Chapter 15
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 15

အစားအသောက် ရီဗျူး



ရှောင်ပိုင်သာ ထိုမှတ်ချက်များကိုမြင်ပါက သူလည်း ထိုမှတ်ချက်များကို ထောက်ခံလိမ့်မည်သာ။ စွေ့ချီချောင်းက စင်စစ်ရက်စက်လှသော အသည်းနှလုံးပိုင်ရှင် လယ်သမားနတ်ဘုရားပင်။ á€¤á€™á€­á€…ယဆဏက္ဏင်ကဟဎးက ကန်တင်းအနောက်ဘက်ရှိ မြေကွက်အသေးလေးကို ဘဲမွေးမြူရန်ဟုဆိုကာ အကာအရံများဖြင့် ပိတ်ဆို့ထားချေသည်။ 


စွေ့ချီချောင်းက ဘဲပေါက်တစ်ဒါဇင်မျှ ရွေးချယ်၀ယ်ယူရန်အတွက် လယ်သမားဈေးကို သီးသန့်သွားရောက်ခဲ့သည်။ တစ်ကောင်ချင်းစီက အဝါဖျော့ရောင်တောဝမ်းဘဲမျိုးဖြစ်ပြီး နှစ်မျိုးအသုံးဝင်လေသည်။ သူတိုက ဥလည်းရနိုင်သလို အသားလည်းဖြစ်၏။ ထိုဘဲများဥသော ဘဲဥများက အထွက်နှုန်းမြင့်ပြီး ထိုဘဲများက မည်သည့်ပတ်ဝန်းကျင်တွင်မဆို ရှင်သန်နေထိုင်နိုင်ကြသည်။


ထိုဘဲများကို ကာကွယ်ဆေးထိုးထားပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးပေးထားသည်။ သို့သော် လတ်တလောတွင် သူတို့ကို ဘဲခြံထဲတွင်သာ ထည့်ထားရပြီး အရွယ်ရောက်လာမှသာ ရေထဲကို လွှတ်ပေး၍ ရမည်ဖြစ်၏။


ရေအတွက်ကမူ သေချာပေါက် ကျောင်းထဲရှိ ကြာပန်းရေကန်ကြီးရှိသည်သာ။


စွေ့ချီချောင်းက ကြောင်လေးကို ဘဲများရှိရာဆီသို့ ခေါ်လာသည်။

"ဒီမှာ ထိန်းစရာ ဘာသိုးမှမရှိဘူး… ဒါပေမဲ့ ဘဲတွေတော့ ထိန်းလို့ရတယ်… ဘယ်သိုးထိန်းကြောင်က ကြက်တွေဘဲတွေကို ညီညီညာညာ နေထိုင်ပြုမူတတ်အောင် မထိန်းကျောင်းနိုင်လို့လဲ..."


သိုးထိန်းကြောင်ပင် မဆိုထားနှင့် ဤခေတ်ရှိသိုးထိန်းခွေးများပင် သိုးထိန်းနိုင်စွမ်းမရှိတော့ချေ။


ရှောင်ပိုင် : " ...."


ဘာလို့...ဘာလို့ စိုက်ပျိုးရေးမှာကူလုပ်ပေးဖို့ ဆွဲခေါ်ခံလိုက်ရတာလဲဟ....


ယခုလက်ရှိတွင် ရှောင်ပိုင်ထံ၌ အတွေးတစ်ခုသာရှိသည်။

အဲဒီအစား မီးကွင်းခုန်တာကိုသင်လိုက်ရင် ပိုကောင်းမလား…


ကန်တင်းနယ်မြေကို ဘိလပ်မြေနှင့်ခင်းထားသည်ဖြစ်ရာ ဘဲများကို အစာကျွေးရန်အတွက် မြက်ခင်းပြင်မရှိချေ။ ခြံခတ်မွေးမြူထားရမည့် အချိန်ကာလအတောအတွင်း ဘဲများကို အစာများများကျွေးရန် လိုအပ်လိမ့်မည်။


စွေ့ချီချောင်းနှင့်ကသူ့ဝန်ထမ်းများက ထိုတာဝန်ပြီးမြောက်အောင်မြင်ရန်အတွက် နိုင်လွန်ပိုက်ကွန်များကို ယူလာကြပြီး နေစရာခြံဝင်းလေး လုပ်ပေးကြသည်။ခြံ၏ဘေးဘက်ရှိမြေမှာမူ သဲထူပြီး ရင့်မှည့်ချိန်နောက်ကျသော ဖရဲသီးမျိုးရှိ၏။ ၎င်းတို့ ရင့်မှည့်လာမည့် အချိန်ဆိုလျှင် နွေရာသီအားလပ်ရက်ကိုရောက်ပြီ ဖြစ်၏။


တက္ကသိုလ်ရှိဆရာများက စွေ့ချီချောင်း ဘဲမွေးထားသည်ကို သိသွားသောအခါ နောက်ပိုင်းဥလာမည့်ဘဲဥများကို တရုတ်နှစ်သစ်ကူးတွင်သုံးရန် ရည်ရွယ်၍ နှစ်ကုန်ပိုင်းမှယူမည့်ဘဲဥများကို ယခုကတည်းက ကြိုမှာယူထားရန် ဝိုင်းအုံလာကြတော့သည်။ 


လူတိုင်းလူတိုင်းက သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ စွေ့ချီချောင်းအပေါ် ယုံကြည်မှုထားရှိလာကြသည်။


ရှောင်စွေ့၏စိတ်ဝင်စားမှုကို မည်သည့်အရာက လှုံ့ဆော်လိုက်သည်ကို သူတို့မသိသော်လည်း သူက သူ့အလုပ်ကို အလွန်အလေးအနက်ထားပြီး လုံ့လစိုက်ထားသည့်အပြင် တက်တက်ကြွကြွလည်းရှိ၏။ အရေးကြီးဆုံးကိစ္စကမူ အသီးအရွက်များသည်လည်း အလွန်အမင်း အရသာရှိလှခြင်းပင်။


စွေ့ချီချောင်းပျိုးထောင်ထားသောဘဲများကလည်း ဆိုးရွားနေမည်မဟုတ်ပေ။ ဘဲများကိုလည်း သူတို့ အတိုင်းသားမြင်နေရသည်ဖြစ်ရာ စွေ့ချီချောင်းက ဘဲများကို မကောင်းသောအစားအစာများ မကျွေးထားသည်ကိုလည်း မြင်နေရသည်။ 


မကြာသေးမိီက စွေ့ချီချောင်းက အဆိုပြုလွှာများထဲမှ Feedbackများကို စစ်ဆေးကြည့်လိုက်သောအခါ အများစုမှာ အတူတူချည်းသာဖြစ်သညမ။


'တစ်လောလေးကမှစိုက်ထားတဲ့ ပြောင်းဖူးတွေက ချိုလား... စေးလား…'


စွေ့ချီချောင်းက ပြောင်းဖူးကို စိုက်ပျိုးစဉ်က ထိုအကြောင်း လုံးဝဂရုမစိုက်ခဲ့ပေ။ သူ ထိုအကြောင်းကို တွေးလိုက်ပြီး ကျောင်းသားများကို ပြန်ဖြေပေးရန် ကန်တင်းဝန်ထမ်းများကို ပြောလိုက်သည်။

အကုန်လုံးက ချိုတယ်...


စေးပိုင်ပိုင်ပြောင်းဖူးအရသာကို ပိုကြိုက်ကြသော ကျောင်းသားအချို့က စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သူတို့က စေးပိုင်ပိုင်ပြောင်းဖူး၏ နူးညံ့ပြီး စေးကပ်သည့်အရသာကို ပိုနှစ်သက်ပေသည်။


စွေ့ချီချောင်းက ကျောင်းသားများ၏ အရသာ နှစ်သက်မှုများအကြား အားပြိုင်မှုကို အာရုံမစိုက်ချေ။ သူ အဓိကအာရုံစိုက်သည့်အရာမှာ ကောက်ပဲသီးနှံများအထွက်နှုန်းတိုးတက်ရေးအတွက် လုပ်နေသောလက်ရှိ အလုပ်ပင်။


စွေ့ချီချောင်းက ဤအယူအဆအတွက် အချိန်အားလုံးကို မြှုပ်နှံထားပြီး ငွေကြေးများကိုလည်း နှစ်ကြိမ်တိတိစစ်ဆေးခဲ့သည်။ သူ စမ်းသပ်ကိရိယာများနှင့် လယ်ယာထွန်ယက်ပစ္စည်းများဝယ်ယူရန် ငွေကြေးတတ်နိုင်သည်ကို သတိထားလိုက်မိသည့်အတွက် တောင်ကုန်းအနောက်ဘက်သို့သွားကာ ထိုပစ္စည်းများကို ဦးစွာစမ်းသပ်ခဲ့သည်။


မှတ်ဉာဏ်တုလေယာဉ်ပေါ်ကို သူရောက်လာပြီးနောက်မှာ သူစိုက်ခဲ့သည့်ပထမဆုံးအပင်က ငရုတ်ပင်ဖြစ်သည်။ အပင်တစ်ပင်ကို တိုးတက်ပြုပြင်ရေးလုပ်ရန် ရွေးချယ်ရမည်ဆိုလျှင် ငရုတ်ပင်ကို သူ ဦးစွာရွေးချယ်ရမည်သာ။


မျိုးစေ့အသစ်များကို ပျိုးထောင်ရန်အတွက် á€ˆá€ąá€¸á€€á€˝á€€á€şá€™á€ž မျိုးကောင်းသောငရုတ်များကို ရွေးချယ်၍ မိခင်မျိုးစေ့အဖြစ်မွေးမြူပြုပြင်ပြီးနောက် မျိုးစပ်ရန်အတွက် မည်သည့်ငရုတ်ကို အထီးမျိုးစေ့အဖြစ်အသုံးပြုသင့်ပြီး မည်သည့်ငရုတ်ကောင်းကို အမမျိုးစေ့အဖြစ်အသုံးပြုသင့်ကြောင်း ဆုံးဖြတ်ရမည်သာ။


မိခင်ပစ္စည်းများရွေးချယ်ခြင်းမှစ၍ ထုတ်လုပ်ခြင်းနှင့်နမူနာယူခြင်းလုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ပုံမှန်အားဖြင့်ဆိုလျှင် မျိုးစေ့အမျိုးအစားအသစ်တစ်ခုမွေးထုတ်ရန်အတွက် အနည်းဆုံး သုံးနှစ် သို့မဟုတ် လေးနှစ်ခန့်ကြာမြင့်သည်။


လေးနှစ်ဟူသောကာလက ကျောင်းသားအသုတ်တစ်သုတ် ဘွဲ့ယူရန်ကြာချိန်ပင် ဖြစ်သည်။ ထိုကာလတွင် စွေ့ချီချောင်း ဤအစီအစဉ်ကိုအသံသွင်းပြီးစီး၍ ပြန်သွားရတော့မည့်အချိန်လည်း ဖြစ်၏။ ထုတ်လုပ်မှုနှင့် တည်းဖြတ်ခြင်းလုပ်ငန်းစဉ်ကြီးဆိုလျှင် နှစ်အတော်ကြာမြင့်ဦးမည်သာ။


တစ်ဖက်တွင်မူ စွေ့ချီချောင်းက သာမန်လူမဟုတ်ပေ။ အမတလယ်သမားမျိုးရိုးက သူ့အား သဘာဝကိုချစ်မြတ်နိုးတတ်စေရန် တွန်းအားပေးခဲ့သည်။ ဤနေရာတွင်မူ မွေးမြူရေးခြံများစွာ မရှိပေ။ ဥပမာအားဖြင့် ပြင်ဆင်နေစဉ်အတောအတွင်း သူ သီးနှံမျိုးပေါင်းများစွာကို အသုံးမပြုဘဲ လက်တွေ့သုံးနိုင်သည်ဟုယုံကြည်ရသော သီးနှံအနည်းငယ်ကိုသာရွေးချယ်ခဲ့သည့်အတွက် စမ်းသပ်ချိန်များစွာကြာမြင့်မည့်အရေးမှ သက်သာခဲ့သည်။


၎င်းက စွေ့ချီချောင်း၏ ပထမဆုံးကြိုးပမ်းမှုဖြစ်လေရာ ရလဒ်ကိုလည်း မြင်လိုစိတ်ပြင်းပြနေသည်။


"ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"က အစားအသောက်နှင့်ပတ်သက်သော အကြောင်းအရာများကို ထုတ်လွှင့်သည့် WEမီဒီယာဌာနတစ်ခုဖြစ်ပြီး ထိုဌာနကို အဖွဲ့ဝင်ဆယ့်ငါးဦးဖြင့် ဖွဲ့စည်းထားသည်။ ဌာနက အိမ်လုပ်ဟင်းလျာပြုလုပ်နည်းလမ်းညွှန်များကဲ့သို့သော အကြောင်းအရာများကို ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ ပရိသတ်အရေအတွက် အခြေခိုင်လာပြီးနောက်တွင် သူတို့က စိတ်ဝင်စားဖွယ်ကောင်းသည့်စားသောက်ဆိုင် သို့မဟုတ် စျေးကြီးသောစားသောက်ဆိုင်များကို ရှာဖွေကာ သူတို့၏Subscriberများအတွက် အစားအသောက်ဝေဖန်စာများ ရေးကြ‌တော့သည်။ သူတို့ဖန်တီးထားသည့် အကြောင်းအရာများက ကြော်ငြာအကြောင်းအရာတချို့ရောနှောထားခြင်းပင်။


Wechatတွင်တင်ထား‌သော ဟွမ်းဝေ့ဟယ်၏ဆောင်းပါးကို တွေ့လိုက်ရသောအခါ ရသာမြိန်ဟင်းလျာဒဏ္ဍာရီ၏အယ်ဒီတာက သူတို့၏Contentဖန်တီး‌ရေးအတွက် ပထမကန်တင်းကိုရွေးချယ်လိုက်သည်။


နောက်ဆုံးအနေနှင့် ဆွေးနွေးမှုအပြီး၌ ထိုအကြောင်းအရာတွင် အနည်းငယ်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။


လမ်းဘေးဆိုင်ပင်ဖြစ်စေ၊ အဆင့်မြင့်စားသောက်ဆိုင်ပင်ဖြစ်စေ သူတို့ ယခင်က ဝေဖန်ခဲ့ဖူးသည်။ တစ်ခါကဆိုလျှင် ဆောင်းပါးတစ်ပုဒ်ရေးရန်အတွက် တစ်ပါးသူ၏အိမ်အထိသွားခဲ့ဖူးပြီး ပရိတ်သတ်များအား 'ထိုနေရာရှိအစားအသောက်ကို ဘယ်လိုဝယ်စားရမလဲ' ဟူ၍ နှမြောတသဖြစ်သွားအောင်အထိ လုပ်နိုင်ခဲ့သည်။ အတိုချုပ်အားဖြင့်ဆိုရလျှင် အကဲဖြတ်ရေးနယ်ပယ်က အလွန်ကျယ်ပြန့်လှသည်။


သို့သော်လည်း WE မီဒီယာအသင်းပင်လျှင် ကန်တင်းတစ်ခုကို အကဲဖြတ်ခဲ့ဖူးခြင်းမရှိပေ။


အထူးသဖြင့် တက္ကသိုလ်ကန်တင်းတွင် ကျွေးမွေးတည်ခင်းသော အစားအစာများက အိုးကြီးဟင်းလျာများသာဖြစ်သည်။


ဟွမ်းဝေ့ဟယ်၏ဆောင်းပါးကြောင့် အချိန်အတန်ကြာအောင် အချေအတင်ဆွေးနွေးပြီးနောက်တွင် အစားအသောက်၏အရည်အသွေးမှာ အမှန်တကယ် ထူးကဲကောင်းမွန်ပါက ထိုစာစုက ဆန်းသစ်ပြီး မျက်စိကျဖွယ်ကောင်းနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ ခေါင်းစဉ်ရွေးချယ်ပြီးနောက်တွင်မူ တည်းဖြတ်သူနှစ်ဦးဖြစ်သည့် နှမ်း‌ထောင်းနှင့်ဆန်လုံးကို နန်ဟိုင်မြို့သို့ စေလွှတ်ခဲ့သည်။


အချို့သောကုမ္ပဏီများက ကြားဖြတ်လုရန်အတွက် အထူးအစီအစဉ်များ ပြုလုပ်ထားတတ်ကြသောကြောင့် ထိုနေရာ၌ ရိုက်ကူးရေးလုပ်မည့်အကြောင်းနှင့် သူတို့၏ရည်ရွယ်ချက်ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သူတို့က CUကျောင်းသားများကို တိတ်တဆိတ်ဆက်သွယ်လိုက်ပြီး သူတို့၏အစားအသောက်ဝယ်ယူခွင့်ကတ်များကိုငှားရမ်းရန် အခကြေးငွေပေးခဲ့သည်။


နှမ်း‌ထောင်းနှင့်ဆန်လုံးတို့က ဤဆောင်းပါးအယ်ဒီတာများ၏ ကလောင်နာမည်များဖြစ်ပြီး သူတို့အချင်းချင်းလည်း ဤအမည်ဖြင့်သာ ခေါ်ဝေါ်လေ့ရှိသည်။ CU ရှိပထမကန်တင်း၏ တတိယထပ်ကို ခြေချလိုက်ချိန်ဝယ် သူတို့၏နှလုံးသားထဲတွင် ခံစားချက်များပေါက်ကွဲထွက်လာသည်။ ယခင်က သူတို့တင်ဆက်ခဲ့သည့် အစားအသောက်ဆောင်းပါးများက အလွန်နွမ်းပါးလှသည့် ဈေးတွန်းလှည်းများအကြောင်းဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် အလွန်အမင်းအလှဆင်ထားသောစားသောက်ဆိုင်ကြီးများအကြောင်း ဖြစ်သည်။


ပထမကန်တင်းရှိ ထမင်းစားစားပွဲရှည်နှင့် ခုံတန်းရှည်များကို အပြာရောင်ခြယ်ထားသည်။ ကြမ်းပြင်များကို အဖြူရောင်ကြမ်းခင်းကြွေပြားခင်းထားပြီး ထမင်းစားပန်းကန်များအားလုံးကို အစွန်းခံသံမဏိသားစစ်စစ်ဖြင့် ပြုလုပ်ထားသည်။ နံရံပေါ်တွင် "အလဟဿဖြုန်းတီးခြင်းက ရှက်စရာတစ်ခုပါ" နှင့် "ပန်းကန်ထဲရှိအစားအစာတိုင်းသည် အလုပ်ကြိုးစားထားခြင်း၏သက်သေပင်" စသည့်ဆောင်ပုဒ်များ ကပ်ထားသည်။ ထိုအရာအားလုံးက ပုံမှန်တရုတ်ကျောင်းတစ်ခု၏ ရိုးရိုးရှင်းရှင်းခမ်းနားလှသော တစ်မူထူးသည့်ပုံစံကို လိုက်နာထားသည်။


သူတို့ မီနူးကို ကြည့်လိုက်ကြသည်။ ဟင်းလျာများက အလွန်ရိုးရှင်းလှသည်။အာလူးနှပ်၊ ကြက်ဥမွှေကြော်၊ ဟင်းနုနွယ်ရွက်၊ တို့ဟူးဆီစိမ်၊ အသားစဉ်းကောနှင့် ခရမ်းသီး...


နှမ်းထောင်းနှင့်ဆန်လုံးက မှန်းဆရခက်သော ခံစားချက်များဖြင့် မတူညီသော ဟင်းလျာများကို ရွေးချယ်မှာယူလိုက်လေရာ ထမင်းမမှာလိုက်ရပါဘဲ အဆင့်မြှင့်ဟင်းလျာအားလုံးနီးပါး မှာမိသွားကြသည်။


ဟင်းပွဲများရောက်လာသည့်အခါတွင်မူ သူတို့၏ ပထမကန်တင်းအပေါ် အမြင်ပြောင်းသွားလေသည်။ ထူးခြားလှသော အရေးအသားကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်ထားသော ဟွမ်းဝေ့ဟယ်က အစားအသောက်၏အရသာကို အတိုချုပ်ပြီးဖော်ပြနိုင်စွမ်းမရှိဟု တွေးမိလာကြသည်။ ထိုသို့မဟုတ်ပါက နှစ်ယောက်သားသည် အရသာရှိလှသောဟင်းလျာများကို မြင်‌နေရသည့်အချိန်အထိ သွားရည်ယိုမိမည် မဟုတ်ချေ။


ဆန်လုံးက အမှတ်တမဲ့နောက်ပြန်လှည့်လိုက်ပြီး လူတန်းကြီး၏ရှေ့ဆုံးက လူကို တားလိုက်သည်။

"ခဏလေးပါ။ ကျွန်တော် ထမင်းမှာဖို့မေ့သွားလို့…ထမင်းမှာချင်သေးတယ်..."


"မင်းပဲ ထမင်းမမှာချင်ဘူးလို့ ပြောတာမဟုတ်ဘူးလား..." 

အစားအသောက်တည်ခင်းရေးတာဝန်ရှိသူ အဒေါ်ကြီးက ပြောသည်။


"ကျွန်တော်လိုချင်တယ် လိုချင်တယ်… မေ့သွားလို့..." 


ဆန်လုံးက သူ့ပန်းကန်ပေါ်တွင် ထမင်းထည့်ရန်နေရာမရှိတော့သည်ကို မြင်သောအခါ သူပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပါဆယ်ဘူးထဲမှာထည့်ပေးပါနော်.." 


နှမ်း‌ထောင်းကလည်း ကမန်းကတန်းလှမ်းပြော၏။

"နှစ်ပွဲနော်..."


ထမင်းနှင့်တွဲစားရမည့်ဟင်းလျာက များစွာရှိသည်။ ထမင်းသာမရလျှင် နောက်မှ ပျာယာခတ်နေပေလိမ့်မည်။


သူတို့ မည်မျှဗိုက်ဆာနေပါစေ၊ အလုပ် ဦးစွာလုပ်ရမည်ဖြစ်၍ သူတို့အိတ်ထဲမှ DSLRကင်မရာကို ထုတ်ယူပြီး ရိုက်ကူးရေးစလေသည်။ ထိုမြင်ကွင်းက ကျောင်းသားများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ သို့သော်လည်း တက္ကသိုလ်တစ်ခွင်မှာ လူထူးဆန်းများမရှိခြင်းမျိုးတော့မဟုတ်ပေ။


ဓါတ်ပုံရိုက်ပြီးနောက်တွင် နှမ်းထောင်းက စိတ်နှင့်လူပြန်ကပ်သွားပြီး ဟင်းလျာအသစ်ကိုမြည်းစမ်းရန် ပန်းကန်ပြားများကို ကောက်ကိုင်လိုက်သည်။


ဤသည်မှာ ပထမကန်တင်း၏ ကိုယ်တိုင်စိုက်ပျိုးထားသော ‌မုန်ညင်းရွက်ကြော်ဖြစ်သည်။ ၎င်းက ရေဟင်းနုနယ်နှင့်တိုဟူးချဉ်တို့ထက် မွှေကြော်ရပိုလွယ်သည်။ ပြင်ဆင်ချက်ပြုတ်ရာတွင် ဆီ၊ ဆားနှင့် ကြက်သွန်ဖြူကိုသာ အသုံးပြုရသည်။ မုန်ညင်းရွက်များက ဘဲဥပုံသဏ္ဍာန်ရှိပြီး မုန်ညင်းဖြူနှင့်ဆင်တူသော အစိမ်းနုရောင်ရှိသည်။


ကန်တင်းဟင်းလျာဖြစ်သောကြောင့် ဂရုတစိုက်ပြင်ဆင်ထားခြင်းမရှိသကဲ့သ်ို့ အပိုင်းပိုင်းလှီးဖြတ်ထားခြင်းလည်း မရှိချေ။ ကြက်သွန်ဖြူနှင့်သာ အနည်းငယ် လှိမ့်ကြော်ထားသော်လည်း ဟင်းရွက်၏အရောင်အဆင်းမှာ လတ်ဆတ်စိမ်းစိုနေသည်။ အစိမ်းရောင်အရွက်များသည်လည်း အဖြူရောင်ပင်စည်ရိုးများနှင့် ချိတ်ဆက်ထားသည်။


နှမ်းထောင်းက မုန်ညင်းကြော်တစ်ဖတ်ကို ကောက်ကိုင်ပြီး ပါးစပ်ထဲသို့သွပ်ထည့်လိုက်သည်။ သူ ပထမဆုံးစားလိုက်သည့်အရာက ပင်စည်ပိုင်းအပြည့်ပင်။ ကိုက်ဝါးလိုက်ချိန်တွင် ကြွပ်ကြွပ်ရွရွမြည်သံနှင့်အတူ ချိုမြမြဟင်းရွက်အရည်အရသာကို ခံစားလိုက်ရသည်။ အလွန်ချိုလွန်းလှသဖြင့် နှမ်း‌ထောင်းသည် ယခင်က သူစားခဲ့ဖူးသောမုန်ညင်းရွက်များက အတုများဟုပင် တွေးမိလာသည်။


သူက လတ်ဆတ်နူးညံ့သော အရွက်များကို ယုန်တစ်ကောင်သဖွယ် ကိုက်စားပစ်လိုက်သည်။ အရွက်များက အရည်မရွှမ်းသော်လည်း အငန်ဓာတ် လုံလုံလောက်လောက်ရှိကာ နူးအိပြီးအရသာရှိလှသည်။


ထိုဟင်းလျာက ချိုမြပြီး အနံ့အရသာနှင့်ပြည့်စုံလေသည်။ နှမ်းထောင်းက သူ့ကိုယ်သူ အရွက်စားတိရစ္ဆာန်လေးတစ်ကောင်နှယ် ခံစားလိုက်ရသည်။ 

မဟုတ်ရင် ဟင်းရွက်တွေကို သူ ဘယ်လိုများ ဒီလောက်အထိစွဲလန်းသွားနိုင်မယ်တဲ့လဲ…


နှမ်းထောင်းက စားသောက်ပြီးစီးသည့်နောက်တွင် ဆန်လုံးအား လှမ်းကြည့်လိုက်သည်။ ဆန်လုံးစားနေသည့်အရှိန်မှာ နှမ်းထောင်းထက်ပင် မြန်နေသေးသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် မတူသည့်ဟင်းလျာများကို ရွေးချယ်ခဲ့ကြသည်။ ဆန်လုံးက အသီးအရွက်ဟင်းလျာအတွက် ရေဟင်းနုနယ်နှင့် တိုဟူးချဉ်ကို မှာယူထားသည်။ ယခု သူက ငရုတ်ပွစိမ်းနှင့် တိုဟူးခြောက်ကို ကိုက်စားနေသည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာရှိ၏။


အရသာရှိလိုက်တာ....


ငရုတ်ပွစိမ်းနှင့် တိုဟူးခြောက်ကို ပဲငါးပိအစပ်ဖြင့် ဆီပြန်ချက်ထားသောကြောင့် ငရုတ်ပွသားက ခြောက်သွေ့သွားသည်။ အတွင်းပိုင်းကမူ အလွန်ညက်ညောပြီး နူးအိလှသည်။ သို့သော် ထိလိုက်သည်နှင့် အရည်‌ပျော်ကျသွားမည့် နူးအိအိတို့ဟူးကဲ့သို့ မဟုတ်ချေ။ တစ်ကိုက်ကိုက်လိုက်တိုင်း အရည်ရွှမ်းနေပြီး အပေါ်မှ ငရုတ်သီးစိမ်းအစေ့လေးများကလည်း ဟင်းအရသာကို ပိုမြိန်သွားစေသည်။ ငရုတ်သီးစိမ်းများကို ခပ်ပါးပါးလှီးဖြတ်ထားသည့်အတွက် ပိုနူးညံ့ပြီး ပိုအရသာရှိသွား‌ခြင်းပင်။ ထို့ပြင် ထိုငရုတ်သီးက သူ့ပါးစပ်ထဲထိုးသွပ်ထားသော တို့ဟူးခြောက်နှင့် အလွန်လိုက်ဖက်လှသည်။


ဤဟင်းလျာမှာ ထမင်းနှင့်တွဲဖက်စားရန် သင့်လျော်သောဟင်းဖြစ်သည်။ ဆန်လုံးက စားမြိန်စေသောဆော့စ်ကို ထမင်းပေါ်မှာဆမ်းလိုက်သည်။ ဤဆော့စ်ထဲတွင် မုန့်ခြောက်အနည်းငယ်နှင့် ငရုတ်ကောင်းစေ့များလည်းပါသည်။ ထိုဆော့စ်ကို ထမင်းပေါ်အနည်းငယ်ဆမ်းပြီး နယ်လိုက်သည့်အခါ ထမင်းကလည်း ဆော့စ်အရောင်အတိုင်း လိုက်ပြောင်းသွားသည်။


နှမ်းထောင်းက အားကျသွားပြီး သူ့ပန်းကန်ထဲမှ တို့ဟူးခြောက်အနည်းငယ်ကို á€œá€žá€™á€şá€¸á€™á€šá€°á€˜á€˛ မနေနိုင်တော့ပေ။ ထို့ပြင် ငါးမှုန့်ဖြူးထားသော ဝက်အသားလွှာ၊ အမဲရင်ပုံသားမုန်လာဥချက်နှင့် အခြားဟင်းလျာများလည်း ရှိ၏။


နာရီ၀က်အကြာတွင် ပန်းကန်ထဲတွင်ရှိသမျှ စားသောက်ပြီးစီးသွားကြသော အယ်ဒီတာနှစ်ယောက်မှာ ဗိုက်အင့်သွားရချေတော့သည်။


ပုံမှန်ဆိုလျှင် သူတို့က အရသာရှိလှပါချည်ဟူသော အစားအသောက်များစွာကို စားခဲ့ဖူးသော်လည်း ယခုကဲ့သို့ စားချင်စိတ်ကိုလှုံ့ဆော်ပေးနိုင်သည့် အိမ်ချက်ဟင်းလျာများကို စားရချိန်တွင်မူ ဤနေရာရှိအစားအသောက်များက ပိုအရသာရှိသလို ခံစားလိုက်ရခြင်းပင်။


သူတို့ ယခုကဲ့သို့ ဗိုက်ပြည့်အင့်နေသည့်ခံစားချက်မျိုး မခံစားရသည်မှာ ကြာခဲ့လေပြီ။ ယခုမူ သူတို့၏အစာအိမ်ထဲ၌ ပြည့်အင့်နေသောခံစားချက်မျိုးကို ခံစားမိလေသည်။ သူတို့စားလိုက်သော စားစရာများကြောင့် Gymသွားရန် လိုမလားဆိုသည်ကိုမူ မသိရချေ။ ထို့ကြောင့် သူတို့မှာ ဝမ်းနည်း၀မ်းသာကြီးဖြစ်နေကြရှာသည်။


"ငါအကြိုက်ဆုံးဟင်းက မုန်ညင်းကြော်ပဲ… စားလို့လည်းပြီးရော ဗိုက်ပေါက်ထွက်တော့မတတ်ပဲ… အဲဒါတောင် ထပ်စားချင်နေတုန်း..."


"ငါတော့ ဟင်းနုမယ်ရွက်ကိုကြိုက်တယ်… ဒီအရွက်နှစ်မျိုးက ကန်တင်းပိုင်ရှင်ကိုယ်တိုင် စိုက်ထားတာတဲ့… ဟွမ်းဝေ့ဟယ် ချဲ့ကားပြောထားတာမဟုတ်ဘူးပဲ..."


"သူတို့သူဌေးက အဲ့ဒါကို သေချာဂရုတစိုက်ပျိုးထောင်ထားတယ်ဆိုတာယုံတယ်… ဒီဟင်းက လုံး၀ချိုနေတာပဲ… အရင်က ငါစားဖူးသမျှက မြက်တွေလားလို့တောင် တွေးနေမိတာ..."


"ဒီဆောင်းပါးအတွက် စာလုံးရေတစ်သောင်းလောက်ကို ရေးနိုင်တယ်..."


နောက်ထပ်နာရီဝက်ထပ်နားပြီးနောက် သူတို့ ခပ်ဖြည်းဖြည်းထလိုက်ကြပြီး စွေ့ချီချောင်းကို လိုက်ရှာတော့သည်။


သူတို့က သူ့အား ဟွမ်းဝေ့ဟယ်၏ဆောင်းပါးအကြောင်းဦးစွာပြောပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်၏သရုပ်မှန်ကို ထုတ်ပြလိုက်ပြီးနောက် အထူးထုတ်စာစောင်တစ်ခု ထုတ်ဝေမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ ပထမကန်တင်းအနေနှင့် ကံကောင်းထောက်မစွာဖြင့် သူတို့အတွက် ငရုတ်ဆီပုလင်းအများအပြားရောင်းချပေးနိုင်ရန်လည်း မျှော်လင့်နေကြသည်။


သူတို့ ဇာတ်ညွှန်းမရေးရသေးသော်လည်း ဤအကြောင်းကိုထုတ်ဝေဖြစ်လိမ့်မည်ဆိုသည်ကိုမူ သေချာနေခဲ့သည်။ သူတို့အမြင်အရ ဤနေရာအတွက် ဝေဖန်အကဲဖြတ်ရေးက ပြီးဆုံးသွားပြီဖြစ်ပြီး ကောင်းကောင်းမွန်မွန်လည်း အဆုံးသတ်သင့်သည်ဟုပင်။ ငရုတ်ဆီကမူ အဆင်ပြေသမျှကို ပိုအဆင်ချောသွားစေချင်ရုံသက်သက်သာ။


"ရသာမြိန်စားဖွယ်ဒဏ္ဌာရီ"၏ ပရိသတ်အင်အားနှင့်ဆိုလျှင် သူတို့၏ရုပ်သံလိုင်းတွင် ကြေညာရန်အတွက် အဖိုးအခတစ်ခု ပေးရမည်မှာ အသေအချာပင်။ ပုံမှန်အားဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက်ရှာဖွေခံရသော သူများအနေနှင့် ငွေကုန်ကြေးကျခံစရာမလိုသော်လည်း လူသိများကျော်ကြားရန်အတွက် ကုန်ပစ္စည်းကို အခမဲ့ထောက်ပံ့မှုမျိုး ရှိရမည်သာ။


သို့သော် ဟွမ်းဝေ့ဟယ်ဆီမှတစ်ဆင့် ပထမကန်တင်းပိုင်ရှင်၏ နောက်ခံအသိုင်းအဝိုင်းတောင့်တင်းကြောင်း သိထားပြီးဖြစ်သဖြင့် á€žá€°á€á€­á€Żá€ˇá€€ ယဉ်ကျေးပျူငှာစွာပင် ထိုကုန်ပစ္စည်းကို ဝယ်ယူရန်ဆုံးဖြတ်ခဲ့ကြသည်။


ကန်တင်းတစ်ခုကို ဦးစီးနေသည်ဟုပင် မထင်ရသော ပထမကန်တင်း၏ သူဌေးခပ်ချောချောလေးက သူတို့စကားကိုနားထောင်ပြီးနောက် ထင်မထားသည့်စကားမျိုးပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

"မရောင်းနိုင်ပါဘူး… ကျွန်တော်က ပိုက်ဆံပြတ်နေတဲ့လူမဟုတ်ဘူး..."


ပထမကန်တင်းအတွက် သူ စာချုပ်ချုပ်ခဲ့သည့်ရည်ရွယ်ချက်မှာ LJJကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့သည့်ရည်ရွယ်ချက်နှင့်အတူတူပင်။ ငွေအတွက်ကြောင့် မဟုတ်ချေ။


ထိုလူနှစ်ယောက်မှာ အံ့အားသင့်သွားရသည်။ ဤအဓိပ္ပာယ်မှာ သူက သူတို့အား ငရုတ်ဆီအလကားပေးမည်ဟူသောသဘောလား မသိပေ။


"ငရုတ်ဆီက ကျွန်တော်တို့ကျောင်းကကျောင်းသားတွေ အခမဲ့စားဖို့အတွက်ပဲ ထားပေးထားတာပါ… တကယ်တမ်းဆိုရင် CUကန်တင်းက အများသုံးကန်တင်းလည်း မဟုတ်ပါဘူး..."


ရည်ညွှန်းချင်သောအဓိပ္ပာယ်မှာ သူက နာမည်ကြီးခြင်း၊မကြီးခြင်းကို ဂရုမစိုက်ပေ။ စွေ့ချီချောင်းက သူတို့နှစ်ယောက် ကန်တင်းထဲကို ကျောင်းသားယောင်ဆောင်ပြီး ဝင်လာသည်ကို ဒေါသထွက်နေခြင်းပင်။ 


ဆန်လုံးနှင့်နှမ်းထောင်း : "..."


ရက်စက်လိုက်တာ...



🌱🌱🌱