အဆိပ်ပြင်းလှသော ဤအစီအစဉ်ကမူ ပရိသတ်အာရုံကို ဆွဲဆောင်ရန်အတွက် အခြားနည်းလမ်းတစ်ခုကို အသုံးပြုလာခဲ့သည်။ ဒုတိယအပိုင်းကို ထုတ်လွှင့်သောအခါတွင်မူ သူတို့ မကျေမနပ်ပင်မဖြစ်နိုင်တော့ဘဲ ဖန်သားပြင်ရှေ့တွင် အချိန်ပြည့်ရှိနေကြလေသည်။ လူတိုင်းက အစီအစဉ်ကိုတစ်ယောက်တည်းကြည့်ရှုခံစားရခြင်းမှာ ပျော်စရာမကောင်းကြောင်း၊ အတူတူအတွန့်တက်ခြင်းကပိုကောင်းကြောင်း သဘောပေါက်သွားကြသည်။


[စွေ့ချီချောင်းက လူရောဟုတ်သေးရဲ့လား… သူ ဂျင်ဆင်းပင် စိုက်နေတယ်ဟ…]


[မဟုတ်ဘူး မဟုတ်ဘူး… သူက လယ်သမားနတ်ဘုရားပဲ…]


[စုံတွဲတွေ အရမ်းသနားစရာကောင်းတာပဲ… စွေ့ချီချောင်းက သူကိုယ်တိုင် ရည်းစားမရှာချင်သလို သူများကိုလည်း ချစ်ခွင့်မပေးဘူး… သူက အဆိပ်အပြင်းဆုံးဧကရာဇ်နှလုံးသားကိုပိုင်ဆိုင်ထားတာပဲ…]


[ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ်…]


[ငါရူးတော့မယ်… သူဒီလိုလုပ်နေပေမဲ့ ငါမမုန်းနိုင်ဘူး… ဘယ်လိုလုပ်ရမလဲ… စွေ့ချီချောင်း...ကျေးဇူးပြုပြီး တစ်ယောက်ယောက်နဲ့ချိန်းတွေ့ပါတော့…]


[သဘောတူပါတယ်… စွေ့ချီချောင်းက လူသားတစ်ယောက်မဟုတ်ဘူး… ရက်စက်တဲ့ လယ်သမားနတ်ဘုရားတစ်ပါးပဲ…] 



🌱🌱🌱