အပိုင်း ၁၈၅
Viewers 16k

Chapter 185

ကမ္ဘာသစ်ဆီသို့


လင်းလုံက အပြာရောင်ဂြိုလ်ကို ပြန်လည်တည်ဆောက်ပြီး၍ ပြန်တော့မည်ဟု မက်ဆေ့ပို့သောကြောင့် လက်ထပ်မှတ်ပုံတင်ရန် အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်။


မက်ဆေ့ကို လက်ခံရရှိချိန်တွင် ယောင်စစ် စိတ်ရှုပ်ထွေးသွားသည်။

သူက စာချုပ်ချုပ်ဆိုသူ ရှာတွေ့ပြီ မဟုတ်ဖူးလား ... ဘာလို့ ပြန်လာချင်သေးတာလဲ ... သူ့တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအခြေအနေက တစ်ခုခု မှားနေလို့များလား 


ပြန်လည်တည်ဆောက်ပြီးသော အပြာရောင်ဂြိုလ်သို့ အာကာသဝင်ပေါက်မဖွင့်မီ မူရွှမ် သူမကို ကြည့်လိုက်သည်။ လျန်ယုနှင့် လင်းလုံတို့ အတူတူရပ်နေသည်ကို မြင်သောအခါမှသာ စိတ်ချလက်ချဖြစ်ပြီး သက်ပြင်းချနိုင်ကြတော့သည်။

ကြည့်ရတာတော့ သူတို့ ပဋိပက္ခ ဖြစ်မနေကြဘူးထင်တယ် ...


" စစ်စစ် ..."

လျန်ယုက သူတို့ရောက်ရှိလာသည်ကို ပထမဆုံးသတိပြုမိပြီး သူမအကျင့်အတိုင်း ယောင်စစ်ပေါ်သို့ ခုန်တက်သွားသည်။


အမျိုးသားနှစ်ယောက်၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားသည်။ လင်းလုံက လျန်ယုကို သူ့ဘေးနားဆွဲခေါ်လိုက်ပြီး မူရွှမ်လည်း ယောင်စစ်ကို ထိုသို့ပင်လုပ်လိုက်သည်။


" ရှင် ဘာလုပ်တာလဲ ... လွှတ်ပေး ..."

လျန်ယုက လင်းလုံကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


" ရှောင်ယု ..."

လင်းလုံ သက်ပြင်းချလိုက်သည်။ သူက ပုံမှန်အတိုင်း  ခွန်းတုံ့မပြန်ပဲ လေသံအေးအေးဖြင့် သူမကို အသနားခံသလို ပြောလိုက်သည်။


" မင်း ကိုယ့်ကို ကတိပေးထားတယ်လေ ..."


" ကျွန်မ ဘာကတိ ပေးထားလို့လဲ ..."

လျန်ယု မျက်ဆံလှန်လိုက်သည်။


" သဘောတူညီမှုက ခေတ္တခဏပဲလေ ... ခေတ္တဆိုတဲ့ အဓိပ္ပါယ်ကို ရှင် နားမလည်ဘူးလား ... ကျွန်မကို လွှတ်ပေး ..."


လင်းလုံ သူမကို သတိကြီးကြီးထား၍ လွှတ်ပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ကြင်နာမှုများ စိမ့်ထွက်နေသည်ဟု ထင်ရသည်။ သူ၏ တစ်ကိုယ်လုံးတွင် အချစ်အငွေ့အသက်များ လွှမ်းခြုံထားသည်။ ယောင်စစ်၏ မှတ်ဉာဏ်ထဲတွင် တဗျစ်တောက်တောက် ပြောတတ်သော လင်းလုံနဲ့ ယခုလူကို တစ်ယောက်တည်း မဖြစ်နိုင်ဟု သံသယဝင်လာသည်။


" ရှင်တို့တွေ ..."

လျန်ယု၏ နဖူးပေါ်တွင်လည်း သွေးဆက်နွယ်မှု အမှတ်အသားကို သတိပြာမိ၍ ယောင်စစ် သူတို့ကို ကြည့်လိုက်သည်။


သူက မြန်လွန်း မနေဘူးလား ... သူမကို ဖမ်းမိဖို့ အချိန်ကြာကြာယူလိုက်ရတယ်လေ အခု ဘာလို့ ပြန်မှာတုန်း ...


" စစ်စစ် ငါတို့နဲ့တူတူ လိုက်လာပါလား ..."

လျန်ယုက လက်နှစ်ဖက်ကိုဆန့်ပြီး သူမကို ဖက်ရန် ပြင်လိုက်သည်။


" တူတူလိုက်ရမှာလား ... ဘယ်သွားကြမလို့လဲ ..."

ယောင်စစ် တအံ့တဩဖြင့် မေးလိုက်သည်။


" သေချာပေါက် ငါနဲ့တူတူ အိမ်ပြန်မှာပေါ့ ..."

လင်းလုံက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမပခုံးကိုဖက်လိုက်သော်လည်း တွန်းထုတ်ခံလိုက်ရသည်။


" သွေးမျိုးသန့်တွေက သူတို့ရဲ့ စာချုပ်ချုပ်ဆိုသူကိုတွေ့ရင် သတင်းပို့စရာလိုလို့လား ..."

ယောင်စစ် မေးလိုက်သည်။


" မလိုပါဘူး ..."

သူက လျန်လုကို အချစ်များ ပြည့်နေသည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။


" ယေဘုယျအားဖြင့် ငါတို့က စာချုပ်ချုပ်ဆိုသူ နောက်ကို လိုက်နေရတာ ..."


" ဒါဆိုရင် ..."

သူက ဘာလို့ပြန်မှာလဲ ...


" ငါ့ရဲ့ အခြေအနေက နည်းနည်း ထူးခြားတယ် ..."

သူ ရှင်းပြလိုက်သည်။


" ငါက စကြာဝဠာထဲကို စာချုပ်ချုပ်ဆိုဖို့ပဲ ရောက်နေတာမဟုတ်ဘူး ... မစ်ရှင်တစ်ခုကြောင့်လည်းပါတယ် ... အခု ငါ့မှာ ရှောင်ယု ရှိနေပြီဆိုတော့ မစ်ရှင်ကို ဆက်လုပ်လို့မရတော့ဘူး ... အဲဒါကြောင့်ပြန်ပြီး တချို့ကိစ္စတွေ ရှင်းရဦးမယ် ..." 


" လျန်ယုကို တခြားစကြာဝဠာတစ်ခုကို ခေါ်သွားမှာလား ..."


" ဒါပေါ့ ..."

သူက အခိုင်အမာပင် ခေါင်းငြိမ့်ပြလိုက်သည်။


" သူမကိုရှာဖို့ အချိန်အကြာကြီးယူခဲ့ရတာ ... အဲဒါကြောင့် တစ်စက္ကန့်လေးတောင် မထားခဲ့နိုင်ဘူး ..."

သူက ခေါင်းငုံ့ပြီး သူမကို ကြည့်လိုက်သည်။


ယောင်စစ် ကြက်သီးများပင် ထလာသည်။


တစ်ယောက်တည်း အကြာကြီး နေလာခဲ့တဲ့လူလို့ မပြောရဘူး ... သည်းမခံနိုင် ဖြစ်နေတာပဲ ...


တစ်ဖက်မှ လျန်ယုက သူ၏လုပ်ရပ်များကို ကျင့်သားရနေသကဲ့သို့ လျစ်လျူရှုထားခဲ့သည်။


" ပြန်လာကြမှာမလား ..."

ယောင်စစ် မေးလိုက်သည်။


" စစ်စစ် ..."

လျန်ယု၏ မျက်လုံးများက ချက်ချင်းအရောင်တောက်လာပြီး ယောင်စစ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

" နင်ငါ့ကို မခွဲနိုင်ဘူးဆိုတာ ငါသိတယ် ... ငါလည်း နင့်ကို မခွဲနိုင်ဘူး ... ငါ့ရဲ့နှလုံးသားက နင်နဲ့တူတူ ဒီမှာပဲ ရှိနေဦးမှာ ... နင်တားမယ်ဆို ငါမသွားတော့ဘူး ..."


ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။

" ဒါဆိုရင်တော့ သွားလို့ရပါတယ် ..."


ဒီပြုပြင်မရတဲ့ စွမ်းရည်ကတော့ ...


" စစ်စစ် ..."

ယောင်စစ်၏ မျက်လုံးများ မှေးမှိန်သွားသည်။ နာကျင်နေသော အမူအရာဖြင့် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း လင်းလုံက စိတ်မရှည်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။


" ငါတို့ပြန်လာခဲ့မယ် မူမျိုးနွယ် ..."

ခေါင်းမော့ပြီး မူရွှမ့်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။


" ငါ့ရဲ့ မူလစကြာဝဠာကို ဝင်ပေါက်ဖွင့်ပေးမယ်လို့ ကတိပေးထားတယ်နော် အခု အဲ့တာလုပ်ပေးတော့ ..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ နောက်ထပ်စကားတစ်ခွန်းမှ မပြောပဲ ရှေ့သို့တစ်လှမ်းတိုးလာသည်။

" ငါ ဘာလုပ်ပေးရမလဲ ..."


" မင်းရဲ့စွမ်းအားတွေ အကုန်လုံးသုံးပြီး အကြီးဆုံးအာကာသဝင်ပေါက်ကို ဖွင့်ပေးရုံပဲ ...ကျန်တာငါဆက်လုပ်မယ် ..."

လင်းလုံ ရှင်းပြလိုက်သည်။


" အကြီးဆုံး အာကာသဝင်ပေါက်တဲ့လား ... ဘယ်လောက်ထိ ကြီးတာလဲ ..."

ယောင်စစ် မေးလိုက်သည်။


လင်းလုံ၏ လက်ချောင်းများက အပြာရောင်ဂြိုလ်ကို ညွှန်ပြလိုက်သည်။

" အဲ့ဒါရဲ့ အရွယ်လောက် ..."


သေရော ... အဲ့ဒါ မကြီးလွန်းဘူးဘူးလား ... ဂြိုလ်တစ်ခုလုံးကို ပြန်သယ်သွားချင်နေတာများလား ...


" မြန်မြန်လုပ် မြန်မြန် ..."

သူက စိတ်မရှည်စွာ ပြောလိုက်သည်။


" အပြာရောင်ဂြိုလ်ကို ပြန်တည်ဆောက်ပြီးတည်းက ပြန်လာမယ်လို့  ငါ့ရဲ့မျိုးနွယ်စုကို ဆက်သွယ်ထားပြီးပြီ ... ငါ့ကိုနောက်ကျအောင် မလုပ်နဲ့ ..."


" မူရွှမ် ..."

ယောင်စစ် စိုးရိမ်တကြီး မေးလိုက်သည်။ ထိုအရွယ်အစားခန့်ရှိသည့် အာကာသဝင်ပေါက်တစ်ခုကို ဖွင့်ရခြင်းက အခက်အခဲတစ်ချို့ ရှိလိမ့်မည်။


မူရွှမ် သူမခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီးနောက် ရှေ့တိုး၍ လက်မြှောက်လိုက်သည်။ ခဏအကြာတွင် တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းက ရုတ်တရက် ကြီးမလားလာပြီး အပြာရောင်ဂြိုလ်ပေါ်မှ ဟင်းလင်းပြင်ကိုပင် ပြည့်သွားသည်။


" သေစမ်း အရမ်းမြန်တာပဲ ... မင်းက တကယ့် မကောင်းဆိုးဝါးပဲ ..."

လင်းလုံက မနာလိုဟန်ဖြင့် ရေရွတ်လိုက်သည်။ သူ၏ကွန်ပျူတာကို ဖွင့်လိုက်သည့်အခါ မျက်နှာပြက်များစွာ ပေါ်လာသည်။ သူက အဆုံးမရှိသည်အထိ နှိပ်နေလျက် အော်‌ဟစ်နေသည်။

" ဝင်ပေါက်ကို ဒီအရွယ်မှာ ခဏထိန်းထားဦး ..." 


ဆယ်မိနစ်ကြာပြီးနောက် အပြာရောင်ဂြိုလ်၏ ဘေးနားတွင် အစိမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေသည့် တစ်စုံတစ်ခုကို နှိပ်လိုက်ပြီး မူရွှမ်ဖွင့်ထားသည့် အာကာသဝင်ပေါက်ဘေးတွင် ထားလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အစိမ်းရောင် အလင်းတန်းများက အပေါ်ယံအလွှာတစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအကြာတွင် ဝင်ပေါက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


" ပြီးသွားပြီ ..."

လင်းလုံ ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။


" ခဏအကြာတွင် အပြာရောင်ဂြိုလ်၏ အရွယ်အစားခန့်ရှိသည့် ဝင်ပေါက်က ကျုံ့လာသည်။ အလယ်တွင်အစိမ်းရောင်ရှိသည့် အနက်ရောင်အူတိုင်က အဖြူရောင်တစ်ခုတည်းအဖြစ် ပြောင်းသွားသည်။ 


ဝင်ပေါက်ကို လွယ်ကူစွာ ထိန်းသိမ်းနေသော မူရွှမ်၏နဖူးမှ ချွေးများစီးကျလာသဖြင့် မျက်မှောင်ကြုတ်လာသည်။


" မူရွှမ် ..."

သူ့ကို တစ်ချိန်လုံးစောင့်ကြည့်နေသော ယောင်စစ်က ရုန်းကန်နေရသည်ကို သတိထားမိသွားသည်။ သူမ အလွန် ပူပန်သွားသည်။ 


" ရှင် အဆင်ပြေရဲ့လား ..."


" မပူနဲ့ သူ မသေပါဘူး ..."

လင်းလုံ မျက်ဆံလှန်လိုက်သည်။ 


" စကြာဝဠာနှစ်ခုကြားကို ဝင်ပေါက်ဖွင့်ရတာ လွယ်တယ်များထင်နေလား ... အရင်ကဆို ငါနဲ့ အဘိုးကြီးနဲ့ ဒီကိုလာဖို့အတွက် စွမ်းအားပမာဏအများကြီး သုံးခဲ့ရတာ ... သူကတော့ တစ်ယောက်တည်း လုပ်နေရတာဆိုတော့ တကယ့်ကို ပင်ပန်းမှာပဲ ...ရက်အနည်းငယ်လောက် အနားယူပြီးရင်တော အားပြန်ပြည့်လာမှာပါ ..."


" ကိုယ် အဆင်ပြေပါတယ် ..."

မူရွှမ်က ယောင်စစ် သံသယကင်းစေရန် လှည့်ကြည့်လိုက်သည်။


သူမ မူရွှမ့်ကို ယုံကြည်သော်လည်း အဓိကလက်သည်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ 

" ရှင်က အဘိုးကြီးနဲ့ ဝင်ပေါက်တူတူ ဖွင့်ခဲ့တယ်မလား ...  ဒီတစ်ခေါက်ကျတော့ ဘာဖြစ်လို့ ဘာမှမလုပ်တာလဲ ... ကျွန်မရဲ့မူရွှမ်ကိုပဲ ဖိအားပေးနေတယ် ..."


" ချီးပဲ ...ငါတို့နှစ်ယောက်လုံး စွမ်းရည်တွေသုံးနေရင် ဝင်ပေါက်ကူးပြောင်းကိရိယာကို ဘယ်သူကိုင်တွယ်မှာလဲ ..."


လင်းလုံ သူမကို စိုက်ကြည့်ပြီး ကျုံ့လာသည့် ဝင်ပေါက်ကိုညွှန်ပြလိုက်သည်။

" အဲ့ဒီအစိမ်းရောင်အလင်းကို မြင်လာ... အဲ့ဒါက ဝင်ပေါက်ကူးပြောင်းကိရိယာထဲကို ချုံ့ထည့်နေရတဲ့စွမ်းအားတစ်ခုပဲ ... ငါ့ရဲ့စွမ်းရည်အခြေအနေက မူရွှမ့်လောက် မကောင်းဘူး ... ပြီးတော့ မင်းတို့ ငါ့ရဲ့ သားရဲဘုရင်ကြီးကို မသတ်ခဲ့ရင် ဒီလို ခံစားနေရမှာ မဟုတ်ဖူးနော် ..."


“…”  

ဟုတ်ပါပြီလို့.....

ယောင်စစ်တွင် ပြောစရာမရှိတော့ပေ။


╮(╯﹏╰)╭


ဝင်‌ပေါက်က ဆက်လက်ကျုံ့လာသည်နှင့်အမျှ ၎င်း၏တောက်ပမှုက ပိုမိုပြင်းထန်လာသည်။ နာရီဝက်ခန့်ကြာသော အခါတွင်  အလင်းတန်းကမှိန်လာသော်လည်း ၅မီတာမှ ၆မီတာခန့်အထိ ရောက်လာသည်။ သူ၏ အတွင်းပိုင်းမှာ အဖြူရောင်သာ ဖြစ်သည် ။


ဒါက တခြားစကြာဝဠာတစ်ခုကို သွားတဲ့ ဝင်ပေါက်လား ...