အပိုင်း ၁၈၆
Viewers 15k

Chapter 186

သွေးစုပ်ဖုတ်ကောင်မင်းသား


" နောက်ဆုံးတော့ ပွင့်သွားပြီ ..."

လင်းလုံ သက်ပြင်းချလိုက်သည်။


မူရွှမ်လက်ကို ပြန်ရုတ်လိုက်ပြီး မောပန်းနေသော်လည်း ပုံမှန်ကဲ့သို့ မျက်နှာသေရုပ်နှင့်ပင်။


" မူရွှမ် အဆင်ပြေရဲ့လား ..."

ယောင်စစ် အမောတကောဖြင့် မူရွှမ့်ဆီ ပြေးသွားပြီး ထူပေးလိုက်သည်။


" အင်း ..."

မူရွှမ် သူမကို ပွေ့ဖက်ပြီး ပြန်ဖြေလိုက်သည်။ သူ မောပန်းလွန်းသဖြင့် သူမကို မှီထားမိပြီး အသက်ပြင်းပြင်း ရှုနေရသည်။


" ကိုယ် အဆင်ပြေပါတယ် ..."


သူမ မူရွှမ်ကို တင်းတင်းဖက်ထားလိုက်သည်။


" ရှောင်ယု အိမ်ပြန်ရအောင် ..."

လင်းလုံက သူတို့နှစ်ယောက်၏ သဲသဲလှုပ်ဖြစ်နေသည့် အပြုအမူများကို စိတ်မဝင်စားပေ။ လျန်ယုကိုချီလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်ပေါက်ဆီသို့  ဦးတည်သွားသည်။


" ရှင် ဘာလုပ်တာလဲ ..."

လျန်ယု မတုံ့ပြန်နိုင်မီမှာပင် ဝင်ပေါက်ထဲသို့ လမ်းတစ်ဝက်ခန့် ရောက်နှင့်နေပြီဖြစ်သည်။ သူတို့နှစ်‌ယောက်လုံး အံအားသင့်ပြီး ရှက်နေကြသည်။ သူ၏လက်မောင်းများကို တွန်းဖယ်ကာ ပြောလိုက်သည်။


" ကျွန်မဘာသာလျှောက်တတ်တယ် အောက်ချပေး ..."


" ‌အင်းပါ အင်းပါ ကိုယ့်ရဲ့ရှောင်ယုလေး ..."

လင်းလုံ တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ပါးစပ်မှ သဘောတူလိုက်သော်လည်း လက်များက သူမကို ဖက်ထားဆဲဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ တစ်ကမ္ဘာလုံးကို ရယူထားနိုင်သကဲ့သို့ ကျေနပ်အားရနေသည့်ပုံပင်။ 


ယောင်စစ် သူတို့ ဘေးနားတစ်ဝိုက်တွင် ပန်းနုရောင် အသဲပုံပူဖောင်းများကိုပင် တွေ့လုနီးပါးဖြစ်သည်။ သူတို့၏ ရန်ဖြစ်မှုများသည် ရှေ့နောက်ဆန်စွာ သဟဇာတဖြစ်ပုံရပြီး စကားလုံးတစ်လုံးသည် သူမ၏ စိတ်ထဲတွင် ပျံ့လွင့်သွားသည် - တားမြစ်ထားတဲ့ချစ်ခြင်း ... 


ဘယ်တော့မှ ပြန်မလာနဲ့တော့ ဟမ့် ... 

သူမ၏ ကလေးထိန်းအဖေကြီးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။


o(︶︿︶)o


ထိုနှစ်ယောက် ဝင်ပေါက်ထဲသို့ ဝင်မည့်အချိန်တွင် အဖြူရောင် အလင်းတန်းများ ရုတ်တရက် လင်းလက်လာသည်။ သူတို့ကို ပြန်တွန်းလိုက်သည့် အတားအဆီးတစ်ခုနှင့် တွေ့သွားပုံပင်။


လင်းလုံ အမှတ်တမဲ့ ဖြစ်သွားချိန်၌ နှစ်ယောက်လုံး အနောက်သို့ ပျံထွက်လာကြသည်။ ကံကောင်းစွာဖြင့် မူရွှမ်က အနောက်တွင် အချိန်ကိုက် ရှိနေသဖြင့် သူတို့ပြုတ်ကျလာသည်ကို လေနံရံဖြင့် ကာပေးလိုက်သည်။


" ဘာဖြစ်တာလဲ ..."

ယောင်စစ် မေးလိုက်သည်။


" ဝင်ပေါက်က အလုပ်မဖြစ်တာလား ..."


" အဲ့လို မဟုတ်ဘူး ..."

လင်းလုံက လျန်ယုကို တည်ငြိမ်အောင် ကူညီပေးခဲ့သည်။  ရှေ့က ဝင်ပေါက်ကို အာရုံစိုက်နေချိန်တွင် သူ၏အကြည့်များက တုန်လှုပ်ခြောက်ခြားမှုနှင့် ပြည့်နေသည်။


" ဟိုဘက်ခြမ်းကနေ တစ်ယောက်ယောက် လာနေတယ် ..."


ဘာ ... 


ယောင်စစ် ကြောင်အသွားပြီး စကားလုံးများပင် ထွက်မလာတော့ပေ။ ဤဝင်ပေါက်က လင်းလုံ၏ ကမ္ဘာသို့ ဆက်သွယ်ပေးထားသဖြင့် သူ၏ပြောကြားချက်အရ အခြားဘိုးဘေးများလည်း ရောက်လာပြီဟု ဆိုလိုခြင်းဖြစ်သည်ကို ယောင်စစ် အချိန်အတန်ကြာမှ သဘောပေါက်သွားသည်။


သူမ ဝင်ပေါက်ကို ကြည့်လိုက်သည့်အခါ ထင်ထားသည့်အတိုင်း တစ်စုံတစ်ယောက်က ဖောက်ဝင်လာသည်။ 


တစ်မိနစ်ခန့်အကြာတွင် ဖြူဖျော့နေသော လက်တစ်ဖက် ပေါ်လာသည်။


ဝင်ပေါက်၏ အဝတွင် မရင်းနီးသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။ သူက ချောမွေ့ပြီး ပုံဖော်၍မရသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ခေတ်ဟောင်းပုံစံ ၀တ်စုံကို ၀တ်ဆင်ထားသည်။


 ထိုလူ့ထံတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဖြူဖွေးသည့် အသားအရည်ရှိသည်။ သူ၏ ခေါင်းကို မော့လိုက်သည့်အခါ မြင်လိုက်ရသော ရုပ်ရည်က တည်ကြည်လေးနက်နေပြီး အလွယ်တကူ ချဉ်းကပ်မရသည့်ပုံ ဖြစ်နေသည်။ သူ၏ အေးစက်သော အကြည့်များက အထူးပင် ပေါ်လွင်နေသည်။  လောကကြီးဆွင် မည်သည့်အရာမျှ သူ့အတွက် ထိုက်တန်ပုံ မပေါ်ပေ။ 


ယောင်စစ် သတိထားနေသည်။ ထိုလူက မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာပုံ ပေါ်နေသည်။ 


" မင်းက ဒီ စကြာဝဠာကို ရှာဖွေဖို့ ငါ တာဝန်ပေးထားတဲ့လူလား ..."

ထိုလူ၏ အကြည့်များက လင်းလုံပေါ်သို့ ကျရောက်လာသည်။ 


လင်းလုံ ကြောင်အသွားပြီး စိတ်မသက်မသာ ဖြစ်မှုကြောင့် မျက်မှောင်ကြုတ်နေသည်။


" ဟုတ်ပါတယ် ကျွန်တော်က လင်းလုံပါ ... မင်းက  ..."


အသစ်ရောက်ရှိလာသူက မဲ့ပြုံးပြုံး၏ သူ၏ မေးခွန်းကို ရှောင်ဖယ်လိုက်သည်။ ထိုအစား သူ၏ ညာဘက်လက်မမှ နှင်းဆီပန်းပုံ လက်စွပ်ကို တယုတယ ပွတ်သပ်နေသည်။


မယုံကြည်နိုင်စရာ တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ လင်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားသည်။


" မင်း မင်းက ... "


သူက ဒူးထောက်ချလိုက်ပြီး ယောင်စစ် တစ်ခါမှ မမြင်ဖူးခဲ့သည့် ပုံစံဖြင့် အရ်ိုသေပြုလိုက်သည်။


" မင်းသားလေး ..."


မင်းသားလေး ...အဲ့တာဘယ်သူလဲ ...


(⊙_⊙)


အားလုံး စိတ်ရှုပ်ထွေးကုန်သည်။ 


ထိုဟိတ်ဟန်များသောလူက ခေါင်းငြိမ့်လိုက်သည်။ သူ၏ အကြည့်များထဲတွင် အထင်သေးမှုများ ရှ်ိနေဆဲပင် ဖြစ်သည်။

" မင်းရဲ့ သတင်းပို့ချက်ကို ရတယ် ... အဲ့ဒါကြောင့် ငါဒီကိုလာပြီး စစ်ဆေးတာ ..."


" စစ်ဆေးတယ်တဲ့လား ..."


လင်းလုံ အနည်းငယ် ကြောင်သွားပြီး စိတ်ရှုပ်ထွေးနေသည်။ 


သူ ဘာကို စစ်ဆေးမှာလဲ ... သူက မစ်ရှင်ကို မပြီးမြောက်ခဲ့ဘူး ဆိုပေမယ့် ပြစ်ဒဏ်ခံရမယ့်အဆင့်လဲ မဟုတ်သေးဘူးလေ ... ပြီးတော့ ဒီနှစ်တွေမှာ အခြားမျိုးနွယ်ဝင်တွေလည်း မစ်ရှင်တစ်ခုတည်းကို တာဝန်ယူရပြီး ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူးလေ ...


 မျိုးနွယ်ဝင်များက သူ့ကို ရန်လိုမုန်းတီးဖို့ အကြောင်းပြချက် မရှိပေ။ ဤမစ်ရှင်အတွက်လည်း မင်းသားအဆင့်ရှိသူတစ်ယောက်ကို စေလွှတ်ရသည်အဖိ လေးနက်စရာအကြောင်း မရှ်ိပေ။


" မင်းရဲ့ စာချုပ်ချုပ်ဆိုသူကို ရှာတွေ့ပြီလား ..."

ထိုလူက သူ၏အကြောင်းကို မရှင်းပြချင်သဖြင့် မေးခွန်းများသာ မေးနေသည်။ 


လင်းလုံက လျန်ယုကို လှမ်းကြည့်လိုက်သည်။

" ရှာတွေ့ပါပြီ မင်းသား ..."


ထိုလူက မဲ့ပြုံးပြုံးပြီး လျန်ယုကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များက မူရွှမ်နှင့် ယောင်စစ်တို့အပေါ် ရောက်သွားသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်က ယောင်စစ်ရှေ့သို့ ရောက်လာသည်။


သူက ယောင်စစ်ကို သို့မဟုတ် သူမ နဖူးပေါ်မှ အမှတ်အသားကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


" မင်းလည်း စာချုပ်ချုပ်ဆိုသူပဲ ..."

သူ၏မျက်လုံးက အရောင်တောက်လာပြီး နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


" ဒီနေရာမှာ စာချုပ်ချုပ်ဆိုသူ နှစ်ယောက်တောင် ရှိနေတာပဲ ..."

 ပြင်းထန်သော စိတ်လှုပ်ရှားမှုကို နှိမ်နှင်းရန် ကြိုးစားနေစဉ်မှာပင် သူ၏အကြည့်မှ မီးတောက်က ပြင်းထန်လာသည်။


ယောင်စစ် နောက်ဆုတ်လိုက်မိသည်။ ထို မင်းသားက သူမကို မသက်မသာဖြစ်အောင် လုပ်နေသည်။


" ကောင်းတယ် ကောင်းတယ် ..."

သူ၏ အပြုံးက တောက်ပလာပြီး လင်းလုံကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။


" မင်းက သာမန်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပေမယ့်  အံ့ဩစရာ ကောင်းတဲ့ စွမ်းဆောင်ချက် ကို ပြီးမြောက် ခဲ့ပြီပဲ ... ဒီနေရာမှာပဲ နေတော့လေ သတင်းပြန်ပို့စရာ မလိုတော့ဘူး ..."

သူ၏ လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ရင်တွင်းမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရန် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှု့နေသည်။


" ဒီနေ့ကစပြီး ဒီစကြာဝဠာကြီးက ငါတို့အပိုင် ဖြစ်သွားပြီ ..."


ယောင်စစ် ထိတ်လန့်သွားသည်။ ၎င်းက ကံမကောင်းသည့် နိမိတ်တစ်ခုကဲ့သို့ပင်။


" ရှင် ဘာကိုဆိုလိုတာလဲ ..."


" ပြောတဲ့အတိုင်းပဲလေ ..."

မင်သားလေးက ပျော်ရွှင်နေပုံဖြင့် ရှင်းပြလိုက်သည်။


" ငါတို့ မျိုးနွယ်ဝင်တွေက ဘဝတစ်လျှောက်လုံး သူတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေကို ရှာဖို့ မတူညီတဲ့ စကြာဝဠာတွေကို ခရီးသွားကြတယ် ... ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုက ၅%တောင် မရှိဘူး ... တူညီတဲ့ စကြာဝဠာတစ်ခုမှာ စာချုပ်ချုပ်ဆိုသူ နှစ်ယောက်တောင် မရှိခဲ့ဖူဘူး ... သုံးယောက်အထိ ရှိတာလည်း ဖြစ်နိုင်တယ် ..."


သူ၏ စိတ်လှုပ်ရှားမှုများက တိုးပွားလာသည်။

" အရင်က တစ်ခါမှ ဒါမျိုး မဖြစ်ခဲ့ဖူးဘူး ...အဲ့တာကြောင့် လေးယောက် ငါးယောက်‌ ခြောက်ယောက် ဒါမှမဟုတ် အဲ့ထက်ပိုရှိနေတာလည်း ဖြစ်နိုင်တယ် ... ဒီစကြာဝဠာက ငါတို့၏မျိုးနွယ်အတွက် အရေးအကြီးဆုံးဖြစ်နေတယ် အဲ့ဒါကြောင့်  ဒီဖြစ်ရပ်ကို အတည်ပြုဖို့ ငါ့ကို နေရာကို စေလွှတ်လိုက်တာ ... တကယ်လို့ ဒီကိစ္စသာ အမှန်ဆိုရင် မျိုးနွယ်တစ်ခုလုံး ဒီကို လာကြတော့မှာ ..."


 ယောင်စစ် ရင်ထဲ တင်းကျပ်သွားသည်။ သူတို့က ပါတနာရှာရန်သက်သက် လာမည်မဟုတ်ကြောင်း သူမ သိနေသည်။


" ရှင်က ဒီစကြာဝဠာကို ဘာလုပ်ဖို့ ကြံနေတာလဲ ..."


" ငါတို့လူတွေ စာချုပ်ချုပ်ဆိုသူရှာရင် အထောက်အပံ့ဖြစ်ဖို့ အားလုံးကို ဖမ်းဆီးထားမယ် ..."

မင်းသားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။


" ရှင်က ကျွန်မတို့ စကြာဝဠာကို ကျူးကျော်ဖို့ ကြံနေတာပဲ ..."


သေစမ်း စစ်ပွဲကြီး ရောက်လာတော့မယ် ...


သူ၏စကားလုံးများက အားလုံးကို အံ့အားသင့်သွားစေသည်။


အကြီးအကဲတစ်ယောက်သည်ပင် သူတို့၏ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည်။ ထိုကဲ့သို့ လူပေါင်းသန်းနှင့်ချီ ရောက်လာပါက ...


သူတို့ရဲ့ စကြာဝဠာထဲက ဘယ်သူက အဲ့ဒီလူတွေကို တားမှာလဲ ...


" ဒါကစကြာဝဠာသေးသေးလေး တစ်ခုပါပဲ ... ဘာတွေ ရေးကြီးခွင်ကျယ် ဖြစ်နေတာလဲ ..." 

မင်းသားက မျက်လုံးများ မှေးစင်းလိုက်သည်။ ထို့နောက် သူက လင်းလုံကို လက်ဝှေ့ယမ်းပြလိုက်သည်။


" ဒီမှာပဲစောင့်နေ ... အားလုံးကို သတင်းကောင်းကြေငြာပြီးရင် ပြန်လာခဲ့မယ် ..."


ထိုသို့ပြောပြီး သူ တစ်ဖက်သို့လှည့်သွားကာ အဖြူရောင်ဝင်ပေါက်ထဲ ဝင်ရန် ပြင်နေသည်။ 


" အဲ့မှာ ရပ်နေလိုက်စမ်း ..."

ယောင်စစ် စိုးရိမ်တကြီးဖြင့် အော်လိုက်သည်။


မူရွှမ်လည်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲမှ တောက်ပသော အလင်းရောင်ကြီးက

ဝင်ပေါက်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။


ဒီ မင်းသား သေချာပေါက်ကို ပြန်လို့ မဖြစ်တော့ဘူး ...