Chapter 22
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 22

CUကန်တင်းကြောင့် CUတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာဖြေကြခြင်း



အစီအစဉ်ရိုက်ကူးရန်အတွက် ပထမကန်တင်းကိုလာရှာသော မီဒီယာအဖွဲ့မှာ <<ရသာမြိန်အစားအသောက်များကိုရှာဖွေရန် နန်ဟိုင်သို့အလည်အပတ်သွားခြင်း>> အစီအစဉ်တစ်ခုတည်းမဟုတ်ပေ။ အရသာရှိသော အစားအသောက်အစီအစဉ်များက အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ တစ်ဦးချင်းစီကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဤရှိုးကိုသာ ပြည့်ပြည့်စုံစုံရိုက်ကူးထုတ်လုပ်ထားပါက အမှန်တကယ်စိတ်ဝင်စားစရာကောင်းလိမ့်မည်ဖြစ်၏။


အထူးသဖြင့် အခြားWEမီဒီယာကုမ္ပဏီများအတွက် ဤအချက်မှာ အလွန်မှန်ကန်လှသည်။ "ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"အစီအစဉ်က ပထမကန်တင်းအကြောင်း တင်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် အခြားကုမ္ပဏီများကလည်း ထိုအကြံအစည်အတိုင်း တစ်ပုံစံတည်းအသုံးချရန် ကြိုးပမ်းခဲ့ကြသည်။ ထိုအထဲတွင် အစားအသောက်အစီအစဉ်ထုတ်လွှင့်သူများဖြစ်သည့် နောက်ခံအများအပြားလည်း ပါဝင်သည်။ ကန်တင်းအကြောင်း ဗီဒီယိုတစ်ခုဖန်တီးခြင်းမှာ အလွန်ထူးဆန်းလိမ့်မည်ဟု သူတို့တွေးမိခဲ့သည်။


သို့သော် သူတို့အနေနှင့် ကန်တင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဖန်တီးရန်ရည်ရွယ်ထားပါက သတိထားရမည့်အချက်မှာ CUတွင် ချက်ပြုတ်နည်းတစ်နည်းတည်းကိုသုံးသည့် ကန်တင်းငါးခုရှိသော်လည်း "ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"၏ကြော်ငြာအရှိန်ကြောင့် ပထမကန်တင်းကသာ ဘုရင်တစ်ဆူဖြစ်နေသည့်အကြောင်းပင်။ ထို့အပြင် ပထမကန်တင်းက သူတို့ကိုယ်တိုင်စိုက်ပျိုးထားသောသီးနှံများကို အသုံးပြုထားခြင်းဖြစ်၏။


ပထမကန်တင်းက အစီအစဉ်တိုင်းတွင်ပါဝင်ရန် ငြင်းဆိုပြီးနောက် CU၏ အခြားကန်တင်းလေးခုကလည်း ထိုအစီအစဉ်များတွင်ပါဝင်ရန် အရည်အချင်းမပြည့်မီသည့်အပြင် ထိုအစီအစဉ်၌ပါဝင်ရန်အတွက် တရုတ်တစ်နိုင်ငံလုံးတွင်လည်း ပထမကန်တင်းထက် ပိုသင့်တော်သောကန်တင်းမျိုးလည်း မရှိတော့ချေ။


ထိုကျောင်းများရှိ ကန်တင်းများတွင် စားစရာပေါများပြီး အရသာကောင်းမွန်သောဟင်းလျာများ ရှိကောင်းရှိနိုင်သော်လည်း သူတို့၏အစားအသောက်များမှာ ယခင်တုန်းက ဟင်းလျာဆိုးများအဖြစ် ကျော်ကြားဖူးခြင်းမရှိခဲ့သလို အွန်လိုင်းတွင်နာမည်ကြီးနေသော အခြားစားသောက်ဆိုင်များထက် အရသာပိုကောင်းသည့် ကိုယ်တိုင်လုပ်ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသောဟင်းလျာများလည်း မရှိပေ။ ရလဒ်အနေဖြင့် များစွာသောမီဒီယာအစီအစဉ်များနှင့် စီးပွားရေးလုပ်ငန်းများက သူတို့၏အစီအစဉ်များတွင်ပါဝင်ရန်ဆန္ဒရှိမရှိ ပထမကန်တင်းကို ဆက်လက်မေးမြန်းနေခဲ့ကြသည်။


ပထမကန်တင်းထံမှ ငြင်းပယ်ခံရပြီးနောက် အချို့သောကုမ္ပဏီများက Weiboတွင် စောဒကတက်ကြလေတော့သည်။


["ငါ ထပ်ကျရှုံးပြန်ပြီ… ငါက ငြင်းခံလိုက်ရတဲ့အထဲမှာ ခုနစ်ယောက်မြောက်ထင်တယ်… သူတို့ကိုဖိတ်ဖို့ ချစ်စရာကောင်းတဲ့ညီမလေးတွေကိုတောင် အထူးသီးသန့်တောင်းဆိုခဲ့ရတာကို… အမလေးကွာ ပထမကန်တင်းရဲ့သူဌေးက ကန်တင်းဖွင့်ရတာ သဘောကျလို့ကို ဖွင့်ထားတာများလားမသိဘူး… အတူလက်တွဲပြီးအလုပ်လုပ်နိုင်မလားလို့ ဆက်သွယ်လိုက်တဲ့အခါတိုင်း နာမည်ကြီးချင်တာမျိုးလည်း မရှိသလို အမြတ်အစွန်းများများရဖို့လည်း စိတ်မဝင်စားဘူးတဲ့… သူတို့ကပြောသေးတယ် ငါတို့သာ တကယ်လို့ အစားအသောက်အစီအစဉ် ရိုက်ကူးထုတ်လွှင့်တော့မယ်ဆိုရင် ကျောင်းသားတွေအတွက် ရည်ရွယ်ထားတဲ့ အစားအသောက်တွေကို စားရတော့မှာပေါ့တဲ့… သူတို့က အစီအစဉ်ရိုက်ကူးခွင့်ရော ကန်တင်းကိုကြေညာပေးတာရော နည်းနည်းမှမလုပ်ချင်နေတာ… အပြင်လူတွေကို လုံးဝတားမြစ်ထားတာလေ… အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားတွေကိုဆက်သွယ်ဖို့က ပိုတောင်မဖြစ်နိုင်သေးတယ်… ငါတို့တွေက ကျောင်းလာအပ်တဲ့ကျောင်းသားအရေအတွက် ပိုတိုးလာအောင်ကူညီပေးနိုင်ပါတယ်လို့ပြောတော့လည်း တစ်ဖက်လူက 'အဲ့ဒါ ကျောင်းအပ်နှံရေးဌာနရဲ့တာဝန်ပါ'ဆိုပြီး ငြင်းပြန်ရော…ဘယ်လိုနည်းလမ်းပဲသုံးသုံး အသုံးမဝင်ဘူး ဘုရားရေ... ကန်တင်းပိုင်ရှင်ရဲ့အိမ်မှာ မိုင်းတွင်းတွေဘာတွေများ ရှိနေလို့လား..."


အကြောင်းအရင်း ရေရေရာရာမသိရသော်လည်း ဤမိုက်ခရိုဘလော့ဂ်ကို CUကျောင်းသားများ ရှာတွေ့သွားပြီးနောက်တွင် á€•á€źá€”á€şá€œá€Šá€şá€™á€ťá€žá€á€ąá€€á€źá€œá€ąá€žá€Šá€şá‹ ကျောင်းသားအားလုံး ဆွေးနွေးနေကြသည့်ခေါင်းစဉ်မှာ "ပထမကန်တင်းက ကောင်းတယ်…ပထမကန်တင်းက မိုက်တယ်…နွေရာသီအားလပ်ရက်မှာတောင် ကျောင်းတက်ချင်တယ်…"ဟူသောအကြောင်းအရာမှ "သူဌေးက ရွှေတွင်းကြီး တစ်တွင်းပိုင်ထားတဲ့အပြင် ချောမောပြီး ငွေဘယ်လိုရှာရမယ်ဆိုတာလည်းသိတယ်" နှင့် "ငါတို့ပထမကန်တင်းရဲ့သူဌေးက အလှလေးတွေမြှူဆွယ်တာတောင် တုတ်တုတ်မလှုပ်ဘူး" အစရှိသောအကြောင်းအရာများဆီသို့ ပြောင်းလဲသွားသည်။ ထို့နောက် "ပထမကန်တင်းက ငါတို့ကျောင်းရဲ့ ကျောင်းအပ်နှံရေးကြော်ငြာမှာပါလာသင့်တယ်"ဟု ပြောင်းလဲသွားပြန်၏။


အဆုံးတွင် ဤမိုက်ခရိုဘလော့ဂ်က CUကျောင်းသားများသာ ပထမကန်တင်းထဲသို့ ဝင်ရောက်ခွင့်ရှိကြောင်း သက်သေပြခဲ့လေသည်။


သူဌေးဖြစ်သူက မီဒီယာကုမ္ပဏီများ၏ ဖိတ်ကြားချက်အားလုံးကို ပယ်ချခဲ့ပြီး သူတို့ ဤနေရာကိုလာရခြင်းမှာ ကျောင်းသားများအတွက် အစားအသောက်ပြင်ဆင်ပေးရန်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားလိုက်သည်။ သူတို့က ကျောင်းသားများနှင့် တရင်းတနှီးရှိထားသောကြောင့် အထူးတလည်ကြေညာနေရန်မလိုချေ။ ထိုစကားကိုကြားသောအခါ ကလေးများအားလုံး စိတ်လှုပ်ရှားသွားရသည်။ သူတို့ နေ့စဥ်စားနေနိုင်သည့်ကန်တင်းအစားအသောက်များမှာ သူတို့အတွက် အထူးတလည်ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး အခြားသူများစားချင်သော်လည်း မစားနိုင်သည့်အရာပင်။


ကျောင်းသားအများအပြားက ပထမကန်တင်း၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ်တာဝန်ယူရန်အတွက် စိတ်ရင်းပြည့်သောစကားသံများ အံကျလာလေတော့သည်။ သူတို့က ကျောင်းကိုကြော်ငြာပေးရန် အခမဲ့လုပ်အားပေးကြလေသည်။


["ငါတို့ရဲ့ ဂျူနီယာညီမလေးတွေနဲ့ ညီလေးတွေအားလုံးကို နန်ဟိုင် Cစိုက်ပျိုးရေးတက္ကသိုလ်မှ နွေးထွေးစွာကြိုဆိုပါတယ်… ဒီနေရာမှာ အရည်အချင်းပြည့်မီတဲ့ သင်ကြားရေးဝန်ထမ်းတွေရှိတဲ့အပြင် အရသာအရှိဆုံးနဲ့ စရိတ်သက်သာတဲ့ ကန်တင်းဟင်းလျာတွေကိုပါ ခံစားနိုင်ပြီးတော့ သန့်ရှင်းလတ်ဆတ်တဲ့သဘာဝရှုခင်းကိုလည်း ခံစားနိုင်မှာပါ… ဓါတ်ပုံတချို့ကိုပါ ပူးတွဲတင်ပေးလိုက်ပါတယ်… ထူးခြားတဲ့CUမှာ စာလေ့လာနိုင်ပြီး ပထမကန်တင်းကကျွေးတဲ့ ထူးခြားတဲ့အစားအသောက်တွေကိုလည်း ခံစားနိုင်ပါတယ်…"]


ဟွမ်းဝေ့ဟယ်ကလည်း သူ့မိခင်ကျောင်းတော်ကြီး၏ကန်တင်းကို ပံ့ပိုးကူညီရန်အတွက် ပို့စ်တစ်ခုကို ဝမ်းသာအားရတင်လိုက်သည်။


"လက်ရှိပထမကန်တင်းက မင်းတို့တွေ CUကိုလာပြီးကျောင်းတက်ချင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်ထင်တယ်..."


အင်တာနက်သုံးစွဲသူများက ရှက်ရွံ့စွာပြောကြသည်။


["သေစမ်း... အရသာရှိတဲ့အစားအသောက်တွေ စားချင်ရင်တော့ နိုင်ငံ့အချက်အချာတက္ကသိုလ်ကို တက်ရမှာပဲ… အရင်ဆုံး ငါ စာဆက်လုပ်လိုက်ဦးမယ်…"]


CU ၏တရားဝင်Weiboက အဆိုပါကြိုးပမ်းအားထုတ်မှုများအားလုံးကို ပြန်လည်တုံ့ပြန်ရန်အတွက် CU၏ကန်တင်းတွင်ရှိသော အစားအစာများ၏ စံနှုန်းက CU၏သင်ကြားရေးစံနှုန်းများနှင့် တူညီသည်ဟုဆိုထားသော ကြော်ငြာတစ်ခုကိုပွဲထုတ်ခဲ့သည်။ ကျောင်းသားများနှင့် သူတို့၏မိဘများအနေနှင့် CUတွင်ပညာသင်ကြားရန် စဉ်းစားပေးကြလိမ့်မည်ဟု သူတို့မျှော်လင့်နေကြသည်။


နွေရာသီစာရင်းသွင်းကာလအတွင်း လူအမြောက်အများက လက်ရှိရေပန်းစားနေသောခေါင်းစဉ်ဖြစ်သည့် #ကန်တင်းကြောင့်CUကိုရွေးချယ်ခြင်း#ဟူသောခေါင်းစဉ်အောက်တွင် ဆွေးနွေးခန်းဖွင့်နေကြပြီး á€‘á€­á€Żá€á€ąá€Ťá€„á€şá€¸á€…á€‰á€şá€Ąá€ąá€Źá€€á€şá€›á€žá€­á€†á€˝á€ąá€¸á€”á€˝á€ąá€¸á€™á€žá€Żá€™á€ťá€Źá€¸á€€á€œá€Šá€şá€¸ ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် CUနှင့် ပထမကန်တင်းတို့ကို လူအများ ပိုသတိထားမိလာသည်။


ဒေသတွင်းရုပ်မြင်သံကြားဌာနတစ်ခုက အင်တာဗျူးတစ်ခုကို á€‘á€Żá€á€şá€œá€˝á€žá€„á€ˇá€şá€œá€­á€Żá€€á€şá€á€ťá€­á€”á€şá€á€˝á€„á€ş အဆိုပါအကြောင်းအရာက လုံးဝဇာတ်ရှိန်တက်သွားလေသည်။ ကျောင်းသားများအနေနှင့် "ဘယ်တက္ကသိုလ်ကိုလျှောက်ခဲ့သလဲ"ဟု မေးမြန်းသည့်အခါ ကျောင်းသားတစ်ယောက်က "CU"ဟု ပြန်ဖြေသည်။ သတင်းထောက်ကလည်း "ဘာကြောင့် CUကိုရွေးချယ်ရသလဲ"ဟု ထပ်မေးသောအခါ ထိုကျောင်းသားက တခြားအင်တာဗျူးဖြေသူများကဲ့သို့ CUရှိ မေဂျာတစ်ခုခုကို သင်ယူချင်သောကြောင့်ဟုမပြောဘဲ ပြုံးရယ်လျက် ပြန်ဖြေ၏။


"သူများတွေက CUကန်တင်းမှာ အရသာရှိတဲ့အစားအသောက်တွေရှိတယ်လို့ ပြောကြတယ်လေ… အဲ့ဒါကြောင့် CUကို လျှောက်ခဲ့တာ..."


ထိုကျောင်းသား၏မိဘနှစ်ပါးကလည်း လိုက်ရယ်နေကြပြီး သတင်းထောက်များပင် တအံ့တသြရယ်မောမိကြသည်။


ထိုအကြောင်းကိုပြောခဲ့ချိန်မှာ သူတို့က နောက်ပြောင်နေသည့်အရိပ်အယောင်များရှိနေသော်လည်း အင်တာနက်သုံးစွဲသူများ၏ memeဖန်တီးခြင်းကို မတားဆီးနိုင်ခဲ့ပေ။


["......အရည်အချင်းရှိတဲ့ကျောင်းသားတွေကပဲ အဲ့လိုပြောနိုင်တာ ဟုတ်ပြီလား… ငါလည်း CUရဲ့ကန်တင်းမှာ အရသာရှိတဲ့အစားအစာတွေရှိလို့ဆိုပြီး လျှောက်ခဲ့တာပါပဲ…ဒါပေမဲ့ ငါကတော့ CUကို ဝင်ခွင့်မရခဲ့ဘူး…"]


["ကျွန်တော်က x ပါ… သူက ကျွန်တော်တို့မြို့ရဲ့ပညာသင်ဆုရသိပ္ပံကျောင်းသားတစ်ယောက်လေ… သူတို့ရဲ့ပြည်နယ်အဆင့်က အရမ်းမြင့်တယ်… ကျောင်းတော်တော်များများက သူ့ကိုကမ်းလှမ်းလာပေမဲ့ ကျွန်တော်ထင်မထားတာက..."]


["တခြားကျောင်းတွေရဲ့ကျောင်းအပ်နှံရေးဌာနတွေကိုပြောချင်ပါတယ်… အခု မင်းတို့ ဘယ်အပိုင်းမှာချို့တဲ့နေလဲဆိုတာသိပြီလား…"]


["မြန်မြန်နိုးထလိုက်ပါတော့ ပထမကန်တင်းရဲ့သူဌေးရေ... ကျောင်းအပ်နှံရေးအလုပ်က ကျောင်းအပ်နှံရေးဌာနတစ်ခုတည်းရဲ့တာဝန် မဟုတ်တော့ဘူး…"]


["@ငါတို့ကျောင်းက စားသောက်ဆိုင်... မင်းတို့မျက်လုံးဖွင့်ပြီး á€€á€­á€Żá€šá€şá€ˇá€á€Źá€á€”်ကိုယ်ယူကဟပဍတ္ဏအ‌"]


["နည်းပြ ငါလည်းCUကိုစားချင်တယ်…"]


["မင်းက CU ကိုဘယ်လိုစားရမှာလဲ… CUမှာသွားစားမယ်လို့ပြောတာမလား…"]


စွေ့ချီချောင်းက လက်ရှိကိစ္စများကို ဂရုမစိုက်အားပေ။ သူက ငရုတ်ပင်စိုက်ပျိုးရေးတွင် အာရုံဝင်စားနေချေသည်။ သူ၏ငရုတ်ပင်စိုက်ပျိုးစမ်းသပ်မှုတွင် ပဏာမရလဒ်အချို့ရရှိလာပြီဖြစ်ပြီး ဤငရုတ်သီးများကို ဤတက္ကသိုလ်၏အမည်ဖြစ်သော CXဆိုသည့်အမည်အတိုင်း အတွဲလိုက်မှည့်ပေးခဲ့သည်။ မျိုးကွဲများကို CX-1 မှသည် CX-11အထိ စသည်ဖြင့်ရေတွက်ကာမှည့်ပေးခဲ့သည်။


ရလဒ်များအရ CX-3က အထွက်နှုန်းအမြင့်ဆုံးဖြစ်ကြောင်း ညွှန်ပြနေသည်။ စျေးကွက်ထဲရှိ အလားတူငရုတ်သီးမျိုးများထက် နှစ်ဆယ်ရာခိုင်နှုန်းပိုများလေသည်။ ပျမ်းမျှအားဖြင့် အမျိုးအစားတစ်ခုချင်းစီ၏ အထွက်နှုန်းက ၁၂ ရာခိုင်နှုန်းအထိ တိုးလာသည်။


၎င်းတို့အထဲတွင် မျှခြေအညီဆုံးမှာ CX-7 ဖြစ်သည်ဟု သူထင်သည်။ ထိုငရုတ်သီးမျိုးက ထုတ်လုပ်မှုအဆင့်ကို ဆယ့်ခြောက်ရာခိုင်နှုန်းအထိ တိုးမြင့်လာစေပြီး ထိခိုက်မှုနှုန်းကလည်း ခြောက်ရာခိုင်နှုန်းအထိ လျော့ကျသွားကာ ရောဂါပိုးခံနိုင်ရည်အားလည်း အလွန်ကောင်းမွန်လှသည်။


နောက်တစ်ဆင့်အတွက်မူ စွေ့ချီချောင်းက နှိုင်းယှဥ်စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရမည်ဖြစ်၏။ ထို့ကြောင့် ဖန်လုံအိမ်များကိုဖျက်ချပြီး လယ်ကွင်းပြင်ကြီးထဲတွင် မျိုးစေ့များကိုစိုက်ရသည်။ ဤစမ်းသပ်မှုအတွက် အချိန်အနည်းငယ် လိုအပ်လေသည်။


နှိုင်းယှဉ်စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးနောက်တွင်လည်း စွေ့ချီချောင်းအနေနှင့် နောက်ထပ်ဒေသတွင်းစမ်းသပ်မှုများစွာကို လုပ်ဆောင်ရန်လိုအပ်လာသည်။ ဆိုလိုသည်မှာ ဒေသအသီးသီးရှိငရုတ်ကောင်းများ၏စွမ်းဆောင်ရည် တည်ငြိမ်မှုရှိမရှိကို စောင့်ကြည့်ရန်အတွက် မတူညီသောနယ်မြေ၊ မတူညီသောမြေဆီလွှာနှင့် မတူညီသောရာသီဥတုများတွင် သီးနှံများကို ခွဲခြားစိုက်ပျိုးရမည်ဟူသောအဓိပ္ပာယ်ပင်။


ဤကျောင်းဝင်းမှတ်ဉာဏ်တုလေယာဉ်အတွင်း ပိတ်မိနေသော စွေ့ချီချောင်းက စမ်းသပ်မှုကို အချိန်မီမပြီးဆုံးနိုင်သည်မှာ ထင်ရှားလှသည်။ သို့သော်လည်း မကြာသေးမီက မုန့်ချန်မိတ်ဆက်ပေးခဲ့သည့်အက်ပ်နှင့် အသားကျနေပြီဖြစ်သောကြောင့် ထိုအက်ပ်တွင် ပို့စ်တစ်ခုတင်လိုက်သည်။


["ကိုယ်တိုင်မျိုးဖောက်ထားသော ငရုတ်သီးမျိုးကွဲများကို ယခုနှစ်ကုန်တွင် အခမဲ့ရရှိနိုင်ပါသည်။ အရေအတွက်ကန့်သတ်ထားသည်။ ကျေးဇူးပြု၍ သင်၏ ဆက်သွယ်ရန်အချက်အလက်များကို ဤနေရာတွင် ချန်ထားခဲ့ပေးပါ"]


စိုက်ပျိုးရေးက တိုင်းပြည်၏အခြေခံအုတ်မြစ်ဖြစ်ပြီး သီးနှံစိုက်ပျိုးခြင်းက စိုက်ပျိုးရေး၏ ဦးစားပေးလုပ်ငန်းဟူသော ဆိုရိုးစကားလည်းရှိထားသည်။


အရေးအကြီးဆုံးအခြေခံအုတ်မြစ်နှစ်ခုမှာ မျိုးစေ့ကောင်းနှင့် စိုက်ပျိုးရေးအတွက် ကောင်းမွန်သောနည်းလမ်းများဖြစ်သည်။


စိုက်ပျိုးရေးလုပ်ကိုင်သူတိုင်းက သိပ္ပံနည်းကျစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုနိုင်သည့်စွေ့ချီချောင်းကဲ့သို့ တိကျစွာဆုံးဖြတ်နိုင်စွမ်းမျိုး မရှိပေ။ ထို့ကြောင့် လူအများစုက ပိုမိုကောင်းမွန်သောအပင်မျိုးစိတ်များအပေါ် အလွန်အားကိုးကြသည်။


မျိုးစေ့ကောင်းဆိုသည်မှာ မျိုးကောင်းမျိုးသန့်နှင့် မျိုးကောင်းမျိုးသန့်မှရသော ပျိုးပင်ကို ဆိုလိုခြင်းဖြစ်သည်။


စွေ့ချီချောင်းတွင် အရည်အသွေးပြည့်မီသော မျိုးကောင်းမျိုးသန့်ပျိုးပင်များ ရှိသည်။ သို့သော် သူ့တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နောက်ခံမျိုးမရှိသည့်အပြင် သူ့စမ်းသပ်မှုများကို ကူညီပေးမည့် စေတနာ့ဝန်ထမ်းများလည်း မရှိပေ။ တစ်ပါးသူများအနေနှင့် သူတို့မရင်းနှီးသည့်မျိုးစေ့များကို လနှင့်ချီ၍စမ်းသပ်လိုစိတ်ရှိမည်မဟုတ်ပေ။


စွေ့ချီချောင်းက ထိုအကြောင်းကို ကြိုစဉ်းစားထားပြီးဖြစ်၍ လအနည်းငယ်ကြိုတင်ပြီး ပို့စ်တင်ထားခြင်းပင်။ ဘာမှမလုပ်သည်ထက်စာလျှင် ယခုလိုလုပ်ခြင်းက ပိုကောင်းသည်။ ဤလများအတွင်း သူက အက်ပ်ပေါ်တွင်နာမည်ရလာနိုင်ပြီး တစ်ယောက်ယောက်က မျိုးစေ့များကိုစိုက်ပျိုးပေးရန် ကူညီပေးလာနိုင်ပေသည်။


အက်ပ်ထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိပါက ဥက္ကဠစွေ့ထံမှ အကူအညီတောင်းမည်ဖြစ်၏။ ကျောင်းသားမိသားစုများထဲတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့်မိသားစုမှာ မုန့်ချန်တို့မိသားစု တစ်ခုတည်းမဟုတ်သည်မှာ သေချာလှသည်။ အစမ်းသပ်ခံများကို ရှာဖွေရန်အတွက် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စူးစမ်းလေ့လာရမည်။ အစမ်းသပ်ခံများအတွက် လျော်ကြေးပေးရလျှင်ပင် သူက ဤစမ်းသပ်မှုကို ပြီးမြောက်အောင်လုပ်ဆောင်ရမည်ဖြစ်၏။


တစ်ချိန်တည်းမှာပင် "လယ်သမားငယ်များအတွက် အမေးအဖြေ"ဟူသောဝဘ်ဆိုက်ကိုအသုံးပြုသူအများအပြားက စွေ့ချီချောင်းအမည်ရှိသော သုံးစွဲသူတစ်ဦးကို တဖြည်းဖြည်းသတိပြုမိလာကြသည်။


"လယ်သမားနတ်ဘုရား၏မျိုးဆက်"ဟူသော ကိုယ်ပိုင်အမည်ဖြင့် အက်ပ်ထဲကျင်လည်နေသော ထိုလူက သီးနှံဖိုရမ်ကဏ္ဍအားလုံးနီးပါးကိုလှည့်လည်ကာ မေးခွန်းအမျိုးအစားတိုင်းနီးပါးကို ဖြေဆိုခဲ့လေသည်။


အစပိုင်းတွင် ကျွမ်းကျင်သူများကသာ သူ့ကို သတိပြုမိခဲ့သည်။ သာမန်အသုံးပြုသူများက ခေါင်းစဉ်တစ်ခုတည်းသာရှိသော ကိုယ်ရေးအကျဉ်းကို မြင်လိုက်သောအခါ ထိုလူကိုလျစ်လျူရှုပြီး ကျွမ်းကျင်သူများ၏ တုံ့ပြန်မှုများကိုသာ ပိုမိုအာရုံစိုက်ခဲ့ကြသည်။ စွေ့ချီချောင်း၏အဖြေများက အလွန်တိကျကြောင်း ကျွမ်းကျင်သူများကသာ သတိပြုမိခဲ့ကြသည်။


အချိန်အများစုတွင် မေးခွန်းမေးသူများ၏ဖော်ပြချက်မှာ သေချာတိကျမှုမရှိပေ။ ထိုအခါ ကျွမ်းကျင်သူများက ပြဿနာကို နားလည်နိုင်ရန်အတွက် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရန်လိုအပ်လေသည်။ သို့မဟုတ်ပါကလည်း သူတို့က အခြေအနေနှင့်ပတ်သက်၍ ထပ်မံမေးမြန်းရပေလိမ့်မည်။


စွေ့ချီချောင်းက အချိန်ပြည့်အွန်လိုင်းဖြစ်နေပုံရပြီး မေးခွန်းအသစ်များကို ဖြေဆိုရန်လည်း အလွန်အာရုံစိုက်ထားသည်။ အွန်လိုင်းတွင် မေးခွန်းအသစ်များတက်လာသည်ကို သူမြင်နေသရွေ့ ထိုမေးခွန်းများကို ငါးမိနစ်အတွင်း အဖြေပေးလိမ့်မည်ဖြစ်၏။ မုန့်ချန်၏ဖခင်ကို သူတို့၏ငရုတ်ကောင်းက မည်သည့်နေရာတွင် ပြဿနာရှိနေသည်ကို ပြောပြခဲ့သလို အကြောင်းပြချက်တစ်ခုကိုထုတ်ပေးသည်။ အကြောင်းပြချက်တစ်ခုခုကြောင့် မဟုတ်ပါက အခြေအနေပေါ်မူတည်ပြီး နောက်ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်းကိုလည်း သုံးသပ်ပြသည်။


အများအားဖြင့် ပထမဆုံးအကြောင်းပြချက်အတွက် သူပေးခဲ့သော ပထမဆုံးအဖြေက မှန်ကန်လေ့ရှိပြီး သူ့အဖြေများ၏တိကျမှုမှာ တစ်ရာရာခိုင်နှုန်းဖြစ်သည်။


ကောက်ပဲသီးနှံများမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအထိ၊ စားသုံးနိုင်သောမှိုများမှ မြေအောက်ဥမြစ်များအထိ၊ တရုတ်ဆေးဖက်ဝင်အပင်များမှ ပန်းပွင့်များအထိ။ ထိုမေးခွန်းများက သူ့အတွက် ခက်ခဲပုံမပေါ်ပေ။ တစ်ခါတစ်ရံတွင် သူက ကြက်မွေးမြူရေးဖိုရမ်ကဏ္ဍသို့ ဧည့်သည်အနေနှင့်ပင် သွားခဲ့သေးသည်။


အစပိုင်းက ထိုအကြောင်းကို သာမန်အသုံးပြုသူများ မသိခဲ့ကြဘဲ ကျွမ်းကျင်သူများကသာ သီးသန့်ဆွေးနွေးဖြစ်ကြသည်။ 

'ဒီလူက စိုက်ပျိုးရေးသုတေသီတစ်ယောက်ရဲ့ အရန်အကောင့်ဖြစ်နိုင်ခြေများတယ်…' 


ကောင်းကင်ဘုံကဆင်းသက်လာသော ငအလေးတစ်ယောက် ဤသို့မေးလာသည့်နေ့အထိ ထိုအတွေးကဆက်လက်တည်ရှိနေခဲ့သည်။


["ကျွန်တော့်ရဲ့လသာဆောင်က ဒီပုံစံလေးပါ… နေရာလွတ်တွေကို သေချာအသုံးချချင်ပါတယ်… ကျွန်တော့်ဘဝတိုးတက်ဖို့အတွက် အသီးအရွက်မျိုးစုံကို များများစားနိုင်အောင်အစွမ်းကုန်ကြိုးစားချင်လို့ ကျွန်တော်ဘာလုပ်သင့်လဲ…"]


ကျွမ်းကျင်သူများက ထိုမေးခွန်းများကို မဖြေချင်၍ ဝတ်ကျေတန်းကျေပြန်ပြောလိုက်သည်။

"ကြက်သွန်၊ ဂျင်းနဲ့ ကြက်သွန်ဖြူစိုက်ဖို့ အကြံပေးချင်ပါတယ်..."


စွေ့ချီချောင်းက ဝင်ဖြေပြန်သည်။ သူက သူ့လသာဆောင်ကိုဓာတ်ပုံရိုက်ပြီး ပို့လိုက်၏။ 

"ငါ့တိုက်ခန်းရဲ့ လသာဆောင်က မင်းဟာနဲ့အရွယ်အစားအတူတူပဲ… ငါ့ဟာကို ကိုးကားလို့ရတယ်..."


ထိုပုံထဲရှိ လသာဆောင်က ဒေါင်လိုက်စိုက်ပျိုးရေးနည်းစနစ်ကို ဉာဏ်ပါပါအသုံးချထားပြီး နေရောင်ခြည်၊ လေနှင့် နေရာလွတ်တို့ကို အပြည့်အဝ အသုံးချထားသည်ဟု ဆိုနိုင်လေသည်။


စွေ့ချီချောင်းရောက်ခါစက ငရုတ်ပင်တစ်ပင်သာရှိခဲ့သော်လည်း ယခုမူ အပင်များဖြင့် ပြည့်နှက်နေလေသည်။


ပုံထဲတွင် အပင်အမျိုးအစားကို အမှတ်အသားပြုရန်အတွက် စာလုံးသေးသေးလေးများဖြင့်နာမည်တပ်ထားလေသည်။ စပျစ်နွယ်ပင်များက နံရံထောင့်နှစ်ဖက်ရှိ စတုဂံပုံစံစင်ကြီးထဲတွင် ပေါက်ရောက်နေပြီး ကြီးမားလှသောအဝါရောင်နှင့် လိမ္မော်ရောင်ဖရုံသီးများစွာကလည်း တွဲလောင်းကျနေချေသည်။ သီအိုရီအရဆိုလျှင် ရွှေဖရုံသီးများကို လသာဆောင်တွင် စိုက်ပျိုးနိုင်သော်လည်း ၎င်းတို့ကိုထိန်းသိမ်းထားရန်မှာ အလွန်ခက်ခဲသောအလုပ်တစ်ခုဖြစ်သည်။ သာမန်လူများအနေနှင့် လသာဆောင်များတွင်ဖရုံသီးစိုက်ပျိုးရန် စိတ်မကူးကြပေ။


သို့သော် ထိုဖရုံသီးက သီးနှံများထဲမှတစ်ခုမျှသာဖြစ်သည်။ တစ်ဖက်ခြမ်းတွင်မူ ပြင်သစ်ပဲနွယ်ပင်များက အပြင်ဘက်နံရံကို လှမ်းတွယ်တက်နေလေသည်။ ၎င်းမှာ စိမ်းလန်းသော်လည်း အသီးမသီးသေးပေ။ ဒေါင်လိုက်စိုက်ခင်းထဲတွင် အဓိကထုတ်ကုန်မှာ အရွက်ရှိသောဟင်းသီးဟင်းရွက်များဖြစ်ပြီး Nightshade မိသားစုမှ ဟင်းသီးဟင်းရွက်များကို ဖြည့်စွက်ပေးထားသည်။ ထိုအထဲတွင် အရွက်များ၊ ပန်းများ၊ သစ်သီးများနှင့် ပြည့်နှက်နေလေသည်။


စပျစ်နွယ်ပင်များက ကွင်းတစ်ခုလုံးအပြည့်နေရာယူထားသည်။ လသာဆောင်ပေါ်ရှိ အစိမ်းရောင်အရွက်များဖြင့် ဖုံးလွှမ်းနေသော ဝါးဘောင်တန်းလေး၏ထိပ်တွင်ပင် နေရာလွတ်မရှိသလောက်ဖြစ်သည်။ ဒေါင်လိုက်စိုက်ခင်း၏ရှေ့တွင် အရောင်အသွေးစုံလင်ပြီး အမြင့်ချင်းမတူသော ဟင်းရွက်စိုက်ထားသည့်အိုးများရှိသည်။


နေရာတစ်ခုလုံးက သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ ထူထပ်သော သစ်တောလေးနှင့်ဆင်တူပြီး သောင်းပြောင်းရောထွေးနေပုံပေါက်သော်လည်း ဖရိုဖရဲမဖြစ်နေပေ။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အမျိုးအစားများစွာရှိသော်လည်း သီးသန့်ဖန်လုံအိမ်ထဲတွင် ဂရုတစိုက်စိုက်ပျိုးထားသကဲ့သို့ အပင်တစ်မျိုးစီကို ဂရုတစိုက်ပြုစုစောင့်ရှောက်ထားပြီး တက်ကြွလန်းဆန်းကာ အခြေအနေကောင်းမွန်လေသည်။


ဓာတ်ပုံက ကြည်လင်ပြတ်သားနေချေသည်။ ချဲ့ကြည့်လိုက်သည့်အခါတွင် အသေးစိတ်အချက်အလက်များကို မြင်နိုင်ပေသည်။ ဤသည်မှာ Photoshopလုပ်ထားခြင်းမဟုတ်ကြောင်း၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဒေါက်တိုင်များကို အသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးကြည့်နိုင်လေသည်။ ထို့အပြင် ထိုအသုံးပြုသူက ပုံ၏အရောင်ကိုပင် ချိန်ညှိထားခြင်းမရှိချေ။


ဓာတ်ပုံရိုက်ယူထားသူက သူ၏လသာဆောင်ကို သာမန်ကာလျှံကာရိုက်ယူခဲ့ပြီး အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များဖြင့်ပြည့်နှက်နေသော မှော်ဝင်တောအုပ်ထဲသို့ ကြည့်ရှုသူများကို ခေါ်ဆောင်သွားခဲ့သည်။


လူပြိန်းများကမူ "ဓာတ်ပုံဘယ်လောက်လှသလဲ" ကိုသာကြည့်မည်ဖြစ်ပြီး ကျွမ်းကျင်သူများကမူ နည်းပညာကျွမ်းကျင်မှုကိုကြည့်ကြလိမ့်မည်။ ဤသည်မှာ ဆောင်းဥယျာဉ်တစ်ခုမဟုတ်ဘဲ လသာဆောင်မျှသာဖြစ်၏။ သိပ်သည်းဆနှင့် ကြီးထွားမှုအဆင့်ကိုကြည့်လိုက်လျှင် ထိုသုံးစွဲသူက ၎င်းကို မည်မျှဂရုစိုက်ထားသည်ကို မြင်နိုင်သည်။ အတွေ့အကြုံမရှိသေးသူများအနေနှင့် ဤအရာကို အကိုးအကားအဖြစ် သုံးနိုင်သည်ဟုပြောခြင်းမှာ ထိုလူ လျှော့ပေါ့ပြီး ပြောထားခြင်းဖြစ်သည်။


["သေစမ်း...ဒါက ဖြေကြားသူရဲ့ မူလလက်ဟောင်းဖန်တီးမှုလား…"]


["ဒါက သေချာစီစဉ်ထားတာ…ဖန်လုံအိမ်အတိုင်းပဲ…"]


["ဒါကိုပြန်တုံ့ပြန်ဖို့ စကားလုံးနှစ်လုံးပဲ ရှိတယ်… မိုက်ချက် ပဲ… သုံးထားတဲ့နည်းပညာတွေက အရမ်းကောင်းတယ်…"]


["ဖြေကြားသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ သူအရင်တုန်းကဖြေထားတဲ့အဖြေတွေကို သွားကြည့်ဖို့အကြံပေးချင်ပါတယ်… အဲ့ဒါတွေကကောင်းလွန်းလို့ ငါကန်းတော့မလိုပဲ…"]


ဤတုံ့ပြန်မှုက "လယ်သမားငယ်များအတွက် အမေးအဖြေ" တွင်သာ နာမည်ကြီးနေခြင်းမဟုတ်ဘဲ အခြားသူများ စခရင်ရှော့ရိုက်ယူ၍ အခြားနေရာများတွင်ပါ ဖြန့်ဝေထားသောကြောင့် နေရာအနှံ့ပြန့်နေချေသည်။ ခေါင်းစဉ်မှာမူ "ပုံမှန်တရုတ်လသာဆောင်က ဒါမျိုးဖြစ်နေသင့်တာ"ဟု ဖော်ပြထားသည်။


တရုတ်လူမျိုးများက လယ်ယာလုပ်ငန်းတွင်အရည်အချင်းရှိကြသည်ဟု လူတိုင်းက ဆိုကြသည်။ လသာဆောင်ဥယျာဉ်က လက်တွေ့ကျရုံသာမက သာယာလှပသည်ဟုလည်းပြောကြသည်။


ထိုအချိန်တွင် သာမန်အသုံးပြုသူအများအပြားက စွေ့ချီချောင်း၏ တိကျမှုမြင့်မားသောအဖြေများနှင့် သူဖြေဆိုထားသော အကြောင်းအရာများကို ပြန်ကြည့်နေကြလေတော့သည်။ သို့သော် သူ့တွင် ကျွမ်းကျင်သူလက်မှတ်မရှိသောကြောင့် သူ့အဖြေများကို လူအနည်းငယ်သာ အာရုံစိုက်ခဲ့ကြသည်။ မျိုးစေ့များကို အလကားပေးမည်ဟုကြွေးကြော်ထားသော လူသိနည်းလှသည့်သူ့ပို့စ်ကိုလည်း ကြည့်ရှုခဲ့ကြသည်။ ထိုအခါ သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။


လူသစ်လေးဟု အားလုံးထင်ထားခဲ့တဲ့လူတစ်ယောက်က တကယ်တော့ ဘုရင်တစ်ပါးဖြစ်နေတာပဲ…



🌱🌱🌱