Chapter 24
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 24

နာမည်ကြီးလာခြင်း (အပိုင်းနှစ်)



မွန်းတည့်ချိန်ရောက်သော် အားလုံးက နေ့လယ်စာစားရန်စောင့်မျှော်နေကြသည်။


ကျောင်းသားမဟုတ်သောသူများက ကန်တင်းတွင်နေ့လယ်စာစားသုံးနိုင်ရန်အတွက် ဝန်ထမ်းများထံမှ စားသောက်ခွင့်လက်မှတ်များထုတ်ပေးမည့်အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်၏။


ဟင်းလျာများမှာ ငါးအသားပြုတ်၊ မိုရှူးဝက်သား၊ ချဉ်ပေါင်ကြော်၊ မှိုနှင့်အစိမ်းကြော်၊ နံရိုး၊ အသားနှင့်အရွက်စွပ်ပြုတ်တို့အပြင် ရေညှိဟင်းရည်တို့ ပါဝင်သည်။ ထိုဟင်းလျာများ၏စျေးနှုန်းကို ဝန်ထမ်းများကသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ဆယ်ယွမ်မျှပေးဆောင်ရုံဖြင့် ဟင်းလျာများကို အလျှံပယ်စားသုံးနိုင်မည့်အပြင် နာမည်ကြီးငရုတ်ဆီကိုလည်း အခမဲ့သုံးဆောင်ခွင့်ရဦးမည်ဖြစ်၏။ 


ကျောင်းကို လာရောက်လည်ပတ်သည့် မူလရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ တည်ခင်းသောအစားအသောက်များမှာ စိတ်ကျေနပ်ဖွယ်ရာကောင်း၏။


ပထမဆုံးအနေနှင့် ငရုတ်ဆီက ကျော်ကြားနေသောဂုဏ်သတင်းနှင့်ထိုက်တန်လေသည်။ သူတို့က ရသာရုံတောအုပ်လေးအပြင် အခြားစီချွမ်နှင့် ဟူနန်တို့တွင်ရှိသော စားသောက်ဆိုင်များတွင်လည်း စားဖူးကြသော်ငြား ပထမကန်တင်း၏ငရုတ်ဆီကမူ မူပိုင်အရသာတစ်မျိုးရှိသည်။ ၎င်းက ထင်ပေါ်မွှေးကြိုင်သောရနံ့ရှိပြီး လန်းဆန်းသွားစေသည်။ သွားများအကြား နှမ်းစေ့များကိုကြိတ်ဝါးလိုက်ရသည့်ခံစားချက်က ငရုတ်ဆီ၏ပူပူစပ်စပ်အရသာနှင့်ပေါင်းပြီး ခံတွင်းထဲကိုစိမ့်ဝင်သွားသည်။


အသီးအရွက်များက လတ်ဆတ်လှသောကြောင့် ကြွပ်ရွမှုနှင့်ချိုမြိန်မှုကို ခံစားရသည်။ ချက်ပြုတ်ခါနီးမှ အနောက်ဘက်တောင်ကုန်းပေါ်က ခူးလာသည့်အရွက်များဟုပင်ဆိုနိုင်သည်။ ဟင်းရွက်စိုက်ခင်းက မီတာရာဂဏန်းမျှသာဝေးသဖြင့် ၎င်းကိုဆေးကြောပြီးသည်နှင့် လူတိုင်း၏ပန်းကန်ထဲကို ချက်ချင်းအရောက်ပို့ဆောင်နိုင်သည်သာဖြစ်၏။ နှိုင်းယှဥ်ကြည့်နိုင်သည်ထက် ပိုသာလွန်လတ်ဆတ်လှသည်ဟု ယူဆရပေမည်။


သီးနှံများကိုရေလောင်းခြင်းနှင့် မြေသြဇာကြဲသည့်အခါမျိုးတွင် သူဌေးဖြစ်သူက တင်းတင်းကြပ်ကြပ်ရှိလှသည်ဟုပင် ပြောကြသည်။ ထိုမျှအထိဂရုစိုက်ထားသည်ဖြစ်ရာ အသီးအရွက်များ၏အရသာမှာ အံ့သြဖွယ်ကောင်းလောက်အောင် မထူးခြားဘဲမနေတော့ပေ။


လူတိုင်းလူတိုင်းဟာ ဗိုက်ဖြည့်ပြီးနောက်တွင် မနေနိုင်ကြတော့ဘဲ သူတို့၏လူမှုကွန်ရက်များကိုဖွင့်ပြီး ဟင်းလျာပုံများနှင့်အတူ သူတို့၏စားသောက်ခွင့်လက်မှတ်များကို ပြသခဲ့လေသည်။


[လူတိုင်းက CUကန်တင်းမှာစားချင်ရင် အဖိုးအခကြီးကြီးမားမားပေးရတယ်လို့ ပြောကြတယ်... ကံကောင်းချင်တော့ ငါကိုယ်တိုင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်ဖြေဖို့ အသက်ပြည့်သွားပေမဲ့ ဒီတက္ကသိုလ်ကိုတက်ဖို့စီစဉ်နေတဲ့တူတစ်ယောက်တော့ ငါ့မှာရှိတယ်… စာကြွင်း : ငရုတ်ဆီက သူ့နာမည်ဂုဏ်သတင်းနဲ့ထိုက်တန်ချက်။ အရသာရှိလွန်းလို့ ငါ့မှာ သုံးဇွန်းလောက်ကော်စားပစ်ခဲ့တာ…]


CUကန်တင်းက ယခုချိန်ထိရေပန်းစားနေဆဲဖြစ်သောကြောင့် ပို့စ်အောက်တွင် အားကျခြင်း၊ မနာလိုခြင်းနှင့် မုန်းတီးခြင်းများပြည့်နှက်နေသော မှတ်ချက်များ ရှိနေချေသည်။ ထို့အပြင် စာကိုဂရုတစိုက်ဖတ်ပြီး "သေစမ်း။ ကန်တင်းကို ဒီနည်းနဲ့လည်းသွားနိုင်တာပဲ"ဟု နားလည်သဘောပေါက်သွားသည့် အင်တာနက်အသုံးပြုသူများလည်းရှိသည်။ 


CUရုံးခန်း၏တယ်လီဖုန်းမှာ အဝင်ကောများစွာကြောင့် ပေါက်ကွဲထွက်လုမတတ်ပင်။ တစ်ညလေးအတွင်းမှာပင် ဖွင့်ပွဲအခမ်းအနားသို့ လာရောက်လည်ပတ်ခွင့်ရနိုင်မလားဟု ဖုန်းဆက်မေးမြန်းကြသူ မြောက်များစွာရှိလေသည်။


အစကမူ ကျောင်းဘက်ကလည်း ယခုကဲ့သို့ လူအမြောက်အများတိုးပွားလာခြင်း၏အကြောင်းအရင်းကို မသိခဲ့ကြပေ။ ထိုဖုန်းခေါ်ဆိုမှုများကြောင့် ဝန်ထမ်းများမှာ CUကိုအလည်အပတ်လာရောက်ရန် တောင်းဆိုသူများပြားလာခြင်းမှာ ပုံမှန်မဟုတ်တန်ရာဟု ခံစားမိခဲ့သည်။ သို့သော် ခေါ်ဆိုသူတစ်ယောက်ပြောလာသောစကားကို ကြားလိုက်ချိန်မှာမူ သူတို့သဘောပေါက်သွားရသည်။


"ခင်ဗျားတို့ကျောင်းမှာ ထမင်းတစ်နပ်စားဖို့ အိုး... ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ကျောင်းကို အလည်အပတ်လာဖို့အတွက် ဘယ်လိုလိုအပ်ချက်တွေများရှိသလဲလို့ပါ…"


အဲဒါကိုဝောာ့ ဘယ်သူကများ သဘောမပေါက်ဘဲနေပါ့မလဲ…

ထိုလူအားလုံးက ကန်တင်းတွင် စားသောက်ရရန်အတွက် ရောက်လာကြခြင်းသာဖြစ်သည်။


ရုံးခန်းကလည်း ထိုအကြောင်းကို အထက်လူကြီးများထံသို့ တင်ပြလိုက်လေရာ ကြိုဆိုပွဲဝင်ခွင့်အတွက် စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကိုလည်း ခေတ္တဆိုင်းငံ့ထားလိုက်ရသည်။ သို့သော် ယခုကဲ့သို့ကန့်သတ်လိုက်သည့်တိုင် လူတချို့ကိုမူ လာရောက်ခွင့်ပေးလိုက်ပြီးဖြစ်၏။


တစ်နေ့တွင် ကန်တင်းဝန်ထမ်းများက မိန်းမငယ်လေးတစ်ယောက် ဆယ်လ်ဖီတုတ်တံတစ်ချောင်းယူလာပြီး သူမ စားသောက်နေသမျှ တိုက်ရိုက်ထုတ်လွှင့်နေသည်ကိုပင် မြင်လိုက်ကြရသည်။ စားသောက်ပြီးစီးသွားသောအခါ သူမ ဗိုက်မဝသေးကြောင်း၊ စားသောက်ခွင့်ကူပွန်မရှိတော့ကြောင်း ညည်းတွားနေသံကိုပါ ကြားလိုက်ရသည်။


ဝန်ထမ်းများအနေနှင့်လည်း ထိုလူများကိုငြင်းဆန်ရန်မှာ အလွန်ခက်ခဲလှသည်။ အဒေါ်ကြီးက သူတို့အား ပန်းကန်လာချပေးချိန်တွင် ထိုမိန်းကလေး၏ဖုန်းမျက်နှာပြင်ကို သူမ တစ်ချက်လှမ်းကြည့်လိုက်လေရာ ရထားသော လက်ဆောင်အရေအတွက်များကြောင့် သေမတတ်ထိတ်လန့်သွားရသည်။ အဒေါ်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်ပြီး များများစားစားမသိချေ။ ထို့ကြောင့် ကန်တင်းတွင် ထမင်းတစ်နပ်စားပြရုံမျှဖြင့် ဤမျှလူကြိုက်များသွားရသည့်အကြောင်းအရင်းကိုလည်း နားမလည်ပေ။


ထိုလူများလုပ်ကိုင်နေသည့်အရာများကိုကြည့်ရင်း CUကျောင်းသားများလည်း အချိန်ပိုင်းအလုပ်လုပ်ကိုင်နေခြင်းကို လက်လျှော့ချင်စိတ်ပေါက်လာနိုင်ပေသည်။


စားသောက်နေတာကို တိုက်ရိုက်ထုတ်လွှင့်ပြရုံနဲ့ လက်ဆောင်တွေရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ…


သေချာပေါက်ပင် အဒေါ်ကြီး၏အတွေး မှန်လေသည်။ 


နောက်ပိုင်း ကန်တင်းတွင် စားသောက်နေကြသည်ကို တိုက်ရိုက်ထုတ်လွှင့်နေကြသည့်ကျောင်းသားများ ထွက်ပေါ်လာလေသည်။ ထို့ပြင် သူတို့က ပထမကန်တင်းက

 á€™á€źá€ąá€€á€˝á€€á€şá€™á€ťá€Źá€¸á€€á€­á€Ż မည်သို့မည်ပုံသိမ်းပိုက်ခဲ့သသည်ကိုပါ ပြသကြသည်။ မဟုတ်သေးချေ။ သူတို့က ကျောင်းဝင်းအတွင်း၌ ချဲ့ထွင်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲရှိသေးသည့်အတွက် ဆက်လက်သိမ်းပိုက်နေဆဲဟုပင် ဆိုနိုင်လေသည်။ အချုပ်အားဖြင့်ဆိုရသော် နေရာတိုင်းတွင် သီးနှံများပြည့်နှက်နေသည့်တိုင် ပထမကန်တင်းက á€™á€‘င်ထဏးသ္ဏန္ရဏမဝဏးကိုပဍ ရှာကြံပြီး စိုက်ပျိုးထားကြောင်း ပြသကြသည်။


မရနိုင်သောအရာက အကောင်းဆုံးဟု အမြဲယူဆကြသည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ ထမင်းတစ်နပ်စားရန် ယခုနှစ်၏အကျော်ကြားဆုံးတက္ကသိုလ်ဖြစ်သော CUရှေ့မှ ဖြတ်သွားတတ်ကြသောလူအုပ်ကြီးကြောင့် လမ်းသွားလမ်းလာများအပေါ် "အရသာရှိလိုက်တာ"ဟူသော လေးနက်သည့်အထင်အမြင်တစ်ခုကျန်ရစ်စေခဲ့သည်။ 


……


ဥက္ကဋ္ဌစွေ့က သူ့တူဖြစ်သူကို အချစ်ရေးကိစ္စနှင့်ပတ်သက်ပြီးတိုက်တွန်းလာချိန်၌ စွေ့ချီချောင်းက သူ့ဦးလေးရှေ့တွင်စိတ်ဆိုးသွားသလို တမင်တကာဟန်ဆောင်ပြခဲ့သည်။ လက်တွဲဖော်ရှာရမည့် အရွယ်ရောက်နေသည်ကိုပင် မဆိုထားနှင့် အချစ်ဇာတ်ကြောင်းတစ်ခုကို မတော်တဆအစပျိုးပေးမိလိုက်သလို ဖြစ်သွားသည်ဟု သူထင်မိသောကြောင့်ပင်။ သူ့မိဘများက သူ့ကို မိန်းကလေးတစ်ယောက်ယောက်နှင့်မိတ်ဆက်ပေးရန် ကြိုးစားကြပေမည်။


ဥက္ကဋ္ဌစွေ့ထွက်သွားပြီးနောက်တွင် သူက ထုတ်ဖော်ပြောဆိုလိုက်၏။

"ရည်းစားမလိုချင်ဘူး…"


ရှောင်ပိုင်ကသာ သူနှင့်အတူ အခန်းထဲမှာရှိနေလေရာ ကြောင်လေးခမျာ မှင်တက်သွားရချေသည်။

ငါ ဘာကြားလိုက်တာလဲ...


အမှန်တွင် စွေ့ချီချောင်းက ထိုစကားတစ်ခွန်းကို LJJကုမ္ပဏီမှလူများကို ပြောလိုက်ခြင်းပင်။ ယခုအချိန်တွင် ဤအစီအစဉ်ကို ထုတ်လွှင့်နေပြီဖြစ်ကြောင်း သူသိသော်ငြား လူမည်မျှ ကြည့်ရှုနေမည်ကို မသိရသေးပေ။ ကန်တင်းဖွင့်ထားသောတစ်စုံတစ်ယောက်က လူကြိုက်များလိမ့်မည်မဟုတ်ချေ။


သူ၏ တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဤဟာကွက်ကို အသုံးချခဲ့သည်။ ကြည့်ရှုသူများအနေနှင့် အဓိပ္ပာယ်မဲ့သောမျှော်လင့်ချက်များကို မဆုပ်ကိုင်ထားမိစေရန်လည်း ဖြစ်သည်။ ထုတ်လုပ်ရေးကုမ္ပဏီနှင့်အတူ ကြည့်ရှုသူအနည်းစုအနေနှင့်လည်း မည်သည့်အပိုင်းမှာမဆို အချစ်ဇာတ်လမ်းပါလာမည်မဟုတ်ကြောင်း သိထားသင့်ပေသည်။


ကျောင်းဝင်းအချစ်ဇာတ်လမ်းမျိုးက ရှိလာမည်မဟုတ်ချေ။


စွေ့ချီချောင်းက ဥက္ကဋ္ဌစွေ့ကို ငြင်းဆိုလိုက်ပြီးနောက်မှာ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးက သူ့တိုက်ခန်းဆီသို့ ရောက်ချလာသည်။ ထိုသူမှာ ဤမှတ်ဉာဏ်တုလေယာဉ်ထဲရှိ သူ့အမေပင်။


မေမေစွေ့က သူ့အိမ်ကို အိတ်ကြီးအိတ်ငယ်များဖြင့် ရောက်ချလာသည်။ စွေ့ချီချောင်းကိုတွေ့လိုက်သည်နှင့် သူမ မျက်ရည်ဝဲသွားရသည်။


"မင်းရဲ့ဦးလေးက မင်း အိမ်မပြန်ချင်ဘူးလို့ပြောနေတော့ မားကပဲ မင်းကိုလာတွေ့တာလေ… မင်းရဲ့ပါးကို လာခွင့်ပေးမထားလို့ စိတ်ပူစရာမလိုဘူးနော်… တကယ်တော့ ပါးကလည်း မင်းကိုဂရုစိုက်ပါတယ်… သူ တစ်ချိန်လုံး မင်းကိုဖိအားမပေးခဲ့သင့်ဘူး…"


စွေ့ချီချောင်းက ခဏမျှအံ့အားသင့်သွားပြီးမှ ချီတုံချတုံဖြင့်ပြောလာလေသည်။

"...မား"


ဤ"မေမေစွေ့"နှင့် စွေ့ချီချောင်း၏အမေအစစ်မှာ ကွာခြားလှသည်။ စွေ့ချီချောင်း၏ မွေးမိခင်မှာ မတော်တဆဖြစ်၍ စောစောစီးစီး သေဆုံးသွားခဲ့ရရှာသည်။ သို့သော် သူ့ရှေ့တွင်ရှိနေသည့် "မေမေစွေ့"ထံမှ စိုးရိမ်ပူပန်မှုက စွေ့ချီချောင်းအား သူ့အမေနှင့်တူညီသော ခံစားမှုတစ်ခုကို ခံစားရစေသည်။ သားများအပေါ်ထားသော သူတို့၏မေတ္တာသည် တစ်ထေရာတည်းဆင်တူပေသည်။


ယခင်က ဥက္ကဋ္ဌစွေ့ကို အပြတ်ငြင်းပစ်စဉ်ကလည်း သူ့ခေါင်းထဲ၌ ထိုအတွေးသာရှိသည်။ သူတို့က သူ့မိဘအစစ်များ မဟုတ်ပေ။ သို့သော်လည်း လက်ရှိစွေ့ချီချောင်းက သူ့ခံယူချက်အတိုင်း ဆက်လက်လုပ်ဆောင်ရန် တုံ့ဆိုင်းနေပေသည်။


စွေ့ချီချောင်း လသာဆောင်ဆီသို့ တိတ်တဆိတ်သွားကာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုရွေးပြီး မေမေစွေ့ကို ထမင်းချက်ကျွေးရန် ဆုံးဖြတ်လိုက်သည်။


မေမေစွေ့က သူ့သားလေးမှာ ဟင်းချက်နည်းကိုပင် သိနားလည်နေပြီး ကြောင်တစ်ကောင်ကိုပင် ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် သူ့သားလေးအနေနှင့် ကြောင်တစ်ကောင်မွေးထားရလောက်အောင်အထိ အလွန်အထီးကျန်ပြီး စိတ်ဓာတ်ကျနေခဲ့ရရှာသည်ဟု တွေးနေမိသည်။ သားဖြစ်သူ၏အခက်အခဲများကို တွေးမိပြီး သူမ အလွန်စိတ်မကောင်းဖြစ်နေရရှာ၏။


စွေ့ချီချောင်း ချက်ပြုတ်နေစဉ်အတောအတွင်း သူမက တစ်ချိန်လုံးနားပူအောင် ပြောဆိုနေချေသည်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ပိုဂရုစိုက်ရန်အတွက် တည့်တိုးတစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်ဖုံ á€…ွ္အခဝဎခဝ္ဏင်းဥဏး တိုက်တွန်းနေသည်။


မေမေစွေ့က ထမင်းစားချိန်ရောက်သည်အထိ ထိုစကားကိုဆက်တိုက်ပြောနေ၏။ ဟင်းရွက်အနည်းငယ်ကို ပါးစပ်ထဲထည့်လိုက်သည်နှင့် ထိုစကားများလည်း ရပ်တန့်သွားလေတော့သည်။


"မင်းကျန်းမာရေးက အရေးကြီးဆုံးပဲ…ဟမ် ဟင်... ဒီဟင်းက..."


ချိုမြိန်မှုက သူမခံတွင်းတစ်လျှောက် ပျံ့နှံ့သွားသည်။ မေမေစွေ့က ဟင်းသီးဟင်းရွက်များကို အံ့သြတကြီးဝါးစားရင်း ဟင်းသီးဟင်းရွက်နှင့် ခရမ်းသီးများကို ကြော်နေဆဲဖြစ်သော စွေ့ချီချောင်းကိုကြည့်လိုက်မိသည်။ သူ့လှုပ်ရှားမှုများက သွက်သွက်လက်လက်ရှိလှသည်။ ထမင်းတစ်ပန်းကန်စားပြီးသည်နှင့် မေမေစွေ့က တူကိုချလိုက်ပြီးပြောလေသည်။


"မား မင်းကိုထောက်ခံတယ် သား… မင်းကုမ္ပဏီကို အမွေမဆက်ခံချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်… အသီးအရွက်တွေကို မင်းကြိုက်သလောက်အများကြီးစိုက်လို့ရတယ်…"


"..." 


နောက်ဆုံးတွင် စွေ့ချီချောင်းမရယ်ဘဲမနေနိုင်တော့ချေ။


"ပြန်ယူသွားဖို့ စားစရာတချို့ထုပ်ပိုးပေးလိုက်ဦး…" 


သူ့အပြုံးကိုကြည့်ရင်း မေမေစွေ့၏နှလုံးသားက ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေလေသည်။ သူမ၏ခံစားချက်အစစ်အမှန်ကို အရိပ်အမြွက်ပြပြီး ဆိုလာပြန်၏။ 


"မား တကယ်ပြောနေတာ… မားက မင်းပျော်နေတာကိုပဲမြင်ချင်တယ်…"


စွေ့ချီချောင်းလည်း သူ့မိဘများသာအသက်ရှင်နေသေးလျှင် သူ့ရှေ့ရှိမေမေစွေ့ကဲ့သို့ ဖြစ်လိမ့်မည်ဟုတွေးလိုက်မိသည်။


မေမေစွေ့မှာ သူ့အိမ်တွင်တစ်နေကုန်နေခဲ့လေသည်။ သူမ မသွားမီမှာ စွေ့ချီချောင်းက သူမအတွက် အသီးအရွက်များကိုသယ်ပြီး ကားထဲအထိ ပို့ပေးခဲ့သည်။ 


"မား... မားနဲ့ပါးတို့ဆီကို ဟင်းသီးဟင်းရွက်တွေ ပုံမှန်ပို့ပေးဖို့ လူတစ်ယောက်လောက် ငှားလိုက်မယ်… နှစ်ယောက်စလုံးသဘောကျမယ်လို့ မျှော်လင့်ပါတယ်…"


"ဒါပေါ့ မားတို့ ကြိုက်တာပေါ့…"  

မေမေစွေ့က စွေ့ချီချောင်းကို နွေးထွေးစွာပွေ့ဖက်လိုက်သည်။


မေမေစွေ့ထွက်သွားသည်ကို မြင်ပြီးနောက် စွေ့ချီချောင်းက ရှောင်ပိုင်ကိုကောက်ပွေ့လိုက်ပြီး သူ့မေးစေ့ကို လက်ချောင်းများနှင့် ကုတ်ခြစ်လိုက်သည်။ 

"မင်းတို့အားလုံးကသာ တကယ်အစစ်တွေဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..."


အဖက်ခံလိုက်ရသည်နှင့် ရှောင်ပိုင်က စိတ်အေးလက်အေးဖြစ်သွားပြီး စွေ့ချီချောင်း၏လက်ကို လျက်နေတော့သည်။

 "မြောင်..."


……


နွေရာသီအားလပ်ရက်နှစ်လနီးပါးကြာမြင့်ပြီးနောက် အဆုံးတွင်မူ စာသင်နှစ်တစ်နှစ်စတင်ခဲ့ပြီး CUကျောင်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် ကျောင်းပြန်ရောက်လာကြသည်။


သူတို့ ကျောင်းထဲကိုဝင်သွားလိုက်သည်နှင့် နေရာတိုင်းတွင် သစ်ပင်များ အစားထိုးစိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။ အလှဆင်ရန်သက်သက်ရှိခဲ့ဖူးသော သစ်ပင်များအားလုံးလည်း သစ်သီးပင်များဖြင့် အစားထိုးခံလိုက်ရသည်။


CUကျောင်းသားများ : "..."


ငါတို့ နည်းနည်းလေးတောင် မအံ့ဩမိတာ ဘာလို့ပါလိမ့်…


ဤသည်မှာ သူဌေးစွေ့၏လက်ချက်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူတိုင်းသိနိုင်လေသည်။


ကျောင်းဝင်းတစ်ခုလုံးရှိ အသီးအရွက်များနှင့် နေရာအနှံ့မှာ ပွင့်ဖူးနေသော ပျားရည်စို့ပန်းများကို ကြည့်လိုက်ကြသည်။ သူတို့ စပျစ်နွယ်ပင်များကို မတွေ့ရသည်မှာ နှစ်လမျှသာရှိသေးသော်လည်း ထိုအပင်များက ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်နှုန်းဖြင့် ကြီးပြင်းလာကာ ယခုအခါတွင် မိုးပေါ်နှင့် နေရာအနှံ့ ဖြန့်ကျက်လာကြသည်။ ယခုနှစ်တွင် စိုက်ပျိုးထားသော စပျစ်နွယ်ပင်များက အဝါရောင်နှင့်အဖြူရောင်အပွင့်များပွင့်ကြသည်။


ကန်တင်းကိုသွားသည့်အခါ အေးမြပြီးအဆိပ်ဖြေအားကောင်းသည့် ပျားရည်စို့ပန်းလက်ဖက်ရည်ကို သောက်နိုင်လေသည်။ ပျားရည်စို့ပန်းက မေလနှင့် ဇွန်လတွင် ပွင့်သည်ဟုသိထားကြသော်လည်း အပူချိန်သာမှန်ကန်ပါက တစ်နှစ်ပတ်လုံး ပွင့်နိုင်ပေသည်။


ထင်ထားသည့်အတိုင်း စွေ့ချီချောင်း၏လမ်းညွှန်မှုအောက်တွင် ပျားရည်စို့ပန်းများကို ကောင်းစွာထိန်းသိမ်းထားခဲ့သည်။ အဝါဖျော့ဖျော့လက်ဖက်ရည်က ထူးခြားသောရနံ့မျိုးရှိပြီး အခြောက်ခံခြင်းလုပ်ငန်းစဉ်တစ်လျှောက်မှာလည်း ခါးသက်သက်အရသာ အနည်းငယ်မျှပါသော ချိုမြိန်မှုမျိုးရှိသည်။ အမှန်တကယ် ကောင်းမွန်ပြည့်စုံလှသောအရသာပင်။


ထပ်လောင်းပြောရလျှင် ထိုလက်ဖက်ရည်က အခမဲ့တည်ခင်းခြင်းပင်။ မိန်းကလေးများအနေနှင့် အပူသက်သာရန်နှင့် ကိုယ်အလေးချိန်ချရန်အတွက် သောက်သုံးကြပြီး နေ့တိုင်းခန္ဓာကိုယ်တွင်း အပူချိန်များနေတတ်သော တောင်ပိုင်းရှိကျောင်းသားများအကြားမှာလည်း အလွန်ရေပန်းစားသည်။


သူတို့၏ပျော်ရွှင်မှုကို ထပ်တိုးလာစေသည့်အရာနောက်တစ်ခုမှာ ပြောင်းဖူးပင်များ ရင့်မှည့်လာခြင်းဖြစ်ပြီး ဂျင်ဆင်းမြစ်ကမူ နောက်နှစ်တွင်ရိတ်သိမ်းရန် စောင့်ဆိုင်းဆဲဖြစ်သည်။


ပြောင်းဖူးပင်များကို ဝန်ထမ်းအိပ်ရာတွင် စိုက်ပျိုးထားခြင်းဖြစ်သောကြောင့် ပြောင်းဖူးကို စတင်ရောင်းချချိန်ကျလျှင် ဝန်ထမ်းမိသားစုများကို ဦးစားပေးမည်ဟု ပထမကန်တင်းက သဘောတူထားခဲ့သည်။ သို့သော် သင်ကြားရေးဝန်ထမ်းအများစုက သက်သက်ညှာညှာဖြင့် မျှဝေပေးရန်ဆုံးဖြတ်ခဲ့ကြပြီး ခြင်းတောင်းအပြည့်လည်း မည်သူမှမဝယ်ကြသည့်အတွက် နောက်ဆုံးတွင် ပြောင်းဖူးအနည်းငယ်မျှကျန်နေခဲ့သည်။


ဤပြောင်းဖူးအနည်းငယ်ကို လူတိုင်းစားသုံးနိုင်ရန်အတွက် ပထမကန်တင်းဆီသို့ ယူဆောင်လာခဲ့လေရာ ဝယ်လိုအားများနေချေသည်။ ပြောင်းဖူးတစ်ဖူးကို နှစ်ယွမ်သာကျသင့်သည်။


ပြောင်းဖူးကိုစားချင်လျှင် လက်မြန်မှရပေလိမ့်မည်။


နွေရာသီအားလပ်ရက်တွင် ဖရဲသီးမစားခဲ့ရသော ကံဆိုးသူများအတွက် ယခုတော့ ပြောင်းဖူးကို မြည်းစမ်းခွင့်ရတော့မည်မဟုတ်လား…


CUတွင် ကောင်းမွန်သောမိသားစုနောက်ခံမှလာခဲ့ပြီး ယခင်က တန်ဖိုးကြီးအစားအစာများကို စားခဲ့ဖူးသောကျောင်းသားများရှိသော်ငြား ပထမကန်တင်း၏ ကိုယ်တိုင်စိုက်ပျိုးထားသောဟင်းသီးဟင်းရွက်များက အခြားမည်သည့်နေရာတွင်မှ မြည်းစမ်း၍မရနိုင်သော ထူးကဲသည့်အရသာမျိုးရှိလေသည်။


သူတို့ရောင်းချနေသောပြောင်းဖူးက အခြားပြောင်းဖူးများနှင့် မတူဘဲ သဘာဝအတိုင်းချိုပြီးမွှေးကြိုင်ကာ ယခင်က စားခဲ့ဖူးသည့် ပြောင်းဖူးများထက် ပိုမိုရင့်မှည့်ပြီး ဆွဲဆောင်မှုလည်းရှိသည်။ နွေရာသီအတွင်း၌ အကောင်းဆုံး နေရောင်ခြည်၊ လေနှင့် မိုးတို့ကိုစုပ်ယူပြီး ပြောင်းဖူး၏ချိုမြမှုအဖြစ် ပြောင်းလဲပစ်လိုက်သလိုပင်။


ကိုက်ဝါးလိုက်တိုင်းမှာ ပြောင်းဖူးစေ့များကို သွားနှင့်ခြစ်ချလိုက်သလိုဖြစ်သွားပြီး ပြောင်းဖူး၏ ချိုအီနူးညံ့လှသည့်အပေါ်ယံလွှာ ကွဲအက်သွားပြီး ပြောင်းဖူးအရည်များလည်း ထွက်လာလေသည်။ ပြောင်းဖူးစားသူတိုင်းက ပြောင်းဖူးရိုးပေါ်ရှိအစေ့များကို ဖြည်းဖြည်းချင်းအပြောင်ရှင်းပစ်ခဲ့သည်။


ပထမကန်တင်း၏အမှိုက်ပုံးထဲရှိ ပြောင်းဖူးရိုးတိုင်းမှာ ပြောင်းဖူးစေ့တစ်စေ့ပင်မကျန်အောင် အပြောင်ရှင်းပစ်ခံထားရလေသည်။ 


မီဒီယာဆက်သွယ်ရေးမေဂျာ အတန်းအသစ်တွင်လည်း ထိုသို့သောအခြေအနေမျိုး ဖြစ်ပျက်နေခဲ့သည်။


ပြောင်းဖူးဝယ်ယူရာတွင် ဦးစားပေးခံထားရသည့် ပါမောက္ခတစ်ဦးက ပြောင်းဖူးကရှားပါးနေပြီး ဝယ်လိုအားကများနေ ကြောင်း သိသောအခါ ပထမကန်တင်းမှဝယ်ယူထားသော ပြောင်းဖူးတစ်ထုပ်ကိုထုပ်ပိုးပြီး အဖွဲ့လိုက်Assignmentလုပ်ရာတွင် ပထမရသောအသင်းကို ပြောင်းဖူးတစ်အိတ် ဆုချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူ့အတွက် ဆုံးရှုံးမှုကြီးကြီးမားမားမရှိချေ။ သူ့တွင် မိသားစုဝင် အလွန်နည်းပါးလှပြီး သူတို့ကလည်း ပြောင်းဖူးများကို အကုန်မစားနိုင်ကြပေ။


CUကျောင်းသားများ၏ WeChat Momentများက ကြည့်ရှုသူများကြောင့် ပေါက်ကွဲလုနီးပါးပင်။


[အဟမ်း...ဒီပါမောက္ခက သူ့တပည့်တွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သိသားပဲ… ဒီတစ်ခါတော့ သူ့ကို ငါ့ရဲ့စစ်မှန်တဲ့စွမ်းပကားတွေကို ထုတ်ပြဖို့ လိုအပ်နေပြီ…]


[ငါ အူတက်သေပြီ ဟားဟား...ပါမောက္ခတစ်ယောက်တောင်မှ ဒီလိုအကွက်တွေရွှေ့နေပြီပေါ့လေ…]


[ကြည့်စမ်း မင်းတို့ကို ဘယ်သူက ပြောင်းဖူးယူဖို့တန်းစီခိုင်းတာလဲ… အခု ပါမောက္ခကြီး သတိထားမိသွားပြီလေ...]


[မဟုတ်သေးဘူး… ငါ့ပါမောက္ခရဲ့ပြောင်းဖူးကရော ဘယ်မှာလဲ… သူတို့မှာ ငါ့အတွက် ဖရဲသီးဝေစုလည်းမရှိဘူး…ပြောင်းဖူးဝေစုလည်း မရှိဘူး ငိုချင်နေပါပြီနော်…]



🌱🌱🌱