အပိုင်း ၁၈၄
Viewers 15k

Chapter 184

ခေါင်းစဉ်မဲ့ 


လျန်ယု တိတ်ဆိတ်သွားသည်။  သူမ လက်တုံ့ပြန်ရန် ဆန္ဒရှိသော်လည်း ရှုံးနိမ့်ခဲ့သည်။  မရေမတွက်နိုင်သော အမူအရာများက သူမမျက်နှာကို ဖြတ်သွားကာ မှင်တက်နေခဲ့သည်။


မူရွှမ်နှင့် လင်းလုံက သူမ၏ ခံစားချက်များကို ဂရုပြုမိပုံပင်။ သူမ ယောင်စစ်အပေါ် ခံစားရသည်ကို အချစ်ဟု မခေါ်နိုင်သေးသော်လည်း စွမ်းရည်မှဖြစ်တည်လာသည့် ခံစားချက်ထက် ပိုသည်က အမှန်ပင်။ ထို့ကြောင့် ယောင်စစ်နှင့်မူရွှမ် ကြိုက်နေကြသည်ကို သိသော်လည်း လင်းလုံက လျန်ယုကို အလိုလိုက်ထားခြင်းဖြစ်သည်။


ယေဘုယျအားဖြင့် လူသားများသည် ၎င်းတို့နှင့် ရင်းနှီးသောသူများအပေါ် ပို၍ အထိန်းအကွပ်မရှိကြပေ။  လျန်လု၏ စိတ်ထဲတွင် လင်းလုံကို လက်ခံထားပြီးဖြစ်သည်။


သူမ၏ လုပ်ရပ်များကို လင်းလုံက ကျေကျေနပ်နပ်လက်ခံထားသော်လည်း သူမနှင့်ယောင်စစ် ပေါင်းဖက်ရန် အခွင့်‌အရေး မရှိသည်က သေချာသည်။ ထို့အပြင် သူမ၏ ခံစားချက်များကိုပါ ဖော်ထုတ်ပြီးသား ဖြစ်နေသည်။


၎င်းက လင်းလုံနှင့် ယောင်စစ်တို့ ခန္ဓာကိုယ်ချင်းလဲသွားသည့် အချိန်က ပို၍ သိသာသည်။ လင်းလုံက သူမကို သူ၏ပုံစံအမှန်ကို ပြောပြထားသော်လည်း သူမက အခြေအနေကို ရှင်းလင်းရန် မကြိုးစားပဲ သူ့ကို လက်ထပ်မှတ်ပုံတင်ရန် ဆွဲခေါ်သွားခဲ့သည်။ လျန်ယုက သူမခံစားချက်များနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားနေကြောင်း ၎င်းက သက်သေပြခဲ့သည်။ အမှန်တွင် သူမ ယောင်စစ်ကို လုံးဝ မကြိုက်ပေ။ စွမ်းရည်မှ ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်ကြောင့်သာ ဖြစ်သည်။


" ဒါ ... ဒါပေမဲ့ ငါ ..."

လျန်ယု စိတ်ရှုပ်ထွေးနေသည်။ ခဏကြာသည့်အခါ သူမ အခြေအနေကို လက်မခံနိုင်ပဲ ခေါင်းခါလိုက်သည်။


" အဲ့ဒါအမှန်မဟုတ်ဘူး ... စစ်စစ် နင့်က ငါကြိုက်တဲ့ တစ်ဦးတည်းသောလူပဲ ... လင်းလုံက စိတ်ရှုပ်စရာကောင်းတဲ့သူပဲ ဘာလို့ သူ့ကိုကြိုက်ရမှာလဲ ..."


သူမ ရပ်လိုက်ပြီး စကားဆုံးအောင် ဆက်မပြောနိုင်တော့ပေ။ 


ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုက တကယ်လိုအပ်တာပဲ ...


" သူက တကယ် စိတ်ညစ်စရာကောင်းတယ် ..."


" ဟုတ်တယ် ဟုတ်တယ် ..."

လျန်ယု အဆက်မပြတ် ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။ 


" စစ်စစ်လည်း အဲ့လိုထင်တယ်မလား ..."


" ငါတစ်ယောက်တည်း မဟုတ်ဖူး မူရွှမ်လည်း အဲ့လိုထင်တယ် ... လင်းလုံက ​​လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ဒီပြဿနာကို အားလုံးအတွက် တစ်ခါတည်း ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တယ် ..."


" ပြဿနာကို ရှင်းတယ်ဟုတ်လား ... ဘာကို ဆိုလိုတာလဲ ..."

‌လျန်ယု ကြောင်အသွားသည်။


" မူရွှမ် ဘာလို့ ပြန်မရောက်လာသေးတာလို့ ထင်လဲ ..."

ယောင်စစ် သူမလက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။


" သူက သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဘုရင်ဖြစ်တော့ လင်းလုံကို မျိုးနွယ်ဝင် ဖြစ်စေချင်ပေမယ့် စိတ်တိုစရာကောင်းတဲ့ အဖြစ်အပျက်တွေ ခဏခဏဖြစ်နေရင် ဒေါသထွက်လာနိုင်တယ် ... ပြီးတော့ မူရွှမ်မသွားခင် လင်းလုံက ငါတို့ကို ဘယ်တော့မှ အနှောင့်အယှက် မဖြစ်စေတော့ဘူးလို့ အာမခံလိုက်တယ် ဘာသဘောလဲသိတယ်မလား ..."


" ဘာ ..."

လျန်ယု မတ်တပ်ထရပ်လိုက်သည်။


" ငါတို့ စကားပြောနေတာ ..."

သူမ ခေါင်းငုံ့ပြီး အချိန်ကိုကြည့်လိုက်သည်။


" နာရီဝက်လောက်ရှိနေပြီမလား ... မူရွှမ်ရဲ့ စွမ်းရည်နဲ့ဆိုရင် လင်းလုံ အခုချိန်ဆိုရင် ..."


သူမ စကားမဆုံးမီမှာပင် လျန်ယုက လေပွေကဲ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ လင်းလုံက မည်သူမျှ မသတ်နိုင်သည့် သွေးမျိုးသန့် သွေးစုပ်ဖုတ်ကောင် ဖြစ်သည်ကို သူမ မေ့သွားပုံပင်။


အာ ... ဒီဟာက အချစ်စစ်မဟုတ်ရင် ...



လျန်ယု ခြောက်လှန့်ခံလိုက်ရသည့်နေ့မှစ၍  အနီရောင်ဂြိုလ်ကို တစ်လလုံးလုံး မလာတော့ပေ။ ထိုနေ့က လင်းလုံပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မတ်တပ်ပင်မရပ်နိုင်တော့သည့်အတွက် လျန်ယုက မူရွှမ်ကို တိုက်ခိုက်ရန်ပြင်ခဲ့သည်။ သူမ၏ စာချုပ်ချုပ်ဆိုထားမှုက ပြန်လည်မတိုက်ခိုက်နိုင်သည့်အတွက် သူ၏ ဒေါသများကို လင်းလုံအပေါ် ပုံချခဲ့သည်။


လပေါင်းများစွာ ကြာပြီးနောက် မူရွှမ်နှင့် ယောင်စစ်ထံသို့ တိတ်ဆိတ်အေးချမ်းမှုက ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့ ယခင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ငြိမ်းချမ်းစွာ အိပ်ခဲ့ကြပြီး ဘာမှမဖြစ်ခဲ့ပေ။


╮(╯﹏╰)╭


လျန်ယု၏ ပြဿနာကို ဖြေရှင်းပြီးနောက် ယောင်စစ်သူမ၏ ကိစ္စများကို တွေးတောရတော့သည်။ ထိုအချိန်တွင်  တင်းမာသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်—သူမ၏ အရွယ်ရောက်ခြင်းစစ်ဆေးချက်မှ လက်မှတ် မရရှိသေးပေ။


ထို့အပြင် ခန္ဓာကိုယ် ကူးပြောင်းခဲ့သည့်ဖြစ်စဉ်ကြောင့် မူရွှမ်က သူမကို စွမ်းရည်ဂြိုလ်ပေါ်သို့ သွားခွင့်မပြုတော့ပေ။


ဒါဆိုရင် သူမက အရွယ်မရောက်သေးတဲ့ ကလေးလေးပဲ ဖြစ်နေဦးမှာပေါ့ ...


○| ̄|_


အခြေအနေကို နားလည်သိရှိသွားသည့်အခါ သူမ သွေးအန်ချင်လာသည်။ သူမပေါ်တွင် လက်တစ်ဖက်တင်ထားကာ အခြားတစ်ဖက်ကို ကွန်ပျူတာပေါ်တင်ထားပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည့် မူရွှမ့်ကိုကြည့်ပြီး သူမငိုချင်လာသည်။


လျန်ယု၏ ကျူးကျော်ဝင်ရောက်မှုများက မူရွှမ့်ကို သက်ရောက်သွားပြီး ရင်းနှီးသည့် အပြုအမူများအတွက် သည်းခံနိုင်မှုကို မြှင့်တင်ပေးလိုက်ပုံရသည်။ သူမလက်ကို ကိုင်ရုံဖြင့် မရှက်တော့ပဲ ယခု သူမကို အကြင်နာပေးပြီး နေ့တိုင်းပွေ့ဖက်ပြီး အိပ်စက်နေနိုင်ပြီဖြစ်သည်။ သူတို့က သာမန်စုံတွဲများ ပြုလုပ်သမျှအားလုံးကို လုပ်‌ကြသော်လည်း နောက်ဆုံးမျဉ်းကို မကျော်ကြသေးပေ။ မူရွှမ်က နောက်ဆုံးမိနစ်အနည်းငယ်ခန့်တွင် အမြဲရပ်တန့်လိုက်သည့်အတွက် သူ့ထံတွင် အထူးအရေးပေါ် ပရိုဂရမ်တစ်ခုကို ထည့်သွင်းထားသည်ဟု ယောင်စစ် သံသယဝင်လာသည်။


ယခု လျန်ယု၏ ပြဿနာကို အပြည့်အဝနီးပါး ဖြေရှင်းပြီးပြီဖြစ်၍ သူမနှင့်လင်းလုံ အဆင်ပြေပြေနေထိုင်ရန် အချိန်တစ်ခုသာ လိုတော့သည်။ ထိုကဲ့သို့ ဝင်ရောက်စွက်ဖက်ခြင်းမရှိဆော့သော်လည်း ယောင်စစ်က မူရွှမ်နှင့် ရင်းနှီးမှု ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။


သူမစိတ်ထဲတွင် " တို့ဟူးကိုစားရန် နည်းလမ်းတစ်ရာ " ဟူသည့်ခေါင်းစဉ်တစ်ခုကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသည် ။ သူမက အတွေ့အကြုံမရှိမှုကြောင့် မူရွှမ့်ကို မည်သို့ စည်းရုံးရမည်မသိ ဖြစ်နေသည်။ ထိုအချိန်မှာပင် သူက မမျှော်လင့်ထားသည့် တောင်းဆိုချက်တစ်ခုကို ပြောပြလိုက်သည်။


" စစ်စစ် လက်ထပ်မှတ်ပုံတင်ရအောင် ..."


" ဘာကြီး ..."

သူမ နားကြားမှားသည်ဟု ထင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။


" နောက်တစ်ခါ ထပ်ပြောနိုင်မလား ... တူတူနေမယ်ပြောတာလား လက်ထပ်မယ် ပြောတာလား ..."


“…”  


မူရွှမ် အေးခဲသွားပြီး မူလက အေးစက်နေသည့် မျက်နှာတစ်ခုလုံး ချက်ချင်း ပူလောင်လာသည်။  ထိုအဖြစ်ကို သူမ မြင်သွားမည်စိုး၍ ‌သူမကို ပွေ့ဖက်လိုက်သည်။


" အ ... အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့ ... မင်း ဘာတွေပြောနေတာလဲ ... မင်း ဆန္ဒမရှိရင် ..."


" ကျွန်မ ဆန္ဒရှိပါတယ် ... ဘယ်သူက မရှိဘူး ပြောလို့လဲ ..."

ယောင်စစ် မူရွှမ့်ပေါ် ခုန်တက်ပြီး သူ့ကို ဆိုဖာပေါ်ဖိထားလိုက်သည်။ 


ဘယ်လိုတောင် အံ့အားသင့်စရာ ကောင်းတာလဲ ... ဖြူစင်တဲ့ လူအိုကြီးက ဒီလိုမျိုး တိုက်ရိုက် လက်ထပ်ခွင့် တောင်းလာတယ်ပေါ့ ... ထူးခြားဆန်ကြယ်တဲ့ ဖြစ်ရပ်တစ်ခုပဲ ... သူမ အိမ်မက်မက် နေတာများလား ...


" ကျွန်မ ဆန္ဒရှိတယ် ဟုတ်ပြီလား ..."


" ဒါဆိုရင် ကောင်းတာပေါ့ ..."

သူက ခေါင်းလှည့်ပြီး သူမကို အကြည့်လွှဲလိုက်သည်။ သို့သော် သူမ ပြုတ်မကျသွားစေရန် တင်းတင်းဖက်ထားလိုက်သည်။ ထို့နောက် စိတ်ကိုလေးနက်အောင် အတင်းလုပ်ယူပြီး ဆက်ပြောလိုက်သည်။


" သွေးစုပ်ဖုတ်ကောင်တွေက လက်ထပ်မှတ်ပုံတင်တာကို ကိစ္စကြီးလို့ မထင်ကြပေမယ့် တချို့အာဗီတွေ မင်းကို နှောင့်ယှက်ဖို့ ဆင်ခြေမရအောင် ကိုယ်တို့ စာရင်းသွင်းထားသင့်တယ် ..."

အဲ့ဒါမှ မင်းကို ကိုယ့်ဆီက ဘယ်သူမှ ဖမ်းမသွားနိုင်မှာ ...


ဤကိစ္စက လျန်ယုကြောင့်ဖြစ်ကြောင်း ယောင်စစ် နားလည်သွားသည်။ လွန်ခဲ့သည့် လအနည်းငယ်က ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် နှောင့်ယှက်မှုများက သူ့အတွက် စိတ်ဒဏ်ရာရစေသည့် အတွေ့အကြုံများ ဖြစ်ခဲ့သည့်ပုံပင်။


ထို့ကြောင့် ယောင်စစ် လျန်ယုကို ချီးကျူးရပေမည်။

ကောင်းကောင်းလုပ်ခဲ့တာပဲ ...


" စစ်စစ် ဒီကိစ္စက နည်းနည်းတော့ လွန်မှန်းသိပါတယ် ..."

မူရွှမ်က သူမ အထင်လွဲသွားမည်စိုး၍ လေးနက်မှုများနှင့် ရှင်းပြနေသည်။ 


" မင်းက အကြာကြီး ဆောင်းခိုခဲ့တာဆိုတော့ ...သွေးစုပ်ဖုတ်ကောင်တွေရဲ့  ထာဝရတည်မြဲခြင်းဆိုတာ ဘာကိုပြောမှန်း နားလည်မှာမဟုတ်ဖူး ... အနာဂတ်မှာလည်း နောင်တ ရကောင်းရနိုင်တယ် .." 


" ကိုယ် အစကတော့ ဖြည်းဖြည်းပဲ စီစဉ်မလို့ပါ ... ဒါပေမဲ့ မင်းရဲ့စွမ်းရည်က နည်းနည်းထူးခြားတယ်လေ ... ဟိုအာဗီက အမြင်မှန်ရသွားတယ် ဆိုရင်တောင် သူမက သွေးစုပ်ဖုတ်ကောင်မဟုတ်ဖူးလေ ... အဲဒီတော့ မင်း သဘောမတူဘူးဆိုရင် အဲ့အခါ ..."


" ဟုတ်ပြီ ဟုတ်ပြီ တကယ်ကို လက်ဖျားခါလောက်တယ် ..."

ယောင်စစ် သူ့ကို ဖြတ်ပြောလိုက်ပြီး မျက်နှာကို သူမလက်ဖြင့်ဆွဲယူပြီး နမ်းလိုက်သည်။ 


သူက သဝန်တိုပြီး သူမထွက်ပြေးနိုင်မယ့် ဖြစ်နိုင်ချေတွေအားလုံးကို ဖယ်ရှားထားတာပဲ ... ဒီလို အကွက်မြင်တဲ့ နည်းလမ်းအတွက် လက်မ ၃၂ချောင်းလောက်ထောင်ပြီး ချီးကျူးသင့်တယ် ...


" အခုပဲ မှတ်ပုံတင်ကြမယ်လေ ... ငါတို့ အရင်ဆုံး တူတူနေကြမလား ဒါမှမဟုတ် ငါတို့မင်္ဂလာပွဲကို အရင်ကျင်းပသင့်လား ..."


“…”


" ရှင်က တစ်ယောက်တည်းနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ နားမလည်လောက်ဖူး ... ဒီလို လုပ်ပါလား ရှင် နောင်တ မရအောင် " ဝယ်မစားခင် " အရင် စစ်ဆေးကြည့်ပါလား ... ဒီည စမ်းကြည့်ကြမယ်လေ ..."


ငါ စောင့်ခဲ့ရတာ အရမ်းကြာနေပြီဆိုတော့ အလျင်လိုနေပြီ ...


“…”