Chapter 187
မျိုးနွယ်စု၏ သစ္စာဖောက်
စကြာဝဠာနှစ်ခုကို ချိတ်ဆက်ထားသည့် ဝင်ပေါက် ပျက်စီးသွားချိန်၌ မင်းသားလေး၏ အမူအရာမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်ရန် ပြုလုပ်တော့မည်ဟုပင် ထင်ရဟည်။ သူတို့ဘက်ကိုလှည့်ကာ စူးစူးရဲရဲ စိုက်ကြည့်ပြီး သူ၏အသံက အရိုးများထဲပင်စိမ့်ဝင်လောက်သည်အထိ အေးစက်သွားသည်။
" မင်း ဘာလုပ်လိုက်တာလဲ ..."
" မင်းသားလေး ..."
လင်းလုံ လျန်ယုကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။ အသက်ပြင်းပြင်းရှုလိုက်ပြီး သတ္တိများစုစည်းကာ ရှေ့တိုးလိုက်သည်။
" ဒီစကြာဝဠာက ကျွန်တော်တို့နဲ့ မတူဘူး ... မျိုးနွယ်စုပေါင်းများစွာရှိတယ် ... ကျွန်တော်တို့ မျိုးနွယ်က စာချုပ်ချုပ်ဆိုသူ ရှာချင်ရင်တောင် စစ်ပွဲဖြစ်ဖို့ မလိုအပ်ပါဘူး ..."
" ဒါ မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်ပဲ ..."
" ဒါပေမဲ့ တခြားမျိုးနွယ်စုတွေက သေချာပေါက် လက်တုံ့ပြန်ကြလိမ့်မယ် ... စာချုပ်ချုပ်ဆိုသူတွေ ဒီလောက်အများကြီး ရှိနေရင် ..."
" အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ မဖြစ်အောင် တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ဖို့လိုတယ် ... "
မင်းသားက မြေပြင်ပေါ်မှ ထလာသည်။ ထို့နောက် ယောင်စစ်နှင့် လျန်ယုကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
" စာချုပ်ချုပ်ဆိုသူတစ်ယောက်ရဲ့ အရေးပါမှုကို မင်းနားလည်သင့်တယ်နော် ... အခွင့်အရေးက နည်းနေတယ်ဆိုရင်တောင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုက တန်ဖိုးရှိနေတုန်းပဲ ..."
ယောင်စစ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ဒီလယက သူ့ရဲ့မျိုးနွယ်ဝင်တွေ လွယ်လွယ်ကူကူ ရွေးချယ်နိုင်ဖို့ ဒီစကြာဝဠာက မျိုးနွယ်တွေကို ထိန်းချုပ်ချင်နေတာလား ... အဲဒါက ယုတ္တိရှိလို့လား ဘယ်သူက သူတို့ကို လုပ်ခွင့်ပေးလို့လဲ ..
" ရှင့်ရဲ့ မျိုးနွယ်ဝင်တွေက စာချုပ်ချုပ်ဆိုသူ ရှာချင်တာနဲ့ပဲ လူတွေအားလုံးကို ကျွန်ဖြစ်ခိုင်းဖို့ ရည်ရွယ်ထားတာလား ..."
" သူတို့က အသုံးမဝင်တဲ့ မျိုးနွယ်စုတွေပဲလေ ..."
စကြာဝဠာတစ်ခုကို သိမ်းပိုက်ခြင်းက ရေးကြီးခွင်ကျယ် မဟုတ်သကဲ့သို့ မင်းသားက လှောင်ပြောင်လိုက်သည်။
" ငါတို့မျိုးနွယ်က သူတို့ကို အရေးစိုက်တာကိုပဲ ဂုဏ်ယူသင့်တယ် ..."
" သောက်ရေးမပါတာတွေ ..."
တစ်ချိန်လုံး ချုပ်ထိန်းထားသည့်လျန်ယု စတင်ပေါက်ကွဲလာသည်။
" ရှင်က သောက်ရူးလား ..."
" ရှောင်ယု ..."
လင်းလုံ သူမလက်ကိုဆွဲ၍ တားမြစ်မည်ပြုသော်လည်း အနည်းငယ်သာမီလိုက်သည်။
" ကျွန်မ ပြောတာ မှားလို့လား ..."
လျန်ယုက သူ့လက်ကို ဖယ်လိုက်သည်။
" လင်းလုံ ရှင့်ရဲ့မျိုးနွယ်ဝင်တွေ အားလုံးက ငတုံးလား ... ဒါက ဘယ်လို မင်းသားမျိုးလဲ ...စစ်ပွဲတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားလွန်းတယ် ... စစ်ပွဲက ပျော်စရာကောင်းတယ်များ ထင်နေလား ... ရှင့်ကို သတိပေးလိုက်မယ် ... တကယ်လို့ ကျွန်မရဲ့အာဗီမျိုးနွယ်တွေကို လာထိရင် ရှင့်ကိုသင်းကွပ်ပစ်မယ် ... ဒါ ကျွန်မတို့ရဲ့ ကမ္ဘာကြီးလေ ဘယ်သူက ရှင့်ကို ဆုံးဖြတ်ခွင့်ပြုလို့လဲ ..."
" ရှောင်ယု ..."
" ဘယ်သူက ခွင့်ပြုလို့လဲ ဟုတ်လား ..."
မင်းသားက မဲ့ပြုံးပြုံးလိုက်သည်။
" ငါတို့ရဲ့စွမ်းရည်တွေက ခွင့်ပြုတယ်လေ ..."
ရုတ်တရတ် ကြီးမားသော အင်အားတစ်ခု ထွက်ပေါ်လာပြီး အနီးနားရှိ နဂါးငွေ့တန်းကြီး၏ ကြီးမားသော ဧရိယာကိုပင် ဖုံးလွှမ်းသွားသည်။ ၎င်းက သူတို့၏သွေးများမှတစ်ဆင့် အေးစက်လာကာ ခြေလက်အင်္ဂါများ အားနည်းသွားစေပြီး အသက်ရှူမဝ၍ ကြောက်ရွံ့ထိတ်လန့်စေသည့် ဖော်မပြနိုင်သော စွမ်းအားတစ်ခုဖြစ်သည်။ သူ၏အင်အားက စွမ်းရည်နှင့် တူသော်လည်း ရန်လိုမှု မရှိပေ။
မူရွှမ် ရှေ့တိုးလာပြီး ထိုအင်အားကို ဖိနှိပ်ရန် သူ၏ စိတ်အင်အားကို အသက်သွင်းလိုက်သည်။ ထိုမျှသာ ယောင်စစ် အနည်းငယ် သက်သာရာရသွားသည်။
" မင်းက မျိုးနွယ်ကို သစ္စာဖောက်ချင်တာလား ..."
မင်းသားက မူရွှမ်၏ ခုခံမှုကို သဘောမကျဟန်ဖြင့် ပြောလိုက်သည်။ သူ၏ အကြည့်က ယောင်စစ်ထံရောက်သွားပြီး လှည့်ဖျားသည့်ဟန်ဖြင့် ပြုံးလိုက်သည်။
" မျိုးနွယ်စုကို သစ္စာဖောက်တာရဲ့ အကျိုးဆက်ကို သိတယ်မလား ..."
ယောင်စစ် စိတ်ပူသွားသည်။ သူ၏စကားများအကြောင်း သူမ စဉ်းစားနေချိန်တွင် လင်းလုံ၏မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူသွားသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် အော်တော့သည်။
" ပြေးကြ ..."
သူက လျန်ယုကိုဖက်ပြီး အာကာသဝင်ပေါက်တစ်ခုကို ဖွင့်နေသည်။
လင်းလုံ ဤမျှ ကြောက်လန့်နေသည်ကို ယောင်စစ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ မူရွှမ်၏ ထိုးနှက်မှူများကြောင့် သေလုမျောပါး ဖြစ်နေစဉ်အချိန်ကပင် ဤသို့ ထိတ်ထိတ်ပျာပျာ မဖြစ်ခဲ့ပေ။ ထို့ပြင် ဤတစ်ကြိမ်တွင် မတိုက်ခိုက်ပဲ ထွက်ပြေးခြင်းက သူ၏ တုံ့ပြန်မှု ဖြစ်နေသည်။
" မင်း ထွက်ပြေးလို့ရမယ် ထင်နေလား ..."
အနက်ရောင်အမှောင်ထုထဲတွင် နံရံအနီတစ်ခု ပေါ်လာသည်။ ၎င်းက မူရွှမ်နှင့် လင်းလုံတို့ ယခင်က ဆင့်ခေါ်ခဲ့သည့် အလွန် အန္တရယ်များသည့် အလင်းတန်းနှင့်ပင် တူနေသည်။ သို့သော် ဤတစ်ကြိမ်တွင် အလင်းတန်းက ကြီးမားသော မျက်နှာပြင်အဖြစ်သို့ ပြောင်းလဲသွားပြီး အရွယ်အစား တိုးလာကာ ၎င်းတို့နောက်ကွယ်ရှိ အပြာရောင်ဂြိုလ်သည်ပင် အနီရောင်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
လင်းလုံဖွင့်လိုက်သည့် အာကာသဝင်ပေါက်သည်လည်း တွန်းအားပေးခံလိုက်ရသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်။
" သွေးအကျဉ်းထောင်ပဲ ..."
လင်းလုံ၏ မျက်နှာက ဖြူဖျော့ပြီး လက်များ တုန်ယင်နေလျက် ရေရွတ်လိုက်သည်။
ယောင်စစ် အံ့ဩနေသည်။
သွေးအကျဉ်းထောင်က ဘာလဲ ...
ခဏအကြာတွင် နေရာအနှံ့မှ အနီရောင် အလင်းတန်းများက ကြယ်များပြည့်နေသော ကောင်းကင်ကို ဖြတ်ကျော်ကာ သူတို့ဆီသို့ ရောက်လာကြသည်။ သို့သော် ပို၍ အရေးကြီးသည်က ယောင်စစ် တစ်လက်မမှ လှုပ်နိုင်ပုံ မရပေ။ သူမ ရုန်းကန်ကြည့်သော်လည်း အကြောသေနေသကဲ့သို့ ဖြစ်နေကာ ကျရောက်လာတော့မည့် အလင်းတန်းများကို ခုခံနိုင်ခြင်း မရှိတော့ပေ။
ထိုအလင်းတန်းများ သူမဆီသို့ ရောက်ခါနီးတွင် ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပြီး မူရွှမ်၏ ရင်ခွင်ထဲ ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက သူတို့နှစ်ယောက်ကို ကာကွယ်ရန်အတွက် ဖောက်ထွင်းမြင်ရသည့် အရံအတားတစ်ခုကို ဆင့်ခေါ်လိုက်သည်။
အနီရောင်မလင်းတန်းများက အရံအတားကို အဆက်အပြတ် လာရောက်ထိမှန်ပြီးနောက် အနီရောင်မီးပွားများ ဖြစ်သွားသည်။
ယောင်စစ် စိတ်မချနိုင်မီမှာပင် မူရွှမ်က သွေးအန်ချလိုက်သည်။
" မူရွှမ် ..."
သူမ နှလုံးသားထဲ နာကျင်နေသည်။ အစောပိုင်းက ဝင်ပေါက်ကို ဖွင့်ခဲ့ရသည့်အတွက် မူရွှမ့် အခြေအနေက အားနည်းနေခဲ့သည်။ မင်းသား၏ တိုက်ခိုက်မှုကို တားဆီးပြီး နောက်ပိုင်းတွင် သူ မတောင့်ခံနိုင်တော့ပေ။
" ကိုယ် အဆင်ပြေပါတယ် ..."
သူ၏ နာကျင်နေသော အခြေအနေကို မမြင်စေလိုသည့်အတွက် သူမကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
သွေးတွေတောင် အန်ထားတာ ဘယ်လိုလုပ် အဆင်ပြေမှာလဲ ...
" လင်းလုံ ..."
လျန်ယုက အခြေအနေကို သဘောပေါက်သွားပြီး မှင်သက်နေသော လင်းလုံကို ဆွဲခေါ်လာသည်။
" တွေဝေမနေနဲ့ လာပြီးကူညီဦး ..."
လင်းလုံ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသော်လည်း အနည်းငယ် တွန့်ဆုတ်နေသေးသည်။ လျန်ယုနှင့် မူရွှမ်ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး အံကြိတ်ထားကာ ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ လက်မြှောက်၍ ခရမ်းရောင် မီးနဂါးများကို ဆင့်ခေါ်လိုက်ပြီး မင်းသားထံသို့ ချိန်ရွယ်လိုက်သည်။
မင်းသားက မျက်မှောင်ကြုတ်လိုက်သည်။ အနီရောင်အလင်းတန်း တိုက်ခိုက်မှုများကို မီးနဂါးများဘက် လှည့်လိုက်သည်။ ခဏအတွင်း မီးနဂါးများ အမြစ်ပြတ် ချေမှူန်းခံလိုက်ရသည်။
" မင်းကပါ ဆန့်ကျင်တော့မယ်ပေါ့ ..."
သူ၏ အကြည့်များက လင်းလုံနှင့် လျန်ယုထံ ရောက်လာသည်။
" ကျွန်တော့မှာ ရွေးချယ်စရာမရှိဘူး ..."
လင်းလုံ လက်ဖဝါးများကို ဖြန့်လိုက်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
" ကျွန်တော့် စာချုပ်ချုပ်ဆိုသူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ဘူး ... မင်းသားက အဲ့လိုလူမရှိတော့ ကျွန်တော့်ခံစားချက်တွေကို နားလည်မှာမဟုတ်ဘူး ..."
“…”
လင်းလုံက သူ၏ အချစ်ရေးကို သိသာစွာ ကြွားဝါနေသည့်အတွက် မင်းသား၏ မျက်နှာက မဲမှောင်လာသည်။ သူ၏ ထုံပေပေ မျက်နှာက တွန့်ချိုးသွားပြီး မျက်လုံးထဲတွင် မီးတောက်လာသည်။ အံကြိတ်လိုက်ပြီး စကားကို တစ်လုံးချင်းစီ ပြောလိုက်သည်။
" ဟမ့် ... မင်းမှာ စာချုပ်ချုပ်ဆိုသူ ရှိတော့ရော ဘာလုပ်ရမှာလဲ ... မျိုးနွယ်စုကို သစ္စာဖောက်သူတွေကို စာချုပ်ချုပ်ဆိုသူနဲ့အတူ သတ်ပစ်ရမှာပဲ ..."
သူ့ကို ကြည့်ရသည်မှာ ဒေါသထွက်နေသော ခြင်္သေ့ကြီးနှင့် တူနေပြီး အနီရောင်အလင်းတန်းများကို သူတို့ထံ ဆင့်ခေါ်လိုက်ပြန်သည်။
သေစမ်း ... သူတို့နှစ်ယောက်ကို သစ္စာဖောက်လို့ခေါ်တာက သူမနဲ့လျန်ယုကို တိုက်ခိုက်ဖို့ ဆင်ခြေတစ်ခုပဲပေါ့ ...
အဲ့တာ မနာလိုဖြစ်နေတာလေ ... ချီးလိုပဲ မနာလိုဖြစ်နေလိုက် ...
တစ်ကိုယ်တည်းနေရတဲ့ ရှေးဟောင်းခွေးတွေက တကယ့်ကို အဆိုးဝါးဆုံးပဲ ...