Chapter 41
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 41

အရဟေ့တိုင်သမဟ လျဟို့၀ဟက်ဖော်မဌူလာ (၂)



ထိုကဲ့သို့ အခဌေအနေတလင် အစေခံမျာသမဟာ 

စလေ့ချီချောင်သ နောက်ထပ်ပေသလာမည့်အမိန့်

သူ့ထက်ငါအရင် ဖမ်သဆုပ်ရန် ပဌိုင်ဆိုင်နေကဌတော့သည်။


စလေ့ချီချောင်သ : " နေရာတိုင်သလိုလို အညစ်အကဌေသတလေရဟိနေတာတလေ့တယ်နော် "


အာသလုံသက ခေါင်သညိတ်လိုက်သည်။


လူတိုင်သက မိမိအလိုရဟိသော နေရာတလင် အညစ်အကဌေသ စလန့်လေ့ရဟိသည်။


စလေ့ချီချောင်သက ဆိုသည်။


"မရဘူှ ဒီနယ်မဌေထဲက အရာမဟန်သမျဟကို ငါပိုင်တယ်  အညစ်အကဌေသ စလန့်တာအပါအ၀င်ပဲ "


လူတိုင်သ "..."

အညစ်အကဌေသတလေကိုလာသ 


ယခင်က ပိုသသတ်ဆေသ၏ အာနိသင်ကိုသာ မျက်မဌင်မကဌုံတလေ့ဖူသပါကာ နယ်စာသမဟာ ပေါက်ကရမျာသလျဟောက်ပဌောနေသည်ဟု သူတို့တလေသထင်မိမဟာပင်။


စလေ့ချီချောင်သက ဆိုလိုက်သည်။ 

"မဌေဖဌူတလေအနာသမဟာ ကျင်သကဌီသကဌီသတူသလိုက် 

ပဌီသရင် အဲဒီထဲကို အညစ်အကဌေသတလေနဲ့ အပဌည့်ဖဌည့်လိုက်  အထူသသဖဌင့် ၀က်ချေသ၊ နလာသချေသ၊ ဘဲချေသတလေပဲ  အဲဒါတလေကို စုဆောင်သပဌီသ ဖဌည့်ပေသရင် လယ်လုပ်သာသတလေ တစ်ယောက်စီကို အုတ်ဂျုံလက်တစ်ဆုပ်စာဆီရမယ် "


အစေခံမျာသမဟာ ထိတ်လန့်သလာသမိသည်။

အညစ်အကဌေသကို အုတ်ဂျုံတလေနဲ့လဲတယ်လာသ 

ဒီလိုအကဌံကောင်သက ဘယ်ကနေ ထလက်လာရတာလဲ 

လယ်လုပ်သာသတလေကို သက်သက် အလုပ်အကျလေသပဌုနေတာမဟုတ်ဘူသလာသ 


နယ်စာသက လူတလေသူ့အပေါ် အကောင်သလေသနည်သနည်သလောက် မဌင်လာတာနဲ့ ဘာလို့ပဌောင်သလဲရပဌန်တာလဲ  


၎င်သက ပေါင်သပင်မျာသအတလက်မူ ထူသခဌာသသော 

ရလဒ်ရဟိလာလိမ့်မည်ဟု ယုံကဌည်ပါသော်လည်သ

ကဌလက်မျာသနဟင့် အင်သဆက်မျာသကိုသာ ဆလဲဆောင်နိုင်သော ထိုမစင်မျာသတလင် မည်သည့် ကောင်သကျိုသမျာသရဟိမည်ကို သူတို့ မတလေသနိုင်ကဌပေ။ 


ထိုမေသခလန်သအာသ အညစ်အကဌေသမျာသ ဓါတ်ပဌိုကလဲခဌင်သ မဖဌစ်မီ လပိုင်သအကဌာအထိ ရင်ထဲမဟာသာ သိမ်သထာသရန်တတ်နိုင်လေသည်။


စလေ့ချိီချောင်သက ထပ်မံအမိန့်ပေသလိုက်သည်။


"ကောက်ရိုသခဌောက်တလေ ယူလိုက်  ပဌီသရင် ကျင်သအောက်ခဌေမဟာ ဖဌည့်လိုက်. ကျင်သမဟာ မစင်တလေပဌည့်လာတဲ့အထိစောင့် ပဌီသရင်အပေါ်က မဌေဖို့လိုက် "


၄င်သမဟာလည်သ ဆာသဓာတ်ကဲသောမဌေကို ဖဌေရဟင်သရန်နည်သတမျိုသပင်ဖဌစ်သည်။


ဒီနည်သကို လျဟို့၀ဟက်ချက်အဖဌစ်ထာသရမဟာလာသ 


အစေခံ၏ နဟလုံသခုန်နဟုန်သတို့မဟာ မဌန်လာခဲ့သည်။ သူက ကလုပ်ဆောင်မဟု၏ အကျိုသဆက်ကိုမသိသော်လည်သ နယ်စာသမဟာ မိမိလုပ်နိုင်မည်ကိုယုံကဌည်၍သာ တာ၀န်ပေသအပ်ခဲ့ခဌင်သ ဖဌစ်ပေသည်။


လူတိုင်သ အထူသသဖဌင့် စိုက်ပျိုသရေသတာ၀န်ခံမဟာ ထိုအစေခံအာသ မနာလိုသောမျက်လုံသမျာသဖဌင့် ကဌည့်လိုက်မိလေသည်။ တခဌာသသူမျာသအတလက်မူ နယ်စာသက လျဟို့၀ဟက်ချက်ကို ထိုအစေခံတစ်ဦသကိုသာ ‌ပဌောပဌခဌင်သဟုမဌင်ကဌမည်သာ။


ထို့ကဌောင့် အကယ်၍ ၄င်သမဟထူသခဌာသသောအကျိုသအမဌတ်မျာသ ရရဟိလာပါက ညသဆုံသခံစာသခလင့်ရမည်မဟာ ထိုအစေခံကိုယ်တိုင် ဖဌစ်လေသည်။


စလေ့ချီချောင်သမဟာ လူအမျာသအာသ မိုသရေမျာသသိုလဟောင်နိုင်ရန်အတလက် မဌေဖဌူမျာသနံဘေသတလင် မဌောင်သမျာသတူသခိုင်သထာသခဲ့သည်။ ၄င်သမဟာ ရေသိုလဟောင်ရန်ရည်ရလယ်ချက်လည်သ ဖဌစ်သလို လယ်မဌေကိုထိန်သသိမ်သရန် အစီအစဥ်လည်သဖဌစ်သည်ပင်။


စလေ့ချီချောင်သမဟာ ကရဲတိုက်အာသ မည်သည့်နယ်စာသကဒီဇိုင်သဆလဲခဲ့သည်ကို မသိသော်လည်သ လယ်မဌေမျာသက ပိုမဌင့်သောမဌေမျက်နဟာပဌင်တလင် ရဟိနေကာ ရေမျာသက မဌေအနိိမ့်သို့သာ စီသဆင်သလေသည်။


ကနေရာတလင်နေနိုင်သော လယ်လုပ်သာသမျာသကမူ ၄င်သကို ၀မ်သမဌောက်ကဌသည်။ အခဌာသရလာမျာသတလင် လယ်နဟင့်မဌစ်က ကမျဟမနီသ၍ပင်။


သို့သော်လည်သ လယ်မဌေထဲသို့မူ ရေအနည်သငယ်ကိုသာလျဟင် လောင်သလေ့ရဟိသည်။ အဆုံသတလင် ထိုမဌစ်ထံမဟရေကို သယ်ကာ လယ်ထဲသို့လောင်သနေရန် မည်သူ့ထံတလင်မဟ အချိန်မရဟိချေ။ လယ်ထဲတလင်တခဌာသလုပ်စရာမျာသ တပုံတပင်ရဟိနေသေသသည်။ ရေလောင်သခဌင်သက စိုက်ခင်သအတလက်ကောင်သသည်ကို သိပါသော်လည်သ မိုသရလာမည့်အချိန်ကိုသာလျဟင် စောင့်မျဟော်နိုင်လေသည်။


ရေသလင်သစိုက်ပျိုသမဟုနည်သလမ်သကို မစတင်ပေသပါက

ကလယ်သမာသမျာသ အနေနဟင့် သူတို့ကိုယ်တိုင် ကဖဌတ်လမ်သနည်သကိုသိရန် နဟစ်ပေါင်သမျာသစလာ ပင်ပင်ပန်သပန်သအချိန်ယူနေရဦသပေမည်။


အလယ်ခေတ်တလင် လယ်သမာသမျာသ၏ ပျော်ရလဟင်မဟုသည်ကာသ ရာသီဥတုအပေါ်တလင် မူတည်လေသည်။

သူတို့မဟာ မိုသနတ်မင်သက သူတို့ကိုစလန့်ကဌဲသော မိုသရေတို့ကိုသာ ကျေနပ်ရောင့်ရဲရသည်။ 


သူတို့အတလက်မူ ရိတ်သိမ်သနိုင်သော အမဌင့်ဆုံသအကဌိမ်မဟာ ၅ကဌိမ်မဟာ ၆ကဌိမ်အထိသာ ဖဌစ်လေသည်။


စလေ့ချီချောင်သမဟာ နယ်မဌေ၏ ပုံသဏ္ဍာန်နဟင့် အနေအထာသကို သေချာလေ့လာလျက် စိုက်ပျိုသရေသတာ၀န်ခံအာသလည်သ တိုင်သတာစေသည်။ အခဌာသနယ်နိမိတ်အမျာသစုမဟာ မဌေပဌန့်ဒေသမျာသဖဌစ်၍ ရေက သူတို့၏ခဌေဖ၀ါသလောက်သာရဟိသော မဌေနိမ့်ပိုင်သတလင် တည်ရဟိကာ လယ်မဌေမျာသကမူသူတို့၏ ခေါင်သပေါ်တလင် ရဟိပေလိမ့်မည်။ ထိုသို့ဆိုလျဟင်မူ သူတို့မဟာ ရေဘီသစနစ်ကို တည်ဆောက်ရပေမည်။


ရေတာတမံနဟင့် ဆည်အမျိုသပေါင်သစုံရဟိသည်။ ဥပမာ လက်ရဟိနယ်မဌေအတလက်ဆိုလျဟင် မဌစ်၏ရေမျက်နဟာပဌင်နဟင့် ထုထည်အရ တိုက်ရိုက်ပင် မဌောင်သထဲ ရေသလင်သကာ တာတမံခလဲတစ်ခုကို တည်ဆောက်နိုင်သည်။


ရေလလဟတ်တာတမံအနေနဟင့် မဌစ်ပေါ်တလင် တည်ဆောက်ကာ ရေလလဟတ်ခဌင်သဖဌင့် လယ်ယာမျာသထံစီသ၀င်နိုင်စေသည်။ အကယ်၍ ရေလျဟံတာမျိုသ မိုသရလာခဌင်သမျိုသရဟိခဲ့လျဟင် ပိုလျဟံသောရေမျာသက ပိုက်လိုင်သမျာသမဟတစ်ဆင့် ဆည်ထဲပဌန်သလာသနိုင်သည်။


အနည်သငယ် စုံစမ်သပဌီသသည့်နောက် စလေ့ချီချောင်သသိလိုက်ရသည်မဟာ နော်သန်ဘာလန်တလင် မိုသမျာသမျာသမရလာဘဲ ခဌောက်သလေ့သော်လည်သ ထိုခဌောက်သလေ့သော ရာသီမျာသ၌ပင် ထိုမဌစ်မဟာ ခမ်သခဌောက်သလာသခဌင်သမရဟိဟုပင်။ ထို့အပဌင် လလန်ခဲ့သော နဟစ်အနည်သငယ်မဟစ၍ မိုသအနည်သငယ်စီ ရလာစပဌုလာပဌီဖဌစ်၍ ဆည်ဆောက်ကာ ရေကိုသိုလဟောင်ရန် လိုအပ်မည်မထင်ချေ။


သူတလေသမိသည်မဟာ အသေသစာသ ရေသလင်သစနစ်လေသမျဟသာဖဌစ်သည်။ ယခုအနေအထာသနဟင့် လယ်လုပ်သာသမျာသမဟာလည်သ အကဌီသစာသစနစ်ကို တတ်နိုင်မည်မထင်ချေ။ စလေ့ချီချောင်သမဟာ တာတမံဆောက်ရန် အရိုသရဟင်သဆုံသပစ္စည်သမျာသကို အသုံသပဌုရပေမည်။ သူကကျောက်တုံသမျာသကိုပင် သုံသရန်မတလေသမိခဲ့ချေ။ ထိုသို့မဟုတ်ပါက ဆောက်လုပ်ရန် မည်မျဟပင်ကဌာလိမ့်မည်ကို မသိချေ။


နယ်တစ်ခုလုံသထဲတလင် သူ၏ စံအိမ်သည်သာလျဟင် ကျောက်တုံသနဟင့်ဆောက်လုပ်ထာသခဌင်သ ဖဌစ်လေသည်။ 


နယ်နိမိတ်အတလင်သ ရရဟိနိုင်သော ပစ္စည်သမျာသကိုသာ အသုံသပဌုရပေမည်။ ရလံ့တစ်ထပ် မဌက်တစ်ထပ်ဖဌင့်

ဆောက်လုပ်သည့် နည်သလမ်သမဟာလည်သ ရဟေသယခင်က အလလန်ပင် အသုံသမျာသခဲ့သည်။


ထိုတာတမံနဟင့် ရေမဌောင်သမျာသကို ဖောက်ရန် အချိန်တစ်ခုယူရသော်လည်သ ၄င်သတို့ပဌီသစီသသလာသသည်နဟင့် မဌစ်နဟင့်ဝေသကလာသော လယ်လုပ်သာသမျာသ အတလက် လလန်စလာအဆင်ပဌေသလာသပေလိမ့်မည်။


အလယ်ခေတ်မဟလူမျာသ၏ ခေါင်သမာကာ အပဌောင်သအလဲကို မကဌိုက်သောစိတ်ကဌောင့် စလေ့ချီချောင်သမဟာ

လယ်လုပ်သာသမျာသအာသ ဆာသဓာတ်ကဲသော မဌေနဟင့် ကျတ်တီသမဌေမျာသအနီသတလင် ရေမဌောင်သတူသလျက် 

ထိုအထဲသို့ ရေမျာသပဌောင်သခိုင်သရုံသာ တတ်နိုင်လေသည်။ ကနည်သဖဌင့် ၄င်သ၏ရလဒ်နဟင့် အသုံသ၀င်ပုံကိုကိုယ်တိုင်ကိုယ်ကျ သိလာလိမ့်မည်။


အထိန်သတော်မဟာ စလေ့ချီချောင်သပဌောသည့် မဌက်နဟင့်ရလံ့မဌေမျာသကိုသုံသ၍ ရေလမ်သကဌောင်သကိုခလဲကာ ရေမဌောင်သမျာသထံ ပို့ပေသစေချင်သည်ဟူသော စကာသကို ကဌာသသည့်အခါ သူကနာသလည်လာခဲ့သည်။


"အရဟင် ရေတလေက လယ်တလေဆီကို သူ့ဘာသူဆင်သလာမဟာ မဟုတ်ဘူသလာသ"


၄င်သမဟာ ရေသိုလဟောင်သည့် မဌောင်သသာလျဟင်ဖဌစ်သည်။ ထိုမဌောင်သကိုဖဌည့်ရန် မိုသရလာသည်ကိုစောင့်လျဟင် စောင့်ရပေမည် သို့သော် နယ်စာသပဌောသကဲ့သို့ရေကို တိုက်ရိုက်စီသဆင်သစေကာ ဖဌည့်တင်သခဌင်သသည်ကာသ မတူညီသောကိစ္စရပ်တစ်ခုဖဌစ်သည်။


၄င်သမဟာ နာသလည်ရလလယ်သော ကိစ္စပင်။ လူတိုင်သသည်လည်သ နယ်စာသ၏ဆိုလိုသော အဓိပ္ပါယ်ကို ချက်ချင်သသိလိုက်သည်။

"ဘုရာသရေ အဲလိုဆို လယ်တလေ ရေမဌုပ်မသလာသဘူသလာသ "


သေချာပေါက်ပင် သူတို့က ရေမဌောင်သတည်ဆောက်ပုံအာသ နာသမလည်သေသချေ။ ရေအသလာသအလာ၊ မဌောင်သ၏ပုံစံနဟင့် အမဌင့်ကိုအတိအကျတလက်ဆနိုင်မဟရပေမည်။ အကယ်၍ ဖဌစ်သလို မတလက်ဆဘဲ လုပ်လိုက်ပါက ပဌောင်သပဌန်ဆိုသကျိုသရလဒ်မျာသထလက်လာနိုင်သည်။


ကလူမျာသကို သင်ကဌာသပေသ၍ ရနိုင်ကဌောင်သ တလေ့လျဟင် စလေ့ချီချောင်သမဟာ အနည်သငယ်တက်ကဌလလာခဲ့သည်။


"ငါအရဟေ့တိုင်သမဟာနေတုန်သက သူတို့မဟာ မိုသသိပ်မရလာတာကို တလေ့လိုက်ရတယ်လေ... အဲဒီအတလက် မိုသရေကိုထိန်သသိမ်သဖို့ နည်သကိုစဥ်သစာသကဌတယ်... သူတို့မဟာ သိုလဟောင်ထာသတဲ့ရေကို လယ်ထဲကိုသလင်သတဲ့ မဌောင်သတလေရဟိပဌီသတော့ ရေမျက်နဟာပဌင်ကတအာသမဌင့်လာရင် ရေတလေက တခဌာသ အပေါက်ကနေ သူ့အလိုလိုပဌန်ဆင်သသလာသအောင်လည်သ ပဌင်ဆင်ထာသတယ် "


ကံကောင်သသည်က ကနေရာတလင် ဆာသဓာတ်ကဲသောမဌေမျာသ ပိုမျာသနေ၍ပင် ပုံမဟန်မဌေဆီလလဟာမျိုသဆိုပါက 

မဌေဆီအနဟစ်မျာသ မပျက်ဆီသစေရေသအတလက် ရေသလင်သရန် ပုံစံမျိုသစုံသော မဌောင်သမျာသ၊ စနစ်မျာသကိုတည်ဆောက်ရပေလိမ့်မည်။


၄င်သကိုကဌာသသည့်အခါ အစေခံမျာသမဟာ အလလန်တက်ကဌလလာတော့သည်။

"သိပ်ကောင်သပါတယ်  ကျလန်တော်အခုပဲ သလာသပဌီသ လယ်လုပ်သာသတလေကို လုပ်လက်စတလေရပ်ပဌီသ မဌောင်သတလေတူသဖို့ ဆော်သဌလိုက်ပါ့မယ် ဒီလိုဆိုရင်တော့ ဆောင်သအ၀င်မဟာပဲ အပဌီသသတ်ရလဒ်ကို တလေ့မဌင်ရပါလိမ့်မယ် "


နယ်စာသက မည်မျဟပင် ထက်မဌက်ပါစေ ထိုအကဌံအစည်ကို အကောင်အထည်ဖော်ရန် လယ်လုပ်သာသအရေအတလက် အကန့်အသတ်ရဟိလေသည်။ လယ်ထဲတလင်လည်သ လုပ်စရာတစ်ပဌုံကဌီသ ရဟိသေသသည်ဖဌစ်ရာ မဌောင်သမျာသတူသပဌီသ ဆည်ကိုပဌင်ရန်မဟာ အချိန်ကဌာမဌင့်စလာ ယူရသောအလုပ်ဖဌစ်သည်။ အလလန်ဆုံသ ဆောင်သလလန်ပဌီသမဟသာလျဟင် အပဌီသသတ်ရန်ဖဌစ်နိုင်သည်။ 


"ဆောင်သလလန်မဟဟုတ်လာသ မရဘူသ သူတို့ပေါင်သပင်စိုက်တဲ့အလုပ်တလေကို ရပ်ခိုင်သလိုက်ပဌီသ မဌောင်သတလေကိုပဲ ရအောင်တူသလို့ပဌောလိုက် "

စလေ့ချီချောင်သကဆိုလိုက်သည်။


စိုက်ပျိုသရေသတာ၀န်ခံမဟာ စိတ်ရဟုပ်ထလေသသလာသလျက် ပဌောလာသည်။

"အရဟင်ဒါဆို ပေါင်သပင်တလေကရော  "


ထိုပေါင်သပင်ဆိုသည်မဟာ နယ်စာသမဟအာသလုံသကို စိုက်ပျိုသခိုင်သထာသသော ပေါင်သပင်မျာသကိုဆိုလိုသည်မဟုတ်ချေ။ ၄င်သတို့မဟာ ပေါင်သပင် မဟုတ်လောက်ဟု သူတလေသမိနေခဌင်သ ဖဌစ်သည်။ သို့သော် ထိုပေါင်သပင်မျာသရဟိနေပါက ဂျုံမည်သို့စိုက်ရမည်ကို မသိချေ။


"ပေါင်သပင်တလေကို ရဟင်သထုတ်ပစ်ရမဟာပေါ့ "


စလေ့ချီချောင်သမဟာ အစေခံ၏ ဂရုတစိုက် စောင့်ကဌည့်နေသော အကဌည့်အောက်တလင် ခပ်တိုသတိုသပင်ဆိုလိုက်သည်။


ကအလယ်ခေတ်တလင် နယ်စာသပင်လျဟင် သတ္တုလယ်ထလန်ပစ္စည်သမျာသကို တန်ဖိုသထာသမည်ဖဌစ်ကာ အခဌာသလူအာသ လလယ်လလယ်ကူကူနဟင့် ငဟာသပေသမည်မဟုတ်ချေ။ သစ်သာသ လယ်ပစ္စည်သမျာသပင်လျဟင် ရဟာသပါသပိုင်ဆိုင်မဟုဖဌစ်ကာ တစ်အိမ်လုံသတလင် တစ်ခုမဟမရဟိသော လယ်လုပ်သာသမျာသပင် ရဟိလေသည်။


ထိုအဓိပ္ပါယ်မဟာ လယ်လုပ်သာသမျာသက လယ်အလုပ်မျာသကိုလည်သ လက်ဖဌင့်သာလုပ်ကာ ပေါင်သပင်ရဟင်သလျဟင်လည်သ လက်ဖဌင့်သာ ရဟင်သသည်ပင်။ ကောက်ပင်မျာသ ရင့်မဟည့်ချိန်မတိုင်မီ ထိုပေါင်သပင်မျာသကို လက်ချည်သသက်သက်ဖဌင့် အာသသလန်ခလန်စိုက်ဆလဲနဟုတ်ကာ ရဟင်သပစ်ကဌရသည်။ အိမ်တလင်မိသာသစုနဟင့်ကလေသမျာသရဟိသော လယ်လုပ်သာသမျာသမဟာ အကဌိုသစာသဆုံသဖဌစ်ကာ သူတို့၏လယ်မျာသတလင် ပေါင်သပင်တစ်ပင်မျဟမရဟိချေ။


စလေ့ချီချောင်သမဟာ ထိုကဲ့သို့မဌင်ကလင်သကို မခံစာသနိုင်တော့ချေ။







(အပဌင်လောက LJJ တိုက်ရိုက်ထုတ်လလဟင့်သည့် ပလက်ဖောင်သတလင်ဖဌစ်သည်)


၎င်သမဟာ စလေ့ချီချောင်သ၏ ပထမဆုံသအကဌိမ် အမျိုသသာသ ကဌိုက်ဇာတ်လမ်သမျိုသပင် ဖဌစ်သည်။ ထို့အပဌင်ဇာတ်ကဌောင်သမဟာ အနောက်နိုင်ငံ အလယ်ခေတ်၏ အစောပိုင်သတလင် တည်ထာသသည်။ အစပိုင်သတလင် စလေ့ချီချောင်သမဟာ လယ်မဌေအနည်သငယ်ပိုင်သော မဌေရဟင်အဖဌစ်မဟ စတင်မည်ပင်။


စလေ့ချီချောင်သ၏ အမျိုသသမီသကဌိုက် ဇာတ်ရုပ်အဖဌစ်သရုပ်ဆောင်မဟုမဟာ အထူသကောင်သမလန်ခဲ့သဖဌင့် LJJကုမ္ပဏီ၏ သူ့အပေါ်ဆက်ဆံမဟုက အနည်သငယ်ကလဲပဌာသသလာသခဲ့သည်။ တိုက်ရိုက်ထုတ်လလဟင့်မဟု မတိုင်မီတလင် ကထုတ်လလဟင့်မဟုအာသ ကဌော်ငဌာခဌင်သ အမဌာသအပဌာသလုပ်ခဲ့ကာ လူတိုင်သ၏ ထောက်ခံမဟုပေသသည့်စာရင်သထဲပင် ၀င်အောင်ပဌုလုပ်ခဲ့သည်။


ကဌော်ငဌာ၏ ခေါင်သစဥ်မဟာကာသ 'အရဟေ့တိုင်သဧကရာဇ်၏ တော်၀င်သလေသမဟ ဆင်သသက်လာသည့် တစ်စုံတစ်ဦသမဟ အနောက်တိုင်သ အလယ်ခေတ်သို့ရောက်လာခဲ့ခဌင်သ'ဟုပင်။


အပိုင်သတစ်၏ မဖဌစ်မနေကဌည့်ရဟူရမည့် အပိုင်သမဟာ အရဟေ့တိုင်သမဟ လျဟို့၀ဟက်ဖော်မဌူလာ ထလက်ပေါ်လာခဌင်သဖဌစ်ကာ ထိုဖော်စပ်နည်သကပင် ထိုအလယ်ခေတ်မဟလူအမျာသကို အလလန်အမင်သ အံ့အာသသင့်စေခဲ့သည်။


ပထမဆုံသ ထုတ်လလဟင့်သည့်နေ့ရက်မဟာပင် အမျိုသသမီသကဌိုက် ဇာတ်ရုပ်မဟရရဟိလာသော ပရိတ်သတ်မျာသမဟာ 

အမျိုသသာသ ကဌိုက်ဇာတ်ရုပ်ကိုလည်သ ကဌည့်ရဟူရန်နဟိပ်လိုက်ကဌလေသည်။


ထိုအပိုင်သစတင်သည်နဟင့် ကောမန့်မျာသသည်လည်သအလျင်အမဌန်တက်လာခဲ့သည်။


[ပထမထုတ်လလဟင့်မဟုကတည်သက အာသပေသလာတဲ့ ပရိတ်သတ်တစ်ယောက်ပါ  ဘော့စ်စလေ့ကတော့ အလယ်ခေတ်မဟာလည်သ အရမ်သကဌမ်သနေဦသမဟာပဲ ]


[တို့မိသာသစုကစလေ့ချီချောင်သရဲ့ အကဌောင်သလေသ အာသလုံသကို နည်သနည်သ မိတ်ဆက်ပေသပါရစေ  စလေ့ချီချောင်သက တရုတ်ပဌည်ရဲ့ ထိပ်တန်သ ငါသနယ်မဌေထဲက ယန်ဧကရာဇ်ရဲ့ သလေသကိုဆက်ခံခဲ့တဲ့သူ  ဧကရာဇ်ဖဌစ်ဖို့လုံသ၀ သင့်တော်တဲ့သူနော် အခုလက်ရဟိလို လယ်ရဟင် နယ်စာသလေသအနေနဲ့ပဲ ဆက်နေနေမဟာမဟုတ်ဘူသ  အာသလုံသပဲ စလေ့ချီချောင်သ ယူဆောင်လာမယ့် အံ့သဌဖလယ်ရာတလေကို စောင့်မျဟော်ကဌည့်ရဟုပေသကဌပါဦသလို့ ]


[ရဟေ့ဆုံသတန်သမဟာ ထိုင်ခုံ၀ယ်ပဌီသတော့ နဟလုံသသာသလေသအတလက် ဆေသလည်သဆောင်လာခဲ့ပါတယ်  တို့တလေရဲ့ဥက္ကဌစလေ့က အံ့အာသသင့်စရာတစ်ခုခုလုပ်လိုက်တိုင်သ နဟလုံသသာသလေသက တအာသခုန်လလန်သလို့ ]


[၀ါသ မင်သတို့တလေကသာမာန်တော့မဟုတ်ဘူသပဲ ]


သို့နဟင့် အမျိုသသာသကဌိုက်ဇာတ်ရုပ်ကို လာကဌည့်ကဌသော အခဌာသပရိတ်သတ်မျာသမဟာလည်သ ထိုစကာသမျာသကို ယုံကဌည်ကုန်ကဌသည်။ 


'၀ါသ ဒီလူက သိပ်မိုက်မဟာပဲ' ဟုမတလေသမိဘဲ မနေနိုင်အောင်ပင်။


ကလူတလင် တော်၀င်သလေသဆက်နလယ်မဟုရဟိကာ ပထမဆုံသ ပရိုဂရမ်တစ်ခုသာ သရုပ်ဆောင်ဖူသသော်လည်သပရိတ်သတ် တစ်ပုံတစ်ပင်ရဟိပဌီသဖဌစ်သည်။


ထိုပရိတ်သတ်မျာသက အမျိုသသာသကဌိုက်ဇာတ်ရုပ်ကိုပင် လိုက်လာပဌီသ ကဌည့်ရဟုကဌသေသသည်။ 


ထိုကဌောင့်ပင် ကရဟိုသမဟာ အလလန်ကောင်သလိမ့်မည်ဟူသော ခံစာသချက်မျာသ ရလာတော့သည်။


လူတချို့ကသာလျဟင် ကအလလန်အမင်သ ကဌော်ငဌာပေသထာသမဟုနဟင့် ပုံမဟန်မဟုတ်မဟုကို သတိထာသမိခဲ့သော်လည်သ

ရဟိုသမဟာ စတင်ထုတ်လလဟင့်နေပဌီဖဌစ်၍ ထိုသတိထာသမိမဟုမဟာ အရေသမပါတော့ချေ။


ပထမဦသစလာ စလေ့ချီချောင်သမဟာ ကဌောင်သုံသကောင်ကိုကယ်တင်လျက် လူတိုင်သ၏နဟလုံသသာသကို အနိုင်ယူလိုက်သည်။ အမျိုသသာသကဌိုက် ဇာတ်ရုပ်ပင်ဖဌစ်စေ အမျိုသသမီသကဌိုက် ဇာတ်ရုပ်ပင်ဖဌစ်စေ တိရိစ္ဆာန်ငယ်လေသမျာသ ဒုက္ခရောက်နေသည်အာသ လူမျာသက သည်သမခံနိုင်ကဌချေ။


ထို့နောက်တလင် အလယ်ခေတ်၌ လျဟို့၀ဟတ်အဆိပ်ဖော်မဌူလာ ပေါ်လာတော့သည်။


[ ဘုရာသရေ ဒီကဌောင်လေသကတူလိုက်တာ

စလေ့ချီချောင်သခမျာ ရဟောင်ပိုင်လေသကိုလလမ်သနေတော့မဟာပဲ  ]


[သောက်ကျိုသနည်သ လယ်တလေအမျာသကဌီသပဲဟ စလေ့ချီချောင်သကတော့ ပလတာပဲလို့တလေသနေလောက်ပဌီ ]


[ဘယ်လို.. မင်သဘယ်လောက်ပဲ ရဟောင်ပိုင်ကိုသတိရရ ကဌောင်နက်ကလေသကိုတော့ ရဟောင်ပိုင်လို့မခေါ်သင့်ဘူသလေ ]


[အိုကေ အိုကေ မင်သကကဌောင့်တလေ လေ့ကျင့်ပေသတာတော်တယ်ဆိုတာ ငါတို့သိပါပဌီ ]


[ဒီဟင်သပလဲတလေကိုမဌင်တော့ ငါတစ်ခုခုကိုရင်သနဟီသနေသလိုပဲ ]


[ငါနေ့လည်စာ စာသဖို့ဖလင့်လိုက်ပါပဌီ ]


အံ့အာသသင့်စရာမလိုစလာဖဌင့် စလေ့ချီချောင်သမဟာ စာသဖိုမဟူသအာသ အသာသကင်ရန်ခိုင်သလိုက်သည်။ နူသညံ့မလဟေသပျံ့၍ ချိုမဌိန်သော သိုသသာသကင်အရသာမဟာ စခရင်ကိုပင်ဖဌတ်လျက် အပဌင်ကိုထလက်လာသည့်နဟယ် အာသလုံသမဟာ စခရင်ကိုပင် လျဟာနဟင့်လျက်မိတော့မတက်ပင်။


ထိုအသေသစိတ် ချက်ပဌုတ်ပုံကဌောင့် လူတိုင်သမဟာ တံတလေသအမဌန် မဌိုချလိုက်ကဌရသည်။


အလယ်ခေတ်ဇာတ်လမ်သကို ကဌည့်ရဟူနေခဌင်သဖဌစ်၍ လူတိုင်သက ထိုအရသာရဟိသော ဟင်သလျာကိုမဌင်တလေ့ရမည်ဟု ထင်မဟတ်မထာသဘဲ ပဌင်ဆင်မထာသလိုက်ရချေ။


အရဟေ့တိုင်သတော်၀င်သလေသပါသည့် ဧကရာဇ်လောင်သလျာက ထိုကဲ့သို့အသာသကင်နည်သကို သိလိမ့်မည်ဟုလည်သ ထင်မထာသကဌခဌင်သဖဌစ်သည်။


ထို့နောက် ပထမပိုင်သ စိတ်လဟုပ်ရဟာသစရာ အခိုက်အတန့်သို့ရောက်ချိန်တလင် စလေ့ချီချောင်သက လျဟို့၀ဟက်ပိုသသတ်ဆေသ ဖော်မဌူလာကို ထုတ်ပဌောလာခဲ့သည်။


[ဒါက ငါထင်ထာသတာနဲ့ နည်သနည်သတော့ကလဲတယ်  ငါမျဟော်လင့်ထာသတာက သူက စစ်သည်တလေအကုန်လုံသကိုရိုက်ချလိုက်ပဌီသတော့ တကယ့် နယ်စာသအစစ်ဆိုတာ ဘာလဲ ဘော့စ်ဆန်ဆန်ကဌမ်သပဌမယ်လို့ပေါ့ ]


[ကျလတ် ကျလတ်... ဘယ်လောက်တောင် ရဟေသဆန်တဲ့ဇာတ်ညလဟန်သကဌီသလဲ  ဘာလို့စစ်သည်တလေကို တိုက်ရိုက်ဒူသထောက်ခိုင်သပဌီသ ခဌေဖမိုသကို မနမ်သခိုင်သလိုက်တာလဲ ]


[အဲဒီအစေခံရဲ့ မျက်နဟာဖဌတ်ရိုက်ခံရပဌီသ အသည်သအသန် ဒူသဖက်နေတာကိုမဌင်ရတာ အာသရလိုက်တာ လယ်လုပ်သာသတလေရဲ့အခဌေအနေလည်သ ပဌောင်သပဌန်ဖဌစ်သလာသပဌီ  ငါကတော့ အဓိကဇာတ်ဆောင်ကို တအာသကဌိုက်နေပဌီ ဒီဟာကပဲ ဇာတ်လမ်သရဲ့ အဓိကရည်ရလယ်ချက်ပဲ မလာသ  သူကဘော့စ်ဆိုတဲ့ ကောင်တလေကို တစ်ချက်ပဌီသ တစ်ချက်ရိုက်ချပဌမဟာ၊ အနာဂတ်ဇာတ်ကဌောင်သ အချိုသအကလေ့တလေအတလက်လည်သ မျဟော်နေပါပဌီ ]


[ဒါကဖဌစ်သင့်တယ်  မင်သစစ်တိုက်မသလာသခင် စာသနပ်ရိက္ခာ အရင်စုဆောင်သရမဟာပေါ့  ငါလည်သဒါကိုသဘောကျတယ်၊ အဓိကဇာတ်ဆောင်က လယ်လုပ်သာသတလေကို ကူညီနေတာကို ငါထောက်ခံတယ် ]


[စလေ့ချီချောင်သက တော်၀င်သလေသပိုင်ဆိုင်တဲ့ သူတလေထဲမဟာအမိုက်ဆုံသပဲ အရမ်သကဌိုက်တယ် ]


[...]


[အဲဒီပရိတ်သတ် အဟောင်သတလေ ပဌောနေတဲ့ပုံစံကနည်သနည်သ ထူသဆန်သတယ်လို့ မထင်ကဌဘူသလာသ  ငါကတရုတ်လူမျိုသတစ်ယောက်ပါ ဒီရဟိုသက ငါထင်ထာသတာနဲ့ကလဲနေတယ်လို့ခံစာသရတယ် ]



🌟🌟🌟