Chapter 17
Viewers 3k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 17

ဒီလိုလူမျိုးကိုငြင်းဖို့ ခက်တော့ခက်သား



စွေ့ချီချောင်းက ရှောင်ပိုင့်ကို လည်ပတ်မပတ်ပေးဘဲ ကျောင်းထဲတွင် လျှောက်သွားနေစေပြီး သူ့လက်ထဲတွင်လည်း ပျားရည်စို့ပန်းပျိုးပင်များပါသော ခြင်းငယ်လေးတစ်ခုကို သယ်ထားသည်။ အထဲတွင်ပါသော ပျိုးပင်ပမာဏအတိုင်းဆိုလျှင် ထိုပျိုးပင်များကို စိုက်ပျိုးပြီး ကျောင်းဝင်းတစ်ခွင် အလှဆင်ရန်အတွက် မြေတစ်လက်မစာပင်ရရ လိုက်ရှာနေခြင်းဖြစ်သည်မှာ သိသာလှသည်။ 


ပျားရည်စို့ပန်းများက ခပ်မတ်မတ်စိုက်ပျိုးနိုင်သောအပင်များဖြစ်ပြီး ရာသီမရွေးရှင်သန်နိုင်စွမ်းလည်း မြင့်မားသောကြောင့် သူတို့၏ရှင်သန်နှုန်းကို စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချရွှေ့ပြောင်းစိုက်ပျိုးနိုင်လေသည်။ အခြားအပင်များနှင့်ရောစိုက်လျှင် ထိုပျိုးပင်များပျက်စီးသွားမည့်အရေးကိုလည်း တွေးပူနေစရာမလိုချေ။


သို့သော် သတိထားရမည့်အချက်တစ်ချက်မှာ ပျားရည်စို့ပန်းများက နေခြစ်ခြစ်တောက်ပူနေချိန် ရေလောင်းခံရလျှင် လောင်ကျွမ်းသွားမည်ဖြစ်၏။ အမှန်တွင် ထိုအပင်က အခြားအပင်များနှင့် ပနံသင့်လေသည်။ နေရောင်ခြည်ကြောင့် သီးနှံများညှိုးနွမ်းသွားသည့်ပြဿနာကို ဖြေရှင်းရန်အတွက် လူအများစုက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိသည်ကိုမသိဘဲ ထိုအပင်များကို အေးမြသွားစေရန်အတွက် ရေလောင်းပေးတတ်ကြသည်။ 


စွေ့ချီချောင်းက သင့်တော်သည်ဟုထင်သောနေရာတိုင်းကို ရောက်သောအခါ ထိုနေရာတွင်ရပ်လိုက်ပြီး သူ့ကိရိယာများဖြင့် မြေကိုတူးလိုက်သည်။ ထို့နောက် ပန်းပင်ကိုဖြတ်ပြီး ရွှေ့ပြောင်းစိုက်ပျိုးလိုက်သည်။ ရှောင်ပိုင်က သူ့ဘေးမှာနေ၍ ခြင်းထဲမှ ပျိုးပင်အသစ်များကို သူ့ဆီသို့ ပါးနပ်စွာသယ်လာပေးလေသည်။


စွေ့ချီချောင်းက ဆောင့်ကြောင့်ထိုင်လျက် မျိုးစေ့များကို စိုက်ပျိုးနေချိန်တွင် ရှောင်ပိုင်က ဘေးက နှစ်လိုဖွယ်ကောင်းစွာကူညီပေးနေပုံမှာ မြင်လိုက်ရသူအပေါင်း၏အာရုံကို ဆွဲဆောင်လိုက်နိုင်လေသည်။


"ဘဲပေါက်လေးတွေ ဘယ်မှာလဲ ရှောင်ပိုင်… ဘဲပေါက်လေးတွေ ဘယ်မလဲ..."


"ရှောင်ပိုင်... မင်း ဘာလို့ဘဲလေးတွေအနားမှာ မနေတာလဲ..."


"ရှောင်ပိုင်... မင်းရဲ့ဘဲပေါက်လေးတွေ ဘယ်မှာလဲ..."


သူတို့ထံမှ စုံစမ်းမေးမြန်းသံများ ထွက်ပေါ်လာသောအခါ ရှောင်ပိုင်၏မျက်ဝန်းအစုံတွင် ဒေါင်လိုက်မျဉ်းတန်းတစ်ခုပေါ်လာလေသည်။ 


ငါ ကူညီပေးနေတာကို ဘယ်သူမှမမြင်ကြဘူးလား… ဘာလို့ မချီးကျူးကြတာလဲ...

( သူ့သခင်ဆီ ပျိုးပင်လေးတွေ သယ်ပေးနေတာကိုကျ မချီးကျူးဘဲ ဘဲပေါက်လေးတွေကိုပဲမေးနေလို့ ပိုင်ပိုင်လေး စိတ်ဆိုးသွားတာပါ 😆 )


ရှောင်ပိုင်က အခြားကြောင်များနည်းတူ ပြုမူတတ်ပုံမှာ အလွန်ရှားပါးလှသည်။ လူတိုင်းမှာ ဝတ္ထုဆန်လှသော ရှောင်ပိုင်နှင့် ဘဲပေါက်လေးများကြားက ဆက်ဆံရေးကို ပို၍ပင် စိတ်ဝင်စားသွားကြသည်။ ထို့အပြင် သူတို့က ရှောင်ပိုင်ကို အသားလွတ်စိတ်ဝင်စားနေကြခြင်းမဟုတ်ပေ။ သူ့သခင်စွေ့ချီချောင်းကြောင့်ပင်။


သူတို့က သူ့ကိုခဏမျှ စောင့်ကြည့်နေပြီးနောက်မှာ စွေ့ချီချောင်းက မြေဆီလွှာပေါ်တွင် လိုင်းကြောင်းချဆွဲစရာမလိုဘဲ အပင်တစ်ပင်နှင့်တစ်ပင်အကြား ခန့်မှန်းခြေငါးစင်တီမီတာခန့်ခွာထားပြီး သူ့လက်ချောင်းများဖြင့် တိုက်ရိုက်မြေကျင်းတူးလိုက်သည်ကို မြင်လိုက်ရသည်။


၎င်းမှာ အလွန်တိကျလှပေသည်။ သူ မြေတူးနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရပါက ပေတံသုံး၍ဆွဲထားသည်ဟုပင် ထင်လောက်သည်။


ကျောင်းသားများတွင်သာ X-rayအမြင်အာရုံမျိုးရှိပါက စွေ့ချီချောင်းတူးထားသောကျင်းများက အနက်လည်းအတူတူဖြစ်သည်ကို သိရပေလိမ့်မည်။ 


အတွေ့အကြုံရင့်သောလယ်သမားများပင်လျှင် ထိုသို့လုပ်နိုင်ရန် ခဲယဉ်းလှသည်။ စိုက်ပျိုးရေးနှင့်ပတ်သက်လာလျှင် သူ့တိကျမှုနှုန်းက ကြောက်မက်ဖွယ်ရာပင်။


သို့သော် ဓာတ်မြေသြဇာပမာဏကမူ တွင်းတစ်တွင်းနှင့်တစ်တွင်း မတူညီချေ။ အကြောင်းမှာ အစေ့တစ်ခုချင်းစီ၏ နူးညံ့မှုချင်းမတူသည့်အတွက်ပင်။ သူ ဤထက်ပိုကြီးကြီးမားမားလုပ်လျှင် သေချာအာရုံစိုက်နိုင်မည်မဟုတ်ချေ။ အလုပ်တာဝန်က ကြီးလေးသော်လည်း ဖြတ်တောက်နေချိန်မှာ ကျော်သွားရမည့်ပမာဏကိုမူ ခန့်မှန်းနိုင်သေးသည်။


"ဒီမြင်ကွင်းက OCDဝေဒနာရှင်တွေအတွက်တော့ အရမ်းကြည်နူးစရာပဲ..."


သူ့အရည်အချင်းကို မြင်ပြီးနောက် သူတို့အားလုံးမှာ ဘဝင်ခိုက်သွားရလေသည်။ ကိုယ်တိုင်စိုက်ပျိုးထားသော အသီးအရွက်များကို သူတို့အတွက် ယူဆောင်လာပေးသော သူဌေးစွေ့က ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ထိုက်ပေသည်။ သူ့လှုပ်ရှားမှုများက ပြေပြစ်ကြော့ရှင်း၍ ချောမွေ့နေပြီး သူက ပျိုးပင်များ စိုက်ပျိုးနေခြင်းသာဖြစ်သော်လည်း ထိုမြင်ကွင်းက သူ့ကိုကြည့်ရှုနေသူများကို အလွန်သက်တောင့်သက်သာဖြစ်စေလေသည်။ ထို့ကြောင့်လည်း အရာအားလုံးပြီးပြည့်စုံသောလူက အလုပ်တစ်ခုချင်းစီတွင်လည်း ကျွမ်းကျင်မှုရှိသည်ဟု ဆိုကြခြင်းဖြစ်ပေလိမ့်မည်။


သို့သော် စွေ့ချီချောင်း ဤမြေကွက်သေးသေးလေးတွင် မျိုးစေ့ကြဲပြီးနောက် ကျောင်းသားများလည်း လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီးသဘောပေါက်သွားကြသည်။


သူဌေးစွေ့က ဤမြေကွက်လေးကို ထောင့်စွန်းလေးတစ်ခုမျှပင် မဖြုန်းတီးထားပေ။


စွေ့ချီချောင်းက ကျောင်း၏ကျန်နေရာများကို ပျားရည်စို့ပန်းများ စိုက်ပျိုးထားပြီးဖြစ်သောကြောင့် ကန်တင်းပတ်ပတ်လည်ရှိနေရာကိုလည်း အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ အညှောင့်ပေါက်လာသောအခါ ပန်းပွင့်က ကြီးထွားရင့်သန်လာပြီး နံရံများနှင့်စင်များအပေါ် á€€á€Żá€•á€şá€á€˝á€šá€şá€•á€źá€Žá€¸á€™á€źá€„á€şá€ˇá€á€€á€şá€œá€Źá€žá€Šá€şá‹ သူတို့၏ပန်းပွင့်များမှာ အလွန်လှပချေသည်။


ပျားရည်စို့ပန်းက ပထမဆုံးဖူးပွင့်ချိန်၌ အဖြူရောင်ဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် အဝါရောင်ပြောင်းသွားသည်။ ပထမပန်းပွင့်က ဒုတိယပန်းပွင့်နှင့် ထွေးရောယှက်တင်ပြုနေသည်မှာ ရွှေနှင့်ငွေဟူသော ၎င်း၏အမည်နှင့်လိုက်ဖက်လှပေသည်။ 


စွေ့ချီချောင်းက ကျောင်းဝင်းတစ်ခုလုံး၏ ငါးပုံတစ်ပုံခန့်ကို လမ်းလျှောက်ခဲ့ရပြီး တစ်နေ့တာအတွက် အလုပ်ကောင်းကောင်းလုပ်ခဲ့ရသလို ခံစားလိုက်မိသောကြောင့် ရှောင်ပိုင်ကို အိမ်ပြန်ခေါ်သွားလိုက်လေသည်။ အခါအားလျော်စွာပင် သေသပ်လှသောရွှေငွေပျိုးပင်များက သူတို့လမ်းလျှောက်လိုက်သည့်နေရာတိုင်း ပြန့်ကျဲနေပေသည်။ သူ့နှလုံးသားက ကျေနပ်အားရမှုအပြည့်ဖြစ်သွားရပြီး ရှောင်ပိုင်အပေါ်ထားသော သူ့သဘောထားကလည်း ပိုနူးညံ့လာသည်။ 


"လာ... ငါ မင်းကို လိုက်ပို့ပေးမယ်..."

စွေ့ချီချောင်း၏နှလုံးသားမဲ့သောပုံစံနှင့် ကျင့်သားရနေသောရှောင်ပိုင်က အပျော်လွန်းသွားပြီး အမြီးကို မိုးထိထောင်ထားကာ စွေ့ချီချောင်း၏ ဘောင်းဘီအနားစမှ ကုပ်တက်လာပြီး သူ့လက်မောင်းထဲသို့ လှိမ့်ဝင်လိုက်လေသည်။


"သူဌေးစွေ့... သူဌေးစွေ့..." 

စွေ့ချီချောင်း ကန်တင်းကထွက်လာသည့်အချိန်တွင် ဒုတိယထပ်မှ ဝန်ထမ်းတစ်ယောက်က ရုံးခန်းထဲမှထွက်လာပြီး သူ့ကို အော်ခေါ်လာသည်။

"ဘဏ္ဍာရေးဌာနက ဒါရိုက်တာလင်းက လူတစ်ယောက်ကိုခေါ်လာတယ်… သူတို့ ရုံးခန်းထဲမှာစောင့်နေကြပါတယ်..."


"ကောင်းပြီ… ကျွန်တော်သိပါပြီ..." 


စွေ့ချီချောင်းက ကန်တင်းနှင့်ပတ်သက်သည့်ကိစ္စဖြစ်ရမည်ဟု တွေးလိုက်မိသည်။ သူက ရှောင်ပိုင့်အား ဘဲများကို သူတို့နေရာသူတို့ ပြန်ပို့ပေးခိုင်းလိုက်ပြီး သူကမူ အပေါ်ထပ်ကိုတက်သွားသည်။


စွေ့ချီချောင်း တံခါးကိုတွန်းဖွင့်လိုက်လေရာ ရုံးခန်းထဲရှိဧည့်သည်ထိုင်ခုံတွင် ထိုင်နေသည့် ဆံပင်အလယ်ခွဲခထားသော အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက သူ့ကိုလှမ်းမြင်လိုက်သည်နှင့် မတ်တတ်ထရပ်လာပြီး ရည်မွန်သောအပြုံးမျိုးပြုံးပြလျက် လက်ကိုဆန့်ထုတ်လိုက်သည်။


"မင်္ဂလာပါ သူဌေးစွေ့... ကျွန်တော့်ရဲ့မျိုးရိုးက ရှု... နာမာါက ရှုချင်းယွမ်ပါ… ဒါရိုက်တာလင်းကတစ်ဆင့် ခင်ဗျားကိုဆက်သွယ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်..."


သူက အလုပ်အကိုင်ကတ်ပြားကို လှမ်းပေးလေသည်။ စွေ့ချီချောင်းလည်း ထိုကတ်ကို တစ်ချက်ကြည့်လိုက်သောအခါ သူထင်ထားသည့်အရာနှင့် မတူသည်ကို တွေ့လိုက်ရသည်။ ဤလူက ကျောင်းနှင့်သက်ဆိုင်သူတစ်ယောက်မဟုတ်ချေ။ ဆိုင်ခွဲစားသောက်ဆိုင်၏ သူဌေးသာဖြစ်၏။


"အဆင်ပြေပါတယ်… ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ လူကြီးမင်း..."

အမှန်တွင် á€…ွ္အခဝဎခဝ္ဏင်းက တစ်ဖက်လူ၏ရည်ရွယ်ချက်ကို အကြမ်းဖျင်းမျှခန့်မှန်းမိသည်။


သူထင်ထားသည့်အတိုင်းပင် ရှုချင်းယွမ်က အစားအသောက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်အတွက် သူနှင့်ပူးပေါင်းလုပ်ဆောင်လိုသဖြင့် လာရှာခြင်းဖြစ်သည်ဟု ဆို၏။ ပထမကန်တင်းကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုလှိုင်းအသေးစားလေးကြောင့် ရှုချင်းယွမ်က သူတို့အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည့် အမှတ်တံဆိပ်တစ်ခုကိုစတင်ရန် အဆိုပြုခဲ့သည်။


ရှုချင်းယွမ်က စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်တွင် ကျင်လည်နေသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် အသင့်စားအစားအသောက်လုပ်ငန်းတွင် လုပ်ကိုင်နေခြင်းပင်။


စားသောက်ဆိုင်၏မီးဖိုချောင်ကလည်း အစားအစာများကို ပမာဏများစွာချက်ပြုတ်ကြရသောကြောင့် ပထမကန်တင်းနှင့်ပတ်သက်သည့် သတင်းကို သူမြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားရသည်။ သူက ပထမကန်တင်းတွင် ထမင်းတစ်နပ်စားရန် CUတက္ကသိုလ်ကိုပင် ရောက်လာခဲ့ဖူးပြီးပြီဖြစ်၍ ထိုအချိန်ကတည်းက စွေ့ချီချောင်းနှင့်တွေ့ရရန်ကြိုးစားနေခဲ့ခြင်းပင်။


စွေ့ချီချောင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ 

"ကျောင်းသားတွေဆီက ကန်တင်းကတ်ဝယ်ခဲ့တာလား..." 


ထိုနည်းလမ်းဖြင့် ကန်တင်းကိုဝင်ခွင့် တားမြစ်ထားသည်ဖြစ်ရာ ထိုလူ ဘယ်နေရာကယိုပေါက်ရှာပြီး မည်သို့ဝင်လာခဲ့သည် မသိပေ။


ရှုချင်းယွမ်က ဇောချွေးများပင် ပြန်လာချေသည်။

"အဲ့ဒါက အဓိကမဟုတ်ပါဘူး.."


စွေ့ချီချောင်း၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူ့ကိုယ်သူကယ်တင်ရန် အမြန်ပြောလိုက်ရသည်။

" ကျောင်းသားတွေဆီက ယူတာမဟုတ်ပါဘူး…ဘဏ္ဍာရေးဌာနက လူတွေဆီက ရခဲ့တာပါ..."


စွေ့ချီချောင်းက ဘာမှပြန်မပြောပေ။ နောက်မှ သူ့ဦးလေးနှင့်စကားပြောရန် တေးမှတ်ထားလိုက်သည်။ သို့မှသာ ဤပြဿနာက ဝန်ထမ်းများအတွက် မည်မျှအရေးကြီးသည်ဆိုသည်ကို သတိပြုမိမည်ဖြစ်၏။


"ကျွန်တော့်ရဲ့အဆက်အသွယ်တွေကြောင့် ဆိုင်ကို ဖောက်သည်တွေ တဖွဲဖွဲလာကြတယ်… ဆိုင်က နေရာကောင်းပေမဲ့ အမှတ်တံဆိပ်လွှမ်းမိုးနိုင်စွမ်း မရှိဘူးဖြစ်နေတာ… အခုဆိုရင် မင်းရဲ့ကန်တင်းက ဂုဏ်သတင်းကောင်းတစ်ခုရထားပြီးသားဆိုပေမဲ့ ဖြန့်ဖို့လမ်းကြောင်းမရှိဘူးလေ..."


ရှုချင်းယွမ်က စိတ်လှုပ်ရှားစွာ ရှင်းပြသည်။

"မင်း နာမည်ကြီးနေတာကိုအသုံးချပြီး တက္ကသိုလ်မြို့တော်မှာ ဆိုင်တစ်ဆိုင်ဖွင့်နိုင်သွားရင် နောက်ထပ်ကြော်ငြာတွေရိုက်ဖို့ ရသာမြိန်ဟင်းလျာဒဏ္ဍာရီကို ဆက်သွယ်လို့ရတယ်..." 


တစ်ဖက်လူ၏အတွေးများက စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေပေသည်။


ကံမကောင်းစွာပင် စွေ့ချီချောင်းက သူ့ကို လက်တွေ့ဘဝထဲ ပြန်ခေါ်လိုက်ပြီး တစ်ဖက်လူကို အေးစက်စွာငြင်းပယ်လိုက်သည်။ 

"တောင်းပန်ပါတယ်… ကျွန်ဝောာ် ကျောင်းကထွက်သွားမှာမဟုတ်ဘူး.." 


သူက အင်တာနက်ပေါ်ရှိ မှတ်ချက်များအကြောင်း တစ်ခုမှမသိသလို ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် တိုးတက်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုလည်း လုံးဝစိတ်မဝင်စားပေ။


"ဘာဖြစ်လို့လဲ သူဌေးစွေ့... မင်း ပိုက်ဆံမရှာချင်ဘူးလား..." 


ရှုချင်းယွမ်က သူ့အနာဂတ်အိပ်မက်အကြောင်းပြောလာချိန်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် လောင်မြိုက်နေပြန်၏။ သို့သော် သူ၏စိတ်အားထက်သန်မှုကို စွေ့ချီချောင်း၏အေးစက်မှုက ငြှိမ်းသတ်ပစ်လိုက်လေသည်။


စွေ့ချီချောင်းက သူ့ကို ကြည့်ပြီး ပြော၏။

" ကျွန်တော် ပထမကန်တင်းကိုလေလံဆွဲဖို့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အဆက်အသွယ်ကိုသုံးခဲ့တာလို့ ဒါရိုက်တာလင်းက ခင်ဗျားကို မပြောပြဖူးဘူးလား..."


"အဲ...သူပြောပါတယ်..." 

ရှုချင်းယွမ်က ပြန်ဖြေသည်။ 

"ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ဘူးလို့ ထင်ပါတယ်… နောက်ပြီး ကျွန်တော့်အဆိုပြုချက်ကို မင်း ပိုစိတ်မဝင်စားဘူးလား… ဟင်းသီးဟင်းရွက်တွေကိုလည်း စိတ်ကြိုက်စိုက်လို့ရတယ်လေ… တကယ်တော့ ကျွန်တော်တို့တွေ သီးသန့်မြေတစ်ကွက်လုပ်ထားပြီး အဲဒါကို အမှတ်တံဆိပ်ရဲ့ထူးခြားချက်အဖြစ် ထားလို့ရတယ်… ကျွန်တော့်ဆွေမျိုးတွေက မြို့ဆင်ခြေဖုံးဘက်မှာ မြေကွက်အကျယ် ၈၀၀မုလောက်ရှိတာဆိုတော့ တရားဝင်လျှောက်စရာတောင် မလိုဘူး… မြေကို တိုက်ရိုက်လွှဲပေးလိုက်လို့ရတယ်..."


စွေ့ချီချောင်း ရုတ်တရက်စိတ်လှုပ်ရှားသွားရသည်။ 

သီးသန့်မြေကွက်တဲ့လား…


ကံမကောင်းစွာပင် LJJကုမ္ပဏီကြောင့် သူ့လုပ်ဆောင်ချက်များကို ကျောင်းဝင်းအတွင်း ကန့်သတ်ထားရခြင်းဖြစ်၏။


"မလိုပါဘူး ကျွန်တော်က..."

စွေ့ချီချောင်းသက်ပြင်းချလျက် အကြောင်းပြချက်ကို အပြင်းအထန်စဉ်းစားလိုက်သည်။ 

"ကျွန်တော်က ရင်ခုန်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းတွင်းဘဝကိုပဲ မက်မောတာပါ..."


ရှုချင်းယွမ်က အောက်ထပ်ကန်တင်းတွင် သူမြင်ခဲ့ရသည့်မြင်ကွင်းကို ပြန်သတိရမိသည်။ သူ့စိတ်ထဲတွင်မူ အချစ်နှင့်ငယ်ရွယ်မှုအကြား ဆက်စပ်မှုက သွားလေပြီဟု တွေးနေမိသည်။


ကန်တင်းတွင် ရှိသမျှလူတိုင်း၏ မျက်နှာများက သည်းမခံနိုင်ခြင်းများစွာဖြင့် ပြည့်နှက်နေပြီး 'ထွက်သွားလိုက်တော့…မဟုတ်ရင် ငါတို့ ဟင်းတွေရမှာမဟုတ်တော့ဘူး'ဟူသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ ပြေးလွှားနေကြသောလူအုပ်ကြီးက သူ့မွေးရပ်မြေတွင် မွေးမြူထားသော ဘဲတစ်အုပ် အစာစားရန် ဝိုင်းအော်နေကြသည့်အဖြစ်ကို သတိရမိစေသည်။


"တောင်းပန်ပါတယ်..."

စွေ့ချီချောင်းက ဧည့်သည်များကိုတစ်ချက်မျှကြည့်လိုက်ပြီး ရှုချင်းယွမ်နှင့်လက်ဆွဲနှုတ်ဆက်လိုက်ပြန်သည်။


ရှုချင်းယွမ်က နောင်တအပြည့်ဖြင့် စွေ့ချီချောင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သို့သော် သူလက်ပြန်ရုတ်ရန် ကြိုးစားလိုက်သောအခါ သူ့လက်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်ကို တွေ့လိုက်ရသည်။ 


စွေ့ချီချောင်းက ရှုချင်းယွမ်၏လက်များကို ဆုပ်ကိုင်ထားပြီး ပြန်လွှတ်မပေးချင်ပေ။ သူ့မျက်လုံးများကလည်း တည်ငြိမ်မနေတော့ဘဲ စူးရှနေချေသည်။ 

အား...ဒီလူက ငါ့ကိုရှာဖို့ ဒီအထိရောက်လာပြီး လယ်မြေဧကရှစ်ရာကိုတောင် ကမ်းလှမ်းလာခဲ့တာ... ဒါပေမဲ့ ငါကတော့ သူနဲ့အတူ မလိုက်သွားနိုင်ဘူး အား...


ရှုချင်းယွမ်မှာ ဆုပ်ကိုင်ထားသည့်လက်များကို ကြည့်ပြီး ကြက်သီးမွေးညှင်းထသွားရသည်။ သူ့ဇစ်များ မတော်တဆပွင့်နေလားဆိုသည်ကို စစ်ဆေးရန် စိတ်မသက်မသာဖြင့် အောက်ကိုငုံ့ကြည့်လိုက်ရသေးသည်။ 

"သူဌေးစွေ့...ဘာဖြစ်လို့လဲ.."


သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်စွာရပ်နေသဖြင့် သူဌေးစွေ့၏ချောမောမှုကို ခံစားမိလိုက်ပြီး အနည်းငယ်ရှက်ရွံ့စပြုလာသည်။


စွေ့ချီချောင်းက ရှုချင်းယွမ်၏လက်ကို ဝမ်းနည်းစွာလွှတ်လိုက်ပြီး သူ့စိတ်ထဲရှိမကျေမချမ်းဖြစ်မှုကို ချိုးနှိမ်လိုက်သည်။ 

"ဘာမှမဟုတ်ပါဘူး... ကျွန်တော် ခင်ဗျားကို လိုက်မပို့တော့ဘူးနော်..."


တံခါးဖွင့်ကာ ထွက်လာပြီးနောက်တွင် ရှုချင်းယွမ်က သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သော်လည်း ထူးဆန်းသည်မှာ သူ့တွင် မည်သည့်နေရာကမှ ညစ်ပတ်နေခြင်းမရှိပေ။


"မြောင်..."  

ရှောင်ပိုင်က တံခါးပေါက်အဟလေးမှတစ်ဆင့် အခန်းထဲကိုဝင်လာပြီး သူ့သခင်ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေလိုက်သည်။ စွေ့ချီချောင်းက ရှုချင်းယွမ်ကို လက်လွှတ်ရန် ငြင်းဆန်လုနီးပါးဖြစ်ခဲ့သည့်မြင်ကွင်းက ထူးဆန်းလွန်းသည်။


ပိုဆိုးသည်မှာ သူထွက်သွားပြီးသည့်နောက်မှာ စွေ့ချီချောင်းသက သူ့လက်ကို ရင်ဘတ်ပေါ်သို့ ဖြည်းညင်းစွာတင်လိုက်ပြီး ပုံမှန်အချိန်တွင် ခံစားချက်ကင်းမဲ့နေတတ်သော မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးသောအမူအရာ ပေါ်ပေါက်လာသည်။


ရှောင်ပိုင်က စွေ့ချီချောင်း၏ခြေထောက်များကို နှစ်ကြိမ်မျှလှည့်ပတ်ကာ သူ့ရှေ့ခြေထောက်လေးကို စွေ့ချီချောင်း၏ဒူးပေါ်တင်လျက် ခေါင်းလေးစောင်းပြီး သူ့ကိုကြည့်နေလေသည်။


စွေ့ချီချောင်းက ကုလားထိုင်ပေါ်ကိုလှဲချလိုက်ပြီး မျက်ခုံးများကို ခပ်ယဲ့ယဲ့ပွတ်နေမိသည်။ 


"ဒီလိုလူကိုငြင်းလိုက်ဖို့ အရမ်းခက်တယ်..."


ရှောင်ပိုင် : "...."


သူ ရှောင်ပိုင်၏လက်ကိုဆွဲကိုင်ကာ ဝမ်းနည်းပူဆွေးစွာပြောလိုက်သည်။

"သူက ကိုယ်ပိုင်မြေကွက်တည်ဆောက်ဖို့ စကားစလာတဲ့အပြင် á€™á€źá€ąá€§á€€á€›á€žá€…်ရဏကိုတ္ဏင် ကမ်းလှမ်းခဲ့တာ..."


ရှောင်ပိုင် : "...မြောင် မြောင် မြောင်…"


……


LJJ၏ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း၌..


တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရံဖန်ရံခါ၌ ထေ့ငေါ့ငေါ့အပြုံးဖြင့် တန်ဆာဆင်ထားသော စွေ့ချီချောင်း၏ တည်ငြိမ်သောအမူအရာက ရှုချင်းယွမ်၏လက်ကို အတင်းအကျပ်ဆုပ်ကိုင်လိုက်သောအချိန်တွင် သူ့မျက်လုံးများထဲ၌ ခံစားချက်လှိုင်းလုံးများ အမှန်တကယ်ကိန်းအောင်းနေလေသည်။


ထိုလူထွက်သွားပြီးသည့်နောက် ကင်မရာက စွေ့ချီချောင်း၏ မျက်နှာလှလှလေးကို အနီးကပ်ရိုက်ပြခဲ့သည်။ သူ့အကြည့်များက ပို၍ပင်ကြေကွဲဝမ်းနည်းဖွယ်ကောင်းနေ၏။


စွေ့ချီချောင်း၏ " မြေဧက ရှစ်ရာကိုငြင်းဖို့ခက်တယ်" ဟူသည့် ထိုမှတ်ချက်စကားက သူတို့နှလုံးသားကို ဆုပ်ကိုင်ဖျစ်ညှစ်ထားသလိုပင်။ 


[ငါ တောင်းပန်ပါတယ်။ မင်းပါးစပ်ကိုမဟပါနဲ့ ဟုတ်ပြီလား…]


[ဟီးဟီး...သူက ရှိသမျှထောင့်တိုင်းမှာ ပျားရည်စို့ပန်းစိုက်နေကတည်းက ငါ လုံးဝနားလည်ထားပြီးသား…]


[နှလုံးသားမရှိတဲ့ လယ်သမားနတ်ဘုရား ကျောင်းထဲတွင် စိုက်ပျိုးရေးလုပ်နေခြင်း]


[ပထမပိုင်းကို ကြည့်ပြီးကတည်းက နားလည်ပြီးသားပါ… အဲ့ဒါကြောင့် ငါ့ရဲ့အတွေးအမြင်တွေကိုတောင် လုံးလုံးလျားလျားပြောင်းလဲခဲ့တာ…]


[ငါဆိုတာမရှိတော့ဘူး… ငါ့စိတ်တွေ ပေါက်ကွဲတော့မယ်… ဒီလူ ဘာလို့စကားပြောနေရသေးတာလဲ…]


[ကျွန်တော် စွေ့ချီချောင်းအကြောင်း တိုင်ကြားချင်ပါတယ်… တစ်ယောက်ယောက်က သူနဲ့အတူတူ စားသောက်ဆိုင်အတူဖွင့်ဖို့ လာရှာခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးတော့ သူ့ဦးနှောက်က မြေဧကရှစ်ရာကိုပဲ မှတ်မိတယ်တဲ့…]


[ချီးပဲ... ဒီမင်းသားကို ဒဏ်ရိုက်သင့်တယ်… ကုမ္ပဏီက မင်းကို ဒိတ်လုပ်ဖို့ အဲဒီကိုပို့လိုက်ပေမဲ့ မင်းကတော့ ကျောင်းသားတွေကို နေ့တိုင်းကျွေးမွေးနေတာ ငါလူး... CU ကျောင်းသားတွေ ဘယ်လောက်တောင်ဝဖြိုးနေပြီလဲဆိုတာ ကြည့်ကြစမ်းပါဦး…]


[ငါလည်း CUကျောင်းသားတွေလိုပဲ ဝလာတယ်… ဒီအစီအစဉ်ကိုကြည့်ပြီးတဲ့နောက်ပိုင်း ထမင်းငါးပန်းကန်တောင်စားပြီး သုံးပေါင်လောက်ဝိတ်တက်လာတယ်…]


[သူ့ကြောင့် အမျိုးသမီးGenreကြီး ပျက်စီးတော့မယ်လို့ခံစားမိတယ်…]


[သူစကားမပြောသရွေ့တော့ နတ်သမီးပုံပြင်ထဲမှာ နစ်မျောနေနိုင်ပါသေးတယ် QAQ သူ့ဗီဒီယိုကလစ်တွေနဲ့ တခြားဇာတ်ဝင်ခန်းတွေကို အမျိုးသမီးGenreနဲ့ဆင်တူတဲ့ ဗီဒီယိုအဖြစ်ဖြတ်တောက်ပြီးတော့ လူ့အဖွဲ့အစည်းကြီးထဲကိုဖြန့်ဝေရင်းနဲ့ လက်စားချေဖို့ဆုံးဖြတ်လိုက်ပြီ…]


[သေစမ်း...အပေါ်ကလူရေ... တော်လိုက်တာ မြန်မြန်လေးလုပ်ပေတော့…]



🌱🌱🌱